Last post

အမျိုးသားများနှင့် အန္တရာယ်ကင်းစွာ ဆီးခုံမွေးဖယ်ရှားခြင်း

 အမ်ိဳးသားမ်ားႏွင့္ အႏၲရာယ္ကင္းစြာ ဆီးခုံေမြးဖယ္ရွားျခင္း

========

ဆီးခုံေမြးနဲ႔ ပတ္သက္ၿပီး ရိတ္ဖို႔လိုတယ္လို႔ အခိုင္အမာေျပာတဲ့သူေတြလည္း ရွိသလို မလိုအပ္ဘူး သဘာဝအတိုင္းပဲ ေကာင္းတယ္လို႔ သတ္မွတ္ထားၾကတဲ့ အမ်ိဳးသားေတြလည္း ရွိပါတယ္။ ဒါကေတာ့ ကိုယ့္အယူအဆနဲ႔ကိုယ္ပါပဲ။ အမ်ိဳးသားထုရဲ႕ လိင္က်န္းမာေရးရႈေထာင့္ကေန ၾကည့္မယ္ဆိုရင္ လိင္တံထိပ္အေရျပား ျဖတ္ျခင္းကသာ အမ်ိဳးသားေတြအတြက္ တစ္ကိုယ္ေရသန႔္ရွင္းမႈနဲ႔ က်န္းမာေရးကို ပိုၿပီး ျမႇင့္တင္ေပးႏိုင္တာပါ။ ဆီးခုံေမြးရိတ္ျခင္း မရိတ္ျခင္းကေတာ့ ဘယ္လိုအက်ိဳးသက္ေရာက္မႈမွ မျဖစ္ေစပါဘူး။


ဆီးခုံေမြး မရိတ္ရင္ေရာ ရသလား။

ရပါတယ္။ ဒါကေတာ့ ကိုယ့္အႀကိဳက္နဲ႔ကိုယ္ပါပဲ။ အေရွ႕ေတာင္အာရွ အထူးသျဖင့္ ျမန္မာအမ်ိဳးသားအမ်ားစုကေတာ့ မရိတ္တတ္ၾကပါဘူး။ အဲ့လိုမရိတ္တဲ့အခါမွာ သတိထားဖို႔ လိုတာကေတာ့ ေခြၽးနံ႔ပါပဲ။ ဟုတ္ကဲ့၊ အမ်ိဳးသမီးေတြမွာလည္း မိန္းမကိုယ္အနံ႔ဆိုတာ ရွိသလို အမ်ိဳးသားေတြရဲ႕ လိင္အဂၤါမွာလည္း ေခြၽးေတြ မၾကာခဏဆိုသလို ေအာင္းေနတဲ့အခါ ဘက္တီးရီးယားပိုးေတြ ပြားမ်ားၿပီး အနံ႔ဆိုးထြက္လာႏိုင္ပါတယ္။


ေနာက္ျပႆနာတစ္ခုကေတာ့ အေမြးနဲ႔ ဇစ္နဲ႔ ညႇပ္တာပါ။ ထိပ္အေရျပားကို ညႇပ္မိတာေလာက္ေတာ့ စိုးရိမ္စရာမဟုတ္ေပမဲ့ အေမြးေတြ ထူၿပိန္းေနတဲ့အခါ အၿမဲလိုလို ဇစ္နဲ႔ညႇပ္မိၿပီး ေဆာင့္ဆြဲသလိုျဖစ္ရာကေန ေမြးကြၽတ္နာေတြ ျဖစ္ႏိုင္ပါတယ္။

ဆီးခုံေမြးကို အရွည္အတိုင္း ထားတဲ့အခါ ေယာက္်ားေလးအမ်ားစုက ေရခ်ိဳးရင္ လိင္အဂၤါကိုပဲ ပြတ္ေဆးၿပီး အေမြးေတြကို သန႔္ရွင္းေရးလုပ္ဖို႔ ေမ့တတ္ပါတယ္။ အဲ့ဒီအခါ ေပြး၊ ဝဲေျခာက္၊ ဝဲစို၊ လိင္အဂၤါညႇင္း၊ ေရယုန္ ေပါက္ဖို႔ ပိုလြယ္ကူေစႏိုင္ပါတယ္။


ဆီးခုံေမြး ရိတ္လို႔ ဘာထူးသြားတာရွိလဲ။

ဘာမွေတာ့ ပိုမထူးပါဘူး။ အသန႔္အလြန္ႀကိဳက္တဲ့ အမ်ိဳးသား သို႔မဟုတ္ ကိုယ့္ခ်စ္သူက အေမြးအမွ်င္မႀကိဳက္ဘူးဆိုရင္ေတာ့ ရိတ္လိုက္တာ ပိုအဆင္ေျပပါတယ္။ တခ်ိဳ႕ေသာအမ်ိဳးသားေတြအေနနဲ႔ အေမြးအမွ်င္ေတြ မရွိတဲ့အခါ လိင္အဂၤါက ပုံမွန္ထက္ႀကီးေနသေယာင္ ခံစားရၿပီး လိင္ဆက္ဆံတာ၊ အာသာေျဖတဲ့ေနရာမွာ ပိုၿပီး ခံစားမႈအားေကာင္းတယ္လို႔ ထြက္ဆိုထားတာမ်ိဳး ရွိေပမဲ့ လူတိုင္းေတာ့ မဟုတ္ပါဘူး။


ဆီးခုံေမြးရိတ္ျခင္း လုပ္ငန္းစဥ္။

ဒီေဆာင္းပါးကေတာ့ အသန႔္ႀကိဳက္တဲ့အမ်ိဳးသားေတြနဲ႔ အေမြးအမွ်င္ေတြကို အႏၲရာယ္ကင္းကင္း ဖယ္ရွားလိုတဲ့ အမ်ိဳးသားေတြအတြက္ပဲ ျဖစ္ပါတယ္။


• အရင္ဆုံး ကိုယ့္ရဲ႕ဆီးခုံေမြးက အရမ္းထူေနတယ္၊ ရွည္ေနတယ္ဆိုရင္ ကတ္ေၾကးတစ္လက္နဲ႔ ပါးပါးျဖစ္ေအာင္ ညႇပ္ပါ။ တိုတိုေလးပဲ က်န္ခဲ့ရင္ ဓားနဲ႔ရိတ္ရတာ ပိုလြယ္ပါတယ္။

• ေရေအး သို႔မဟုတ္ ေရက်က္ေႏြးထဲမွာ ၅မိနစ္ခန႔္ စိမ္ထားေပးပါ။ ကိုယ့္အိမ္မွာ ေရစိမ္ကန္မရွိရင္ေတာ့ ဆီးခုံေမြးရွိတဲ့ေနရာေတြ အကုန္လုံးကို ေရမ်ားမ်ားစြတ္ေပးထားပါ။

• မုတ္ဆိတ္ေမြးရိတ္တဲ့ ေနရာမွာ သုံးတဲ့ ခရင္မ္ သို႔မဟုတ္ ဂ်ယ္လ္ေတြကို မ်ားမ်ားသုတ္လိမ္းထားပါ။ ဆီးခုံေမြးရွင္းလင္းေရးအတြက္ေတာ့ ခရင္မ္အမ်ိဳးအစားက ပိုအဆင္ေျပပါတယ္။

• အရင္ဆုံး ေဘးဘက္ေတြကို ရွင္းလင္းေပးပါ။ ကိုယ္က ညာသန္ဆိုရင္ ဓားကို ညာလက္နဲ႔ကိုင္ၿပီး လိင္အဂၤါကို တျခားလက္တစ္ဖက္နဲ႔ ကိုယ့္ရိတ္မယ့္ဘက္ရဲ႕ ဆန႔္က်င္ဘက္ကို မ်က္ႏွာမူၿပီး ဆြဲထားေပးပါ။

• အေပၚဘက္ကေန ေအာက္ကို ျဖည္းျဖည္းခ်င္း ျခစ္ခ်ပါ။ အားအရမ္းမသုံးပါနဲ႔။

• ရိတ္တဲ့အခါ ေဘးႏွစ္ဘက္နဲ႔ အေပၚဘက္ကို အရင္ဆုံးဖယ္ရွားပါ။ ကပၸါယ္အိတ္ေပၚမွာရွိေနတဲ့ အေမြးအမွ်င္ကို ေနာက္ဆုံးမွလုပ္ပါ။ မလုပ္ရဲဘူးဆိုရင္ေတာ့ အဲ့ေနရာကို ခ်န္ခဲ့လိုက္ပါ။

• အေမြးရိတ္တဲ့ ဘလိတ္ဓားကို အသစ္ပဲ သုံးေပးပါ။ တုံးေနတာ၊ သံေခ်းကိုက္ေနတဲ့ ဓားေတြနဲ႔ မရိတ္ပါနဲ႔။ ပြန္းပဲ့ထိခိုက္ဖို႔လည္း ပိုလြယ္သလို အနာထဲကိုလည္း ေမးခိုင္ပိုးေတြ ဝင္သြားႏိုင္ပါတယ္။

• ၂ခ်က္ ၃ခ်က္ ရိတ္ၿပီးတိုင္း ဘလိတ္ဓားကို ေရနဲ႔ ျပန္ေဆးခ်ပါ။ ၿပီးသြားမွ ထပ္ရိတ္ပါ။

• ကပၸါယ္အိတ္ကို မရိတ္ခင္မွာ ေရမ်ားမ်ားေလာင္းခ်ၿပီး ေအးေနေအာင္ ထားထားပါ။ ေအးလာတဲ့အခါ ေဝွးေစ့က အေပၚဘက္ကို တက္သြားၿပီး ကပၸါယ္အိတ္အေရျပားက က်ဳံ႕သြားတတ္တဲ့အတြက္ ရိတ္တဲ့အခါ ေတာ္႐ုံမပြန္းပဲ့ႏိုင္ေတာ့ပါဘူး။

• ကပၸါယ္အိတ္ေပၚက အေမြးေတြကို ရိတ္တဲ့အခါ အား လုံးဝမသုံးပါနဲ႔။ ျဖည္းျဖည္းခ်င္းပဲ ဓားကိုေ႐ႊ႕ေပးပါ။

• ၿပီးသြားတဲ့အခါ လိင္အဂၤါတစ္ဝိုက္ကို ေရနဲ႔ေျပာင္ေအာင္ေဆးခ်ၿပီး ေျခာက္ေအာင္သုတ္ပါ။ အစိုဓာတ္ထိန္းခရင္မ္ သို႔မဟုတ္ အဆီတစ္မ်ိဳးမ်ိဳး လိမ္းေပးပါ။ အရမ္းႀကီး႐ႊဲေနဖို႔ မလိုပါဘူး။

• မေတာ္တဆ ဓားနဲ႔ ျခစ္မိခဲ့ရင္ ေရနဲ႔ေသခ်ာေဆးၿပီး အဲ့ဒီေနရာကို ဓားနဲ႔ထပ္ရိတ္တာ၊ လက္နဲ႔ထိတာမ်ိဳး မလုပ္ပါနဲ႔။ သိပ္မျပင္းထန္ရင္ ရက္အနည္းငယ္အတြင္းမွာ ျပန္ေပ်ာက္သြားမွာပါ။

• ဓားသုံးရတာ မႀကိဳက္ဘူးဆိုရင္ေတာ့ ဗ်ဴးတီးဆလြန္းဆိုင္ေတြမွာ ဖေယာင္းနဲ႔ အေမြးအမွ်င္ဖယ္လို႔ရတဲ့နည္းလမ္း (Waxing လုပ္ျခင္း) ေတြရွိပါတယ္။ ဒီနည္းလမ္းကေတာ့ စလုပ္ကာစမွာ အရမ္းနာပါလိမ့္မယ္။ သူက ဖေယာင္းနဲ႔ အေမြးအမွ်င္ေပၚကို ကပ္ၿပီး အျမစ္ကိုပါေအာင္ ဆြဲခြာတာျဖစ္တဲ့အတြက္ ျပန္ေပါက္ဖို႔လည္း ၾကာသလို အေမြးေပါက္တဲ့အခါမွာလည္း ဓားနဲ႔ ရိတ္ထားသလို ယားယံျခင္း သိပ္မရွိပါဘူး။


ဆီးခုံေမြးရိတ္ျခင္း၊ မရိတ္ျခင္းဟာ အမ်ိဳးသားေတြရဲ႕ က်န္းမာေရးနဲ႔ တစ္ကိုယ္ေရသန႔္ရွင္းမႈအတြက္ သက္ေရာက္မႈအမ်ားႀကီးမရွိတာေၾကာင့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး အရမ္းႀကီးစိတ္ထဲ ထားစရာမလိုပါဘူး။ ကိုယ့္အႀကိဳက္နဲ႔ ကိုယ္ေ႐ြးခ်ယ္လို႔ရပါတယ္။


အားလုံးပဲ က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ေပ်ာ္႐ႊင္ဖြယ္ရာ ေန႔ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။


ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ေရးသားသူ Ye Myo Myat


Unicode


အမျိုးသားများနှင့် အန္တရာယ်ကင်းစွာ ဆီးခုံမွေးဖယ်ရှားခြင်း

========

ဆီးခုံမွေးနဲ့ ပတ်သက်ပြီး ရိတ်ဖို့လိုတယ်လို့ အခိုင်အမာပြောတဲ့သူတွေလည်း ရှိသလို မလိုအပ်ဘူး သဘာဝအတိုင်းပဲ ကောင်းတယ်လို့ သတ်မှတ်ထားကြတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်အယူအဆနဲ့ကိုယ်ပါပဲ။ အမျိုးသားထုရဲ့ လိင်ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လိင်တံထိပ်အရေပြား ဖြတ်ခြင်းကသာ အမျိုးသားတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ပိုပြီး မြှင့်တင်ပေးနိုင်တာပါ။ ဆီးခုံမွေးရိတ်ခြင်း မရိတ်ခြင်းကတော့ ဘယ်လိုအကျိုးသက်ရောက်မှုမှ မဖြစ်စေပါဘူး။


ဆီးခုံမွေး မရိတ်ရင်ရော ရသလား။

ရပါတယ်။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ အရှေ့တောင်အာရှ အထူးသဖြင့် မြန်မာအမျိုးသားအများစုကတော့ မရိတ်တတ်ကြပါဘူး။ အဲ့လိုမရိတ်တဲ့အခါမှာ သတိထားဖို့ လိုတာကတော့ ချွေးနံ့ပါပဲ။ ဟုတ်ကဲ့၊ အမျိုးသမီးတွေမှာလည်း မိန်းမကိုယ်အနံ့ဆိုတာ ရှိသလို အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း ချွေးတွေ မကြာခဏဆိုသလို အောင်းနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပွားများပြီး အနံ့ဆိုးထွက်လာနိုင်ပါတယ်။


နောက်ပြဿနာတစ်ခုကတော့ အမွေးနဲ့ ဇစ်နဲ့ ညှပ်တာပါ။ ထိပ်အရေပြားကို ညှပ်မိတာလောက်တော့ စိုးရိမ်စရာမဟုတ်ပေမဲ့ အမွေးတွေ ထူပြိန်းနေတဲ့အခါ အမြဲလိုလို ဇစ်နဲ့ညှပ်မိပြီး ဆောင့်ဆွဲသလိုဖြစ်ရာကနေ မွေးကျွတ်နာတွေ ဖြစ်နိုင်ပါတယ်။

ဆီးခုံမွေးကို အရှည်အတိုင်း ထားတဲ့အခါ ယောက်ျားလေးအများစုက ရေချိုးရင် လိင်အင်္ဂါကိုပဲ ပွတ်ဆေးပြီး အမွေးတွေကို သန့်ရှင်းရေးလုပ်ဖို့ မေ့တတ်ပါတယ်။ အဲ့ဒီအခါ ပွေး၊ ဝဲခြောက်၊ ဝဲစို၊ လိင်အင်္ဂါညှင်း၊ ရေယုန် ပေါက်ဖို့ ပိုလွယ်ကူစေနိုင်ပါတယ်။


ဆီးခုံမွေး ရိတ်လို့ ဘာထူးသွားတာရှိလဲ။

ဘာမှတော့ ပိုမထူးပါဘူး။ အသန့်အလွန်ကြိုက်တဲ့ အမျိုးသား သို့မဟုတ် ကိုယ့်ချစ်သူက အမွေးအမျှင်မကြိုက်ဘူးဆိုရင်တော့ ရိတ်လိုက်တာ ပိုအဆင်ပြေပါတယ်။ တချို့သောအမျိုးသားတွေအနေနဲ့ အမွေးအမျှင်တွေ မရှိတဲ့အခါ လိင်အင်္ဂါက ပုံမှန်ထက်ကြီးနေသယောင် ခံစားရပြီး လိင်ဆက်ဆံတာ၊ အာသာဖြေတဲ့နေရာမှာ ပိုပြီး ခံစားမှုအားကောင်းတယ်လို့ ထွက်ဆိုထားတာမျိုး ရှိပေမဲ့ လူတိုင်းတော့ မဟုတ်ပါဘူး။


ဆီးခုံမွေးရိတ်ခြင်း လုပ်ငန်းစဉ်။

ဒီဆောင်းပါးကတော့ အသန့်ကြိုက်တဲ့အမျိုးသားတွေနဲ့ အမွေးအမျှင်တွေကို အန္တရာယ်ကင်းကင်း ဖယ်ရှားလိုတဲ့ အမျိုးသားတွေအတွက်ပဲ ဖြစ်ပါတယ်။


• အရင်ဆုံး ကိုယ့်ရဲ့ဆီးခုံမွေးက အရမ်းထူနေတယ်၊ ရှည်နေတယ်ဆိုရင် ကတ်ကြေးတစ်လက်နဲ့ ပါးပါးဖြစ်အောင် ညှပ်ပါ။ တိုတိုလေးပဲ ကျန်ခဲ့ရင် ဓားနဲ့ရိတ်ရတာ ပိုလွယ်ပါတယ်။

• ရေအေး သို့မဟုတ် ရေကျက်နွေးထဲမှာ ၅မိနစ်ခန့် စိမ်ထားပေးပါ။ ကိုယ့်အိမ်မှာ ရေစိမ်ကန်မရှိရင်တော့ ဆီးခုံမွေးရှိတဲ့နေရာတွေ အကုန်လုံးကို ရေများများစွတ်ပေးထားပါ။

• မုတ်ဆိတ်မွေးရိတ်တဲ့ နေရာမှာ သုံးတဲ့ ခရင်မ် သို့မဟုတ် ဂျယ်လ်တွေကို များများသုတ်လိမ်းထားပါ။ ဆီးခုံမွေးရှင်းလင်းရေးအတွက်တော့ ခရင်မ်အမျိုးအစားက ပိုအဆင်ပြေပါတယ်။

• အရင်ဆုံး ဘေးဘက်တွေကို ရှင်းလင်းပေးပါ။ ကိုယ်က ညာသန်ဆိုရင် ဓားကို ညာလက်နဲ့ကိုင်ပြီး လိင်အင်္ဂါကို တခြားလက်တစ်ဖက်နဲ့ ကိုယ့်ရိတ်မယ့်ဘက်ရဲ့ ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဆွဲထားပေးပါ။

• အပေါ်ဘက်ကနေ အောက်ကို ဖြည်းဖြည်းချင်း ခြစ်ချပါ။ အားအရမ်းမသုံးပါနဲ့။

• ရိတ်တဲ့အခါ ဘေးနှစ်ဘက်နဲ့ အပေါ်ဘက်ကို အရင်ဆုံးဖယ်ရှားပါ။ ကပ္ပါယ်အိတ်ပေါ်မှာရှိနေတဲ့ အမွေးအမျှင်ကို နောက်ဆုံးမှလုပ်ပါ။ မလုပ်ရဲဘူးဆိုရင်တော့ အဲ့နေရာကို ချန်ခဲ့လိုက်ပါ။

• အမွေးရိတ်တဲ့ ဘလိတ်ဓားကို အသစ်ပဲ သုံးပေးပါ။ တုံးနေတာ၊ သံချေးကိုက်နေတဲ့ ဓားတွေနဲ့ မရိတ်ပါနဲ့။ ပွန်းပဲ့ထိခိုက်ဖို့လည်း ပိုလွယ်သလို အနာထဲကိုလည်း မေးခိုင်ပိုးတွေ ဝင်သွားနိုင်ပါတယ်။

• ၂ချက် ၃ချက် ရိတ်ပြီးတိုင်း ဘလိတ်ဓားကို ရေနဲ့ ပြန်ဆေးချပါ။ ပြီးသွားမှ ထပ်ရိတ်ပါ။

• ကပ္ပါယ်အိတ်ကို မရိတ်ခင်မှာ ရေများများလောင်းချပြီး အေးနေအောင် ထားထားပါ။ အေးလာတဲ့အခါ ဝှေးစေ့က အပေါ်ဘက်ကို တက်သွားပြီး ကပ္ပါယ်အိတ်အရေပြားက ကျုံ့သွားတတ်တဲ့အတွက် ရိတ်တဲ့အခါ တော်ရုံမပွန်းပဲ့နိုင်တော့ပါဘူး။

• ကပ္ပါယ်အိတ်ပေါ်က အမွေးတွေကို ရိတ်တဲ့အခါ အား လုံးဝမသုံးပါနဲ့။ ဖြည်းဖြည်းချင်းပဲ ဓားကိုရွှေ့ပေးပါ။

• ပြီးသွားတဲ့အခါ လိင်အင်္ဂါတစ်ဝိုက်ကို ရေနဲ့ပြောင်အောင်ဆေးချပြီး ခြောက်အောင်သုတ်ပါ။ အစိုဓာတ်ထိန်းခရင်မ် သို့မဟုတ် အဆီတစ်မျိုးမျိုး လိမ်းပေးပါ။ အရမ်းကြီးရွှဲနေဖို့ မလိုပါဘူး။

• မတော်တဆ ဓားနဲ့ ခြစ်မိခဲ့ရင် ရေနဲ့သေချာဆေးပြီး အဲ့ဒီနေရာကို ဓားနဲ့ထပ်ရိတ်တာ၊ လက်နဲ့ထိတာမျိုး မလုပ်ပါနဲ့။ သိပ်မပြင်းထန်ရင် ရက်အနည်းငယ်အတွင်းမှာ ပြန်ပျောက်သွားမှာပါ။

• ဓားသုံးရတာ မကြိုက်ဘူးဆိုရင်တော့ ဗျူးတီးဆလွန်းဆိုင်တွေမှာ ဖယောင်းနဲ့ အမွေးအမျှင်ဖယ်လို့ရတဲ့နည်းလမ်း (Waxing လုပ်ခြင်း) တွေရှိပါတယ်။ ဒီနည်းလမ်းကတော့ စလုပ်ကာစမှာ အရမ်းနာပါလိမ့်မယ်။ သူက ဖယောင်းနဲ့ အမွေးအမျှင်ပေါ်ကို ကပ်ပြီး အမြစ်ကိုပါအောင် ဆွဲခွာတာဖြစ်တဲ့အတွက် ပြန်ပေါက်ဖို့လည်း ကြာသလို အမွေးပေါက်တဲ့အခါမှာလည်း ဓားနဲ့ ရိတ်ထားသလို ယားယံခြင်း သိပ်မရှိပါဘူး။


ဆီးခုံမွေးရိတ်ခြင်း၊ မရိတ်ခြင်းဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် သက်ရောက်မှုအများကြီးမရှိတာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းကြီးစိတ်ထဲ ထားစရာမလိုပါဘူး။ ကိုယ့်အကြိုက်နဲ့ ကိုယ်ရွေးချယ်လို့ရပါတယ်။


အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ပျော်ရွှင်ဖွယ်ရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Ye Myo Myat

0 Comments