သုက္ရည္မွာ အညွီနံ႔ထြက္ေနတာ ဘာေၾကာင့္လဲ
........................
လိင္တံမွ ထြက္တဲ့ သုက္ရည္ဟာ ပံုေသအနံ႔တစ္မ်ိဳးတည္း ထြက္တာေတာ့ မဟုတ္ပါဘူး။ ကိုယ္ ေန႔စဥ္စားလိုက္တဲ့ အစားအစာ၊ တစ္ကိုယ္ေရ သန္႔ရွင္းမႈ၊ လိင္မႈကိစၥ ဘယ္ႏွစ္ၾကိမ္လုပ္လဲ အစရွိတဲ့အရာေတြေပၚ မူတည္ျပီး အနံ႔အမ်ိဳးမ်ိဳး ေျပာင္းလဲႏိုင္ပါတယ္။ တခ်ိဳ႕ေသာ အစားအစာေတြဟာ ခ်ိဳေမႊးတဲ့ အနံ႔ေပးႏိုင္သလို ငါးညွီနံ႔လို မေကာင္းတဲ့ အနံ႔မ်ိဳးျဖစ္ေအာင္လည္း ေျပာင္းလဲေပးႏိုင္ပါတယ္။
သုက္ရည္ကထြက္တဲ့ အနံ႔ကို ခြဲၾကမယ္။
ပံုမွန္အားျဖင့္ သုက္ရည္မွာ အစြန္းခၽြတ္ေဆး၊ ကလိုရင္းအနံ႔မ်ိဳး ရွိပါတယ္။ အဲ့လိုမွ မဟုတ္ဘဲ ငါးညွီနံ႔လို၊ ၾကက္ဥပုပ္နံ႔လို အနံ႔ထြက္တာဆိုရင္ေတာ့ တစ္ခုခုမွားယြင္းေနတယ္လို႔ ဆိုႏိုင္ပါတယ္။ ကညြန္႔၊ အသား၊ ၾကက္သြန္ျဖဴ၊ ကဖင္းဓာတ္ပါတဲ့ ေဖ်ာ္ရည္ေတြ၊ အရက္ေတြေၾကာင့္ သုက္ရည္ဟာ ပုပ္အဲ့အဲ့ အနံ႔အျဖစ္ ေျပာင္းသြားႏိုင္ပါတယ္။ ဒီအစားအစာေတြကိုသာ ေလွ်ာ့စားလိုက္မယ္ဆိုရင္ ရက္အနည္းငယ္အတြင္းမွာ ပံုမွန္အနံ႔ကို ေျပာင္းသြားမွာပါ။
ကူးစက္ေရာဂါေတြေၾကာင့္ေရာ ျဖစ္ႏိုင္လား။
အစားလည္းဆင္ျခင္ပါရက္နဲ႔ အနံ႔က အရင္လိုျပန္မေကာင္းလာေသးဘူးဆိုရင္ေတာ့ ကူးစက္ေရာဂါတစ္မ်ိဳးမ်ိဳး ဒါမွမဟုတ္ က်န္းမာေရးျပႆနာ တစ္ခုခုရွိေနတာျဖစ္ႏိုင္ပါတယ္။ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြ ျဖစ္တဲ့ ဂႏို ဆီးပူေညာင္းက်ေရာဂါ၊ လိင္တံတြင္း ဘက္တီးရီးယားပိုးဝင္ျခင္း (Trichomoniasis) ၊ ဆီးက်ိတ္ဂလန္း ေရာင္ရမ္းျခင္း (Prostatitis) ေၾကာင့္ သုက္ရည္က ပုပ္အဲ့အဲ့အနံ႔ထြက္လာတတ္ပါတယ္။
သုက္ရည္အနံ႔အျပင္ ယားယံတာ၊ ဆီးသြားေနစဥ္ နာက်င္ျခင္း၊ ပူစပ္ပူေလာင္ျဖစ္တာ၊ လိင္တံအတြင္းမွ အဝါေရာင္၊ စိမ္းဖန္႔ဖန္႔ေရာင္ ျပည္ေတြ ထြက္လာတာ၊ ဆီးမွာ ေသြးပါလာတာ၊ သုက္လႊတ္စဥ္ နာက်င္တာ၊ မၾကာခဏ ဆီးသြားလိုစိတ္ျဖစ္တာ အစရွိတဲ့ လကၡဏာေတြပါေတြ႔ရလာျပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ အျမန္ဆံုး ျပသသင့္ပါျပီ။
ထိပ္အေရျပား ျဖတ္ျခင္း၊ မျဖတ္ျခင္းနဲ႔ေရာ သက္ဆိုင္လား။
ထိပ္အေရျပား မျဖတ္ထားတဲ့ အမ်ိဳးသားေတြမွာ ေခၽြးေတြ၊ အဆီေတြ၊ အညစ္အေၾကးေတြနဲ႔ ဆဲလ္အေသေတြက ထိပ္အေရျပားေအာက္မွာ သြားစုမိျပီး အျဖဴေရာင္အရိအခၽြဲေတြ၊ အဖတ္ေတြ ျဖစ္လာပါတယ္။ ၾကာလာတာနဲ႔အမွ် ဆီးလမ္းေၾကာင္းတြင္း ပိုးဝင္ရံုသာမက သုက္ရည္က အနံ႔ဆိုးထြက္လာတာမ်ိဳးေတြလည္း ျဖစ္ႏိုင္ပါတယ္။
ထိပ္အေရျပား ျဖတ္ထားသူေတြမွာလည္း ေခၽြးနဲ႔ အဆီနံ႔ေၾကာင့္ သက္ေရာက္မႈရွိႏိုင္ေပမယ့္ သိပ္ျပီး မျပင္းထန္လွပါဘူး။ ဘယ္လိုပဲျဖစ္ပါေစ အမ်ိဳးသားတိုင္း ေရခ်ိဳးတဲ့အခါ လိင္တံပတ္လည္ကို ဆပ္ျပာနဲ႔ ေရနဲ႔ ေသခ်ာတိုက္ခၽြတ္ေဆးေၾကာေပးဖို႔ လိုအပ္ပါတယ္။ အေရျပားမျဖတ္ထားသူေတြမွာဆိုရင္ ပိုျပီးေတာင္ တစ္ကိုယ္ေရသန္႔ရွင္းမႈကို ဂရုစိုက္ဖို႔ လိုအပ္ပါတယ္။
Diet လုပ္ေနရင္ေရာ ဘယ္လိုအနံ႔ထြက္လာႏိုင္လဲ။
ကိုယ္အေလးခ်ိန္က်ဖို႔အတြက္ Diet လုပ္ေနတဲ့ သူေတြဟာ အရည္ရႊမ္းတဲ့ သစ္သီးဝလံေတြ၊ ဟင္းသီးဟင္းရြက္ေတြ ပိုစားတဲ့အတြက္ သုက္ရည္မွာ ခ်ိဳေမႊးတဲ့ အနံ႔ေတြ ထြက္တတ္ပါတယ္။ ေဂၚဖီထုပ္၊ ကညြန္႔၊ ကန္စြန္းရြက္၊ ဟင္းႏုနယ္ရြက္၊ အသား၊ ႏို႔ထြက္ပစၥည္းေတြကေတာ့ ခါးတဲ့ အနံ႔၊ အရသာမ်ိဳး ျဖစ္ေစပါတယ္။
သုက္ရည္အနံ႔ကို မူလအတိုင္း ျဖစ္ေအာင္ ေျပာင္းလို႔ ရလား။
ေန႔စဥ္စားေနတဲ့ အစားအစာေတြ၊ ေနထိုင္ပံုနဲ႔ တစ္ကိုယ္ေရ သန္႔ရွင္းမႈေတြကို ဂရုစိုက္မယ္ဆိုရင္ သုက္ရည္ကို နဂိုမူလအနံ႔အတိုင္း ျပန္ေရာက္ေအာင္ ေျပာင္းလဲေပးႏိုင္ပါတယ္။
၁။ ေရကို ေန႔တိုင္း မွန္မွန္ခ်ိဳးေပးပါ။ ေရခ်ိဳးတဲ့အခါမွာလည္း လိင္တံ၊ ေပါင္ျခံတစ္ဝိုက္နဲ႔ ထိပ္အေရျပားေအာက္ကို ဆပ္ျပာနဲ႔ ေရမ်ားမ်ား တိုက္ခၽြတ္ေဆးေၾကာပါ။
၂။ ဟင္းသီးဟင္းရြက္နဲ႔ အသီးအႏွံေတြကို မ်ားမ်ားစားေပးပါ။
၃။ ကဖင္းဓာတ္နဲ႔ အရက္ေတြ ေသာက္တာ ေလွ်ာ့ပါ။
၄။ လိင္ဆက္ဆံတဲ့အခ်ိန္တိုင္း ကြန္ဒံုးကို အသံုးျပဳပါ။
ကိုယ့္ရဲ႕ သုက္ရည္က အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ ပံုမွန္မဟုတ္တဲ့ အနံ႔ေတြ ထြက္ေနရင္ေတာ့ ဆရာဝန္နဲ႔ အျမန္ဆံုး ျပသျပီး ကုသမႈခံယူတာ အေကာင္းဆံုးပါပဲ။
ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Unicode
သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ
........................
လိင်တံမှ ထွက်တဲ့ သုက်ရည်ဟာ ပုံသေအနံ့တစ်မျိုးတည်း ထွက်တာတော့ မဟုတ်ပါဘူး။ ကိုယ် နေ့စဉ်စားလိုက်တဲ့ အစားအစာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ လိင်မှုကိစ္စ ဘယ်နှစ်ကြိမ်လုပ်လဲ အစရှိတဲ့အရာတွေပေါ် မူတည်ပြီး အနံ့အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ တချို့သော အစားအစာတွေဟာ ချိုမွှေးတဲ့ အနံ့ပေးနိုင်သလို ငါးညှီနံ့လို မကောင်းတဲ့ အနံ့မျိုးဖြစ်အောင်လည်း ပြောင်းလဲပေးနိုင်ပါတယ်။
သုက်ရည်ကထွက်တဲ့ အနံ့ကို ခွဲကြမယ်။
ပုံမှန်အားဖြင့် သုက်ရည်မှာ အစွန်းချွတ်ဆေး၊ ကလိုရင်းအနံ့မျိုး ရှိပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ ငါးညှီနံ့လို၊ ကြက်ဥပုပ်နံ့လို အနံ့ထွက်တာဆိုရင်တော့ တစ်ခုခုမှားယွင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ကညွန့်၊ အသား၊ ကြက်သွန်ဖြူ၊ ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေ၊ အရက်တွေကြောင့် သုက်ရည်ဟာ ပုပ်အဲ့အဲ့ အနံ့အဖြစ် ပြောင်းသွားနိုင်ပါတယ်။ ဒီအစားအစာတွေကိုသာ လျှော့စားလိုက်မယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာ ပုံမှန်အနံ့ကို ပြောင်းသွားမှာပါ။
ကူးစက်ရောဂါတွေကြောင့်ရော ဖြစ်နိုင်လား။
အစားလည်းဆင်ခြင်ပါရက်နဲ့ အနံ့က အရင်လိုပြန်မကောင်းလာသေးဘူးဆိုရင်တော့ ကူးစက်ရောဂါတစ်မျိုးမျိုး ဒါမှမဟုတ် ကျန်းမာရေးပြဿနာ တစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ ဂနို ဆီးပူညောင်းကျရောဂါ၊ လိင်တံတွင်း ဘက်တီးရီးယားပိုးဝင်ခြင်း (Trichomoniasis) ၊ ဆီးကျိတ်ဂလန်း ရောင်ရမ်းခြင်း (Prostatitis) ကြောင့် သုက်ရည်က ပုပ်အဲ့အဲ့အနံ့ထွက်လာတတ်ပါတယ်။
သုက်ရည်အနံ့အပြင် ယားယံတာ၊ ဆီးသွားနေစဉ် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်တာ၊ လိင်တံအတွင်းမှ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင် ပြည်တွေ ထွက်လာတာ၊ ဆီးမှာ သွေးပါလာတာ၊ သုက်လွှတ်စဉ် နာကျင်တာ၊ မကြာခဏ ဆီးသွားလိုစိတ်ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေပါတွေ့ရလာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါပြီ။
ထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းနဲ့ရော သက်ဆိုင်လား။
ထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ချွေးတွေ၊ အဆီတွေ၊ အညစ်အကြေးတွေနဲ့ ဆဲလ်အသေတွေက ထိပ်အရေပြားအောက်မှာ သွားစုမိပြီး အဖြူရောင်အရိအချွဲတွေ၊ အဖတ်တွေ ဖြစ်လာပါတယ်။ ကြာလာတာနဲ့အမျှ ဆီးလမ်းကြောင်းတွင်း ပိုးဝင်ရုံသာမက သုက်ရည်က အနံ့ဆိုးထွက်လာတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
ထိပ်အရေပြား ဖြတ်ထားသူတွေမှာလည်း ချွေးနဲ့ အဆီနံ့ကြောင့် သက်ရောက်မှုရှိနိုင်ပေမယ့် သိပ်ပြီး မပြင်းထန်လှပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ အမျိုးသားတိုင်း ရေချိုးတဲ့အခါ လိင်တံပတ်လည်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာတိုက်ချွတ်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ အရေပြားမဖြတ်ထားသူတွေမှာဆိုရင် ပိုပြီးတောင် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Diet လုပ်နေရင်ရော ဘယ်လိုအနံ့ထွက်လာနိုင်လဲ။
ကိုယ်အလေးချိန်ကျဖို့အတွက် Diet လုပ်နေတဲ့ သူတွေဟာ အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားတဲ့အတွက် သုက်ရည်မှာ ချိုမွှေးတဲ့ အနံ့တွေ ထွက်တတ်ပါတယ်။ ဂေါ်ဖီထုပ်၊ ကညွန့်၊ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ အသား၊ နို့ထွက်ပစ္စည်းတွေကတော့ ခါးတဲ့ အနံ့၊ အရသာမျိုး ဖြစ်စေပါတယ်။
သုက်ရည်အနံ့ကို မူလအတိုင်း ဖြစ်အောင် ပြောင်းလို့ ရလား။
နေ့စဉ်စားနေတဲ့ အစားအစာတွေ၊ နေထိုင်ပုံနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုတွေကို ဂရုစိုက်မယ်ဆိုရင် သုက်ရည်ကို နဂိုမူလအနံ့အတိုင်း ပြန်ရောက်အောင် ပြောင်းလဲပေးနိုင်ပါတယ်။
၁။ ရေကို နေ့တိုင်း မှန်မှန်ချိုးပေးပါ။ ရေချိုးတဲ့အခါမှာလည်း လိင်တံ၊ ပေါင်ခြံတစ်ဝိုက်နဲ့ ထိပ်အရေပြားအောက်ကို ဆပ်ပြာနဲ့ ရေများများ တိုက်ချွတ်ဆေးကြောပါ။
၂။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပေးပါ။
၃။ ကဖင်းဓာတ်နဲ့ အရက်တွေ သောက်တာ လျှော့ပါ။
၄။ လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးကို အသုံးပြုပါ။
ကိုယ့်ရဲ့ သုက်ရည်က အချိန်တော်တော်ကြာတဲ့အထိ ပုံမှန်မဟုတ်တဲ့ အနံ့တွေ ထွက်နေရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။
ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
0 Comments