COVID-19 ေၾကာင့္ ညိဳးႏြမ္းသြားႏိုင္တဲ့ အမ်ိဳးသားတို႔ဘဝ
===========
COVID-19 ျဖစ္တာ တစ္ႏွစ္ေလာက္ ရွိလာၿပီဆိုေတာ့ ျဖစ္တဲ့သူေတြျဖစ္၊ ျပန္ေကာင္းတဲ့သူေတြေကာင္း၊ ေကာင္းတဲ့သူေတြလည္း နာလန္ျပန္ထူလာၾကပါၿပီ။ ျပန္ေကာင္းလာၾကတယ္ဆိုေပမယ့္ လုံးလုံးေကာင္းတာေတာ့ ျဖစ္ဟန္မတူပါဘူး။ ေဆး႐ုံကဆင္းလို႔ အိမ္ျပန္လာၾကသည့္တိုင္ ေတာ္ေတာ္မ်ားမ်ာက အရင္ကနဲ႔ မတူေတာ့ဘူးလို႔ ေျပာၾကပါတယ္။
ေရာဂါတစ္ခုျဖစ္ၿပီးရင္ ေနာက္ဆက္တြဲခံစားရသလိုပဲ COVID-19 မွာလည္း ျပန္ေကာင္းလာၿပီး ဒီလိုမ်ိဳးေတြ ခံစားရပုံေပၚပါတယ္။ COVID-19 ရဲ႕ ေနာက္ဆက္တြဲ ျပႆနာမ်ားေပါ့။ အမ်ားစုကေတာ့ ႏုံးတာ၊ အိပ္မေပ်ာ္တာ ျဖစ္ၾကပါတယ္။ ရွာေဖြေလ ေတြ႕ရွိေလပဲဆိုဆို COVID-19 ရဲ႕ ေနာက္ဆက္တြဲက ၾကာေလေလ ပိုေတြ႕လာေလေလပါပဲ။
ခုလည္း အမ်ိဳးသားထုႀကီးကို ၿခိမ္းေျခာက္ႏိုင္တဲ့ ေနာက္ဆက္တြဲ တစ္ခုကို ထပ္ေတြ႕လာရျပန္ပါၿပီ။
COVID-19 ေၾကာင့္ အမ်ိဳးသားမ်ား ဘဝဆုံးသြားႏိုင္သလား။
COVID-19 ခံစားရၿပီး ျပန္ေကာင္းသြားတဲ့ အမ်ိဳးသားေတြက အိမ္ျပန္ေရာက္သြားတဲ့အခါ အရင္လို ျပန္မျဖစ္ၾကပါဘူးတဲ့။ အရင္လိုဆိုတာ ‘လိင္တံမေထာင္မတ္‘တာကို ေျပာတာပါ။ တစ္ေယာက္လည္း မဟုတ္ ႏွစ္ေယာက္လည္း မဟုတ္ ဒီျပႆနာကို ႀကဳံလာရလို႔ ေလ့လာမႈေတြ လုပ္ၾကည့္လိုက္တဲ့အခါ တကယ္ဘဲ ‘မေထာင္’တာကို ေတြ႕ရပါတယ္။
ဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲ။
ျဖစ္ႏိုင္ေျခေတြကို စဥ္းစားၾကည့္တဲ့ အခါက်ေတာ့
ေသြးေၾကာေတြ ထိခိုက္တာေၾကာင့္
လိင္တံေထာင္မတ္ဖို႔ဆိုတာ လိင္တံထဲကို ေသြးေတြ ေကာင္းေကာင္း စီးဝင္မွရမွာပါ။ ဒါေၾကာင့္ ႏွလုံးနဲ႔ ေသြးေၾကာမေကာင္းတဲ့သူေတြမွာ လိင္တံမေထာင္မတ္ႏိုင္တဲ့ ျပႆနာေတြ႕ရပါတယ္။
COVID-19က ခႏၶာကိုယ္တစ္ခုလုံးကို ေရာင္ရမ္းေစတယ္ဆိုတာ သိထားၿပီးသား ျဖစ္မွာပါ။ အထူးသျဖင့္ ႏွလုံးႂကြက္သားေတြက ပိုထိပါတယ္။ ႏွလုံးႂကြက္သားေရာင္လို႔ ေသြးေကာင္းေကာင္း မညႇစ္ႏိုင္ရင္ လိင္တံေထာင္မတ္ႏိုင္မွာ မဟုတ္ပါဘူး။
ဒီလိုပဲ ဗိုင္းရပ္စ္ေၾကာင့္ လိင္တံေသြးေၾကာေတြ ေရာင္ရမ္းၿပီး က်ဥ္းေနရင္လည္း ေထာင္မတ္ႏိုင္မွာ မဟုတ္ပါဘူး။
စိတ္ပိုင္းဆိုင္ရာ ထိခိုက္တာေၾကာင့္
COVID-19က လက္ရွိအခ်ိန္မွာေတာ့ အိပ္မက္ဆိုးပါပဲ။ ေရာဂါပိုးမကူးစက္ဘဲ ဒီတိုင္းပဲ အိမ္မွာေနတဲ့သူေတာင္ စိတ္ညစ္တာ ပိုးကူးခံရတဲ့သူဆို ဆိုဖြယ္ရာ မရွိပါဘူး။ အိမ္ျပန္လာေပမယ့္ သူႀကဳံခဲ့ရတာေတြေၾကာင့္ စိတ္ဖိစီးတာ၊ စိတ္ရႈပ္ေထြးတာ၊ စိတ္ဓာတ္က်တာေတြ ျဖစ္ေနႏိုင္ပါတယ္။ ဒါဆိုရင္လည္း လိင္တံေထာင္မတ္ဖို႔ရာ ခက္ခဲေနဦးမွာပါ။
နဂိုက်န္းမာေရး မေကာင္းတာေၾကာင့္
လိင္တံမေထာင္မတ္တာက ေရာဂါဆိုတာထက္ လကၡဏာလို႔ ေျပာရင္ပိုမွန္ပါတယ္။ လိင္တံမေထာင္မတ္ႏိုင္တဲ့ အမ်ိဳးသားေတြမ်ာ ေရာဂါက လိင္တံမွာ ရွိေနတာ မဟုတ္ပါဘူး။ တျခားအေၾကာင္းရင္းေၾကာင့္သာ လိင္တံမေထာင္မတ္ႏိုင္တာပါ။ ဥပမာ နဂိုတည္းက အဝလြန္တယ္။ ေဆးလိပ္လည္း ေသာက္တယ္၊ ေသြးေၾကာေတြကလည္း ေကာင္းလွတယ္ေတာ့ မဟုတ္ဘူး။
ဒီလိုအခ်က္ေတြ ရွိေနတဲ့အတြက္ သူမ်ားထက္လည္း ကိုဗစ္ကူးလြယ္တယ္။ ကူးခဲ့ၿပီးျပန္ေတာ့လည္း ဒီအခ်က္ေတြေၾကာင့္ပဲ လိင္တံမေထာင္မတ္ႏိုင္တာက ပိုဆိုးၿပီး လကၡဏာေတြ ျပလာတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။
ျပန္ေကာင္းလာပါ့မလား။
ခုထက္ထိေတာ့ ဒါက ယာယီပဲလား၊ တစ္သက္လုံး ျဖစ္သြားမွာလား၊ မ်ိဳးေအာင္ႏိုင္စြမ္းကို ထိခိုက္ႏိုင္မွာလားဆိုတာ ေျပာဖို႔က ေစာေနပါေသးတယ္။ လူနာေတြကို ဆက္ေစာင့္ၾကည့္ၿပီး ေလ့လာခ်က္ေတြ ဆက္လုပ္ရဦးမွာပါ။
အသက္ကလည္း စကားေျပာပါေသးတယ္။ အသက္ႀကီးတဲ့သူေတြက နဂိုတည္းက လိင္တံေထာင္မတ္ႏိုင္စြမ္းက်လာတဲ့အျပင္ ကိုဗစ္ကူးႏိုင္ေျခကလည္း ပိုမ်ားေနေတာ့ ကိုဗစ္ေၾကာင့္လား၊ အသက္ေၾကာင့္လား ကြဲကြဲျပားျပား သိဖို႔ ေလ့လာရဦးမွာပါ။
လိင္တံမေထာင္မတ္ႏိုင္တာ တစ္ကိုယ္လုံးရဲ႕ က်န္းမာေရးကို ကိုယ္စားျပဳေနတာ ျဖစ္တဲ့အတြက္ မေထာင္တိုင္း ကိုဗစ္ပါလို႔ စြပ္စြဲဖို႔ရာ ခက္ပါတယ္။ နဂိုက သန္သန္မာမာ လူငယ္တစ္ေယာက္၊ က်န္းမာေရးလည္း ေကာင္းတယ္။ ကိုဗစ္ျဖစ္ၿပီးမွ ႐ုတ္တရက္ လိင္တံမေထာင္မတ္ႏိုင္ေတာ့ဘူးဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။
အရင္ကေတာ့ ကိုဗစ္က ဘယ္လိုျဖစ္လဲ၊ ဘယ္လိုကူးလဲဆိုတာကို ေလ့လာေနရာက ခုဆိုရင္ ကိုဗစ္ရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ေလ့လာတဲ့ အေျခအေန ျဖစ္ေနပါၿပီ။ ဗိုင္းရပ္စ္ေၾကာင့္ ႏွလုံး၊ အဆုတ္၊ ဦးေႏွာက္၊ ေက်ာက္ကပ္ စတဲ့ ကိုယ္တြင္းအဂၤါေတြမွာ ဘာေတြ ထိခိုက္ႏိုင္သလဲဆိုတာအျပင္ ခုအမ်ိဳးသားေတြရဲ႕ မ်ိဳးပြားစနစ္ကို ပ်က္စီးေစႏိုင္လာဆိုတာပါ ေလ့လာေနရပါၿပီ။
ကိုဗစ္ျဖစ္ၿပီးေပမယ့္ ကိုဗစ္ရဲ႕ ေနာက္ဆက္တြဲ လကၡဏာေတြကို လနဲ႔ခ်ီ ခံစားေနရတဲ့ ‘long haulers’ေတြလည္း ဒုနဲ႔ ေဒးပါပဲ။
ဒါေၾကာင့္ အမ်ိဳးသားေတြ အေနနဲ႔ ေသမွာမေၾကာက္လို႔ ေပတစ္ရာ ေလွ်ာက္တာ ျပႆနာ မရွိေပမယ့္ လိင္တံမေထာင္မတ္ႏိုင္တာကိုေတာ့ စိုးရိမ္ပါ။ မေျပးေသာ္လည္း ကန္ရာရွိ ကိုဗစ္ျပန္ေကာင္းခဲ့ရင္ေတာင္ ‘ေထာင္ေထာင္၊ ေထာင္ေထာင္’ မေနႏိုင္မွာကို ေတြးေၾကာက္ၿပီး အေနအထိုင္ဆင္ျခင္ၾကဖို႔ အႀကံျပဳလိုပါတယ္။
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyo Wai Lynn
ေရးသားသူ Dr. Htet Htet Zaw Win
Unicode
COVID-19 ကြောင့် ညိုးနွမ်းသွားနိုင်တဲ့ အမျိုးသားတို့ဘဝ
===========
COVID-19 ဖြစ်တာ တစ်နှစ်လောက် ရှိလာပြီဆိုတော့ ဖြစ်တဲ့သူတွေဖြစ်၊ ပြန်ကောင်းတဲ့သူတွေကောင်း၊ ကောင်းတဲ့သူတွေလည်း နာလန်ပြန်ထူလာကြပါပြီ။ ပြန်ကောင်းလာကြတယ်ဆိုပေမယ့် လုံးလုံးကောင်းတာတော့ ဖြစ်ဟန်မတူပါဘူး။ ဆေးရုံကဆင်းလို့ အိမ်ပြန်လာကြသည့်တိုင် တော်တော်များမျာက အရင်ကနဲ့ မတူတော့ဘူးလို့ ပြောကြပါတယ်။
ရောဂါတစ်ခုဖြစ်ပြီးရင် နောက်ဆက်တွဲခံစားရသလိုပဲ COVID-19 မှာလည်း ပြန်ကောင်းလာပြီး ဒီလိုမျိုးတွေ ခံစားရပုံပေါ်ပါတယ်။ COVID-19 ရဲ့ နောက်ဆက်တွဲ ပြဿနာများပေါ့။ အများစုကတော့ နုံးတာ၊ အိပ်မပျော်တာ ဖြစ်ကြပါတယ်။ ရှာဖွေလေ တွေ့ရှိလေပဲဆိုဆို COVID-19 ရဲ့ နောက်ဆက်တွဲက ကြာလေလေ ပိုတွေ့လာလေလေပါပဲ။
ခုလည်း အမျိုးသားထုကြီးကို ခြိမ်းခြောက်နိုင်တဲ့ နောက်ဆက်တွဲ တစ်ခုကို ထပ်တွေ့လာရပြန်ပါပြီ။
COVID-19 ကြောင့် အမျိုးသားများ ဘဝဆုံးသွားနိုင်သလား။
COVID-19 ခံစားရပြီး ပြန်ကောင်းသွားတဲ့ အမျိုးသားတွေက အိမ်ပြန်ရောက်သွားတဲ့အခါ အရင်လို ပြန်မဖြစ်ကြပါဘူးတဲ့။ အရင်လိုဆိုတာ ‘လိင်တံမထောင်မတ်‘တာကို ပြောတာပါ။ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မဟုတ် ဒီပြဿနာကို ကြုံလာရလို့ လေ့လာမှုတွေ လုပ်ကြည့်လိုက်တဲ့အခါ တကယ်ဘဲ ‘မထောင်’တာကို တွေ့ရပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။
ဖြစ်နိုင်ခြေတွေကို စဉ်းစားကြည့်တဲ့ အခါကျတော့
သွေးကြောတွေ ထိခိုက်တာကြောင့်
လိင်တံထောင်မတ်ဖို့ဆိုတာ လိင်တံထဲကို သွေးတွေ ကောင်းကောင်း စီးဝင်မှရမှာပါ။ ဒါကြောင့် နှလုံးနဲ့ သွေးကြောမကောင်းတဲ့သူတွေမှာ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာတွေ့ရပါတယ်။
COVID-19က ခန္ဓာကိုယ်တစ်ခုလုံးကို ရောင်ရမ်းစေတယ်ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ အထူးသဖြင့် နှလုံးကြွက်သားတွေက ပိုထိပါတယ်။ နှလုံးကြွက်သားရောင်လို့ သွေးကောင်းကောင်း မညှစ်နိုင်ရင် လိင်တံထောင်မတ်နိုင်မှာ မဟုတ်ပါဘူး။
ဒီလိုပဲ ဗိုင်းရပ်စ်ကြောင့် လိင်တံသွေးကြောတွေ ရောင်ရမ်းပြီး ကျဉ်းနေရင်လည်း ထောင်မတ်နိုင်မှာ မဟုတ်ပါဘူး။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာကြောင့်
COVID-19က လက်ရှိအချိန်မှာတော့ အိပ်မက်ဆိုးပါပဲ။ ရောဂါပိုးမကူးစက်ဘဲ ဒီတိုင်းပဲ အိမ်မှာနေတဲ့သူတောင် စိတ်ညစ်တာ ပိုးကူးခံရတဲ့သူဆို ဆိုဖွယ်ရာ မရှိပါဘူး။ အိမ်ပြန်လာပေမယ့် သူကြုံခဲ့ရတာတွေကြောင့် စိတ်ဖိစီးတာ၊ စိတ်ရှုပ်ထွေးတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်နေနိုင်ပါတယ်။ ဒါဆိုရင်လည်း လိင်တံထောင်မတ်ဖို့ရာ ခက်ခဲနေဦးမှာပါ။
နဂိုကျန်းမာရေး မကောင်းတာကြောင့်
လိင်တံမထောင်မတ်တာက ရောဂါဆိုတာထက် လက္ခဏာလို့ ပြောရင်ပိုမှန်ပါတယ်။ လိင်တံမထောင်မတ်နိုင်တဲ့ အမျိုးသားတွေမျာ ရောဂါက လိင်တံမှာ ရှိနေတာ မဟုတ်ပါဘူး။ တခြားအကြောင်းရင်းကြောင့်သာ လိင်တံမထောင်မတ်နိုင်တာပါ။ ဥပမာ နဂိုတည်းက အဝလွန်တယ်။ ဆေးလိပ်လည်း သောက်တယ်၊ သွေးကြောတွေကလည်း ကောင်းလှတယ်တော့ မဟုတ်ဘူး။
ဒီလိုအချက်တွေ ရှိနေတဲ့အတွက် သူများထက်လည်း ကိုဗစ်ကူးလွယ်တယ်။ ကူးခဲ့ပြီးပြန်တော့လည်း ဒီအချက်တွေကြောင့်ပဲ လိင်တံမထောင်မတ်နိုင်တာက ပိုဆိုးပြီး လက္ခဏာတွေ ပြလာတာမျိုး ဖြစ်နိုင်ပါတယ်။
ပြန်ကောင်းလာပါ့မလား။
ခုထက်ထိတော့ ဒါက ယာယီပဲလား၊ တစ်သက်လုံး ဖြစ်သွားမှာလား၊ မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်မှာလားဆိုတာ ပြောဖို့က စောနေပါသေးတယ်။ လူနာတွေကို ဆက်စောင့်ကြည့်ပြီး လေ့လာချက်တွေ ဆက်လုပ်ရဦးမှာပါ။
အသက်ကလည်း စကားပြောပါသေးတယ်။ အသက်ကြီးတဲ့သူတွေက နဂိုတည်းက လိင်တံထောင်မတ်နိုင်စွမ်းကျလာတဲ့အပြင် ကိုဗစ်ကူးနိုင်ခြေကလည်း ပိုများနေတော့ ကိုဗစ်ကြောင့်လား၊ အသက်ကြောင့်လား ကွဲကွဲပြားပြား သိဖို့ လေ့လာရဦးမှာပါ။
လိင်တံမထောင်မတ်နိုင်တာ တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးကို ကိုယ်စားပြုနေတာ ဖြစ်တဲ့အတွက် မထောင်တိုင်း ကိုဗစ်ပါလို့ စွပ်စွဲဖို့ရာ ခက်ပါတယ်။ နဂိုက သန်သန်မာမာ လူငယ်တစ်ယောက်၊ ကျန်းမာရေးလည်း ကောင်းတယ်။ ကိုဗစ်ဖြစ်ပြီးမှ ရုတ်တရက် လိင်တံမထောင်မတ်နိုင်တော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့။
အရင်ကတော့ ကိုဗစ်က ဘယ်လိုဖြစ်လဲ၊ ဘယ်လိုကူးလဲဆိုတာကို လေ့လာနေရာက ခုဆိုရင် ကိုဗစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လေ့လာတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဗိုင်းရပ်စ်ကြောင့် နှလုံး၊ အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ် စတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ဘာတွေ ထိခိုက်နိုင်သလဲဆိုတာအပြင် ခုအမျိုးသားတွေရဲ့ မျိုးပွားစနစ်ကို ပျက်စီးစေနိုင်လာဆိုတာပါ လေ့လာနေရပါပြီ။
ကိုဗစ်ဖြစ်ပြီးပေမယ့် ကိုဗစ်ရဲ့ နောက်ဆက်တွဲ လက္ခဏာတွေကို လနဲ့ချီ ခံစားနေရတဲ့ ‘long haulers’တွေလည်း ဒုနဲ့ ဒေးပါပဲ။
ဒါကြောင့် အမျိုးသားတွေ အနေနဲ့ သေမှာမကြောက်လို့ ပေတစ်ရာ လျှောက်တာ ပြဿနာ မရှိပေမယ့် လိင်တံမထောင်မတ်နိုင်တာကိုတော့ စိုးရိမ်ပါ။ မပြေးသော်လည်း ကန်ရာရှိ ကိုဗစ်ပြန်ကောင်းခဲ့ရင်တောင် ‘ထောင်ထောင်၊ ထောင်ထောင်’ မနေနိုင်မှာကို တွေးကြောက်ပြီး အနေအထိုင်ဆင်ခြင်ကြဖို့ အကြံပြုလိုပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
0 Comments