လိင္ဆက္ဆံတဲ့အခါတိုင္း ေခ်ာဆီကို မျဖစ္မေနသုံးပါ
=======
ေခ်ာဆီဆိုတာ လိင္ဆက္ဆံတဲ့အခါမွာ ထိခိုက္ပြန္းပဲ့မႈနည္းေစဖို႔၊ အဝင္အထြက္ေခ်ာေစဖို႔အတြက္ မျဖစ္မေန အသုံးျပဳေပးရပါတယ္။ အမ်ိဳးသမီးေတြမွာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ သဘာဝေခ်ာဆီ နည္းသြားၿပီး မိန္းမကိုယ္ေျခာက္ေသြ႕တာမ်ိဳး ျဖစ္ႏိုင္တဲ့အတြက္ ေခ်ာဆီမသုံးဘဲ လိင္ဆက္ဆံရင္ အနာတရျဖစ္မိၿပီး လိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြ ဝင္ေရာက္ႏိုင္ပါတယ္။
တံေတြးကို ေခ်ာဆီအျဖစ္နဲ႔ သုံးလို႔ရလား။
တံေတြးဟာ ကနဦးထိုးသြင္းကာစမွာ အဝင္အထြက္ကို ေခ်ာေမြ႕ေစေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် ေျခာက္သြားတတ္ပါတယ္။ ဒါ့အျပင္ ထိုးသြင္းဆက္ဆံတဲ့ အမ်ိဳးသားရဲ႕ ပါးစပ္မွာ အနာျဖစ္ေနရင္၊ ေရယုန္ေပါက္ေနရင္၊ ခံတြင္းသန႔္ရွင္းမႈမရွိရင္ ပါးစပ္ထဲက ေရာဂါပိုးေတြဟာ တံေတြးကေနတစ္ဆင့္ မိန္းမကိုယ္ထဲကို ဝင္သြားၿပီး ေရာဂါကူးစက္ခံရႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မျဖစ္မေန တံေတြးကို ေခ်ာဆီအျဖစ္ သုံးရေတာ့မယ္ဆိုရင္ ထိုးသြင္းဆက္ဆံခံရသူအေနနဲ႔ မိမိရဲ႕ ကိုယ္ပိုင္တံေတြးကိုသာ အသုံးျပဳသင့္ပါတယ္။
ကြန္ဒုံးသုံးရင္ ေခ်ာဆီသုံးသင့္လား။
တခ်ိဳ႕ေသာ ကြန္ဒုံးအမ်ိဳးအစားေတြမွာ ေခ်ာဆီအနည္းငယ္ ပါၿပီးသားဆိုေပမယ့္ လိင္ဆက္ဆံေနစဥ္ လြယ္ကူေခ်ာေမြ႕ေစဖို႔အတြက္ အျပင္ကေန ေခ်ာဆီအကူ ထပ္လိုက္ေပးဖို႔ အေရးႀကီးပါတယ္။ ကြန္ဒုံးေတြဟာ ပြတ္တိုက္ဖန္မ်ားလာတာနဲ႔အမွ် ေပါက္ၿပဲသြားႏိုင္တဲ့အတြက္ ဒါကို မျဖစ္ရေအာင္ ေရအေျချပဳ ေခ်ာဆီမ်ားနဲ႔ သုတ္လိမ္းၿပီးမွသာ လိင္ဆက္ဆံျခင္းကို ျပဳသင့္ပါတယ္။
ဘယ္လိုေခ်ာဆီအမ်ိဳးအစားေတြကို ေ႐ြးခ်ယ္ဝယ္ယူမလဲ။
ေခ်ာဆီမွာ ပါဝင္တဲ့ပစၥည္းေတြကို ေလ့လာၾကည့္ရင္း ဘယ္အမ်ိဳးအစားက သင္နဲ႔ သင့္ရဲ႕ ခ်စ္သူ၊ အိမ္ေထာင္ဖက္အတြက္ အသင့္ေလ်ာ္ဆုံးျဖစ္မလဲဆိုတာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။
၁။ Water-based ေခ်ာဆီ
ေရဓာတ္ကို အေျခခံၿပီး ထုတ္လုပ္ထားတဲ့ ေခ်ာဆီေတြကိုေတာ့ အမ်ိဳးသားေတြေရာ အမ်ိဳးသမီးအမ်ားစုပါ ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ထိုးသြင္းဆက္ဆံျခင္းျပဳရာမွာတင္ မကဘဲ လက္နဲ႔ အျပန္အလွန္ အာသာေျဖျခင္း၊ ကြန္ဒုံးေတြနဲ႔ တြဲဖက္အသုံးျပဳလို႔ ေကာင္းတယ္။ ထိုးသြင္းဆက္ဆံေနခ်ိန္မွာ ကြန္ဒုံးေပါက္ၿပဲမသြားေစဖို႔ ကာကြယ္ေပးႏိုင္တယ္။
မိန္းမကိုယ္မွာ အသုံးျပဳတဲ့အခါ ေရဓာတ္ကိုလည္း ျဖည့္တင္းေပးလို႔ ပြတ္တိုက္မႈ၊ နာက်င္မႈဒဏ္ကို သက္သာေစၿပီး လိင္ဆက္ဆံၿပီးခ်ိန္မွာေတာင္ မိန္းမကိုယ္ ယားယံၿပီး ေနရထိုင္ရခက္တာမ်ိဳး မျဖစ္ေစပါဘူး။ အဝတ္အစား၊ အိပ္ရာခင္းေတြကိုလည္း အစြန္းအထင္းမေပေစဘူး။ အေရျပား ယားယံတာ၊ ခြၽဲက်ိက်ိျဖစ္ေနတာမ်ိဳးလည္း မရွိဘူး။ ေရနဲ႔ ေဆး႐ုံနဲ႔ အလြယ္တကူေျပာင္သြားႏိုင္ပါတယ္။ ေခ်ာဆီအမ်ိဳးအစားေတြထဲမွာ အေကာင္းဆုံးအျဖစ္ သတ္မွတ္လို႔ ရပါတယ္။
၂။ Silicone-based ေခ်ာဆီ
မၾကာခဏ ယားယံေျခာက္ေသြ႕ၿပီး ထိခိုက္လြယ္တဲ့ မိန္းမကိုယ္ပိုင္ရွင္ေလးေတြအတြက္ အသင့္ေတာ္ဆုံး ေခ်ာဆီျဖစ္ပါတယ္။ ဆီလီကြန္ပါဝင္မႈေၾကာင့္ ပိုးသားေလးလို ႏူးညံ့သြားေစၿပီး ဓာတ္မတည့္တာ၊ ယားယံတာေတြ မၾကာခဏ ျဖစ္တတ္တဲ့ မိန္းကေလးေတြအတြက္ ေ႐ြးခ်ယ္ဝယ္ယူသင့္တယ္ေနာ္။
ဒါ့အျပင္ ေခ်ာဆီနည္းနည္းထည့္ၿပီးတာနဲ႔ အၾကာႀကီး ခံေစလို႔ မၾကာခဏ ဆီလိမ္းေပးေနစရာမလိုဘဲ တစ္ႀကိမ္၊ ၂ႀကိမ္ လိမ္းေပး႐ုံနဲ႔ အဆင္ေျပေခ်ာေမြ႕စြာ လိင္ဆက္ဆံႏိုင္မွာ ျဖစ္ပါတယ္။
၃။ Oil-Based ေခ်ာဆီ
ဒါကေတာ့ ထိုးသြင္းျခင္း မစတင္ခင္မွာ ေခ်ာဆီတစ္ႀကိမ္ပဲ သုံးၿပီး လက္အေပခံ သက္သာခ်င္တဲ့ ပုရိသေတြအတြက္ အသုံးဝင္ပါတယ္။ သဘာဝဆီကိုပဲ အေျချပဳ ထုတ္လုပ္ထားတာျဖစ္ၿပီး လိင္ဆက္ဆံျခင္းအတြက္သာမက ကိုယ့္ခ်စ္သူကို တယုတယ ႏွိပ္နယ္ေပးဖို႔အတြက္လည္း အသုံးဝင္ပါတယ္။
မေကာင္းတဲ့ အခ်က္ကေတာ့ Latex လို႔ေခၚတဲ့ ရာဘာနဲ႔ ျပဳလုပ္ထားတဲ့ ကြန္ဒုံးနဲ႔ တြဲၿပီး အသုံးျပဳမယ္ဆိုရင္ေတာ့ ေပါက္ၿပဲဖို႔ လြယ္ကူႏိုင္ပါတယ္။ မိန္းမကိုယ္တြင္း ဘက္တီးရီးယားပိုးေတြ ေပါက္ဖြားၿပီး ပိုမိုအနံ႔အသက္ျပင္းေစဖို႔၊ ယားယံေစဖို႔နဲ႔ တျခားေသာ က်န္းမာေရးျပႆနာေတြ ျဖစ္ဖို႔ ပိုလြယ္ကူပါတယ္။ ဒါ့အျပင္ အဝတ္အစားေတြ၊ အိပ္ရာခင္းေတြမွာ အစြန္းအထင္းျဖစ္လာခဲ့ရင္လည္း ဖ်က္ဖို႔ အင္မတန္ခက္ခဲတဲ့အတြက္ သိပ္ၿပီး အသုံးမျပဳသင့္ပါဘူးလို႔ အႀကံျပဳလိုက္ပါတယ္။
အေပၚမွာ ျပထားတဲ့ ေခ်ာဆီ ၃မ်ိဳးကေတာ့ ဝယ္ယူမႈအမ်ားဆုံး ျဖစ္ၿပီး အနံ႔အသက္ကိုေတာ့ ကိုယ္နဲ႔ ကိုယ့္ခ်စ္သူရဲ႕ အႀကိဳက္ေပၚ မူတည္ကာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။ ေခ်ာဆီဝယ္ယူတဲ့အခါမွာ အၫႊန္းကို အရင္ဆုံး ေသခ်ာဖတ္ၾကည့္ဖို႔ အေရးႀကီးပါတယ္။ ပါဝင္ပစၥည္းေတြထဲမွာ
– Glycerin
– Nonoxynol-9
– Petroleum
– Propylene Glycol
– Chlorhexidine Gluconate တို႔ဟာ မိန္းမကိုယ္ ယားယံျခင္း၊ နီရဲၿပီး ပူစပ္ပူေလာင္ျဖစ္ျခင္း၊ ဓာတ္မတည့္ျခင္းကို ပိုၿပီး ျဖစ္ေစႏိုင္တဲ့အတြက္ ဒီပစၥည္းေတြ ပါဝင္တဲ့ ေခ်ာဆီကိုေတာ့ အတတ္ႏိုင္ဆုံးေရွာင္တာ အေကာင္းဆုံးပါပဲ။
ေခ်ာဆီအသုံးျပဳဖို႔ နည္းလမ္းမွန္ဆိုတာ ရွိလား။
မရွိပါဘူး။ မိန္းကေလးအတြက္ပဲ ျဖစ္ေစ၊ ေယာက္်ားေလးအတြက္ပဲျဖစ္ေစ ထိုးသြင္းဆက္ဆံမႈ ရွိရွိ၊ မရွိရွိ ေခ်ာဆီကို ကိုယ့္ရဲ႕ လိင္အဂၤါပတ္လည္မွာ ႏွံ႔စပ္ေနေအာင္ သုတ္လိမ္းေပးဖို႔သာ လိုပါတယ္။ တစ္ကိုယ္ေရအာသာေျဖတဲ့ အခ်ိန္မွာလည္း ဒီအတိုင္းပါပဲ။
မိန္းမကိုယ္ကို ျဖစ္ေစ၊ စအိုဝကို ျဖစ္ေစ ထိုးသြင္းဆက္ဆံမႈ ျပဳေတာ့မယ္ဆိုရင္ေတာ့ အၿမဲတမ္း ကြန္ဒုံးကို စနစ္တက် စြပ္ဖို႔ ေမ့လို႔ေတာ့ မျဖစ္ဘူးေနာ္။ ေပါက္ၿပဲထိခိုက္တာ၊ ပြန္းပဲ့တာ နည္းေစဖို႔ ထိုးသြင္းဆက္ဆံျခင္း မျပဳမီ လိင္တံေပၚ စြပ္ထားၿပီးသား ကြန္ဒုံးနဲ႔ မိန္းမကိုယ္၊ စအိုပတ္လည္မွာ ေခ်ာဆီလိမ္းေပးတာ အေကာင္းဆုံးပါပဲ။
ေခ်ာဆီကို ဘယ္မွာ ဝယ္လို႔ရႏိုင္မလဲ။
နီးစပ္ရာ ေဆးဆိုင္ေတြ၊ စတိုးဆိုင္ေတြမွာ ဝယ္ယူလို႔ ရပါတယ္။ ေခ်ာဆီဝယ္ယူတဲ့အခါ ေရအေျချပဳ (Water-based) အမ်ိဳးအစားကို ဦးစားေပးၿပီး ေ႐ြးဝယ္ဖို႔နဲ႔ လိင္ဆက္ဆံတဲ့အခါတိုင္းလည္း မလိုလားတဲ့ ကိုယ္ဝန္နဲ႔ လိင္မွတစ္ဆင့္ကူးစက္ေရာဂါေတြကိုပါ ကာကြယ္ေပးႏိုင္မယ့္ ကြန္ဒုံးေတြကိုပါ တစ္ပါတည္း ဝယ္ယူဖို႔ ထပ္ၿပီး အႀကံေပးလိုက္ခ်င္ပါတယ္။
Unicode
လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ
=======
ချောဆီဆိုတာ လိင်ဆက်ဆံတဲ့အခါမှာ ထိခိုက်ပွန်းပဲ့မှုနည်းစေဖို့၊ အဝင်အထွက်ချောစေဖို့အတွက် မဖြစ်မနေ အသုံးပြုပေးရပါတယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် သဘာဝချောဆီ နည်းသွားပြီး မိန်းမကိုယ်ခြောက်သွေ့တာမျိုး ဖြစ်နိုင်တဲ့အတွက် ချောဆီမသုံးဘဲ လိင်ဆက်ဆံရင် အနာတရဖြစ်မိပြီး လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်နိုင်ပါတယ်။
တံတွေးကို ချောဆီအဖြစ်နဲ့ သုံးလို့ရလား။
တံတွေးဟာ ကနဦးထိုးသွင်းကာစမှာ အဝင်အထွက်ကို ချောမွေ့စေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခြောက်သွားတတ်ပါတယ်။ ဒါ့အပြင် ထိုးသွင်းဆက်ဆံတဲ့ အမျိုးသားရဲ့ ပါးစပ်မှာ အနာဖြစ်နေရင်၊ ရေယုန်ပေါက်နေရင်၊ ခံတွင်းသန့်ရှင်းမှုမရှိရင် ပါးစပ်ထဲက ရောဂါပိုးတွေဟာ တံတွေးကနေတစ်ဆင့် မိန်းမကိုယ်ထဲကို ဝင်သွားပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ တံတွေးကို ချောဆီအဖြစ် သုံးရတော့မယ်ဆိုရင် ထိုးသွင်းဆက်ဆံခံရသူအနေနဲ့ မိမိရဲ့ ကိုယ်ပိုင်တံတွေးကိုသာ အသုံးပြုသင့်ပါတယ်။
ကွန်ဒုံးသုံးရင် ချောဆီသုံးသင့်လား။
တချို့သော ကွန်ဒုံးအမျိုးအစားတွေမှာ ချောဆီအနည်းငယ် ပါပြီးသားဆိုပေမယ့် လိင်ဆက်ဆံနေစဉ် လွယ်ကူချောမွေ့စေဖို့အတွက် အပြင်ကနေ ချောဆီအကူ ထပ်လိုက်ပေးဖို့ အရေးကြီးပါတယ်။ ကွန်ဒုံးတွေဟာ ပွတ်တိုက်ဖန်များလာတာနဲ့အမျှ ပေါက်ပြဲသွားနိုင်တဲ့အတွက် ဒါကို မဖြစ်ရအောင် ရေအခြေပြု ချောဆီများနဲ့ သုတ်လိမ်းပြီးမှသာ လိင်ဆက်ဆံခြင်းကို ပြုသင့်ပါတယ်။
ဘယ်လိုချောဆီအမျိုးအစားတွေကို ရွေးချယ်ဝယ်ယူမလဲ။
ချောဆီမှာ ပါဝင်တဲ့ပစ္စည်းတွေကို လေ့လာကြည့်ရင်း ဘယ်အမျိုးအစားက သင်နဲ့ သင့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်အတွက် အသင့်လျော်ဆုံးဖြစ်မလဲဆိုတာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
၁။ Water-based ချောဆီ
ရေဓာတ်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချောဆီတွေကိုတော့ အမျိုးသားတွေရော အမျိုးသမီးအများစုပါ ကြိုက်နှစ်သက်ကြပါတယ်။ ထိုးသွင်းဆက်ဆံခြင်းပြုရာမှာတင် မကဘဲ လက်နဲ့ အပြန်အလှန် အာသာဖြေခြင်း၊ ကွန်ဒုံးတွေနဲ့ တွဲဖက်အသုံးပြုလို့ ကောင်းတယ်။ ထိုးသွင်းဆက်ဆံနေချိန်မှာ ကွန်ဒုံးပေါက်ပြဲမသွားစေဖို့ ကာကွယ်ပေးနိုင်တယ်။
မိန်းမကိုယ်မှာ အသုံးပြုတဲ့အခါ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးလို့ ပွတ်တိုက်မှု၊ နာကျင်မှုဒဏ်ကို သက်သာစေပြီး လိင်ဆက်ဆံပြီးချိန်မှာတောင် မိန်းမကိုယ် ယားယံပြီး နေရထိုင်ရခက်တာမျိုး မဖြစ်စေပါဘူး။ အဝတ်အစား၊ အိပ်ရာခင်းတွေကိုလည်း အစွန်းအထင်းမပေစေဘူး။ အရေပြား ယားယံတာ၊ ချွဲကျိကျိဖြစ်နေတာမျိုးလည်း မရှိဘူး။ ရေနဲ့ ဆေးရုံနဲ့ အလွယ်တကူပြောင်သွားနိုင်ပါတယ်။ ချောဆီအမျိုးအစားတွေထဲမှာ အကောင်းဆုံးအဖြစ် သတ်မှတ်လို့ ရပါတယ်။
၂။ Silicone-based ချောဆီ
မကြာခဏ ယားယံခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ မိန်းမကိုယ်ပိုင်ရှင်လေးတွေအတွက် အသင့်တော်ဆုံး ချောဆီဖြစ်ပါတယ်။ ဆီလီကွန်ပါဝင်မှုကြောင့် ပိုးသားလေးလို နူးညံ့သွားစေပြီး ဓာတ်မတည့်တာ၊ ယားယံတာတွေ မကြာခဏ ဖြစ်တတ်တဲ့ မိန်းကလေးတွေအတွက် ရွေးချယ်ဝယ်ယူသင့်တယ်နော်။
ဒါ့အပြင် ချောဆီနည်းနည်းထည့်ပြီးတာနဲ့ အကြာကြီး ခံစေလို့ မကြာခဏ ဆီလိမ်းပေးနေစရာမလိုဘဲ တစ်ကြိမ်၊ ၂ကြိမ် လိမ်းပေးရုံနဲ့ အဆင်ပြေချောမွေ့စွာ လိင်ဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။
၃။ Oil-Based ချောဆီ
ဒါကတော့ ထိုးသွင်းခြင်း မစတင်ခင်မှာ ချောဆီတစ်ကြိမ်ပဲ သုံးပြီး လက်အပေခံ သက်သာချင်တဲ့ ပုရိသတွေအတွက် အသုံးဝင်ပါတယ်။ သဘာဝဆီကိုပဲ အခြေပြု ထုတ်လုပ်ထားတာဖြစ်ပြီး လိင်ဆက်ဆံခြင်းအတွက်သာမက ကိုယ့်ချစ်သူကို တယုတယ နှိပ်နယ်ပေးဖို့အတွက်လည်း အသုံးဝင်ပါတယ်။
မကောင်းတဲ့ အချက်ကတော့ Latex လို့ခေါ်တဲ့ ရာဘာနဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးနဲ့ တွဲပြီး အသုံးပြုမယ်ဆိုရင်တော့ ပေါက်ပြဲဖို့ လွယ်ကူနိုင်ပါတယ်။ မိန်းမကိုယ်တွင်း ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားပြီး ပိုမိုအနံ့အသက်ပြင်းစေဖို့၊ ယားယံစေဖို့နဲ့ တခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ဒါ့အပြင် အဝတ်အစားတွေ၊ အိပ်ရာခင်းတွေမှာ အစွန်းအထင်းဖြစ်လာခဲ့ရင်လည်း ဖျက်ဖို့ အင်မတန်ခက်ခဲတဲ့အတွက် သိပ်ပြီး အသုံးမပြုသင့်ပါဘူးလို့ အကြံပြုလိုက်ပါတယ်။
အပေါ်မှာ ပြထားတဲ့ ချောဆီ ၃မျိုးကတော့ ဝယ်ယူမှုအများဆုံး ဖြစ်ပြီး အနံ့အသက်ကိုတော့ ကိုယ်နဲ့ ကိုယ့်ချစ်သူရဲ့ အကြိုက်ပေါ် မူတည်ကာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ချောဆီဝယ်ယူတဲ့အခါမှာ အညွှန်းကို အရင်ဆုံး သေချာဖတ်ကြည့်ဖို့ အရေးကြီးပါတယ်။ ပါဝင်ပစ္စည်းတွေထဲမှာ
– Glycerin
– Nonoxynol-9
– Petroleum
– Propylene Glycol
– Chlorhexidine Gluconate တို့ဟာ မိန်းမကိုယ် ယားယံခြင်း၊ နီရဲပြီး ပူစပ်ပူလောင်ဖြစ်ခြင်း၊ ဓာတ်မတည့်ခြင်းကို ပိုပြီး ဖြစ်စေနိုင်တဲ့အတွက် ဒီပစ္စည်းတွေ ပါဝင်တဲ့ ချောဆီကိုတော့ အတတ်နိုင်ဆုံးရှောင်တာ အကောင်းဆုံးပါပဲ။
ချောဆီအသုံးပြုဖို့ နည်းလမ်းမှန်ဆိုတာ ရှိလား။
မရှိပါဘူး။ မိန်းကလေးအတွက်ပဲ ဖြစ်စေ၊ ယောက်ျားလေးအတွက်ပဲဖြစ်စေ ထိုးသွင်းဆက်ဆံမှု ရှိရှိ၊ မရှိရှိ ချောဆီကို ကိုယ့်ရဲ့ လိင်အင်္ဂါပတ်လည်မှာ နှံ့စပ်နေအောင် သုတ်လိမ်းပေးဖို့သာ လိုပါတယ်။ တစ်ကိုယ်ရေအာသာဖြေတဲ့ အချိန်မှာလည်း ဒီအတိုင်းပါပဲ။
မိန်းမကိုယ်ကို ဖြစ်စေ၊ စအိုဝကို ဖြစ်စေ ထိုးသွင်းဆက်ဆံမှု ပြုတော့မယ်ဆိုရင်တော့ အမြဲတမ်း ကွန်ဒုံးကို စနစ်တကျ စွပ်ဖို့ မေ့လို့တော့ မဖြစ်ဘူးနော်။ ပေါက်ပြဲထိခိုက်တာ၊ ပွန်းပဲ့တာ နည်းစေဖို့ ထိုးသွင်းဆက်ဆံခြင်း မပြုမီ လိင်တံပေါ် စွပ်ထားပြီးသား ကွန်ဒုံးနဲ့ မိန်းမကိုယ်၊ စအိုပတ်လည်မှာ ချောဆီလိမ်းပေးတာ အကောင်းဆုံးပါပဲ။
ချောဆီကို ဘယ်မှာ ဝယ်လို့ရနိုင်မလဲ။
နီးစပ်ရာ ဆေးဆိုင်တွေ၊ စတိုးဆိုင်တွေမှာ ဝယ်ယူလို့ ရပါတယ်။ ချောဆီဝယ်ယူတဲ့အခါ ရေအခြေပြု (Water-based) အမျိုးအစားကို ဦးစားပေးပြီး ရွေးဝယ်ဖို့နဲ့ လိင်ဆက်ဆံတဲ့အခါတိုင်းလည်း မလိုလားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်မယ့် ကွန်ဒုံးတွေကိုပါ တစ်ပါတည်း ဝယ်ယူဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။
0 Comments