လိင္အဂၤါစြပ္ကြင္းေတြအေၾကာင္းသိေကာင္းစရာမ်ား
==============
လိင္အဂၤါစြပ္ကြင္းေတြဟာ လိင္ဆက္ဆံခ်ိန္မွာ အသုံးျပဳရတဲ့ Sex Toy တစ္ခု ျဖစ္ပါတယ္။ လိင္တံရဲ႕ အရင္းမွာ စြပ္ရတာမ်ိဳးရွိသလို၊ ေဝွးေစ့ႏွစ္လုံးကိုပါ ေက်ာ္ၿပီး ဆီးခုံရင္းထိ စြပ္တာမ်ိဳးေတြလည္း ရွိပါတယ္။
လိင္တံစြပ္ကြင္းေတြကို အသုံးျပဳရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ လိင္ဆက္ဆံခ်ိန္မွာ အခ်ိန္ၾကာၾကာပိုမိုစြမ္းေဆာင္ႏိုင္ဖို႔၊ သာယာမႈကို ပိုမိုခံစားရဖို႔ပဲ ျဖစ္ပါတယ္။
မွန္ကန္တဲ့နည္းလမ္းနဲ႔ အသုံးျပဳမယ္ဆိုရင္ လိင္တံစြပ္ကြင္းေတြဟာ ေဘးကင္းတဲ့ပစၥည္းေတြလို႔ ဆိုႏိုင္ပါတယ္။ ဒီစြပ္ကြင္းရဲ႕ အားသာခ်က္ကေတာ့ လိင္တံမာေတာင့္ေစဖို႔ စီးဝင္ေနတဲ့ ေသြးေတြကို အထဲျပန္မဝင္သြားေစဖို႔ လိင္တံတြင္း ေသြးေၾကာေတြထဲမွာ ပိတ္ေလွာင္ဖို႔ ကူညီေပးတာပဲျဖစ္ပါတယ္။ ဒီလိုေသြးေတြက အထဲျပန္မဝင္သြားတဲ့အခါ လိင္တံတစ္ရႉးေတြက ပိုမာၿပီး ႀကီးလာသလို လိင္တံေထာင္မတ္ခ်ိန္ လည္း ပိုမိုၾကာျမင့္ေစတယ္။ ဒါ့အျပင္ သုက္လႊတ္မျမန္ေအာင္ ထိန္းထားေပးႏိုင္ပါတယ္။
လိင္တံစြပ္ကြင္း သုံးရင္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရႏိုင္မလဲ?
၁။ လိင္တံေထာင္မတ္မႈကို ထိန္းသိမ္းထားႏိုင္တယ္
လိင္စိတ္ ျဖစ္ေနတဲ့အခ်ိန္ လိင္အဂၤါတစ္ရႈးေတြထဲကို ေသြးေတြအမ်ားႀကီးစီးဝင္လာတာေၾကာင့္ လိင္အဂၤါက ေထာင္မတ္ႀကီးထြားလာျခင္းျဖစ္ပါတယ္။ လိင္စိတ္က်သြားတဲ့အခါ ခႏၶာကိုယ္ထဲကို ေသြးေတြျပန္စီးသြားတာေၾကာင့္ ေပ်ာ့သြားပါတယ္။ ဒီလို လိင္အဂၤါအတြင္းက ေသြးေတြ ျမန္ျမန္နဲ႔ျပန္မစီးသြားေအာင္ လိင္အဂၤါစြပ္ကြင္းေတြက ညႇစ္ထားေပးတဲ့ သေဘာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လိင္တံေထာင္မတ္ခ်ိန္ကို ပိုမိုၾကာျမင့္ေစႏိုင္ၿပီး အခ်ိန္ၾကာၾကာစြမ္းေဆာင္ႏိုင္ေစမွာ ျဖစ္ပါတယ္။
၂။ သင့္ကို ယုံၾကည္မႈရွိေစတယ္
လိင္အဂၤါစြပ္ကြင္းေတြက လိင္တံေထာင္မတ္မႈနဲ႔ပတ္သက္ၿပီး သင့္ရဲ႕ စိတ္ပူပန္မႈေတြကို ေလ်ာ့နည္းသြားေစႏိုင္တာေၾကာင့္ အိပ္ရာထဲမွာ ယုံၾကည္မႈအျပည့္နဲ႔ စြမ္းေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ သင့္အေနနဲ႔ အခ်ိန္တိုအတြင္း လိင္တံေပ်ာ့မသြားဘူးလို႔ စိတ္ခ်ေနႏိုင္တာေၾကာင့္ပါ။
၃။ သုက္လႊတ္မျမန္ေအာင္ ထိန္းထားေပးႏိုင္တယ္
လိင္အဂၤါစြပ္ကြင္းေတြဟာ လိင္တံနဲ႔ ဥေတြရဲ႕ ေအာက္ေျခအရင္းေနရာတဝိုက္ကို ညႇစ္ထားေပးတာေၾကာင့္ သုက္လႊတ္မျမန္ေအာင္လည္း ထိန္းထားေပးႏိုင္တယ္လို႔ ဆိုၾကပါတယ္။ ဒါ့အျပင္ သုက္လႊတ္ခ်ိန္မွာလည္း ပုံမွန္ထက္ပိုၿပီး ျပင္းထန္သာယာတဲ့ ခံစားမႈကို ခံစားရႏိုင္ေစပါတယ္။
၄။ လိင္တံကို ပိုႀကီးလာေစတယ္
လိင္အဂၤါစြပ္ကြင္းေတြဟာ လိင္စိတ္ႏိုးထခ်ိန္မွာ စီးဝင္လာတဲ့ ေသြးေတြကို အလြယ္တကူျပန္လည္စီးဆင္းမသြားေအာင္ ညႇစ္ထားေပးတာေၾကာင့္ လိင္တံတစ္ရႈးေတြက ပိုမိုႀကီးထြားလာပါတယ္။ ဒီလိုျဖစ္တာက သင့္ရဲ႕ လိင္တံကို ပိုမိုႀကီးမားေစသေယာင္ ထင္ရေစပါတယ္။
၅။ လိင္ဆက္ဆံေဖာ္ကို ပိုမိုေက်နပ္ေစႏိုင္တယ္
လိင္တံ ၾကာၾကာေထာင္မတ္ႏိုင္တာ၊ သုက္လႊတ္မျမန္တာေတြက သင့္ပါတနာကို ပိုမိုေက်နပ္မႈေပးႏိုင္မယ္ဆိုတာ ေသခ်ာပါတယ္။
လိင္တံစြပ္ကြင္းကို ဘယ္လိုအသုံးျပဳၾကမလဲ။
လိင္တံေပ်ာ့ေနတဲ့အခ်ိန္မွာ ေခါင္းကေန တစ္ဆင့္ ျဖည္းျဖည္းခ်င္း အေနာက္ကို ဆြဲသြင္းရပါမယ္။ လိင္တံကိုပဲ စြပ္မယ္ဆိုရင္ေတာ့ ျပႆနာမဟုတ္ေပမဲ့ ေဝွးေစ့ေတြကိုပါ ထည့္စြပ္မယ္ဆိုရင္ေတာ့ အရင္ဆုံး ေဝွးေစ့တစ္လုံးကို ကြင္းထဲထည့္ၿပီးမွ ေနာက္တစ္လုံးကို ထည့္ရမွာပါ။ ၿပီးသြားေတာ့မွ ေပ်ာ့ေနတဲ့ လိင္တံကို အနည္းငယ္ေကြးၫြတ္ၿပီးမွ ျဖည္းျဖည္းခ်င္း ကြင္းထဲကို ထည့္ပါ။ အကုန္လုံး ကြင္းထဲဝင္သြားၿပီဆိုရင္ ကပၸါယ္အိတ္အေနာက္နဲ႔ လိင္တံအရင္းထိပ္မွာ ကြင္းကို ေသခ်ာစြာ တပ္ဆင္ရပါမယ္။
ေခ်ာင္ေခ်ာင္ခ်ိခ်ိနဲ႔ စြပ္လို႔လြယ္ကူေအာင္ ေခ်ာဆီနည္းနည္းစြတ္ၿပီးမွ ကြင္းထဲသြင္းတာ ပိုေကာင္းပါတယ္။ စြပ္လိုက္တဲ့အခါ ကိုယ့္ရဲ႕ ပစၥည္းနဲ႔ အံဝင္ခြင္က်ျဖစ္ေနဖို႔ ကြင္းရဲ႕ အ႐ြယ္အစားက ေတာ္ေတာ္ေလး အေရးပါပါတယ္။ အကယ္လို႔ ကိုယ္က ကြန္ဒုံးစြပ္ၿပီး လိင္ဆက္ဆံမယ္ဆိုရင္ ကြင္းမစြပ္ခင္ အရင္ဆုံး ကြန္ဒုံးကို စြပ္ထားဖို႔ေတာ့ လိုပါတယ္။ ကြန္ဒုံးနဲ႔ လိင္တံစြပ္ကြင္း ၿငိမေနေစဖို႔ သတိထားေပးပါ။ အေရးႀကီးတာက လိင္တံစြပ္ကြင္းကို တစ္ခါအသုံးျပဳရင္ နာရီဝက္ထက္ ပိုမၾကာဖို႔ပါပဲ။ အစပိုင္း ကိုယ္က သုံးက်င့္မရွိေသးရင္ ႏႈိးစက္နဲ႔ အခ်ိန္လုပ္ေပးထားတာ ပိုေကာင္းပါတယ္။ လိင္တံစြပ္ကြင္း စြပ္လ်က္နဲ႔ အိပ္ေပ်ာ္မသြားေစဖို႔လည္း ကူညီေပးရာေရာက္ပါတယ္။
လိင္တံစြပ္ကြင္းေတြက စိတ္ခ်ရရဲ႕လား??
မ်ားေသာအားျဖင့္ စိတ္ခ်ရပါတယ္။ ဒါေပမယ့္ အခုေဖာ္ျပမယ့္ အခ်က္ေတြကိုေတာ့ လိုက္နာဖို႔ လိုပါတယ္။
၁။ ကိုက္ညီတဲ့ အ႐ြယ္အစားကို ေ႐ြးခ်ယ္ပါကြန္ဒုံးဝယ္သလိုပါပဲ။
လိင္တံစြပ္ကြင္းကို ဝယ္ေတာ့မယ္ဆိုရင္ ကိုယ့္ပစၥည္းနဲ႔ ကိုက္ညီမယ့္ အ႐ြယ္အစားကို ေ႐ြးဝယ္ဖို႔ အေရးႀကီးပါတယ္။ ကိုယ့္အ႐ြယ္အစားကို တိုင္းဖို႔အတြက္ လိင္တံေပ်ာ့ေနခ်ိန္မွာ အရင္းပတ္ပတ္လည္ကို ႀကိဳးအမွ်င္ေသးေသးေလးနဲ႔ စြပ္ၿပီး အမွတ္မွတ္ထားလို႔ ရပါတယ္။ ဒါမွမဟုတ္ အလြယ္တကူ ခ်ဳံ႕၊ ခ်ဲ႕လို႔ရတဲ့ အေပ်ာ့စားကြင္းေတြ ေ႐ြးလို႔လည္း အဆင္ေျပပါတယ္။
၂။ မိနစ္ ၂၀ ဝတ္ၿပီး ခြၽတ္ပါ
ဒီအခ်က္က အေရးႀကီးပါတယ္။ လိင္အဂၤါစြပ္ကြင္းေတြကို အခ်ိန္ၾကာၾကာဝတ္ထားမယ္ဆိုရင္ လိင္တံကို ထိခိုက္မႈေတြ ျဖစ္ေစႏိုင္ပါတယ္။ ထုံက်င္တာ၊ နာက်င္တာ၊ အေရျပားအေရာင္ေျပာင္းတာေတြ ျဖစ္လာရင္ ခ်က္ခ်င္းခြၽတ္ဖို႔ လိုပါတယ္။ လိင္အဂၤါစြပ္ကြင္းသုံးမယ္ဆိုရင္ မိနစ္ ၂၀ – နာရီဝက္ထက္ ပိုၿပီးဝတ္မထားမိေအာင္ ဂ႐ုစိုက္ပါ။
၃။ ဆီးခုံေမႊးကို ရွင္းထားပါ
လိင္အဂၤါစြပ္ကြင္းသုံးမယ္ဆိုရင္ ဆီးခုံေမႊးက ျပႆနာျဖစ္လာႏိုင္ပါတယ္။ စြပ္ကြင္းကို ခြၽတ္ခ်ိန္မွာ ဆီးခုံေမႊးေတြ ညပ္ၿပီး နာက်င္မႈမျဖစ္ရေအာင္ ဂ႐ုစိုက္ဖို႔ လိုပါတယ္။
မိန္းကေလးတိုင္းေတာင့္တၿပီး ေယာက်ၤားေလးတိုင္း အားက်ေစဖို႔
Gentleman Magazine
Unicode
လိင်အင်္ဂါစွပ်ကွင်းတွေအကြောင်းသိကောင်းစရာများ
==============
လိင်အင်္ဂါစွပ်ကွင်းတွေဟာ လိင်ဆက်ဆံချိန်မှာ အသုံးပြုရတဲ့ Sex Toy တစ်ခု ဖြစ်ပါတယ်။ လိင်တံရဲ့ အရင်းမှာ စွပ်ရတာမျိုးရှိသလို၊ ဝှေးစေ့နှစ်လုံးကိုပါ ကျော်ပြီး ဆီးခုံရင်းထိ စွပ်တာမျိုးတွေလည်း ရှိပါတယ်။
လိင်တံစွပ်ကွင်းတွေကို အသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ လိင်ဆက်ဆံချိန်မှာ အချိန်ကြာကြာပိုမိုစွမ်းဆောင်နိုင်ဖို့၊ သာယာမှုကို ပိုမိုခံစားရဖို့ပဲ ဖြစ်ပါတယ်။
မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးပြုမယ်ဆိုရင် လိင်တံစွပ်ကွင်းတွေဟာ ဘေးကင်းတဲ့ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။ ဒီစွပ်ကွင်းရဲ့ အားသာချက်ကတော့ လိင်တံမာတောင့်စေဖို့ စီးဝင်နေတဲ့ သွေးတွေကို အထဲပြန်မဝင်သွားစေဖို့ လိင်တံတွင်း သွေးကြောတွေထဲမှာ ပိတ်လှောင်ဖို့ ကူညီပေးတာပဲဖြစ်ပါတယ်။ ဒီလိုသွေးတွေက အထဲပြန်မဝင်သွားတဲ့အခါ လိင်တံတစ်ရှူးတွေက ပိုမာပြီး ကြီးလာသလို လိင်တံထောင်မတ်ချိန် လည်း ပိုမိုကြာမြင့်စေတယ်။ ဒါ့အပြင် သုက်လွှတ်မမြန်အောင် ထိန်းထားပေးနိုင်ပါတယ်။
လိင်တံစွပ်ကွင်း သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ?
၁။ လိင်တံထောင်မတ်မှုကို ထိန်းသိမ်းထားနိုင်တယ်
လိင်စိတ် ဖြစ်နေတဲ့အချိန် လိင်အင်္ဂါတစ်ရှုးတွေထဲကို သွေးတွေအများကြီးစီးဝင်လာတာကြောင့် လိင်အင်္ဂါက ထောင်မတ်ကြီးထွားလာခြင်းဖြစ်ပါတယ်။ လိင်စိတ်ကျသွားတဲ့အခါ ခန္ဓာကိုယ်ထဲကို သွေးတွေပြန်စီးသွားတာကြောင့် ပျော့သွားပါတယ်။ ဒီလို လိင်အင်္ဂါအတွင်းက သွေးတွေ မြန်မြန်နဲ့ပြန်မစီးသွားအောင် လိင်အင်္ဂါစွပ်ကွင်းတွေက ညှစ်ထားပေးတဲ့ သဘောဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်တံထောင်မတ်ချိန်ကို ပိုမိုကြာမြင့်စေနိုင်ပြီး အချိန်ကြာကြာစွမ်းဆောင်နိုင်စေမှာ ဖြစ်ပါတယ်။
၂။ သင့်ကို ယုံကြည်မှုရှိစေတယ်
လိင်အင်္ဂါစွပ်ကွင်းတွေက လိင်တံထောင်မတ်မှုနဲ့ပတ်သက်ပြီး သင့်ရဲ့ စိတ်ပူပန်မှုတွေကို လျော့နည်းသွားစေနိုင်တာကြောင့် အိပ်ရာထဲမှာ ယုံကြည်မှုအပြည့်နဲ့ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အချိန်တိုအတွင်း လိင်တံပျော့မသွားဘူးလို့ စိတ်ချနေနိုင်တာကြောင့်ပါ။
၃။ သုက်လွှတ်မမြန်အောင် ထိန်းထားပေးနိုင်တယ်
လိင်အင်္ဂါစွပ်ကွင်းတွေဟာ လိင်တံနဲ့ ဥတွေရဲ့ အောက်ခြေအရင်းနေရာတဝိုက်ကို ညှစ်ထားပေးတာကြောင့် သုက်လွှတ်မမြန်အောင်လည်း ထိန်းထားပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် သုက်လွှတ်ချိန်မှာလည်း ပုံမှန်ထက်ပိုပြီး ပြင်းထန်သာယာတဲ့ ခံစားမှုကို ခံစားရနိုင်စေပါတယ်။
၄။ လိင်တံကို ပိုကြီးလာစေတယ်
လိင်အင်္ဂါစွပ်ကွင်းတွေဟာ လိင်စိတ်နိုးထချိန်မှာ စီးဝင်လာတဲ့ သွေးတွေကို အလွယ်တကူပြန်လည်စီးဆင်းမသွားအောင် ညှစ်ထားပေးတာကြောင့် လိင်တံတစ်ရှုးတွေက ပိုမိုကြီးထွားလာပါတယ်။ ဒီလိုဖြစ်တာက သင့်ရဲ့ လိင်တံကို ပိုမိုကြီးမားစေသယောင် ထင်ရစေပါတယ်။
၅။ လိင်ဆက်ဆံဖော်ကို ပိုမိုကျေနပ်စေနိုင်တယ်
လိင်တံ ကြာကြာထောင်မတ်နိုင်တာ၊ သုက်လွှတ်မမြန်တာတွေက သင့်ပါတနာကို ပိုမိုကျေနပ်မှုပေးနိုင်မယ်ဆိုတာ သေချာပါတယ်။
လိင်တံစွပ်ကွင်းကို ဘယ်လိုအသုံးပြုကြမလဲ။
လိင်တံပျော့နေတဲ့အချိန်မှာ ခေါင်းကနေ တစ်ဆင့် ဖြည်းဖြည်းချင်း အနောက်ကို ဆွဲသွင်းရပါမယ်။ လိင်တံကိုပဲ စွပ်မယ်ဆိုရင်တော့ ပြဿနာမဟုတ်ပေမဲ့ ဝှေးစေ့တွေကိုပါ ထည့်စွပ်မယ်ဆိုရင်တော့ အရင်ဆုံး ဝှေးစေ့တစ်လုံးကို ကွင်းထဲထည့်ပြီးမှ နောက်တစ်လုံးကို ထည့်ရမှာပါ။ ပြီးသွားတော့မှ ပျော့နေတဲ့ လိင်တံကို အနည်းငယ်ကွေးညွတ်ပြီးမှ ဖြည်းဖြည်းချင်း ကွင်းထဲကို ထည့်ပါ။ အကုန်လုံး ကွင်းထဲဝင်သွားပြီဆိုရင် ကပ္ပါယ်အိတ်အနောက်နဲ့ လိင်တံအရင်းထိပ်မှာ ကွင်းကို သေချာစွာ တပ်ဆင်ရပါမယ်။
ချောင်ချောင်ချိချိနဲ့ စွပ်လို့လွယ်ကူအောင် ချောဆီနည်းနည်းစွတ်ပြီးမှ ကွင်းထဲသွင်းတာ ပိုကောင်းပါတယ်။ စွပ်လိုက်တဲ့အခါ ကိုယ့်ရဲ့ ပစ္စည်းနဲ့ အံဝင်ခွင်ကျဖြစ်နေဖို့ ကွင်းရဲ့ အရွယ်အစားက တော်တော်လေး အရေးပါပါတယ်။ အကယ်လို့ ကိုယ်က ကွန်ဒုံးစွပ်ပြီး လိင်ဆက်ဆံမယ်ဆိုရင် ကွင်းမစွပ်ခင် အရင်ဆုံး ကွန်ဒုံးကို စွပ်ထားဖို့တော့ လိုပါတယ်။ ကွန်ဒုံးနဲ့ လိင်တံစွပ်ကွင်း ငြိမနေစေဖို့ သတိထားပေးပါ။ အရေးကြီးတာက လိင်တံစွပ်ကွင်းကို တစ်ခါအသုံးပြုရင် နာရီဝက်ထက် ပိုမကြာဖို့ပါပဲ။ အစပိုင်း ကိုယ်က သုံးကျင့်မရှိသေးရင် နှိုးစက်နဲ့ အချိန်လုပ်ပေးထားတာ ပိုကောင်းပါတယ်။ လိင်တံစွပ်ကွင်း စွပ်လျက်နဲ့ အိပ်ပျော်မသွားစေဖို့လည်း ကူညီပေးရာရောက်ပါတယ်။
လိင်တံစွပ်ကွင်းတွေက စိတ်ချရရဲ့လား??
များသောအားဖြင့် စိတ်ချရပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် အချက်တွေကိုတော့ လိုက်နာဖို့ လိုပါတယ်။
၁။ ကိုက်ညီတဲ့ အရွယ်အစားကို ရွေးချယ်ပါကွန်ဒုံးဝယ်သလိုပါပဲ။
လိင်တံစွပ်ကွင်းကို ဝယ်တော့မယ်ဆိုရင် ကိုယ့်ပစ္စည်းနဲ့ ကိုက်ညီမယ့် အရွယ်အစားကို ရွေးဝယ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အရွယ်အစားကို တိုင်းဖို့အတွက် လိင်တံပျော့နေချိန်မှာ အရင်းပတ်ပတ်လည်ကို ကြိုးအမျှင်သေးသေးလေးနဲ့ စွပ်ပြီး အမှတ်မှတ်ထားလို့ ရပါတယ်။ ဒါမှမဟုတ် အလွယ်တကူ ချုံ့၊ ချဲ့လို့ရတဲ့ အပျော့စားကွင်းတွေ ရွေးလို့လည်း အဆင်ပြေပါတယ်။
၂။ မိနစ် ၂၀ ဝတ်ပြီး ချွတ်ပါ
ဒီအချက်က အရေးကြီးပါတယ်။ လိင်အင်္ဂါစွပ်ကွင်းတွေကို အချိန်ကြာကြာဝတ်ထားမယ်ဆိုရင် လိင်တံကို ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ထုံကျင်တာ၊ နာကျင်တာ၊ အရေပြားအရောင်ပြောင်းတာတွေ ဖြစ်လာရင် ချက်ချင်းချွတ်ဖို့ လိုပါတယ်။ လိင်အင်္ဂါစွပ်ကွင်းသုံးမယ်ဆိုရင် မိနစ် ၂၀ – နာရီဝက်ထက် ပိုပြီးဝတ်မထားမိအောင် ဂရုစိုက်ပါ။
၃။ ဆီးခုံမွှေးကို ရှင်းထားပါ
လိင်အင်္ဂါစွပ်ကွင်းသုံးမယ်ဆိုရင် ဆီးခုံမွှေးက ပြဿနာဖြစ်လာနိုင်ပါတယ်။ စွပ်ကွင်းကို ချွတ်ချိန်မှာ ဆီးခုံမွှေးတွေ ညပ်ပြီး နာကျင်မှုမဖြစ်ရအောင် ဂရုစိုက်ဖို့ လိုပါတယ်။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

0 Comments