Last post

TEMPON သုံးရင္ အပ်ိဳရည္ပ်က္မွာလား


TEMPON သုံးရင္ အပ်ိဳရည္ပ်က္မွာလား
...............................
Duwun ကို ဖတ္ေနၾကတဲ့ မဒီေလးတို႔ထဲမွာ tempon သုံးတဲ့လူေတြ ရွိလားဟင္။ ဟိုတစ္ေန႔က မဒီ့ကို ညီမေလးတစ္ေယာက္ေျပာတယ္။ ရာသီလာခ်ိန္မွာ tempon သုံးရင္ အပ်ိဳရည္ပ်က္ႏိုင္သလားတဲ့။

ဒီေမးခြန္းကို မေျဖခင္မွာ tempon ဆိုတာကို အရင္ဆုံး ရွင္းျပခ်င္ပါတယ္ေနာ္။ Tempon ဆိုတာ ရာသီလာခ်ိန္မွာ မိန္းမကိုယ္ထဲကို ထည့္ထားရတဲ့ ဂြမ္းေတာင့္ေလးပါ။ ဂြမ္းထုပ္ (Pad) နဲ႔ အဝတ္စေတြကို ခံထားရတာထက္ ပိုၿပီး သက္ေတာင့္သက္သာရွိပါတယ္။ ၃ နာရီတစ္ႀကိမ္ ပုံမွန္လဲေပးရင္ ယိုစိမ့္မႈလည္း မရွိတာေၾကာင့္ လုံၿခဳံတယ္လို႔လည္း ေျပာရမယ္။

မိန္းမကိုယ္ထဲကို ထိုးသြင္းထားရတဲ့အတြက္ အပ်ိဳရည္ပ်က္သြားမလားလို႔ မိန္းကေလးအေတာ္မ်ားမ်ားက စိုးရိမ္ၾကပါတယ္။ မိန္းမကိုယ္အတြင္းပိုင္းက အေျမႇးပါးေလး ေပါက္ၿပဲသြားလို႔ အပ်ိဳရည္ပ်က္တာမွာကို ေၾကာက္ၾကတယ္။ အဲ့ဒီအေျမႇးပါးေလးဟာ ျမင္းစီးတာ၊ စက္ဘီးစီးတာလိုမ်ိဳး လႈပ္ရွားမႈေတြလုပ္ရင္လည္း ေပါက္ၿပဲတတ္ပါတယ္။ အဲ့လိုေပါက္ၿပဲတာနဲ႔ အပ်ိဳမဟုတ္ေတာ့ဘူးလို႔ ေျပာလို႔မရဘူး။ ေယာက္်ားတစ္ေယာက္နဲ႔ အဂၤါခ်င္းထိုးသြင္းဆက္ဆံေတာ့မွသာ အပ်ိဳရည္ပ်က္တာပါ။

Tempon က မိန္းမကိုယ္ရဲ႕ ဟိုးအတြင္းထဲထိ ထိုးသြင္းရတာလည္း မဟုတ္ပါဘူး။ အဝမွာတင္ ထည့္ထားရတာပါ။ ပုံမွန္အားျဖင့္ေတာ့ ဆိုဒ္ ၃ မ်ိဳး လာပါတယ္။ အႀကီး၊ အေသးကို ကိုယ္နဲ႔အဆင္ေျပတာကို ေ႐ြးႏိုင္တယ္။ Tempon ေၾကာင့္ မိန္းမကိုယ္တြင္းက အေျမႇးပါးကို (တစ္ခါတစ္ရံမွသာ) ထိမိႏိုင္ေပမဲ့ အပ်ိဳရည္ပ်က္စရာ မရွိပါဘူးေနာ္။ ဓမၼတာလာခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ သန႔္ရွင္းေအာင္ေနဖို႔ကသာ အေရးႀကီးဆုံးပါပဲ။ သန႔္ရွင္းမႈမရွိမွသာ ေရာဂါပိုးေတြ ဝင္ႏိုင္တာေၾကာင့္ ဂြမ္းေတာင့္၊ ဂြမ္းကပ္ … အဆင္ေျပရာကို သုံးသင့္ပါတယ္။

Credit: Duwun

Unicode

TEMPON သုံးရင် အပျိုရည်ပျက်မှာလား
...............................
Duwun ကို ဖတ်နေကြတဲ့ မဒီလေးတို့ထဲမှာ tempon သုံးတဲ့လူတွေ ရှိလားဟင်။ ဟိုတစ်နေ့က မဒီ့ကို ညီမလေးတစ်ယောက်ပြောတယ်။ ရာသီလာချိန်မှာ tempon သုံးရင် အပျိုရည်ပျက်နိုင်သလားတဲ့။

ဒီမေးခွန်းကို မဖြေခင်မှာ tempon ဆိုတာကို အရင်ဆုံး ရှင်းပြချင်ပါတယ်နော်။ Tempon ဆိုတာ ရာသီလာချိန်မှာ မိန်းမကိုယ်ထဲကို ထည့်ထားရတဲ့ ဂွမ်းတောင့်လေးပါ။ ဂွမ်းထုပ် (Pad) နဲ့ အဝတ်စတွေကို ခံထားရတာထက် ပိုပြီး သက်တောင့်သက်သာရှိပါတယ်။ ၃ နာရီတစ်ကြိမ် ပုံမှန်လဲပေးရင် ယိုစိမ့်မှုလည်း မရှိတာကြောင့် လုံခြုံတယ်လို့လည်း ပြောရမယ်။

မိန်းမကိုယ်ထဲကို ထိုးသွင်းထားရတဲ့အတွက် အပျိုရည်ပျက်သွားမလားလို့ မိန်းကလေးအတော်များများက စိုးရိမ်ကြပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းက အမြှေးပါးလေး ပေါက်ပြဲသွားလို့ အပျိုရည်ပျက်တာမှာကို ကြောက်ကြတယ်။ အဲ့ဒီအမြှေးပါးလေးဟာ မြင်းစီးတာ၊ စက်ဘီးစီးတာလိုမျိုး လှုပ်ရှားမှုတွေလုပ်ရင်လည်း ပေါက်ပြဲတတ်ပါတယ်။ အဲ့လိုပေါက်ပြဲတာနဲ့ အပျိုမဟုတ်တော့ဘူးလို့ ပြောလို့မရဘူး။ ယောက်ျားတစ်ယောက်နဲ့ အင်္ဂါချင်းထိုးသွင်းဆက်ဆံတော့မှသာ အပျိုရည်ပျက်တာပါ။

Tempon က မိန်းမကိုယ်ရဲ့ ဟိုးအတွင်းထဲထိ ထိုးသွင်းရတာလည်း မဟုတ်ပါဘူး။ အဝမှာတင် ထည့်ထားရတာပါ။ ပုံမှန်အားဖြင့်တော့ ဆိုဒ် ၃ မျိုး လာပါတယ်။ အကြီး၊ အသေးကို ကိုယ်နဲ့အဆင်ပြေတာကို ရွေးနိုင်တယ်။ Tempon ကြောင့် မိန်းမကိုယ်တွင်းက အမြှေးပါးကို (တစ်ခါတစ်ရံမှသာ) ထိမိနိုင်ပေမဲ့ အပျိုရည်ပျက်စရာ မရှိပါဘူးနော်။ ဓမ္မတာလာချိန်မှာ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင်နေဖို့ကသာ အရေးကြီးဆုံးပါပဲ။ သန့်ရှင်းမှုမရှိမှသာ ရောဂါပိုးတွေ ဝင်နိုင်တာကြောင့် ဂွမ်းတောင့်၊ ဂွမ်းကပ် … အဆင်ပြေရာကို သုံးသင့်ပါတယ်။

Credit: Duwun

1 Comments

  1. အပျိုရည်က မိန်းမအင်္ဂါအပေါက်အတွင်း ဘယ်လောက်အကွာမှာရှိတာလဲ

    ReplyDelete