လိင္တံစြပ္ကြင္းေတြက တကယ္ပဲ စိတ္ခ်ရရဲ႕လား
================
မွန္ကန္တဲ့နည္းလမ္းနဲ႔ အသံုးျပဳမယ္ဆိုရင္ လိင္တံစြပ္ကြင္းေတြဟာ ေဘးကင္းတဲ့ပစၥည္းေတြလို႔ ဆိုႏိုင္ပါတယ္။ ဒီစြပ္ကြင္းရဲ႕ အားသာခ်က္ကေတာ့ လိင္တံမာေတာင့္ေစဖို႔ စီးဝင္ေနတဲ့ ေသြးေတြကို အထဲျပန္မဝင္သြားေစဖို႔ လိင္တံတြင္း ေသြးေၾကာေတြထဲမွာ ပိတ္ေလွာင္ဖို႔ ကူညီေပးတာပဲျဖစ္ပါတယ္။ ဒီလိုေသြးေတြက အထဲျပန္မဝင္သြားတဲ့အခါ လိင္တံတစ္သွ်ဴးေတြက ပိုမာျပီး ၾကီးလာတယ္။ လိင္တံေထာင္မတ္ခ်ိန္ ၾကာျမင့္ေစတယ္။ ဒါ့အျပင္ သုက္လႊတ္မျမန္ေအာင္ ထိန္းေပးႏိုင္တဲ့ ပစၥည္းျဖစ္ပါတယ္။ ဒီေန႔ေဆာင္းပါးမွာ အမ်ိဳးသားေတြၾကား အသံုးမ်ားလာတဲ့ လိင္တံစြပ္ကြင္းအေၾကာင္းနဲ႔ အသံုးျပဳပံုေတြ၊ အားသာခ်က္၊ အားနည္းခ်က္ေတြအေၾကာင္း ေျပာျပေပးသြားမွာျဖစ္ပါတယ္။
လိင္တံစြပ္ကြင္းက အမ်ိဳးသားေတြအတြက္ ဘာေကာင္းက်ိဳးရွိလဲ။
၁။ ပန္းေသပန္းညႈိးျဖစ္ေနတဲ့ အမ်ိဳးသားေတြအတြက္ လိင္တံေကာင္းစြာ ေထာင္မတ္ႏိုင္ေစဖို႔ ကူညီေပးပါတယ္။
၂။ လိင္တံေထာင္မတ္ခ်ိန္ကို ၾကာေစျပီး ထိုးသြင္းဆက္ဆံေနစဥ္ ေပ်ာ့သြားတာမ်ိဳး မျဖစ္ေစပါဘူး။
၃။ ေထာင္မတ္ေနတဲ့ လိင္တံဟာ ပံုမွန္အခ်ိန္ထက္ ပိုၾကီးေနတတ္ပါတယ္။
၄။ ဆက္ဆံေနစဥ္ ခံစားမႈအားေကာင္းေစတယ္။
၅။ သုက္ျမန္ျမန္မလႊတ္ေစဖို႔ ထိန္းေပးႏိုင္တယ္။
၆။ လိင္စိတ္ဆႏၵ အထြတ္အထိပ္ေရာက္ခ်ိန္မွာ သုက္ထြက္အား ပိုျပင္းေစပါတယ္။
ဘယ္သူေတြအေနနဲ႔ လိင္တံစြပ္ကြင္း အသံုးျပဳဖို႔ မသင့္ဘူးလဲ။
၁။ ေသြးက်ဲေဆး ေသာက္ေနရသူေတြ
၂။ လိင္တံမွာ ထိခိုက္ဒဏ္ရာ ရထားတဲ့သူေတြ
၃။ ေပါင္ျခံနဲ႔ လိင္တံတစ္ဝိုက္မွာ ေအာင့္ျပီး နာေနသလိုခံစားရတာ
၄။ ဆီးခ်ိဳေဝဒနာရွင္ေတြ
၅။ ေသြးေရာဂါ သို႔မဟုတ္ အာရံုေၾကာနဲ႔ပတ္သက္တဲ့ ေရာဂါရွိသူေတြ
၆။ ႏွလံုးေရာဂါရွိတဲ့သူေတြအေနနဲ႔ အသံုးမျပဳခင္မွာ ဆရာဝန္နဲ႔ အရင္ဆံုးတိုင္ပင္သင့္ပါတယ္။ ကိုယ့္ရဲ႕ က်န္းမာေရးအေျခအေနေပၚ မူတည္ျပီး ေဆာင္ရန္၊ ေရွာင္ရန္ေတြကို ဆရာဝန္ဆီမွာ အၾကံဉာဏ္ေတာင္းခံႏိုင္ပါတယ္။
ကိုယ္နဲ႔ကိုက္ညီမယ့္ လိင္တံစြပ္ကြင္းကို ဘယ္လိုေရြးဝယ္မလဲ။
အမ်ိဳးသားေတြက မ်ားေသာအားျဖင့္ ရာဘာနဲ႔ လုပ္ထားတဲ့ အစြပ္ကို ေရြးဝယ္တတ္ၾကျပီး အနည္းငယ္ပိုက်ပ္တဲ့ သားေရအမ်ိဳးအစားေတြ ဝယ္တဲ့သူေတြလည္း ရွိၾကပါတယ္။ ဒီစြပ္ကြင္းေတြမွာ အနည္းငယ္ ခ်ံဳ႕ႏိုင္၊ ဆန္႔ႏိုင္ျပီး အေရးေပၚအေျခအေနေပၚမွာ ကပ္ေၾကးနဲ႔ ညွပ္လို႔ရေအာင္ လုပ္ေပးထားပါတယ္။
ကြန္ဒံုးဝယ္သလိုပါပဲ။ လိင္တံစြပ္ကြင္းကို ဝယ္ေတာ့မယ္ဆိုရင္ ကိုယ့္ပစၥည္းနဲ႔ ကိုက္ညီမယ့္ အရြယ္အစားကို ေရြးဝယ္ဖို႔ အေရးၾကီးပါတယ္။ ကိုယ့္အရြယ္အစားကို တိုင္းဖို႔အတြက္ လိင္တံေပ်ာ့ေနခ်ိန္မွာ အရင္းပတ္ပတ္လည္ကို ၾကိဳးအမွ်င္ေသးေသးေလးနဲ႔ စြပ္ျပီး အမွတ္မွတ္ထားလို႔ ရပါတယ္။ ဒါမွမဟုတ္ အလြယ္တကူ ခ်ံဳ႕၊ ခ်ဲ႕လို႔ရတဲ့ အေပ်ာ့စားကြင္းေတြ ေရြးလို႔လည္း အဆင္ေျပပါတယ္။
လိင္တံစြပ္ကြင္းကို ဘယ္လိုအသံုးျပဳၾကမလဲ။
လိင္တံေပ်ာ့ေနတဲ့အခ်ိန္မွာ ေခါင္းကေန တစ္ဆင့္ ျဖည္းျဖည္းခ်င္း အေနာက္ကို ဆြဲသြင္းရပါမယ္။ ကိုယ္က လိင္တံကိုပဲ စြပ္မယ္ဆိုရင္ေတာ့ ျပႆနာမဟုတ္ေပမဲ့ ေဝွးေစ့ေတြကိုပါ ထည့္စြပ္မယ္ဆိုရင္ေတာ့ အရင္ဆံုး ေဝွးေစ့တစ္လံုးကို ကြင္းထဲထည့္ျပီးမွ ေနာက္တစ္လံုးကို ထည့္ရမွာပါ။ ျပီးသြားေတာ့မွ ေပ်ာ့ေနတဲ့ လိင္တံကို အနည္းငယ္ေကြးညြတ္ျပီးမွ ျဖည္းျဖည္းခ်င္း ကြင္းထဲကို ထည့္ပါ။ အကုန္လံုး ကြင္းထဲဝင္သြားျပီဆိုရင္ ကပၸယ္အိတ္အေနာက္နဲ႔ လိင္တံအရင္းထိပ္မွာ ကြင္းကို ေသခ်ာစြာ တပ္ဆင္ရပါမယ္။
ေခ်ာင္ေခ်ာင္ခ်ိခ်ိနဲ႔ စြပ္လို႔လြယ္ကူေအာင္ ေခ်ာဆီနည္းနည္းစြတ္ျပီးမွ ကြင္းထဲသြင္းတာ ပိုေကာင္းပါတယ္။ စြပ္လိုက္တဲ့အခါ ကိုယ့္ရဲ႕ ပစၥည္းနဲ႔ အံဝင္ခြင္က်ျဖစ္ေနဖို႔ ကြင္းရဲ႕ အရြယ္အစားက ေတာ္ေတာ္ေလး အေရးပါပါတယ္။ အကယ္လို႔ ကိုယ္က ကြန္ဒံုးစြပ္ျပီး လိင္ဆက္ဆံမယ္ဆိုရင္ ကြင္းမစြပ္ခင္ အရင္ဆံုး ကြန္ဒံုးကို စြပ္ထားဖို႔ေတာ့ လိုပါတယ္။ ကြန္ဒံုးနဲ႔ လိင္တံစြပ္ကြင္း ျငိမေနေစဖို႔ သတိထားေပးပါ။ အေရးၾကီးတာက လိင္တံစြပ္ကြင္းကို တစ္ခါအသံုးျပဳရင္ နာရီဝက္ထက္ ပိုမၾကာဖို႔ပါပဲ။ အစပိုင္း ကိုယ္က သံုးက်င့္မရွိေသးရင္ ႏႈိးစက္နဲ႔ အခ်ိန္လုပ္ေပးထားတာ ပိုေကာင္းပါတယ္။ လိင္တံစြပ္ကြင္း စြပ္လ်က္နဲ႔ အိပ္ေပ်ာ္မသြားေစဖို႔လည္း ကူညီေပးရာေရာက္ပါတယ္။
ဘာေတြကို သတိထားဖို႔လိုမလဲ။
လိင္တံစြပ္ကြင္း စြပ္ျပီး မိနစ္အနည္းငယ္အတြင္း
ထံုက်ဥ္ေနတာ
ေအးစက္စက္ျဖစ္ေနတာ
ေနလို႔ ထိုင္လို႔ မေကာင္းတာ
လိင္တံရဲ႕ အေရာင္က ျဖဴေဖ်ာ့ေဖ်ာ့ ဒါမွမဟုတ္ အျပာေရာင္ဘက္ကို ေျပာင္းသြားတာ
နာက်င္မႈေဝဒနာ
ေရာင္ကိုင္းလာတာ အစရွိတဲ့ လကၡဏာေတြ ေတြ႔ရျပီဆိုရင္ေတာ့ စြပ္ကြင္းကို အသံုးျပဳထားတဲ့ ရာဘာ သို႔မဟုတ္ သံပစၥည္းနဲ႔ အေရျပားဓာတ္မတည့္တာ ျဖစ္ႏိုင္ပါတယ္။
လိင္တံစြပ္ကြင္းကို အခ်ိန္ၾကာၾကာ စြပ္ထားလိုက္တဲ့အခါ ေသြးစီးဆင္းမႈႏႈန္းကို အဟန္႔အတားျဖစ္ေစလို႔ နာက်င္မႈေဝဒနာအျပင္ ေသြးေၾကာကိုပါ ရာသက္ပန္ထိခိုက္သြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္က အသံုးမျပဳခင္မွာ သူ႔ရဲ႕ အသံုးျပဳတဲ့နည္းလမ္းေတြ၊ ေဆာင္ရန္၊ ေရွာင္ရန္နဲ႔ သတိထားသင့္တဲ့ အရာေတြကို ၾကိဳတင္ေလ့လာထားတာ အေကာင္းဆံုးပါပဲ။
ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Unicode
လိင်တံစွပ်ကွင်းတွေက တကယ်ပဲ စိတ်ချရရဲ့လား
================
မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးပြုမယ်ဆိုရင် လိင်တံစွပ်ကွင်းတွေဟာ ဘေးကင်းတဲ့ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။ ဒီစွပ်ကွင်းရဲ့ အားသာချက်ကတော့ လိင်တံမာတောင့်စေဖို့ စီးဝင်နေတဲ့ သွေးတွေကို အထဲပြန်မဝင်သွားစေဖို့ လိင်တံတွင်း သွေးကြောတွေထဲမှာ ပိတ်လှောင်ဖို့ ကူညီပေးတာပဲဖြစ်ပါတယ်။ ဒီလိုသွေးတွေက အထဲပြန်မဝင်သွားတဲ့အခါ လိင်တံတစ်သျှူးတွေက ပိုမာပြီး ကြီးလာတယ်။ လိင်တံထောင်မတ်ချိန် ကြာမြင့်စေတယ်။ ဒါ့အပြင် သုက်လွှတ်မမြန်အောင် ထိန်းပေးနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ အမျိုးသားတွေကြား အသုံးများလာတဲ့ လိင်တံစွပ်ကွင်းအကြောင်းနဲ့ အသုံးပြုပုံတွေ၊ အားသာချက်၊ အားနည်းချက်တွေအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။
လိင်တံစွပ်ကွင်းက အမျိုးသားတွေအတွက် ဘာကောင်းကျိုးရှိလဲ။
၁။ ပန်းသေပန်းညှိုးဖြစ်နေတဲ့ အမျိုးသားတွေအတွက် လိင်တံကောင်းစွာ ထောင်မတ်နိုင်စေဖို့ ကူညီပေးပါတယ်။
၂။ လိင်တံထောင်မတ်ချိန်ကို ကြာစေပြီး ထိုးသွင်းဆက်ဆံနေစဉ် ပျော့သွားတာမျိုး မဖြစ်စေပါဘူး။
၃။ ထောင်မတ်နေတဲ့ လိင်တံဟာ ပုံမှန်အချိန်ထက် ပိုကြီးနေတတ်ပါတယ်။
၄။ ဆက်ဆံနေစဉ် ခံစားမှုအားကောင်းစေတယ်။
၅။ သုက်မြန်မြန်မလွှတ်စေဖို့ ထိန်းပေးနိုင်တယ်။
၆။ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ချိန်မှာ သုက်ထွက်အား ပိုပြင်းစေပါတယ်။
ဘယ်သူတွေအနေနဲ့ လိင်တံစွပ်ကွင်း အသုံးပြုဖို့ မသင့်ဘူးလဲ။
၁။ သွေးကျဲဆေး သောက်နေရသူတွေ
၂။ လိင်တံမှာ ထိခိုက်ဒဏ်ရာ ရထားတဲ့သူတွေ
၃။ ပေါင်ခြံနဲ့ လိင်တံတစ်ဝိုက်မှာ အောင့်ပြီး နာနေသလိုခံစားရတာ
၄။ ဆီးချိုဝေဒနာရှင်တွေ
၅။ သွေးရောဂါ သို့မဟုတ် အာရုံကြောနဲ့ပတ်သက်တဲ့ ရောဂါရှိသူတွေ
၆။ နှလုံးရောဂါရှိတဲ့သူတွေအနေနဲ့ အသုံးမပြုခင်မှာ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို ဆရာဝန်ဆီမှာ အကြံဉာဏ်တောင်းခံနိုင်ပါတယ်။
ကိုယ်နဲ့ကိုက်ညီမယ့် လိင်တံစွပ်ကွင်းကို ဘယ်လိုရွေးဝယ်မလဲ။
အမျိုးသားတွေက များသောအားဖြင့် ရာဘာနဲ့ လုပ်ထားတဲ့ အစွပ်ကို ရွေးဝယ်တတ်ကြပြီး အနည်းငယ်ပိုကျပ်တဲ့ သားရေအမျိုးအစားတွေ ဝယ်တဲ့သူတွေလည်း ရှိကြပါတယ်။ ဒီစွပ်ကွင်းတွေမှာ အနည်းငယ် ချုံ့နိုင်၊ ဆန့်နိုင်ပြီး အရေးပေါ်အခြေအနေပေါ်မှာ ကပ်ကြေးနဲ့ ညှပ်လို့ရအောင် လုပ်ပေးထားပါတယ်။
ကွန်ဒုံးဝယ်သလိုပါပဲ။ လိင်တံစွပ်ကွင်းကို ဝယ်တော့မယ်ဆိုရင် ကိုယ့်ပစ္စည်းနဲ့ ကိုက်ညီမယ့် အရွယ်အစားကို ရွေးဝယ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အရွယ်အစားကို တိုင်းဖို့အတွက် လိင်တံပျော့နေချိန်မှာ အရင်းပတ်ပတ်လည်ကို ကြိုးအမျှင်သေးသေးလေးနဲ့ စွပ်ပြီး အမှတ်မှတ်ထားလို့ ရပါတယ်။ ဒါမှမဟုတ် အလွယ်တကူ ချုံ့၊ ချဲ့လို့ရတဲ့ အပျော့စားကွင်းတွေ ရွေးလို့လည်း အဆင်ပြေပါတယ်။
လိင်တံစွပ်ကွင်းကို ဘယ်လိုအသုံးပြုကြမလဲ။
လိင်တံပျော့နေတဲ့အချိန်မှာ ခေါင်းကနေ တစ်ဆင့် ဖြည်းဖြည်းချင်း အနောက်ကို ဆွဲသွင်းရပါမယ်။ ကိုယ်က လိင်တံကိုပဲ စွပ်မယ်ဆိုရင်တော့ ပြဿနာမဟုတ်ပေမဲ့ ဝှေးစေ့တွေကိုပါ ထည့်စွပ်မယ်ဆိုရင်တော့ အရင်ဆုံး ဝှေးစေ့တစ်လုံးကို ကွင်းထဲထည့်ပြီးမှ နောက်တစ်လုံးကို ထည့်ရမှာပါ။ ပြီးသွားတော့မှ ပျော့နေတဲ့ လိင်တံကို အနည်းငယ်ကွေးညွတ်ပြီးမှ ဖြည်းဖြည်းချင်း ကွင်းထဲကို ထည့်ပါ။ အကုန်လုံး ကွင်းထဲဝင်သွားပြီဆိုရင် ကပ္ပယ်အိတ်အနောက်နဲ့ လိင်တံအရင်းထိပ်မှာ ကွင်းကို သေချာစွာ တပ်ဆင်ရပါမယ်။
ချောင်ချောင်ချိချိနဲ့ စွပ်လို့လွယ်ကူအောင် ချောဆီနည်းနည်းစွတ်ပြီးမှ ကွင်းထဲသွင်းတာ ပိုကောင်းပါတယ်။ စွပ်လိုက်တဲ့အခါ ကိုယ့်ရဲ့ ပစ္စည်းနဲ့ အံဝင်ခွင်ကျဖြစ်နေဖို့ ကွင်းရဲ့ အရွယ်အစားက တော်တော်လေး အရေးပါပါတယ်။ အကယ်လို့ ကိုယ်က ကွန်ဒုံးစွပ်ပြီး လိင်ဆက်ဆံမယ်ဆိုရင် ကွင်းမစွပ်ခင် အရင်ဆုံး ကွန်ဒုံးကို စွပ်ထားဖို့တော့ လိုပါတယ်။ ကွန်ဒုံးနဲ့ လိင်တံစွပ်ကွင်း ငြိမနေစေဖို့ သတိထားပေးပါ။ အရေးကြီးတာက လိင်တံစွပ်ကွင်းကို တစ်ခါအသုံးပြုရင် နာရီဝက်ထက် ပိုမကြာဖို့ပါပဲ။ အစပိုင်း ကိုယ်က သုံးကျင့်မရှိသေးရင် နှိုးစက်နဲ့ အချိန်လုပ်ပေးထားတာ ပိုကောင်းပါတယ်။ လိင်တံစွပ်ကွင်း စွပ်လျက်နဲ့ အိပ်ပျော်မသွားစေဖို့လည်း ကူညီပေးရာရောက်ပါတယ်။
ဘာတွေကို သတိထားဖို့လိုမလဲ။
လိင်တံစွပ်ကွင်း စွပ်ပြီး မိနစ်အနည်းငယ်အတွင်း
ထုံကျဉ်နေတာ
အေးစက်စက်ဖြစ်နေတာ
နေလို့ ထိုင်လို့ မကောင်းတာ
လိင်တံရဲ့ အရောင်က ဖြူဖျော့ဖျော့ ဒါမှမဟုတ် အပြာရောင်ဘက်ကို ပြောင်းသွားတာ
နာကျင်မှုဝေဒနာ
ရောင်ကိုင်းလာတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ စွပ်ကွင်းကို အသုံးပြုထားတဲ့ ရာဘာ သို့မဟုတ် သံပစ္စည်းနဲ့ အရေပြားဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။
လိင်တံစွပ်ကွင်းကို အချိန်ကြာကြာ စွပ်ထားလိုက်တဲ့အခါ သွေးစီးဆင်းမှုနှုန်းကို အဟန့်အတားဖြစ်စေလို့ နာကျင်မှုဝေဒနာအပြင် သွေးကြောကိုပါ ရာသက်ပန်ထိခိုက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က အသုံးမပြုခင်မှာ သူ့ရဲ့ အသုံးပြုတဲ့နည်းလမ်းတွေ၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိထားသင့်တဲ့ အရာတွေကို ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါပဲ။
ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

0 Comments