Last post

အမျိုးသမီးဓမ္မတာလာခြင်း ရာသီသွေးဆင်းခြင်း


Menstruation

အမျိုးသမီးဓမ္မတာလာခြင်း_ရာသီသွေးဆင်းခြင်း
အစကမရေးဘဲနေမလို့ပါပဲ။
ဒါမဲ့အငြင်းပွားတာတွေများလာလို့။
!စာရှည်ပါတယ်။သိချင်မှဖတ်ပါ။!
ရာသီလာတယ်ဆိုတာ………
သားအိမ်နံရံတွေပြိုကျခြင်းလို့ သင်ခဲ့ရပါတယ်။
အမျိုးသမီးတစ်ယောက်အပျိုစဖြစ်ပြီးဆိုရင်သားအိမ်ဖွံဖြိုးလာပါတယ်။
လိင်ဆက်ဆံဖို့နဲ့သန္ဓေတည်ဖို့ထိုအမျိုးသမီးကအဆင်သင့်ဖြစ်ပါပြီ။
ရာသီသွေးဆင်းရတဲ့အကြောင်းကတော့ သားအိမ်နံရံပါကပ်တွယ်စရာ
သားလောင်းမရှိလို့ပဲဖြစ်ပါတယ်။တစ်နည်းအားဖြင့် ကိုယ်ဝန်မရှိလို့။
ထို့ကြောင့်သားအိမ်နံရံတွေပြိုကျရခြင်းပဲဖြစ်ပါတယ်။
1 ✋လက်ဖက်စားလို့ရလား?
စားလို့ကတော့ရပါတယ်။(မသေနိုင်ပါဘူး)
လက်ဖက်ထဲမှာပါတဲ့CAFFINEဆိုတဲ့ဓာတ်က
ရာသီသွေးစီးဆင်းရာလမ်းကြောင်းကိုတော့ နာကျင်စေနိုင်ပါတယ်။
အဲ့ဒါကြောင့် လူကြီးတွေက လက်ဖက်သုပ်မစားဖို့တားကြတာပါ။
tea,coffee မသောက်တာအကောင်းဆုံးပါ။
နာကျင်မှုကိုခံနိုင်ရင်တော့သောက်ပေါ့။
2 ✋Sugar,Salt?
တစ်ချို့ဆရာဝန်ကတားပင်မဲ့တစ်ချို့ကတော့မတားပါဘူး။
သကြားနဲ့ဆားက ပုံမှန်အနေထားလောက်စားတာကိစ္စမရှိပင်မဲ့periodအတွင်းအလွန်အကြူးစားသုံးမိရင်
ဆီးချိုနဲ့သွေးတိုး ဖြစ်စေနိုင်ချေများလို့ပါ။
အများအပြားစားရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။
အအေးလည်းသောက်လို့ရပါတယ်နော်။
မသောက်ခိုင်းကြတာက အအေးအများစုသည်ချိုလို့
အဲ့အပြင် အေးနေတဲ့အရည်တွေက ဗိုက်အောင့်တတ်လို့ပါ။
3 ✋ပြေးလို့ရလား?
ဒါကတော့ရှင်းရှင်းလေးပါ နေရာလွဲသွားမှာစိုးလို့ :")
ပြေးလို့ရပါတယ်။ဒါမဲ့ ပုံမှန်မိန်းကလေးတစ်ယောက်ဟာ
ရာသီလာနေချိန်ဆိုရင် ပင်ပန်းတတ်ပါတယ်။
တစ်ချို့မိန်းကလေးတွေကတော့ ရောဂါတစ်ခုသဖွယ်နာကျင်ကိုက်ခဲ၏။
Padဆိုတဲ့ဂွမ်းထုတ်တွေမပေါ်ခင်က ထဘီအစုတ်လေးခေါက်ပြီးသုံးခဲ့ရတဲ့အတွက်လူကြီးတွေကမပြေးခိုင်းတာပါ။သို့သော် အခုpadသုံးထားရင်တောင်ကျပ်နေတဲ့underwearနဲ့မှပြေးလို့အဆင်ပြေပါလိမ့်မယ်။အပေါ်ကပြောထားသလိုပဲ နေရာလွဲသွားမှစိုးလို့ပါ
4 ✋ခေါင်းလျှော်ခြင်း ရေချိုးခြင်း?
တစ်ကိုယ်ရေသန့်ရှင်းရေးကတော့နေ့တိုင်းလုပ်သင့်ပါတယ်။
အထူးသဖြင့်periodကာလမှာပေါ့။အချိန်အခါနဲ့အခြေအနေအရ
ရေချိုးလို့လည်းရပါတယ်။ခေါင်းလျှော်လို့လည်းရပါတယ်။
ဒါမဲ့ အရမ်းအေးတဲ့ဒေသတွေ နှင်းအမြဲကျတဲ့ဒေသမှာနေတဲ့မိန်းကလေးများအဖို့ကတော့ ရေမချိုး ခေါင်းမလျှော်တာအကောင်းဆုံးပါ။
အဓိက အကြောင်းအရင်းရယ်တော့မရှိဘူး။
သွေးခဲတတ်လို့ပါ။ရေမချိုးလည်းသေမသွားဘူးလေနော်။ရာသီသွေးရပ်တန့်သွားခြင်း သွေးခဲသေခြင်း ဖြစ်တတ်၏။
5 ✋ရာသီသွေးကသန့်စင်လား?
ဒါကအဓိကပြောပြချင်နေတဲ့အရာ!တစ်ချို့သောနိုင်ငံမှလူများနဲ့မြန်မာနိုင်ငံရဲ့လူ၉၉ရာခိုင်နှုန်းသည် ရာသီသွေးကို ရွံတတ်ကြပါတယ်။
သွေးပုတ် သွေးညံံ့လို့လည်းခေါ်ကြသလို။
တစ်ချို့ဆို ရာသီလာရင် အခန်းပြင်တောင်ပေးမထွက်တဲ့အိမ်တွေရှိပါ၏သန့်စင်လားမသန့်စင်လားမပြောခင် ဘာလို့ရွံကြရတာလဲ?
ရာသီလာနေတဲ့မိန်ကလေးတစ်ယောက်ကို ရွံစရာအကြည့်တွေနဲ့ကြည့်တယ်။ (မသိရင် ပြစ်မှူကြီး ကျူးလွန်ထားသလိုပဲ)ဘာလို့ရွံကြတာလည်းဆိုတော့ အဲ့သွေးဟာ အမျိုးသမီးအင်္ဂါထဲမှထွက်လာခြင်းဖြစ်လို့ပါ။စာများအနည်းငယ်ရိုင်းမည်။
သေချာစဉ်းစားကြည့်ရင့် မြင့်မြတ်လှပါတယ်ဆိုတဲ့ ယောကျာ်းတွေတောင်
အဲ့ထဲကထွက်လာကြတာလေ။ပုံမှန်အချိန်ဆိုပေါင်ကြားထဲခေါင်းစိုက်နေကြတဲ့ကောင်တွေက
ရာသီလာတာကို မတူသလိုမတန်သလို ရွံရှာပြောနေကြတယ်။ဘုရင်ဆိုလူတောင်တဲ့ပလ္လင်ပေါ်ထိုင်ဖို့ အဲ့ထဲကမွေးလာရတာ။ဒါကိုဘာလို့ရွံကြရတာလည်း အဲ့Logicကြီးလည်းပြင်ကြဦး။
မေးခွန်းကိုပြန်သွားရင် သန့်စင်ပါတယ်။
သွေးထဲမှာ ရောဂါပိုးမရှိမခြင်း ရာသီသွေးဟာသန့်စင်ပါတယ်။လက်မောင်းကဖောက်ထုတ်လိုက်တဲ့သွေးနဲ့ရာသီသွေးက တူညီစွာသန့်ရှင်းပါတယ်။
6 ✋ဘာကြောင့်နံရတာ ဘာကြောင့်သွေးတွေညိုသွားရတာ?
နံပြီးညိုနေလို့ သွေးပုတ်တွေလို ရှေးမြန်မာတွေကယူဆခြင်းဖြစ်သည်။
ညိုရတဲ့အကြောင်းက သွေးဆိုတာလေနဲ့ထိရင်ညိုပါတယ်။
(မယုံရင် ဓားယူပြီးလက်ကိုလှီးလိုက် ၅မိနစ်ပဲစောင့် ညိုလာလိမ့်မယ်)
သွေးလှူတဲ့သွေးကဘာလို့မညိုလည်းဆိုတော့ အဲ့သွေးတွေကပြင်ပက
လေနဲ့မထိတွေ့ခင်မှာလေလုံအိတ်ထဲရောက်သွားလို့ပါ။
နံတာကတော့ ပြင်ပမှာရှိတဲ့Bacteriaတွေနဲ့ထိတွေ့သွားလို့ပါ။
ရာသီသွေးစဆင်းတာနဲ့ Padအသစ်လည်းထားတာတောင် နံနေရင်Vaginaနဲ့pussyမှာbacteriaတွေရှိနေလို့။ဆရာဝန်နဲ့ပြသင့်ပါတယ်။Padတစ်ခုဟာ ၄နာရီပဲအသုံးခံပါတယ်။
ထို၄နာရီအတွင်း ဆိုးဝါးစွာနံနေရင် သွေးထဲပါ ရောဂါပိုးရှိနေလို့ပါ။၄နာရီကျော်မှနံလာရင် ဒါဟာ ပြင်ပလေနဲ့ထိတွေ့ပြီးတဲ့အပြင်padက မသန့်ရှင်းတော့လို့ပါ။
ကိုယ်ဝန်ရှိတယ်ဆိုတာ အဲ့လိုတစ်လတစ်ခါ ဆင်းရမဲ့သွေးတွေက မဆင်းတော့ပဲ သားအိမ်ထဲမှာပဲကလေးတစ်ယောက်ဖြစ်လာတာပါ။တစ်နည်းအားဖြင့်စဉ်းစားရင်ကလေးဆိုတာရာသီသွေးနဲ့ဖြစ်တည်လာတာ💕
❗️ရာသီသွေးကသွေးပုတ်တွေပါဆိုပြီး ရွံနေရင်
အဲ့သွေးတွေနဲ့ဖြစ်တည်လာခဲ့တဲ့ ကွကိုလည်းရွံ့လိုက်ပါ။
✍️#credit to Dr. Min Min Thway

0 Comments