Last post

သုက်ထွက်မြန်တဲ့ အမျိုးသားထုအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

သုက္ထြက္ျမန္တဲ့ အမ်ိဳးသားထုအတြက္ အသံုးဝင္မယ့္နည္းလမ္းတခ်ိဳ႕
===========
လိင္က်န္းမာေရးလို႔ဆိုရာမွာ အမ်ိဳးသားေတြေရာ အမ်ိဳးသမီးေတြေရာ သူ႔ျပႆနာနဲ႔ သူေတာ့ ရွိတတ္ပါတယ္။ အမ်ိဳးသားေတြမွာဆိုရင္လည္း လိင္တံေကာင္းစြာ မေထာင္မတ္ႏုိင္တာ၊ သုက္လႊတ္ျမန္တာ၊ သုက္လႊတ္ဖို႔ ၾကာလြန္းတာ၊ မ်ိဳးမေအာင္တာ အစရွိသျဖင့္ေပါ့။ ဒီေန႔မွာေတာ့ အမ်ိဳးသားထုၾကီး မၾကာခဏေမးတတ္ၾကတဲ့ သုက္လႊတ္ျမန္တဲ့ ျပႆနာကို ေျဖရွင္းဖို႔ လုပ္ၾကည့္လို႔ ရတဲ့ နည္းလမ္းတခ်ိဳ႕ကို ေဝမွ်ေပးခ်င္ပါတယ္။
၁။ ျဖည္းျဖည္းခ်င္းပဲ စပါ။

ျပီးျပီးေရာဆိုျပီး စကတည္းက အင္နဲ႔အားနဲ႔ ဝင္လိုက္ရင္ေတာ့ ကိုယ့္အတြက္ေရာ ကိုယ့္အေဖာ္ကိုပါ အျပည့္အဝ အားရေက်နပ္စိတ္ ျဖစ္ေစမွာ မဟုတ္ပါဘူး။ လိင္မႈကိစၥဆိုတာလည္း ပန္းခ်ီကားတစ္ခ်ပ္လိုပါပဲ။ ေသခ်ာခံစားၾကည့္တတ္ဖို႔ လိုပါတယ္။ ဒါေၾကာင့္ ျဖည္းျဖည္းခ်င္းပဲ စပါ။ ထိုးသြင္းဆက္ဆံဖို႔ကို မေလာပါနဲ႔။ ကိုယ့္အတြက္ေရာ၊ ကိုယ့္အေဖာ္အတြက္ပါ ႏွစ္ဦးႏွစ္ဖက္လံုး ဆႏၵအထြတ္အထိပ္ေရာက္တဲ့အထိ ႏႈိးဆြၾကည့္ပါ။ စစခ်င္း ထိုးသြင္းဆက္ဆံတဲ့အခါ ျဖည္းျဖည္းခ်င္းစီ သူ႔စည္းခ်က္နဲ႔သူ ေမ်ာပါသြားပါ။ အားမထည့္ပါနဲ႔။
၂။ လိင္မႈကိစၥ မလုပ္ခင္ အနည္းဆံုး တစ္နာရီျခားျပီး အာသာေျဖထားပါ။

ကိုယ္က ျပီးတာ ျမန္တယ္ဆိုတာ ၾကိဳသိထားရင္ ကိုယ့္စိတ္ကို ေစာေစာစီးစီးေလွ်ာ့ထားတာ ပိုေကာင္းပါတယ္။ ဒီလိုေလွ်ာ့ဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ ကိုယ္တိုင္ တစ္ကိုယ္ေရအာသာေျဖတာပါပဲ။ ကိုယ္က သုက္ကို ၾကိဳျပီး လႊတ္ထားတဲ့အခါမွာ တကယ္လိင္မႈကိစၥ စတင္လုပ္တဲ့အခ်ိန္မွာ ခ်က္ခ်င္းလုပ္၊ ခ်က္ခ်င္းထြက္ဆိုတာမ်ိဳး မျဖစ္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။
၃။ ကြန္ဒံုးကို အသံုးျပဳပါ။

အလႊာပါးရင္ ကမာၻျခားသလို ခံစားရတယ္ဆိုျပီး အမ်ိဳးသားေတြက ကြန္ဒံုးအသံုးျပဳဖို႔ လက္တြန္႔တတ္ၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကြန္ဒံုးတစ္ထပ္ ပါေနတဲ့အခါ ရာဘာတစ္ထပ္ပါေနေတာ့ ခံစားမႈအားက အနည္းငယ္ေလ်ာ့သြားတတ္ျပီး ျမန္ျမန္ၾကီး သုက္မလႊတ္မိေစဖို႔ ထိန္းေပးႏိုင္မွာပါ။
၄။ လိင္ဆက္ဆံတဲ့အေနအထားကို ေျပာင္းပါ။

အမ်ိဳးသားေတြမွာေရာ အမ်ိဳးသမီးေတြမွာပါ ကိုယ္ၾကိဳက္ႏွစ္သက္တဲ့ အေနအထားေတြ ရွိတတ္ပါတယ္။ ဒီလိုအေနအထားမ်ိဳးနဲ႔ စလိုက္တဲ့အခါ ခံစားမႈပိုေကာင္းျပီး လိင္စိတ္ဆႏၵအထြတ္အထိပ္ကို ေရာက္ဖို႔ ပိုလြယ္တတ္ပါတယ္။ ဒီေတာ့ စတဲ့အခ်ိန္မွာ ကိုယ္ၾကိဳက္တဲ့ အေနအထားနဲ႔ မစပါနဲ႔။ တျခား ကိုယ္မေနဖူးတဲ့ ပံုစံအေနအထား သို႔မဟုတ္ ကိုယ့္ခ်စ္သူသေဘာက်ေလာက္မယ့္ အေနအထားမ်ိဳးနဲ႔ စၾကည့္ပါ။
၅။ အားအရမ္းမသံုးပါနဲ႔။

လိင္ဆက္ဆံေနခ်ိန္မွာ အားစိုက္ထုတ္ရတာ သဘာဝပဲဆိုေပမယ့္ သုက္လႊတ္ျမန္တဲ့ အမ်ိဳးသားတစ္ေယာက္အတြက္ေတာ့ ဒီကိစၥကို ေနာက္ဆံုးပိတ္ အိတ္နဲ႔လြယ္ဖို႔ ခ်န္ထားလိုက္ပါ။ စစခ်င္းမွာ ျဖည္းျဖည္းခ်င္းပဲ ထိုးသြင္းမႈကို ျပဳလုပ္ပါ။ အဆံုးထိ အားနဲ႔ေဆာင့္သြင္းလိုက္တာမ်ိဳးေတြ တတ္ႏိုင္သေလာက္ ေရွာင္ပါ။
၆။ ပြဲမဝင္ခင္ အျပင္က ေလ့က်င့္ပါ။

တစ္ကိုယ္ေရအာသာေျဖတဲ့ အလုပ္ကို ပ်ိဳပ်ိဳအိုအို အိမ္ေထာင္ရွိရွိ၊ မရွိရွိ အမ်ိဳးသားတိုင္း လုပ္တတ္ၾကပါတယ္။ ဒီလိုလုပ္တဲ့အခါမွာ သုက္ျမန္ျမန္ထြက္ဖို႔အတြက္ အဓိကမထားဘဲ ကိုယ့္ရဲ႕လိင္တံကို ျဖည္းျဖည္းခ်င္းႏႈိးဆြျပီး သုက္ထြက္ေတာ့မယ္ဆိုရင္ ရပ္လိုက္၊ ကိုယ့္ရဲ႕ ငယ္ပါကို ပြတ္သပ္ဆြလိုက္၊ အျပာရုပ္ရွင္ၾကည့္တာ၊ ဒါမွမဟုတ္ လိင္ပိုင္းဆိုင္ရာ တစ္ခုခုကို ေတြးတာမ်ိဳး လုပ္ၾကည့္ပါ။ ဒီလိုအခ်ိန္ဆြဲျပီး အာသာေျဖတဲ့နည္းလမ္းကို ပံုမွန္လုပ္ေပးတဲ့အခါ တကယ္ဆက္ဆံေနတဲ့အခ်ိန္ သိသာတဲ့အက်ိဳးထူးကို ေတြ႔ရမွာျဖစ္ပါတယ္။
၇။ ျပီးေတာ့မယ္လို႔ သိထားရင္ ဘာလုပ္မလဲ။

ကိုယ့္ကိုယ္ကိုယ္ သုက္ထြက္ေတာ့မယ္လို႔ သိျပီဆိုတာနဲ႔ ခဏရပ္ျပီး နားလိုက္ပါ။ လိင္တံထိပ္ဖူးကို ျဖည္းျဖည္းခ်င္းညွစ္ထားျပီး ထိပ္ဖူးေအာက္နား ဆီးစြန္႔ျပြန္ရွိတဲ့ေနရာကို လက္မနဲ႔ လက္ညိွဳးျဖင့္ ဖိထားေပးပါ။ ဒီလိုဖိထားျခင္းျဖင့္ ဆီးစြန္႔ျပြန္ကို ဖိအားေပးထားသလို ျဖစ္ျပီး သုက္မထြက္ေစဖို႔၊ လိင္စိတ္အထြတ္အထိပ္ကို မေရာက္သြားေစဖို႔ ကူညီေပးပါတယ္။

သုက္လႊတ္ျမန္တဲ့အမ်ိဳးသားေတြအတြက္ သုက္ထိန္းေပးႏိုင္မယ့္ ၾကာေဆးေတြ ေစ်းကြက္ထဲမွာ ရွိတယ္ဆိုေပမယ့္ ဒီေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကို ေမ့ထားလို႔ မျဖစ္ပါဘူး။ ဒါေၾကာင့္ သဘာဝအတိုင္း ကိုယ္ေရာ ကိုယ့္အေဖာ္ပါ စိတ္ေပ်ာ္ရႊင္မႈရေစဖို႔ နည္းလမ္းေတြကို ကိုယ္တုိင္လုပ္ၾကည့္ပါလို႔ အၾကံေပးလိုက္ခ်င္ပါတယ္။
ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Unicode
သုက်ထွက်မြန်တဲ့ အမျိုးသားထုအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့
===========
လိင်ကျန်းမာရေးလို့ဆိုရာမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော သူ့ပြဿနာနဲ့ သူတော့ ရှိတတ်ပါတယ်။ အမျိုးသားတွေမှာဆိုရင်လည်း လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ၊ သုက်လွှတ်မြန်တာ၊ သုက်လွှတ်ဖို့ ကြာလွန်းတာ၊ မျိုးမအောင်တာ အစရှိသဖြင့်ပေါ့။ ဒီနေ့မှာတော့ အမျိုးသားထုကြီး မကြာခဏမေးတတ်ကြတဲ့ သုက်လွှတ်မြန်တဲ့ ပြဿနာကို ဖြေရှင်းဖို့ လုပ်ကြည့်လို့ ရတဲ့ နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။
၁။ ဖြည်းဖြည်းချင်းပဲ စပါ။

ပြီးပြီးရောဆိုပြီး စကတည်းက အင်နဲ့အားနဲ့ ဝင်လိုက်ရင်တော့ ကိုယ့်အတွက်ရော ကိုယ့်အဖော်ကိုပါ အပြည့်အဝ အားရကျေနပ်စိတ် ဖြစ်စေမှာ မဟုတ်ပါဘူး။ လိင်မှုကိစ္စဆိုတာလည်း ပန်းချီကားတစ်ချပ်လိုပါပဲ။ သေချာခံစားကြည့်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဖြည်းဖြည်းချင်းပဲ စပါ။ ထိုးသွင်းဆက်ဆံဖို့ကို မလောပါနဲ့။ ကိုယ့်အတွက်ရော၊ ကိုယ့်အဖော်အတွက်ပါ နှစ်ဦးနှစ်ဖက်လုံး ဆန္ဒအထွတ်အထိပ်ရောက်တဲ့အထိ နှိုးဆွကြည့်ပါ။ စစချင်း ထိုးသွင်းဆက်ဆံတဲ့အခါ ဖြည်းဖြည်းချင်းစီ သူ့စည်းချက်နဲ့သူ မျောပါသွားပါ။ အားမထည့်ပါနဲ့။
၂။ လိင်မှုကိစ္စ မလုပ်ခင် အနည်းဆုံး တစ်နာရီခြားပြီး အာသာဖြေထားပါ။

ကိုယ်က ပြီးတာ မြန်တယ်ဆိုတာ ကြိုသိထားရင် ကိုယ့်စိတ်ကို စောစောစီးစီးလျှော့ထားတာ ပိုကောင်းပါတယ်။ ဒီလိုလျှော့ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်တိုင် တစ်ကိုယ်ရေအာသာဖြေတာပါပဲ။ ကိုယ်က သုက်ကို ကြိုပြီး လွှတ်ထားတဲ့အခါမှာ တကယ်လိင်မှုကိစ္စ စတင်လုပ်တဲ့အချိန်မှာ ချက်ချင်းလုပ်၊ ချက်ချင်းထွက်ဆိုတာမျိုး မဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။
၃။ ကွန်ဒုံးကို အသုံးပြုပါ။

အလွှာပါးရင် ကမ္ဘာခြားသလို ခံစားရတယ်ဆိုပြီး အမျိုးသားတွေက ကွန်ဒုံးအသုံးပြုဖို့ လက်တွန့်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကွန်ဒုံးတစ်ထပ် ပါနေတဲ့အခါ ရာဘာတစ်ထပ်ပါနေတော့ ခံစားမှုအားက အနည်းငယ်လျော့သွားတတ်ပြီး မြန်မြန်ကြီး သုက်မလွှတ်မိစေဖို့ ထိန်းပေးနိုင်မှာပါ။
၄။ လိင်ဆက်ဆံတဲ့အနေအထားကို ပြောင်းပါ။

အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ကိုယ်ကြိုက်နှစ်သက်တဲ့ အနေအထားတွေ ရှိတတ်ပါတယ်။ ဒီလိုအနေအထားမျိုးနဲ့ စလိုက်တဲ့အခါ ခံစားမှုပိုကောင်းပြီး လိင်စိတ်ဆန္ဒအထွတ်အထိပ်ကို ရောက်ဖို့ ပိုလွယ်တတ်ပါတယ်။ ဒီတော့ စတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ အနေအထားနဲ့ မစပါနဲ့။ တခြား ကိုယ်မနေဖူးတဲ့ ပုံစံအနေအထား သို့မဟုတ် ကိုယ့်ချစ်သူသဘောကျလောက်မယ့် အနေအထားမျိုးနဲ့ စကြည့်ပါ။
၅။ အားအရမ်းမသုံးပါနဲ့။

လိင်ဆက်ဆံနေချိန်မှာ အားစိုက်ထုတ်ရတာ သဘာဝပဲဆိုပေမယ့် သုက်လွှတ်မြန်တဲ့ အမျိုးသားတစ်ယောက်အတွက်တော့ ဒီကိစ္စကို နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဖို့ ချန်ထားလိုက်ပါ။ စစချင်းမှာ ဖြည်းဖြည်းချင်းပဲ ထိုးသွင်းမှုကို ပြုလုပ်ပါ။ အဆုံးထိ အားနဲ့ဆောင့်သွင်းလိုက်တာမျိုးတွေ တတ်နိုင်သလောက် ရှောင်ပါ။
၆။ ပွဲမဝင်ခင် အပြင်က လေ့ကျင့်ပါ။

တစ်ကိုယ်ရေအာသာဖြေတဲ့ အလုပ်ကို ပျိုပျိုအိုအို အိမ်ထောင်ရှိရှိ၊ မရှိရှိ အမျိုးသားတိုင်း လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ သုက်မြန်မြန်ထွက်ဖို့အတွက် အဓိကမထားဘဲ ကိုယ့်ရဲ့လိင်တံကို ဖြည်းဖြည်းချင်းနှိုးဆွပြီး သုက်ထွက်တော့မယ်ဆိုရင် ရပ်လိုက်၊ ကိုယ့်ရဲ့ ငယ်ပါကို ပွတ်သပ်ဆွလိုက်၊ အပြာရုပ်ရှင်ကြည့်တာ၊ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ တစ်ခုခုကို တွေးတာမျိုး လုပ်ကြည့်ပါ။ ဒီလိုအချိန်ဆွဲပြီး အာသာဖြေတဲ့နည်းလမ်းကို ပုံမှန်လုပ်ပေးတဲ့အခါ တကယ်ဆက်ဆံနေတဲ့အချိန် သိသာတဲ့အကျိုးထူးကို တွေ့ရမှာဖြစ်ပါတယ်။
၇။ ပြီးတော့မယ်လို့ သိထားရင် ဘာလုပ်မလဲ။

ကိုယ့်ကိုယ်ကိုယ် သုက်ထွက်တော့မယ်လို့ သိပြီဆိုတာနဲ့ ခဏရပ်ပြီး နားလိုက်ပါ။ လိင်တံထိပ်ဖူးကို ဖြည်းဖြည်းချင်းညှစ်ထားပြီး ထိပ်ဖူးအောက်နား ဆီးစွန့်ပြွန်ရှိတဲ့နေရာကို လက်မနဲ့ လက်ညှိုးဖြင့် ဖိထားပေးပါ။ ဒီလိုဖိထားခြင်းဖြင့် ဆီးစွန့်ပြွန်ကို ဖိအားပေးထားသလို ဖြစ်ပြီး သုက်မထွက်စေဖို့၊ လိင်စိတ်အထွတ်အထိပ်ကို မရောက်သွားစေဖို့ ကူညီပေးပါတယ်။

သုက်လွှတ်မြန်တဲ့အမျိုးသားတွေအတွက် သုက်ထိန်းပေးနိုင်မယ့် ကြာဆေးတွေ ဈေးကွက်ထဲမှာ ရှိတယ်ဆိုပေမယ့် ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် သဘာဝအတိုင်း ကိုယ်ရော ကိုယ့်အဖော်ပါ စိတ်ပျော်ရွှင်မှုရစေဖို့ နည်းလမ်းတွေကို ကိုယ်တိုင်လုပ်ကြည့်ပါလို့ အကြံပေးလိုက်ချင်ပါတယ်။
ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

0 Comments