လိင္ဆက္ဆံတဲ့အခါ Sex Toy ေတြကို အသုံးျပဳရင္ ဘာေကာင္းက်ိဳးရႏိုင္လဲ
===========
Sex Toy ဆိုတာ လိင္ဆက္ဆံတဲ့ ေနရာမွာျဖစ္ေစ၊ လိင္အာသာေျဖတဲ့ေနရာမွာ ဆႏၵအထြတ္အထိပ္ ေရာက္ေစရန္ ကူညီေပးႏိုင္တဲ့ အ႐ုပ္ေတြ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ Sex Toy အသုံးျပဳသူေတြ နည္းေနေသးတယ္ဆိုေပမယ့္ လုံးဝအစိမ္းသက္သက္ ျဖစ္ေနမယ့္ အရာေတာ့ မဟုတ္ပါဘူး။ ဒီေဆာင္းပါးမွာေတာ့ Sex Toy ေတြ အသုံးျပဳျခင္းက လိင္မႈဘဝကို ဘယ္လိုသက္ေရာက္ေစလဲ၊ ေကာင္းေသာ ေျပာင္းလဲျခင္းလား ဆိုတာကို ေျပာျပေပးမွာျဖစ္ပါတယ္။
Sex Toy အသုံးျပဳရျခင္းရဲ႕ ေကာင္းက်ိဳး
ခုေျပာျပေပးမယ့္ အခ်က္ေတြက Sex Toy အသုံးျပဳသူ စုံတြဲမ်ားကို စစ္တမ္းေကာက္ယူၿပီး ထြက္လာတဲ့ ရလဒ္ေတြနဲ႔ သူတို႔ကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ရတဲ့ ခံစားမႈမ်ားကို မွတ္တမ္းတင္ထားတာျဖစ္ပါတယ္။
၁။ လိင္ဆႏၵအထြတ္အထိပ္ ေရာက္တာျမန္ေစတယ္။
ေယာက္်ားေလးေတြအတြက္ ဒါက ျပႆနာတစ္ခုမဟုတ္ေပမဲ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ား လိင္ဆႏၵအထြတ္အထိပ္ (Orgasm) ရဖို႔ ၾကန႔္ၾကာတတ္တာမ်ိဳး ရွိပါတယ္။ အေၾကာင္းရင္းက Clitoris လို႔ ေခၚတဲ့ မိန္းမကိုယ္အေစ့ လႈံ႕ေဆာ္မႈေကာင္းစြာ မရတာ၊ အမ်ိဳးသားေတြရဲ႕ ဆက္ဆံႏိုင္စြမ္း စတာေတြနဲ႔ သြားၿပီးသက္ဆိုင္ေနလို႔ပါ။ ထိုးသြင္းဆက္ဆံမႈမျပဳခင္နဲ႔ လိင္ဆက္ဆံေနစဥ္ Sex Toy ေတြကို အသုံးျပဳၿပီး မိန္းမကိုယ္အေစ့ကို လႈံ႕ေဆာ္ေပးျခင္းဟာ အမ်ိဳးသမီးရဲ႕ ကာမဆႏၵကိုလည္း လႈံ႕ေဆာ္ေပးႏိုင္သလို အထြတ္အထိပ္ေရာက္ဖို႔လည္း ပိုၿပီးလ်င္ျမန္ေစပါတယ္လို႔ ဆိုထားၾကပါတယ္။
၂။ ခ်စ္သူႏွစ္ဦးၾကား အေပးအယူကို ပိုမွ်လာေစတယ္။
တစ္ခါတေလမွာ လိင္မႈကိစၥက အေပးအယူမမွ်လို႔ စိတ္တိုင္းမက်ရႏိုင္တာမ်ိဳးေတြ ရွိပါတယ္။ အမ်ိဳးသားျဖစ္ေစ၊ အမ်ိဳးသမီးျဖစ္ေစ၊ သူတို႔လိုခ်င္တဲ့ ဆႏၵ၊ အိပ္ရာေပၚက အေနအထား (Sex position)၊ စတာေတြရွိပါတယ္။ Sex Toy ေတြကို အသုံးျပဳတဲ့အခါ တစ္ဦးတစ္ေယာက္စီရဲ႕ ခႏၶာကိုယ္အေနအထား၊ အႀကိဳက္ေတြနဲ႔ ခံစားသက္ဝင္မႈစတာေတြကို ပိုၿပီးနားလည္သေဘာေပါက္လာေစတဲ့အတြက္ လိင္ဆက္ဆံတဲ့အခါ ပိုၿပီးေကာင္းတဲ့ ခံစားမႈမ်ိဳးကို ႏွစ္ဦးလုံး ခံစားရေစႏိုင္ပါတယ္။
၃။ ထိုးသြင္းဆက္ဆံမွသာ အထြတ္အထိပ္ေရာက္ႏိုင္တာ မဟုတ္ေၾကာင္းကို နားလည္လာတယ္။
ဒါကေတာ့ အမ်ိဳးသားေတြအတြက္ေတာ့ ပိုၿပီး သက္ေရာက္ေစတဲ့အခ်က္ပါ။ အမ်ိဳးသားအမ်ားစု မွားယြင္းစြာ လုပ္တတ္ၾကတဲ့ အခ်က္က လိင္မႈကိစၥစတင္ၿပီဆိုတာနဲ႔ ကိုယ့္ရဲ႕အေဖာ္ကို လိင္စိတ္ႂကြလာေအာင္ ႏႈိးဆြေပးျခင္း မရွိဘဲ သမား႐ိုးက် ထိုးသြင္းဆက္ဆံလိုက္တာပါပဲ။ အဲဒီအခါ ကိုယ္ကေကာင္းၿပီး၊ ၿပီးသြားရင္ေတာင္ ကိုယ့္အေဖာ္က ဆႏၵမျပည့္ဝဘဲ ဟာတာတာျဖစ္က်န္ခဲ့မွာပါ။ Sex Toy ေတြရဲ႕ အားသာခ်က္က ထိုးသြင္းဆက္ဆံျခင္းမပါဘဲနဲ႔လည္း ႏွစ္ဦးသား ဆႏၵအထြတ္အထိပ္ ေရာက္ေစႏိုင္တယ္၊ ကာမခလုတ္ေတြကို တစ္ခုခ်င္း ဖြင့္ဟေပးလိုက္တဲ့အတြက္ စိတ္ႂကြေစတယ္၊ ကိုယ့္ရဲ႕ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး ကိုယ္တိုင္ေရာ၊ ကိုယ့္အေဖာ္ကိုပါ ဘယ္လိုကိုင္တြယ္ဆက္ဆံရင္ ပိုေကာင္းႏိုင္လဲဆိုတဲ့ အသိကို ေပးစြမ္းႏိုင္ပါတယ္။
၄။ သုက္လႊန္ျမန္တဲ့သူေတြအတြက္ အသုံးဝင္တယ္။
သုက္လႊန္ျမန္တာက ေယာက္်ားေလးေတြမွာ အျဖစ္မ်ားတဲ့ လိင္က်န္းမာေရးျပႆနာတစ္ခုပါ။ ယာယီျဖစ္တဲ့သူေတြလည္း ရွိသလို လိင္ဆက္ဆံတိုင္း ျဖစ္ေနတတ္တဲ့သူေတြလည္း ရွိပါတယ္။ ဒီလိုမ်ိဳး သုက္လႊတ္ျမန္တာက အမ်ိဳးသားေတြအတြက္လည္း မေကာင္းသလို ကိုယ္နဲ႔ ဆက္ဆံရမယ့္ မိန္းကေလးေတြအတြက္လည္း ကာမသုခကို ဘာမွခံစားလိုက္ရမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ လိင္ဆက္ဆံျခင္းမျပဳခင္မွာ ကိုယ့္ရဲ႕ ခ်စ္သူကို Sex Toy မ်ားျဖင့္ ႀကိဳတင္ႏႈိးဆြေပးျခင္းျဖင့္ သူတို႔အတြက္လည္း အထြတ္အထိပ္ေရာက္ဖို႔ ျမန္ေစသလို ကိုယ့္ရဲ႕ သုက္လႊန္ျမန္တဲ့ျပႆနာေၾကာင့္ စိတ္ထဲ အစိုင္အခဲတစ္ခုလို အားမလိုအားမရျဖစ္တဲ့စိတ္ေတြ သိပ္ၿပီးက်န္ခဲ့မွာ မဟုတ္ပါဘူး။
၅။ ပိုေကာင္းတဲ့ ကာမသုခကို ခံစားရေစတယ္။
အၿမဲတမ္း ဒီလိုပုံစံ၊ ဒီလိုအေနအထားနဲ႔ပဲ ဆက္ဆံတဲ့အခါ စုံတြဲေတြအတြက္ လိင္ဆက္ဆံရမွာကို ႐ိုးအီသြားတာ၊ စိတ္မပါေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီအခါ Sex Toy ေတြရဲ႕ အကူအညီနဲ႔ ၿငိမ္းမလိုျဖစ္ေနတဲ့ ကိုယ္နဲ႔ကိုယ့္ခ်စ္သူၾကား ကာမမီးကို ျပန္ၿပီးေတာက္လာေအာင္ မီးညႇိေပးလို႔ရပါတယ္။ ဒါ့အျပင္ Sex Toy ေတြက ကိုယ့္အေဖာ္အတြက္လည္း ကာမဆႏၵကို ႏႈိးဆြေပးႏိုင္သလို လိင္ဆက္ဆံတဲ့အခါ ပိုေကာင္းတဲ့ ခံစားခ်က္မ်ိဳးလည္း ရေစတယ္။ ရွက္႐ြံ႕စိတ္ေတြ၊ ေၾကာက္႐ြံ႕စိတ္ေတြ နည္းသြားၿပီး လိင္ဆက္ဆံရမွာကို စိတ္အားတက္ႂကြလာေစပါတယ္။
Sex Toy ေတြ အသုံးျပဳတာ ေကာင္းသလား၊ ဆိုးသလား။
မ်ားေသာအားျဖင့္ Sex Toy ေတြဟာ စုံတြဲေတြအတြက္ က်န္းမာေရးအရ ဒုကၡျဖစ္ေစတာမ်ိဳး မရွိသလို လိင္ဆက္ဆံရာမွာလည္း အဟန႔္အတားျဖစ္ေစတာမ်ိဳး မရွိတဲ့အတြက္ ေကာင္းတယ္လို႔ ဆိုႏိုင္ပါတယ္။ တပ္ထြက္လိုမ်ိဳး သုက္လႊတ္ျမန္သူေတြ၊ လိင္မႈကိစၥနဲ႔ ပတ္သက္ၿပီး ဆရာသိပ္မက်ေသးတဲ့ အမ်ိဳးသားေတြ၊ ကိုယ့္ခ်စ္သူ ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး ဘယ္လို ႏႈိးဆြရမလဲ ေကာင္းစြာ မသိသူေတြအတြက္ Sex Toy ေတြ အသုံးျပဳေပးျခင္းျဖင့္ ကာမစိတ္ကို ျပန္ၿပီးႏိုးၾကားတက္ႂကြလာေစႏိုင္ပါတယ္။
အကယ္လို႔ ကိုယ့္ခ်စ္သူနဲ႔ မဟုတ္ဘဲ သူစိမ္းနဲ႔ ဆက္ဆံမွာဆိုရင္ေတာ့ Sex Toy မွ်ေဝသုံးစြဲတာမ်ိဳးကို တတ္ႏိုင္သေလာက္ ေရွာင္ၾကဥ္သင့္ပါတယ္။ အေၾကာင္းက လိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြ ရႏိုင္ဖို႔အခြင့္အလမ္းမ်ားလို႔ပါ။ ပုံမွန္အားျဖင့္ Sex Toy အသုံးျပဳၿပီးတိုင္း ေရ၊ ဆပ္ျပာနဲ႔ ေသခ်ာပြတ္တိုက္ေဆးေၾကာၿပီး အေျခာက္ခံထားဖို႔နဲ႔၊ ဖုန္တက္ေနတဲ့ Sex Toy ေတြကို မေဆးဘဲ အသုံးမျပဳဖို႔ေတာ့ သတိထားသင့္ပါတယ္။
ေရးသားသူ Ye Myo Myat
Unicode
လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ
===========
Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ရောက်စေရန် ကူညီပေးနိုင်တဲ့ အရုပ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Sex Toy အသုံးပြုသူတွေ နည်းနေသေးတယ်ဆိုပေမယ့် လုံးဝအစိမ်းသက်သက် ဖြစ်နေမယ့် အရာတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ Sex Toy တွေ အသုံးပြုခြင်းက လိင်မှုဘဝကို ဘယ်လိုသက်ရောက်စေလဲ၊ ကောင်းသော ပြောင်းလဲခြင်းလား ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။
Sex Toy အသုံးပြုရခြင်းရဲ့ ကောင်းကျိုး
ခုပြောပြပေးမယ့် အချက်တွေက Sex Toy အသုံးပြုသူ စုံတွဲများကို စစ်တမ်းကောက်ယူပြီး ထွက်လာတဲ့ ရလဒ်တွေနဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။
၁။ လိင်ဆန္ဒအထွတ်အထိပ် ရောက်တာမြန်စေတယ်။
ယောက်ျားလေးတွေအတွက် ဒါက ပြဿနာတစ်ခုမဟုတ်ပေမဲ့ မိန်းကလေးတော်တော်များများ လိင်ဆန္ဒအထွတ်အထိပ် (Orgasm) ရဖို့ ကြန့်ကြာတတ်တာမျိုး ရှိပါတယ်။ အကြောင်းရင်းက Clitoris လို့ ခေါ်တဲ့ မိန်းမကိုယ်အစေ့ လှုံ့ဆော်မှုကောင်းစွာ မရတာ၊ အမျိုးသားတွေရဲ့ ဆက်ဆံနိုင်စွမ်း စတာတွေနဲ့ သွားပြီးသက်ဆိုင်နေလို့ပါ။ ထိုးသွင်းဆက်ဆံမှုမပြုခင်နဲ့ လိင်ဆက်ဆံနေစဉ် Sex Toy တွေကို အသုံးပြုပြီး မိန်းမကိုယ်အစေ့ကို လှုံ့ဆော်ပေးခြင်းဟာ အမျိုးသမီးရဲ့ ကာမဆန္ဒကိုလည်း လှုံ့ဆော်ပေးနိုင်သလို အထွတ်အထိပ်ရောက်ဖို့လည်း ပိုပြီးလျင်မြန်စေပါတယ်လို့ ဆိုထားကြပါတယ်။
၂။ ချစ်သူနှစ်ဦးကြား အပေးအယူကို ပိုမျှလာစေတယ်။
တစ်ခါတလေမှာ လိင်မှုကိစ္စက အပေးအယူမမျှလို့ စိတ်တိုင်းမကျရနိုင်တာမျိုးတွေ ရှိပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ သူတို့လိုချင်တဲ့ ဆန္ဒ၊ အိပ်ရာပေါ်က အနေအထား (Sex position)၊ စတာတွေရှိပါတယ်။ Sex Toy တွေကို အသုံးပြုတဲ့အခါ တစ်ဦးတစ်ယောက်စီရဲ့ ခန္ဓာကိုယ်အနေအထား၊ အကြိုက်တွေနဲ့ ခံစားသက်ဝင်မှုစတာတွေကို ပိုပြီးနားလည်သဘောပေါက်လာစေတဲ့အတွက် လိင်ဆက်ဆံတဲ့အခါ ပိုပြီးကောင်းတဲ့ ခံစားမှုမျိုးကို နှစ်ဦးလုံး ခံစားရစေနိုင်ပါတယ်။
၃။ ထိုးသွင်းဆက်ဆံမှသာ အထွတ်အထိပ်ရောက်နိုင်တာ မဟုတ်ကြောင်းကို နားလည်လာတယ်။
ဒါကတော့ အမျိုးသားတွေအတွက်တော့ ပိုပြီး သက်ရောက်စေတဲ့အချက်ပါ။ အမျိုးသားအများစု မှားယွင်းစွာ လုပ်တတ်ကြတဲ့ အချက်က လိင်မှုကိစ္စစတင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့အဖော်ကို လိင်စိတ်ကြွလာအောင် နှိုးဆွပေးခြင်း မရှိဘဲ သမားရိုးကျ ထိုးသွင်းဆက်ဆံလိုက်တာပါပဲ။ အဲဒီအခါ ကိုယ်ကကောင်းပြီး၊ ပြီးသွားရင်တောင် ကိုယ့်အဖော်က ဆန္ဒမပြည့်ဝဘဲ ဟာတာတာဖြစ်ကျန်ခဲ့မှာပါ။ Sex Toy တွေရဲ့ အားသာချက်က ထိုးသွင်းဆက်ဆံခြင်းမပါဘဲနဲ့လည်း နှစ်ဦးသား ဆန္ဒအထွတ်အထိပ် ရောက်စေနိုင်တယ်၊ ကာမခလုတ်တွေကို တစ်ခုချင်း ဖွင့်ဟပေးလိုက်တဲ့အတွက် စိတ်ကြွစေတယ်၊ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ်တိုင်ရော၊ ကိုယ့်အဖော်ကိုပါ ဘယ်လိုကိုင်တွယ်ဆက်ဆံရင် ပိုကောင်းနိုင်လဲဆိုတဲ့ အသိကို ပေးစွမ်းနိုင်ပါတယ်။
၄။ သုက်လွှန်မြန်တဲ့သူတွေအတွက် အသုံးဝင်တယ်။
သုက်လွှန်မြန်တာက ယောက်ျားလေးတွေမှာ အဖြစ်များတဲ့ လိင်ကျန်းမာရေးပြဿနာတစ်ခုပါ။ ယာယီဖြစ်တဲ့သူတွေလည်း ရှိသလို လိင်ဆက်ဆံတိုင်း ဖြစ်နေတတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုမျိုး သုက်လွှတ်မြန်တာက အမျိုးသားတွေအတွက်လည်း မကောင်းသလို ကိုယ်နဲ့ ဆက်ဆံရမယ့် မိန်းကလေးတွေအတွက်လည်း ကာမသုခကို ဘာမှခံစားလိုက်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် လိင်ဆက်ဆံခြင်းမပြုခင်မှာ ကိုယ့်ရဲ့ ချစ်သူကို Sex Toy များဖြင့် ကြိုတင်နှိုးဆွပေးခြင်းဖြင့် သူတို့အတွက်လည်း အထွတ်အထိပ်ရောက်ဖို့ မြန်စေသလို ကိုယ့်ရဲ့ သုက်လွှန်မြန်တဲ့ပြဿနာကြောင့် စိတ်ထဲ အစိုင်အခဲတစ်ခုလို အားမလိုအားမရဖြစ်တဲ့စိတ်တွေ သိပ်ပြီးကျန်ခဲ့မှာ မဟုတ်ပါဘူး။
၅။ ပိုကောင်းတဲ့ ကာမသုခကို ခံစားရစေတယ်။
အမြဲတမ်း ဒီလိုပုံစံ၊ ဒီလိုအနေအထားနဲ့ပဲ ဆက်ဆံတဲ့အခါ စုံတွဲတွေအတွက် လိင်ဆက်ဆံရမှာကို ရိုးအီသွားတာ၊ စိတ်မပါတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါ Sex Toy တွေရဲ့ အကူအညီနဲ့ ငြိမ်းမလိုဖြစ်နေတဲ့ ကိုယ်နဲ့ကိုယ့်ချစ်သူကြား ကာမမီးကို ပြန်ပြီးတောက်လာအောင် မီးညှိပေးလို့ရပါတယ်။ ဒါ့အပြင် Sex Toy တွေက ကိုယ့်အဖော်အတွက်လည်း ကာမဆန္ဒကို နှိုးဆွပေးနိုင်သလို လိင်ဆက်ဆံတဲ့အခါ ပိုကောင်းတဲ့ ခံစားချက်မျိုးလည်း ရစေတယ်။ ရှက်ရွံ့စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ နည်းသွားပြီး လိင်ဆက်ဆံရမှာကို စိတ်အားတက်ကြွလာစေပါတယ်။
Sex Toy တွေ အသုံးပြုတာ ကောင်းသလား၊ ဆိုးသလား။
များသောအားဖြင့် Sex Toy တွေဟာ စုံတွဲတွေအတွက် ကျန်းမာရေးအရ ဒုက္ခဖြစ်စေတာမျိုး မရှိသလို လိင်ဆက်ဆံရာမှာလည်း အဟန့်အတားဖြစ်စေတာမျိုး မရှိတဲ့အတွက် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တပ်ထွက်လိုမျိုး သုက်လွှတ်မြန်သူတွေ၊ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ဆရာသိပ်မကျသေးတဲ့ အမျိုးသားတွေ၊ ကိုယ့်ချစ်သူ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘယ်လို နှိုးဆွရမလဲ ကောင်းစွာ မသိသူတွေအတွက် Sex Toy တွေ အသုံးပြုပေးခြင်းဖြင့် ကာမစိတ်ကို ပြန်ပြီးနိုးကြားတက်ကြွလာစေနိုင်ပါတယ်။
အကယ်လို့ ကိုယ့်ချစ်သူနဲ့ မဟုတ်ဘဲ သူစိမ်းနဲ့ ဆက်ဆံမှာဆိုရင်တော့ Sex Toy မျှဝေသုံးစွဲတာမျိုးကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။ အကြောင်းက လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရနိုင်ဖို့အခွင့်အလမ်းများလို့ပါ။ ပုံမှန်အားဖြင့် Sex Toy အသုံးပြုပြီးတိုင်း ရေ၊ ဆပ်ပြာနဲ့ သေချာပွတ်တိုက်ဆေးကြောပြီး အခြောက်ခံထားဖို့နဲ့၊ ဖုန်တက်နေတဲ့ Sex Toy တွေကို မဆေးဘဲ အသုံးမပြုဖို့တော့ သတိထားသင့်ပါတယ်။
ရေးသားသူ Ye Myo Myat
1 Comments
Play Real Money Online Casino Games in Australia - Shoot
ReplyDeletePlay real money casino games online at Shoot Casino Australia. Check 바카라 out the best 제왕 카지노 online casino games that 인카지노 include progressives and roulette, slots and baccarat.