Micropenis (ပဲျမစ္) သို႔မဟုတ္ အလြန္ေသးငယ္ေနေသာ လိင္တံအေၾကာင္း သိေကာင္းစရာ
========
Micropenis ဆိုတာ အင္မတန္ ေသးငယ္ေနတဲ့ လိင္တံကို ေခၚတာ ျဖစ္ပါတယ္။ Micropenis ဟာ ရွားပါးၿပီး ေဟာ္မုန္း နဲ႔ မ်ိဳး႐ိုးဗီဇ ျပႆနာေတြေၾကာင့္ ျဖစ္ရတာပါ။ မ်ားေသာအားျဖင့္ ဒီျဖစ္စဥ္ကို ဆရာဝန္ေတြအေနနဲ႔ ေမြးကာစမွာ ကုသေလ့ ရွိၾကပါတယ္။ အမ်ိဳးသားတစ္ခ်ိဳ႕အေနနဲ႔ကေတာ့ သူေတြရဲ႕ လိင္တံဟာ Micropenis လို႔ ထင္တတ္ၾကၿပီး မ်ားေသာအားျဖင့္ တကယ္တမ္း Micropenis မဟုတ္ၾကပါဘူး။ ဒီျဖစ္စဥ္ဟာ ေတာ္ေတာ္ရွားပါတယ္။ Micropenis ျဖစ္ေနလား၊ မျဖစ္ေနသလားဆိုတာကို သိဖို႔ အတြက္ နည္းမွန္လမ္းမွန္ တိုင္းတာဖို႔လိုပါတယ္။ လိင္တံေထာင္မတ္ေနတဲ့အခ်ိန္တိုင္းတာရင္ ကြာျခားခ်က္ေတြ အမ်ားႀကီးရွိတဲ့ အတြက္ လိင္တံကို စိတ္အခ်ရဆုံး တိုင္းတာတဲ့ နည္းလမ္းက လိင္တံ ေပ်ာ့ေခြေနတဲ့အခ်ိန္မွာ တိုင္းတာရတဲ့ SPL — stretched penis length နည္းစနစ္ျဖစ္ပါတယ္။ တိုင္းတာတဲ့ပုံစံကေတာ့ လိင္တံအရင္းရွိ ဆီးခုံ႐ိုး ေပၚကို ေပတံကိုတိတိက်က် တင္ထားၿပီး လိင္တံကို မနာက်င္တဲ့အထိ အဆုံး ဆန႔္ႏိုင္သေလာက္ဆန႔္ကာ ဆီးခုံ႐ိုးမွ လိင္တံရဲ႕ ထိပ္ေခါင္းဆုံးတဲ့အထိ အတိုင္းအတာကို ယူရတာ ျဖစ္ပါတယ္။ အကယ္၍ အမ်ိဳးသားတစ္ေယာက္ရဲ႕ SPL က 9.32 စင္တီမီတာ (3.67 လက္မ) နဲ႔ ေအာက္ ရွိေနမယ္ဆိုရင္ ဒီလိင္တံဟာ Micropenis ျဖစ္ပါတယ္။ သာမန္ အမ်ိဳးသားတစ္ေယာက္ရဲ႕ ပွ်မ္းမွ်လိင္တံ အရွည္က 13.24 cm (5.21လက္မ) ရွိပါတယ္။ Micropenis လိင္တံ ျဖစ္စဥ္ဟာ ရွားပါးၿပီး ခန႔္မွန္းခ်က္ေတြအရ တစ္ကမာၻလုံးက အမ်ိဳးသား ဝ.၆ ရာခိုင္ႏႈန္းမွာသာ ဒီေဝဒနာ ရွိတယ္လို႔ ဆိုပါတယ္။
၁၉၉၇ ကေန ၂၀၀၀ ခုႏွစ္အတြင္းမွာေတာ့ အေမရိကန္ႏိုင္ငံက ေမြးကင္းစ ေယာက္်ားေလး ၁၀၀၀၀ မွာ Micropenis ေဝဒနာ ဟာ ၁.၅ ပဲ ရွိပါတယ္။ ဒီရာခိုင္ႏႈန္းဟာ ဝ.၀၁၅ ရာခိုင္ႏႈန္းသာ ရွိပါတယ္။
Micropenis လိင္တံ ျဖစ္ပြားရျခင္း အေၾကာင္းရင္းမ်ား။
Micropenis လိင္တံဟာ အမ်ိဳးမ်ိဳးေသာ အေၾကာင္းရင္းမ်ားေၾကာင့္ သေႏၶသားဘဝမွာ တက္စတိုစတီ႐ုန္း ေဟာ္မုန္း ထုတ္လုပ္မႈ နည္းတဲ့ အခါ ျဖစ္ပြားေလ့ရွိပါတယ္။ မ်ားေသာအားျဖင့္ ဒီလို တက္စတိုစတီ႐ုန္း ေဟာ္မုန္း မထုတ္လုပ္ျခင္းရဲ႕ အဓိက အေၾကာင္းရင္းကေတာ့ Hypogonadotropic hypogonadism (HH) လို႔ေခၚတဲ့ ပီက်ဴထရီ ဂလင္းနဲ႔ ဦးေႏွာက္ရဲ႕ hypothalamus လို႔ေခၚတဲ့ အလိုအေလ်ာက္ နာဗ္ေၾကာစနစ္ကို ထိန္းခ်ဳပ္တဲ့အပိုင္းေတြ အလုပ္မလုပ္ျခင္းေၾကာင့္ ေဝွးေစ့ မွ မ်ိဳးပြားအဂၤါ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပုံမွန္ႀကီးထြားျခင္းအတြက္လုံေလာက္တဲ့ တက္စတိုစတီ႐ုန္း ေဟာ္မုန္း မထုတ္တဲ့ ေဝဒနာ ျဖစ္ပါတယ္။ ဒါ့အျပင္ မ်ိဳး႐ိုးဗီဇ ေဝဒနာ မ်ားနဲ႔ တစ္ခါတစ္ရံ ျဖစ္ပြားရတဲ့အေၾကာင္းရင္း မသိရွိတာေတြ ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ အျဖစ္နည္းေပမဲ့ မိခင္ျဖစ္သူက ကိုယ္ဝန္ေဆာင္ခ်ိန္ကာလအတြင္း ပိုးသတ္ေဆးေတြနဲ႔ အဆိပ္ရွိတဲ့ ဓာတုပစၥည္းေတြ ႐ူရႈိက္မိတဲ့အခါမွာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ ကိုယ္ဝန္ေဆာင္ကာလမွာ မိခင္ျဖစ္သူမွ human chorionic gonadotropin (hCG)
လို႔ေခၚတဲ့ သေႏၶသားေဝွးေစ့မွ တက္စတိုစတီ႐ုန္း ေဟာ္မုန္း ထြက္ေအာင္လႈံ႕ေဆာ္ေပးတဲ့ ေဟာ္မုန္း လုံေလာက္ေအာင္ မထုတ္လုပ္ေပးတဲ့အခါမွာလည္း ျဖစ္ႏိုင္ပါတယ္။
ေနာက္ထပ္ျဖစ္ႏိုင္တဲ့အေၾကာင္းရင္းတစ္ခုကေတာ့ တက္စတိုစတီ႐ုန္းေဟာ္မုန္းက ပုံမွန္ ျဖစ္ေနၿပီး က်န္းမာေရး အေျခအေနေတြေၾကာင့္ ခႏၶာကိုယ္က တက္စတို စတီ႐ုန္းကို မွန္မွန္ကန္ကန္ မတုံ႔ျပန္တဲ့ အခါမွာလည္း ျဖစ္ႏိုင္ပါတယ္။ အကယ္၍ တက္စတိုစတီ႐ုန္း ေဟာ္မုန္းက ပုံမွန္ ျဖစ္ေနတဲ့ အခ်ိန္မွာ တစ္ခ်ိဳ႕ေသာ က်န္းမာေရး အေျခအေနေတြက ခႏၶာကိုယ္ကေတာ့ တက္စတို စတီ႐ုန္းေဟာ္မုန္းကို မွန္မွန္ကန္ကန္ တုံ႔ျပန႔္ေနျခင္းကို ရပ္သြားေစႏိုင္ပါတယ္။ ဒီအေျခအေနကို androgen insensitivity လို႔ေခၚပါတယ္။ Androgen insensitivity syndrome (AIS) ဆိုတာဟာ အမ်ိဳးသားလိင္အဂၤါနဲ႔ေမြးလာသူတစ္ေယာက္ဟာ အမ်ိဳးသားေဟာ္မုန္း Androgen ကို မတုံ႔ျပန္တဲ့ေဝဒနာျဖစ္ပါတယ္။
အထက္ပါ ေဟာ္မုန္းဆိုင္ရာ ျပႆနာေတြ တက္လာတာနဲ႔
ဖိုသေႏၶသားရဲ႕လိင္တံက ပုံမွန္ ဖြံ႕ၿဖိဳးတဲ့ ပုံစံအတိုင္း ဖြံ႕ၿဖိဳးလာမွာ မဟုတ္ပါဘူး။ ဖိုသေႏၶသားအေနနဲ႔ ေမြးဖြားၿပီး ၃ လခန႔္အတြင္းမွာ တက္စတိုစတီ႐ုန္းေဟာ္မုန္း ပမာဏတစ္ခုကုိ ထုတ္လုပ္မွာ ျဖစ္ပါတယ္။ ဒီအခ်ိန္ဟာ လိင္တံ ႀကီးထြားဖို႔အတြက္ အေရးႀကီးဆုံး အခ်ိန္လည္း ျဖစ္ပါတယ္။ အကယ္၍ ဒီအခ်ိန္မွာ အထက္ပါ ေဟာ္မုန္းဆိုင္ရာ ျပႆနာေတြရွိမယ္ဆိုရင္ ကေလးရဲ႕ လိင္တံဟာ ေသးငယ္သြားႏိုင္ပါတယ္။ တစ္ခါတစ္ရံ ထူးထူးျခားျခား ျဖစ္စဥ္ေတြမွာေတာ့
တိတိက်က် အေၾကာင္းရင္းမ႐ွိဘဲ Mircropenis ခံစားေနရတဲ့ ေဝဒနာ႐ွင္ေတြလည္း ႐ွိပါတယ္။ Micropenis ဟာ ေဟာ္မုန္းျပႆနာေတြေၾကာင့္ ျဖစ္ရတာေၾကာင့္ ဒီ ေဝဒနာရွိေနတဲ့ သူေတြအေနနဲ႔ တစ္ျခား ေဝဒနာေတြကိုလည္း ခံစားရႏိုင္ပါတယ္။
Mircopenis နဲ႔ ပတ္သက္ၿပီး ဆရာဝန္ေတြ ေတြ႕ရွိတဲ့ တစ္ျခား ေဝဒနာေတြကေတာ့
– ပီက်ဴထရီ ဂလင္းနဲ႔ ဦးေႏွာက္ရဲ႕ hypothalamus လို႔ေခၚတဲ့ အလိုအေလ်ာက္ နာဗ္ေၾကာစနစ္ကို ထိန္းခ်ဳပ္တဲ့အပိုင္းေတြ အလုပ္မလုပ္ျခင္းေၾကာင့္ ေဝွးေစ့မွ မ်ိဳးပြားအဂၤါ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပုံမွန္ႀကီးထြားျခင္းအတြက္လုံေလာက္တဲ့ တက္စတိုစတီ႐ုန္း ေဟာ္မုန္း မထုတ္တဲ့ ေဝဒနာ (Hypogonadotropic hypogonadism (HH))
– မ်ဳိး႐ုိးဗီဇ ဂ်င္းေတြ ေမြးရာပါ ပ်က္ဆီးေနတဲ့အတြက္ ႐ုပ္ပုိင္းဆုိင္ရာ၊ စိတ္ပုိင္းဆုိင္ရာေတြ ပ်က္ဆီးေနတဲ့ ေဝဒနာ (Prader-Willi syndrome)
– လိင္ပုိင္းဆုိင္ရာတုိးတက္မႈ အတြက္အေရးႀကီးတဲ့ ေဟာ္မုန္းေတြ မထုတ္လုပ္ႏုိင္တဲ့အတြက္ လူပ်ဳိေဖာ္ဝင္ခ်ိန္ ေနာက္က်ျခင္း၊ မဝင္ျခင္းနဲ႔
အနံ႔မခံႏုိင္ျခင္းကုိျဖစ္ေစတဲ့ Kallmann syndrome ေဝဒနာ၊ ဒီေဝဒနာဟာ အထက္က hypogonadotropic hypogonadism ေဝဒနာ ပုံစံတစ္မ်ဳိးလည္း ျဖစ္ပါတယ္။
– ခႏၶာကုိယ္ႀကီးထြားဖုိ႔ လုိအပ္တဲ့ေဟာ္မုန္းေတြ ခ်ဳိ႕ယြင္းေနတဲ့ ေဝဒနာ
– ဆဲလ္အတြင္ နကလိယပ္စ္ေတြ အတြင္း႐ွိ DNA ေမာ္လီက်ဴးေတြ ျဖစ္တဲ့ chromosomes ပ်က္စီးေနတဲ့ေဝဒနာ
-Laurence-Moon လုိ႔ေခၚတဲ့ မ်ဳိး႐ုိးဗီဇ ခ်ုိ႕ယြင္းခ်က္ေတြေၾကာင့္ ႂကြက္သားလႈပ္႐ွားမႈေတြကုိ မထိန္းခ်ဳပ္ႏုိင္တဲ့ေဝဒနာ၊
မ်က္လုံး ခ်ဳိ႕ယြင္းခ်က္ေတြနဲ႔ တစ္ျခား ခႏၶာကုိယ္အစိတ္ပုိင္းေတြကုိ ထိခုိက္ေစတဲ့ေဝဒနာတုိ႔ျဖစ္ပါတယ္။
တစ္ခါတစ္ရံမွာ Micropenis လို ပုံစံေပါက္ေနတဲ့ တစ္ျခားေဝဒနာေတြေၾကာင့္လည္း Micropenis ျဖစ္ေနၿပီလို႔ လူအမ်ားစုက ထင္တတ္ၾကပါတယ္။ ဥပမာ ကေလးတစ္ေယာက္ဟာ ေမြးရာပါ ကပ္ပယ္အိတ္ေရာင္ၿပီး ေမြးလာခဲ့ရင္ အဲ့ ပုံစံကလည္း Micropenis ပုံစံေပါက္ပါတယ္။ ဒါ့အျပင္ Buried penis လို႔ေခၚတဲ့ ဗိုက္မွာ အဆီမ်ားစုေနတဲ့အတြက္လိင္တံကို သိပ္မေတြ႕ရတဲ့ ျဖစ္စဥ္ကိုလည္း Micropenis လို႔ထင္တတ္ၾကပါတယ္။ ဒီျဖစ္စဥ္ဟာ မ်ားေသာ အားျဖင့္ အဝလြန္တဲ့ လူေတြမွာ အျဖစ္မ်ားပါတယ္။
Micropenis ျဖစ္ေနသလား၊ မျဖစ္ဘူးလားဆိုတာကို ဘယ္လိုစစ္ေဆးမလဲ။
လူေတာ္ေတာ္မ်ားမ်ားက သူတို႔ လိင္တံ အ႐ြယ္အစားကို အၿမဲတမ္းေသးငယ္တယ္လို႔ထင္တတ္ၾကေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသားတစ္ေယာက္အေနနဲ႔ Micropenis ရွိတယ္လို႔ ထင္တဲ့ အခါက်ရင္ ဆရာဝန္ထံတိတိက်က်သြားေရာက္တိုင္းတာၿပီး ထိုအေျခအေနကို ေသခ်ာေအာင္ စစ္ေဆးဖို႔လိုပါတယ္။ ဒါေပမဲ့ မ်ားေသာအားျဖင့္ Mircopenis ေဝဒနာကို ဆရာဝန္ေတြက ေမြးကင္းစမွာကတည္းက ေတြ႕ရွိေလ့ရွိပါတယ္။ အကယ္၍ ဆရာဝန္ကိုယ္တိုင္ကလည္း လူနာမွာ Mircopenis ခံစားေနရတယ္လုိ႔ ယူဆရင္ ဆရာဝန္အေနနဲ႔ ကေလးရဲ႕ SPL လို႔ေခၚတဲ့ ဆန႔္ထားတဲ့ လိင္တံ အရွည္ကိုတိုင္းတာမွာ ျဖစ္ၿပီးတစ္ျခားေဟာ္မုန္းပုံမမွန္မႈေတြကိုလည္း စစ္ေဆးမွာ ျဖစ္ပါတယ္။ အဲ့ေနာက္မွာ ပုံမွန္မဟုတ္ေလာက္ေအာင္ လိင္တံကေသးငယ္ေနမယ္ဆိုရင္ ဆရာဝန္အေနနဲ႔ေအာက္ပါစစ္ေဆးမႈေတြကို ျပဳလုပ္မွာ ျဖစ္ပါတယ္။
ခႏၶာကိုယ္ကို စစ္ေဆးျခင္း။
– လိင္တံအ႐ြယ္အစားကို တိုင္းတာတဲ့ အျပင္ကို ဆရာဝန္အေနနဲ႔ တစ္ျခားေဝဒနာေတြ ျဖစ္တဲ့ အဆီပိုေတြနဲ႔ တစ္ျခား ပုံမွန္မဟုတ္တဲ့ႀကီးထြားမႈေတြကုိ စစ္ေဆးမွာ ျဖစ္ပါတယ္။
ေသြးတြင္းစစ္ေဆးမႈမ်ား။
ဒီစစ္ေဆးမႈေတြက ကေလးရဲ႕ ေသြးအတြင္း ေဟာ္မုန္းပမာဏေတြကို သိရွိေစႏိုင္ပါတယ္။ ဒါ့အျပင္ မ်ိဳး႐ိုးဗီဇဆိုင္ရာ စစ္ေဆးမႈေတြကလည္း ကေလးရဲ႕ ဇီဝလိင္အမ်ိဳးအစားေတြကို သိရွိေစႏိုင္ပါတယ္။ ရွားပါးျဖစ္စဥ္ေတြမွာေတာ့ Micropenis ေဝဒနာ ရွိတယ္လုိ႔ ထင္ရတဲ့သူေတြဟာ တကယ္တမ္း လိင္အမ်ိဳးအစား ၂ ခုလုံး႐ွိေနသူ ျဖစ္ေနႏိုင္သလို
ခ႐ိုမိုဆုန္း ပုံမမွန္လို႔ လည္း ျဖစ္ႏိုင္ပါတယ္။
– ပုံရိပ္ေဖာ္စစ္ေဆးမႈမ်ား။
ဆရာဝန္ေတြအေနနဲ႔ လိင္အဂၤါေတြနဲ႔ အနီးပတ္လည္က အစိတ္အပိုင္းေတြ တည္ေဆာက္ပုံကို ၾကည့္ရႈဖို႔အတြက္ တင္ပါးဆုံ တစ္ဝိုက္ Ultra sound နဲ႔ MRI scan ေတြကို အသုံးျပဳႏုိင္ပါတယ္။
Mircropenis နဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ မွားတတ္ၾကတဲ့အရာတစ္ခုကေတာ့
တစ္ျခားအေနေတြေၾကာင့္ လိင္တံကပုံမွန္ထက္ ေသးတဲ့ပုံေပါက္ၿပီး ဒါကို Micropenis ျဖစ္ေနတယ္လို႔ ထင္တတ္ၾကတာပါပဲ။ ဒီအေျခအေနေတြက လိင္တံထိပ္ငုံ အေရျပား ျဖတ္အၿပီးမွာ ျဖစ္တတ္ပါတယ္။
Micropenis နဲ႔ ဆင္တဲ့ တစ္ျခားေဝဒနာေတြကေတာ့
အဆီေတြနဲ႔ ျမဳပ္ေနတဲ့ လိင္တံ (Buried Penis) – ဗိုက္မွအဆီေတြက လိင္တံရဲ႕တကယ္အစစ္အမွန္ အ႐ြယ္အစားကုိ ဖုံးေနတဲ့ ေဝဒနာမ်ိဳး ျဖစ္ပါတယ္။
တြယ္ကပ္ေနေသာ လိင္တံ – ကပ္ပယ္အိတ္နဲ႔ လိင္တံအၾကား အေရျပားအပိုတစ္ခု တြယ္ကပ္ေနတဲ့ အခါမွာ ျဖစ္ပြားတတ္တဲ့ ေဝဒနာ တစ္မ်ိဳး ျဖစ္ပါတယ္။
ပိတ္မိေနေသာ လိင္တံ – လိင္တံပတ္လည္တစ္ေလွ်ာက္မွာ လုံေလာက္တဲ့ အေရျပား မရွိေနတဲ့ ေဝဒနာေတြ ျဖစ္ပါတယ္။
ကုသမႈမ်ား။
ကုသမႈေတြအေနနဲ႔ လူနာေတြရဲ႕ လိင္တံအ႐ြယ္အစားပိုႀကီးၿပီး
လုပ္ေဆာင္မႈေတြ ပုံမွန္ လုပ္ေဆာင္ႏိုင္တဲ့ လိင္တံ ျဖစ္လာဖို႔ကို အဓိက ရည္႐ြယ္ထားၾကပါတယ္။ Micropenis ျဖစ္စဥ္အတြက္ ဆရာဝန္ေတြ ကုသေပးမယ့္ ကုသမႈေတြက
ေဟာ္မုန္းကုသမႈမ်ား။
ေမြးကင္းစမွာ တက္စတိုစတီ႐ုန္း ခရင္မ္ေတြ လိမ္းေပးျခင္း၊ တက္စတိုစတီ႐ုန္းေဆးမ်ား ထိုးသြင္းျခင္းက လိင္တံအ႐ြယ္အစားကို ႀကီးလာေစႏိုင္ပါတယ္။ ဒီလို တက္စတိုစတီ႐ုန္း ကုသမႈေတြက လူပ်ိဳေပါက္ အ႐ြယ္ေရာက္ၿပီးမွ ကုသတာထက္စာရင္ မေရာက္ခင္ကုသတာထက္ ပိုၿပီး ထိေရာက္ပါတယ္။ ဆရာဝန္ေတြအေနနဲ႔ တက္စတိုစတီ႐ုန္း ကုသမႈေပးလိုက္တဲ့အခါ လိင္တံက ၃.၅ စင္တီမီတာ ခန္႔ပိုရွည္လာရင္
ဒါကုသမႈက ထိေရာက္တယ္လုိ႔ သတ္မွတ္ၾကပါတယ္။ ဒီလို ေဟာ္မုန္းကုသမႈေတြက ေဝဒနာကို သက္သာေစႏိုင္ပါတယ္။ ဒါေပမဲ့ မွန္ကန္တဲ့ ကုသမႈ ခံယူႏိုင္ဖို႔ အတြက္ လူတစ္ေယာက္အေနနဲ႔လည္း တိက်တဲ့ စမ္းသပ္မႈအရင္ ခံယူဖို႔လည္း လိုပါတယ္။
ခြဲစိတ္မႈမ်ား။
အကယ္၍ ေဟာ္မုန္း ကုသမႈေတြက အလုပ္မျဖစ္ဘူးဆိုရင္
လိင္တံကို ခြဲစိတ္ႏိုင္ပါတယ္။ ဆရာဝန္ အေနနဲ႔ ခြဲစိတ္မယ္ဆိုရင္ လိင္တံထည့္ ခႏၶာကိုယ္တြင္းထည့္ပစၥည္း Implant ကို ထည့္သြင္းျခင္းျဖင့္ လိင္တံကို မူလထက္ႀကီးတဲ့ ပုံေပၚလာေစမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီလိုခြဲစိတ္မႈေတြဟာ ေဘးထြက္ဆိုးက်ိဳး ျဖစ္ႏိုင္ေျခမ်ားပါတယ္။
Micropenis က လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ကို ထိခိုက္ေစႏိုင္သလား။
Micropenis ရွိတဲ့ လူအမ်ားစုက ပုံမွန္ လိင္ကိစၥေတြကို လုပ္ေဆာင္ႏိုင္ၾကပါတယ္။ Mircopenis ရွိ႐ုံနဲ႔ ဆီးသြားႏိုင္စြမ္း၊ တစ္ကိုယ္ရည္အာသာေျဖႏိုင္စြမ္း၊ လိင္စိတ္အထြတ္ထိပ္ေရာက္ႏိုင္စြမ္းကို မထိခိုက္ပါဘူး။ ဒါေပမဲ့ တစ္ခ်ိဳ႕သူေတြအေနနဲ႔ မတ္တပ္ရပ္ေသးေပါက္ဖို႔ ခက္ခဲႏိုင္ပါတယ္။
ဒါ့အျပင္ လိင္အဂၤါအ႐ြယ္အစားကို လိင္ဆက္ဆံခ်ိန္ေနခ်ိန္မွာ စိုးရိမ္ေနျခင္းက လိင္မႈရဲ႕ေက်နပ္မႈ အျပည့္အဝခံႏိုင္စြမ္းကိုေလွ်ာ့က်ေစႏိုင္ပါတယ္။ Micropenis ကို ခြဲစိတ္မႈ ခံယူၿပီးထားတဲ့ သူေတြေတာင္ သူတို႔ရဲ႕ လိင္အဂၤါ အ႐ြယ္အစားကို မေက်နပ္ၾကပါဘူး။ ဒါေပမဲ့ ေလ့လာခ်က္အေတြအရ Mircopenis ရွိသူေတြဟာာ ပုံမွန္ လိင္ပိုင္းဆိုင္ရာ ပုံစံနဲ႔ လုပ္ေဆာင္ခ်က္ေတြ လုပ္ႏိုင္ပါေသးတယ္။ ဒီလိုမ်ိဳး ျဖစ္ေနတဲ့သူေတြအေနနဲ႔ေတာ့ အႀကံေပးတိုင္ပင္ျခင္းနဲ႔ လိင္ပိုင္းဆိုင္ရာ ကုသမႈ ခံယူႏိုင္ပါတယ္။
Micropenis ဆိုတာ အမ်ိဳးသားတစ္ေယာက္ရဲ႕ SPL က 9.32 စင္တီမီတာ (3.67 လက္မ) နဲ႔ ေအာက္ ရွိေနတဲ့ လိင္တံကုိေခၚတာျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ တက္စတိုစတီ႐ုန္းခ်ိဳ႕ယြင္းမႈေၾကာင့္ Micropenis ျဖစ္ရတာ ျဖစ္ၿပီး မ်ိဳး႐ိုးဗီဇမူမမွန္မႈေတြနဲ႔ ပတ္ဝန္းက်င္ အေျခအေနေတြေၾကာင့္လည္း ဒီေဝဒနာ ျဖစ္ႏိုင္ပါတယ္။ Micropenis ကို ကေလးငယ္ဘဝမွာ ေတြ႕ရွိကာ ကုသရေလ့ရွိၿပီး ကေလးဘဝမွာ တက္စတိုစတီ႐ုန္း ကုသမႈ ခံယူမယ္ဆိုရင္ ရလာဒ္ေကာင္းေလ့ရွိပါတယ္။ Micropenis ရွိတဲ့ လူတစ္ေယာက္ဟာ သာမန္လိင္တံအ႐ြယ္အစားေတာ့ရွိမွာ မဟုတ္ေပမဲ့ ဒါက လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္မႈကို မထိခိုက္ပါဘူး။
လိင္တံအ႐ြယ္အစားဟာ ျခားနားႏိုင္ပါတယ္။ ဒါေပမဲ့ လိင္ပုိ
င္းဆုိင္ရာ လုပ္ေဆာင္ခ်က္ေတြကုိ နားလည္ထားမယ္ဆုိရင္ ပုံမွန္ ပွ်မ္းမွ် လိင္တံအ႐ြယ္အစားထက္ေသးေနတဲ့ လိင္တံပိုင္ရွင္ေတြေတာင္ ေပ်ာ္႐ႊင္ဖြယ္ လိင္မႈဘဝကို ပိုင္ဆိုင္ႏိုင္ပါတယ္။ အႀကံယူေဆြးေႏြးျခင္းနဲ႔ လိင္ပိုင္းဆိုင္ရာ ကုသမႈေတြက လိင္တံအ႐ြယ္အစားေၾကာင့္ စိုးရိမ္မႈေတြနဲ႔ လိင္ဆက္ဆံရမွာ ရွက္ေနေတြကို ကူညီေပးႏိုင္မွာ ျဖစ္ပါတယ္။
ေရးသားသူ Arkar Hein
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Kaung Thar.
Unicode
Micropenis (ပဲမြစ်) သို့မဟုတ် အလွန်သေးငယ်နေသော လိင်တံအကြောင်း သိကောင်းစရာ
========
Micropenis ဆိုတာ အင်မတန် သေးငယ်နေတဲ့ လိင်တံကို ခေါ်တာ ဖြစ်ပါတယ်။ Micropenis ဟာ ရှားပါးပြီး ဟော်မုန်း နဲ့ မျိုးရိုးဗီဇ ပြဿနာတွေကြောင့် ဖြစ်ရတာပါ။ များသောအားဖြင့် ဒီဖြစ်စဉ်ကို ဆရာဝန်တွေအနေနဲ့ မွေးကာစမှာ ကုသလေ့ ရှိကြပါတယ်။ အမျိုးသားတစ်ချို့အနေနဲ့ကတော့ သူတွေရဲ့ လိင်တံဟာ Micropenis လို့ ထင်တတ်ကြပြီး များသောအားဖြင့် တကယ်တမ်း Micropenis မဟုတ်ကြပါဘူး။ ဒီဖြစ်စဉ်ဟာ တော်တော်ရှားပါတယ်။ Micropenis ဖြစ်နေလား၊ မဖြစ်နေသလားဆိုတာကို သိဖို့ အတွက် နည်းမှန်လမ်းမှန် တိုင်းတာဖို့လိုပါတယ်။ လိင်တံထောင်မတ်နေတဲ့အချိန်တိုင်းတာရင် ကွာခြားချက်တွေ အများကြီးရှိတဲ့ အတွက် လိင်တံကို စိတ်အချရဆုံး တိုင်းတာတဲ့ နည်းလမ်းက လိင်တံ ပျော့ခွေနေတဲ့အချိန်မှာ တိုင်းတာရတဲ့ SPL — stretched penis length နည်းစနစ်ဖြစ်ပါတယ်။ တိုင်းတာတဲ့ပုံစံကတော့ လိင်တံအရင်းရှိ ဆီးခုံရိုး ပေါ်ကို ပေတံကိုတိတိကျကျ တင်ထားပြီး လိင်တံကို မနာကျင်တဲ့အထိ အဆုံး ဆန့်နိုင်သလောက်ဆန့်ကာ ဆီးခုံရိုးမှ လိင်တံရဲ့ ထိပ်ခေါင်းဆုံးတဲ့အထိ အတိုင်းအတာကို ယူရတာ ဖြစ်ပါတယ်။ အကယ်၍ အမျိုးသားတစ်ယောက်ရဲ့ SPL က 9.32 စင်တီမီတာ (3.67 လက်မ) နဲ့ အောက် ရှိနေမယ်ဆိုရင် ဒီလိင်တံဟာ Micropenis ဖြစ်ပါတယ်။ သာမန် အမျိုးသားတစ်ယောက်ရဲ့ ပျှမ်းမျှလိင်တံ အရှည်က 13.24 cm (5.21လက်မ) ရှိပါတယ်။ Micropenis လိင်တံ ဖြစ်စဉ်ဟာ ရှားပါးပြီး ခန့်မှန်းချက်တွေအရ တစ်ကမ္ဘာလုံးက အမျိုးသား ဝ.၆ ရာခိုင်နှုန်းမှာသာ ဒီဝေဒနာ ရှိတယ်လို့ ဆိုပါတယ်။
၁၉၉၇ ကနေ ၂၀၀၀ ခုနှစ်အတွင်းမှာတော့ အမေရိကန်နိုင်ငံက မွေးကင်းစ ယောက်ျားလေး ၁၀၀၀၀ မှာ Micropenis ဝေဒနာ ဟာ ၁.၅ ပဲ ရှိပါတယ်။ ဒီရာခိုင်နှုန်းဟာ ဝ.၀၁၅ ရာခိုင်နှုန်းသာ ရှိပါတယ်။
Micropenis လိင်တံ ဖြစ်ပွားရခြင်း အကြောင်းရင်းများ။
Micropenis လိင်တံဟာ အမျိုးမျိုးသော အကြောင်းရင်းများကြောင့် သန္ဓေသားဘဝမှာ တက်စတိုစတီရုန်း ဟော်မုန်း ထုတ်လုပ်မှု နည်းတဲ့ အခါ ဖြစ်ပွားလေ့ရှိပါတယ်။ များသောအားဖြင့် ဒီလို တက်စတိုစတီရုန်း ဟော်မုန်း မထုတ်လုပ်ခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ Hypogonadotropic hypogonadism (HH) လို့ခေါ်တဲ့ ပီကျူထရီ ဂလင်းနဲ့ ဦးနှောက်ရဲ့ hypothalamus လို့ခေါ်တဲ့ အလိုအလျောက် နာဗ်ကြောစနစ်ကို ထိန်းချုပ်တဲ့အပိုင်းတွေ အလုပ်မလုပ်ခြင်းကြောင့် ဝှေးစေ့ မှ မျိုးပွားအင်္ဂါ လုပ်ဆောင်ချက်တွေနဲ့ ပုံမှန်ကြီးထွားခြင်းအတွက်လုံလောက်တဲ့ တက်စတိုစတီရုန်း ဟော်မုန်း မထုတ်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇ ဝေဒနာ များနဲ့ တစ်ခါတစ်ရံ ဖြစ်ပွားရတဲ့အကြောင်းရင်း မသိရှိတာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဖြစ်နည်းပေမဲ့ မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း ပိုးသတ်ဆေးတွေနဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေ ရူရှိုက်မိတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ဖြစ်သူမှ human chorionic gonadotropin (hCG)
လို့ခေါ်တဲ့ သန္ဓေသားဝှေးစေ့မှ တက်စတိုစတီရုန်း ဟော်မုန်း ထွက်အောင်လှုံ့ဆော်ပေးတဲ့ ဟော်မုန်း လုံလောက်အောင် မထုတ်လုပ်ပေးတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။
နောက်ထပ်ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုကတော့ တက်စတိုစတီရုန်းဟော်မုန်းက ပုံမှန် ဖြစ်နေပြီး ကျန်းမာရေး အခြေအနေတွေကြောင့် ခန္ဓာကိုယ်က တက်စတို စတီရုန်းကို မှန်မှန်ကန်ကန် မတုံ့ပြန်တဲ့ အခါမှာလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ တက်စတိုစတီရုန်း ဟော်မုန်းက ပုံမှန် ဖြစ်နေတဲ့ အချိန်မှာ တစ်ချို့သော ကျန်းမာရေး အခြေအနေတွေက ခန္ဓာကိုယ်ကတော့ တက်စတို စတီရုန်းဟော်မုန်းကို မှန်မှန်ကန်ကန် တုံ့ပြန့်နေခြင်းကို ရပ်သွားစေနိုင်ပါတယ်။ ဒီအခြေအနေကို androgen insensitivity လို့ခေါ်ပါတယ်။ Androgen insensitivity syndrome (AIS) ဆိုတာဟာ အမျိုးသားလိင်အင်္ဂါနဲ့မွေးလာသူတစ်ယောက်ဟာ အမျိုးသားဟော်မုန်း Androgen ကို မတုံ့ပြန်တဲ့ဝေဒနာဖြစ်ပါတယ်။
အထက်ပါ ဟော်မုန်းဆိုင်ရာ ပြဿနာတွေ တက်လာတာနဲ့
ဖိုသန္ဓေသားရဲ့လိင်တံက ပုံမှန် ဖွံ့ဖြိုးတဲ့ ပုံစံအတိုင်း ဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။ ဖိုသန္ဓေသားအနေနဲ့ မွေးဖွားပြီး ၃ လခန့်အတွင်းမှာ တက်စတိုစတီရုန်းဟော်မုန်း ပမာဏတစ်ခုကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ လိင်တံ ကြီးထွားဖို့အတွက် အရေးကြီးဆုံး အချိန်လည်း ဖြစ်ပါတယ်။ အကယ်၍ ဒီအချိန်မှာ အထက်ပါ ဟော်မုန်းဆိုင်ရာ ပြဿနာတွေရှိမယ်ဆိုရင် ကလေးရဲ့ လိင်တံဟာ သေးငယ်သွားနိုင်ပါတယ်။ တစ်ခါတစ်ရံ ထူးထူးခြားခြား ဖြစ်စဉ်တွေမှာတော့
တိတိကျကျ အကြောင်းရင်းမရှိဘဲ Mircropenis ခံစားနေရတဲ့ ဝေဒနာရှင်တွေလည်း ရှိပါတယ်။ Micropenis ဟာ ဟော်မုန်းပြဿနာတွေကြောင့် ဖြစ်ရတာကြောင့် ဒီ ဝေဒနာရှိနေတဲ့ သူတွေအနေနဲ့ တစ်ခြား ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
Mircopenis နဲ့ ပတ်သက်ပြီး ဆရာဝန်တွေ တွေ့ရှိတဲ့ တစ်ခြား ဝေဒနာတွေကတော့
– ပီကျူထရီ ဂလင်းနဲ့ ဦးနှောက်ရဲ့ hypothalamus လို့ခေါ်တဲ့ အလိုအလျောက် နာဗ်ကြောစနစ်ကို ထိန်းချုပ်တဲ့အပိုင်းတွေ အလုပ်မလုပ်ခြင်းကြောင့် ဝှေးစေ့မှ မျိုးပွားအင်္ဂါ လုပ်ဆောင်ချက်တွေနဲ့ ပုံမှန်ကြီးထွားခြင်းအတွက်လုံလောက်တဲ့ တက်စတိုစတီရုန်း ဟော်မုန်း မထုတ်တဲ့ ဝေဒနာ (Hypogonadotropic hypogonadism (HH))
– မျိုးရိုးဗီဇ ဂျင်းတွေ မွေးရာပါ ပျက်ဆီးနေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ ပျက်ဆီးနေတဲ့ ဝေဒနာ (Prader-Willi syndrome)
– လိင်ပိုင်းဆိုင်ရာတိုးတက်မှု အတွက်အရေးကြီးတဲ့ ဟော်မုန်းတွေ မထုတ်လုပ်နိုင်တဲ့အတွက် လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း၊ မဝင်ခြင်းနဲ့
အနံ့မခံနိုင်ခြင်းကိုဖြစ်စေတဲ့ Kallmann syndrome ဝေဒနာ၊ ဒီဝေဒနာဟာ အထက်က hypogonadotropic hypogonadism ဝေဒနာ ပုံစံတစ်မျိုးလည်း ဖြစ်ပါတယ်။
– ခန္ဓာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့ဟော်မုန်းတွေ ချို့ယွင်းနေတဲ့ ဝေဒနာ
– ဆဲလ်အတွင် နကလိယပ်စ်တွေ အတွင်းရှိ DNA မော်လီကျူးတွေ ဖြစ်တဲ့ chromosomes ပျက်စီးနေတဲ့ဝေဒနာ
-Laurence-Moon လို့ခေါ်တဲ့ မျိုးရိုးဗီဇ ချို့ယွင်းချက်တွေကြောင့် ကြွက်သားလှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်တဲ့ဝေဒနာ၊
မျက်လုံး ချို့ယွင်းချက်တွေနဲ့ တစ်ခြား ခန္ဓာကိုယ်အစိတ်ပိုင်းတွေကို ထိခိုက်စေတဲ့ဝေဒနာတို့ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ Micropenis လို ပုံစံပေါက်နေတဲ့ တစ်ခြားဝေဒနာတွေကြောင့်လည်း Micropenis ဖြစ်နေပြီလို့ လူအများစုက ထင်တတ်ကြပါတယ်။ ဥပမာ ကလေးတစ်ယောက်ဟာ မွေးရာပါ ကပ်ပယ်အိတ်ရောင်ပြီး မွေးလာခဲ့ရင် အဲ့ ပုံစံကလည်း Micropenis ပုံစံပေါက်ပါတယ်။ ဒါ့အပြင် Buried penis လို့ခေါ်တဲ့ ဗိုက်မှာ အဆီများစုနေတဲ့အတွက်လိင်တံကို သိပ်မတွေ့ရတဲ့ ဖြစ်စဉ်ကိုလည်း Micropenis လို့ထင်တတ်ကြပါတယ်။ ဒီဖြစ်စဉ်ဟာ များသော အားဖြင့် အဝလွန်တဲ့ လူတွေမှာ အဖြစ်များပါတယ်။
Micropenis ဖြစ်နေသလား၊ မဖြစ်ဘူးလားဆိုတာကို ဘယ်လိုစစ်ဆေးမလဲ။
လူတော်တော်များများက သူတို့ လိင်တံ အရွယ်အစားကို အမြဲတမ်းသေးငယ်တယ်လို့ထင်တတ်ကြလေ့ရှိပါတယ်။ ဒါ့ကြောင့် အမျိုးသားတစ်ယောက်အနေနဲ့ Micropenis ရှိတယ်လို့ ထင်တဲ့ အခါကျရင် ဆရာဝန်ထံတိတိကျကျသွားရောက်တိုင်းတာပြီး ထိုအခြေအနေကို သေချာအောင် စစ်ဆေးဖို့လိုပါတယ်။ ဒါပေမဲ့ များသောအားဖြင့် Mircopenis ဝေဒနာကို ဆရာဝန်တွေက မွေးကင်းစမှာကတည်းက တွေ့ရှိလေ့ရှိပါတယ်။ အကယ်၍ ဆရာဝန်ကိုယ်တိုင်ကလည်း လူနာမှာ Mircopenis ခံစားနေရတယ်လို့ ယူဆရင် ဆရာဝန်အနေနဲ့ ကလေးရဲ့ SPL လို့ခေါ်တဲ့ ဆန့်ထားတဲ့ လိင်တံ အရှည်ကိုတိုင်းတာမှာ ဖြစ်ပြီးတစ်ခြားဟော်မုန်းပုံမမှန်မှုတွေကိုလည်း စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲ့နောက်မှာ ပုံမှန်မဟုတ်လောက်အောင် လိင်တံကသေးငယ်နေမယ်ဆိုရင် ဆရာဝန်အနေနဲ့အောက်ပါစစ်ဆေးမှုတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ကို စစ်ဆေးခြင်း။
– လိင်တံအရွယ်အစားကို တိုင်းတာတဲ့ အပြင်ကို ဆရာဝန်အနေနဲ့ တစ်ခြားဝေဒနာတွေ ဖြစ်တဲ့ အဆီပိုတွေနဲ့ တစ်ခြား ပုံမှန်မဟုတ်တဲ့ကြီးထွားမှုတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။
သွေးတွင်းစစ်ဆေးမှုများ။
ဒီစစ်ဆေးမှုတွေက ကလေးရဲ့ သွေးအတွင်း ဟော်မုန်းပမာဏတွေကို သိရှိစေနိုင်ပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးမှုတွေကလည်း ကလေးရဲ့ ဇီဝလိင်အမျိုးအစားတွေကို သိရှိစေနိုင်ပါတယ်။ ရှားပါးဖြစ်စဉ်တွေမှာတော့ Micropenis ဝေဒနာ ရှိတယ်လို့ ထင်ရတဲ့သူတွေဟာ တကယ်တမ်း လိင်အမျိုးအစား ၂ ခုလုံးရှိနေသူ ဖြစ်နေနိုင်သလို
ခရိုမိုဆုန်း ပုံမမှန်လို့ လည်း ဖြစ်နိုင်ပါတယ်။
– ပုံရိပ်ဖော်စစ်ဆေးမှုများ။
ဆရာဝန်တွေအနေနဲ့ လိင်အင်္ဂါတွေနဲ့ အနီးပတ်လည်က အစိတ်အပိုင်းတွေ တည်ဆောက်ပုံကို ကြည့်ရှုဖို့အတွက် တင်ပါးဆုံ တစ်ဝိုက် Ultra sound နဲ့ MRI scan တွေကို အသုံးပြုနိုင်ပါတယ်။
Mircropenis နဲ့ ပတ်သက်ပြီး နောက်ထပ် မှားတတ်ကြတဲ့အရာတစ်ခုကတော့
တစ်ခြားအနေတွေကြောင့် လိင်တံကပုံမှန်ထက် သေးတဲ့ပုံပေါက်ပြီး ဒါကို Micropenis ဖြစ်နေတယ်လို့ ထင်တတ်ကြတာပါပဲ။ ဒီအခြေအနေတွေက လိင်တံထိပ်ငုံ အရေပြား ဖြတ်အပြီးမှာ ဖြစ်တတ်ပါတယ်။
Micropenis နဲ့ ဆင်တဲ့ တစ်ခြားဝေဒနာတွေကတော့
အဆီတွေနဲ့ မြုပ်နေတဲ့ လိင်တံ (Buried Penis) – ဗိုက်မှအဆီတွေက လိင်တံရဲ့တကယ်အစစ်အမှန် အရွယ်အစားကို ဖုံးနေတဲ့ ဝေဒနာမျိုး ဖြစ်ပါတယ်။
တွယ်ကပ်နေသော လိင်တံ – ကပ်ပယ်အိတ်နဲ့ လိင်တံအကြား အရေပြားအပိုတစ်ခု တွယ်ကပ်နေတဲ့ အခါမှာ ဖြစ်ပွားတတ်တဲ့ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။
ပိတ်မိနေသော လိင်တံ – လိင်တံပတ်လည်တစ်လျှောက်မှာ လုံလောက်တဲ့ အရေပြား မရှိနေတဲ့ ဝေဒနာတွေ ဖြစ်ပါတယ်။
ကုသမှုများ။
ကုသမှုတွေအနေနဲ့ လူနာတွေရဲ့ လိင်တံအရွယ်အစားပိုကြီးပြီး
လုပ်ဆောင်မှုတွေ ပုံမှန် လုပ်ဆောင်နိုင်တဲ့ လိင်တံ ဖြစ်လာဖို့ကို အဓိက ရည်ရွယ်ထားကြပါတယ်။ Micropenis ဖြစ်စဉ်အတွက် ဆရာဝန်တွေ ကုသပေးမယ့် ကုသမှုတွေက
ဟော်မုန်းကုသမှုများ။
မွေးကင်းစမှာ တက်စတိုစတီရုန်း ခရင်မ်တွေ လိမ်းပေးခြင်း၊ တက်စတိုစတီရုန်းဆေးများ ထိုးသွင်းခြင်းက လိင်တံအရွယ်အစားကို ကြီးလာစေနိုင်ပါတယ်။ ဒီလို တက်စတိုစတီရုန်း ကုသမှုတွေက လူပျိုပေါက် အရွယ်ရောက်ပြီးမှ ကုသတာထက်စာရင် မရောက်ခင်ကုသတာထက် ပိုပြီး ထိရောက်ပါတယ်။ ဆရာဝန်တွေအနေနဲ့ တက်စတိုစတီရုန်း ကုသမှုပေးလိုက်တဲ့အခါ လိင်တံက ၃.၅ စင်တီမီတာ ခန့်ပိုရှည်လာရင်
ဒါကုသမှုက ထိရောက်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒီလို ဟော်မုန်းကုသမှုတွေက ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ကုသမှု ခံယူနိုင်ဖို့ အတွက် လူတစ်ယောက်အနေနဲ့လည်း တိကျတဲ့ စမ်းသပ်မှုအရင် ခံယူဖို့လည်း လိုပါတယ်။
ခွဲစိတ်မှုများ။
အကယ်၍ ဟော်မုန်း ကုသမှုတွေက အလုပ်မဖြစ်ဘူးဆိုရင်
လိင်တံကို ခွဲစိတ်နိုင်ပါတယ်။ ဆရာဝန် အနေနဲ့ ခွဲစိတ်မယ်ဆိုရင် လိင်တံထည့် ခန္ဓာကိုယ်တွင်းထည့်ပစ္စည်း Implant ကို ထည့်သွင်းခြင်းဖြင့် လိင်တံကို မူလထက်ကြီးတဲ့ ပုံပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုခွဲစိတ်မှုတွေဟာ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေများပါတယ်။
Micropenis က လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သလား။
Micropenis ရှိတဲ့ လူအများစုက ပုံမှန် လိင်ကိစ္စတွေကို လုပ်ဆောင်နိုင်ကြပါတယ်။ Mircopenis ရှိရုံနဲ့ ဆီးသွားနိုင်စွမ်း၊ တစ်ကိုယ်ရည်အာသာဖြေနိုင်စွမ်း၊ လိင်စိတ်အထွတ်ထိပ်ရောက်နိုင်စွမ်းကို မထိခိုက်ပါဘူး။ ဒါပေမဲ့ တစ်ချို့သူတွေအနေနဲ့ မတ်တပ်ရပ်သေးပေါက်ဖို့ ခက်ခဲနိုင်ပါတယ်။
ဒါ့အပြင် လိင်အင်္ဂါအရွယ်အစားကို လိင်ဆက်ဆံချိန်နေချိန်မှာ စိုးရိမ်နေခြင်းက လိင်မှုရဲ့ကျေနပ်မှု အပြည့်အဝခံနိုင်စွမ်းကိုလျှော့ကျစေနိုင်ပါတယ်။ Micropenis ကို ခွဲစိတ်မှု ခံယူပြီးထားတဲ့ သူတွေတောင် သူတို့ရဲ့ လိင်အင်္ဂါ အရွယ်အစားကို မကျေနပ်ကြပါဘူး။ ဒါပေမဲ့ လေ့လာချက်အတွေအရ Mircopenis ရှိသူတွေဟာာ ပုံမှန် လိင်ပိုင်းဆိုင်ရာ ပုံစံနဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်ပါသေးတယ်။ ဒီလိုမျိုး ဖြစ်နေတဲ့သူတွေအနေနဲ့တော့ အကြံပေးတိုင်ပင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကုသမှု ခံယူနိုင်ပါတယ်။
Micropenis ဆိုတာ အမျိုးသားတစ်ယောက်ရဲ့ SPL က 9.32 စင်တီမီတာ (3.67 လက်မ) နဲ့ အောက် ရှိနေတဲ့ လိင်တံကိုခေါ်တာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တက်စတိုစတီရုန်းချို့ယွင်းမှုကြောင့် Micropenis ဖြစ်ရတာ ဖြစ်ပြီး မျိုးရိုးဗီဇမူမမှန်မှုတွေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့်လည်း ဒီဝေဒနာ ဖြစ်နိုင်ပါတယ်။ Micropenis ကို ကလေးငယ်ဘဝမှာ တွေ့ရှိကာ ကုသရလေ့ရှိပြီး ကလေးဘဝမှာ တက်စတိုစတီရုန်း ကုသမှု ခံယူမယ်ဆိုရင် ရလာဒ်ကောင်းလေ့ရှိပါတယ်။ Micropenis ရှိတဲ့ လူတစ်ယောက်ဟာ သာမန်လိင်တံအရွယ်အစားတော့ရှိမှာ မဟုတ်ပေမဲ့ ဒါက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို မထိခိုက်ပါဘူး။
လိင်တံအရွယ်အစားဟာ ခြားနားနိုင်ပါတယ်။ ဒါပေမဲ့ လိင်ပို
င်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို နားလည်ထားမယ်ဆိုရင် ပုံမှန် ပျှမ်းမျှ လိင်တံအရွယ်အစားထက်သေးနေတဲ့ လိင်တံပိုင်ရှင်တွေတောင် ပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ အကြံယူဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကုသမှုတွေက လိင်တံအရွယ်အစားကြောင့် စိုးရိမ်မှုတွေနဲ့ လိင်ဆက်ဆံရမှာ ရှက်နေတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
0 Comments