သုက္ထြက္ျမန္တဲ့ အမ်ိဳးသားမ်ား ကုသမႈခံယူဖို႔ လိုအပ္လာၿပီဆိုရင္…
==========
အသက္ငယ္စဥ္ သို႔မဟုတ္ လိင္ကိစၥနဲ႔ ပတ္သက္ၿပီး အေတြ႕အႀကဳံသိပ္မရွိတဲ့သူေတြမွာ သုက္ထြက္ျမန္တဲ့ ျပႆနာ အျဖစ္မ်ားပါတယ္။ အစပိုင္းမွာ တစ္ခါတရံ သုက္ထြက္ျမန္သြားတာကေတာ့ အမ်ိဳးသားအမ်ားစု ျဖစ္ေလ့ျဖစ္ထရွိတဲ့ ပုံမွန္ျပႆနာဆိုေပမယ့္ အၿမဲလိုလို ျဖစ္ေနတာဆိုရင္ေတာ့ ကိုယ့္မွာ ခ်ိဳ႕ယြင္းခ်က္တစ္ခုခု ရွိေနတာျဖစ္ႏိုင္ပါတယ္။ အကယ္လို႔ ကိုယ့္မွာ ဘယ္လိုျပႆနာရွိလဲဆိုတာ ေသခ်ာမသိဘူးဆိုရင္ေတာ့ အမ်ိဳးသားေရာဂါကုဆရာဝန္ သို႔မဟုတ္ ဆီးနဲ႔ေက်ာက္ကပ္ အထူးကုဆရာဝန္ဆီမွာ သြားေရာက္ျပသ စစ္ေဆးၾကည့္သင့္ပါတယ္။
ဆရာဝန္အေနနဲ႔ ဘာေတြစစ္ေဆးမွာလဲ။
အရင္ဆုံး လူနာရဲ႕ က်န္းမာေရး၊ မိသားစုရာဇဝင္၊ ေသာက္ေနတဲ့ ေဆးျပင္းမ်ားရွိမရွိ၊ လိင္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီး စြမ္းေဆာင္ႏိုင္ျခင္း (ေထာင္မတ္ျခင္း) ရွိ၊ မရွိ စတာေတြကို ေမးျမန္းမွာျဖစ္ပါတယ္။ သုက္လႊတ္ျမန္ျခင္းသာမက လိင္တံေထာင္မတ္ႏိုင္စြမ္းပါ က်ဆင္းေနၿပီဆိုရင္ေတာ့ ဆရာဝန္အေနနဲ႔ ေသြးေဖာက္စစ္ၿပီး က်ားေဟာ္မုန္း (တက္စတိုစတီ႐ုန္းေဟာ္မုန္း) ပမာဏကို စစ္ေဆးမွာ ျဖစ္ပါတယ္။ သတ္မွတ္ထားတဲ့ ပမာဏထက္ လြန္စြာ နည္းေနၿပီဆိုရင္ ေဟာ္မုန္းအစားထိုး ကုထုံးမ်ားျဖင့္ ကုသမႈခံယူဖို႔ အႀကံေပးမွာ ျဖစ္ပါတယ္။
ေဟာ္မုန္းအစားထိုး ကုသမႈခံယူျခင္း
ေဝဒနာရွင္ရဲ႕ ေသြးကိုစစ္ေဆးၾကည့္တဲ့အခါ က်ားေဟာ္မုန္းပမာဏသည္ သတ္မွတ္ထားတဲ့ စံပမာဏ (300-1000 ng/dL) ထက္ အလြန္နည္းေနတယ္လို႔ ေတြ႕ရၿပီဆိုမွသာ က်ားေဟာ္မုန္းအစားထိုးကုသမႈ ခံယူသင့္ပါတယ္။ ကုထုံးမွာဆိုရင္
က်ားေဟာ္မုန္း ဂ်ယ္လ္လိမ္းျခင္း
က်ားေဟာ္မုန္း ေဆးရည္ကပ္ခြာကပ္ျခင္း
က်ားေဟာ္မုန္း ေဆးရည္ထိုးသြင္းျခင္း ဆိုၿပီး နည္းလမ္း (၃) မ်ိဳးရွိပါတယ္။
ဂ်ယ္လ္လိမ္းျခင္းႏွင့္ ကပ္ခြာကပ္ျခင္း နည္းလမ္းေတြဟာ ေဟာ္မုန္းအစားထိုးကုထုံးရဲ႕ အႏၲရာယ္အကင္းဆုံးလို႔ ယူဆလို႔ရၿပီး ေဆးရည္ထိုးသြင္းျခင္းကေတာ့ ေဘးထြက္ဆိုးက်ိဳးအနည္းငယ္ရွိႏိုင္သလို ဆရာဝန္နဲ႔သာ ေသခ်ာျပသၿပီး ေဆးထိုးလို႔ရပါတယ္။ ဒီနည္းလမ္း (၃) ခုလုံးဟာလည္း ႏွစ္ရွည္လမ်ား အခ်ိန္ၾကာေအာင္ လုပ္ရမယ့္ နည္းလမ္းေတြျဖစ္ၿပီး ခဏတာလုပ္႐ုံနဲ႔ ၿပီးျပတ္သြားမွာ မဟုတ္ပါဘူး။ ေဆးရည္ထိုးသြင္းျခင္းနည္းလမ္းကို အသက္ (၄၀) ေနာက္ပိုင္းအ႐ြယ္ အမ်ိဳးသားေတြကိုသာ အဓိကဦးတည္ၿပီး ကုသေပးမွာျဖစ္ပါတယ္။
႐ုပ္ပိုင္းဆိုင္ရာျပႆနာမ်ားကို ေျဖရွင္းျခင္း
႐ုပ္ပိုင္းဆိုင္ရာ ျပႆနာဆိုတာ ေဝဒနာရွင္အတြက္ လိင္ဆက္ဆံတဲ့အခါ သြားၿပီးအေႏွာင့္အယွက္ျဖစ္ေစႏိုင္တဲ့ က်န္းမာေရးျပႆနာ၊ ေရာဂါေတြကို ဆိုလိုျခင္းျဖစ္ပါတယ္။ ဥပမာ – ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေရာဂါရွိသူေတြမွာ ေရာဂါေၾကာင့္ သို႔မဟုတ္ ေသာက္ေနတဲ့ ေဆးျပင္းေတြေၾကာင့္ လိင္ပိုင္းဆိုင္ရာမွာ အားနည္းသြားတာမ်ိဳး ရွိႏိုင္ပါတယ္။ ဒါေပမယ့္ အဓိက ေရာဂါကို ထိန္းခ်ဳပ္ဖို႔လိုတဲ့အတြက္ ကိုယ့္သေဘာနဲ႔ကိုယ္ ေဆးေျပာင္းေသာက္တာ၊ ေဆးဝါးကုသမႈမခံယူျခင္း၊ အစားအေသာက္ ဆင္ျခင္စားသုံးျခင္းမရွိဘဲ ေရာဂါကို ပစ္ထားရင္ေတာ့ ပိုၿပီးဆိုးလာမွာပဲ ျဖစ္ပါတယ္။ လူနာရွင္ဆီမွာ ဘယ္လိုေရာဂါေတြ ရွိလဲဆိုတာေပၚ မူတည္ၿပီး ဆရာဝန္အေနနဲ႔ သင့္ေတာ္တဲ့ တျခားဆရာဝန္ဆီကို လႊဲေျပာင္းျပသဖို႔ အႀကံေပးပါလိမ့္မယ္။
စိတ္ပိုင္းဆိုင္ရာ ျပႆနာမ်ားကို ထိန္းခ်ဳပ္ျခင္း
ဒါကေတာ့ လူငယ္ေတြမွာ အမ်ားဆုံးေတြ႕ရတတ္တဲ့ ျပႆနာေတြပါ။ ခႏၶာကိုယ္က ေကာင္းစြာစြမ္းေဆာင္ႏိုင္ေသာ္လည္း စိတ္ဖိစီးမႈေတြ၊ အစိုးရိမ္လြန္ကဲတာေတြ၊ စိတ္လႈပ္ရွားမႈ လြန္ကဲတာေတြ၊ ညအိပ္မမွန္တာေတြေၾကာင့္ ဦးေႏွာက္ရဲ႕ လႈံ႕ေဆာ္မႈ ကေမာက္ကမျဖစ္ၿပီး လိင္ပိုင္းဆိုင္ရာ ျပႆနာမ်ား ႀကဳံေတြ႕ရတတ္ပါတယ္။
ျပႆနာက အရမ္းမႀကီးမားဘူးဆိုရင္ေတာ့ ပုံမွန္တရားထိုင္တာ၊ ေလ့က်င့္ခန္း ပုံမွန္လုပ္တာ၊ ေယာဂလုပ္တာ၊ စိတ္ဖိစီးမႈေလွ်ာ့ခ်တာမ်ိဳးသာ အႀကံေပးမွာ ျဖစ္ပါတယ္။ လူနာရွင္ရဲ႕ စိတ္က်န္းမာေရးအေျခအေနက ေတာ္ေတာ္ဆိုး႐ြားေနတယ္လို႔ သံသယရွိရင္ေတာ့ စိတ္ေရာဂါအထူးကုဆရာဝန္ သို႔မဟုတ္ အႀကံေပးတိုင္ပင္ခံေတြနဲ႔ ျပသၾကည့္ရမွာ ျဖစ္ပါတယ္။
ဆရာဝန္အေနနဲ႔ ေဝဒနာရွင္ခံစားေနရတဲ့ ျပႆနာေတြနဲ႔ မေကာင္းတဲ့ စိတ္ခံစားခ်က္မ်ားကို ဘယ္လိုထိန္းခ်ဳပ္ရမလဲ၊ ျပႆနာတစ္ခုကို ေကာင္းတဲ့ ဘက္က ဘယ္လိုရႈျမင္ရမလဲ၊ စိတ္ကို ေပါ့ပါးလန္းဆန္းေစဖို႔နဲ႔ အေကာင္းျမင္စိတ္စြမ္းအားမ်ား ေမြးျမဴႏိုင္ဖို႔ စိတ္နဲ႔ ခႏၶာေလ့က်င့္ခန္းေတြကို အႀကံေပးမွာ ျဖစ္ပါတယ္။ အကယ္လို႔ ကိုယ့္ခ်စ္သူနဲ႔ အဆင္မေျပတဲ့ ကိစၥေတြရွိေနတာမ်ိဳးဆိုရင္လည္း ခ်စ္သူႏွစ္ဦးလုံးနဲ႔ တိုင္ပင္ေဆြးေႏြးၿပီး ျပႆနာအရင္းခံေတြကို ဘယ္လိုေျဖရွင္းလို႔ရမလဲ ဆိုတာ အႀကံေပးပါလိမ့္မယ္။
မိမိဘာသာေရာ ကုသလို႔ရလား။
ဒီေနရာမွာ ကုသလို႔ရတာထက္ ျပႆနာကို ထိန္းခ်ဳပ္တာလို႔ သုံးရင္ ပိုမွန္ပါလိမ့္မယ္။ အကယ္လို႔ ကိုယ့္ရဲ႕ ျပႆနာက တစ္ခါတေလမွသာ ျဖစ္တာမ်ိဳး၊ ကိုယ္က အသက္ငယ္ေနတယ္၊ ကိုယ့္ကိုယ္ကိုယ္ သန္တယ္၊ ျမန္တယ္လို႔ ခံယူထားရင္ ဒီနည္းလမ္းေတြ လုပ္ၾကည့္လို႔ ရပါတယ္။
လိင္ဆက္ဆံျခင္းမစတင္မီ အနည္းဆုံး ၂နာရီအလိုျခားၿပီး တစ္ႀကိမ္ လက္နဲ႔အာသာေျဖ သုက္လႊတ္ေပးပါ။
လိင္ဆက္ဆံတဲ့အခါ ကြန္ဒုံးစြပ္ၿပီး ဆက္ဆံပါ။ ကြန္ဒုံးအသုံးျပဳတဲ့အခါ လိင္အဂၤါရဲ႕ ပြတ္တိုက္မႈဟာ ေလ်ာ့နည္းသြားတဲ့အတြက္ လိင္စိတ္ဆႏၵၿပီးေျမာက္မႈကို အနည္းငယ္ ထိန္းခ်ဳပ္ႏိုင္ပါတယ္။
လိင္ဆက္ဆံတဲ့အခါ ျမင္းတစ္ေကာင္လို ဒုန္းစိုင္းမရပ္မနား ဆက္ဆံတာမ်ိဳး မလုပ္ပါနဲ႔။ ျဖည္းျဖည္းခ်င္းပဲ သြားပါ။ ၿပီးခ်င္လာၿပီလို႔ ခံစားရရင္ ခဏ ရပ္လိုက္ၿပီး ပုံစံေျပာင္းတာမ်ိဳး၊ အနားယူတာမ်ိဳး လုပ္ပါ။
လိင္ဆက္ဆံတဲ့အခါ ခံစားမႈအနည္းငယ္ေလ်ာ့သြားေစၿပီး ထုံက်ဥ္ေစတဲ့ လိမ္းေဆးေတြကို ေဆးဆိုင္ေတြမွာ ေမးျမန္းၿပီး အသုံးျပဳသင့္ပါတယ္။ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ လိင္ဆက္ဆံၿပီး အခ်ိန္အနည္းငယ္ထိ လိင္အဂၤါတစ္ဝိုက္မွာ ခံစားႏိုင္မႈမရွိတာမ်ိဳး ျဖစ္တတ္ပါတယ္။
အျပာ႐ုပ္ရွင္ေတြမွာလို အျပင္ေလာကမွာ လိင္မႈကိစၥျပဳတယ္ဆိုတာ အၿမဲအဆင္ေျပေခ်ာေမြ႕ေနတဲ့ အရာေတာ့ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ေယာက္်ားေလးပဲ ဆိုၿပီး ဘာမွမေျပာဘဲ ေရငုံႏႈတ္ပိတ္ေနတာမ်ိဳး မလုပ္ပါနဲ႔။ ေဆးခန္းျပရမွာ မရွက္ပါနဲ႔။ ေဆးခန္းမျပဘဲ ဒီအတိုင္း က်ိတ္ခံစားေနတာကမွ စိတ္ေရာ၊ ခႏၶာကိုယ္ကိုပါ ပိုၿပီး ထိခိုက္ေစမွာပါ။
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyo Wai Lynn
ေရးသားသူ Ye Myo Myat
Unicode
သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…
==========
အသက်ငယ်စဉ် သို့မဟုတ် လိင်ကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံသိပ်မရှိတဲ့သူတွေမှာ သုက်ထွက်မြန်တဲ့ ပြဿနာ အဖြစ်များပါတယ်။ အစပိုင်းမှာ တစ်ခါတရံ သုက်ထွက်မြန်သွားတာကတော့ အမျိုးသားအများစု ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်ပြဿနာဆိုပေမယ့် အမြဲလိုလို ဖြစ်နေတာဆိုရင်တော့ ကိုယ့်မှာ ချို့ယွင်းချက်တစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။ အကယ်လို့ ကိုယ့်မှာ ဘယ်လိုပြဿနာရှိလဲဆိုတာ သေချာမသိဘူးဆိုရင်တော့ အမျိုးသားရောဂါကုဆရာဝန် သို့မဟုတ် ဆီးနဲ့ကျောက်ကပ် အထူးကုဆရာဝန်ဆီမှာ သွားရောက်ပြသ စစ်ဆေးကြည့်သင့်ပါတယ်။
ဆရာဝန်အနေနဲ့ ဘာတွေစစ်ဆေးမှာလဲ။
အရင်ဆုံး လူနာရဲ့ ကျန်းမာရေး၊ မိသားစုရာဇဝင်၊ သောက်နေတဲ့ ဆေးပြင်းများရှိမရှိ၊ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စွမ်းဆောင်နိုင်ခြင်း (ထောင်မတ်ခြင်း) ရှိ၊ မရှိ စတာတွေကို မေးမြန်းမှာဖြစ်ပါတယ်။ သုက်လွှတ်မြန်ခြင်းသာမက လိင်တံထောင်မတ်နိုင်စွမ်းပါ ကျဆင်းနေပြီဆိုရင်တော့ ဆရာဝန်အနေနဲ့ သွေးဖောက်စစ်ပြီး ကျားဟော်မုန်း (တက်စတိုစတီရုန်းဟော်မုန်း) ပမာဏကို စစ်ဆေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏထက် လွန်စွာ နည်းနေပြီဆိုရင် ဟော်မုန်းအစားထိုး ကုထုံးများဖြင့် ကုသမှုခံယူဖို့ အကြံပေးမှာ ဖြစ်ပါတယ်။
ဟော်မုန်းအစားထိုး ကုသမှုခံယူခြင်း
ဝေဒနာရှင်ရဲ့ သွေးကိုစစ်ဆေးကြည့်တဲ့အခါ ကျားဟော်မုန်းပမာဏသည် သတ်မှတ်ထားတဲ့ စံပမာဏ (300-1000 ng/dL) ထက် အလွန်နည်းနေတယ်လို့ တွေ့ရပြီဆိုမှသာ ကျားဟော်မုန်းအစားထိုးကုသမှု ခံယူသင့်ပါတယ်။ ကုထုံးမှာဆိုရင်
ကျားဟော်မုန်း ဂျယ်လ်လိမ်းခြင်း
ကျားဟော်မုန်း ဆေးရည်ကပ်ခွာကပ်ခြင်း
ကျားဟော်မုန်း ဆေးရည်ထိုးသွင်းခြင်း ဆိုပြီး နည်းလမ်း (၃) မျိုးရှိပါတယ်။
ဂျယ်လ်လိမ်းခြင်းနှင့် ကပ်ခွာကပ်ခြင်း နည်းလမ်းတွေဟာ ဟော်မုန်းအစားထိုးကုထုံးရဲ့ အန္တရာယ်အကင်းဆုံးလို့ ယူဆလို့ရပြီး ဆေးရည်ထိုးသွင်းခြင်းကတော့ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိနိုင်သလို ဆရာဝန်နဲ့သာ သေချာပြသပြီး ဆေးထိုးလို့ရပါတယ်။ ဒီနည်းလမ်း (၃) ခုလုံးဟာလည်း နှစ်ရှည်လများ အချိန်ကြာအောင် လုပ်ရမယ့် နည်းလမ်းတွေဖြစ်ပြီး ခဏတာလုပ်ရုံနဲ့ ပြီးပြတ်သွားမှာ မဟုတ်ပါဘူး။ ဆေးရည်ထိုးသွင်းခြင်းနည်းလမ်းကို အသက် (၄၀) နောက်ပိုင်းအရွယ် အမျိုးသားတွေကိုသာ အဓိကဦးတည်ပြီး ကုသပေးမှာဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာပြဿနာများကို ဖြေရှင်းခြင်း
ရုပ်ပိုင်းဆိုင်ရာ ပြဿနာဆိုတာ ဝေဒနာရှင်အတွက် လိင်ဆက်ဆံတဲ့အခါ သွားပြီးအနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာ၊ ရောဂါတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ – သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိသူတွေမှာ ရောဂါကြောင့် သို့မဟုတ် သောက်နေတဲ့ ဆေးပြင်းတွေကြောင့် လိင်ပိုင်းဆိုင်ရာမှာ အားနည်းသွားတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် အဓိက ရောဂါကို ထိန်းချုပ်ဖို့လိုတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် ဆေးပြောင်းသောက်တာ၊ ဆေးဝါးကုသမှုမခံယူခြင်း၊ အစားအသောက် ဆင်ခြင်စားသုံးခြင်းမရှိဘဲ ရောဂါကို ပစ်ထားရင်တော့ ပိုပြီးဆိုးလာမှာပဲ ဖြစ်ပါတယ်။ လူနာရှင်ဆီမှာ ဘယ်လိုရောဂါတွေ ရှိလဲဆိုတာပေါ် မူတည်ပြီး ဆရာဝန်အနေနဲ့ သင့်တော်တဲ့ တခြားဆရာဝန်ဆီကို လွှဲပြောင်းပြသဖို့ အကြံပေးပါလိမ့်မယ်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ထိန်းချုပ်ခြင်း
ဒါကတော့ လူငယ်တွေမှာ အများဆုံးတွေ့ရတတ်တဲ့ ပြဿနာတွေပါ။ ခန္ဓာကိုယ်က ကောင်းစွာစွမ်းဆောင်နိုင်သော်လည်း စိတ်ဖိစီးမှုတွေ၊ အစိုးရိမ်လွန်ကဲတာတွေ၊ စိတ်လှုပ်ရှားမှု လွန်ကဲတာတွေ၊ ညအိပ်မမှန်တာတွေကြောင့် ဦးနှောက်ရဲ့ လှုံ့ဆော်မှု ကမောက်ကမဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရတတ်ပါတယ်။
ပြဿနာက အရမ်းမကြီးမားဘူးဆိုရင်တော့ ပုံမှန်တရားထိုင်တာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ ယောဂလုပ်တာ၊ စိတ်ဖိစီးမှုလျှော့ချတာမျိုးသာ အကြံပေးမှာ ဖြစ်ပါတယ်။ လူနာရှင်ရဲ့ စိတ်ကျန်းမာရေးအခြေအနေက တော်တော်ဆိုးရွားနေတယ်လို့ သံသယရှိရင်တော့ စိတ်ရောဂါအထူးကုဆရာဝန် သို့မဟုတ် အကြံပေးတိုင်ပင်ခံတွေနဲ့ ပြသကြည့်ရမှာ ဖြစ်ပါတယ်။
ဆရာဝန်အနေနဲ့ ဝေဒနာရှင်ခံစားနေရတဲ့ ပြဿနာတွေနဲ့ မကောင်းတဲ့ စိတ်ခံစားချက်များကို ဘယ်လိုထိန်းချုပ်ရမလဲ၊ ပြဿနာတစ်ခုကို ကောင်းတဲ့ ဘက်က ဘယ်လိုရှုမြင်ရမလဲ၊ စိတ်ကို ပေါ့ပါးလန်းဆန်းစေဖို့နဲ့ အကောင်းမြင်စိတ်စွမ်းအားများ မွေးမြူနိုင်ဖို့ စိတ်နဲ့ ခန္ဓာလေ့ကျင့်ခန်းတွေကို အကြံပေးမှာ ဖြစ်ပါတယ်။ အကယ်လို့ ကိုယ့်ချစ်သူနဲ့ အဆင်မပြေတဲ့ ကိစ္စတွေရှိနေတာမျိုးဆိုရင်လည်း ချစ်သူနှစ်ဦးလုံးနဲ့ တိုင်ပင်ဆွေးနွေးပြီး ပြဿနာအရင်းခံတွေကို ဘယ်လိုဖြေရှင်းလို့ရမလဲ ဆိုတာ အကြံပေးပါလိမ့်မယ်။
မိမိဘာသာရော ကုသလို့ရလား။
ဒီနေရာမှာ ကုသလို့ရတာထက် ပြဿနာကို ထိန်းချုပ်တာလို့ သုံးရင် ပိုမှန်ပါလိမ့်မယ်။ အကယ်လို့ ကိုယ့်ရဲ့ ပြဿနာက တစ်ခါတလေမှသာ ဖြစ်တာမျိုး၊ ကိုယ်က အသက်ငယ်နေတယ်၊ ကိုယ့်ကိုယ်ကိုယ် သန်တယ်၊ မြန်တယ်လို့ ခံယူထားရင် ဒီနည်းလမ်းတွေ လုပ်ကြည့်လို့ ရပါတယ်။
လိင်ဆက်ဆံခြင်းမစတင်မီ အနည်းဆုံး ၂နာရီအလိုခြားပြီး တစ်ကြိမ် လက်နဲ့အာသာဖြေ သုက်လွှတ်ပေးပါ။
လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးစွပ်ပြီး ဆက်ဆံပါ။ ကွန်ဒုံးအသုံးပြုတဲ့အခါ လိင်အင်္ဂါရဲ့ ပွတ်တိုက်မှုဟာ လျော့နည်းသွားတဲ့အတွက် လိင်စိတ်ဆန္ဒပြီးမြောက်မှုကို အနည်းငယ် ထိန်းချုပ်နိုင်ပါတယ်။
လိင်ဆက်ဆံတဲ့အခါ မြင်းတစ်ကောင်လို ဒုန်းစိုင်းမရပ်မနား ဆက်ဆံတာမျိုး မလုပ်ပါနဲ့။ ဖြည်းဖြည်းချင်းပဲ သွားပါ။ ပြီးချင်လာပြီလို့ ခံစားရရင် ခဏ ရပ်လိုက်ပြီး ပုံစံပြောင်းတာမျိုး၊ အနားယူတာမျိုး လုပ်ပါ။
လိင်ဆက်ဆံတဲ့အခါ ခံစားမှုအနည်းငယ်လျော့သွားစေပြီး ထုံကျဉ်စေတဲ့ လိမ်းဆေးတွေကို ဆေးဆိုင်တွေမှာ မေးမြန်းပြီး အသုံးပြုသင့်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ လိင်ဆက်ဆံပြီး အချိန်အနည်းငယ်ထိ လိင်အင်္ဂါတစ်ဝိုက်မှာ ခံစားနိုင်မှုမရှိတာမျိုး ဖြစ်တတ်ပါတယ်။
အပြာရုပ်ရှင်တွေမှာလို အပြင်လောကမှာ လိင်မှုကိစ္စပြုတယ်ဆိုတာ အမြဲအဆင်ပြေချောမွေ့နေတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယောက်ျားလေးပဲ ဆိုပြီး ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေတာမျိုး မလုပ်ပါနဲ့။ ဆေးခန်းပြရမှာ မရှက်ပါနဲ့။ ဆေးခန်းမပြဘဲ ဒီအတိုင်း ကျိတ်ခံစားနေတာကမှ စိတ်ရော၊ ခန္ဓာကိုယ်ကိုပါ ပိုပြီး ထိခိုက်စေမှာပါ။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
0 Comments