Last post

ပုရိသတို့ ကာမခွန်အားတိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ

ပုရိသတို႔ ကာမခြန္အားတိုးေစမယ့္ သဘာဝနည္းလမ္းေကာင္းမ်ား
===========
အမ်ိဳးသားတိုင္းကေတာ့ ကာမခြန္အားတိုးခ်င္ၾကတာပါပဲ။ အရင္ကထက္ ပိုေကာင္းတဲ့ ခံစားခ်က္မ်ိဳး ရခ်င္တယ္၊ ကိုယ့္ရဲ႕ အေဖာ္ကိုလည္း ကိုယ္မွကိုယ္ တမ္းတမ္းစြဲသြားေလာက္တဲ့အထိ လိင္ပိုင္းဆိုင္ရာမွာ သန္စြမ္းတဲ့သူတစ္ေယာက္အျဖစ္ ျမင္ေစခ်င္တယ္။ အမ်ိဳးသားေတြကိုယ္တိုင္ က်န္းမာၾကံ့ခိုင္ေနမွ ကာမကိစၥမွာ စြမ္းစြမ္းတမံ အားစိုက္ထုတ္ႏိုင္မွာပါ။ ဒီလို ကာမခြန္အားတိုးဖို႔ ၾကာေဆးေတြ၊ အားေဆးေတြေသာက္တာထက္ သဘာဝအတိုင္း နည္းမွန္လမ္းမွန္ က်င့္ၾကံတာက ပိုမေကာင္းဘူးလား။

ဒါဆိုရင္ ကာမအတြက္ေရာ၊ အမ်ိဳးသားတို႔ရဲ႕ အေထြေထြက်န္းမာေရးအတြက္ပါ အက်ိဳးရွိေစမယ့္ သဘာဝနည္းလမ္းေတြကို ဒီေဆာင္းပါးကေန ေျပာျပေပးခ်င္ပါတယ္။
၁။ တက္တက္ၾကြၾကြေနပါ။

ေယာက္်ားပီသခ်င္ရင္ ထိုင္ခံုမွာပဲ အခ်ိန္ျပည့္ထိုင္မေနဘဲ လႈပ္လႈပ္ရွားရွားေနပါ။ ကိုယ္ခႏၶာက လႈပ္ရွားတက္ၾကြေနတဲ့အခါ ေသြးစီးဆင္းႏႈန္းကလည္း ပိုေကာင္းလာျပီး ႏွလံုးကို က်န္းမာေစပါတယ္။ ၾကြက္သားေတြကိုလည္း ပံုစံက်ေစလို႔ လိင္ပိုင္းဆိုင္ရာမွာပါ ပိုျပီးအားစိုက္ထုတ္ႏိုင္ေစပါတယ္။ ဒါေၾကာင့္ မနက္တိုင္း လမ္းေလွ်ာက္ပါ၊ ေျပးပါ၊ အခ်ိန္တတ္ႏိုင္ရင္ Gym မွာ စနစ္တက် ကစားပါ။ အားကစားလုပ္ပါ၊ ေရကူးပါ။ ေခၽြးထြက္ေလ ႏွလံုးခုန္ႏႈန္းျမန္ေလ၊ ကိုယ့္ရဲ႕ ကာမခြန္အားကို ျမွင့္တင္ေပးႏိုင္ေလပါပဲ။
၂။ သစ္သီးဝလံ၊ ဟင္းသီးဟင္းရြက္ေတြ မ်ားမ်ားစားပါ။

အမ်ိဳးသားေတြအတြက္ ပရိုတင္းဓာတ္က အဓိကက်တယ္ဆိုေပမယ့္ ဗီတာမင္နဲ႔ အာဟာရဓာတ္ေတြ ေပါၾကြယ္ဝတဲ့ အသီးအႏွံေတြ၊ ဟင္းသီးဟင္းရြက္ေတြကို ေမ့ထားလို႔မျဖစ္ဘူးေနာ္။ အထူးသျဖင့္ ကာမခြန္အားတိုးခ်င္တဲ့ ပုရိသေတြအေနနဲ႔ ၾကက္သြန္ျဖဴ၊ ခ်င္း၊ ငွက္ေပ်ာသီး၊ ငရုတ္သီး၊ ငရုတ္ပြသီးေတြကို မ်ားမ်ားစားေပးပါ။ ေသြးတိုးက်ေစျပီး ေသြးစီးဆင္းမႈအားေကာင္းေစလို႔ လိင္တံကို ေကာင္းစြာေထာင္မတ္ေစႏိုင္ျပီး ကာမခြန္အားတိုးေစဖို႔ ကူညီေပးႏုိင္ပါတယ္။
၃။ အစာအာဟာရ မွ်တပါေစ။

ၾကြက္သားထုေတြ တည္ေဆာက္ဖို႔ ပရိုတင္းဓာတ္ေတြ၊ ဦးေႏွာက္အာရံုေၾကာစနစ္ကို ေကာင္းေစတဲ့ ဗီတာမင္ ဘီ၊ ေသြးစီးဆင္းမႈေကာင္းေစတဲ့ အိုမီဂါ-၃ အဆီအႏွစ္ေတြ၊ အမ်ိဳးသားတိုင္းအတြက္ မရွိမျဖစ္ က်ားေဟာ္မုန္းကို ပိုထုတ္ေပးႏိုင္ဖို႔ အသား၊ ငါး၊ ပင္လယ္စာ၊ ၾကက္ဥ၊ ႏို႔ထြက္ပစၥည္း၊ ပဲအမ်ိဳးမ်ိဳး စံုလင္စြာ စားေပးပါ။
၄။ စိတ္ဖိစီးမႈေလွ်ာ့ပါ။

ေရာဂါေတာ္ေတာ္မ်ားမ်ားရဲ႕ တရားခံကိုေျပာပါဆိုရင္ စိတ္ဖိစီးမႈပါပဲ။ ဒါတင္မကပါဘူး။ ကိုယ့္လူတို႔ရဲ႕ စြမ္းေဆာင္ႏိုင္ရည္နဲ႔ လိင္စိတ္ဆႏၵကိုလည္း ထိခိုက္ေစႏုိင္တယ္ေနာ္။ စိတ္ဖိစီးမႈေတြ ပိလာတဲ့အမ်ိဳးသားတစ္ေယာက္က က်န္းမာေရးထိခိုက္လာမယ္၊ စိတ္ထဲမွာ ပူေလာင္မႈေတြ မ်ားေနတဲ့အခါ လိင္စိတ္ဆႏၵေလ်ာ့နည္းသြားျပီး ေကာင္းစြာ မေထာင္မတ္ႏုိင္တာ၊ ပန္းေသပန္းညႈိးျဖစ္တာ၊ သုက္ထြက္ေစာလြန္းတာ သို႔မဟုတ္ သုက္ထြက္ၾကာလြန္းတာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ပါ။ ေလ့က်င့္ခန္းမ်ားမ်ားလုပ္ပါ။ အစာအာဟာရကို ဂရုစိုက္ပါ။ စိတ္ကို ေပ်ာ္ေအာင္ထားပါ။ ပူေလာင္ေနတဲ့ စိတ္ကို အနားေပးပါ။
၅။ မေကာင္းတဲ့ အက်င့္ကို ေဖ်ာက္ပါ။

လူေတြဆိုတာလည္း ခက္သားဗ်၊ ကိုယ့္အက်င့္ေတြ မေကာင္းမွန္းသိတယ္၊ က်န္းမာေရးနဲ႔ မညီညြတ္္ဘူးဆိုတာလည္း သိတယ္၊ ဒါေပမယ့္ ျပင္ဖို႔က်ေတာ့ လက္တြန္႔တတ္တယ္မလား။ အဲ့ေတာ့ ပုရိသေတြအေနနဲ႔ က်န္းမာေရးအတြက္ေရာ ကာမအားတိုးဖို႔ မေကာင္းတဲ့အက်င့္ေတြျဖစ္တဲ့ ေဆးလိပ္ေသာက္တာ၊ အရက္ေသာက္တာ၊ ညဘက္ေတြမွာ ေနာက္က်အိပ္တာေတြကို တတ္ႏုိင္သမွ် ေစာေစာျဖတ္တာ အေကာင္းဆံုးျဖစ္မွာပါ။
၆။ ေနေရာင္ျခည္နဲ႔ ထိေတြ႔ပါ။

အျပင္သြားရမွာ ပ်င္းလို႔၊ စိတ္ညစ္လို႔၊ စိတ္ဓာတ္က်လို႔ အိမ္ထဲမွာပဲေနတယ္။ အေမွာင္ခန္းထဲမွာပဲ ေအာင္းတယ္။ စိတ္က ပိုက်သြားတာပဲအဖတ္တင္ျပီး ဘာမွလဲျဖစ္လာမွာမဟုတ္ပါဘူး။ အဲ့ေတာ့ စိတ္ညစ္ရင္အခန္းမေအာင္းပါနဲ႔။ အျပင္ထြက္ပါ။ လမ္းေလွ်ာက္ပါ၊ လူေတြနဲ႔ေတြ႔ပါ။ အထူးသျဖင့္ ေနေရာင္ျခည္မွာက ဗီတာမင္ ဒီ ဓာတ္ေတြအျပင္ လူကိုလန္းဆန္းတက္ၾကြေစျပီး လိင္စိတ္ဆႏၵတိုးေစႏိုင္ပါတယ္။ အထူးသျဖင့္ ေအးတဲ့ရာသီမ်ိဳးမွာဆိုရင္ ပိုျပီးေတာင္ အိမ္ထဲမေအာင္းသင့္ပါဘူးေနာ္။
၇။ တစ္ကိုယ္ေရ အာသာေျဖပါ။

တစ္ကိုယ္ေရ အာသာေျဖရတာ မၾကိဳက္တဲ့ အမ်ိဳးသားေတြေတာ့ ရွိမယ္မထင္ပါဘူးေနာ္။ ေကာင္းက်ိဳးေရာ ဆိုးက်ိဳးေရာ ဒြန္တြဲေနတဲ့ တစ္ကိုယ္ေရ အာသာေျဖျခင္းကို ပံုမွန္္လုပ္တဲ့အခါ အသက္အရြယ္ေၾကာင့္ ဆီးက်ိတ္ၾကီးလာႏိုင္ေျခကို ေလ်ာ့နည္းေစတယ္။ သုက္လႊတ္ေစာတဲ့သူေတြအတြက္လည္း သုက္ထိန္းႏိုင္ေအာင္ ကူညီေပးတယ္။ ခံစားမႈ အားေကာင္းျပီး အမ်ိဳးသားေတြအတြက္ စိတ္ဖိစီးမႈကိုေလ်ာ့က်ေစကာ စိတ္အပန္းေျဖေစႏိုင္ပါတယ္။ ဒါေၾကာင့္ အလုပ္မ်ားလို႔ဆိုျပီး လံုးဝမလုပ္ဘဲေတာ့ မေနပါနဲ႔။ တစ္ပတ္ကို တစ္ၾကိမ္ေလာက္ေတာ့ အမ်ိဳးသားတိုင္း ပံုမွန္လုပ္ေပးႏိုင္ရင္ အဆင္ေျပပါတယ္။
၈။ ကိုယ့္အေဖာ္နဲ႔ အျမဲေဆြးေႏြးတိုင္ပင္ပါ။

လိင္မႈကိစၥဆိုတာ ကိုယ္တစ္ေယာက္တည္း ေဆာင္ရြက္ရတဲ့ကိစၥမွမဟုတ္ပါဘူး။ ကိုယ္ကေတာ့ ဆႏၵျပီးေျမာက္သြားျပီး ကိုယ့္အေဖာ္က ဘာမွမျပီးလိုက္ရဘဲ ဟာတာတာျဖစ္ေနရင္လည္း အဆင္မေျပႏိုင္ပါဘူး။ ဒါေၾကာင့္ ပံုမွန္အခ်ိန္ေတြမွာ တစ္ေယာက္မွာရွိေနတဲ့ အခက္အခဲျပႆနာေတြ၊ စိတ္ဖိစီးမႈေတြကို ေဝမွ်ပါ။ လိင္မႈကိစၥ မေဆာင္ရြက္ခင္မွာ ကိုယ္က ဘယ္လိုပံုစံမ်ိဳးၾကိဳက္လဲ၊ ျဖည္းျဖည္းခ်င္း သြားရတာ ၾကိဳက္တာလား၊ ဘယ္လိုအေနအထားမ်ိဳးက ကိုယ့္အတြက္ အဆင္ေျပေစလဲဆိုတာ ေသခ်ာတိုင္ပင္ဖို႔ေတာ့ လိုမယ္ေနာ္။
၉။ က်န္းမာေရးနဲ႔ ပတ္သက္ျပီး မ်က္ေျခမျပတ္ပါေစနဲ႔။

အမ်ိဳးသားေတြရဲ႕ ဂရုမစိုက္ဘဲ ေပေပေတေတ ေနတတ္တဲ့ အက်င့္ေၾကာင့္ က်န္းမာေရးနဲ႔ဆိုင္တဲ့ ျပႆနာေတြဆိုရင္ အျမဲေနာက္က်မွပဲ သိတတ္ၾကပါတယ္။ အဲ့အခါက် ကုသဖို႔လည္း ခက္သြားသလို ကိုယ့္ရဲ႕ က်န္းမာေရးဟာလည္း အရင္လိုအေကာင္းအတိုင္း ျဖစ္ခ်င္မွ ျဖစ္လာႏို္င္ေတာ့မွာပါ။ ဒါေၾကာင့္ က်န္းမာေရးနဲ႔ ပတ္သက္ျပီး အျမဲသတိရွိပါ။ တစ္ႏွစ္ကို တစ္ေခါက္ျဖစ္ျဖစ္ ပံုမွန္ေဆးစစ္ပါ၊ တျခားေရာဂါေတြ ရွိ၊ မရွိ စစ္ေဆးပါ။ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ၊ အမ်ိဳးသားလိင္က်န္းမာေရးနဲ႔ဆိုင္တဲ့ ပန္းေသပန္းညႈိး၊ သုက္လႊတ္ေစာျခင္း၊ လိင္စိတ္နည္းလာျခင္း၊ မ်ိဳးပြားျခင္းဆိုင္ရာ ျပႆနာေတြနဲ႔ ပတ္သက္ျပီး ပညာရွင္ေတြနဲ႔ အျမဲတိုင္ပင္ေဆြးေႏြးပါ။ ဘယ္ျပႆနာမဆို ေစာေစာသိေလ ကုသဖို႔လြယ္တယ္ဆိုတာ သတိထားေပးပါ။

စိတ္ေရာ ကိုယ္ပါ က်န္းမာေနတဲ့ အမ်ိဳးသားတစ္ေယာက္က လိင္ပိုင္းဆိုင္ရာမွာလည္း ေကာင္းေကာင္းစြမ္းေဆာင္ႏိုင္တာ မဆန္းပါဘူးေနာ္။ ခုေျပာသြားတဲ့ အခ်က္ေတြကို ေသခ်ာလိုက္နာျပီးေတာ့ ကိုယ့္ရဲ႕ လူေနမႈဘဝပံုစံကို ျမွင့္တင္ၾကည့္ဖို႔ အၾကံေပးလိုက္ခ်င္ပါတယ္။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Unicode
ပုရိသတို့ ကာမခွန်အားတိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ
===========
အမျိုးသားတိုင်းကတော့ ကာမခွန်အားတိုးချင်ကြတာပါပဲ။ အရင်ကထက် ပိုကောင်းတဲ့ ခံစားချက်မျိုး ရချင်တယ်၊ ကိုယ့်ရဲ့ အဖော်ကိုလည်း ကိုယ်မှကိုယ် တမ်းတမ်းစွဲသွားလောက်တဲ့အထိ လိင်ပိုင်းဆိုင်ရာမှာ သန်စွမ်းတဲ့သူတစ်ယောက်အဖြစ် မြင်စေချင်တယ်။ အမျိုးသားတွေကိုယ်တိုင် ကျန်းမာကြံ့ခိုင်နေမှ ကာမကိစ္စမှာ စွမ်းစွမ်းတမံ အားစိုက်ထုတ်နိုင်မှာပါ။ ဒီလို ကာမခွန်အားတိုးဖို့ ကြာဆေးတွေ၊ အားဆေးတွေသောက်တာထက် သဘာဝအတိုင်း နည်းမှန်လမ်းမှန် ကျင့်ကြံတာက ပိုမကောင်းဘူးလား။

ဒါဆိုရင် ကာမအတွက်ရော၊ အမျိုးသားတို့ရဲ့ အထွေထွေကျန်းမာရေးအတွက်ပါ အကျိုးရှိစေမယ့် သဘာဝနည်းလမ်းတွေကို ဒီဆောင်းပါးကနေ ပြောပြပေးချင်ပါတယ်။
၁။ တက်တက်ကြွကြွနေပါ။

ယောက်ျားပီသချင်ရင် ထိုင်ခုံမှာပဲ အချိန်ပြည့်ထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားနေပါ။ ကိုယ်ခန္ဓာက လှုပ်ရှားတက်ကြွနေတဲ့အခါ သွေးစီးဆင်းနှုန်းကလည်း ပိုကောင်းလာပြီး နှလုံးကို ကျန်းမာစေပါတယ်။ ကြွက်သားတွေကိုလည်း ပုံစံကျစေလို့ လိင်ပိုင်းဆိုင်ရာမှာပါ ပိုပြီးအားစိုက်ထုတ်နိုင်စေပါတယ်။ ဒါကြောင့် မနက်တိုင်း လမ်းလျှောက်ပါ၊ ပြေးပါ၊ အချိန်တတ်နိုင်ရင် Gym မှာ စနစ်တကျ ကစားပါ။ အားကစားလုပ်ပါ၊ ရေကူးပါ။ ချွေးထွက်လေ နှလုံးခုန်နှုန်းမြန်လေ၊ ကိုယ့်ရဲ့ ကာမခွန်အားကို မြှင့်တင်ပေးနိုင်လေပါပဲ။
၂။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ။

အမျိုးသားတွေအတွက် ပရိုတင်းဓာတ်က အဓိကကျတယ်ဆိုပေမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပေါကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို မေ့ထားလို့မဖြစ်ဘူးနော်။ အထူးသဖြင့် ကာမခွန်အားတိုးချင်တဲ့ ပုရိသတွေအနေနဲ့ ကြက်သွန်ဖြူ၊ ချင်း၊ ငှက်ပျောသီး၊ ငရုတ်သီး၊ ငရုတ်ပွသီးတွေကို များများစားပေးပါ။ သွေးတိုးကျစေပြီး သွေးစီးဆင်းမှုအားကောင်းစေလို့ လိင်တံကို ကောင်းစွာထောင်မတ်စေနိုင်ပြီး ကာမခွန်အားတိုးစေဖို့ ကူညီပေးနိုင်ပါတယ်။
၃။ အစာအာဟာရ မျှတပါစေ။

ကြွက်သားထုတွေ တည်ဆောက်ဖို့ ပရိုတင်းဓာတ်တွေ၊ ဦးနှောက်အာရုံကြောစနစ်ကို ကောင်းစေတဲ့ ဗီတာမင် ဘီ၊ သွေးစီးဆင်းမှုကောင်းစေတဲ့ အိုမီဂါ-၃ အဆီအနှစ်တွေ၊ အမျိုးသားတိုင်းအတွက် မရှိမဖြစ် ကျားဟော်မုန်းကို ပိုထုတ်ပေးနိုင်ဖို့ အသား၊ ငါး၊ ပင်လယ်စာ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး စုံလင်စွာ စားပေးပါ။
၄။ စိတ်ဖိစီးမှုလျှော့ပါ။

ရောဂါတော်တော်များများရဲ့ တရားခံကိုပြောပါဆိုရင် စိတ်ဖိစီးမှုပါပဲ။ ဒါတင်မကပါဘူး။ ကိုယ့်လူတို့ရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ လိင်စိတ်ဆန္ဒကိုလည်း ထိခိုက်စေနိုင်တယ်နော်။ စိတ်ဖိစီးမှုတွေ ပိလာတဲ့အမျိုးသားတစ်ယောက်က ကျန်းမာရေးထိခိုက်လာမယ်၊ စိတ်ထဲမှာ ပူလောင်မှုတွေ များနေတဲ့အခါ လိင်စိတ်ဆန္ဒလျော့နည်းသွားပြီး ကောင်းစွာ မထောင်မတ်နိုင်တာ၊ ပန်းသေပန်းညှိုးဖြစ်တာ၊ သုက်ထွက်စောလွန်းတာ သို့မဟုတ် သုက်ထွက်ကြာလွန်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ လေ့ကျင့်ခန်းများများလုပ်ပါ။ အစာအာဟာရကို ဂရုစိုက်ပါ။ စိတ်ကို ပျော်အောင်ထားပါ။ ပူလောင်နေတဲ့ စိတ်ကို အနားပေးပါ။
၅။ မကောင်းတဲ့ အကျင့်ကို ဖျောက်ပါ။

လူတွေဆိုတာလည်း ခက်သားဗျ၊ ကိုယ့်အကျင့်တွေ မကောင်းမှန်းသိတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာလည်း သိတယ်၊ ဒါပေမယ့် ပြင်ဖို့ကျတော့ လက်တွန့်တတ်တယ်မလား။ အဲ့တော့ ပုရိသတွေအနေနဲ့ ကျန်းမာရေးအတွက်ရော ကာမအားတိုးဖို့ မကောင်းတဲ့အကျင့်တွေဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ညဘက်တွေမှာ နောက်ကျအိပ်တာတွေကို တတ်နိုင်သမျှ စောစောဖြတ်တာ အကောင်းဆုံးဖြစ်မှာပါ။
၆။ နေရောင်ခြည်နဲ့ ထိတွေ့ပါ။

အပြင်သွားရမှာ ပျင်းလို့၊ စိတ်ညစ်လို့၊ စိတ်ဓာတ်ကျလို့ အိမ်ထဲမှာပဲနေတယ်။ အမှောင်ခန်းထဲမှာပဲ အောင်းတယ်။ စိတ်က ပိုကျသွားတာပဲအဖတ်တင်ပြီး ဘာမှလဲဖြစ်လာမှာမဟုတ်ပါဘူး။ အဲ့တော့ စိတ်ညစ်ရင်အခန်းမအောင်းပါနဲ့။ အပြင်ထွက်ပါ။ လမ်းလျှောက်ပါ၊ လူတွေနဲ့တွေ့ပါ။ အထူးသဖြင့် နေရောင်ခြည်မှာက ဗီတာမင် ဒီ ဓာတ်တွေအပြင် လူကိုလန်းဆန်းတက်ကြွစေပြီး လိင်စိတ်ဆန္ဒတိုးစေနိုင်ပါတယ်။ အထူးသဖြင့် အေးတဲ့ရာသီမျိုးမှာဆိုရင် ပိုပြီးတောင် အိမ်ထဲမအောင်းသင့်ပါဘူးနော်။
၇။ တစ်ကိုယ်ရေ အာသာဖြေပါ။

တစ်ကိုယ်ရေ အာသာဖြေရတာ မကြိုက်တဲ့ အမျိုးသားတွေတော့ ရှိမယ်မထင်ပါဘူးနော်။ ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲနေတဲ့ တစ်ကိုယ်ရေ အာသာဖြေခြင်းကို ပုံမှန်လုပ်တဲ့အခါ အသက်အရွယ်ကြောင့် ဆီးကျိတ်ကြီးလာနိုင်ခြေကို လျော့နည်းစေတယ်။ သုက်လွှတ်စောတဲ့သူတွေအတွက်လည်း သုက်ထိန်းနိုင်အောင် ကူညီပေးတယ်။ ခံစားမှု အားကောင်းပြီး အမျိုးသားတွေအတွက် စိတ်ဖိစီးမှုကိုလျော့ကျစေကာ စိတ်အပန်းဖြေစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်များလို့ဆိုပြီး လုံးဝမလုပ်ဘဲတော့ မနေပါနဲ့။ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အမျိုးသားတိုင်း ပုံမှန်လုပ်ပေးနိုင်ရင် အဆင်ပြေပါတယ်။
၈။ ကိုယ့်အဖော်နဲ့ အမြဲဆွေးနွေးတိုင်ပင်ပါ။

လိင်မှုကိစ္စဆိုတာ ကိုယ်တစ်ယောက်တည်း ဆောင်ရွက်ရတဲ့ကိစ္စမှမဟုတ်ပါဘူး။ ကိုယ်ကတော့ ဆန္ဒပြီးမြောက်သွားပြီး ကိုယ့်အဖော်က ဘာမှမပြီးလိုက်ရဘဲ ဟာတာတာဖြစ်နေရင်လည်း အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ပုံမှန်အချိန်တွေမှာ တစ်ယောက်မှာရှိနေတဲ့ အခက်အခဲပြဿနာတွေ၊ စိတ်ဖိစီးမှုတွေကို ဝေမျှပါ။ လိင်မှုကိစ္စ မဆောင်ရွက်ခင်မှာ ကိုယ်က ဘယ်လိုပုံစံမျိုးကြိုက်လဲ၊ ဖြည်းဖြည်းချင်း သွားရတာ ကြိုက်တာလား၊ ဘယ်လိုအနေအထားမျိုးက ကိုယ့်အတွက် အဆင်ပြေစေလဲဆိုတာ သေချာတိုင်ပင်ဖို့တော့ လိုမယ်နော်။
၉။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မျက်ခြေမပြတ်ပါစေနဲ့။

အမျိုးသားတွေရဲ့ ဂရုမစိုက်ဘဲ ပေပေတေတေ နေတတ်တဲ့ အကျင့်ကြောင့် ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတွေဆိုရင် အမြဲနောက်ကျမှပဲ သိတတ်ကြပါတယ်။ အဲ့အခါကျ ကုသဖို့လည်း ခက်သွားသလို ကိုယ့်ရဲ့ ကျန်းမာရေးဟာလည်း အရင်လိုအကောင်းအတိုင်း ဖြစ်ချင်မှ ဖြစ်လာနိုင်တော့မှာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အမြဲသတိရှိပါ။ တစ်နှစ်ကို တစ်ခေါက်ဖြစ်ဖြစ် ပုံမှန်ဆေးစစ်ပါ၊ တခြားရောဂါတွေ ရှိ၊ မရှိ စစ်ဆေးပါ။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အမျိုးသားလိင်ကျန်းမာရေးနဲ့ဆိုင်တဲ့ ပန်းသေပန်းညှိုး၊ သုက်လွှတ်စောခြင်း၊ လိင်စိတ်နည်းလာခြင်း၊ မျိုးပွားခြင်းဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။ ဘယ်ပြဿနာမဆို စောစောသိလေ ကုသဖို့လွယ်တယ်ဆိုတာ သတိထားပေးပါ။

စိတ်ရော ကိုယ်ပါ ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက်က လိင်ပိုင်းဆိုင်ရာမှာလည်း ကောင်းကောင်းစွမ်းဆောင်နိုင်တာ မဆန်းပါဘူးနော်။ ခုပြောသွားတဲ့ အချက်တွေကို သေချာလိုက်နာပြီးတော့ ကိုယ့်ရဲ့ လူနေမှုဘဝပုံစံကို မြှင့်တင်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


0 Comments