ကြန္ဒုံးကို ဘယ္လိုသိမ္းရပါ့
============
ၾကင္သူႏွစ္ဦးအၾကား ခ်စ္ခရီးကလည္း ႏွင္ခ်င္၊ ကိုယ္ဝန္ကလည္း မရခ်င္ေသးဘူးဆိုရင္ အရင္ဆုံး စဥ္းစားမိမွာက ကြန္ဒုံး သုံးဖို႔ျဖစ္ပါလိမ့္မယ္။ ကြန္ဒုံးေတြက ကိုယ္ဝန္ရတာေတြနဲ႔ STIs လို႔ေခၚတဲ့ လိင္ကေနဆင့္ ကူးစက္ႏိုင္တဲ့ေရာဂါေတြကို ၉၈% ေလာက္ တားဆီးေပးႏိုင္ပါတယ္။
ကြန္ဒုံးေတြဟာ သုတ္ရည္နဲ႔ တျခားခႏၶာကိုယ္က အရည္ေတြကို အမ်ိဳးသမီးလိင္အဂၤါ၊ စအိုနဲ႔ ပါးစပ္ေတြဆီ မေရာက္ေအာင္ အတားအဆီးတစ္ခုအျဖစ္ လုပ္ေဆာင္ေပးတဲ့အရာတစ္ခု ျဖစ္ပါတယ္။
အမ်ိဳးသားေတြအတြက္ေရာ၊ အမ်ိဳးသမီးေတြအတြက္ေရာ ကြန္ဒုံးေတြအမ်ိဳးမ်ိဳးရွိပါတယ္။ ဒါေပမဲ့ ႏွစ္ခုလုံးကို တစ္ၿပိဳင္နက္တည္း အသုံးျပဳလို႔မရပါဘူး။ ႏွစ္ခုလုံးတစ္ၿပိဳင္နက္တည္း အသုံးျပဳမယ္ဆိုရင္ ႏွစ္ခုက သြားကပ္ေနၿပီး တျခားတစ္ခုကို ေနရာကေန လြဲေအာင္လုပ္လိုက္တာမ်ိဳး၊ ၿပဲေစတာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။
တန္ဖိုးလည္း သိပ္မႀကီးၾကတဲ့ ကြန္ဒုံးေတြကို အလြယ္တကူ ဝယ္ယူလို႔ရႏိုင္တာေၾကာင့္ တခ်ိဳ႕က ႀကိဳတင္ဝယ္ယူ ေဆာင္ထားတတ္ၾကသလို တခ်ိဳ႕ကေတာ့လည္း အလိုရွိမွ လက္လွမ္းမွီရာကေန ဝယ္ယူၿပီး အသုံးျပဳတတ္ၾကပါတယ္။
ကြန္ဒုံးကို ဘယ္လို ထိန္းသိမ္းမလဲ
ကြန္ဒုံးကို ႀကိဳတင္ဝယ္ယူ ေဆာင္ထားရင္ေတာ့ ကိုယ္စိတ္ပါတဲ့အခ်ိန္ ထၿပီး သြားလို႔ရတယ္မဟုတ္လား။ ဒီေတာ့ ႀကိဳတင္ေဆာင္ထားတာက မမွားတဲ့ နည္းလမ္းတစ္ခုပါ။
ဒါေပမယ့္ ကြန္ဒုံးႀကီးေတာ့ ဝယ္လိုက္ၿပီထားေတာ့။ ဒီပစၥည္းဆိုတာမ်ိဳးက သူခိုးေ႐ႊရ တျပျပလုပ္ေနလို႔ကလည္း မရျပန္ဘူး။ လူအျမင္မေတာ္ဘူးလို႔ အမ်ားစုက ယူဆထားၾကတာကိုး။ ဒါေပမယ့္လည္း လိုအပ္ေတာ့ ႀကဳံရင္ဆုံရင္ ဝယ္မိတာမ်ိဳးကလည္း ရွိႏိုင္တယ္။
ဒီေတာ့ ဝယ္ထားၿပီးရင္ ဘယ္လိုထိန္းသိမ္းမလဲ၊ ဘယ္လိုသိမ္းဆည္းမလဲဆိုတဲ့ နည္းနာက လိုအပ္လာပါၿပီ။ ကဲ … ကြန္ဒုံးေလးေတြကို ဘယ္လိုသိမ္းၾကမလဲ။ ေအာက္ကနည္းလမ္းေတြကို လိုက္နာၿပီး သိမ္းဆည္းႏိုင္ပါတယ္။
DO – အသုံးမျပဳေသးဘူးဆိုရင္ အတန္ငယ္ ေအးျမၿပီး ေျခာက္ေသြ႕တဲ့ေနရာမွာ ထားပါ။
DO – သယ္ေဆာင္သြားလာရင္ ေသးငယ္ ေပါ့ပါးတဲ့ အိတ္ေတြထဲမွာ ထည့္ၿပီး သယ္ေဆာင္သြားပါ
DO – အပိုအၿမဲေဆာင္ထားပါ၊ ရက္လြန္တာ၊ ေပါက္ၿပဲတာျဖစ္ႏိုင္တာေၾကာင့္ အပိုေဆာင္ထားသင့္ပါတယ္။
DO – ကြန္ဒုံးရဲ႕ ထုတ္ပိုးအိတ္ကို မၾကာခဏ စမ္းၾကည့္ပါ။ ကြန္ဒုံးပ်က္စီးေနတာဟုတ္မဟုတ္ သိႏိုင္ေအာင္လို႔ပါ။
Do – ေက်ာပိုးအိတ္၊ အက်ႌအိတ္၊ ေဘးလြယ္အိတ္၊ ကြန္ပ်ဴတာအိတ္လိုအရာေတြထဲမွာ ေသခ်ာသယ္ေဆာင္ပါ။
Do – ေလလုံဘူးနဲ႔ ထည့္သိမ္းပါ။
DON’T – ေအးလြန္း၊ ပူလြန္းတဲ့ေနရာေတြမွာ မထားပါနဲ႔။
DON’T – ခြၽန္ထက္တဲ့အရာေတြနဲ႔ အတူတြဲမထားပါနဲ႔။ ထိုးမိ ေဖာက္မိတာေတြျဖစ္ေနႏိုင္ပါတယ္။
DON’T – ပိုက္ဆံအိတ္၊ ေနာက္အိတ္ေတြထဲမွာ ထည့္ၿပီး မသယ္ပါနဲ႔။ ထြက္က်တာေတြ၊ ေပ်ာက္ဆုံးတာေတြ ျဖစ္ႏိုင္တာေၾကာင့္ပါ။
DON’T – ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္ မထိေတြ႕မိႏိုင္တဲ့ ေနရာမွာထားပါ။ UV ဟာ နာရီပိုင္းအတြင္း ကြန္ဒုံးကို ပ်က္စီးေစႏိုင္ပါတယ္။
သိမ္းဆည္းရာေနရာရဲ႕ စိုထိုင္းစ၊ အပူခ်ိန္၊ ေရေငြ႕နဲ႔ ဖလူရက္ဆန႔္စ္ေတြေၾကာင့္လည္း ကြန္ဒုံးပ်က္စီးႏိုင္တာကို သိထားပါ။
DON’T – ေမာ္ေတာ္ကားလို အပူခ်ိန္ မတည္ၿငိမ္တဲ့ ယာဥ္ေတြထဲမွာ မသိမ္းပါနဲ႔။
DON’T – ေရခဲေသတၱာလို ေနရာေတြမွာ ထည့္မသိမ္းပါနဲ႔။
DON’T – ျပတင္းေပါက္နဲ႔ နီးတဲ့ေနရာေတြမွ မထားပါနဲ႔။ ေနေရာင္တိုက္႐ိုက္ က်ႏိုင္လို႔ပါ။
မွန္မွန္ကန္ကန္ ဘယ္လိုသုံးၾကမလဲ
ကြန္ဒုံးတစ္ခု ဘယ္ေလာက္အသုံးဝင္လဲဆိုတာ သင္ နည္းလမ္းမွန္မွန္ ဘယ္ေလာက္အသုံးျပဳႏိုင္လဲဆိုတဲ့ အေပၚ မူတည္ပါတယ္။ ေယာက္်ားေလးက ကြန္ဒုံးသုံးမယ္ဆိုရင္ေတာင္ မိန္းကေလးျဖစ္သူ ကိုယ္ဝန္ရႏိုင္ေခ်ေတြ ရွိပါေသးတယ္။
စစ္တမ္းမ်ားအရ အေဖာ္ျဖစ္သူ အမ်ိဳးသားမ်ားက ကြန္ဒုံးကို မွန္ကန္စြာ သုံးလ်က္နဲ႔ေတာင္ အမ်ိဳးသမီး အေယာက္ ၁၀၀ မွာ ၂ ေယာက္ကေတာ့ ကိုယ္ဝန္ရၾကပါတယ္။ အမ်ိဳးသားျဖစ္သူက ကြန္ဒုံးကို မွန္မွန္ကန္ကန္ အသုံးမျပဳဘူးဆိုရင္ေတာ့ အမ်ိဳးသမီး အေယာက္ ၁၀၀ မွာ ၁၈ ေယာက္အထိက ကိုယ္ဝန္ရႏိုင္ေျခ ရွိပါတယ္။
ဒါေၾကာင့္ ကြန္ဒုံးကို ေသခ်ာသိမ္းဆည္း႐ုံတင္မက မွန္မွန္ကန္ကန္လည္း အသုံးျပဳဖို႔ လိုအပ္လွပါတယ္။ ဒါဆိုရင္ ကြန္ဒုံးကို ဘယ္လိုမွန္မွန္ကန္ကန္ အသုံးျပဳမလဲ။ ေအာက္မွာ ေလ့လာၾကည့္ပါ။
ကြန္ဒုံးေဖာက္တဲ့အခါ ကြန္ဒုံးမေပါက္သြားပါေစနဲ႔။ ကတ္ေၾကးနဲ႔ ညႇပ္တာ၊ သြားနဲ႔ ကိုက္ေဖာက္တာ၊ ခြၽန္ထက္တဲ့ အရာနဲ႔ ထိုးတာမ်ိဳး မလုပ္ပါနဲ႔။
ကြန္ဒုံးက ကြၽတ္ဆပ္ေနမယ္၊ မာေတာင့္ေတာင့္ျဖစ္ေနမယ္၊ ခြၽဲက်ိက်ိျဖစ္ေနမယ္ဆိုရင္ မသုံးပါနဲ႔။
သက္တမ္းကုန္ေနရင္ မသုံးပါနဲ႔။
ကိုယ္ရဲ႕ အေဖာ္ျဖစ္သူနဲ႔ မထိေတြ႕ခင္ ကိုယ့္ရဲ႕အဂၤါ ေထာင္မတ္ေနခ်ိန္မွာ ကြန္ဒုံးကိုတပ္ဆင္ပါ။
အစကေန အဆုံးထိ ကြန္ဒုံးတပ္ဆင္လ်က္သားျဖစ္ေနပါေစ။
အႀကိမ္တိုင္းအတြက္ အသစ္တစ္ခုကို ထပ္မံသုံးပါ။
တကယ္လို႔ ကြန္ဒုံးေရွ႕ပိုင္းမွာ အစြပ္ေသးေသးေလးမရွိရင္ သုက္ထြက္လာရင္ စုထားႏိုင္ေအာင္လို႔ လက္မဝက္ေလာက္ ထိပ္မွာ ခ်န္ထားပါ။
လိင္ဆက္ဆံစဥ္အတြင္း ကြန္ဒုံးေပါက္ၿပဲတယ္လို႔ ခံစားရရင္ ခ်က္ျခင္းရပ္ၿပီး အေဟာင္းကိုခြၽတ္ကာ ကြန္ဒုံးအသစ္ကို ဝတ္ဆင္ပါ။
သုတ္လႊတ္ၿပီး လိင္တံမေပ်ာ့ေျပာင္းသြားခင္မွာ ကြန္ဒုံးမကြၽတ္ထြက္သြားေစပဲ ဂ႐ုစိုက္ကာ ဆြဲထုတ္ပါ။
ထုတ္တဲ့အခ်ိန္မွာလည္း သုတ္မ်ားမလွ်ံထြက္ေအာင္ ဂ႐ုတစိုက္ဆြဲထုတ္သင့္ပါတယ္။
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
ေရးသားသူ Ye Zon Aung
ကွန်ဒုံးကို ဘယ်လိုသိမ်းရပါ့
============
ကြင်သူနှစ်ဦးအကြား ချစ်ခရီးကလည်း နှင်ချင်၊ ကိုယ်ဝန်ကလည်း မရချင်သေးဘူးဆိုရင် အရင်ဆုံး စဉ်းစားမိမှာက ကွန်ဒုံး သုံးဖို့ဖြစ်ပါလိမ့်မယ်။ ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STIs လို့ခေါ်တဲ့ လိင်ကနေဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ၉၈% လောက် တားဆီးပေးနိုင်ပါတယ်။
ကွန်ဒုံးတွေဟာ သုတ်ရည်နဲ့ တခြားခန္ဓာကိုယ်က အရည်တွေကို အမျိုးသမီးလိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်တွေဆီ မရောက်အောင် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ပေးတဲ့အရာတစ်ခု ဖြစ်ပါတယ်။
အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။
တန်ဖိုးလည်း သိပ်မကြီးကြတဲ့ ကွန်ဒုံးတွေကို အလွယ်တကူ ဝယ်ယူလို့ရနိုင်တာကြောင့် တချို့က ကြိုတင်ဝယ်ယူ ဆောင်ထားတတ်ကြသလို တချို့ကတော့လည်း အလိုရှိမှ လက်လှမ်းမှီရာကနေ ဝယ်ယူပြီး အသုံးပြုတတ်ကြပါတယ်။
ကွန်ဒုံးကို ဘယ်လို ထိန်းသိမ်းမလဲ
ကွန်ဒုံးကို ကြိုတင်ဝယ်ယူ ဆောင်ထားရင်တော့ ကိုယ်စိတ်ပါတဲ့အချိန် ထပြီး သွားလို့ရတယ်မဟုတ်လား။ ဒီတော့ ကြိုတင်ဆောင်ထားတာက မမှားတဲ့ နည်းလမ်းတစ်ခုပါ။
ဒါပေမယ့် ကွန်ဒုံးကြီးတော့ ဝယ်လိုက်ပြီထားတော့။ ဒီပစ္စည်းဆိုတာမျိုးက သူခိုးရွှေရ တပြပြလုပ်နေလို့ကလည်း မရပြန်ဘူး။ လူအမြင်မတော်ဘူးလို့ အများစုက ယူဆထားကြတာကိုး။ ဒါပေမယ့်လည်း လိုအပ်တော့ ကြုံရင်ဆုံရင် ဝယ်မိတာမျိုးကလည်း ရှိနိုင်တယ်။
ဒီတော့ ဝယ်ထားပြီးရင် ဘယ်လိုထိန်းသိမ်းမလဲ၊ ဘယ်လိုသိမ်းဆည်းမလဲဆိုတဲ့ နည်းနာက လိုအပ်လာပါပြီ။ ကဲ … ကွန်ဒုံးလေးတွေကို ဘယ်လိုသိမ်းကြမလဲ။ အောက်ကနည်းလမ်းတွေကို လိုက်နာပြီး သိမ်းဆည်းနိုင်ပါတယ်။
DO – အသုံးမပြုသေးဘူးဆိုရင် အတန်ငယ် အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ ထားပါ။
DO – သယ်ဆောင်သွားလာရင် သေးငယ် ပေါ့ပါးတဲ့ အိတ်တွေထဲမှာ ထည့်ပြီး သယ်ဆောင်သွားပါ
DO – အပိုအမြဲဆောင်ထားပါ၊ ရက်လွန်တာ၊ ပေါက်ပြဲတာဖြစ်နိုင်တာကြောင့် အပိုဆောင်ထားသင့်ပါတယ်။
DO – ကွန်ဒုံးရဲ့ ထုတ်ပိုးအိတ်ကို မကြာခဏ စမ်းကြည့်ပါ။ ကွန်ဒုံးပျက်စီးနေတာဟုတ်မဟုတ် သိနိုင်အောင်လို့ပါ။
Do – ကျောပိုးအိတ်၊ အင်္ကျီအိတ်၊ ဘေးလွယ်အိတ်၊ ကွန်ပျူတာအိတ်လိုအရာတွေထဲမှာ သေချာသယ်ဆောင်ပါ။
Do – လေလုံဘူးနဲ့ ထည့်သိမ်းပါ။
DON’T – အေးလွန်း၊ ပူလွန်းတဲ့နေရာတွေမှာ မထားပါနဲ့။
DON’T – ချွန်ထက်တဲ့အရာတွေနဲ့ အတူတွဲမထားပါနဲ့။ ထိုးမိ ဖောက်မိတာတွေဖြစ်နေနိုင်ပါတယ်။
DON’T – ပိုက်ဆံအိတ်၊ နောက်အိတ်တွေထဲမှာ ထည့်ပြီး မသယ်ပါနဲ့။ ထွက်ကျတာတွေ၊ ပျောက်ဆုံးတာတွေ ဖြစ်နိုင်တာကြောင့်ပါ။
DON’T – နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့မိနိုင်တဲ့ နေရာမှာထားပါ။ UV ဟာ နာရီပိုင်းအတွင်း ကွန်ဒုံးကို ပျက်စီးစေနိုင်ပါတယ်။
သိမ်းဆည်းရာနေရာရဲ့ စိုထိုင်းစ၊ အပူချိန်၊ ရေငွေ့နဲ့ ဖလူရက်ဆန့်စ်တွေကြောင့်လည်း ကွန်ဒုံးပျက်စီးနိုင်တာကို သိထားပါ။
DON’T – မော်တော်ကားလို အပူချိန် မတည်ငြိမ်တဲ့ ယာဉ်တွေထဲမှာ မသိမ်းပါနဲ့။
DON’T – ရေခဲသေတ္တာလို နေရာတွေမှာ ထည့်မသိမ်းပါနဲ့။
DON’T – ပြတင်းပေါက်နဲ့ နီးတဲ့နေရာတွေမှ မထားပါနဲ့။ နေရောင်တိုက်ရိုက် ကျနိုင်လို့ပါ။
မှန်မှန်ကန်ကန် ဘယ်လိုသုံးကြမလဲ
ကွန်ဒုံးတစ်ခု ဘယ်လောက်အသုံးဝင်လဲဆိုတာ သင် နည်းလမ်းမှန်မှန် ဘယ်လောက်အသုံးပြုနိုင်လဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ ယောက်ျားလေးက ကွန်ဒုံးသုံးမယ်ဆိုရင်တောင် မိန်းကလေးဖြစ်သူ ကိုယ်ဝန်ရနိုင်ချေတွေ ရှိပါသေးတယ်။
စစ်တမ်းများအရ အဖော်ဖြစ်သူ အမျိုးသားများက ကွန်ဒုံးကို မှန်ကန်စွာ သုံးလျက်နဲ့တောင် အမျိုးသမီး အယောက် ၁၀၀ မှာ ၂ ယောက်ကတော့ ကိုယ်ဝန်ရကြပါတယ်။ အမျိုးသားဖြစ်သူက ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးမပြုဘူးဆိုရင်တော့ အမျိုးသမီး အယောက် ၁၀၀ မှာ ၁၈ ယောက်အထိက ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
ဒါကြောင့် ကွန်ဒုံးကို သေချာသိမ်းဆည်းရုံတင်မက မှန်မှန်ကန်ကန်လည်း အသုံးပြုဖို့ လိုအပ်လှပါတယ်။ ဒါဆိုရင် ကွန်ဒုံးကို ဘယ်လိုမှန်မှန်ကန်ကန် အသုံးပြုမလဲ။ အောက်မှာ လေ့လာကြည့်ပါ။
ကွန်ဒုံးဖောက်တဲ့အခါ ကွန်ဒုံးမပေါက်သွားပါစေနဲ့။ ကတ်ကြေးနဲ့ ညှပ်တာ၊ သွားနဲ့ ကိုက်ဖောက်တာ၊ ချွန်ထက်တဲ့ အရာနဲ့ ထိုးတာမျိုး မလုပ်ပါနဲ့။
ကွန်ဒုံးက ကျွတ်ဆပ်နေမယ်၊ မာတောင့်တောင့်ဖြစ်နေမယ်၊ ချွဲကျိကျိဖြစ်နေမယ်ဆိုရင် မသုံးပါနဲ့။
သက်တမ်းကုန်နေရင် မသုံးပါနဲ့။
ကိုယ်ရဲ့ အဖော်ဖြစ်သူနဲ့ မထိတွေ့ခင် ကိုယ့်ရဲ့အင်္ဂါ ထောင်မတ်နေချိန်မှာ ကွန်ဒုံးကိုတပ်ဆင်ပါ။
အစကနေ အဆုံးထိ ကွန်ဒုံးတပ်ဆင်လျက်သားဖြစ်နေပါစေ။
အကြိမ်တိုင်းအတွက် အသစ်တစ်ခုကို ထပ်မံသုံးပါ။
တကယ်လို့ ကွန်ဒုံးရှေ့ပိုင်းမှာ အစွပ်သေးသေးလေးမရှိရင် သုက်ထွက်လာရင် စုထားနိုင်အောင်လို့ လက်မဝက်လောက် ထိပ်မှာ ချန်ထားပါ။
လိင်ဆက်ဆံစဉ်အတွင်း ကွန်ဒုံးပေါက်ပြဲတယ်လို့ ခံစားရရင် ချက်ခြင်းရပ်ပြီး အဟောင်းကိုချွတ်ကာ ကွန်ဒုံးအသစ်ကို ဝတ်ဆင်ပါ။
သုတ်လွှတ်ပြီး လိင်တံမပျော့ပြောင်းသွားခင်မှာ ကွန်ဒုံးမကျွတ်ထွက်သွားစေပဲ ဂရုစိုက်ကာ ဆွဲထုတ်ပါ။
ထုတ်တဲ့အချိန်မှာလည်း သုတ်များမလျှံထွက်အောင် ဂရုတစိုက်ဆွဲထုတ်သင့်ပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

0 Comments