Last post

လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား

လိင္စိတ္ေျဖတာမ်ားရင္ ဝက္ျခံပိုေပါက္တယ္ဆိုတာ တကယ္လား
================
လက္ရွိ အမ်ိဳးသားေတြၾကားမွာ ေရပန္းစားေနတဲ့အလြဲေလးကေတာ့ တစ္ကိုယ္ေရအာသာေျဖတဲ့ အၾကိမ္ေရမ်ားေလ ဝက္ျခံပိုေပါက္ေလဆိုတဲ့ ကိစၥပါပဲ။ ဒီအလြဲေလး ဘယ္ကစလဲဆိုရင္ လူပ်ိဳအရြယ္ ခႏၶာကိုယ္ကေျပာင္းလဲလာတတ္တဲ့ အရာေတြကေန စတယ္လို႔ ဆိုရမွာပါ။ ေယာက္်ားေလးေတြ လူပ်ိဳေဖာ္ဝင္လာတဲ့အခါ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ဝက္ျခံေတြ ထြက္လာတယ္။ တစ္ခ်ိန္တည္းမွာပဲ လိင္ပိုင္းဆိုင္ရာမွာ စူးစမ္းေလ့လာခ်င္တဲ့စိတ္၊ ႏိုးၾကားတက္ၾကြလာတဲ့ စိတ္ေတြေၾကာင့္ တစ္ကိုယ္ေရအာသာေျဖတဲ့ အေလ့အက်င့္ကို စလာတတ္ၾကပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ အာသာေျဖေလ ဝက္ျခံေပါက္ေလဆိုတဲ့ မဟာအလြဲက ဒီအရာကေန စတင္လာတယ္လို႔ ဆိုရမွာပါ။
လူပ်ိဳအရြယ္ ဝက္ျခံေပါက္တဲ့ ျပႆနာ

လူပ်ိဳအရြယ္ ပ်မ္းမွ် အသက္ ၁၀ႏွစ္မွ ၁၈ႏွစ္အတြင္းမွာ တက္စတိုစတီရုန္း က်ားေဟာ္မုန္းေတြကို ကိုယ္ခႏၶာက အမ်ားအျပားထုတ္လႊတ္ပါတယ္။ ဒီက်ားေဟာ္မုန္းေတြေၾကာင့္ ေယာက္်ားေလးေတြရဲ႕ ကိုယ္ခႏၶာမွာ ေျပာင္းလဲမႈေတြ ျဖစ္လာသလို ၾကီးထြားဖြံ႔ျဖိဳးမႈအတြက္လည္း အေထာက္အကူေပးပါတယ္။ ဆိုးက်ိဳးအေနနဲ႔ အေရျပားေခၽြးေပါက္အတြင္း သဘာဝအဆီ (Sebum) ေတြကိုပါ ပိုထြက္လာေစဖို႔ လႈံ႔ေဆာ္ေပးပါတယ္။ ဒီလို အဆီေတြအျပင္ အျပင္ေလထုထဲမွာ ပါတဲ့ ဖုန္မႈန္႔ေတြ၊ ဘက္တီးရီးယားပိုးမႊားေတြက ေခၽြးေပါက္ေတြထဲ ပိတ္မိသြားတဲ့အခါ ဝက္ျခံက စျဖစ္လာေတာ့တာပါပဲ။
ဒါဆို ဝက္ျခံက ဆယ္ေက်ာ္သက္ဘဝမွာပဲ ေပါက္ႏိုင္တာလား။

ဆယ္ေက်ာ္သက္အရြယ္မွာ က်ားေဟာ္မုန္း အဆမတန္ မ်ားလာတဲ့အတြက္ ဝက္ျခံေပါက္ႏိုင္ေျခ ပိုမ်ားႏိုင္တယ္ဆိုေပမယ့္ ဝက္ျခံဆိုတာ အေရျပားျပႆနာျဖစ္တာမို႔ အသက္အရြယ္မေရြး ျဖစ္ပြားႏိုင္ပါတယ္။ တစ္ကိုယ္ေရအာသာေျဖျပီးေနာက္မွာ က်ားေဟာ္မုန္းအနည္းငယ္ ျမင့္တက္လာတယ္ဆိုတာ မွန္ေပမယ့္ ဝက္ျခံေပါက္လာတဲ့အထိေတာ့ မဟုတ္ပါဘူး။ ဒါ့အျပင္ လိင္စိတ္ဆႏၵအထြတ္အထိပ္ကို ေရာက္ရွိျပီး မိနစ္အနည္းငယ္ၾကာတဲ့အခါ က်ားေဟာ္မုန္းေတြက ပံုမွန္ပမာဏကို ျပန္ေရာက္ရွိသြားပါတယ္။ ဒါေၾကာင့္ အာသာေျဖတဲ့ အၾကိမ္ေရမ်ားေလ ဝက္ျခံေပါက္ေလဆိုတာ အလြဲသက္သက္သာ ျဖစ္ျပီး တစ္ကိုယ္ေရ သန္႔ရွင္းမႈအားနည္းျခင္းေၾကာင့္သာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေရျပားျပႆနာပါ။
ဒါဆို ဝက္ျခံမေပါက္ေအာင္ ဘယ္လိုကာကြယ္မလဲ။

ဝက္ျခံဆိုတာ ေခၽြးေပါက္အတြင္း အညစ္အေၾကးနဲ႔ အဆီေတြ ပိတ္မိတာ၊ အေရျပားအေပၚယံမွာ ပ်က္စီးေနတဲ့ ဆဲလ္အေသေတြ စုပံုလာတာ၊ အေရျပားေပၚမွာ ဘက္တီးရီးယားေတြ ပြားေနတာေၾကာင့္ ဝက္ျခံေပါက္ရျခင္းျဖစ္ပါတယ္။ ဒီလို နီရဲျပီး ေဖာင္းၾကြၾကြျဖစ္ေနတဲ့ အဖုေလးေတြကို လက္နဲ႔ ကုတ္မိလိုက္တာ၊ ညွစ္မိလိုက္တဲ့အခါ ပိုးဝင္ျပီး ပိုဆိုးသြားႏိုင္တာေၾကာင့္ ကိုယ့္အေရျပားကို ေသခ်ာသန္႔ရွင္းေအာင္ ထားဖို႔နဲ႔ ဝက္ျခံမေပါက္ေအာင္ ကာကြယ္မွ အဆင္ေျပမွာပါ။ ဘယ္လိုကာကြယ္မလဲဆိုရင္

၁။ မ်က္ႏွာကို မနက္တစ္ၾကိမ္၊ ညတစ္ၾကိမ္ မ်က္ႏွာသစ္ဆပ္ျပာနဲ႔ သစ္ပါ။ ျပီးျပီးေရာ မသစ္ဘဲနဲ႔ မ်က္ႏွာရဲ႕ ေနရာအႏွံ႔ကို စက္ဝိုင္းပံုစံေလး ႏွံ႔စပ္ေအာင္ ဆပ္ျပာတုိက္ျပီးမွ ေရနဲ႔ ေျပာင္စင္ေအာင္ ေဆးေၾကာရမွာပါ။

၂။ ေလ့က်င့္ခန္းလုပ္ျပီးသြားတဲ့အခ်ိန္ ေခၽြးတိတ္ေအာင္ ေစာင့္ျပီးတာနဲ႔ မ်က္ႏွာကို ေသခ်ာသန္႔စင္ေပးပါ။

၃။ မ်က္ႏွာသစ္ျပီး ေျခာက္ေအာင္ သုတ္ျပီးသြားတာနဲ႔ အစိုဓာတ္ထိန္းခရင္မ္ လိမ္းေပးပါ။

၄။ အျပင္မသြားခင္ နာရီဝက္အလို ေနေလာင္ကာခရင္မ္ တစ္ခုခု လိမ္းေပးပါ။ ေနပူထဲ မ်က္ႏွာကို ဘာမွမလိမ္းဘဲ ထြက္တဲ့အက်င့္ကို ေဖ်ာက္ပါ။

၅။ တစ္ပတ္ကို ၂ၾကိမ္ေလာက္ မ်က္ႏွာကို ေၾကးခၽြတ္ (Scrub တိုက္) ေပးပါ။ ပ်က္စီးေနတဲ့ အေရျပားဆဲလ္အေသေတြ သူ႔အလိုလိုကြာက်ဖို႔ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ေစာင့္ရပါတယ္။ ဒီလိုဆဲလ္အေသေတြက စုပံုလာျပီဆိုရင္ ေခၽြးေပါက္ပိတ္ျပီး ဝက္ျခံေတြ ထြက္လာႏိုင္ပါတယ္။

၆။ ကိုယ့္အေရျပားအတြက္ အသံုးျပဳေနတဲ့ အလွကုန္ပစၥည္း၊ အသားအေရ ထိန္းသိမ္းတဲ့ပစၥည္းေတြက ကိုယ့္အသားအေရနဲ႔ ကိုက္ညီမႈရွိ၊ မရွိ ေသခ်ာစစ္ေဆးပါ။

၇။ ကိုယ့္ေခါင္းအံုးစြပ္ကို တစ္ပတ္ တစ္ၾကိမ္ေလာက္ အဝတ္ေလွ်ာ္ဆပ္ျပာ အေပ်ာ့စားနဲ႔ စိမ္ျပီး ေလွ်ာေပးပါ။ အိပ္ရာခင္းေတြကိုလည္း တစ္လ တစ္ၾကိမ္ေလာက္ ေသခ်ာစိမ္ျပီး ေလွ်ာ္ဖြပ္ေပးရပါမယ္။

၈။ အျပင္အေရျပားကို အစိုဓာတ္ထိန္းဖို႔လိုအပ္သလို အတြင္းဘက္မွာ ေရဓာတ္ျပည့္ဝေနဖို႔လည္း အေရးၾကီးပါတယ္။ ဒါေၾကာင့္ ေရမ်ားမ်ားေသာက္ပါ။ အရည္ရႊမ္းတဲ့ အသီးအႏံွေတြ မ်ားမ်ားစားေပးပါ။

၉။ ညဘက္ေတြမွာ အိပ္ေရးဝေအာင္ အိပ္ပါ။ အမ်ိဳးသားတစ္ေယာက္ က်န္းမာတက္ၾကြေနဖို႔ ညဘက္မွာ အနည္းဆံုး ၇နာရီခန္႔ အျပည့္အဝအိပ္ခ်ိန္ရဖို႔ လိုအပ္ပါတယ္။

ဒီနည္းလမ္းေတြက ဝက္ျခံကို ထိေရာက္စြာ ကာကြယ္ေပးႏိုင္မယ့္ အိမ္တြင္းနည္းလမ္းေကာင္းေတြ ျဖစ္ပါတယ္။ အကယ္လို႔ ကိုယ္က ဝက္ျခံေတြ အျမဲလိုလို ထြက္ေနတယ္။ ကုတ္မိရာကေန ပိုုးဝင္ျပီး အေရျပားျပႆနာေတြ ျဖစ္လာျပီဆိုရင္ေတာ့ အေရျပားအထူးကုနဲ႔ ျပသသင့္ပါတယ္။ တစ္ကိုယ္ေရအာသာေျဖျခင္းနဲ႔ ဝက္ျခံဟာ ဆက္စပ္မႈမရွိတာမို႔ ဝက္ျခံေပါက္မွာ ေၾကာက္တာနဲ႔ေတာ့ တစ္ေန႔တာအလုပ္ကို ေလွ်ာ့ဖို႔ေတာ့ မလိုအပ္ပါဘူး ကိုယ့္လူတို႔ေရ။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Unicode

လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား
================
လက်ရှိ အမျိုးသားတွေကြားမှာ ရေပန်းစားနေတဲ့အလွဲလေးကတော့ တစ်ကိုယ်ရေအာသာဖြေတဲ့ အကြိမ်ရေများလေ ဝက်ခြံပိုပေါက်လေဆိုတဲ့ ကိစ္စပါပဲ။ ဒီအလွဲလေး ဘယ်ကစလဲဆိုရင် လူပျိုအရွယ် ခန္ဓာကိုယ်ကပြောင်းလဲလာတတ်တဲ့ အရာတွေကနေ စတယ်လို့ ဆိုရမှာပါ။ ယောက်ျားလေးတွေ လူပျိုဖော်ဝင်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံတွေ ထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ လိင်ပိုင်းဆိုင်ရာမှာ စူးစမ်းလေ့လာချင်တဲ့စိတ်၊ နိုးကြားတက်ကြွလာတဲ့ စိတ်တွေကြောင့် တစ်ကိုယ်ရေအာသာဖြေတဲ့ အလေ့အကျင့်ကို စလာတတ်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ အာသာဖြေလေ ဝက်ခြံပေါက်လေဆိုတဲ့ မဟာအလွဲက ဒီအရာကနေ စတင်လာတယ်လို့ ဆိုရမှာပါ။
လူပျိုအရွယ် ဝက်ခြံပေါက်တဲ့ ပြဿနာ

လူပျိုအရွယ် ပျမ်းမျှ အသက် ၁၀နှစ်မှ ၁၈နှစ်အတွင်းမှာ တက်စတိုစတီရုန်း ကျားဟော်မုန်းတွေကို ကိုယ်ခန္ဓာက အများအပြားထုတ်လွှတ်ပါတယ်။ ဒီကျားဟော်မုန်းတွေကြောင့် ယောက်ျားလေးတွေရဲ့ ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုတွေ ဖြစ်လာသလို ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူပေးပါတယ်။ ဆိုးကျိုးအနေနဲ့ အရေပြားချွေးပေါက်အတွင်း သဘာဝအဆီ (Sebum) တွေကိုပါ ပိုထွက်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီလို အဆီတွေအပြင် အပြင်လေထုထဲမှာ ပါတဲ့ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားပိုးမွှားတွေက ချွေးပေါက်တွေထဲ ပိတ်မိသွားတဲ့အခါ ဝက်ခြံက စဖြစ်လာတော့တာပါပဲ။
ဒါဆို ဝက်ခြံက ဆယ်ကျော်သက်ဘဝမှာပဲ ပေါက်နိုင်တာလား။

ဆယ်ကျော်သက်အရွယ်မှာ ကျားဟော်မုန်း အဆမတန် များလာတဲ့အတွက် ဝက်ခြံပေါက်နိုင်ခြေ ပိုများနိုင်တယ်ဆိုပေမယ့် ဝက်ခြံဆိုတာ အရေပြားပြဿနာဖြစ်တာမို့ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေပြီးနောက်မှာ ကျားဟော်မုန်းအနည်းငယ် မြင့်တက်လာတယ်ဆိုတာ မှန်ပေမယ့် ဝက်ခြံပေါက်လာတဲ့အထိတော့ မဟုတ်ပါဘူး။ ဒါ့အပြင် လိင်စိတ်ဆန္ဒအထွတ်အထိပ်ကို ရောက်ရှိပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ကျားဟော်မုန်းတွေက ပုံမှန်ပမာဏကို ပြန်ရောက်ရှိသွားပါတယ်။ ဒါကြောင့် အာသာဖြေတဲ့ အကြိမ်ရေများလေ ဝက်ခြံပေါက်လေဆိုတာ အလွဲသက်သက်သာ ဖြစ်ပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းခြင်းကြောင့်သာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားပြဿနာပါ။
ဒါဆို ဝက်ခြံမပေါက်အောင် ဘယ်လိုကာကွယ်မလဲ။

ဝက်ခြံဆိုတာ ချွေးပေါက်အတွင်း အညစ်အကြေးနဲ့ အဆီတွေ ပိတ်မိတာ၊ အရေပြားအပေါ်ယံမှာ ပျက်စီးနေတဲ့ ဆဲလ်အသေတွေ စုပုံလာတာ၊ အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ ပွားနေတာကြောင့် ဝက်ခြံပေါက်ရခြင်းဖြစ်ပါတယ်။ ဒီလို နီရဲပြီး ဖောင်းကြွကြွဖြစ်နေတဲ့ အဖုလေးတွေကို လက်နဲ့ ကုတ်မိလိုက်တာ၊ ညှစ်မိလိုက်တဲ့အခါ ပိုးဝင်ပြီး ပိုဆိုးသွားနိုင်တာကြောင့် ကိုယ့်အရေပြားကို သေချာသန့်ရှင်းအောင် ထားဖို့နဲ့ ဝက်ခြံမပေါက်အောင် ကာကွယ်မှ အဆင်ပြေမှာပါ။ ဘယ်လိုကာကွယ်မလဲဆိုရင်

၁။ မျက်နှာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ဆပ်ပြာနဲ့ သစ်ပါ။ ပြီးပြီးရော မသစ်ဘဲနဲ့ မျက်နှာရဲ့ နေရာအနှံ့ကို စက်ဝိုင်းပုံစံလေး နှံ့စပ်အောင် ဆပ်ပြာတိုက်ပြီးမှ ရေနဲ့ ပြောင်စင်အောင် ဆေးကြောရမှာပါ။

၂။ လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အချိန် ချွေးတိတ်အောင် စောင့်ပြီးတာနဲ့ မျက်နှာကို သေချာသန့်စင်ပေးပါ။

၃။ မျက်နှာသစ်ပြီး ခြောက်အောင် သုတ်ပြီးသွားတာနဲ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။

၄။ အပြင်မသွားခင် နာရီဝက်အလို နေလောင်ကာခရင်မ် တစ်ခုခု လိမ်းပေးပါ။ နေပူထဲ မျက်နှာကို ဘာမှမလိမ်းဘဲ ထွက်တဲ့အကျင့်ကို ဖျောက်ပါ။

၅။ တစ်ပတ်ကို ၂ကြိမ်လောက် မျက်နှာကို ကြေးချွတ် (Scrub တိုက်) ပေးပါ။ ပျက်စီးနေတဲ့ အရေပြားဆဲလ်အသေတွေ သူ့အလိုလိုကွာကျဖို့ အချိန်တော်တော်ကြာအောင် စောင့်ရပါတယ်။ ဒီလိုဆဲလ်အသေတွေက စုပုံလာပြီဆိုရင် ချွေးပေါက်ပိတ်ပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။

၆။ ကိုယ့်အရေပြားအတွက် အသုံးပြုနေတဲ့ အလှကုန်ပစ္စည်း၊ အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေက ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိ၊ မရှိ သေချာစစ်ဆေးပါ။

၇။ ကိုယ့်ခေါင်းအုံးစွပ်ကို တစ်ပတ် တစ်ကြိမ်လောက် အဝတ်လျှော်ဆပ်ပြာ အပျော့စားနဲ့ စိမ်ပြီး လျှောပေးပါ။ အိပ်ရာခင်းတွေကိုလည်း တစ်လ တစ်ကြိမ်လောက် သေချာစိမ်ပြီး လျှော်ဖွပ်ပေးရပါမယ်။

၈။ အပြင်အရေပြားကို အစိုဓာတ်ထိန်းဖို့လိုအပ်သလို အတွင်းဘက်မှာ ရေဓာတ်ပြည့်ဝနေဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနံှတွေ များများစားပေးပါ။

၉။ ညဘက်တွေမှာ အိပ်ရေးဝအောင် အိပ်ပါ။ အမျိုးသားတစ်ယောက် ကျန်းမာတက်ကြွနေဖို့ ညဘက်မှာ အနည်းဆုံး ၇နာရီခန့် အပြည့်အဝအိပ်ချိန်ရဖို့ လိုအပ်ပါတယ်။

ဒီနည်းလမ်းတွေက ဝက်ခြံကို ထိရောက်စွာ ကာကွယ်ပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ အကယ်လို့ ကိုယ်က ဝက်ခြံတွေ အမြဲလိုလို ထွက်နေတယ်။ ကုတ်မိရာကနေ ပိုးဝင်ပြီး အရေပြားပြဿနာတွေ ဖြစ်လာပြီဆိုရင်တော့ အရေပြားအထူးကုနဲ့ ပြသသင့်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေခြင်းနဲ့ ဝက်ခြံဟာ ဆက်စပ်မှုမရှိတာမို့ ဝက်ခြံပေါက်မှာ ကြောက်တာနဲ့တော့ တစ်နေ့တာအလုပ်ကို လျှော့ဖို့တော့ မလိုအပ်ပါဘူး ကိုယ့်လူတို့ရေ။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

0 Comments