Last post

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်

 စိုးရိမ္စိတ္ေၾကာင့္ လိင္တံမေထာင္မတ္ႏိုင္ျခင္

============

လိင္တံမေထာင္မတ္ႏိုင္တဲ့ ျပႆနာဟာ ေယာက္်ားေလး ၁၀ ေယာက္မွာ ၇ေယာက္ေလာက္ ႀကဳံေတြ႕ေနရတဲ့ လိင္ပိုင္းဆိုင္ရာ ျပႆနာပဲျဖစ္ပါတယ္။ အသက္အ႐ြယ္မေ႐ြး ျဖစ္ႏိုင္တယ္ဆိုေပမယ့္ အသက္ ၄၀ ေနာက္ပိုင္း အမ်ိဳးသားေတြမွာေတာ့ က်ားေဟာ္မုန္း က်ဆင္းလာတာ၊ ေရာဂါေတြ ျဖစ္လာတာ၊ အေမာမခံႏိုင္ေတာ့တာ စတဲ့ ျပႆနာေတြေၾကာင့္ လိင္တံေကာင္းစြာ မေထာင္မတ္ႏိုင္ျခင္း ျပႆနာအလြန္အျဖစ္မ်ားပါတယ္။


ေလ့လာခ်က္ေတြအရ ဒီဘက္ေခတ္မွာ လူငယ္အမ်ိဳးသားေတြမွာလည္း ဒီလိုအလားတူျပႆနာေတြ အျဖစ္မ်ားလာတာကို ေတြ႕ရပါတယ္။ ဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲဆိုတာေပၚ စစ္တမ္းေကာက္ၾကည့္တဲ့အခါ စိုးရိမ္စိတ္နဲ႔ စိတ္ဖိစီးမႈေတြေၾကာင့္ ျဖစ္တဲ့ ရာခိုင္ႏႈန္းဟာ ေတာ္ေတာ္ေလးမ်ားၿပီး အစာအာဟာရ မျပည့္ဝတာ၊ ေလ့က်င့္ခန္းမလုပ္တာ၊ အထိုင္မ်ားလာတာ၊ ေဆးလိပ္၊ အရက္အလြန္အကြၽံေသာက္သုံးလာတာ၊ အိပ္ေရးပ်က္တာေတြေၾကာင့္ဟာ ဒုတိယအျဖစ္မ်ားတဲ့ အေၾကာင္းရင္းလို႔ သိရပါတယ္။


စိုးရိမ္စိတ္ေၾကာင့္ လိင္တံမေထာင္မတ္ႏိုင္ဘူးဆိုတာ ျဖစ္ႏိုင္ရဲ႕လား။

ေယာက္်ားေလးမို႔လို႔ အၿမဲတမ္း စိတ္ဓာတ္ႀကံ့ခိုင္ေနရမယ္၊ ဘယ္လိုအခက္အခဲ၊ စိတ္ညစ္စရာျပႆနာေတြပဲ ႀကဳံလာႀကဳံလာ စိတ္ဓာတ္က်သြားတာမ်ိဳး မျဖစ္ရဘူးဆိုတဲ့ ခပ္တုံးတုံးေရွး႐ိုးစြဲ အယူအဆေတြကို စြန႔္ပစ္လိုက္သင့္ပါၿပီ။ စိတ္ဆိုတာ လူ႔ခႏၶာကိုယ္အတြက္ ခြန္အားျဖစ္ေစတဲ့ ေလာင္စာဆီတစ္မ်ိဳးပါပဲ။ စိတ္ထဲမွာ မေကာင္းတဲ့ခံစားခ်က္ေတြ ျပည့္လာတဲ့အခါ ဦးေႏွာက္က စိတ္ဖိစီးမႈရဲ႕ ဒဏ္ကို ခံစားရၿပီး ခႏၶာကိုယ္ရဲ႕ သိႏိုင္၊ ခံစားႏိုင္၊ တုံ႔ျပန္ႏိုင္စြမ္းရွိတဲ့ အာ႐ုံေၾကာစနစ္ေတြ အကုန္ ေႏွာင့္ေႏွးကုန္ေတာ့တာေပါ့။


စိုးရိမ္စိတ္ဆိုတဲ့ ေနရာမွာ ျဖစ္ႏိုင္ေျခ အေၾကာင္းရင္းအမ်ားအျပား ရွိႏိုင္ပါတယ္။ ဒီအေၾကာင္းရင္းေတြထဲမွာ


မိသားစု စားဝတ္ေနေရး၊ ေငြေၾကး၊ အသုံးစရိတ္အတြက္ ပူပန္ေနရျခင္း

ခ်စ္သူရီးစားကို စြဲလမ္းစိတ္ လြန္လြန္ကဲကဲျဖင့္ တန္ဖိုးထား ခ်စ္ျမတ္ႏိုးျခင္း

လက္ျဖင့္ အာသာေျဖျခင္းကို စြဲစြဲလမ္းလမ္းျပဳလုပ္တဲ့အတြက္ အမွန္တကယ္ လိင္ဆက္ဆံတဲ့အခါ ေၾကာက္႐ြံ႕ျခင္း

မိမိကိုယ္ကို အျပာ႐ုပ္ရွင္ေတြထဲမွာ ၾကည့္ရသေလာက္ အားလိုအားရမႈ မျဖစ္ျခင္း

မိမိမွာ က်န္းမာေရးျပႆနာတစ္ခုခု ရွိေနျခင္း သို႔မဟုတ္ ကိုယ့္အေဖာ္မွာ ရွိေနျခင္း

မလိုလားအပ္တဲ့ ကိုယ္ဝန္၊ ေရာဂါရသြားမွာကို စိုးရိမ္ျခင္း

လိင္ပိုင္းဆိုင္ရာ ျပႆနာတစ္ခုခုကို ႏွစ္ရွည္လမ်ား ခံစားလာရတဲ့အခါ လိင္ဆက္ဆံရမွာကို စိုးရိမ္လာျခင္း

လိင္တံ ေသးငယ္ျခင္း

သုက္မထိန္းႏိုင္ျခင္း

ကိုယ့္ရဲ႕အေဖာ္ကို စိတ္တိုင္းက် စြမ္းေဆာင္ႏိုင္ျခင္း မရွိမွာကို စိုးရိမ္ျခင္း စတဲ့ျပႆနာေတြေၾကာင့္ လူက စိုးရိမ္လြန္ကဲ၊ စိတ္ဖိစီးမႈေတြ ျဖစ္ၿပီး လိင္တံေထာင္မတ္ႏိုင္စြမ္း က်ဆင္းသြားတတ္ပါတယ္။

ဒီလို ျဖစ္လာတဲ့အခါ ဘာလုပ္သင့္လဲ။

၁။ အရင္ဆုံး ကိုယ့္က်န္းမာေရးအေျခအေနကို ျပန္ၾကည့္ရပါမယ္။ အသက္ငယ္ေသးတဲ့ အမ်ိဳးသားတစ္ေယာက္က အသက္ႀကီးပိုင္းေတြမွာလို က်ားေဟာ္မုန္းနည္းသြားတာ၊ သက္လုံမေကာင္းေတာ့တာမ်ိဳးေတြ အျဖစ္နည္းပါတယ္။ မနက္ပိုင္းမွာလည္း ေကာင္းစြာ ေထာင္မတ္ႏိုင္တယ္။ ကိုယ့္ဘာသာ လက္နဲ႔အာသာေျဖလို႔ ဆႏၵအထြတ္အထိပ္ကို ေကာင္းစြာ ရတယ္ဆိုရင္ ကိုယ့္မွာ ႐ုပ္ပိုင္းဆိုင္ရာ ျပႆနာေၾကာင့္ ျဖစ္ႏိုင္ေျခ ေတာ္ေတာ္နည္းပါတယ္။


၂။ တျခားက်န္းမာေရး ျပႆနာေတြရွိလားဆိုတာ ေဆးစစ္ၾကည့္ပါ။ ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေရာဂါေတြ၊ အာ႐ုံေၾကာအားနည္းတာ၊ ပန္းနာရင္က်ပ္သမားေတြမွာ သာမန္လူေတြထက္ အေမာခံႏိုင္စြမ္း နည္းတတ္သလို ေရာဂါေသာက္ေဆး အျပင္းစားေတြေၾကာင့္လည္း လိင္တံမေထာင္မတ္ႏိုင္တာေတြ ျဖစ္ႏိုင္ပါတယ္။


၃။ ကိုယ့္မွာ ႐ုပ္ပိုင္းဆိုင္ရာ ျပႆနာေတြ မရွိတာ ေသခ်ာသြားၿပီဆိုရင္ စိတ္ပိုင္းဆိုင္ရာအေနနဲ႔ ဘာေတြျဖစ္ေနလဲ၊ ခံစားေနရလဲဆိုတာ ကိုယ့္ကိုယ္ကို ျပန္သုံးသပ္ပါ။ ခ်စ္သူနဲ႔ အဆင္မေျပတာလား၊ အလုပ္မွာ အဆင္မေျပခဲ့တာလား၊ သိမ္ငယ္စရာ တစ္ခုခုရွိလား စတာေတြကို ျပန္စဥ္းစားပါ။


၄။ စိတ္ဖိစီးမႈေတြကို တတ္ႏိုင္သေလာက္ ေလ်ာ့ေအာင္လုပ္ဖို႔ ႀကိဳးစားၾကည့္ပါ။ စိတ္ဖိစီးမႈဆိုတာ ကိုယ့္မွာျဖစ္ေနတဲ့ ျပႆနာ၊ ကိုယ္ခံစားေနရသေလာက္ အတိုင္းအတာေပၚ မူတည္ၿပီး ျပင္းထန္မႈပမာဏ ကြာျခားသြားႏိုင္ပါတယ္။ ဒါ့အျပင္ လူ႔ေလာကသဘာဝသည္ ေန႔စဥ္ အခက္အခဲျပႆနာေတြနဲ႔ ရင္ဆိုင္ေနရမွာ ျဖစ္တဲ့အတြက္ စိတ္ဖိစီးမႈဆိုတာကေတာ့ အၿမဲတမ္း ႀကဳံေတြ႕ေနရမွာပါ။


၅။ ေလ့က်င့္ခန္း မ်ားမ်ားလုပ္ၾကည့္ပါ။ ေယာက္်ားေလးေတြ ေလ့က်င့္ခန္းကို အျပင္းအထန္လုပ္တဲ့အခါ ခႏၶာကိုယ္က အဆီပိုေတြကို က်ေစၿပီး ႂကြက္သားမ်ားနဲ႔ သန္စြမ္းႀကံ့ခိုင္ေစတယ္။ အေမာခံႏိုင္ၿပီး သက္လုံေကာင္းေစတယ္။ မိမိရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အသြင္အျပင္အေပၚ ယုံၾကည္မႈျပည့္ဝတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ အိပ္ရာေပၚမွာလည္း စိုးရိမ္ေၾကာက္လန႔္စိတ္ေတြ နည္းၿပီး အေကာင္းဆုံး စြမ္းေဆာင္ႏိုင္မွာပါ။


၆။ က်န္းမာေရးကို ထိခိုက္ေစမယ့္ အျပဳအမူမ်ိဳးေတြကို ေရွာင္ပါ။ ညဘက္ကို အိပ္ခ်ိန္ အနည္းဆုံး ၇နာရီရေအာင္ အိပ္စက္အနားယူပါ။ အာဟာရျပည့္ဝမယ့္ အစားအစာမ်ားကို အစုံအလင္စားသုံးပါ။ ေဆးလိပ္၊ အရက္ကို ျဖတ္ပါ၊ မျဖတ္ႏိုင္ရင္ ေလွ်ာ့ေသာက္ပါ။ ကိုယ့္က်န္းမာေရးကို နည္းနည္းခ်င္းစီ ဂ႐ုစိုက္ေပးျခင္းဟာ ႐ုပ္ခႏၶာကိုယ္အတြက္သာမက စိတ္ကိုပါ က်န္းမာေပ်ာ္႐ႊင္ေစဖို႔ အဓိကေသာ့ခ်က္ပါပဲ။


၇။ ကိုယ့္မွာျဖစ္ေနတဲ့ ျပႆနာေတြကို ကြၽမ္းက်င္ပညာရွင္ေတြနဲ႔ တိုင္ပင္ၾကည့္ပါ။ စိတ္ခံစားခ်က္ျပႆနာမ်ားသည္ လူတိုင္းမွာ ႀကဳံလာရတတ္တဲ့အတြက္ မ်ိဳသိပ္ထားတာမ်ိဳးထက္ တကယ္နားလည္တတ္ကြၽမ္းတဲ့ စိတ္ပညာရွင္ေတြ၊ စိတ္က်န္းမာေရး အႀကံေပးပညာရွင္ေတြနဲ႔ တိုင္ပင္ၾကည့္ၿပီး စိတ္ကုထုံးခံယူတာက သင့္ရဲ႕ စိတ္ကို အရင္ကထက္ ပိုၿပီး ႀကံ့ခိုင္လာေစမွာပါ။


၈။ ႐ုပ္ရွင္ေတြထဲကလို အတုမခိုးပါနဲ႔။ အျပာ႐ုပ္ရွင္ေတြဆိုတာ လူေတြရဲ႕ စိတ္ကူးအာ႐ုံ၊ အျပင္လက္ေတြ႕ဘဝနဲ႔ ကြဲထြက္ေနတာေတြကို စိတ္ကူးပုံေဖာ္ ႐ိုက္ျပထားတာပါ။ ဒီအတြက္ ႐ုပ္ရွင္ေတြထဲကေလာက္ ကိုယ္က အျပင္မွာ မသန္ဘူးဆိုတဲ့အခ်က္ကို အာ႐ုံထဲ မသြင္းပါနဲ႔။ ႐ုပ္ရွင္က အပ်င္းေျပၾကည့္တာပါ။ အျပင္လက္ေတြ႕ဘဝမွာ လိင္ဆက္ဆံတယ္ဆိုတာ ခ်စ္ျခင္းေမတၱာ၊ စိတ္ခံစားခ်က္ေတြကိုပါ ထည့္သြင္းၿပီး ဆက္ဆံရတာပါ။ ေနာက္ၿပီးေတာ့ ကိုယ္ဟာ သာမန္လူထဲက သာမန္လူတစ္ေယာက္ဆိုတာကို မေမ့ထားပါနဲ႔။


၉။ လိင္တံေသးငယ္တယ္ဆိုတဲ့ အေတြးေတြကို ေဖ်ာက္ပါ။ ေထာင္မတ္ေနခ်ိန္မွာ လိင္တံရဲ႕ အရွည္သည္ ၃လက္မေအာက္ ေရာက္ေနမွသာ ေသးငယ္တယ္လို႔ ယူဆလို႔ရပါတယ္။ တျခားအမ်ိဳးသားေတြထက္ လိင္တံအ႐ြယ္အစား ေသးငယ္လို႔ သင့္ကိုယ္သင္ ေကာင္းစြာမစြမ္းေဆာင္ႏိုင္ဘူးဆိုတဲ့ အေတြးေတြဟာ အဆိပ္အေတာက္ပါပဲ။ ကိုယ့္မွာ ေမြးကတည္းက ပါလာတာကိုပဲ ေကာင္းစြာ အသုံးခ်ပါ။


ေရးသားသူ Ye Myo Myat


Unicode


စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်

============

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာပဲဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာတော့ ကျားဟော်မုန်း ကျဆင်းလာတာ၊ ရောဂါတွေ ဖြစ်လာတာ၊ အမောမခံနိုင်တော့တာ စတဲ့ ပြဿနာတွေကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်း ပြဿနာအလွန်အဖြစ်များပါတယ်။


လေ့လာချက်တွေအရ ဒီဘက်ခေတ်မှာ လူငယ်အမျိုးသားတွေမှာလည်း ဒီလိုအလားတူပြဿနာတွေ အဖြစ်များလာတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာပေါ် စစ်တမ်းကောက်ကြည့်တဲ့အခါ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တဲ့ ရာခိုင်နှုန်းဟာ တော်တော်လေးများပြီး အစာအာဟာရ မပြည့်ဝတာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ အထိုင်များလာတာ၊ ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးလာတာ၊ အိပ်ရေးပျက်တာတွေကြောင့်ဟာ ဒုတိယအဖြစ်များတဲ့ အကြောင်းရင်းလို့ သိရပါတယ်။


စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ဘူးဆိုတာ ဖြစ်နိုင်ရဲ့လား။

ယောက်ျားလေးမို့လို့ အမြဲတမ်း စိတ်ဓာတ်ကြံ့ခိုင်နေရမယ်၊ ဘယ်လိုအခက်အခဲ၊ စိတ်ညစ်စရာပြဿနာတွေပဲ ကြုံလာကြုံလာ စိတ်ဓာတ်ကျသွားတာမျိုး မဖြစ်ရဘူးဆိုတဲ့ ခပ်တုံးတုံးရှေးရိုးစွဲ အယူအဆတွေကို စွန့်ပစ်လိုက်သင့်ပါပြီ။ စိတ်ဆိုတာ လူ့ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေတဲ့ လောင်စာဆီတစ်မျိုးပါပဲ။ စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်တွေ ပြည့်လာတဲ့အခါ ဦးနှောက်က စိတ်ဖိစီးမှုရဲ့ ဒဏ်ကို ခံစားရပြီး ခန္ဓာကိုယ်ရဲ့ သိနိုင်၊ ခံစားနိုင်၊ တုံ့ပြန်နိုင်စွမ်းရှိတဲ့ အာရုံကြောစနစ်တွေ အကုန် နှောင့်နှေးကုန်တော့တာပေါ့။


စိုးရိမ်စိတ်ဆိုတဲ့ နေရာမှာ ဖြစ်နိုင်ခြေ အကြောင်းရင်းအများအပြား ရှိနိုင်ပါတယ်။ ဒီအကြောင်းရင်းတွေထဲမှာ


မိသားစု စားဝတ်နေရေး၊ ငွေကြေး၊ အသုံးစရိတ်အတွက် ပူပန်နေရခြင်း

ချစ်သူရီးစားကို စွဲလမ်းစိတ် လွန်လွန်ကဲကဲဖြင့် တန်ဖိုးထား ချစ်မြတ်နိုးခြင်း

လက်ဖြင့် အာသာဖြေခြင်းကို စွဲစွဲလမ်းလမ်းပြုလုပ်တဲ့အတွက် အမှန်တကယ် လိင်ဆက်ဆံတဲ့အခါ ကြောက်ရွံ့ခြင်း

မိမိကိုယ်ကို အပြာရုပ်ရှင်တွေထဲမှာ ကြည့်ရသလောက် အားလိုအားရမှု မဖြစ်ခြင်း

မိမိမှာ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေခြင်း သို့မဟုတ် ကိုယ့်အဖော်မှာ ရှိနေခြင်း

မလိုလားအပ်တဲ့ ကိုယ်ဝန်၊ ရောဂါရသွားမှာကို စိုးရိမ်ခြင်း

လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုကို နှစ်ရှည်လများ ခံစားလာရတဲ့အခါ လိင်ဆက်ဆံရမှာကို စိုးရိမ်လာခြင်း

လိင်တံ သေးငယ်ခြင်း

သုက်မထိန်းနိုင်ခြင်း

ကိုယ့်ရဲ့အဖော်ကို စိတ်တိုင်းကျ စွမ်းဆောင်နိုင်ခြင်း မရှိမှာကို စိုးရိမ်ခြင်း စတဲ့ပြဿနာတွေကြောင့် လူက စိုးရိမ်လွန်ကဲ၊ စိတ်ဖိစီးမှုတွေ ဖြစ်ပြီး လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းသွားတတ်ပါတယ်။

ဒီလို ဖြစ်လာတဲ့အခါ ဘာလုပ်သင့်လဲ။

၁။ အရင်ဆုံး ကိုယ့်ကျန်းမာရေးအခြေအနေကို ပြန်ကြည့်ရပါမယ်။ အသက်ငယ်သေးတဲ့ အမျိုးသားတစ်ယောက်က အသက်ကြီးပိုင်းတွေမှာလို ကျားဟော်မုန်းနည်းသွားတာ၊ သက်လုံမကောင်းတော့တာမျိုးတွေ အဖြစ်နည်းပါတယ်။ မနက်ပိုင်းမှာလည်း ကောင်းစွာ ထောင်မတ်နိုင်တယ်။ ကိုယ့်ဘာသာ လက်နဲ့အာသာဖြေလို့ ဆန္ဒအထွတ်အထိပ်ကို ကောင်းစွာ ရတယ်ဆိုရင် ကိုယ့်မှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဖြစ်နိုင်ခြေ တော်တော်နည်းပါတယ်။


၂။ တခြားကျန်းမာရေး ပြဿနာတွေရှိလားဆိုတာ ဆေးစစ်ကြည့်ပါ။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ၊ အာရုံကြောအားနည်းတာ၊ ပန်းနာရင်ကျပ်သမားတွေမှာ သာမန်လူတွေထက် အမောခံနိုင်စွမ်း နည်းတတ်သလို ရောဂါသောက်ဆေး အပြင်းစားတွေကြောင့်လည်း လိင်တံမထောင်မတ်နိုင်တာတွေ ဖြစ်နိုင်ပါတယ်။


၃။ ကိုယ့်မှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ မရှိတာ သေချာသွားပြီဆိုရင် စိတ်ပိုင်းဆိုင်ရာအနေနဲ့ ဘာတွေဖြစ်နေလဲ၊ ခံစားနေရလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ။ ချစ်သူနဲ့ အဆင်မပြေတာလား၊ အလုပ်မှာ အဆင်မပြေခဲ့တာလား၊ သိမ်ငယ်စရာ တစ်ခုခုရှိလား စတာတွေကို ပြန်စဉ်းစားပါ။


၄။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျော့အောင်လုပ်ဖို့ ကြိုးစားကြည့်ပါ။ စိတ်ဖိစီးမှုဆိုတာ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာ၊ ကိုယ်ခံစားနေရသလောက် အတိုင်းအတာပေါ် မူတည်ပြီး ပြင်းထန်မှုပမာဏ ကွာခြားသွားနိုင်ပါတယ်။ ဒါ့အပြင် လူ့လောကသဘာဝသည် နေ့စဉ် အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်နေရမှာ ဖြစ်တဲ့အတွက် စိတ်ဖိစီးမှုဆိုတာကတော့ အမြဲတမ်း ကြုံတွေ့နေရမှာပါ။


၅။ လေ့ကျင့်ခန်း များများလုပ်ကြည့်ပါ။ ယောက်ျားလေးတွေ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်တဲ့အခါ ခန္ဓာကိုယ်က အဆီပိုတွေကို ကျစေပြီး ကြွက်သားများနဲ့ သန်စွမ်းကြံ့ခိုင်စေတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်အပေါ် ယုံကြည်မှုပြည့်ဝတဲ့ အမျိုးသားတစ်ယောက်ဟာ အိပ်ရာပေါ်မှာလည်း စိုးရိမ်ကြောက်လန့်စိတ်တွေ နည်းပြီး အကောင်းဆုံး စွမ်းဆောင်နိုင်မှာပါ။


၆။ ကျန်းမာရေးကို ထိခိုက်စေမယ့် အပြုအမူမျိုးတွေကို ရှောင်ပါ။ ညဘက်ကို အိပ်ချိန် အနည်းဆုံး ၇နာရီရအောင် အိပ်စက်အနားယူပါ။ အာဟာရပြည့်ဝမယ့် အစားအစာများကို အစုံအလင်စားသုံးပါ။ ဆေးလိပ်၊ အရက်ကို ဖြတ်ပါ၊ မဖြတ်နိုင်ရင် လျှော့သောက်ပါ။ ကိုယ့်ကျန်းမာရေးကို နည်းနည်းချင်းစီ ဂရုစိုက်ပေးခြင်းဟာ ရုပ်ခန္ဓာကိုယ်အတွက်သာမက စိတ်ကိုပါ ကျန်းမာပျော်ရွှင်စေဖို့ အဓိကသော့ချက်ပါပဲ။


၇။ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ကြည့်ပါ။ စိတ်ခံစားချက်ပြဿနာများသည် လူတိုင်းမှာ ကြုံလာရတတ်တဲ့အတွက် မျိုသိပ်ထားတာမျိုးထက် တကယ်နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်တွေ၊ စိတ်ကျန်းမာရေး အကြံပေးပညာရှင်တွေနဲ့ တိုင်ပင်ကြည့်ပြီး စိတ်ကုထုံးခံယူတာက သင့်ရဲ့ စိတ်ကို အရင်ကထက် ပိုပြီး ကြံ့ခိုင်လာစေမှာပါ။


၈။ ရုပ်ရှင်တွေထဲကလို အတုမခိုးပါနဲ့။ အပြာရုပ်ရှင်တွေဆိုတာ လူတွေရဲ့ စိတ်ကူးအာရုံ၊ အပြင်လက်တွေ့ဘဝနဲ့ ကွဲထွက်နေတာတွေကို စိတ်ကူးပုံဖော် ရိုက်ပြထားတာပါ။ ဒီအတွက် ရုပ်ရှင်တွေထဲကလောက် ကိုယ်က အပြင်မှာ မသန်ဘူးဆိုတဲ့အချက်ကို အာရုံထဲ မသွင်းပါနဲ့။ ရုပ်ရှင်က အပျင်းပြေကြည့်တာပါ။ အပြင်လက်တွေ့ဘဝမှာ လိင်ဆက်ဆံတယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ စိတ်ခံစားချက်တွေကိုပါ ထည့်သွင်းပြီး ဆက်ဆံရတာပါ။ နောက်ပြီးတော့ ကိုယ်ဟာ သာမန်လူထဲက သာမန်လူတစ်ယောက်ဆိုတာကို မမေ့ထားပါနဲ့။


၉။ လိင်တံသေးငယ်တယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ပါ။ ထောင်မတ်နေချိန်မှာ လိင်တံရဲ့ အရှည်သည် ၃လက်မအောက် ရောက်နေမှသာ သေးငယ်တယ်လို့ ယူဆလို့ရပါတယ်။ တခြားအမျိုးသားတွေထက် လိင်တံအရွယ်အစား သေးငယ်လို့ သင့်ကိုယ်သင် ကောင်းစွာမစွမ်းဆောင်နိုင်ဘူးဆိုတဲ့ အတွေးတွေဟာ အဆိပ်အတောက်ပါပဲ။ ကိုယ့်မှာ မွေးကတည်းက ပါလာတာကိုပဲ ကောင်းစွာ အသုံးချပါ။


ရေးသားသူ Ye Myo Myat

0 Comments