စအိုဖြင့် လိင်ဆက်ဆံခြင်းနှင့် HIV ကူးစက်နှုန်း မြင့်မားလာခြင်း
အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းဟာ HIV ပိုးအပြင် တခြားလိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်ပွားဖို့ အခွင့်အလမ်းပိုများစေတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ အဓိကအားဖြင့် ရောဂါပိုးရှိသူရဲ့ သုက်ရည်၊ သွေး၊ မိန်းမကိုယ်မှ အရည်တွေဟာ သွေးကြောထဲသို့ တစ်နည်းနည်းနဲ့ ဝင်ရောက်သွားတဲ့အခါမှာ စတင်ကူးစက်သွားပါပြီ။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို မဖြစ်မနေ သုံးဖို့ အရေးကြီးပါတယ်။
လိင်ဆက်ဆံခြင်းလို့ ဆိုရာမှာ
၁။ ထိုးသွင်းဆက်ဆံမှုမရှိဘဲလက်၊ ပါးစပ်ဖြင့် လိင်တံ၊ ယောနိ၊ စအိုကို လှုံ့ဆော်ခြင်း (Masturbation, Oral Sex)
၂။ လိင်တံဖြင့် မိန်းမကိုယ်ကို ထိုးသွင်းဆက်ဆံမှု ပြုခြင်း (Vaginal Sex)
၃။ လိင်တံဖြင့် စအိုဝသို့ ထိုးသွင်းဆက်ဆံခြင်း (Anal Sex) ကို ဆိုလိုပါတယ်။
ထိုးသွင်းဆက်ဆံမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကာအကွယ်မသုံးဘူးဆိုရင် မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ ရလာနိုင်တယ်။ HIV အပြင် တခြားသော လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်လာနိုင်ပါတယ်။ သုတေသီတို့ လေ့လာချက်အရ လိင်ဆက်ဆံခြင်းနည်းလမ်း ၃မျိုးမှာ လိင်တံဖြင့် စအိုဝသို့ ထိုးသွင်းဆက်ဆံခြင်းနည်းလမ်းဟာ HIV ပိုးကူးစက်နိုင်ခြေ အမြင့်ဆုံးနဲ့ အန္တရာယ်အရှိဆုံးနည်းလမ်း ဖြစ်တယ်လို့ သိရှိရပါတယ်။
ဘာကြောင့် စအိုဝဖြင့် လိင်ဆက်ဆံခြင်းဟာ အန္တရာယ်များတာလဲ။
မိန်းမကိုယ် (ယောနိ) လိုမဟုတ်ဘဲ စအိုမှာ သဘာဝချောဆီ မထွက်ပါဘူး။ ဒီအခါမှာ ထိုးသွင်းဆက်ဆံသူရော၊ ဆက်ဆံခံရသူမှာပါ သေချာသတိထားဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် စအိုဝအတွင်းသား တစ်သျှူးတွေဟာ အလွန်နူးညံ့တဲ့အတွက် ကွဲလွယ်၊ ပွန်းရှပြီး ထိခိုက်ဖို့ အရမ်းလွယ်ကူပါတယ်။ အနည်းငယ်လေး ထိခိုက်ပွန်းပဲ့သွားတာနဲ့တင် HIV ပိုးဟာ သွေးကြောထဲကို တိုက်ရိုက်ဝင်ရောက်သွားနိုင်ပြီး ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ ဒါ့အပြင် စအိုဝမှာ သွေးယိုစိမ့်မှု ရှိနေတဲ့အတွက် လိင်တံမှာ ပွန်းပဲ့ဒဏ်ရာ ရှိနေရင်၊ သို့မဟုတ် သွေးထွက်နေတဲ့ စအိုဝကို ပါးစပ်၊ လျှာဖြင့် လှုံ့ဆော်မိတဲ့အခါ ရောဂါပိုးအလွယ်တကူ ကူးစက်ဝင်ရောက်လာဖို့ လမ်းခင်းလိုက်သလို ဖြစ်သွားပါတယ်။
ပွန်းပဲ့ထိခိုက်မှု မရှိသည့်တိုင်အောင် စအိုဝအတွင်းသား တစ်သျှူးတွေမှာ အပေါက်ငယ်လေးတွေ အများအပြားရှိတဲ့အတွက် လိင်ပိုင်းဆိုင်ရာခံစားမှုကို ပိုကောင်းစေနိုင်သလို ရောဂါကူးစက်နှုန်းလည်း ရှိနေပါတယ်။
လိင်ဆက်ဆံနေစဉ် အကာအကွယ် အသုံးမပြုတဲ့အခါ လိင်တံမှတစ်ဆင့် ကနဦးသုက်ရည်ကြည်၊ သုက်ရည်ဟာ စအိုဝတစ်သျှူးတွေနဲ့ အမြဲထိတွေ့နေရတဲ့အတွက် ပိုးကူးစက်ဖို့ အခွင့်အလမ်းပိုများပါတယ်။ သုက်ရည်ထဲမှာ HIV ပိုးကောင်ရေ များရင် များသလို ကူးစက်ခံရဖို့ ရာခိုင်နှုန်းဟာ မြင့်တက်လာနိုင်ပါတယ်။
ဘယ်လိုလူတွေမှာ ကူးစက်နိုင်ခြေ ပိုများနိုင်လဲ။
စအိုဝဖြင့် လိင်ဆက်ဆံခြင်းမှာ
လိင်ကွဲနှင့် ဆက်ဆံသော အမျိုးသားတွေ (Heterosexual)
လိင်တူချင်း ဆက်ဆံသော အမျိုးသားတွေ (Homosexual)
လိင်တူ၊ လိင်ကွဲ ၂မျိုးလုံး ဆက်ဆံသော အမျိုးသားတွေ (Bisexual)
ထိုးသွင်းဆက်ဆံခံရသူ (အမျိုးသား၊ အမျိုးသမီး) (Receptive Partner) အကုန်လုံးမှာ HIV ပိုး ကူးစက်နိုင်ခြေ ရှိပါတယ်။
အထူးသဖြင့် နည်းလမ်းတစ်မျိုးထက်ပိုအသုံးပြုပြီး လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော် များလွန်းတာ၊ အကာအကွယ်ကို လုံးဝအသုံးမပြုတာ၊ လိင်ဆက်ဆံတဲ့အခါ ချောဆီမသုံးတာ၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့အခါ၊ လိင်တံထိပ်အရေပြား ဖုံးနေတဲ့ အမျိုးသားတွေမှာ ပိုပြီး ထိခိုက်ပွန်းပဲ့မိဖို့ လွယ်ကူတာကြောင့် ကူးစက်နိုင်ခြေ ပိုများပါတယ်။
အကာအကွယ် (ကွန်ဒုံး) မပါဝင်ဘဲ စအိုဝဖြင့် လိင်ဆက်ဆံခြင်းပြုတဲ့အခါ ပျမ်းမျှအားဖြင့်
ထိုးသွင်းဆက်ဆံတာနဲ့ အပြုခံတာ ၂မျိုးလုံး လုပ်တဲ့ အမျိုးသားတွေ = ၃၉.၉ ရာခိုင်နှုန်းအထိ
ထိုးသွင်းဆက်ဆံတဲ့ အမျိုးသားတွေ = ၂၁.၇ ရာခိုင်နှုန်း
ထိုးသွင်းဆက်ဆံခံရသူ (အမျိုးသား၊ အမျိုးသမီး) တွေ = ၄၀.၄ ရာခိုင်နှုန်းအထိ ကူးစက်နိုင်ခြေရှိပါတယ်။
စအိုဝဖြင့် ထိုးသွင်းဆက်ဆံခြင်းမှ ရောဂါပိုးကူးစက်နိုင်ခြေ လျှော့ချနိုင်မယ့် နည်းလမ်းများ
၁။ အကာအကွယ် အသုံးပြုခြင်း
ကွန်ဒုံးကို မှန်ကန်တဲ့နည်းစနစ်နဲ့ အသုံးပြုတဲ့အခါ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို အထိရောက်ဆုံး တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် ကွန်ဒုံးဝယ်ရမှာ မရှက်ပါနဲ့။ နည်းစနစ်မှန်နဲ့ အသုံးပြုပါ။ ရက်လွန်နေတဲ့ ကွန်ဒုံးတွေကို အသုံးပြုတာ၊ ကွန်ဒုံး ၂ထပ် စွပ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်က ကွန်ဒုံးအသုံးမပြုချင်ကြောင်း ပြောလာခဲ့ရင် ကျန်းမာရေးနဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်အကြောင်း ပြောပြပြီး ကွန်ဒုံးအသုံးပြုဖို့ သေချာဖျောင်းဖျပါ။
၂။ ချောဆီ အသုံးပြုခြင်း
ယောနိနဲ့ မတူဘဲ စအိုမှ သဘာဝချောဆီ ထွက်မလာတဲ့အတွက် ပေါက်ပြဲထိခိုက်ဖို့ လွယ်ကူပါတယ်။ စအိုဝဖြင့် လိင်ဆက်ဆံခြင်းပြုတော့မယ်ဆိုရင် ချောဆီ အသုံးပြုဖို့ လိုအပ်ပါတယ်။ ရေဓါတ်ကို အခြေခံပြီး ပြုလုပ်ထားတဲ့ ချောဆီတွေကို သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။ ထိုးသွင်းဆက်ဆံခြင်း မပြုလုပ်ခင် ကွန်ဒုံးကို ထောင်မတ်နေတဲ့ လိင်တံပေါ် အရင်စွတ်ပါ။ ပြီးသွားမှ ကွန်ဒုံးပေါ်မှာ ချောဆီကို လိုအပ်သလောက် သုတ်လိမ်းထားပါ။ စအိုပတ်လည်မှာလည်း ချောဆီ များများ သုတ်လိမ်းပေးဖို့ အရေးကြီးပါတယ်။
၃။ အရက်သေစာ၊ မူးယစ်ဆေးဝါး မသုံးပါနဲ့
လိင်မဆက်ဆံခင်မှာ ရဲဆေးအနေနဲ့ အရက်လေး နည်းနည်းမော့တတ်တာ ယောက်ျားလေးတော်တော်များများ လုပ်တတ်တဲ့ အကျင့်တစ်ခုပါ။ အရက်ကို လိုတာထက် ပိုသောက်ပြီး မူးသွားတဲ့အခါ အသိစိတ်ကို သေချာထိန်းချုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအခါ အန္တရာယ်များတဲ့ လိင်ဆက်ဆံမှုမျိုးတွေ၊ ကြမ်းတမ်းစွာ လိင်ဆက်ဆံတာမျိုး ပြုလုပ်နိုင်ပါတယ်။ မူးယစ်ဆေးဝါးတွေဆိုတာလည်း အသိအာရုံကို ထွေပြားစေတဲ့အပြင် သွေးကြောတွေကို ကျယ်သွားစေတဲ့အတွက် ရောဂါပိုးဟာ ကိုယ်ခန္ဓါထဲ ဝင်ရောက်ဖို့ ပိုမိုလွယ်ကူသွားနိုင်ပါတယ်။
၄။ HIV ပိုးရှိတဲ့သူတွေ ART ဆေးကို မဖြစ်မနေ သောက်ပေးရပါမယ်။
လက်ရှိအချိန်ထိ HIV ပိုးကို အမြစ်ပြတ်ဖယ်ရှားပြီး ပျောက်ကင်းသွားစေတဲ့ ဆေးဝါးများ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ART ဆေး (Antiretroviral Therapy) ကို ပုံမှန်သောက်ပေးမယ်ဆိုရင် သွေးနဲ့ ကိုယ်တွင်းအရည်ထဲမှာ ရှိနေတဲ့ HIV ပိုး (Viral Load) တွေကို လျော့နည်းစေပြီး ဆက်လက်မျိုးမပွားအောင် ထိန်းထားပေးနိုင်တယ်။ ကိုယ်ခံအားစနစ်ထဲမှာ ရှိနေတဲ့ CD4 ဆဲလ်တွေကို ပုံမှန်ထုတ်လုပ်လာနိုင်တဲ့အတွက် ကျန်းမာရေးကို ကောင်းစေပြီး ရောဂါတွေ အလွယ်တကူမဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ကိုယ့်ဆီမှာ ရောဂါပိုးရှိရင်လည်း တခြားသူဆီကို မကူးစက်နိုင်စေဖို့ ထိန်းပေးပါတယ်။
အန္တရာယ်ရှိတဲ့ အပြုအမူမျိုး ပြုခဲ့မိရင် ဘာဆက်လုပ်ကြမလဲ။
HIV ပိုးရှိနေတဲ့ သူနဲ့ ဆက်ဆံလိုက်မိပြီလို့ စိတ်ထဲမှာ သံသယရှိနေတာ၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခဲ့တယ်ဆိုရင် PEP ဆေး (Post-exposure Prophylaxis) တွေကို သောက်ပေးလို့ ရပါတယ်။ ဒီဆေးဟာ ၂၈ရက်တိတိ မပျက်မကွက် သောက်ရတဲ့ ဆေးဖြစ်ပြီး အန္တရာယ်ရှိတဲ့ အပြုအမူတွေ ဖြစ်ပြီး ၁နာရီမှ ၇၂ နာရီအတွင်း စောစောသောက်ပေးနိုင်ရင် ကူးစက်ဖို့ အခွင့်အလမ်းကို နည်းသွားစေနိုင်ပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
စအိုျဖင့္ လိင္ဆက္ဆံျခင္းႏွင့္ HIV ကူးစက္ႏႈန္း ျမင့္မားလာျခင္း
အကာအကြယ္မပါဘဲ လိင္ဆက္ဆံျခင္းဟာ HIV ပိုးအျပင္ တျခားလိင္ကတစ္ဆင့္ ကူးစက္ေရာဂါေတြ ျဖစ္ပြားဖို႔ အခြင့္အလမ္းပိုမ်ားေစတယ္ဆိုတာ သိၿပီးသားျဖစ္မွာပါ။ အဓိကအားျဖင့္ ေရာဂါပိုးရွိသူရဲ႕ သုက္ရည္၊ ေသြး၊ မိန္းမကိုယ္မွ အရည္ေတြဟာ ေသြးေၾကာထဲသို႔ တစ္နည္းနည္းနဲ႔ ဝင္ေရာက္သြားတဲ့အခါမွာ စတင္ကူးစက္သြားပါၿပီ။ ဒါေၾကာင့္ လိင္ဆက္ဆံတိုင္း ကြန္ဒုံးကို မျဖစ္မေန သုံးဖို႔ အေရးႀကီးပါတယ္။
လိင္ဆက္ဆံျခင္းလို႔ ဆိုရာမွာ
၁။ ထိုးသြင္းဆက္ဆံမႈမရွိဘဲလက္၊ ပါးစပ္ျဖင့္ လိင္တံ၊ ေယာနိ၊ စအိုကို လႈံ႕ေဆာ္ျခင္း (Masturbation, Oral Sex)
၂။ လိင္တံျဖင့္ မိန္းမကိုယ္ကို ထိုးသြင္းဆက္ဆံမႈ ျပဳျခင္း (Vaginal Sex)
၃။ လိင္တံျဖင့္ စအိုဝသို႔ ထိုးသြင္းဆက္ဆံျခင္း (Anal Sex) ကို ဆိုလိုပါတယ္။
ထိုးသြင္းဆက္ဆံမႈ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အကာအကြယ္မသုံးဘူးဆိုရင္ မလိုလားအပ္တဲ့ ကိုယ္ဝန္ေတြ ရလာႏိုင္တယ္။ HIV အျပင္ တျခားေသာ လိင္မွတစ္ဆင့္ ေရာဂါေတြ ကူးစက္လာႏိုင္ပါတယ္။ သုေတသီတို႔ ေလ့လာခ်က္အရ လိင္ဆက္ဆံျခင္းနည္းလမ္း ၃မ်ိဳးမွာ လိင္တံျဖင့္ စအိုဝသို႔ ထိုးသြင္းဆက္ဆံျခင္းနည္းလမ္းဟာ HIV ပိုးကူးစက္ႏိုင္ေျခ အျမင့္ဆုံးနဲ႔ အႏၲရာယ္အရွိဆုံးနည္းလမ္း ျဖစ္တယ္လို႔ သိရွိရပါတယ္။
ဘာေၾကာင့္ စအိုဝျဖင့္ လိင္ဆက္ဆံျခင္းဟာ အႏၲရာယ္မ်ားတာလဲ။
မိန္းမကိုယ္ (ေယာနိ) လိုမဟုတ္ဘဲ စအိုမွာ သဘာဝေခ်ာဆီ မထြက္ပါဘူး။ ဒီအခါမွာ ထိုးသြင္းဆက္ဆံသူေရာ၊ ဆက္ဆံခံရသူမွာပါ ေသခ်ာသတိထားဖို႔ လိုအပ္ပါတယ္။
အထူးသျဖင့္ စအိုဝအတြင္းသား တစ္သွ်ဴးေတြဟာ အလြန္ႏူးညံ့တဲ့အတြက္ ကြဲလြယ္၊ ပြန္းရွၿပီး ထိခိုက္ဖို႔ အရမ္းလြယ္ကူပါတယ္။ အနည္းငယ္ေလး ထိခိုက္ပြန္းပဲ့သြားတာနဲ႔တင္ HIV ပိုးဟာ ေသြးေၾကာထဲကို တိုက္႐ိုက္ဝင္ေရာက္သြားႏိုင္ၿပီး ေရာဂါပိုးကူးစက္ခံရႏိုင္ပါတယ္။ ဒါ့အျပင္ စအိုဝမွာ ေသြးယိုစိမ့္မႈ ရွိေနတဲ့အတြက္ လိင္တံမွာ ပြန္းပဲ့ဒဏ္ရာ ရွိေနရင္၊ သို႔မဟုတ္ ေသြးထြက္ေနတဲ့ စအိုဝကို ပါးစပ္၊ လွ်ာျဖင့္ လႈံ႕ေဆာ္မိတဲ့အခါ ေရာဂါပိုးအလြယ္တကူ ကူးစက္ဝင္ေရာက္လာဖို႔ လမ္းခင္းလိုက္သလို ျဖစ္သြားပါတယ္။
ပြန္းပဲ့ထိခိုက္မႈ မရွိသည့္တိုင္ေအာင္ စအိုဝအတြင္းသား တစ္သွ်ဴးေတြမွာ အေပါက္ငယ္ေလးေတြ အမ်ားအျပားရွိတဲ့အတြက္ လိင္ပိုင္းဆိုင္ရာခံစားမႈကို ပိုေကာင္းေစႏိုင္သလို ေရာဂါကူးစက္ႏႈန္းလည္း ရွိေနပါတယ္။
လိင္ဆက္ဆံေနစဥ္ အကာအကြယ္ အသုံးမျပဳတဲ့အခါ လိင္တံမွတစ္ဆင့္ ကနဦးသုက္ရည္ၾကည္၊ သုက္ရည္ဟာ စအိုဝတစ္သွ်ဴးေတြနဲ႔ အၿမဲထိေတြ႕ေနရတဲ့အတြက္ ပိုးကူးစက္ဖို႔ အခြင့္အလမ္းပိုမ်ားပါတယ္။ သုက္ရည္ထဲမွာ HIV ပိုးေကာင္ေရ မ်ားရင္ မ်ားသလို ကူးစက္ခံရဖို႔ ရာခိုင္ႏႈန္းဟာ ျမင့္တက္လာႏိုင္ပါတယ္။
ဘယ္လိုလူေတြမွာ ကူးစက္ႏိုင္ေျခ ပိုမ်ားႏိုင္လဲ။
စအိုဝျဖင့္ လိင္ဆက္ဆံျခင္းမွာ
လိင္ကြဲႏွင့္ ဆက္ဆံေသာ အမ်ိဳးသားေတြ (Heterosexual)
လိင္တူခ်င္း ဆက္ဆံေသာ အမ်ိဳးသားေတြ (Homosexual)
လိင္တူ၊ လိင္ကြဲ ၂မ်ိဳးလုံး ဆက္ဆံေသာ အမ်ိဳးသားေတြ (Bisexual)
ထိုးသြင္းဆက္ဆံခံရသူ (အမ်ိဳးသား၊ အမ်ိဳးသမီး) (Receptive Partner) အကုန္လုံးမွာ HIV ပိုး ကူးစက္ႏိုင္ေျခ ရွိပါတယ္။
အထူးသျဖင့္ နည္းလမ္းတစ္မ်ိဳးထက္ပိုအသုံးျပဳၿပီး လိင္ဆက္ဆံတာ၊ လိင္ဆက္ဆံေဖာ္ မ်ားလြန္းတာ၊ အကာအကြယ္ကို လုံးဝအသုံးမျပဳတာ၊ လိင္ဆက္ဆံတဲ့အခါ ေခ်ာဆီမသုံးတာ၊ မူးယစ္ေဆးဝါး သုံးစြဲတဲ့အခါ၊ လိင္တံထိပ္အေရျပား ဖုံးေနတဲ့ အမ်ိဳးသားေတြမွာ ပိုၿပီး ထိခိုက္ပြန္းပဲ့မိဖို႔ လြယ္ကူတာေၾကာင့္ ကူးစက္ႏိုင္ေျခ ပိုမ်ားပါတယ္။
အကာအကြယ္ (ကြန္ဒုံး) မပါဝင္ဘဲ စအိုဝျဖင့္ လိင္ဆက္ဆံျခင္းျပဳတဲ့အခါ ပ်မ္းမွ်အားျဖင့္
ထိုးသြင္းဆက္ဆံတာနဲ႔ အျပဳခံတာ ၂မ်ိဳးလုံး လုပ္တဲ့ အမ်ိဳးသားေတြ = ၃၉.၉ ရာခိုင္ႏႈန္းအထိ
ထိုးသြင္းဆက္ဆံတဲ့ အမ်ိဳးသားေတြ = ၂၁.၇ ရာခိုင္ႏႈန္း
ထိုးသြင္းဆက္ဆံခံရသူ (အမ်ိဳးသား၊ အမ်ိဳးသမီး) ေတြ = ၄၀.၄ ရာခိုင္ႏႈန္းအထိ ကူးစက္ႏိုင္ေျခရွိပါတယ္။
စအိုဝျဖင့္ ထိုးသြင္းဆက္ဆံျခင္းမွ ေရာဂါပိုးကူးစက္ႏိုင္ေျခ ေလွ်ာ့ခ်ႏိုင္မယ့္ နည္းလမ္းမ်ား
၁။ အကာအကြယ္ အသုံးျပဳျခင္း
ကြန္ဒုံးကို မွန္ကန္တဲ့နည္းစနစ္နဲ႔ အသုံးျပဳတဲ့အခါ လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြကို အထိေရာက္ဆုံး တားဆီးေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ကြန္ဒုံးဝယ္ရမွာ မရွက္ပါနဲ႔။ နည္းစနစ္မွန္နဲ႔ အသုံးျပဳပါ။ ရက္လြန္ေနတဲ့ ကြန္ဒုံးေတြကို အသုံးျပဳတာ၊ ကြန္ဒုံး ၂ထပ္ စြပ္တာမ်ိဳး လုံးဝမလုပ္ပါနဲ႔။ ကိုယ့္ရဲ႕ လိင္ဆက္ဆံေဖာ္က ကြန္ဒုံးအသုံးမျပဳခ်င္ေၾကာင္း ေျပာလာခဲ့ရင္ က်န္းမာေရးနဲ႔ ျဖစ္လာႏိုင္တဲ့ အႏၲရာယ္အေၾကာင္း ေျပာျပၿပီး ကြန္ဒုံးအသုံးျပဳဖို႔ ေသခ်ာေဖ်ာင္းဖ်ပါ။
၂။ ေခ်ာဆီ အသုံးျပဳျခင္း
ေယာနိနဲ႔ မတူဘဲ စအိုမွ သဘာဝေခ်ာဆီ ထြက္မလာတဲ့အတြက္ ေပါက္ၿပဲထိခိုက္ဖို႔ လြယ္ကူပါတယ္။ စအိုဝျဖင့္ လိင္ဆက္ဆံျခင္းျပဳေတာ့မယ္ဆိုရင္ ေခ်ာဆီ အသုံးျပဳဖို႔ လိုအပ္ပါတယ္။ ေရဓါတ္ကို အေျခခံၿပီး ျပဳလုပ္ထားတဲ့ ေခ်ာဆီေတြကို သုံးေပးႏိုင္ရင္ ပိုေကာင္းပါတယ္။ ထိုးသြင္းဆက္ဆံျခင္း မျပဳလုပ္ခင္ ကြန္ဒုံးကို ေထာင္မတ္ေနတဲ့ လိင္တံေပၚ အရင္စြတ္ပါ။ ၿပီးသြားမွ ကြန္ဒုံးေပၚမွာ ေခ်ာဆီကို လိုအပ္သေလာက္ သုတ္လိမ္းထားပါ။ စအိုပတ္လည္မွာလည္း ေခ်ာဆီ မ်ားမ်ား သုတ္လိမ္းေပးဖို႔ အေရးႀကီးပါတယ္။
၃။ အရက္ေသစာ၊ မူးယစ္ေဆးဝါး မသုံးပါနဲ႔
လိင္မဆက္ဆံခင္မွာ ရဲေဆးအေနနဲ႔ အရက္ေလး နည္းနည္းေမာ့တတ္တာ ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ား လုပ္တတ္တဲ့ အက်င့္တစ္ခုပါ။ အရက္ကို လိုတာထက္ ပိုေသာက္ၿပီး မူးသြားတဲ့အခါ အသိစိတ္ကို ေသခ်ာထိန္းခ်ဳပ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဒီအခါ အႏၲရာယ္မ်ားတဲ့ လိင္ဆက္ဆံမႈမ်ိဳးေတြ၊ ၾကမ္းတမ္းစြာ လိင္ဆက္ဆံတာမ်ိဳး ျပဳလုပ္ႏိုင္ပါတယ္။ မူးယစ္ေဆးဝါးေတြဆိုတာလည္း အသိအာ႐ုံကို ေထြျပားေစတဲ့အျပင္ ေသြးေၾကာေတြကို က်ယ္သြားေစတဲ့အတြက္ ေရာဂါပိုးဟာ ကိုယ္ခႏၶါထဲ ဝင္ေရာက္ဖို႔ ပိုမိုလြယ္ကူသြားႏိုင္ပါတယ္။
၄။ HIV ပိုးရွိတဲ့သူေတြ ART ေဆးကို မျဖစ္မေန ေသာက္ေပးရပါမယ္။
လက္ရွိအခ်ိန္ထိ HIV ပိုးကို အျမစ္ျပတ္ဖယ္ရွားၿပီး ေပ်ာက္ကင္းသြားေစတဲ့ ေဆးဝါးမ်ား ေပၚထြက္လာျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ ART ေဆး (Antiretroviral Therapy) ကို ပုံမွန္ေသာက္ေပးမယ္ဆိုရင္ ေသြးနဲ႔ ကိုယ္တြင္းအရည္ထဲမွာ ရွိေနတဲ့ HIV ပိုး (Viral Load) ေတြကို ေလ်ာ့နည္းေစၿပီး ဆက္လက္မ်ိဳးမပြားေအာင္ ထိန္းထားေပးႏိုင္တယ္။ ကိုယ္ခံအားစနစ္ထဲမွာ ရွိေနတဲ့ CD4 ဆဲလ္ေတြကို ပုံမွန္ထုတ္လုပ္လာႏိုင္တဲ့အတြက္ က်န္းမာေရးကို ေကာင္းေစၿပီး ေရာဂါေတြ အလြယ္တကူမျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္တယ္။ ကိုယ့္ဆီမွာ ေရာဂါပိုးရွိရင္လည္း တျခားသူဆီကို မကူးစက္ႏိုင္ေစဖို႔ ထိန္းေပးပါတယ္။
အႏၲရာယ္ရွိတဲ့ အျပဳအမူမ်ိဳး ျပဳခဲ့မိရင္ ဘာဆက္လုပ္ၾကမလဲ။
HIV ပိုးရွိေနတဲ့ သူနဲ႔ ဆက္ဆံလိုက္မိၿပီလို႔ စိတ္ထဲမွာ သံသယရွိေနတာ၊ အကာအကြယ္မပါဘဲ လိင္ဆက္ဆံခဲ့တယ္ဆိုရင္ PEP ေဆး (Post-exposure Prophylaxis) ေတြကို ေသာက္ေပးလို႔ ရပါတယ္။ ဒီေဆးဟာ ၂၈ရက္တိတိ မပ်က္မကြက္ ေသာက္ရတဲ့ ေဆးျဖစ္ၿပီး အႏၲရာယ္ရွိတဲ့ အျပဳအမူေတြ ျဖစ္ၿပီး ၁နာရီမွ ၇၂ နာရီအတြင္း ေစာေစာေသာက္ေပးႏိုင္ရင္ ကူးစက္ဖို႔ အခြင့္အလမ္းကို နည္းသြားေစႏိုင္ပါတယ္။
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
ေရးသားသူ Ye Myo Myat
0 Comments