Last post

ဖြည်းဖြည်းဆေးဆေးလုပ်ကြမယ်

 ျဖည္းျဖည္းေဆးေဆးလုပ္ၾကမယ္

========

ျမန္ျမန္ၿပီးတိုင္းေကာင္းတာမဟုတ္တဲ့ကိစၥေတြထဲမွာ ကိုယ္လက္ႏွီးေႏွာျခင္းလည္းအပါအဝင္ေပါ့။ ဒီျပႆနာကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းတစ္ခုအေၾကာင္းေျပာျပေပးထားပါတယ္။


ဘာလုပ္လုပ္ျမန္ျမန္ၿပီးတိုင္းေကာင္းတာမဟုတ္ပါဘူး။ တခ်ိဳ႕အရာေတြကအဆင္ေျပဖို႔ အခ်ိန္ယူရပါတယ္။ မိန္းကေလးနဲ႔ေယာက်ၤားေလးကိုယ္လက္ႏွီးေႏွာတဲ့ကိစၥဆိုလည္း ဒီလိုပါပဲ။စိတ္တအားတက္ႂကြလာလို႔ ဆက္ဆံလိုက္ေပမဲ့ မိနစ္ပိုင္းနဲ႔တင္ ဆႏၵၿပီးေျမာက္သြားရင္ လိင္ဆႏၵကိုအျပည့္အဝမခံစားလိုက္ရဘဲ ျဖစ္ေနမွာေပါ့။ ဒီလိုအေျခအေနကို ကိုယ့္ဖာသာကုသႏိုင္တဲ့ နည္းလမ္းတစ္ခုအေၾကာင္းေျပာျပရင္ စိတ္ဝင္စားၾကမယ္ထင္ပါတယ္။


ကုသႏိုင္တဲ့နည္းဆိုလို႔ ခက္ခက္ခဲခဲေတြမထင္လိုက္ပါနဲ႔။ သိပ္ကို႐ိုးရွင္းၿပီးလြယ္ကူပါတယ္။ Edging လို႔ေခၚတဲ့ ဒီနည္းလမ္းက တကယ္ေတာ့ ဆႏၵၿပီးေျမာက္ခါနီးမွာ လိင္ဆက္ဆံတာ (ဒါမွမဟုတ္) အာသာေျဖတာကို ရပ္ပစ္ၿပီးမၿပီးသြားေအာင္ ထိန္းခ်ဳပ္လိုက္တာပါပဲ။ ကိုယ့္ဖာသာအာသာေျဖခ်ိန္ပဲျဖစ္ျဖစ္ လိင္ဆက္ဆံခ်ိန္မွာပဲျဖစ္ျဖစ္ အသုံးျပဳႏိုင္တယ္။ ေနာက္ၿပီး ဒီနည္းကိုေယာက်ၤားေလးေတြတင္မဟုတ္ဘဲ မိန္းကေလးေတြလည္း လုပ္လို႔ရပါတယ္။


ဘယ္လိုလုပ္ရမလဲ

ေယာက်ၤားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ လိင္ဆႏၵအထြတ္အထိပ္ကိုေရာက္ခါနီးမွာ ဆက္ဆံမႈ (ဒါမွမဟုတ္) အာသာေျဖတာကိုရပ္လိုက္ၿပီး မိနစ္ပိုင္းေလာက္ေစာင့္လိုက္ပါ။ ဆႏၵမၿပီးေျမာက္ေတာ့ဘဲရပ္သြားပါလိမ့္မယ္။ ေယာက်ၤားေလးေတြဆို သုက္လႊတ္ခ်င္စိတ္ေပ်ာက္သြားပါလိမ့္မယ္။ ဒီေတာ့မွေနာက္တစ္ႀကိမ္ထပ္ၿပီး ဆက္ဆံပါ/အာသာေျဖတာကိုျပန္လုပ္ပါ။


ျဖည္းျဖည္းနဲ႔မွန္မွန္ပဲလုပ္ပါ။ ဆႏၵအထြတ္အထိပ္ေရာက္ခါနီးျဖစ္ရင္ ျပန္ရပ္လိုက္ပါ။ ၿပီးရင္ျပန္လုပ္ပါ။ ဒီလိုထပ္ခါထပ္ခါေလ့က်င့္ရင္ လိင္ဆက္ဆံမႈကို အခ်ိန္ၾကာေအာင္ တျဖည္းျဖည္းထိန္းခ်ဳပ္လာႏိုင္တာကိုေတြ႕ရမွာပါ။ ဒီနည္းကိုေလ့က်င့္ဖို႔လိင္ဆက္ဆံမဲ့သူမလိုအပ္ပါဘူး။ တစ္ကိုယ္တည္း အာသာေျဖၿပီးလည္းေလ့က်င့္ႏိုင္ပါတယ္။


ေလ့လာမႈေတြအရလည္း Edging လို႔ေခၚတဲ့ ဒီနည္းလမ္းကိုသုက္လႊတ္ ေစာတဲ့ေယာက်ၤားေလးေတြမွန္မွန္လိုက္နာက်င့္သုံးရင္ သုက္ထိန္းႏိုင္အား ပိုေကာင္းလာၿပီးအခ်ိန္ပိုၾကာၾကာ ဆက္ဆံႏိုင္တာကိုေတြ႕ရတယ္လို႔ဆိုထားပါတယ္။ ဒီလိုေလ့က်င့္မႈရဲ႕ အဓိကရည္႐ြယ္ခ်က္ကလည္း သုက္လႊတ္ျမန္တဲ့ ေယာက်ၤားေလးေတြ သုက္ထိန္းႏိုင္ၿပီးကိုယ့္ရဲ႕အေဖာ္နဲ႔ အခ်ိန္ပိုၾကာၾကာဆက္ဆံႏိုင္ဖို႔ျဖစ္ပါတယ္။


လူတိုင္းေလ့က်င့္ရမွာလား

လူတိုင္းေလ့က်င့္ဖို႔လည္း မလိုအပ္ပါဘူး။ စကၠန႔္ပိုင္းေလာက္လိင္ဆက္ဆံၿပီး ဆႏၵၿပီးေျမာက္သြားတဲ့သူေတြပဲ ေလ့က်င့္သင့္ပါတယ္။ လိင္ဆက္ဆံမႈဆိုတာ ထိုးသြင္းဆက္ဆံမႈတစ္ခုတည္းကိုေျပာတာမဟုတ္ပါဘူး။ စအိုကေနဆက္ဆံတာ၊ ပါးစပ္နဲ႔ဆက္ဆံတာေတြပါပါဝင္ပါတယ္။ဆႏၵၿပီးေျမာက္ဖို႔အရမ္းျမန္တဲ့ ေယာက်ၤားေလး၊ မိန္းကေလးတခ်ိဳ႕မွာဆို လိင္ဆက္ဆံတဲ့အဆင့္ထိေတာင္မေရာက္ဘဲ နည္းနည္းေလးလႈံ႕ေဆာ္မႈရတာနဲ႔တင္ ဆႏၵအထြတ္အထိပ္ေရာက္သြားတဲ့အထိျမန္ဆန္တတ္တာကိုေတြ႕ရပါတယ္။


ဘာလို႔ဆႏၵၿပီးေျမာက္ဖို႔ကို အခ်ိန္ဆြဲရမွာလဲ၊ ျမန္ျမန္ၿပီးေတာ့ပိုမေကာင္းဘူးလား

ဒီေမးခြန္းအတြက္အေျဖကေတာ့ကိုယ့္အေပၚမူတည္ပါတယ္။ တခ်ိဳ႕ကတည္းျမန္ျမန္ၿပီးတာႀကိဳက္သလို ၾကာမွ ႀကိဳက္တဲ့သူလည္းရွိႏိုင္တာပါပဲ။ ေျပာခ်င္တာတစ္ခုကေတာ့ ေယာက်ၤားနဲ႔မိန္းမလိင္ဆက္ဆံတယ္လို႔ၾကားတိုင္း ႐ြံစရာကိစၥတစ္ခုလို႔မထင္ေစခ်င္ပါဘူး။ ဒါသဘာဝပါပဲ။တကယ္ခ်စ္ခင္ႏွစ္သက္လို႔ (၂) ေယာက္သားကိုယ္လက္ ႏွီးေႏွာမႈမွာ လိင္စိတ္တစ္ခုတည္းပါဝင္ေနတာမဟုတ္ပါဘူး။


တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ခင္မႈ၊ ေလးစားမႈ၊ နားလည္မႈေတြလည္းပါဝင္ေနပါတယ္။ ေျပာရမယ္ဆိုမိန္းကေလးေတြကေယာက်ၤားေလးေတြထက္ လိင္ဆႏၵ အထြတ္အထိပ္ေရာက္ဖို႔ပိုၾကာတယ္၊ ၿပီးေျမာက္ဖို႔ပိုခက္ခဲပါတယ္။ ေယာက်ၤားေလးကေတာ့သဘာဝအရပိုျမန္ျမန္ ၿပီးတဲ့သေဘာရွိပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ (၂) ေယာက္အတူဆႏၵၿပီးေျမာက္ေအာင္ အတူတူညႇိႏႈိင္းၿပီး ေနႏိုင္မယ္ဆို (၂) ေယာက္လုံးအတြက္ စိတ္သုချဖစ္ေစမွာပါ။


ဘာအက်ိဳးေက်းဇူးေတြရႏိုင္မလဲ

ဆႏၵၿပီးေျမာက္ဖို႔အခ်ိန္ၾကာေအာင္လုပ္ႏိုင္ေလ လိင္မႈသုခကိုပိုေကာင္းေကာင္းခံစားရႏိုင္ေလပါပဲ။ ၂၀၁၄ခုႏွစ္ ကဘရာဇီးႏိုင္ငံမွာျပဳလုပ္ခဲ့တဲ့သုေတသနတစ္ခုအရဆို အခ်ိန္ယူၿပီးနားလိုက္အာသာေျဖလိုက္လုပ္တဲ့ အမ်ိဳးသမီးေတြက လိင္ဆက္ဆံခ်ိန္မွာပိုၿပီးဆႏၵၿပီးေျမာက္ဖို႔လြယ္ကူတာေတြ႕ရွိခဲ့ပါတယ္။


ေဘးထြက္ဆိုးက်ိဳးရွိသလား

မရွိသေလာက္နည္းပါတယ္။ ေသခ်ာစနစ္တက်လုပ္ဖို႔နဲ႔ ေတာ္႐ုံသင့္႐ုံေတာ့လုပ္ဖို႔အေရးႀကီးပါတယ္။ ဆရာႀကီး ျဖစ္ခ်င္ေဇာနဲ႔ ေန႔တိုင္းေလ့က်င့္ပါလို႔လည္း အႀကံမေပးပါဘူး။ ဘယ္အရာမဆို တန္ေဆးလြန္ေဘးဆိုတာ ရွိတယ္ေလ။ ဥပမာေျပာရရင္ အလြန္အကြၽံအာသာေျဖတဲ့ေယာက်ၤားေလးေတြမွာ ေဝွးေစ့ထဲေသြးစုတဲ့ ျပႆနာႀကဳံရႏိုင္ပါတယ္။ ေနာက္ၿပီး ေယာက်ၤားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ ဆႏၵၿပီးေျမာက္ဖို႔ကိုပဲ အရမ္းအာ႐ုံစိုက္ၿပီးမလုပ္ဖို႔အႀကံေပးခ်င္ပါတယ္။ လိင္မႈကိစၥဆိုတာ စိတ္လက္ေပါ့ပါးေနမွလည္း အဆင္ေျပေခ်ာေမြ႕တာမဟုတ္လား။ ငါၿပီးကိုၿပီးရမယ္ဆိုတဲ့စိတ္ႀကီးအရမ္းတင္းခံေနရင္ ဘာကိုမွမခံစားလိုက္ရဘဲ ပင္ပန္းတာပဲအဖတ္တင္မွာပါ။


ကိုယ့္ဖာသာတစ္ေယာက္တည္းအာသာေျဖတာျဖစ္ျဖစ္ လိင္ဆက္ဆံတာျဖစ္ျဖစ္အခုေျပာတဲ့ နည္းကိုလုပ္ၾကည့္ ဖို႔သင့္ေလ်ာ္ပါတယ္။ စိတ္လည္းခ်ရသလို ေဘးလည္းကင္းပါတယ္။ လိင္ဆက္ဆံတုန္းလုပ္ၾကည့္မယ္ဆို ရင္ေတာ့ ကိုယ့္ရဲ႕အေဖာ္ကိုႀကိဳတင္ေျပာထားသင့္ပါတယ္။ ဒါမ်ိဳးက (၂) ဦး (၂) ဖက္သေဘာတူမွအဆင္ေျပႏိုင္ တာမို႔ပါ။ အားလုံးပဲစိတ္လက္ေပ်ာ္႐ႊင္စြာနဲ႔ သာယာတဲ့လိင္မႈဘဝကို ေဆာင္႐ြက္ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္ နိဂုံးခ်ဳပ္ခ်င္ပါတယ္။


Dr. Htoo Tint


Unicode


ဖြည်းဖြည်းဆေးဆေးလုပ်ကြမယ်

========

မြန်မြန်ပြီးတိုင်းကောင်းတာမဟုတ်တဲ့ကိစ္စတွေထဲမှာ ကိုယ်လက်နှီးနှောခြင်းလည်းအပါအဝင်ပေါ့။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအကြောင်းပြောပြပေးထားပါတယ်။


ဘာလုပ်လုပ်မြန်မြန်ပြီးတိုင်းကောင်းတာမဟုတ်ပါဘူး။ တချို့အရာတွေကအဆင်ပြေဖို့ အချိန်ယူရပါတယ်။ မိန်းကလေးနဲ့ယောင်္ကျားလေးကိုယ်လက်နှီးနှောတဲ့ကိစ္စဆိုလည်း ဒီလိုပါပဲ။စိတ်တအားတက်ကြွလာလို့ ဆက်ဆံလိုက်ပေမဲ့ မိနစ်ပိုင်းနဲ့တင် ဆန္ဒပြီးမြောက်သွားရင် လိင်ဆန္ဒကိုအပြည့်အဝမခံစားလိုက်ရဘဲ ဖြစ်နေမှာပေါ့။ ဒီလိုအခြေအနေကို ကိုယ့်ဖာသာကုသနိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်းပြောပြရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။


ကုသနိုင်တဲ့နည်းဆိုလို့ ခက်ခက်ခဲခဲတွေမထင်လိုက်ပါနဲ့။ သိပ်ကိုရိုးရှင်းပြီးလွယ်ကူပါတယ်။ Edging လို့ခေါ်တဲ့ ဒီနည်းလမ်းက တကယ်တော့ ဆန္ဒပြီးမြောက်ခါနီးမှာ လိင်ဆက်ဆံတာ (ဒါမှမဟုတ်) အာသာဖြေတာကို ရပ်ပစ်ပြီးမပြီးသွားအောင် ထိန်းချုပ်လိုက်တာပါပဲ။ ကိုယ့်ဖာသာအာသာဖြေချိန်ပဲဖြစ်ဖြစ် လိင်ဆက်ဆံချိန်မှာပဲဖြစ်ဖြစ် အသုံးပြုနိုင်တယ်။ နောက်ပြီး ဒီနည်းကိုယောင်္ကျားလေးတွေတင်မဟုတ်ဘဲ မိန်းကလေးတွေလည်း လုပ်လို့ရပါတယ်။


ဘယ်လိုလုပ်ရမလဲ

ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လိင်ဆန္ဒအထွတ်အထိပ်ကိုရောက်ခါနီးမှာ ဆက်ဆံမှု (ဒါမှမဟုတ်) အာသာဖြေတာကိုရပ်လိုက်ပြီး မိနစ်ပိုင်းလောက်စောင့်လိုက်ပါ။ ဆန္ဒမပြီးမြောက်တော့ဘဲရပ်သွားပါလိမ့်မယ်။ ယောင်္ကျားလေးတွေဆို သုက်လွှတ်ချင်စိတ်ပျောက်သွားပါလိမ့်မယ်။ ဒီတော့မှနောက်တစ်ကြိမ်ထပ်ပြီး ဆက်ဆံပါ/အာသာဖြေတာကိုပြန်လုပ်ပါ။


ဖြည်းဖြည်းနဲ့မှန်မှန်ပဲလုပ်ပါ။ ဆန္ဒအထွတ်အထိပ်ရောက်ခါနီးဖြစ်ရင် ပြန်ရပ်လိုက်ပါ။ ပြီးရင်ပြန်လုပ်ပါ။ ဒီလိုထပ်ခါထပ်ခါလေ့ကျင့်ရင် လိင်ဆက်ဆံမှုကို အချိန်ကြာအောင် တဖြည်းဖြည်းထိန်းချုပ်လာနိုင်တာကိုတွေ့ရမှာပါ။ ဒီနည်းကိုလေ့ကျင့်ဖို့လိင်ဆက်ဆံမဲ့သူမလိုအပ်ပါဘူး။ တစ်ကိုယ်တည်း အာသာဖြေပြီးလည်းလေ့ကျင့်နိုင်ပါတယ်။


လေ့လာမှုတွေအရလည်း Edging လို့ခေါ်တဲ့ ဒီနည်းလမ်းကိုသုက်လွှတ် စောတဲ့ယောင်္ကျားလေးတွေမှန်မှန်လိုက်နာကျင့်သုံးရင် သုက်ထိန်းနိုင်အား ပိုကောင်းလာပြီးအချိန်ပိုကြာကြာ ဆက်ဆံနိုင်တာကိုတွေ့ရတယ်လို့ဆိုထားပါတယ်။ ဒီလိုလေ့ကျင့်မှုရဲ့ အဓိကရည်ရွယ်ချက်ကလည်း သုက်လွှတ်မြန်တဲ့ ယောင်္ကျားလေးတွေ သုက်ထိန်းနိုင်ပြီးကိုယ့်ရဲ့အဖော်နဲ့ အချိန်ပိုကြာကြာဆက်ဆံနိုင်ဖို့ဖြစ်ပါတယ်။


လူတိုင်းလေ့ကျင့်ရမှာလား

လူတိုင်းလေ့ကျင့်ဖို့လည်း မလိုအပ်ပါဘူး။ စက္ကန့်ပိုင်းလောက်လိင်ဆက်ဆံပြီး ဆန္ဒပြီးမြောက်သွားတဲ့သူတွေပဲ လေ့ကျင့်သင့်ပါတယ်။ လိင်ဆက်ဆံမှုဆိုတာ ထိုးသွင်းဆက်ဆံမှုတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး။ စအိုကနေဆက်ဆံတာ၊ ပါးစပ်နဲ့ဆက်ဆံတာတွေပါပါဝင်ပါတယ်။ဆန္ဒပြီးမြောက်ဖို့အရမ်းမြန်တဲ့ ယောင်္ကျားလေး၊ မိန်းကလေးတချို့မှာဆို လိင်ဆက်ဆံတဲ့အဆင့်ထိတောင်မရောက်ဘဲ နည်းနည်းလေးလှုံ့ဆော်မှုရတာနဲ့တင် ဆန္ဒအထွတ်အထိပ်ရောက်သွားတဲ့အထိမြန်ဆန်တတ်တာကိုတွေ့ရပါတယ်။


ဘာလို့ဆန္ဒပြီးမြောက်ဖို့ကို အချိန်ဆွဲရမှာလဲ၊ မြန်မြန်ပြီးတော့ပိုမကောင်းဘူးလား

ဒီမေးခွန်းအတွက်အဖြေကတော့ကိုယ့်အပေါ်မူတည်ပါတယ်။ တချို့ကတည်းမြန်မြန်ပြီးတာကြိုက်သလို ကြာမှ ကြိုက်တဲ့သူလည်းရှိနိုင်တာပါပဲ။ ပြောချင်တာတစ်ခုကတော့ ယောင်္ကျားနဲ့မိန်းမလိင်ဆက်ဆံတယ်လို့ကြားတိုင်း ရွံစရာကိစ္စတစ်ခုလို့မထင်စေချင်ပါဘူး။ ဒါသဘာဝပါပဲ။တကယ်ချစ်ခင်နှစ်သက်လို့ (၂) ယောက်သားကိုယ်လက် နှီးနှောမှုမှာ လိင်စိတ်တစ်ခုတည်းပါဝင်နေတာမဟုတ်ပါဘူး။


တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်မှု၊ လေးစားမှု၊ နားလည်မှုတွေလည်းပါဝင်နေပါတယ်။ ပြောရမယ်ဆိုမိန်းကလေးတွေကယောင်္ကျားလေးတွေထက် လိင်ဆန္ဒ အထွတ်အထိပ်ရောက်ဖို့ပိုကြာတယ်၊ ပြီးမြောက်ဖို့ပိုခက်ခဲပါတယ်။ ယောင်္ကျားလေးကတော့သဘာဝအရပိုမြန်မြန် ပြီးတဲ့သဘောရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ (၂) ယောက်အတူဆန္ဒပြီးမြောက်အောင် အတူတူညှိနှိုင်းပြီး နေနိုင်မယ်ဆို (၂) ယောက်လုံးအတွက် စိတ်သုခဖြစ်စေမှာပါ။


ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ

ဆန္ဒပြီးမြောက်ဖို့အချိန်ကြာအောင်လုပ်နိုင်လေ လိင်မှုသုခကိုပိုကောင်းကောင်းခံစားရနိုင်လေပါပဲ။ ၂၀၁၄ခုနှစ် ကဘရာဇီးနိုင်ငံမှာပြုလုပ်ခဲ့တဲ့သုတေသနတစ်ခုအရဆို အချိန်ယူပြီးနားလိုက်အာသာဖြေလိုက်လုပ်တဲ့ အမျိုးသမီးတွေက လိင်ဆက်ဆံချိန်မှာပိုပြီးဆန္ဒပြီးမြောက်ဖို့လွယ်ကူတာတွေ့ရှိခဲ့ပါတယ်။


ဘေးထွက်ဆိုးကျိုးရှိသလား

မရှိသလောက်နည်းပါတယ်။ သေချာစနစ်တကျလုပ်ဖို့နဲ့ တော်ရုံသင့်ရုံတော့လုပ်ဖို့အရေးကြီးပါတယ်။ ဆရာကြီး ဖြစ်ချင်ဇောနဲ့ နေ့တိုင်းလေ့ကျင့်ပါလို့လည်း အကြံမပေးပါဘူး။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိတယ်လေ။ ဥပမာပြောရရင် အလွန်အကျွံအာသာဖြေတဲ့ယောင်္ကျားလေးတွေမှာ ဝှေးစေ့ထဲသွေးစုတဲ့ ပြဿနာကြုံရနိုင်ပါတယ်။ နောက်ပြီး ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဆန္ဒပြီးမြောက်ဖို့ကိုပဲ အရမ်းအာရုံစိုက်ပြီးမလုပ်ဖို့အကြံပေးချင်ပါတယ်။ လိင်မှုကိစ္စဆိုတာ စိတ်လက်ပေါ့ပါးနေမှလည်း အဆင်ပြေချောမွေ့တာမဟုတ်လား။ ငါပြီးကိုပြီးရမယ်ဆိုတဲ့စိတ်ကြီးအရမ်းတင်းခံနေရင် ဘာကိုမှမခံစားလိုက်ရဘဲ ပင်ပန်းတာပဲအဖတ်တင်မှာပါ။


ကိုယ့်ဖာသာတစ်ယောက်တည်းအာသာဖြေတာဖြစ်ဖြစ် လိင်ဆက်ဆံတာဖြစ်ဖြစ်အခုပြောတဲ့ နည်းကိုလုပ်ကြည့် ဖို့သင့်လျော်ပါတယ်။ စိတ်လည်းချရသလို ဘေးလည်းကင်းပါတယ်။ လိင်ဆက်ဆံတုန်းလုပ်ကြည့်မယ်ဆို ရင်တော့ ကိုယ့်ရဲ့အဖော်ကိုကြိုတင်ပြောထားသင့်ပါတယ်။ ဒါမျိုးက (၂) ဦး (၂) ဖက်သဘောတူမှအဆင်ပြေနိုင် တာမို့ပါ။ အားလုံးပဲစိတ်လက်ပျော်ရွှင်စွာနဲ့ သာယာတဲ့လိင်မှုဘဝကို ဆောင်ရွက်ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင် နိဂုံးချုပ်ချင်ပါတယ်။


Dr. Htoo Tint

0 Comments