Last post

သံလိုက်တုံးနှင့် ထိတွေ့ မှုများသူများ အချစ်ပိုတတ်ဟုဆို

 သံလိုက်တုံးနှင့် ထိတွေ့ခဲ့ပြီး နောက်တွင် လူများသည် ကိုယ့်လက်တွဲဖော်အပေါ် အချစ်ပိုတတ်ကြောင်း တက္ကဆပ် တက္ကသိုလ်မှ ပညာရှင်များ လေ့လာတွေ့ရှိခဲ့သည်။

          သုတေသန ပညာရှင်များသည် ချစ်သူနှင့် ပြတ်စဲထားသူများ၊ ချစ်သူသစ်ရရှိသည်မှာ မကြာသေးသူများ ပါဝင်သည့် အသက် (၁၈ မှ ၂၂) နှစ်ကြား ကျောင်းသား (၁၂၀) တို့ကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ကျောင်းသားများအား သံလိုက်တုံးနှင့် သာမန်အတုံးများပေးကာ ဆော့ကစားစေပြီးနောက် ချစ်သူအပေါ် သဘောထားဆိုင်ရာ မေးခွန်းလွှာများကို ဖြေဆိုစေခဲ့သည်။

          သံလိုက်တုံးနှင့် ကစားသော ကျောင်းသားများသည် ချစ်သူအပေါ် စိတ်ကျေနပ်မှု၊ ချစ်ခင်မှုပိုများကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့သည်။

          ချစ်ခင်စိတ်က အစားအစာနှင့် အဖျော်ယမကာများကို ပိုမိုအရသာ ရှိစေကြောင်း အခြားလေ့လာမှု တစ်ခုတွင်လည်း ဖော်ပြထားသည်။ စင်ကာပူ တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် အချစ်နှင့် သ၀န်တိုမှုကဲ့သို့ စိတ်ခံစားမှုများက အစားအစာများ၏ အရသာအပေါ် သက်ရောက်မှုရှိမရှိ လေ့လာခဲ့ရာ ချစ်စိတ်ဝင်နေသူများသည် ရိုးရိုးရေကိုပင် ချိုသည်ဟု ထင်မြင်ကြကြောင်း တွေ့ရှိခဲ့သည်။

Credit:Messenger
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

2 Comments