HIV ႏွင့္ AIDS ကြာျခားပုံ
=====
HIV ေရာဂါသည္ ခုခံအားကုိ က်ဆင္းေစေသာ ဗုိင္းရပ္စ္ ေရာဂါပုိးတစ္မ်ိဳး ျဖစ္ပါသည္။ AIDS ေရာဂါသည္ HIV ေရာဂါပုိးမွျဖစ္ျခင္း ျဖစ္ပါသည္။ AIDS သည္ ေနာက္ဆုံးအဆင့္ ျဖစ္ပါသည္။ ေအာက္ပါ အခ်က္မ်ားသည္ HIV ႏွင့္ AIDS တုိ႔၏ မတူညီပုံကုိ ေဖာ္ျပေသာအခ်က္မ်ား ျဖစ္ပါသည္။
HIV သည္ ဗုိင္းရပ္စ္တစ္မ်ိဳး ျဖစ္ပါသည္။ AIDS သည္ HIV ေရာဂါေၾကာင့္ျဖစ္ေသာ ခုခံအားက်ဆင္းေသာ ေရာဂါျဖစ္သည္။ လူသားမ်ား၏ ခုခံအားစနစ္ကုိ ထိခုိက္ပါသည္။ လုပ္ေဆာင္ရမည့္ လုပ္ငန္ေဆာင္တာမ်ား ထိခုိက္ပါသည္။
ခုခံအားက်ဆင္းမႈ AIDS ေရာဂါသည္ HIV ဗုိင္းရပ္စ္ ပုိးဝင္ေရာက္ၿပီး ၾကာလွ်င္ ျဖစ္ေလ့ရွိပါသည္။ AIDS ရွိေသာ လူမ်ားသည္ ခုခံအားစနစ္ကုိ ပ်က္စီးတတ္ပါသည္။ ထုိ႔အျပင္ ေရာဂါပုိးမႊားမ်ား ဥပမာ – တီဘီေရာဂါ၊ နမုိးနီးယားေရာဂါ၊ ကင္ဆာႏွင့္ တျခားေသာ ေရာဂါပုိးမ်ား ဝင္ေရာက္ႏုိင္ပါသည္။
AIDS မရွိေသာ HIV ပိုး သယ္ေဆာင္သူမ်ား
HIV သည္ ဗုိင္းရပ္စ္ပုိး ျဖစ္ပါသည္။ AIDS သည္ ထုိမွျဖစ္ေသာ ေရာဂါတစ္မ်ိဳး ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ AIDS မရွိဘဲ HIV ခ်ည္းသာ ျဖစ္တတ္ပါသည္။ ခုခံအားမွာ ေရာဂါပုိးမႊားကုိ လုံးဝ အျမစ္ျပတ္ မကုသႏုိင္ပါ။ သုိ႔ေသာ္ ၁၀ ႏွစ္ေလာက္အထိ အခ်ိန္ၾကာႏုိင္ပါသည္။ တုိးတက္လာေသာ ေဆးပညာ၏ ေက်းဇူးေၾကာင့္ AIDS ေရာဂါ ေဝဒနာရွင္မ်ား၏ သက္တမ္းသည္ ယခင္ကထက္ ပုိ၍ ေကာင္းလာေၾကာင္း သိရွိရပါသည္။
AIDS မျဖစ္ဘဲ HIV ျဖစ္ႏိုင္ေသာ္လည္း AIDS ျဖစ္ေသာသူမ်ား အဖုိ႔ HIV ဗုိင္းရပ္စ္ပုိး ရွိသည္မွာ ေသခ်ာပါသည္။ HIV ေရာဂါပုိးရွိၿပီး AIDS ေရာဂါ မျဖစ္ေသာ သူမ်ားလည္း ရွိပါသည္။ ေနာင္တြင္ လုံးဝ AIDS မျဖစ္သြားသူမ်ားလည္း ရွိပါသည္။
HIV ဗုိင္းရပ္စ္ပုိးသည္ လူတစ္ဦးမွတစ္ဦးသုိ႔ ကူးစက္ႏုိင္ပါသည္
HIV သည္ ဗုိင္းရပ္စ္ပုိးမႊား ျဖစ္ပါသည္။ တျခားေသာ ဗုိင္းရပ္စ္ ပုိးမႊားမ်ားကဲ့သုိ႔ တျခားေသာ သူမ်ားကုိလည္း ကူးစက္ႏုိင္ပါသည္။ တစ္ဦးမွတစ္ဦးသုိ႔ ခႏၶာကုိယ္ အရည္မ်ားမွ တစ္ဆင့္ ကူးစက္ႏုိင္ပါသည္။ AIDS ေရာဂါကုိ တျခားသူဆီမွ တုိက္႐ုိက္မကူးႏုိင္ပါ။ ကူးစက္လွ်င္ HIV ေရာဂါပုိးမွ ကူးစက္ႏုိ္င္ပါသည္။
HIV သည္ ေရာဂါ လကၡဏာမ်ား အၿမဲမေပၚတတ္ပါ
HIV ေရာဂါပုိးသည္ ပုိးဝင္ၿပီး ၂ ပတ္မွ ၄ ပတ္အထိ တုပ္ေကြးလကၡဏာမ်ိဳးသာ ေပၚေပါက္ႏုိင္ပါသည္။ အခ်ိန္ အနည္းငယ္အတြင္း ေပၚေပါက္လွ်င္ ရက္တုိေရာဂါဟု ေခၚပါသည္။ ခုခံအားစနစ္က ႏုိ္င္ပါက ေအာင္းခ်ိန္အတြင္း ေရာက္သြားႏိုင္ပါသည္။
ေအာင္းခ်ိန္သည္ ႏွစ္ရွည္ၾကာႏိုင္ပါသည္။ ေရာဂါရွိေသာသူသည္ ေရာဂါလကၡဏာမ်ား လုံးဝ မခံစားရႏုိ္င္ပါ။ HIV မွ AIDS ေရာဂါသုိ႔ ကူးေျပာင္းလွ်င္ AIDS ၏ ေရာဂါလကၡဏာမ်ား ခံစားရႏိုင္ပါသည္။
HIV ေရာဂါသည္ သာမန္ စစ္ေဆးခ်က္မ်ားႏွင့္ပင္ စစ္ေဆးႏုိင္ပါသည္။ သုိ႔ေသာ္ AIDS မွာ ႐ႈပ္ေထြးပါသည္။
HIV ကူးစက္လွ်င္ ကုိယ္ခႏၶာ၏ ခုခံအားစနစ္သည္ တန္ျပန္ဓာတ္မ်ား ထုတ္ၿပီး ဗုိင္းရပ္စ္ပုိးမႊားမ်ားကုိ တုိက္ထုတ္ပါသည္။ ေသြးႏွင့္ တံေတြး စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး မိမိတြင္ တန္ျပန္သတၱိ မည္မွ်ရွိသည္ကုိ စမ္းသပ္ႏုိင္ပါသည္။ သုိ႔ေသာ္ ထုိစစ္ေဆးမႈသည္ ေရာဂါပုိးဝင္ၿပီး ရက္ေပါင္း အနည္းငယ္ ၾကာမွသာ စစ္ေဆးႏုိင္ပါသည္။
ေနာက္စစ္ေဆးမႈမွာ ဗုိင္းရပ္စ္ပုိးမႊားမွ ထုတ္ေသာဓာတ္ကုိ စစ္ေဆးျခင္း ျဖစ္ပါသည္။ ထုိစစ္ေဆးမႈမွာ ေရာဂါျဖစ္ၿပီး ရက္ပုိင္းအတြင္း စစ္ေဆးႏုိင္ပါသည္။ ထုိစစ္ေဆးခ်က္ ႏွစ္မ်ိဳးလုံးမွာ မွန္ကန္ၿပီး စစ္ေဆးရန္ လြယ္ကူပါသည္။
AIDS ေရာဂါသည္ HIV ေရာဂါ၏ ေနာက္ဆုံးအဆင့္ ျဖစ္ပါသည္။ HIV သည္ AIDS ေရာဂါေျပာင္းလဲပါက ျဖစ္ေပၚလာေသာ ျဖစ္စဥ္မ်ား ရွိပါသည္။ ဥပမာ – ဆဲလ္အေရအတြက္ ေျပာင္းလဲျခင္း ျဖစ္ပါသည္။ HIV မရွိေသာ လူတစ္ဦးသည္ CD4 ဆဲလ္အေရအတြက္ 500 မွ 1200 အထိ ရွိႏုိင္ပါသည္။
ဆဲလ္အေရအတြက္ 200 အထိ ေလ်ာ့နည္းသြားလွ်င္ HIV မွ AIDS ေျပာင္းသြားၿပီဟု သိႏုိင္ပါသည္။ ျပေလ့ရွိေသာ ေနာက္လကၡဏာ တစ္မ်ိဳးမွာ ေရာဂါပုိး ဝင္ေရာက္ျခင္း ျဖစ္ပါသည္။ ေရာဂါပုိးမ်ားမွာ ဗုိင္းရပ္စ္ မိႈေရာဂါ၊ ဘက္တီးရီးယား ပုိးမႊားမ်ားေၾကာင့္ ျဖစ္ေလ့ရွိ္ေသာ ေရာဂါမ်ား ျဖစ္သည့္ တီဘီေရာဂါမ်ား၊ ကင္ဆာႏွင့္၊ နမုိးနီးယား ေရာဂါမ်ား ပါဝင္သည္။
ကုသျခင္းႏွင့္ ေနထုိင္ႏိုင္သည့္ သက္တမ္းမ်ား
HIV မွ AIDS ေျပာင္းလဲသြားပါက မိမိေနထုိင္ႏုိင္သည့္ သက္တမ္းသည္လည္း က်ဆင္းသြားပါသည္။ ပ်က္စီးသြားေသာ ခုခံအားစနစ္ကုိ ျပန္လည္ျပင္ဆင္ရန္ မလြယ္ကူပါ။ ခုခံအား က်ဆင္းျခင္းေၾကာင့္ ျဖစ္ေပၚလာမည့္ ေနာက္ဆက္တြဲ ျပႆနာမ်ား ရွိပါသည။္
ဥပမာ – ေရာဂါပုိး ဝင္ေရာက္ျခင္း၊ ကင္ဆာမ်ား၊ ထုိကဲ့ေသာ အသက္ကုိ ထိခုိက္ေစႏုိင္ေသာ ေရာဂါမ်ား ဝင္ေရာက္ႏိုင္ပါသည္။
မကုသလွ်င္ AIDS ေရာဂါသုိ႔ ကူးေျပာင္းသြားႏိုင္ၿပီး ၃ ႏွစ္ေလာက္သာ အသက္ရွင္ႏိုင္ပါသည္။ အသက္ အႏၱရာယ္ ျဖစ္ေပၚေစႏိုင္ေသာ နာမက်န္းျဖစ္ၿပီး မကုသလွ်င္ သက္တမ္းသည္ ၁ ႏွစ္ခန္႔သာ ေနႏုိင္ျခင္းလည္း ျဖစ္ႏုိင္ပါသည္။ တုိးတက္လာေသာ ေဆးပညာေၾကာင့္ AIDS ေရာဂါေဝဒနာရွင္မ်ား၏ သက္တမ္းသည္လည္း တုိးျမင့္လာပါသည္။
AIDS သည္ HIV ဗုိိင္းရပ္စ္ပုိးေၾကာင့္ ျဖစ္ၿပီး ခုခံအားစနစ္ကုိ ထိခုိက္ပါသည္။ HIV ေရာဂါရွိသူမ်ားႏွင့္ ေရာဂါပုိး ဝင္ေရာက္ရန္ ရာခုိင္ႏႈန္းမ်ားေသာ သူမ်ားကုိ စာနာ၍ အားေပးကူညီရပါမည္။
ေရးသားသူ Dr. Zin Thu Thu Win
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ hellosayarwon.
Unicodeဖြင့်ဖတ်ရန်
HIV နှင့် AIDS ကွာခြားပုံ
=====
HIV ရောဂါသည် ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ် ရောဂါပိုးတစ်မျိုး ဖြစ်ပါသည်။ AIDS ရောဂါသည် HIV ရောဂါပိုးမှဖြစ်ခြင်း ဖြစ်ပါသည်။ AIDS သည် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ အောက်ပါ အချက်များသည် HIV နှင့် AIDS တို့၏ မတူညီပုံကို ဖော်ပြသောအချက်များ ဖြစ်ပါသည်။
HIV သည် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါသည်။ AIDS သည် HIV ရောဂါကြောင့်ဖြစ်သော ခုခံအားကျဆင်းသော ရောဂါဖြစ်သည်။ လူသားများ၏ ခုခံအားစနစ်ကို ထိခိုက်ပါသည်။ လုပ်ဆောင်ရမည့် လုပ်ငန်ဆောင်တာများ ထိခိုက်ပါသည်။
ခုခံအားကျဆင်းမှု AIDS ရောဂါသည် HIV ဗိုင်းရပ်စ် ပိုးဝင်ရောက်ပြီး ကြာလျှင် ဖြစ်လေ့ရှိပါသည်။ AIDS ရှိသော လူများသည် ခုခံအားစနစ်ကို ပျက်စီးတတ်ပါသည်။ ထို့အပြင် ရောဂါပိုးမွှားများ ဥပမာ – တီဘီရောဂါ၊ နမိုးနီးယားရောဂါ၊ ကင်ဆာနှင့် တခြားသော ရောဂါပိုးများ ဝင်ရောက်နိုင်ပါသည်။
AIDS မရှိသော HIV ပိုး သယ်ဆောင်သူများ
HIV သည် ဗိုင်းရပ်စ်ပိုး ဖြစ်ပါသည်။ AIDS သည် ထိုမှဖြစ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ထို့ကြောင့် AIDS မရှိဘဲ HIV ချည်းသာ ဖြစ်တတ်ပါသည်။ ခုခံအားမှာ ရောဂါပိုးမွှားကို လုံးဝ အမြစ်ပြတ် မကုသနိုင်ပါ။ သို့သော် ၁၀ နှစ်လောက်အထိ အချိန်ကြာနိုင်ပါသည်။ တိုးတက်လာသော ဆေးပညာ၏ ကျေးဇူးကြောင့် AIDS ရောဂါ ဝေဒနာရှင်များ၏ သက်တမ်းသည် ယခင်ကထက် ပို၍ ကောင်းလာကြောင်း သိရှိရပါသည်။
AIDS မဖြစ်ဘဲ HIV ဖြစ်နိုင်သော်လည်း AIDS ဖြစ်သောသူများ အဖို့ HIV ဗိုင်းရပ်စ်ပိုး ရှိသည်မှာ သေချာပါသည်။ HIV ရောဂါပိုးရှိပြီး AIDS ရောဂါ မဖြစ်သော သူများလည်း ရှိပါသည်။ နောင်တွင် လုံးဝ AIDS မဖြစ်သွားသူများလည်း ရှိပါသည်။
HIV ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ပါသည်
HIV သည် ဗိုင်းရပ်စ်ပိုးမွှား ဖြစ်ပါသည်။ တခြားသော ဗိုင်းရပ်စ် ပိုးမွှားများကဲ့သို့ တခြားသော သူများကိုလည်း ကူးစက်နိုင်ပါသည်။ တစ်ဦးမှတစ်ဦးသို့ ခန္ဓာကိုယ် အရည်များမှ တစ်ဆင့် ကူးစက်နိုင်ပါသည်။ AIDS ရောဂါကို တခြားသူဆီမှ တိုက်ရိုက်မကူးနိုင်ပါ။ ကူးစက်လျှင် HIV ရောဂါပိုးမှ ကူးစက်နိုင်ပါသည်။
HIV သည် ရောဂါ လက္ခဏာများ အမြဲမပေါ်တတ်ပါ
HIV ရောဂါပိုးသည် ပိုးဝင်ပြီး ၂ ပတ်မှ ၄ ပတ်အထိ တုပ်ကွေးလက္ခဏာမျိုးသာ ပေါ်ပေါက်နိုင်ပါသည်။ အချိန် အနည်းငယ်အတွင်း ပေါ်ပေါက်လျှင် ရက်တိုရောဂါဟု ခေါ်ပါသည်။ ခုခံအားစနစ်က နိုင်ပါက အောင်းချိန်အတွင်း ရောက်သွားနိုင်ပါသည်။
အောင်းချိန်သည် နှစ်ရှည်ကြာနိုင်ပါသည်။ ရောဂါရှိသောသူသည် ရောဂါလက္ခဏာများ လုံးဝ မခံစားရနိုင်ပါ။ HIV မှ AIDS ရောဂါသို့ ကူးပြောင်းလျှင် AIDS ၏ ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။
HIV ရောဂါသည် သာမန် စစ်ဆေးချက်များနှင့်ပင် စစ်ဆေးနိုင်ပါသည်။ သို့သော် AIDS မှာ ရှုပ်ထွေးပါသည်။
HIV ကူးစက်လျှင် ကိုယ်ခန္ဓာ၏ ခုခံအားစနစ်သည် တန်ပြန်ဓာတ်များ ထုတ်ပြီး ဗိုင်းရပ်စ်ပိုးမွှားများကို တိုက်ထုတ်ပါသည်။ သွေးနှင့် တံတွေး စစ်ဆေးမှုများ ပြုလုပ်ပြီး မိမိတွင် တန်ပြန်သတ္တိ မည်မျှရှိသည်ကို စမ်းသပ်နိုင်ပါသည်။ သို့သော် ထိုစစ်ဆေးမှုသည် ရောဂါပိုးဝင်ပြီး ရက်ပေါင်း အနည်းငယ် ကြာမှသာ စစ်ဆေးနိုင်ပါသည်။
နောက်စစ်ဆေးမှုမှာ ဗိုင်းရပ်စ်ပိုးမွှားမှ ထုတ်သောဓာတ်ကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ထိုစစ်ဆေးမှုမှာ ရောဂါဖြစ်ပြီး ရက်ပိုင်းအတွင်း စစ်ဆေးနိုင်ပါသည်။ ထိုစစ်ဆေးချက် နှစ်မျိုးလုံးမှာ မှန်ကန်ပြီး စစ်ဆေးရန် လွယ်ကူပါသည်။
AIDS ရောဂါသည် HIV ရောဂါ၏ နောက်ဆုံးအဆင့် ဖြစ်ပါသည်။ HIV သည် AIDS ရောဂါပြောင်းလဲပါက ဖြစ်ပေါ်လာသော ဖြစ်စဉ်များ ရှိပါသည်။ ဥပမာ – ဆဲလ်အရေအတွက် ပြောင်းလဲခြင်း ဖြစ်ပါသည်။ HIV မရှိသော လူတစ်ဦးသည် CD4 ဆဲလ်အရေအတွက် 500 မှ 1200 အထိ ရှိနိုင်ပါသည်။
ဆဲလ်အရေအတွက် 200 အထိ လျော့နည်းသွားလျှင် HIV မှ AIDS ပြောင်းသွားပြီဟု သိနိုင်ပါသည်။ ပြလေ့ရှိသော နောက်လက္ခဏာ တစ်မျိုးမှာ ရောဂါပိုး ဝင်ရောက်ခြင်း ဖြစ်ပါသည်။ ရောဂါပိုးများမှာ ဗိုင်းရပ်စ် မှိုရောဂါ၊ ဘက်တီးရီးယား ပိုးမွှားများကြောင့် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည့် တီဘီရောဂါများ၊ ကင်ဆာနှင့်၊ နမိုးနီးယား ရောဂါများ ပါဝင်သည်။
ကုသခြင်းနှင့် နေထိုင်နိုင်သည့် သက်တမ်းများ
HIV မှ AIDS ပြောင်းလဲသွားပါက မိမိနေထိုင်နိုင်သည့် သက်တမ်းသည်လည်း ကျဆင်းသွားပါသည်။ ပျက်စီးသွားသော ခုခံအားစနစ်ကို ပြန်လည်ပြင်ဆင်ရန် မလွယ်ကူပါ။ ခုခံအား ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများ ရှိပါသည။်
ဥပမာ – ရောဂါပိုး ဝင်ရောက်ခြင်း၊ ကင်ဆာများ၊ ထိုကဲ့သော အသက်ကို ထိခိုက်စေနိုင်သော ရောဂါများ ဝင်ရောက်နိုင်ပါသည်။
မကုသလျှင် AIDS ရောဂါသို့ ကူးပြောင်းသွားနိုင်ပြီး ၃ နှစ်လောက်သာ အသက်ရှင်နိုင်ပါသည်။ အသက် အန္တရာယ် ဖြစ်ပေါ်စေနိုင်သော နာမကျန်းဖြစ်ပြီး မကုသလျှင် သက်တမ်းသည် ၁ နှစ်ခန့်သာ နေနိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။ တိုးတက်လာသော ဆေးပညာကြောင့် AIDS ရောဂါဝေဒနာရှင်များ၏ သက်တမ်းသည်လည်း တိုးမြင့်လာပါသည်။
AIDS သည် HIV ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး ခုခံအားစနစ်ကို ထိခိုက်ပါသည်။ HIV ရောဂါရှိသူများနှင့် ရောဂါပိုး ဝင်ရောက်ရန် ရာခိုင်နှုန်းများသော သူများကို စာနာ၍ အားပေးကူညီရပါမည်။
ရေးသားသူ Dr. Zin Thu Thu Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.
0 Comments