Last post

တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ

 
တစ္ကိုယ္ေရအာသာေျဖျခင္းႏွင့္ ပုရိသတို႔ရဲ႕ အလြဲမ်ား
================
အမ်ိဳးသားေတြရဲ႕ ေန႔စဥ္ဘဝမွာ လိင္မႈကိစၥနဲ႔ တစ္ကိုယ္ေရအာသာေျဖျခင္းဆိုတာ အျမဲတမ္း ပါေနပါတယ္။ ဒါဟာ မွားယြင္းမႈမဟုတ္တဲ့ ပံုမွန္ျဖစ္ရိုးျဖစ္စဥ္ ကိစၥတစ္ခုပါ။ ဒါေပမယ့္ ကိုယ့္လူတို႔ကလည္း စိတ္ပူတတ္ၾကတာ အမ်ားသား။ အာသာေျဖတာ မ်ားလြန္းရင္ ဆံပင္ကၽြတ္ႏိုင္လား၊ ဝက္ျခံေတြ အရမ္းေပါက္လာတာ အာသာေျဖမိလို႔လား၊ ပန္းေသပန္းညႈိးျဖစ္ႏိုင္လား အစရွိသျဖင့္ေပါ့။ အဲ့လိုေမးခြန္းေတြအေပၚမွာ လူေတြသိထားၾကတဲ့ အလြဲေတြကလည္း တျဖညး္ျဖည္း မ်ားလာပါတယ္။ ဒီေန႔မွာေတာ့ ပုရိသေတြ သိထားၾကတဲ့ တစ္ကိုယ္ေရအာသာေျဖျခင္းႏွင့္ အလြဲေလးေတြအေၾကာင္း ေျဖရွင္းေပးမွာပါ။
၁။ အာသာေျဖရင္ ဆံပင္ကၽြတ္ႏိုင္တယ္။ (အမွား)

က်ား၊ မ မေရြး တစ္ေန႔ကို ဆံပင္ အပင္ ၅၀ မွ ၁၀၀ ထိ ကၽြတ္တယ္ဆိုတာ ပံုမွန္ပါပဲ။ ဆံသားအသစ္ေတြ ျပန္ထြက္လာဖို႔ ဆံသားအေဟာင္းေတြ ကၽြတ္သြားမွျဖစ္မွာပါ။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ဆံပင္ကၽြတ္လာတာ မ်ိဳးရိုးဗီဇေၾကာင့္လည္း ျဖစ္ႏိုင္သလို ကိုယ့္ရဲ႕ ေနထိုင္စားေသာက္မႈပံုစံ၊ စိတ္ဖိစီးမႈေတြ၊ ေဟာ္မုန္းအေျပာင္းအလဲ၊ ဦးေရျပားနဲ႔ ဆံသားျပႆနာေတြ၊ ဆံပင္ကို မၾကာခဏပံုသြင္းတာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ တစ္ကိုယ္ေရ အာသာေျဖျခင္းနဲ႔ေတာ့ လံုးဝမသက္ဆိုင္ပါဘူး။
၂။ တစ္ကိုယ္ေရ အာသာေျဖတာမ်ားရင္ မ်က္စိကြယ္သြားႏိုင္တယ္။ (အမွား)

ဒါကေတာ့ တကယ့္ ခ်င္း (ဂ်င္း) သက္သက္ပါပဲ။ မ်က္စိအျမင္မႈန္လာတာ၊ မ်က္စိကြယ္ရျခင္းဆိုတာ မ်ိဳးရိုးဗီဇ၊ ဆီးခ်ိဳေရာဂါ၊ အတြင္းတိမ္၊ ေရတိမ္ေတြေၾကာင့္ ျဖစ္ရတာပါ။
၃။ ပန္းေသပန္းညႈိးျဖစ္ေစႏိုင္တယ္။ (အမွား)

လက္ရွိအခ်ိန္ထိ ေလ့လာစစ္ေဆးခ်က္အရ ပန္းေသပန္းညႈိးျဖစ္ရျခင္းရဲ႕ တရားခံဟာ တစ္ကိုယ္ေရ အာသာေျဖျခင္းေၾကာင့္ဆိုတာ သက္ေသျပႏိုင္တဲ့ အေျဖေတြ မရရွိေသးပါဘူး။ ပန္းေသပန္းညိႈးဆိုတာ လူလတ္ပိုင္းအရြယ္ အသက္ၾကီးလာတဲ့အမ်ိဳးသားေတြမွာ ျဖစ္တတ္ျပီး စိတ္ဖိစီးမႈမ်ားလြန္းတာ၊ စိတ္က်ေရာဂါ၊ လိင္ဆက္ဆံမႈမွာ အခက္အခဲျဖစ္တာ၊ ေဆးလိပ္နဲ႔ အရက္ အလြန္အကၽြံေသာက္တာ၊ ေသြးတိုးရွိတာ၊ ေသြးေပါင္က်တာ၊ ကိုလက္စထေရာမ်ားလြန္းတာ၊ အဝလြန္တာ၊ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလံုးေရာဂါေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
၄။ လိင္တံကို ထိခိုက္ေစႏိုင္တယ္။ (အမွား)

လိင္တံက်ိဳးတာ၊ ပြန္းပဲ့တာ၊ ထိခိုက္တယ္ဆိုတာ တစ္ကိုယ္ေရ အာသာေျဖတဲ့ အၾကိမ္ေရမ်ားတာေၾကာင့္ မဟုတ္ပါဘူး။ အာသာေျဖတဲ့ ပံုစံအေနအထား မမွန္တာ၊ လက္နဲ႔ လိင္တံကို အတင္းညွစ္ျပီး အာသာေျဖတာ၊ ေခ်ာဆီမသံုးတာ၊ အရာဝတၳဳတစ္ခုခုေၾကာင့္ ထိခိုက္မိႏိုင္ေျခ ရွိပါတယ္။
၅။ စိတ္က်န္းမာေရးကို ထိခိုက္လာေစႏိုင္တယ္။ (အမွား)

တစ္ေန႔ကို တစ္ၾကိမ္ အာသာေျဖတာေလာက္နဲ႔ေတာ့ စိတ္နဲ႔ ခႏၶာက်န္းမာေရးကို မထိခိုက္ေစႏိုင္ပါဘူး။ ဒီအာသာေျဖတဲ့ အေၾကာင္းကိုပဲ တစ္ေနကုန္ ထိုင္စဥ္းစားေနတာ၊ အာသာမေျဖရ မေနႏိုင္တာ၊ ဒီကိစၥေၾကာင့္ ကိုယ့္ရဲ႕ အလုပ္၊ ေက်ာင္းစာေတြ ထိခိုက္လာျပီဆိုမွ ျပႆနာတစ္ခုခု ရွိ၊ မရွိ စစ္ေဆးၾကည့္သင့္ပါတယ္။ ပံုမွန္အားျဖင့္ေတာ့ တစ္ကိုယ္ေရ အာသာေျဖျခင္းဟာ အမ်ိဳးသားေတြအတြက္ စိတ္ကို ေပါ့ပါးေစသလို လန္းဆန္းသြားေစတယ္။ သုက္ရည္လ်င္ျမန္စြာ မထြက္ေစဖို႔၊ လိင္စိတ္ဆႏၵကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ကူညီေပးတယ္။ စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစတယ္။ ညဘက္မွာ ေကာင္းစြာ အိပ္ေပ်ာ္ႏိုင္ေစပါတယ္။
၆။ လိင္စိတ္ဆႏၵ ေလ်ာ့နည္းလာတာ တစ္ကိုယ္ေရ အာသာေျဖလို႔ပါ။ (အမွား)

လိင္စိတ္ဆႏၵ မ်ားသည္၊ နည္းသည္ဆိုတာ တစ္ဦးနဲ႔ တစ္ဦးေတာ့ မတူညီႏုိင္ပါဘူး။ ဒါေပမယ့္ တစ္ကိုယ္ေရ အာသာေျဖျခင္းေၾကာင့္ လိင္စိတ္ဆႏၵ နည္းသြားတယ္ဆိုတာေတာ့ လံုးဝမဟုတ္ပါ။ က်ားေဟာ္မုန္း (Testosterone) ေတြ နည္းလာတာ၊ စိတ္က်ေရာဂါ၊ စိတ္ဖိစီးမႈေတြ၊ ညဘက္ေတြ အိပ္ေရးပ်က္မ်ားလာတာ၊ ေကာင္းစြာ အိပ္မေပ်ာ္တာ၊ ေသာက္ေဆးတခ်ိဳ႕ရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္သာ လိင္စိတ္ဆႏၵ နည္းသြားတာျဖစ္နိုင္ပါတယ္။
၇။ အာသာေျဖျပီးရင္ ဝက္ျခံေတြ ပိုေပါက္လာတယ္။ (အမွား)

ဝက္ျခံေပါက္ရျခင္းဟာ ေဟာ္မုန္းမွ်ေျခ ပ်က္ယြင္းတာ၊ တစ္ကိုယ္ေရ သန္႔ရွင္းမႈအားနည္းတာ၊ ေနပူမေရွာင္၊ မိုးရြာ မေရွာင္ အျပင္သြားတာ၊ မ်က္ႏွာမသစ္ဘဲ အိပ္တာေတြေၾကာင့္ ျဖစ္ပါတယ္။ အျပင္က ဖုန္မႈန္႔ေတြက ေခၽြးေပါက္ေတြထဲကို ဝင္ျပီး အဆီ၊ ေခၽြးေတြနဲ႔ ပိတ္မိေနတဲ့အခါ ဝက္ျခံေပါက္ႏိုင္ပါတယ္။ တစ္ကိုယ္ေရအာသာေျဖျခင္းနဲ႔ ဝက္ျခံေပါက္ျခင္းကေတာ့ ဆက္စပ္မႈမရွိဘူးလို႔ ဆိုႏိုင္ပါတယ္။
၈။ တစ္ကိုယ္ေရအာသာေျဖျခင္းေၾကာင့္ လိင္ဆက္ဆံရာမွာ အေႏွာင့္အယွက္ျဖစ္ႏိုင္တယ္။ (အမွား)

လိင္မဆက္ဆံခင္ ၂နာရီေလာက္ ၾကိဳတင္ျပီး အာသာေျဖတဲ့အခါမွာ သုက္မထြက္ေအာင္ ပိုျပီးထိန္းထားႏိုင္တယ္။ ပံုမွန္အာသာေျဖတဲ့သူေတြမွာ ပိုျပီး လိင္စိတ္ဆႏၵ အထြတ္အထိပ္ကို ေရာက္ရွိႏိုင္ပါတယ္။

တစ္ကိုယ္ေရအာသာေျဖျခင္းဆိုတာ က်န္းမာေရးနဲ႔ ညီညြတ္ျပီး အမ်ိဳးသားတိုုင္း ပံုမွန္လုပ္သင့္တဲ့ ေန႔စဥ္အလုပ္ျဖစ္ပါတယ္။ အာသာေျဖျခင္းေၾကာင့္ ကိုယ့္ရဲ႕ အလုပ္ခြင္နဲ႔ ပညာေရးမွာ အေႏွာင့္အယွက္ေတြ မျဖစ္သ၍ေတာ့ ျပႆနာမရွိပါဘူး။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Unicode
တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ
================
အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ လိင်မှုကိစ္စနဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ အမြဲတမ်း ပါနေပါတယ်။ ဒါဟာ မှားယွင်းမှုမဟုတ်တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ့်လူတို့ကလည်း စိတ်ပူတတ်ကြတာ အများသား။ အာသာဖြေတာ များလွန်းရင် ဆံပင်ကျွတ်နိုင်လား၊ ဝက်ခြံတွေ အရမ်းပေါက်လာတာ အာသာဖြေမိလို့လား၊ ပန်းသေပန်းညှိုးဖြစ်နိုင်လား အစရှိသဖြင့်ပေါ့။ အဲ့လိုမေးခွန်းတွေအပေါ်မှာ လူတွေသိထားကြတဲ့ အလွဲတွေကလည်း တဖြည်းဖြည်း များလာပါတယ်။ ဒီနေ့မှာတော့ ပုရိသတွေ သိထားကြတဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် အလွဲလေးတွေအကြောင်း ဖြေရှင်းပေးမှာပါ။
၁။ အာသာဖြေရင် ဆံပင်ကျွတ်နိုင်တယ်။ (အမှား)

ကျား၊ မ မရွေး တစ်နေ့ကို ဆံပင် အပင် ၅၀ မှ ၁၀၀ ထိ ကျွတ်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဆံသားအသစ်တွေ ပြန်ထွက်လာဖို့ ဆံသားအဟောင်းတွေ ကျွတ်သွားမှဖြစ်မှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်လာတာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ စိတ်ဖိစီးမှုတွေ၊ ဟော်မုန်းအပြောင်းအလဲ၊ ဦးရေပြားနဲ့ ဆံသားပြဿနာတွေ၊ ဆံပင်ကို မကြာခဏပုံသွင်းတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်ရေ အာသာဖြေခြင်းနဲ့တော့ လုံးဝမသက်ဆိုင်ပါဘူး။
၂။ တစ်ကိုယ်ရေ အာသာဖြေတာများရင် မျက်စိကွယ်သွားနိုင်တယ်။ (အမှား)

ဒါကတော့ တကယ့် ချင်း (ဂျင်း) သက်သက်ပါပဲ။ မျက်စိအမြင်မှုန်လာတာ၊ မျက်စိကွယ်ရခြင်းဆိုတာ မျိုးရိုးဗီဇ၊ ဆီးချိုရောဂါ၊ အတွင်းတိမ်၊ ရေတိမ်တွေကြောင့် ဖြစ်ရတာပါ။
၃။ ပန်းသေပန်းညှိုးဖြစ်စေနိုင်တယ်။ (အမှား)

လက်ရှိအချိန်ထိ လေ့လာစစ်ဆေးချက်အရ ပန်းသေပန်းညှိုးဖြစ်ရခြင်းရဲ့ တရားခံဟာ တစ်ကိုယ်ရေ အာသာဖြေခြင်းကြောင့်ဆိုတာ သက်သေပြနိုင်တဲ့ အဖြေတွေ မရရှိသေးပါဘူး။ ပန်းသေပန်းညှိုးဆိုတာ လူလတ်ပိုင်းအရွယ် အသက်ကြီးလာတဲ့အမျိုးသားတွေမှာ ဖြစ်တတ်ပြီး စိတ်ဖိစီးမှုများလွန်းတာ၊ စိတ်ကျရောဂါ၊ လိင်ဆက်ဆံမှုမှာ အခက်အခဲဖြစ်တာ၊ ဆေးလိပ်နဲ့ အရက် အလွန်အကျွံသောက်တာ၊ သွေးတိုးရှိတာ၊ သွေးပေါင်ကျတာ၊ ကိုလက်စထရောများလွန်းတာ၊ အဝလွန်တာ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။
၄။ လိင်တံကို ထိခိုက်စေနိုင်တယ်။ (အမှား)

လိင်တံကျိုးတာ၊ ပွန်းပဲ့တာ၊ ထိခိုက်တယ်ဆိုတာ တစ်ကိုယ်ရေ အာသာဖြေတဲ့ အကြိမ်ရေများတာကြောင့် မဟုတ်ပါဘူး။ အာသာဖြေတဲ့ ပုံစံအနေအထား မမှန်တာ၊ လက်နဲ့ လိင်တံကို အတင်းညှစ်ပြီး အာသာဖြေတာ၊ ချောဆီမသုံးတာ၊ အရာဝတ္ထုတစ်ခုခုကြောင့် ထိခိုက်မိနိုင်ခြေ ရှိပါတယ်။
၅။ စိတ်ကျန်းမာရေးကို ထိခိုက်လာစေနိုင်တယ်။ (အမှား)

တစ်နေ့ကို တစ်ကြိမ် အာသာဖြေတာလောက်နဲ့တော့ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ ဒီအာသာဖြေတဲ့ အကြောင်းကိုပဲ တစ်နေကုန် ထိုင်စဉ်းစားနေတာ၊ အာသာမဖြေရ မနေနိုင်တာ၊ ဒီကိစ္စကြောင့် ကိုယ့်ရဲ့ အလုပ်၊ ကျောင်းစာတွေ ထိခိုက်လာပြီဆိုမှ ပြဿနာတစ်ခုခု ရှိ၊ မရှိ စစ်ဆေးကြည့်သင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ကိုယ်ရေ အာသာဖြေခြင်းဟာ အမျိုးသားတွေအတွက် စိတ်ကို ပေါ့ပါးစေသလို လန်းဆန်းသွားစေတယ်။ သုက်ရည်လျင်မြန်စွာ မထွက်စေဖို့၊ လိင်စိတ်ဆန္ဒကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးတယ်။ စိတ်ဖိစီးမှုကို လျော့နည်းစေတယ်။ ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်စေပါတယ်။
၆။ လိင်စိတ်ဆန္ဒ လျော့နည်းလာတာ တစ်ကိုယ်ရေ အာသာဖြေလို့ပါ။ (အမှား)

လိင်စိတ်ဆန္ဒ များသည်၊ နည်းသည်ဆိုတာ တစ်ဦးနဲ့ တစ်ဦးတော့ မတူညီနိုင်ပါဘူး။ ဒါပေမယ့် တစ်ကိုယ်ရေ အာသာဖြေခြင်းကြောင့် လိင်စိတ်ဆန္ဒ နည်းသွားတယ်ဆိုတာတော့ လုံးဝမဟုတ်ပါ။ ကျားဟော်မုန်း (Testosterone) တွေ နည်းလာတာ၊ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုတွေ၊ ညဘက်တွေ အိပ်ရေးပျက်များလာတာ၊ ကောင်းစွာ အိပ်မပျော်တာ၊ သောက်ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်သာ လိင်စိတ်ဆန္ဒ နည်းသွားတာဖြစ်နိုင်ပါတယ်။
၇။ အာသာဖြေပြီးရင် ဝက်ခြံတွေ ပိုပေါက်လာတယ်။ (အမှား)

ဝက်ခြံပေါက်ရခြင်းဟာ ဟော်မုန်းမျှခြေ ပျက်ယွင်းတာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာ၊ နေပူမရှောင်၊ မိုးရွာ မရှောင် အပြင်သွားတာ၊ မျက်နှာမသစ်ဘဲ အိပ်တာတွေကြောင့် ဖြစ်ပါတယ်။ အပြင်က ဖုန်မှုန့်တွေက ချွေးပေါက်တွေထဲကို ဝင်ပြီး အဆီ၊ ချွေးတွေနဲ့ ပိတ်မိနေတဲ့အခါ ဝက်ခြံပေါက်နိုင်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေခြင်းနဲ့ ဝက်ခြံပေါက်ခြင်းကတော့ ဆက်စပ်မှုမရှိဘူးလို့ ဆိုနိုင်ပါတယ်။
၈။ တစ်ကိုယ်ရေအာသာဖြေခြင်းကြောင့် လိင်ဆက်ဆံရာမှာ အနှောင့်အယှက်ဖြစ်နိုင်တယ်။ (အမှား)

လိင်မဆက်ဆံခင် ၂နာရီလောက် ကြိုတင်ပြီး အာသာဖြေတဲ့အခါမှာ သုက်မထွက်အောင် ပိုပြီးထိန်းထားနိုင်တယ်။ ပုံမှန်အာသာဖြေတဲ့သူတွေမှာ ပိုပြီး လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကို ရောက်ရှိနိုင်ပါတယ်။

တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အမျိုးသားတိုင်း ပုံမှန်လုပ်သင့်တဲ့ နေ့စဉ်အလုပ်ဖြစ်ပါတယ်။ အာသာဖြေခြင်းကြောင့် ကိုယ့်ရဲ့ အလုပ်ခွင်နဲ့ ပညာရေးမှာ အနှောင့်အယှက်တွေ မဖြစ်သ၍တော့ ပြဿနာမရှိပါဘူး။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

0 Comments