ကြန္ဒုံးလည္းသုံးမယ္၊ စိတ္ေက်နပ္မႈကိုလည္း တစ္ျပားမွမေလွ်ာ့ႏိုင္ပါဘူး ဆိုတဲ့ အမ်ိဳးသားေတြအတြက္
===========
အမ်ိဳးသားေတြဟာ အမ်ားအားျဖင့္ လိင္ဆက္ဆံရာမွာကြန္ဒုံးမသုံးခ်င္ၾကပါဘူး။ စိတ္ေက်နပ္မႈ အျပည့္အဝမရရွိႏိုင္တာေၾကာင့္လို႔ ဆိုတတ္ၾကပါတယ္။ မိမိရဲ႕အိမ္သူသက္ထား ဇနီးမယားနဲ႔ခ်စ္ႀကိဳးသြယ္မယ္ဆိုရင္ေတာ့ ျပႆနာမရွိႏိုင္ေပမဲ့ ခ်စ္သူရည္းစား (သို႔မဟုတ္) တစ္ညတာေပ်ာ္ပါးမႈေတြမွာေတာ့ ကြန္ဒုံးဟာမသုံးမျဖစ္ သုံးရမယ့္အရာပါ။ ကြန္ဒုံးသုံးျခင္းေၾကာင့္ မလိုလားအပ္တဲ့ ကိုယ္ဝန္ကို တားဆီးေပးႏိုင္သလို လိင္မွတစ္ဆင့္ကူးစက္တတ္တဲ့ ေရာဂါေတြကိုပါ ကာကြယ္ေပးၿပီးသား ျဖစ္သြားမွာပါ။ လိင္တူအမ်ိဳးသားေတြမွာလည္း လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါကူးစက္ႏႈန္း ျမန္တာေၾကာင့္ ပိုလို႔ေတာင္ ဂ႐ုတစိုက္ သုံးသင့္ပါေသးတယ္။
ဒါေပမယ့္ ျပႆနာကဘာလဲဆိုေတာ့ ကြန္ဒုံးအသုံးျပဳၿပီး ဆက္ဆံတဲ့အခါ သဘာဝအတိုင္း လိင္ဆက္ဆံတာေလာက္ စိတ္ေက်နပ္မႈမရဘူးလို႔ ဆိုလာၾကပါတယ္။ မွန္ပါတယ္။ သို႔ေသာ္ ဒီလိုစိတ္အစြဲႀကီးနဲ႔ပဲ ကြန္ဒုံးသုံးေနမဲ့အစား ကြန္ဒုံးလည္းသုံးရင္း စိတ္ေက်နပ္မႈကိုလည္း အျပည့္အဝရရွိႏိုင္မယ့္ လွ်ိဳ႕ဝွက္ခ်က္ေလးေတြကို ေျပာျပေပးပါမယ္။ ဒီနည္းလမ္းေတြကို လိင္ပိုင္းဆိုင္ရာ က်န္းမာေရးရႈေထာင့္အျမင္နဲ႔သာ ဖတ္ရႈေပးဖို႔ တိုက္တြန္းလိုပါတယ္။
(၁) ေခ်ာဆီ (Lubricant) ကိုကြန္ဒုံးရဲ႕အတြင္းဘက္ထဲသို႔အစက္ခ်ပါ။
ဒီနည္းလမ္းကိုအရင္ကေတာ့ၾကားဖူးမယ္မထင္ပါဘူးေနာ္။ ဒါေပမယ့္ကြန္ဒုံးကို မစြပ္ခင္မွာ ေခ်ာဆီထည့္လိုက္ျခင္းဟာစိတ္ေက်နပ္မႈရေစမွာပါ။ ေရကိုအေျခခံျပဳလုပ္ထားတဲ့ (water based lubricant) ကို ကြန္ဒုံးထိပ္က ေနရာလြတ္ေသးေသးေလးထဲသို႔ တစ္စက္ (သို႔မဟုတ္) ႏွစ္စက္ေလာက္ခ်လိုက္ပါ။ ဒီထက္ပိုလို႔ေတာ့မေကာင္းပါဘူး။ အရမ္းမ်ားေနရင္ေခ်ာၿပီး ကြၽတ္က်သြားႏိုင္ပါတယ္။ ကြန္ဒုံးထိပ္ကေခ်ာဆီဟာ လိင္တံရဲ႕ထိပ္ဖ်ားကို လာလာထိၿပီး ခံစားမႈရသတစ္ခုကို ထပ္မံေပးစြမ္းလို႔ပါ။ ကိုယ္ထည္ကလိင္အဂၤါအ႐ြယ္အစားနဲ႔ေတာ္ၿပီး ထိပ္ကအိတ္ေလး(ေနရာလြတ္)က ပိုႀကီးရင္ ပိုေကာင္းပါတယ္။ အခ်ိဳ႕ေသာအမ်ိဳးသားေတြကေတာ့ ဒီနည္းလမ္းဟာ ကြန္ဒုံးမပါဘဲ သဘာဝအတိုင္းဆက္ဆံတာထက္ ပိုေကာင္းတယ္လို႔ေတာင္ ဆိုထားၾကပါေသးတယ္။
(၂) မတူညီတဲ့ကြန္ဒုံးအမ်ိဳးအစားကိုေ႐ြးခ်ယ္လိုက္ပါ။
ကြန္ဒုံးသုံးၿပီးလိင္ဆက္ဆံခဲ့တဲ့အရင္ကအေတြ႕အႀကဳံေတြမွာဘာလို႔စိတ္ေက်နပ္မႈမရခဲ့တာလဲ။
ထူထဲတဲ့ ကြန္ဒုံးေတြသုံးခဲ့လို႔လား။ ဒါဆိုရင္ေတာ့ အေျဖရွိၿပီးသားပါ။ ယေန႔ေခတ္မွာပါးလႊာၿပီး ေခ်ာဆီမ်ားစြာပါဝင္တဲ့ ကြန္ဒုံးဒီဇိုင္းေတြရွိေနပါၿပီေနာ္။ ေခ်ာဆီဟာလည္း ကြန္ဒုံးအျပင္မွာေရာ အတြင္းမွာပါ ပါေနတာမို႔ခံစားမႈကို တစ္မ်ိဳးေလးဆန္းသစ္ေစမွာပါ။ တခ်ိဳ႕ကြန္ဒုံးေတြဆို လိင္တံအတြက္ တင္းၾကပ္မေနဘဲ ေလ်ာ့တိေလ်ာ့ရဲေလးမို႔ ကြန္ဒုံးေနရာလြတ္အတြင္းမွာ လိင္တံဟာ ေ႐ြ႕လ်ားေနၿပီး ခံစားမႈပိုေကာင္းေစႏိုင္ပါတယ္။ အခ်ိဳ႕ေသာ ေခ်ာဆီေတြမွာဆို ပူႏိုင္ေအးႏိုင္တဲ့ ခံစားမႈအဆန္းေလးေတြပါ ေပးစြမ္းႏိုင္ေအာင္ ထုတ္လုပ္ထားပါတယ္။ ကဲ အလႊာမျခား သဘာဝအလား ကြန္ဒုံးေလးေတြကို စမ္းသပ္ၾကည့္ရေအာင္။
(၃) အတိတ္ဆိုးေတြကိုေမ့ေပ်ာက္လိုက္ပါ။
အတိတ္ဆိုးလို႔ဆိုတဲ့ေနရာမွာ လိင္မႈေရးရာအတိတ္ဆိုးလို႔ဆိုရမွာပါ။ အရင္က လိင္ဆက္ဆံမႈေတြမွာ ကြန္ဒုံးသုံးခဲ့ဖူးမွာပါ။ အခန္႔မသင့္လို႔ ကြန္ဒုံးဟာအရမ္းၾကပ္ေနတာမ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရတာရွိႏိုင္သလို ကြန္ဒုံးမွာပါတဲ့ေခ်ာဆီနဲ႔ ဓာတ္မတည့္တာမ်ိဳးလည္း ရွိခဲ့ႏိုင္ပါတယ္။ ဘယ္လိုပဲ မေကာင္းတဲ့အေၾကာင္းအရာျဖစ္ေနပါေစ၊ ေမ့ပစ္လိုက္ပါ။ မိမိနဲ႔သင့္ေတာ္တဲ့ကြန္ဒုံး အမ်ိဳးအစားကို ထပ္မံႀကိဳးစားေ႐ြးခ်ယ္ပါ။
သင္ကြန္ဒုံးသုံးေနရျခင္းရဲ႕ ရည္႐ြယ္ခ်က္ေကာင္းကို ျပန္အမွတ္ရပါ။ သင္ေရာ၊ သင့္ပါတနာမွာပါ မလိုခ်င္ေသးတဲ့ကိုယ္ဝန္မရလာဖို႔ရယ္နဲ႔ လိင္ကေနကူးစက္ေရာဂါေတြမရဖို႔ ဆိုတဲ့ ရည္႐ြယ္ခ်က္ကို အၿမဲသတိရေနပါေစ။ အဆိုးျမင္ျခင္းေတြကင္းေဝးေနေလေလ၊ မိမိကိုယ္ကိုယုံၾကည္မႈ ပိုရွိေနေလေလ လိင္ဆက္ဆံျခင္းကတစ္ဆင့္ ပိုမိုသာယာျခင္းေတြ ေပးစြမ္းႏိုင္ေလေလျဖစ္ပါတယ္။
(၄) သေဘာထားကိုေျပာင္းလဲလိုက္ပါ။
လိင္စိတ္အထြတ္အထိပ္ေရာက္ျခင္း ခံစားမႈဟာ စိတ္ကျဖစ္လာတာပါ။ လိင္ဆက္ဆံတဲ့ ခံစားမႈအေပၚကိုထားတဲ့ မိမိရဲ႕ခံယူခ်က္ကို ေျပာင္းလဲလိုက္ပါ။ လိင္ဆက္ဆံေနစဥ္ အစိတ္အပိုင္း၊ အေျခအေနမ်ိဳးစုံရွိပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ႏွစ္ၿခိဳက္သေဘာက်တာခ်င္း မတူၾကပါဘူး။
ကြန္ဒုံးစြပ္ၿပီးဆက္ဆံရင္ ခံစားမႈအျပည့္အဝမေပးႏိုင္ဘူး ဆိုတဲ့မိမိခံယူခ်က္ကို ျပင္ဆင္လိုက္ပါ။ လိင္ဆက္ဆံတဲ့အခါ ဘယ္လိုမ်ိဳးတင္းၾကပ္ဖိစီးမႈမ်ိဳးကိုမွ စိတ္ထဲမထားဘဲ တစ္ကိုယ္လုံး ေျဖေလွ်ာ့ကာ အႏူးညံ့ဆုံးဆိုတဲ့နည္းနဲ႔ ဆက္ဆံၾကည့္ပါ။ မိမိခံစားမႈေတြေျပာင္းလဲလာတာ ေတြ႕ႏိုင္ပါတယ္။
တကယ္ေတာ့ ကြန္ဒုံးဆိုတာ လိင္မႈေရးရာမွာ မပါမျဖစ္ဇာတ္ေကာင္ဆိုလည္း မမွားပါဘူး။ လိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြကို ကာကြယ္ေပးႏိုင္သလို မလိုခ်င္တဲ့ကိုယ္ဝန္ကိုလည္း တားဆီးေပးႏိုင္တာမို႔ ကိုယ္ဝန္ဖ်က္ခ်ျခင္းအႏၲရာယ္ေတြကိုပါ တစ္ပါတည္းကာကြယ္ေပးႏိုင္ပါတယ္။ သို႔ေသာ္လည္း ကြန္ဒုံးသုံးရမွာကို ေၾကာက္ေနတတ္ၾကသလို မႏွစ္ၿခိဳက္တတ္ၾကတဲ့ လူေတြလည္း ရွိေနပါေသးတယ္။ အထက္ပါနည္းလမ္းေတြရဲ႕ အကူအညီနဲ႔ ကြန္ဒုံးသုံးျခင္းျဖင့္ လိင္ပိုင္းဆိုင္ရာက်န္းမာေရးအတြက္ အက်ိဳးျပဳေစရန္ ေဖာ္ျပေပးလိုက္ပါတယ္။
ေရးသားသူ- ေဒါက္တာမႉးခင္
Unicode
ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက်
===========
အမျိုးသားတွေဟာ အများအားဖြင့် လိင်ဆက်ဆံရာမှာကွန်ဒုံးမသုံးချင်ကြပါဘူး။ စိတ်ကျေနပ်မှု အပြည့်အဝမရရှိနိုင်တာကြောင့်လို့ ဆိုတတ်ကြပါတယ်။ မိမိရဲ့အိမ်သူသက်ထား ဇနီးမယားနဲ့ချစ်ကြိုးသွယ်မယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ပေမဲ့ ချစ်သူရည်းစား (သို့မဟုတ်) တစ်ညတာပျော်ပါးမှုတွေမှာတော့ ကွန်ဒုံးဟာမသုံးမဖြစ် သုံးရမယ့်အရာပါ။ ကွန်ဒုံးသုံးခြင်းကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးပေးနိုင်သလို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပြီးသား ဖြစ်သွားမှာပါ။ လိင်တူအမျိုးသားတွေမှာလည်း လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကူးစက်နှုန်း မြန်တာကြောင့် ပိုလို့တောင် ဂရုတစိုက် သုံးသင့်ပါသေးတယ်။
ဒါပေမယ့် ပြဿနာကဘာလဲဆိုတော့ ကွန်ဒုံးအသုံးပြုပြီး ဆက်ဆံတဲ့အခါ သဘာဝအတိုင်း လိင်ဆက်ဆံတာလောက် စိတ်ကျေနပ်မှုမရဘူးလို့ ဆိုလာကြပါတယ်။ မှန်ပါတယ်။ သို့သော် ဒီလိုစိတ်အစွဲကြီးနဲ့ပဲ ကွန်ဒုံးသုံးနေမဲ့အစား ကွန်ဒုံးလည်းသုံးရင်း စိတ်ကျေနပ်မှုကိုလည်း အပြည့်အဝရရှိနိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးပါမယ်။ ဒီနည်းလမ်းတွေကို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးရှုထောင့်အမြင်နဲ့သာ ဖတ်ရှုပေးဖို့ တိုက်တွန်းလိုပါတယ်။
(၁) ချောဆီ (Lubricant) ကိုကွန်ဒုံးရဲ့အတွင်းဘက်ထဲသို့အစက်ချပါ။
ဒီနည်းလမ်းကိုအရင်ကတော့ကြားဖူးမယ်မထင်ပါဘူးနော်။ ဒါပေမယ့်ကွန်ဒုံးကို မစွပ်ခင်မှာ ချောဆီထည့်လိုက်ခြင်းဟာစိတ်ကျေနပ်မှုရစေမှာပါ။ ရေကိုအခြေခံပြုလုပ်ထားတဲ့ (water based lubricant) ကို ကွန်ဒုံးထိပ်က နေရာလွတ်သေးသေးလေးထဲသို့ တစ်စက် (သို့မဟုတ်) နှစ်စက်လောက်ချလိုက်ပါ။ ဒီထက်ပိုလို့တော့မကောင်းပါဘူး။ အရမ်းများနေရင်ချောပြီး ကျွတ်ကျသွားနိုင်ပါတယ်။ ကွန်ဒုံးထိပ်ကချောဆီဟာ လိင်တံရဲ့ထိပ်ဖျားကို လာလာထိပြီး ခံစားမှုရသတစ်ခုကို ထပ်မံပေးစွမ်းလို့ပါ။ ကိုယ်ထည်ကလိင်အင်္ဂါအရွယ်အစားနဲ့တော်ပြီး ထိပ်ကအိတ်လေး(နေရာလွတ်)က ပိုကြီးရင် ပိုကောင်းပါတယ်။ အချို့သောအမျိုးသားတွေကတော့ ဒီနည်းလမ်းဟာ ကွန်ဒုံးမပါဘဲ သဘာဝအတိုင်းဆက်ဆံတာထက် ပိုကောင်းတယ်လို့တောင် ဆိုထားကြပါသေးတယ်။
(၂) မတူညီတဲ့ကွန်ဒုံးအမျိုးအစားကိုရွေးချယ်လိုက်ပါ။
ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခဲ့တဲ့အရင်ကအတွေ့အကြုံတွေမှာဘာလို့စိတ်ကျေနပ်မှုမရခဲ့တာလဲ။
ထူထဲတဲ့ ကွန်ဒုံးတွေသုံးခဲ့လို့လား။ ဒါဆိုရင်တော့ အဖြေရှိပြီးသားပါ။ ယနေ့ခေတ်မှာပါးလွှာပြီး ချောဆီများစွာပါဝင်တဲ့ ကွန်ဒုံးဒီဇိုင်းတွေရှိနေပါပြီနော်။ ချောဆီဟာလည်း ကွန်ဒုံးအပြင်မှာရော အတွင်းမှာပါ ပါနေတာမို့ခံစားမှုကို တစ်မျိုးလေးဆန်းသစ်စေမှာပါ။ တချို့ကွန်ဒုံးတွေဆို လိင်တံအတွက် တင်းကြပ်မနေဘဲ လျော့တိလျော့ရဲလေးမို့ ကွန်ဒုံးနေရာလွတ်အတွင်းမှာ လိင်တံဟာ ရွေ့လျားနေပြီး ခံစားမှုပိုကောင်းစေနိုင်ပါတယ်။ အချို့သော ချောဆီတွေမှာဆို ပူနိုင်အေးနိုင်တဲ့ ခံစားမှုအဆန်းလေးတွေပါ ပေးစွမ်းနိုင်အောင် ထုတ်လုပ်ထားပါတယ်။ ကဲ အလွှာမခြား သဘာဝအလား ကွန်ဒုံးလေးတွေကို စမ်းသပ်ကြည့်ရအောင်။
(၃) အတိတ်ဆိုးတွေကိုမေ့ပျောက်လိုက်ပါ။
အတိတ်ဆိုးလို့ဆိုတဲ့နေရာမှာ လိင်မှုရေးရာအတိတ်ဆိုးလို့ဆိုရမှာပါ။ အရင်က လိင်ဆက်ဆံမှုတွေမှာ ကွန်ဒုံးသုံးခဲ့ဖူးမှာပါ။ အခန့်မသင့်လို့ ကွန်ဒုံးဟာအရမ်းကြပ်နေတာမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာရှိနိုင်သလို ကွန်ဒုံးမှာပါတဲ့ချောဆီနဲ့ ဓာတ်မတည့်တာမျိုးလည်း ရှိခဲ့နိုင်ပါတယ်။ ဘယ်လိုပဲ မကောင်းတဲ့အကြောင်းအရာဖြစ်နေပါစေ၊ မေ့ပစ်လိုက်ပါ။ မိမိနဲ့သင့်တော်တဲ့ကွန်ဒုံး အမျိုးအစားကို ထပ်မံကြိုးစားရွေးချယ်ပါ။
သင်ကွန်ဒုံးသုံးနေရခြင်းရဲ့ ရည်ရွယ်ချက်ကောင်းကို ပြန်အမှတ်ရပါ။ သင်ရော၊ သင့်ပါတနာမှာပါ မလိုချင်သေးတဲ့ကိုယ်ဝန်မရလာဖို့ရယ်နဲ့ လိင်ကနေကူးစက်ရောဂါတွေမရဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို အမြဲသတိရနေပါစေ။ အဆိုးမြင်ခြင်းတွေကင်းဝေးနေလေလေ၊ မိမိကိုယ်ကိုယုံကြည်မှု ပိုရှိနေလေလေ လိင်ဆက်ဆံခြင်းကတစ်ဆင့် ပိုမိုသာယာခြင်းတွေ ပေးစွမ်းနိုင်လေလေဖြစ်ပါတယ်။
(၄) သဘောထားကိုပြောင်းလဲလိုက်ပါ။
လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ခံစားမှုဟာ စိတ်ကဖြစ်လာတာပါ။ လိင်ဆက်ဆံတဲ့ ခံစားမှုအပေါ်ကိုထားတဲ့ မိမိရဲ့ခံယူချက်ကို ပြောင်းလဲလိုက်ပါ။ လိင်ဆက်ဆံနေစဉ် အစိတ်အပိုင်း၊ အခြေအနေမျိုးစုံရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နှစ်ခြိုက်သဘောကျတာချင်း မတူကြပါဘူး။
ကွန်ဒုံးစွပ်ပြီးဆက်ဆံရင် ခံစားမှုအပြည့်အဝမပေးနိုင်ဘူး ဆိုတဲ့မိမိခံယူချက်ကို ပြင်ဆင်လိုက်ပါ။ လိင်ဆက်ဆံတဲ့အခါ ဘယ်လိုမျိုးတင်းကြပ်ဖိစီးမှုမျိုးကိုမှ စိတ်ထဲမထားဘဲ တစ်ကိုယ်လုံး ဖြေလျှော့ကာ အနူးညံ့ဆုံးဆိုတဲ့နည်းနဲ့ ဆက်ဆံကြည့်ပါ။ မိမိခံစားမှုတွေပြောင်းလဲလာတာ တွေ့နိုင်ပါတယ်။
တကယ်တော့ ကွန်ဒုံးဆိုတာ လိင်မှုရေးရာမှာ မပါမဖြစ်ဇာတ်ကောင်ဆိုလည်း မမှားပါဘူး။ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတေွကို ကာကွယ်ပေးနိုင်သလို မလိုချင်တဲ့ကိုယ်ဝန်ကိုလည်း တားဆီးပေးနိုင်တာမို့ ကိုယ်ဝန်ဖျက်ချခြင်းအန္တရာယ်တွေကိုပါ တစ်ပါတည်းကာကွယ်ပေးနိုင်ပါတယ်။ သို့သော်လည်း ကွန်ဒုံးသုံးရမှာကို ကြောက်နေတတ်ကြသလို မနှစ်ခြိုက်တတ်ကြတဲ့ လူတွေလည်း ရှိနေပါသေးတယ်။ အထက်ပါနည်းလမ်းတွေရဲ့ အကူအညီနဲ့ ကွန်ဒုံးသုံးခြင်းဖြင့် လိင်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အကျိုးပြုစေရန် ဖော်ပြပေးလိုက်ပါတယ်။
ရေးသားသူ- ဒေါက်တာမှူးခင်
0 Comments