လိင္ဆက္ဆံတိုင္း ကြန္ဒုံးကို အသုံးျပဳပါ
လိင္မႈကိစၥဆိုတာ ရွက္စရာ ႐ြံ႕စရာ ကိစၥတစ္ခု မဟုတ္ပါဘူး။ အိပ္၊ စား၊ ကာမ ၃မ်ိဳးလုံးဟာ လူသားေတြရဲ႕ ေန႔စဥ္ဘဝအတြက္ မရွိမျဖစ္ အေရးပါတဲ့ အခန္းက႑မွာ ပါဝင္ေနပါတယ္။ လိင္မႈကိစၥနဲ႔ ပတ္သက္လာရင္ ကြန္ဒုံးကိုလည္း ေမ့ထားလို႔ မျဖစ္ဘူးေနာ္။
လူေတာ္ေတာ္မ်ားမ်ားက ကြန္ဒုံးဝယ္ရမွာကို ရွက္႐ြံ႕ၾကတယ္။ လိင္မႈကိစၥအေၾကာင္း ေျပာေတာ့မယ္ဆိုရင္ ဟာသ တစ္ခုလို ျမင္တတ္တယ္။ အျပစ္ႀကီး တစ္ခုလုပ္သလို စိတ္ထဲမွာ ခံစားရတယ္။ ဒါဟာလည္း ပတ္ဝန္းက်င္၊ ဘာသာေရးအယူအဆေတြရဲ႕ ႐ိုက္ခတ္မႈေၾကာင့္လည္း ျဖစ္မွာပါ။
လူေတာ္ေတာ္မ်ားမ်ားက လိင္ဆက္ဆံတဲ့အခ်ိန္မွာ ကြန္ဒုံးကို မသုံးတတ္ၾကဘူး။ တခ်ိဳ႕ကလည္း ေမ့သြားလို႔၊ တခ်ိဳ႕ကလည္း ကြန္ဒုံးသုံးရတာ မႀကိဳက္လို႔ အစရွိတဲ့ အေၾကာင္းျပခ်က္ မ်ိဳးစုံပါပဲ။ ဒီေဆာင္းပါးမွာေတာ့ ကြန္ဒုံးရဲ႕ အေရးပါပုံနဲ႔ လိင္ဆက္ဆံတိုင္း ဘာေၾကာင့္ ကြန္ဒုံးကို အသုံးျပဳသင့္လဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။
၁။ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြကို ထိေရာက္စြာ ကာကြယ္ႏိုင္တယ္။
ကာလသားေရာဂါ၊ အေရျပားေရာဂါ၊ HPV ဗိုင္းရပ္စ္ပိုး၊ HIV ေရာဂါပိုး မကူးစက္ေစဖို႔ အထိေရာက္ဆုံး ကာကြယ္ေပးႏိုင္တဲ့ နည္းလမ္းကေတာ့ ကြန္ဒုံးကို စနစ္တက် အသုံးျပဳတာပါပဲ။ လိင္တူ၊ လိင္ကြဲ ဆက္ဆံရင္ျဖစ္ေစ၊ ပါးစပ္နဲ႔ ျဖစ္ေစ၊ မိန္းမကိုယ္၊ စအိုနဲ႔ လိင္ဆက္ဆံတာျဖစ္ေစ ကြန္ဒုံးကို အသုံးျပဳေပးဖို႔ အလြန္အေရးႀကီးပါတယ္။
၂။ သေႏၶတားဖို႔ အေထာက္အကူေပးႏိုင္တယ္။
ကြန္ဒုံးဟာ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြသာမက မလိုအပ္ပဲ ကိုယ္ဝန္ရသြားမွာကိုလည္း တားဆီးေပးႏိုင္ပါတယ္။ သေႏၶတားေဆးေတြဟာ ထိေရာက္မႈရွိေပမဲ့ ရာႏႈန္းျပည့္ ကာကြယ္ေပးႏိုင္တာ မဟုတ္ပါဘူး။ ဒါေၾကာင့္ မလိုအပ္တဲ့ ကိုယ္ဝန္ေတြ ျဖစ္မလာေစဖို႔ သေႏၶတားေဆးေသာက္ပါ။ ကြန္ဒုံးကိုလည္း လိင္ဆက္ဆံတိုင္းမွာ အသုံးျပဳပါ။
လက္ထပ္ၿပီးကာစ ဇနီးေမာင္ႏွံေတြလည္း ကေလးယူဖို႔ စိတ္ကူးမရွိေသးဘူးဆိုရင္ ကြန္ဒုံးကို အသုံးျပဳေပးတာ အေကာင္းဆုံးပါပဲ။
၃။ ကြန္ဒုံးမွာ ေဘးထြက္ဆိုးက်ိဳး မရွိသေလာက္နည္းပါတယ္။
သေႏၶတားေဆးနဲ႔ ယွဥ္လိုက္တဲ့အခါမွာ ကြန္ဒုံးေတြမွာ ေဘးထြက္ဆိုးက်ိဳး ျဖစ္တာမ်ိဳး မေတြ႕ရပါဘူး။ ရာဘာ (latex) နဲ႔ ဓါတ္မတည့္တဲ့ လူနည္းစုမွာသာ အသုံးျပဳခ်ိန္ ယားယံတာမ်ိဳး ျဖစ္တတ္တာပါ။ ဒီအခါမွာ latex မပါဝင္တဲ့ ကြန္ဒုံးအမ်ိဳးအစားကို ရွာဝယ္ၿပီး အသုံးျပဳႏိုင္ပါတယ္။
၄။ ကြန္ဒုံးအမ်ားစုက ေဈးသက္သာပါတယ္။
ေဆးေတြထက္စာရင္ ကြန္ဒုံးဟာ အလြယ္တကူ ဝယ္ယူလို႔ ရတဲ့အျပင္ ကုန္က်စရိတ္လည္း နည္းပါးပါတယ္။
၅။ ကြန္ဒုံးေတြကို စတိုးဆိုင္ေတြမွာ အလြယ္တကူ ရႏိုင္ပါတယ္။
ဆရာဝန္နဲ႔ ျပသစရာမလို၊ ေဆးအၫႊန္းေတြ၊ ေဘးထြက္ဆိုးက်ိဳးေတြကိုလည္း ပူစရာ မလို၊ ေဆးဆိုင္ ဒါမွမဟုတ္ စတိုးဆိုင္ေတြမွာ ကြန္ဒုံးေတြကို ေဈးသက္သက္သာသာနဲ႔ ရႏိုင္ပါတယ္။ ကြန္ဒုံးဝယ္ယူတဲ့အခါမွာ သက္တမ္းကုန္ဆုံးတဲ့ ေန႔ရက္ကို သတိထားၿပီး ၾကည့္ဖို႔ေတာ့ လိုအပ္ပါတယ္။ သက္တမ္းလြန္ေနတဲ့ ကြန္ဒုံးေတြဟာ ေပါက္ၿပဲႏိုင္တဲ့အျပင္ ေရာဂါပိုးေတြကိုလည္း ကူးစက္ႏိုင္ေျခ ပိုျမင့္ေစတာေၾကာင့္ပါ။
၆။ သယ္ယူရ လြယ္ကူပါတယ္။
အထုပ္ကေလးေတြနဲ႔ ေသခ်ာထုတ္ပိုးၿပီး ထည့္ထားတာျဖစ္တယ္။ အလြယ္တကူ အသုံးျပဳလို႔ ရတယ္။ ခရီးသြားရင္လည္း အိတ္ေဆာင္အေနနဲ႔ ထည့္သြားလို႔ လြယ္ကူၿပီး ဝန္ထုပ္ဝန္ပိုး မျဖစ္ေစပါဘူး။
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
ေရးသားသူ Ye Myo Myat
လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ
လိင်မှုကိစ္စဆိုတာ ရှက်စရာ ရွံ့စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အိပ်၊ စား၊ ကာမ ၃မျိုးလုံးဟာ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ကွန်ဒုံးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။
လူတော်တော်များများက ကွန်ဒုံးဝယ်ရမှာကို ရှက်ရွံ့ကြတယ်။ လိင်မှုကိစ္စအကြောင်း ပြောတော့မယ်ဆိုရင် ဟာသ တစ်ခုလို မြင်တတ်တယ်။ အပြစ်ကြီး တစ်ခုလုပ်သလို စိတ်ထဲမှာ ခံစားရတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်၊ ဘာသာရေးအယူအဆတွေရဲ့ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်မှာပါ။
လူတော်တော်များများက လိင်ဆက်ဆံတဲ့အချိန်မှာ ကွန်ဒုံးကို မသုံးတတ်ကြဘူး။ တချို့ကလည်း မေ့သွားလို့၊ တချို့ကလည်း ကွန်ဒုံးသုံးရတာ မကြိုက်လို့ အစရှိတဲ့ အကြောင်းပြချက် မျိုးစုံပါပဲ။ ဒီဆောင်းပါးမှာတော့ ကွန်ဒုံးရဲ့ အရေးပါပုံနဲ့ လိင်ဆက်ဆံတိုင်း ဘာကြောင့် ကွန်ဒုံးကို အသုံးပြုသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
၁။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်နိုင်တယ်။
ကာလသားေရာဂါ၊ အရေပြားရောဂါ၊ HPV ဗိုင်းရပ်စ်ပိုး၊ HIV ရောဂါပိုး မကူးစက်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကတော့ ကွန်ဒုံးကို စနစ်တကျ အသုံးပြုတာပါပဲ။ လိင်တူ၊ လိင်ကွဲ ဆက်ဆံရင်ဖြစ်စေ၊ ပါးစပ်နဲ့ ဖြစ်စေ၊ မိန်းမကိုယ်၊ စအိုနဲ့ လိင်ဆက်ဆံတာဖြစ်စေ ကွန်ဒုံးကို အသုံးပြုပေးဖို့ အလွန်အရေးကြီးပါတယ်။
၂။ သန္ဓေတားဖို့ အထောက်အကူပေးနိုင်တယ်။
ကွန်ဒုံးဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေသာမက မလိုအပ်ပဲ ကိုယ်ဝန်ရသွားမှာကိုလည်း တားဆီးပေးနိုင်ပါတယ်။ သန္ဓေတားဆေးေတွဟာ ထိရောက်မှုရှိပေမဲ့ ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် မလိုအပ်တဲ့ ကိုယ်ဝန်တွေ ဖြစ်မလာစေဖို့ သန္ဓေတားဆေးသောက်ပါ။ ကွန်ဒုံးကိုလည်း လိင်ဆက်ဆံတိုင်းမှာ အသုံးပြုပါ။
လက်ထပ်ပြီးကာစ ဇနီးမောင်နှံတွေလည်း ကလေးယူဖို့ စိတ်ကူးမရှိသေးဘူးဆိုရင် ကွန်ဒုံးကို အသုံးပြုပေးတာ အကောင်းဆုံးပါပဲ။
၃။ ကွန်ဒုံးမှာ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပါတယ်။
သန္ဓေတားဆေးနဲ့ ယှဉ်လိုက်တဲ့အခါမှာ ကွန်ဒုံးတွေမှာ ဘေးထွက်ဆိုးကျိုး ဖြစ်တာမျိုး မတွေ့ရပါဘူး။ ရာဘာ (latex) နဲ့ ဓါတ်မတည့်တဲ့ လူနည်းစုမှာသာ အသုံးပြုချိန် ယားယံတာမျိုး ဖြစ်တတ်တာပါ။ ဒီအခါမှာ latex မပါဝင်တဲ့ ကွန်ဒုံးအမျိုးအစားကို ရှာဝယ်ပြီး အသုံးပြုနိုင်ပါတယ်။
၄။ ကွန်ဒုံးအများစုက ဈေးသက်သာပါတယ်။
ဆေးတွေထက်စာရင် ကွန်ဒုံးဟာ အလွယ်တကူ ဝယ်ယူလို့ ရတဲ့အပြင် ကုန်ကျစရိတ်လည်း နည်းပါးပါတယ်။
၅။ ကွန်ဒုံးတွေကို စတိုးဆိုင်တွေမှာ အလွယ်တကူ ရနိုင်ပါတယ်။
ဆရာဝန်နဲ့ ပြသစရာမလို၊ ဆေးအညွှန်းတွေ၊ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ပူစရာ မလို၊ ဆေးဆိုင် ဒါမှမဟုတ် စတိုးဆိုင်တွေမှာ ကွန်ဒုံးတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ ကွန်ဒုံးဝယ်ယူတဲ့အခါမှာ သက်တမ်းကုန်ဆုံးတဲ့ နေ့ရက်ကို သတိထားပြီး ကြည့်ဖို့တော့ လိုအပ်ပါတယ်။ သက်တမ်းလွန်နေတဲ့ ကွန်ဒုံးတွေဟာ ပေါက်ပြဲနိုင်တဲ့အပြင် ရောဂါပိုးတွေကိုလည်း ကူးစက်နိုင်ခြေ ပိုမြင့်စေတာကြောင့်ပါ။
၆။ သယ်ယူရ လွယ်ကူပါတယ်။
အထုပ်ကလေးတွေနဲ့ သေချာထုတ်ပိုးပြီး ထည့်ထားတာဖြစ်တယ်။ အလွယ်တကူ အသုံးပြုလို့ ရတယ်။ ခရီးသွားရင်လည်း အိတ်ဆောင်အနေနဲ့ ထည့်သွားလို့ လွယ်ကူပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
0 Comments