ကာမအားတိုးေဆးေသာက္လွ်င္ အူကင္ဆာေၾကာင့္ ေသဆုံးႏိုင္ေျခေလ်ာ့နည္းဟုဆို
=====================================================
ပန္းညႇိဳးတာကို ကုသေပးတဲ့ Viagra ေဆးဟာ အူကင္ ဆာေၾကာင့္ ေသဆုံးႏိုင္ေျခကို ေလ်ာ့သြားေစႏိုင္ဖြယ္ရွိတယ္လို႔ ေလ့လာခ်က္အသစ္က ဆိုပါတယ္။ လိင္တံေထာင္မတ္ႏိုင္စြမ္း ကို အားေကာင္းေစတဲ့ အဲဒီေဆးေသာက္ရင္ အူကင္ဆာေၾကာင့္ အ႐ြယ္မတိုင္မီ ေသဆုံးႏိုင္ေျခ ၂၀ ရာခိုင္ႏႈန္းနီးပါး နည္းသြား ႏိုင္တာပါ။ Viagra နဲ႔ သူနဲ႔အလားတူတဲ့ေဆးေတြမွာ ေရာင္ရမ္း မႈကို တိုက္ဖ်က္ႏိုင္စြမ္း၊ အက်ိတ္တည္တာကို တိုက္ဖ်က္ႏိုင္ စြမ္းရွိတဲ့အျပင္ ခြဲစိတ္မႈအၿပီး အားနည္းသြားတာမ်ိဳးမျဖစ္ေအာင္ လည္း ကာကြယ္ေပးႏိုင္စြမ္းရွိတယ္လို႔ ဆြီဒင္သုေတသီအဖြဲ႕က ယုံၾကည္ပါတယ္။ အမ်ိဳးသားေတြဟာ အသက္ႀကီးလာတာနဲ႔အမွ် လိင္တံေထာင္မတ္ႏိုင္စြမ္းအားနည္းလာၾကပါတယ္။ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသားေတြထဲမွာ ၄၀ ရာခိုင္ႏႈန္းေလာက္ဟာ ပန္းညႇိဳးေလ့ရွိၿပီး အသက္ ၇၀ အ႐ြယ္အမ်ိဳးသားေတြထဲမွာ ၇၀ ရာခိုင္ႏႈန္းေလာက္က ပန္းညႇိဳးႏိုင္တယ္လို႔ သိရပါတယ္။ ဒီလိုမ ျဖစ္ခ်င္ဘူးဆိုရင္ ၀ိတ္ေလွ်ာ့ ဒါမွမဟုတ္ ေဆးလိပ္ျဖတ္ ဒါမွမဟုတ္ Viagra လိုေဆးမ်ိဳးေသာက္ရပါမယ္။
♦ (DM, 27.8.20) ခ်ယ္ရီ
ကာမအားတိုးဆေးသောက်လျှင် အူကင်ဆာကြောင့် သေဆုံးနိုင်ခြေလျော့နည်းဟုဆို
=====================================================
ပန်းညှိုးတာကို ကုသပေးတဲ့ Viagra ဆေးဟာ အူကင် ဆာကြောင့် သေဆုံးနိုင်ခြေကို လျော့သွားစေနိုင်ဖွယ်ရှိတယ်လို့ လေ့လာချက်အသစ်က ဆိုပါတယ်။ လိင်တံထောင်မတ်နိုင်စွမ်း ကို အားကောင်းစေတဲ့ အဲဒီဆေးသောက်ရင် အူကင်ဆာကြောင့် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်းနီးပါး နည်းသွား နိုင်တာပါ။ Viagra နဲ့ သူနဲ့အလားတူတဲ့ဆေးတွေမှာ ရောင်ရမ်း မှုကို တိုက်ဖျက်နိုင်စွမ်း၊ အကျိတ်တည်တာကို တိုက်ဖျက်နိုင် စွမ်းရှိတဲ့အပြင် ခွဲစိတ်မှုအပြီး အားနည်းသွားတာမျိုးမဖြစ်အောင် လည်း ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ ဆွီဒင်သုတေသီအဖွဲ့က ယုံကြည်ပါတယ်။ အမျိုးသားတွေဟာ အသက်ကြီးလာတာနဲ့အမျှ လိင်တံထောင်မတ်နိုင်စွမ်းအားနည်းလာကြပါတယ်။ အသက် ၄၀ အရွယ် အမျိုးသားတွေထဲမှာ ၄၀ ရာခိုင်နှုန်းလောက်ဟာ ပန်းညှိုးလေ့ရှိပြီး အသက် ၇၀ အရွယ်အမျိုးသားတွေထဲမှာ ၇၀ ရာခိုင်နှုန်းလောက်က ပန်းညှိုးနိုင်တယ်လို့ သိရပါတယ်။ ဒီလိုမ ဖြစ်ချင်ဘူးဆိုရင် ၀ိတ်လျှော့ ဒါမှမဟုတ် ဆေးလိပ်ဖြတ် ဒါမှမဟုတ် Viagra လိုဆေးမျိုးသောက်ရပါမယ်။
♦ (DM, 27.8.20) ချယ်ရီ
0 Comments