Last post

သုက်ရည်ကို မြိုချမိတဲ့အခါ HIV ပိုး ကူးစက်ခံရနိုင်လား

သုက္ရည္ကို ျမိဳခ်မိတဲ့အခါ HIV ပိုး ကူးစက္ခံရႏိုင္လား
============
HIV ပိုးဟာ အကာအကြယ္မဲ့ လိင္ဆက္ဆံရာကတစ္ဆင့္ ကူးစက္ႏိုင္တယ္ဆိုတာေတာ့ လူေတာ္ေတာ္မ်ားမ်ား သိၾကမယ္ ထင္ပါတယ္။ လိင္တူျဖစ္ေစ၊ လိင္ကြဲျဖစ္ေစ အကာအကြယ္ (ကြန္ဒံုး) အသံုးမျပဳပဲ လိင္ဆက္ဆံရင္ HIV ပိုး ကူးစက္ႏိုင္ေျခ ပိုမ်ားပါတယ္။
လူသိအမ်ားဆံုးေသာ လိင္ဆက္ဆံျခင္းနည္းလမ္းမ်ား

၁။ ပါးစပ္၊ လွ်ာျဖင့္ လိင္တံ၊ မိန္းမကိုယ္ကို ႏႈိးဆြျခင္း၊ စုပ္ယူျခင္း (Oral Sex)

၂။ လိင္တံျဖင့္ မိန္းမကိုယ္ထဲသို႔ ထိုးသြင္းဆက္ဆံျခင္း (Vaginal Sex)

၃။ လိင္တံျဖင့္ စအိုအတြင္းသို႔ ထိုးသြင္းဆက္ဆံျခင္း (Anal Sex) ဆိုျပီး ၃မ်ိဳး ရွိပါတယ္။
ဘယ္လိုလိင္ဆက္ဆံျခင္းက HIV ပိုး ကူးစက္ႏႈန္း အျမင့္ဆံုးလဲ။

ကြန္ဒံုးအသံုးမျပဳပဲ စအိုအတြင္း ထိုးသြင္းဆက္ဆံျခင္းဟာ ကူးစက္ႏိုင္ေျခအျမင့္ဆံုး ျဖစ္ျပီး ဒုတိယေနရာမွာေတာ့ ကြန္ဒံုးမပါပဲ မိန္းမကိုယ္တြင္း ထိုးသြင္းဆက္ဆံျခင္းေၾကာင့္ ကူးစက္ႏိုင္ပါတယ္။ ပါးစပ္ျဖင့္ လိင္ဆက္ဆံတာကိုေတာ့ ကူးစက္ႏိုင္ေျခ အနည္းဆံုးလို႔ေတာ့ သုေတသီက ေလ့လာေတြ႔ရွိထားပါတယ္။ ဒါေပမယ့္လည္း လံုး၀မကူးစက္ႏိုင္တာ မဟုတ္တဲ့အတြက္ အေကာင္းဆံုးကေတာ့ လိင္ဆက္ဆံတိုင္း ကြန္ဒံုးကို အသံုးျပဳဖို႔ အေရးၾကီးပါတယ္။
သုက္ရည္ျမိဳခ်မိတဲ့အခါ HIV ပိုး ကူးစက္ႏိုင္ေျခရွိလား။

ျဖစ္ႏိုင္ေျခ နည္းေပမယ့္ လံုး၀မကူးစက္ႏိုင္တာမ်ိဳး မဟုတ္ပါဘူး။ ေရာဂါပိုးရွိသူရဲ႕ ေသြး၊ သုက္ရည္၊ ရာသီေသြး၊ မိခင္ႏို႔ရည္ဟာ ကိုယ္ခႏၶာထဲရွိ ေသြးလမ္းေၾကာင္းထဲ ၀င္ေရာက္ျခင္းျဖင့္ HIV ပိုး ကူးစက္တာ ျဖစ္ပါတယ္။ ကူးစက္ႏိုင္ေျခနည္းတဲ့ ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္းမွာလည္း သုက္ရည္ကို ျမိဳခ်မိရင္ ကူးစက္ႏိုင္ေျခ ပိုျမင့္ႏိုင္ပါတယ္။
တျခားဘယ္လိုအေျခအေနေတြမွာ ကူးစက္ႏိုင္ေျခ ပိုမ်ားႏိုင္လဲ။

ပါးစပ္ျဖင့္ လိင္ဆက္ဆံရာမွာ သုက္ရည္ျမိဳခ်မိတာအျပင္

၁။ ပါးစပ္အတြင္း အနာေပါက္ေနတာ

၂။ သြားခြဲစိတ္ထားတာ၊ အနာမက်က္ေသးတာ

၃။ ခံတြင္းနဲ႔ လွ်ာမွာ ပြန္းပဲ့ဒဏ္ရာ ရွိေနတာ

၄။ ေရာဂါပိုးရွိတဲ့ အမ်ိဳးသမီးရဲ႕ ရာသီေသြး၊ မိန္းမကိုယ္မွ ထြက္တဲ့အရည္ကို ျမိဳခ်မိတာေတြေၾကာင့္ ကူးစက္ႏိုင္ေျခ ပိုမ်ားႏိုင္ပါတယ္။

လိင္ဆက္ဆံေဖာ္ဟာ တစ္ဦးတစ္ေယာက္ထက္ မ်ားေနမယ္ဆိုရင္လည္း HIV ပိုး ကူးစက္ႏိုင္ေျခ ျမင့္လာႏိုင္ပါတယ္။
ပါးစပ္ျဖင့္ လိင္ဆက္ဆံတဲ့ ေနရာမွာ ဘာေတြသတိထားဖို႔ လိုမလဲ။

၁။ ကိုယ့္ပါးစပ္ထဲမွာ အနာေပါက္ေနတာ၊ သြားခြဲထားတာ၊ ဒဏ္ရာရွိရင္ လံုး၀မျပဳလုပ္သင့္ပါဘူး။

၂။ လိင္တံမွာ ပြန္းပဲ့ဒဏ္ရာ၊ မႈိအေရျပားေရာဂါအျပင္ လိင္အဂၤါၾကြက္ႏို႔ ရွိမရွိ မဆက္ဆံခင္မွာ စစ္ေဆးပါ။

၃။ လိင္ဆက္ဆံတဲ့အခါ ၾကမ္းတမ္းစြာ ဆက္ဆံတာ၊ လိင္အဂၤါ သို႔မဟုတ္ မိန္းမကိုယ္ သြားနဲ႔ မျခစ္မိေစဖို႔ သတိထားပါ။

၄။ ပါးစပ္ျဖင့္ လိင္ဆက္ဆံမႈ မျပဳလုပ္ခင္မွာ သြားတိုက္တာ၊ သြားပြတ္ၾကိဳးနဲ႔ သန္႔ရွင္းေရးလုပ္တာ၊ အမာစာ စားတာမ်ိဳး မလုပ္သင့္ပါဘူး။

၅။ အေကာင္းဆံုးကေတာ့ ဘယ္လို လိင္ဆက္ဆံမႈမ်ဳိး ျပဳလုပ္ပါေစ ကြန္ဒံုးကို အျမဲအသံုးျပဳပါ။

 ေရးသားသူ Ye Myo Myat
 ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

 Unicodeဖြင့်ဖတ်ရန်

 သုက်ရည်ကို မြိုချမိတဲ့အခါ HIV ပိုး ကူးစက်ခံရနိုင်လား
============
HIV ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာတော့ လူတော်တော်များများ သိကြမယ် ထင်ပါတယ်။ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ အကာအကွယ် (ကွန်ဒုံး) အသုံးမပြုပဲ လိင်ဆက်ဆံရင် HIV ပိုး ကူးစက်နိုင်ခြေ ပိုများပါတယ်။
လူသိအများဆုံးသော လိင်ဆက်ဆံခြင်းနည်းလမ်းများ

၁။ ပါးစပ်၊ လျှာဖြင့် လိင်တံ၊ မိန်းမကိုယ်ကို နှိုးဆွခြင်း၊ စုပ်ယူခြင်း (Oral Sex)

၂။ လိင်တံဖြင့် မိန်းမကိုယ်ထဲသို့ ထိုးသွင်းဆက်ဆံခြင်း (Vaginal Sex)

၃။ လိင်တံဖြင့် စအိုအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်း (Anal Sex) ဆိုပြီး ၃မျိုး ရှိပါတယ်။
ဘယ်လိုလိင်ဆက်ဆံခြင်းက HIV ပိုး ကူးစက်နှုန်း အမြင့်ဆုံးလဲ။

ကွန်ဒုံးအသုံးမပြုပဲ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်းဟာ ကူးစက်နိုင်ခြေအမြင့်ဆုံး ဖြစ်ပြီး ဒုတိယနေရာမှာတော့ ကွန်ဒုံးမပါပဲ မိန်းမကိုယ်တွင်း ထိုးသွင်းဆက်ဆံခြင်းကြောင့် ကူးစက်နိုင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံတာကိုတော့ ကူးစက်နိုင်ခြေ အနည်းဆုံးလို့တော့ သုတေသီက လေ့လာတွေ့ရှိထားပါတယ်။ ဒါပေမယ့်လည်း လုံးဝမကူးစက်နိုင်တာ မဟုတ်တဲ့အတွက် အကောင်းဆုံးကတော့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုဖို့ အရေးကြီးပါတယ်။
သုက်ရည်မြိုချမိတဲ့အခါ HIV ပိုး ကူးစက်နိုင်ခြေရှိလား။

ဖြစ်နိုင်ခြေ နည်းပေမယ့် လုံးဝမကူးစက်နိုင်တာမျိုး မဟုတ်ပါဘူး။ ရောဂါပိုးရှိသူရဲ့ သွေး၊ သုက်ရည်၊ ရာသီသွေး၊ မိခင်နို့ရည်ဟာ ကိုယ်ခန္ဓာထဲရှိ သွေးလမ်းကြောင်းထဲ ဝင်ရောက်ခြင်းဖြင့် HIV ပိုး ကူးစက်တာ ဖြစ်ပါတယ်။ ကူးစက်နိုင်ခြေနည်းတဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှာလည်း သုက်ရည်ကို မြိုချမိရင် ကူးစက်နိုင်ခြေ ပိုမြင့်နိုင်ပါတယ်။
တခြားဘယ်လိုအခြေအနေတွေမှာ ကူးစက်နိုင်ခြေ ပိုများနိုင်လဲ။

ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ သုက်ရည်မြိုချမိတာအပြင်

၁။ ပါးစပ်အတွင်း အနာပေါက်နေတာ

၂။ သွားခွဲစိတ်ထားတာ၊ အနာမကျက်သေးတာ

၃။ ခံတွင်းနဲ့ လျှာမှာ ပွန်းပဲ့ဒဏ်ရာ ရှိနေတာ

၄။ ရောဂါပိုးရှိတဲ့ အမျိုးသမီးရဲ့ ရာသီသွေး၊ မိန်းမကိုယ်မှ ထွက်တဲ့အရည်ကို မြိုချမိတာတွေကြောင့် ကူးစက်နိုင်ခြေ ပိုများနိုင်ပါတယ်။

လိင်ဆက်ဆံဖော်ဟာ တစ်ဦးတစ်ယောက်ထက် များနေမယ်ဆိုရင်လည်း HIV ပိုး ကူးစက်နိုင်ခြေ မြင့်လာနိုင်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့ နေရာမှာ ဘာတွေသတိထားဖို့ လိုမလဲ။

၁။ ကိုယ့်ပါးစပ်ထဲမှာ အနာပေါက်နေတာ၊ သွားခွဲထားတာ၊ ဒဏ်ရာရှိရင် လုံးဝမပြုလုပ်သင့်ပါဘူး။

၂။ လိင်တံမှာ ပွန်းပဲ့ဒဏ်ရာ၊ မှိုအရေပြားရောဂါအပြင် လိင်အင်္ဂါကြွက်နို့ ရှိမရှိ မဆက်ဆံခင်မှာ စစ်ဆေးပါ။

၃။ လိင်ဆက်ဆံတဲ့အခါ ကြမ်းတမ်းစွာ ဆက်ဆံတာ၊ လိင်အင်္ဂါ သို့မဟုတ် မိန်းမကိုယ် သွားနဲ့ မခြစ်မိစေဖို့ သတိထားပါ။

၄။ ပါးစပ်ဖြင့် လိင်ဆက်ဆံမှု မပြုလုပ်ခင်မှာ သွားတိုက်တာ၊ သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးလုပ်တာ၊ အမာစာ စားတာမျိုး မလုပ်သင့်ပါဘူး။

၅။ အကောင်းဆုံးကတော့ ဘယ်လို လိင်ဆက်ဆံမှုမျိုး ပြုလုပ်ပါစေ ကွန်ဒုံးကို အမြဲအသုံးပြုပါ။

 ရေးသားသူ Ye Myo Myat
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

0 Comments