Last post

သုတ်ရည်တွေ အကုန်လုံးအထဲအပြည့်ဝင်ပြီး ကိုယ်ဝန်ရအောင်




သုတ္ရည္ေတြ အကုန္လံုးအထဲအျပည့္ဝင္ၿပီး ကိုယ္ဝန္ရေအာင္
===========
ကိုယ္ဝန္ရဖို႔ဆိုတာ သုတ္ပိုးေလးေတြနဲ႔ မမ်ိဳးဥေလးေတြ ေတြ႔ၿပီး မ်ိဳးေအာင္မွ ျဖစ္မွာေနာ္။သုတ္ပိုးပါတဲ့ သုတ္ရည္ေလးေတြ မိန္းမကိုယ္ထဲ အကုန္လံုး ေရာက္ဖို႔ လိုပါတယ္။

ကိုယ္ဝန္ရဖို႔ဆိုတာ သုတ္ပိုးေလးေတြနဲ႔ မမ်ိဳးဥေလးေတြ ေတြ႔ၿပီး မ်ိဳးေအာင္မွ ျဖစ္မွာေနာ္။ ဒါေၾကာင့္မို႔ သုတ္ပိုးပါတဲ့ သုတ္ရည္ေလးေတြ မိန္းမကိုယ္ထဲ အကုန္လံုး ေရာက္ဖို႔ လိုပါတယ္။ သုတ္ရည္ေတြ အားလံုး ေမေမေလာင္းရဲ႕ မိနး္မကိုယ္ထဲကို ေရာက္ေအာင္ ဘယ္လိုလုပ္မလဲဆိုတာ Kalay က ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

လိင္ဆက္ဆံၿပီးေနာက္ပိုင္ အေျခအေနနဲ႔ အမ်ားႀကီး ဆိုင္ပါတယ္ (Photo by Creative Market)

ေဖေဖေလာင္းျဖစ္ခ်င္တဲ့သူေရာ၊ ေမေမေလာင္း ျဖစ္ခ်င္တဲ့သူေရာ မမ်ိဳးဥေၾကြတဲ့အခ််ိန္မွာ အားေကာင္းၿပီး အေရအတြက္မ်ားတဲ့ သုတ္ပိုးကို အေရာက္ထည့္ေပးဖို႔ လိုပါတယ္။ ဒါမွ မမ်ိဳးဥ ေၾကြခ်ိန္နဲ႔ ကြက္တိက်ၿပီး ကေလးရႏိုင္မွာကို မေမ့ပါနဲ႔ေနာ္။ သုတ္ပိုးေလးေတြ ေမေမ့တို႔ မိန္းမကိုယ္ထဲကေန ျပန္ထြက္မလာဘဲ အကုန္လံုး ဝင္ဖို႔ဆိုတာ လိင္ဆက္ဆံၿပီးေနာက္ပိုင္း အေျခအေနနဲ႔ အမ်ားႀကီး ဆိုင္ပါတယ္။

က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာေတြ စားဖို႔ မေမ့ပါနဲ႔ (Photo by gettyimage)

မမ်ိဳးဥေၾကြတာ ပံုမွန္ျဖစ္ဖို႔အတြက္ကေတာ့
ေဟာ္မုန္းေတြ ေျပာင္းလဲမႈ အဆင္ေျပမွ ျဖစ္မွာမို႔ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာေတြ စားဖို႔ မေမ့ပါနဲ႔။ ေဖေဖေလာင္းတို႔လည္း သုတ္ပိုးအေရအတြက္နဲ႔ သုတ္ေကာင္ေလးေတြရဲ႕ စြမ္းအားကို ေလွ်ာ့က်ေစမယ့္ ေနထိုင္မႈ ပံုစံေတြကို ေရွာင္ရပါမယ္။

လိင္ဆက္ဆံၿပီးလို႔ ေမေမ့မိနး္မကိုယ္ထဲ သုတ္ရည္ထည့္ၿပီးၿပီဆိုတာနဲ႔
တၿပိဳင္နက္ ေမေမေလာင္းက ပက္လက္လွန္ေနလ်က္ အေနအထားအတိုင္း (၁၅) မိနစ္ေလာက္ ေနေပးပါ။ ထြက္က်တတ္တယ္ဆိုရင္ေတာ့ သုတ္ရည္ထည့္ခါနီး တင္ပါးေအာက္မွာ ေစာင္ေလး ခုထားေပးပါ။ ဆိုလိုတာက ျမင့္ျမင့္ေလး ေနရင္ သုတ္ရည္ေတြက ကေတာ့ခံၿပီး ထည့္လိုက္သလို ေလွ်ာေလွ်ာရွဴရွဴ ဝင္သြားမွာပါ။ ခါးေလးေျမွာက္ထားလို႔လည္း ရပါတယ္။ ခါးေလးနည္းနည္းေျမွာက္ၿပီး (၁၅) မိနစ္ေလာက္ ၿငိမ္ၿငိမ္ေလး ေနေပးရပါမယ္ေနာ္။ လိင္ဆက္ဆံၿပီး ခ်က္ခ်င္းထ ေရေဆးပစ္လို႔ေတာ့ မရပါဘူးေနာ္။ ဒီလိုမဟုတ္ရင္ သုတ္ပိုးေလးေတြ အကုန္မဝင္ႏိုင္ပါဘူးေနာ္။

ကဲ ေဖေဖေလာင္း ေမေမေလာင္းေလးတို႔ေရ ကိုယ္ဝန္ျမန္ျမန္ရဖို႔အတြက္ က်န္းမာတဲ့ သုတ္ပိုးေလးေတြကို ေမေမ့ကိုယ္ထဲ အေရာက္ထည့္ႏိုင္တဲ့ ဒီနည္းလမ္းေလးကို မေမ့နဲ႔ေနာ္။

From Kalay

Unicode

သုတ်ရည်တွေ အကုန်လုံးအထဲအပြည့်ဝင်ပြီး ကိုယ်ဝန်ရအောင်
===========
ကိုယ်ဝန်ရဖို့ဆိုတာ သုတ်ပိုးလေးတွေနဲ့ မမျိုးဥလေးတွေ တွေ့ပြီး မျိုးအောင်မှ ဖြစ်မှာနော်။သုတ်ပိုးပါတဲ့ သုတ်ရည်လေးတွေ မိန်းမကိုယ်ထဲ အကုန်လုံး ရောက်ဖို့ လိုပါတယ်။

ကိုယ်ဝန်ရဖို့ဆိုတာ သုတ်ပိုးလေးတွေနဲ့ မမျိုးဥလေးတွေ တွေ့ပြီး မျိုးအောင်မှ ဖြစ်မှာနော်။ ဒါကြောင့်မို့ သုတ်ပိုးပါတဲ့ သုတ်ရည်လေးတွေ မိန်းမကိုယ်ထဲ အကုန်လုံး ရောက်ဖို့ လိုပါတယ်။ သုတ်ရည်တွေ အားလုံး မေမေလောင်းရဲ့ မိန်းမကိုယ်ထဲကို ရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာ Kalay က ဖော်ပြပေးလိုက်ပါတယ်နော်။

လိင်ဆက်ဆံပြီးနောက်ပိုင် အခြေအနေနဲ့ အများကြီး ဆိုင်ပါတယ် (Photo by Creative Market)

ဖေဖေလောင်းဖြစ်ချင်တဲ့သူရော၊ မေမေလောင်း ဖြစ်ချင်တဲ့သူရော မမျိုးဥကြွေတဲ့အချျိန်မှာ အားကောင်းပြီး အရေအတွက်များတဲ့ သုတ်ပိုးကို အရောက်ထည့်ပေးဖို့ လိုပါတယ်။ ဒါမှ မမျိုးဥ ကြွေချိန်နဲ့ ကွက်တိကျပြီး ကလေးရနိုင်မှာကို မမေ့ပါနဲ့နော်။ သုတ်ပိုးလေးတွေ မေမေ့တို့ မိန်းမကိုယ်ထဲကနေ ပြန်ထွက်မလာဘဲ အကုန်လုံး ဝင်ဖို့ဆိုတာ လိင်ဆက်ဆံပြီးနောက်ပိုင်း အခြေအနေနဲ့ အများကြီး ဆိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားဖို့ မမေ့ပါနဲ့ (Photo by gettyimage)

မမျိုးဥကြွေတာ ပုံမှန်ဖြစ်ဖို့အတွက်ကတော့
ဟော်မုန်းတွေ ပြောင်းလဲမှု အဆင်ပြေမှ ဖြစ်မှာမို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားဖို့ မမေ့ပါနဲ့။ ဖေဖေလောင်းတို့လည်း သုတ်ပိုးအရေအတွက်နဲ့ သုတ်ကောင်လေးတွေရဲ့ စွမ်းအားကို လျှော့ကျစေမယ့် နေထိုင်မှု ပုံစံတွေကို ရှောင်ရပါမယ်။

လိင်ဆက်ဆံပြီးလို့ မေမေ့မိန်းမကိုယ်ထဲ သုတ်ရည်ထည့်ပြီးပြီဆိုတာနဲ့
တပြိုင်နက် မေမေလောင်းက ပက်လက်လှန်နေလျက် အနေအထားအတိုင်း (၁၅) မိနစ်လောက် နေပေးပါ။ ထွက်ကျတတ်တယ်ဆိုရင်တော့ သုတ်ရည်ထည့်ခါနီး တင်ပါးအောက်မှာ စောင်လေး ခုထားပေးပါ။ ဆိုလိုတာက မြင့်မြင့်လေး နေရင် သုတ်ရည်တွေက ကတော့ခံပြီး ထည့်လိုက်သလို လျှောလျှောရှူရှူ ဝင်သွားမှာပါ။ ခါးလေးမြှောက်ထားလို့လည်း ရပါတယ်။ ခါးလေးနည်းနည်းမြှောက်ပြီး (၁၅) မိနစ်လောက် ငြိမ်ငြိမ်လေး နေပေးရပါမယ်နော်။ လိင်ဆက်ဆံပြီး ချက်ချင်းထ ရေဆေးပစ်လို့တော့ မရပါဘူးနော်။ ဒီလိုမဟုတ်ရင် သုတ်ပိုးလေးတွေ အကုန်မဝင်နိုင်ပါဘူးနော်။

ကဲ ဖေဖေလောင်း မေမေလောင်းလေးတို့ရေ ကိုယ်ဝန်မြန်မြန်ရဖို့အတွက် ကျန်းမာတဲ့ သုတ်ပိုးလေးတွေကို မေမေ့ကိုယ်ထဲ အရောက်ထည့်နိုင်တဲ့ ဒီနည်းလမ်းလေးကို မမေ့နဲ့နော်။

From Kalay
 

0 Comments