ပါးစပ္နဲ႔ လိင္ဆက္ဆံစဥ္မွာ ကြန္ဒုံး အသုံးျပဳျခင္း
သင္လုံၿခဳံစိတ္ခ်ရတဲ့ လိင္မႈဘဝကိုရရွိခ်င္တယ္ဆိုရင္ ကြန္ဒုံးေတြကိုအလြန္လိုအပ္ပါတယ္။ ကြန္ဒုံးေတြဟာကိုယ္ဝန္ ရရွိျခင္းနဲ႔ လိင္မွတစ္ဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါပိုးေတြကိုကာကြယ္ေပးပါတယ္။ သူတို႔ဟာသုတ္ပိုးနဲ႔ မိန္းမကိုယ္၊ စအို၊ နဲ႔ ပါးစပ္တို႔ကထြက္ရွိတဲ့ အရည္ေတြကိုသိမ္းထားေပးတဲ့ ၾကားခံအရာအျဖစ္ အလုပ္လုပ္ပါတယ္။
အမ်ိဳးသားေရာအမ်ိဳးသမီးအတြက္ပါ ကြန္ဒုံးေတြရွိပါတယ္။ ႏွစ္ခုလုံးကိုတစ္ႀကိမ္တည္းမွာေရာမသုံးဖို႔ သတိရပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ဟာတစ္ခုနဲ႔တစ္ခုကပ္ၿပီးေပါက္တတ္လို႔ျဖစ္ပါတယ္။
အမ်ိဳးသားသုံးကြန္ဒုံးဆိုတာဘာကိုေျပာတာလဲ။
အမ်ိဳးသားသုံးကြန္ဒုံးဆိုတာလိင္ဆက္ဆံတဲ့အခါ အမ်ိဳးသားရဲ႕ လိင္တံေပၚမွာဝတ္ရတဲ့ ပါးလႊာတဲ့ ပလပ္စတစ္ အဖုံးတစ္ခုျဖစ္ပါတယ္။ ပုံစံအမ်ိဳးမ်ိဳးရွိတတ္ပါတယ္။
ပလပ္စတစ္ ကြန္ဒုံးေတြကိုအသုံးျပဳမယ္ဆိုရင္ သင့္ကိုလိင္မွတစ္ဆင့္ကူးစက္တတ္တဲ့ ေရာဂါေတြျဖစ္တဲ့ HIV၊ ေရယုန္၊ Chlamydia နဲ႔ Gonorrhoea စတဲ့ ေရာဂါေတြကိုကာကြယ္ေပးတဲ့အတြက္ လုံၿခဳံစိတ္ခ်မႈကိုခံစားရမွာပါ။
ဒါေပမယ့္ natural နဲ႔ Lambskin ကြန္ဒုံးေတြကေတာ့ သင့္ကိုကိုယ္ဝန္ရရွိမႈကပဲကာကြယ္ေပးၿပီးေတာ့ လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါပိုးေတြကိုကာကြယ္ေပးမွာမဟုတ္ပါဘူး။
အမ်ိဳးသမီးသုံးကြန္ဒုံးဆိုတာဘာလဲ။
အမ်ိဳးသမီးသုံးကြန္ဒုံးဆိုတာေပ်ာ့ေျပာင္းတဲ့ ပလပ္စတစ္ႁပြန္တစ္ခုပဲျဖစ္ပါတယ္။ အစြန္းတစ္ခုစီမွာအကြင္းတစ္ခုစီပါရွိပါတယ္။ ပိတ္ထားတဲ့ဘက္ကအကြင္းကိုကြန္ဒုံးကိုေနရာမေ႐ြ႕ေအာင္ ထိန္းထားဖို႔ မိန္းမကိုယ္အတြင္းပိုင္းကိုထည့္သြင္းႏိုင္ပါတယ္။ ပြင့္ေနတဲ့ဘက္ကအကြင္းကိုေတာ့ မိန္းမကိုယ္အဝရဲ႕ အျပင္မွာထားရမွာပါ။
ဒီလိုကာကြယ္ျခင္းျဖင့္ ကိုယ္ဝန္ရရွိမႈနဲ႔ လိင္အဂၤါေတြမွာေတြ႕ရတတ္တဲ့ ေရယုန္နဲ႔ႂကြက္ႏို႔ စတဲ့ ေရာဂါေတြ ရရွိျပန႔္ပြားျခင္းကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
ကြန္ဒုံးေတြကိုဘယ္လိုအသုံးျပဳမလဲ။
ကြန္ဒုံးေတြရဲ႕ အစြမ္းထက္မႈကို ျမႇင့္တင္ဖို႔ ေအာက္ေဖၚျပပါ အခ်က္အလက္ေတြကိုသတိထားသင့္ပါတယ္။
ကြန္ဒုံးအထုတ္ကိုစဖြင့္ရင္ သတိထားပါ။ အထဲကကြန္ဒုံးကိုေတာင္ ၿပဲေစႏိုင္ပါတယ္။
ႂကြတ္ဆတ္ေနရင္၊ ေတာင့္ေနရင္၊ စီးကပ္ေနရင္၊ ရက္လြန္ေနရင္ လႊင့္ပစ္ဖို႔ လက္မတြန႔္ပါနဲ႔။
လိင္တံေထာင္မတ္ၿပီးနဲ႔ သင့္လိင္ဆက္ဆံသူရဲ႕ ဘယ္ေနရာကိုမွ မထိရေသးခင္မွာတပ္ဆင္ပါ။
လိင္တံတစ္ခါေထာင္မတ္ၿပီးတိုင္းအသစ္တစ္ခုကိုအသုံးျပဳပါ။
လိင္တံထိပ္အေရျပားကိုမျဖတ္ထားသူကအသုံးျပဳမယ္ဆိုရင္ ကြန္ဒုံးမဝတ္ဆင္ခင္ လိင္တံထိပ္ငုံအေရျပားကိုအေနာက္ကိုဆြဲပါ။
ကြန္ဒုံးမွာသိုေလွာင္ရန္ ထိပ္မပါခဲ့ရင္ အဆုံးကိုသုတ္လႊတ္ၿပီးသုတ္ပိုးစုေဆာင္းရန္လက္မဝက္ေလာက္ရွိတဲ့ေနရာတစ္ခုျဖစ္လာေစဖို႔ဆြဲပါ။
ထိပ္ဖ်ားကိုကိုင္ထားၿပီးက်န္တဲ့လက္တစ္ဘက္နဲ႔ ကြန္ဒုံးကိုလိင္တံရဲ႕ေအာက္ေျခအထိဆြဲခ်ပါ။
လိင္ဆက္ဆံစဥ္မွာကြန္ဒုံးေပါက္ၿပဲတယ္လို႔ ခံစားရရင္ ခ်က္ခ်င္းရပ္ၿပီးအသစ္တစ္ခုအသုံးျပဳပါ။
သုတ္ပိုးလႊတ္ၿပီးနဲ႔ လိင္တံေထာင္မတ္မႈ မၿပီးဆုံးခင္မွာကြန္ဒုံးကိုေသခ်ာစြာဆြဲဖယ္ပါ။
ကြန္ဒုံးကိုဖယ္ရွားေနစဥ္မွာသုတ္ပိုးကိုအျပင္ကိုဖိတ္မက်ပါေစနဲ႔။
ေနာက္ဆုံးအေနနဲ႔ သင္ဟာပါးစပ္နဲ႔လိင္ဆက္ဆံမႈကို ျပဳလုပ္သည္ျဖစ္ေစ၊ ခံရသည္ျဖစ္ေစကြန္ဒုံးကိုအသုံးျပဳပါ။
သင္နဲ႔ သင့္ပါတနာကိုကိုယ္ဝန္ေဆာင္ျခင္းနဲ႔ လိင္မွတစ္ဆင့္ကူးစက္တတ္တဲ့ ေရာဂါေတြကေနကာကြယ္ခ်င္တယ္ဆိုရင္ ကြန္ဒုံးဟာအသင့္ေတာ္ဆုံးေ႐ြးခ်ယ္မႈျဖစ္ပါတယ္။ အေပၚကအႀကံျပဳခ်က္ေတြကိုမေမ့ေလ်ာ့သင့္ပါဘူး။ ဒီအခ်က္ေတြဟာ႐ိုးစင္းေပမယ့္ကြန္ဒုံးသုံးတဲ့အခါ သင့္ကိုေသခ်ာေပါက္ ကူညီေပးပါလိမ့္မယ္။
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. K Zin Thwe
ေရးသားသူ Dr . Phyu Mon Latt
Unicode
ပါးစပ်နဲ့ လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံး အသုံးပြုခြင်း
သင်လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝကိုရရှိချင်တယ်ဆိုရင် ကွန်ဒုံးတွေကိုအလွန်လိုအပ်ပါတယ်။ ကွန်ဒုံးတွေဟာကိုယ်ဝန် ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကိုကာကွယ်ပေးပါတယ်။ သူတို့ဟာသုတ်ပိုးနဲ့ မိန်းမကိုယ်၊ စအို၊ နဲ့ ပါးစပ်တို့ကထွက်ရှိတဲ့ အရည်တွေကိုသိမ်းထားပေးတဲ့ ကြားခံအရာအဖြစ် အလုပ်လုပ်ပါတယ်။
အမျိုးသားရောအမျိုးသမီးအတွက်ပါ ကွန်ဒုံးတွေရှိပါတယ်။ နှစ်ခုလုံးကိုတစ်ကြိမ်တည်းမှာရောမသုံးဖို့ သတိရပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာတစ်ခုနဲ့တစ်ခုကပ်ပြီးပေါက်တတ်လို့ဖြစ်ပါတယ်။
အမျိုးသားသုံးကွန်ဒုံးဆိုတာဘာကိုပြောတာလဲ။
အမျိုးသားသုံးကွန်ဒုံးဆိုတာလိင်ဆက်ဆံတဲ့အခါ အမျိုးသားရဲ့ လိင်တံပေါ်မှာဝတ်ရတဲ့ ပါးလွှာတဲ့ ပလပ်စတစ် အဖုံးတစ်ခုဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။
ပလပ်စတစ် ကွန်ဒုံးတွေကိုအသုံးပြုမယ်ဆိုရင် သင့်ကိုလိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ HIV၊ ရေယုန်၊ Chlamydia နဲ့ Gonorrhoea စတဲ့ ရောဂါတွေကိုကာကွယ်ပေးတဲ့အတွက် လုံခြုံစိတ်ချမှုကိုခံစားရမှာပါ။
ဒါပေမယ့် natural နဲ့ Lambskin ကွန်ဒုံးတွေကတော့ သင့်ကိုကိုယ်ဝန်ရရှိမှုကပဲကာကွယ်ပေးပြီးတော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေကိုကာကွယ်ပေးမှာမဟုတ်ပါဘူး။
အမျိုးသမီးသုံးကွန်ဒုံးဆိုတာဘာလဲ။
အမျိုးသမီးသုံးကွန်ဒုံးဆိုတာပျော့ပြောင်းတဲ့ ပလပ်စတစ်ပြွန်တစ်ခုပဲဖြစ်ပါတယ်။ အစွန်းတစ်ခုစီမှာအကွင်းတစ်ခုစီပါရှိပါတယ်။ ပိတ်ထားတဲ့ဘက်ကအကွင်းကိုကွန်ဒုံးကိုနေရာမရွေ့အောင် ထိန်းထားဖို့ မိန်းမကိုယ်အတွင်းပိုင်းကိုထည့်သွင်းနိုင်ပါတယ်။ ပွင့်နေတဲ့ဘက်ကအကွင်းကိုတော့ မိန်းမကိုယ်အဝရဲ့ အပြင်မှာထားရမှာပါ။
ဒီလိုကာကွယ်ခြင်းဖြင့် ကိုယ်ဝန်ရရှိမှုနဲ့ လိင်အင်္ဂါတွေမှာတွေ့ရတတ်တဲ့ ရေယုန်နဲ့ကြွက်နို့ စတဲ့ ရောဂါတွေ ရရှိပြန့်ပွားခြင်းကိုလျှော့ချပေးနိုင်ပါတယ်။
ကွန်ဒုံးတွေကိုဘယ်လိုအသုံးပြုမလဲ။
ကွန်ဒုံးတွေရဲ့ အစွမ်းထက်မှုကို မြှင့်တင်ဖို့ အောက်ဖေါ်ပြပါ အချက်အလက်တွေကိုသတိထားသင့်ပါတယ်။
ကွန်ဒုံးအထုတ်ကိုစဖွင့်ရင် သတိထားပါ။ အထဲကကွန်ဒုံးကိုတောင် ပြဲစေနိုင်ပါတယ်။
ကြွတ်ဆတ်နေရင်၊ တောင့်နေရင်၊ စီးကပ်နေရင်၊ ရက်လွန်နေရင် လွှင့်ပစ်ဖို့ လက်မတွန့်ပါနဲ့။
လိင်တံထောင်မတ်ပြီးနဲ့ သင့်လိင်ဆက်ဆံသူရဲ့ ဘယ်နေရာကိုမှ မထိရသေးခင်မှာတပ်ဆင်ပါ။
လိင်တံတစ်ခါထောင်မတ်ပြီးတိုင်းအသစ်တစ်ခုကိုအသုံးပြုပါ။
လိင်တံထိပ်အရေပြားကိုမဖြတ်ထားသူကအသုံးပြုမယ်ဆိုရင် ကွန်ဒုံးမဝတ်ဆင်ခင် လိင်တံထိပ်ငုံအရေပြားကိုအနောက်ကိုဆွဲပါ။
ကွန်ဒုံးမှာသိုလှောင်ရန် ထိပ်မပါခဲ့ရင် အဆုံးကိုသုတ်လွှတ်ပြီးသုတ်ပိုးစုဆောင်းရန်လက်မဝက်လောက်ရှိတဲ့နေရာတစ်ခုဖြစ်လာစေဖို့ဆွဲပါ။
ထိပ်ဖျားကိုကိုင်ထားပြီးကျန်တဲ့လက်တစ်ဘက်နဲ့ ကွန်ဒုံးကိုလိင်တံရဲ့အောက်ခြေအထိဆွဲချပါ။
လိင်ဆက်ဆံစဉ်မှာကွန်ဒုံးပေါက်ပြဲတယ်လို့ ခံစားရရင် ချက်ချင်းရပ်ပြီးအသစ်တစ်ခုအသုံးပြုပါ။
သုတ်ပိုးလွှတ်ပြီးနဲ့ လိင်တံထောင်မတ်မှု မပြီးဆုံးခင်မှာကွန်ဒုံးကိုသေချာစွာဆွဲဖယ်ပါ။
ကွန်ဒုံးကိုဖယ်ရှားနေစဉ်မှာသုတ်ပိုးကိုအပြင်ကိုဖိတ်မကျပါစေနဲ့။
နောက်ဆုံးအနေနဲ့ သင်ဟာပါးစပ်နဲ့လိင်ဆက်ဆံမှုကို ပြုလုပ်သည်ဖြစ်စေ၊ ခံရသည်ဖြစ်စေကွန်ဒုံးကိုအသုံးပြုပါ။
သင်နဲ့ သင့်ပါတနာကိုကိုယ်ဝန်ဆောင်ခြင်းနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကနေကာကွယ်ချင်တယ်ဆိုရင် ကွန်ဒုံးဟာအသင့်တော်ဆုံးရွေးချယ်မှုဖြစ်ပါတယ်။ အပေါ်ကအကြံပြုချက်တွေကိုမမေ့လျော့သင့်ပါဘူး။ ဒီအချက်တွေဟာရိုးစင်းပေမယ့်ကွန်ဒုံးသုံးတဲ့အခါ သင့်ကိုသေချာပေါက် ကူညီပေးပါလိမ့်မယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
ရေးသားသူ Dr . Phyu Mon Latt
0 Comments