Last post

လေ့ကျင့်ခန်းမလုပ်ခင် လက်နဲ့အာသာဖြေတာမျိုး လုပ်သင့်လား

 ေလ့က်င့္ခန္းမလုပ္ခင္ လက္နဲ႔အာသာေျဖတာမ်ိဳး လုပ္သင့္လား

========

ဒါကေတာ့ ႂကြက္သားတက္ဖို႔ Gym ကို ေသခ်ာကစားေနတဲ့ အမ်ိဳးသားေတြ၊ အားကစားသမားေတြၾကားမွာ ေမးေလ့ေမးထရွိတဲ့ ေမးခြန္းတစ္ခုပါ။ တခ်ိဳ႕ေတြက်ေတာ့လည္း ေလ့က်င့္ခန္း၊ အားကစားလုပ္ေနတဲ့အခ်ိန္ အာသာေျဖၿပီး သုက္လႊတ္လိုက္ရင္ တကယ္ကစားတဲ့အခါ အားမရွိသလို ႏုံးခ်ိေနတတ္တယ္။ က်ားေဟာ္မုန္းနည္းသြားႏိုင္တယ္။ စြမ္းေဆာင္ရည္က်ဆင္းသြားတတ္တယ္လို႔ ထင္တတ္ၾကပါတယ္။ တကယ္တမ္း လက္ေတြ႕မွာ သုက္လႊတ္ျခင္းနဲ႔ စြမ္းေဆာင္ရည္က်ျခင္းသည္ ဘာမွသက္ဆိုင္မႈမရွိပါဘူး။


ဘာေၾကာင့္ ဒီလိုထင္ၾကတာလဲ။

အမ်ိဳးသားတစ္ေယာက္ရဲ႕ ႂကြက္သားထုတက္ေစဖို႔၊ တစ္ေန႔တာအတြက္ ခြန္အားေတြျပည့္ဝေနေစဖို႔ တက္စတိုစတီ႐ုန္းလို႔ ေခၚတဲ့ က်ားေဟာ္မုန္းက ကူညီပံ့ပိုးေပးပါတယ္။ သုက္လႊတ္လိုက္တဲ့အခါမွာ က်ားေဟာ္မုန္းပမာဏတခ်ိဳ႕က သုက္ရည္နဲ႔အတူ ပါသြားတယ္ဆိုတဲ့အခ်က္ေၾကာင့္ပဲ ဒီလိုအလြဲေတြဟာ အမ်ိဳးသားေတြၾကားမွာ ေရပန္းစားလာတာပဲျဖစ္ပါတယ္။


တကယ္ေတာ့ လက္နဲ႔အာသာေျဖတာျဖစ္ေစ၊ လိင္ဆက္ဆံၿပီး သုက္လႊတ္လိုက္တာျဖစ္ေစ ကိုယ္ခႏၶာက ကုန္ဆုံးသြားတယ္ဆိုတဲ့ က်ားေဟာ္မုန္းပမာဏဟာ ကိုယ့္ရဲ႕ အားကစား၊ ေလ့က်င့္ခန္း၊ အေလးမတဲ့ စြမ္းေဆာင္ရည္က်ဆင္းေစေလာက္တဲ့အထိ မမ်ားပါဘူး။ သုက္လႊတ္ၿပီး အားကစား၊ ေလ့က်င့္ခန္းလုပ္လို႔ ေမာေနတဲ့သူေတြအမ်ားစုမွာ ျဖစ္ႏိုင္ေျခရွိတာကေတာ့ ညတုန္းက အိပ္ေရးမဝခဲ့တာ၊ အိပ္ရာဝင္ဖို႔ ေနာက္က်တာ၊ အရက္၊ ေဆးလိပ္ေသာက္သုံးတာ၊ ပ႐ိုတင္း၊ ကစီဓာတ္ ျပည့္ျပည့္ဝဝမစားသုံးတာေၾကာင့္ပါပဲ။


Gym ကစားေနရင္ အာသာေျဖတာကို ရပ္ထားသင့္လား။

သုက္လႊတ္ျခင္းရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အမ်ိဳးသားတစ္ေယာက္ရဲ႕ တစ္ေန႔တာခြန္အားနဲ႔ စြမ္းေဆာင္ရည္သည္ အတူတူပါပဲ။ တစ္ခုသတိထားရမွာကေတာ့ သုက္လႊတ္ၿပီးၿပီးခ်င္းမွာ ေမာပန္းတာ၊ ေခြၽးထြက္တာမ်ိဳး ျဖစ္ေလ့ျဖစ္ထရွိတာေၾကာင့္ Gym မကစားခင္ မိနစ္ပိုင္းအလို သို႔မဟုတ္ ကစားၿပီးၿပီးခ်င္း မိနစ္ပိုင္းအတြင္း သုက္လႊတ္တာမ်ိဳးကိုေတာ့ တတ္ႏိုင္သေလာက္ ေရွာင္ေပးပါ။ အနည္းဆုံး မေဆာ့ခင္ သို႔မဟုတ္ ေဆာ့ၿပီး တစ္နာရီမွ ၂နာရီထိ အနည္းဆုံး ျခားေပးႏိုင္ရင္ အေကာင္းဆုံးပါပဲ။ ကိုယ္ခႏၶာက သုက္လႊတ္ၿပီး အားအင္ကုန္ခမ္းသြားခဲ့တယ္ဆိုရင္ေတာင္ ဒီအခ်ိန္အတိုင္းအတာအတြင္းမွာ အားအင္ျပန္ျပည့္ႏိုင္ပါတယ္။


ေနာက္တစ္ခ်က္ကေတာ့ ႂကြက္သားထုတက္ဖို႔ ႀကိဳးစားေနတဲ့အမ်ိဳးသားေတြ လက္နဲ႔အာသာေျဖတာကို မျဖစ္မေန ရပ္ထားစရာမလိုပါဘူး။ ကိုယ္စိတ္မပါလို႔ မလုပ္တာေတာ့ ရပါတယ္။ ေဆာ့ထားသမွ် ျပန္က်သြားမလားဆိုတဲ့ စိုးရိမ္စိတ္နဲ႔ ရပ္လိုက္လို႔လည္း ဘာမွမထူးပါဘူး။


အဓိက Gym ကစားေနတဲ့ အမ်ိဳးသားေတြ၊ အားကစားအျပင္းအထန္ လုပ္ေနတဲ့အမ်ိဳးသားေတြ၊ ႂကြက္သားထုတက္ေစဖို႔၊ အဆီပိုေတြ၊ ကယ္လိုရီေတြ ေလာင္ကြၽမ္းေစဖို႔၊ စြမ္းေဆာင္ရည္ျပည့္ဝၿပီး အေလးႏိုင္ေစဖို႔၊ အေမာခံႏိုင္ေစဖို႔ အအိပ္၊ အစားနဲ႔ ေလ့က်င့္ခန္းကိုသာ ေသခ်ာဂ႐ုစိုက္ဖို႔ လိုပါတယ္။


• အိပ္ခ်ိန္ကေတာ့ မျဖစ္မေန အနည္းဆုံး ၇နာရီမွ ၈နာရီထိ ရွိရပါမယ္။

• ညဘက္ကို ေစာေစာအိပ္ရပါမယ္။ ေနာက္က်မွ အိပ္ၿပီး အိပ္ခ်ိန္ျပည့္ေနရင္လည္း လူကအိပ္ေရးမဝသလို ျဖစ္ၿပီး ပင္ပန္းႏုံးေခြေနမွာပါ။

• အစားကို ေသခ်ာစားရပါမယ္။ မ်ားမ်ားလည္း စားရပါမယ္။

• အဓိက ပ႐ိုတင္းပါဝင္တဲ့ အသား၊ ငါး၊ ပဲ၊ ဥေတြကို မ်ားမ်ားစားေပးပါ။

• စားတဲ့အခါမွာ ပမာဏနည္းနည္းနဲ႔ အႀကိမ္ေရမ်ားမ်ား ခြဲစားေပးႏိုင္ရင္ ပိုေကာင္းပါတယ္။

• အားကစားသမားေတြမဟုတ္ဘဲ Gym ကစားတဲ့သူေတြအေနနဲ႔ ကစီဓာတ္မ်ားတဲ့ အာလူး၊ ကန္စြန္းဥ၊ ဂ်ဳံၾကမ္းေပါင္မုန႔္၊ ပိန္းဥ၊ ထမင္းစတာေတြကိုလည္း စားေပးႏိုင္ပါတယ္။

• အာဟာရဓာတ္စုပ္ယူမႈ အားေကာင္းေစဖို႔ ဟင္းသီးဟင္း႐ြက္၊ အေစ့အဆန္၊ အသီးအႏွံ၊ အခြံမာသီးေတြကိုပါ အစုံအလင္စားေပးပါ။

• ပ႐ိုတင္းမႈန႔္ေသာက္တယ္ဆိုရင္ တစ္ေန႔ကို ၂ႀကိမ္မွ ၃ႀကိမ္ထိ၊ မနက္ အစာစားၿပီးတစ္ခါ၊ Gym မကစားခင္တစ္ခါ၊ Gym ကစားၿပီးၿပီးခ်င္း တစ္ခါ ေသာက္ေပးပါ။

• အရက္၊ ေဆးလိပ္ကို တတ္ႏိုင္သေလာက္ျဖတ္ပါ။ တကယ္တမ္း အားကစား၊ ေလ့က်င့္ခန္းလုပ္လို႔ အားမရွိဘူးဆိုတာ အာသာေျဖလို႔ မဟုတ္ပါဘူး။ ဒီမေကာင္းတဲ့အက်င့္ေၾကာင့္ ေမာသလို အားမရွိသလို ျဖစ္ေနတာပါ။


အခ်ဳပ္အားျဖင့္ ေျပာရမယ္ဆိုရင္ ႂကြက္သားဆုံးရႈံးမွာ၊ အေမာမခံႏိုင္မွာစိုးတဲ့ စိတ္တစ္ခုတည္းနဲ႔ အာသာေျဖျခင္း၊ လိင္ဆက္ဆံျခင္း၊ သုက္လႊတ္ျခင္း၊ လိင္မႈကိစၥေတြအကုန္လုံးကို ရပ္ထားစရာမလိုပါဘူး။ အားကစားလည္းလုပ္ပါ။ လိင္မႈဘဝမွာလည္း တက္ႂကြပါ။ လိင္ဆက္ဆံတိုင္းလည္း ကြန္ဒုံးကို သုံးပါ။


ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ေရးသားသူ Ye Myo Myat


Unicode


လေ့ကျင့်ခန်းမလုပ်ခင် လက်နဲ့အာသာဖြေတာမျိုး လုပ်သင့်လား

========

ဒါကတော့ ကြွက်သားတက်ဖို့ Gym ကို သေချာကစားနေတဲ့ အမျိုးသားတွေ၊ အားကစားသမားတွေကြားမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုပါ။ တချို့တွေကျတော့လည်း လေ့ကျင့်ခန်း၊ အားကစားလုပ်နေတဲ့အချိန် အာသာဖြေပြီး သုက်လွှတ်လိုက်ရင် တကယ်ကစားတဲ့အခါ အားမရှိသလို နုံးချိနေတတ်တယ်။ ကျားဟော်မုန်းနည်းသွားနိုင်တယ်။ စွမ်းဆောင်ရည်ကျဆင်းသွားတတ်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တမ်း လက်တွေ့မှာ သုက်လွှတ်ခြင်းနဲ့ စွမ်းဆောင်ရည်ကျခြင်းသည် ဘာမှသက်ဆိုင်မှုမရှိပါဘူး။


ဘာကြောင့် ဒီလိုထင်ကြတာလဲ။

အမျိုးသားတစ်ယောက်ရဲ့ ကြွက်သားထုတက်စေဖို့၊ တစ်နေ့တာအတွက် ခွန်အားတွေပြည့်ဝနေစေဖို့ တက်စတိုစတီရုန်းလို့ ခေါ်တဲ့ ကျားဟော်မုန်းက ကူညီပံ့ပိုးပေးပါတယ်။ သုက်လွှတ်လိုက်တဲ့အခါမှာ ကျားဟော်မုန်းပမာဏတချို့က သုက်ရည်နဲ့အတူ ပါသွားတယ်ဆိုတဲ့အချက်ကြောင့်ပဲ ဒီလိုအလွဲတွေဟာ အမျိုးသားတွေကြားမှာ ရေပန်းစားလာတာပဲဖြစ်ပါတယ်။


တကယ်တော့ လက်နဲ့အာသာဖြေတာဖြစ်စေ၊ လိင်ဆက်ဆံပြီး သုက်လွှတ်လိုက်တာဖြစ်စေ ကိုယ်ခန္ဓာက ကုန်ဆုံးသွားတယ်ဆိုတဲ့ ကျားဟော်မုန်းပမာဏဟာ ကိုယ့်ရဲ့ အားကစား၊ လေ့ကျင့်ခန်း၊ အလေးမတဲ့ စွမ်းဆောင်ရည်ကျဆင်းစေလောက်တဲ့အထိ မများပါဘူး။ သုက်လွှတ်ပြီး အားကစား၊ လေ့ကျင့်ခန်းလုပ်လို့ မောနေတဲ့သူတွေအများစုမှာ ဖြစ်နိုင်ခြေရှိတာကတော့ ညတုန်းက အိပ်ရေးမဝခဲ့တာ၊ အိပ်ရာဝင်ဖို့ နောက်ကျတာ၊ အရက်၊ ဆေးလိပ်သောက်သုံးတာ၊ ပရိုတင်း၊ ကစီဓာတ် ပြည့်ပြည့်ဝဝမစားသုံးတာကြောင့်ပါပဲ။


Gym ကစားနေရင် အာသာဖြေတာကို ရပ်ထားသင့်လား။

သုက်လွှတ်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမျိုးသားတစ်ယောက်ရဲ့ တစ်နေ့တာခွန်အားနဲ့ စွမ်းဆောင်ရည်သည် အတူတူပါပဲ။ တစ်ခုသတိထားရမှာကတော့ သုက်လွှတ်ပြီးပြီးချင်းမှာ မောပန်းတာ၊ ချွေးထွက်တာမျိုး ဖြစ်လေ့ဖြစ်ထရှိတာကြောင့် Gym မကစားခင် မိနစ်ပိုင်းအလို သို့မဟုတ် ကစားပြီးပြီးချင်း မိနစ်ပိုင်းအတွင်း သုက်လွှတ်တာမျိုးကိုတော့ တတ်နိုင်သလောက် ရှောင်ပေးပါ။ အနည်းဆုံး မဆော့ခင် သို့မဟုတ် ဆော့ပြီး တစ်နာရီမှ ၂နာရီထိ အနည်းဆုံး ခြားပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ကိုယ်ခန္ဓာက သုက်လွှတ်ပြီး အားအင်ကုန်ခမ်းသွားခဲ့တယ်ဆိုရင်တောင် ဒီအချိန်အတိုင်းအတာအတွင်းမှာ အားအင်ပြန်ပြည့်နိုင်ပါတယ်။


နောက်တစ်ချက်ကတော့ ကြွက်သားထုတက်ဖို့ ကြိုးစားနေတဲ့အမျိုးသားတွေ လက်နဲ့အာသာဖြေတာကို မဖြစ်မနေ ရပ်ထားစရာမလိုပါဘူး။ ကိုယ်စိတ်မပါလို့ မလုပ်တာတော့ ရပါတယ်။ ဆော့ထားသမျှ ပြန်ကျသွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရပ်လိုက်လို့လည်း ဘာမှမထူးပါဘူး။


အဓိက Gym ကစားနေတဲ့ အမျိုးသားတွေ၊ အားကစားအပြင်းအထန် လုပ်နေတဲ့အမျိုးသားတွေ၊ ကြွက်သားထုတက်စေဖို့၊ အဆီပိုတွေ၊ ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့၊ စွမ်းဆောင်ရည်ပြည့်ဝပြီး အလေးနိုင်စေဖို့၊ အမောခံနိုင်စေဖို့ အအိပ်၊ အစားနဲ့ လေ့ကျင့်ခန်းကိုသာ သေချာဂရုစိုက်ဖို့ လိုပါတယ်။


• အိပ်ချိန်ကတော့ မဖြစ်မနေ အနည်းဆုံး ၇နာရီမှ ၈နာရီထိ ရှိရပါမယ်။

• ညဘက်ကို စောစောအိပ်ရပါမယ်။ နောက်ကျမှ အိပ်ပြီး အိပ်ချိန်ပြည့်နေရင်လည်း လူကအိပ်ရေးမဝသလို ဖြစ်ပြီး ပင်ပန်းနုံးခွေနေမှာပါ။

• အစားကို သေချာစားရပါမယ်။ များများလည်း စားရပါမယ်။

• အဓိက ပရိုတင်းပါဝင်တဲ့ အသား၊ ငါး၊ ပဲ၊ ဥတွေကို များများစားပေးပါ။

• စားတဲ့အခါမှာ ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ ခွဲစားပေးနိုင်ရင် ပိုကောင်းပါတယ်။

• အားကစားသမားတွေမဟုတ်ဘဲ Gym ကစားတဲ့သူတွေအနေနဲ့ ကစီဓာတ်များတဲ့ အာလူး၊ ကန်စွန်းဥ၊ ဂျုံကြမ်းပေါင်မုန့်၊ ပိန်းဥ၊ ထမင်းစတာတွေကိုလည်း စားပေးနိုင်ပါတယ်။

• အာဟာရဓာတ်စုပ်ယူမှု အားကောင်းစေဖို့ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ အသီးအနှံ၊ အခွံမာသီးတွေကိုပါ အစုံအလင်စားပေးပါ။

• ပရိုတင်းမှုန့်သောက်တယ်ဆိုရင် တစ်နေ့ကို ၂ကြိမ်မှ ၃ကြိမ်ထိ၊ မနက် အစာစားပြီးတစ်ခါ၊ Gym မကစားခင်တစ်ခါ၊ Gym ကစားပြီးပြီးချင်း တစ်ခါ သောက်ပေးပါ။

• အရက်၊ ဆေးလိပ်ကို တတ်နိုင်သလောက်ဖြတ်ပါ။ တကယ်တမ်း အားကစား၊ လေ့ကျင့်ခန်းလုပ်လို့ အားမရှိဘူးဆိုတာ အာသာဖြေလို့ မဟုတ်ပါဘူး။ ဒီမကောင်းတဲ့အကျင့်ကြောင့် မောသလို အားမရှိသလို ဖြစ်နေတာပါ။


အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ကြွက်သားဆုံးရှုံးမှာ၊ အမောမခံနိုင်မှာစိုးတဲ့ စိတ်တစ်ခုတည်းနဲ့ အာသာဖြေခြင်း၊ လိင်ဆက်ဆံခြင်း၊ သုက်လွှတ်ခြင်း၊ လိင်မှုကိစ္စတွေအကုန်လုံးကို ရပ်ထားစရာမလိုပါဘူး။ အားကစားလည်းလုပ်ပါ။ လိင်မှုဘဝမှာလည်း တက်ကြွပါ။ လိင်ဆက်ဆံတိုင်းလည်း ကွန်ဒုံးကို သုံးပါ။


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Ye Myo Myat

0 Comments