Last post

လိင်အင်္ဂါရေယုန်

လိင္အဂၤါေရယုန္
=======
လိင္အဂၤါေရယုန္ေပါက္ၿခင္းဟာ လိင္ဆက္ဆံရာကတစ္ဆင့္ အဓိကကူးစက္တဲ့ ေရာဂါပိုးၿဖစ္ပါတယ္။ အနာ၊ အေရၾကည္ဖုေတြ ၿဖစ္ေစသလို အရည္ေတြစိမ့္လာတာမ်ိဳးလည္း ရွိပါတယ္။ အသက္ ၁၄ႏွစ္နဲ႕ ၄၉ႏွစ္ၾကား လူေတြရဲ႕ ၁၆ ရာခိုင္ႏႈန္းမွာ ဒီလိုကူူးစက္မႈ ရွိေနၾကပါတယ္။

ဘာေၾကာင့္ ၿဖစ္တာလဲ

herpes simplex virus လို႔ေခၚတဲ့ ဗုိင္းရပ္စ္ပိုးေၾကာင္း ၿဖစ္တာပါ။ အဲဒီပုိးက နာက်င္တဲ့ေနရာကို ၿဖစ္လာေစတာမို႕ ကုသမႈေတြက အဲဒီေနရာမွာ ၿမန္ၿမန္အနာက်က္ၿပီး ထပ္မံမကူးစက္ေအာင္ ကာကြယ္ေပးပါတယ္။

ခႏၶာကုိယ္ထဲ ဘယ္လို၀င္သြားတာလဲ

သင့္ရဲ႕အေရၿပားေအာက္မွ အေၿမွးပါးေလးေတြကတစ္ဆင့္ ၀င္သြားတာပါ။ အဲဒီအေၿမွးပါးေတြက သင့္ခႏၶာကိုယ္ရဲ႕ ၀င္ေပါက္ေနရာေတြကို ဖံုးအုပ္ထားတဲ့အရာေတြပါ။ သင့္ရဲ႕ပါးစပ္၊ ႏွာေခါင္းနဲ႕ လိင္အဂၤါတို႕မွာ ေတြ႕ႏုိ္င္ပါတယ္။ အဲဒီဗုိင္းရပ္စ္ပိုးေတြ ခႏၶာကုိ္ယ္ထဲ ၀င္သြားၿပီဆုိရင္ သင့္ရဲ႕ွဆဲလ္ေတြနဲ႕ တြယ္ကပ္လိုက္ပါတယ္။ ဒီပိုးေတြဟာ သူတုိ႕ပတ္၀န္းက်င္ေပၚလိုက္ၿပီး ပြါးႏုိင္စြမ္း၊ ေၿပာင္းလဲႏုိင္စြမ္းရွိတာမို႕ ကုသရတာ ခက္ခဲတတ္ပါတယ္။

ဒီပိုးေတြကုိေတာ့ ပုိးရွိတဲ့သူရဲ႕ သုက္ရည္၊ တံေတြး၊ မိန္းမကုိယ္အရည္ေတြမွာ ေတြ႕ႏုိ္င္ပါတယ္။

လကၡဏာေတြက ဘာေတြလဲ

ေယဘုယ်လကၡဏာေတြကေတာ့ အမ်ိဳးသားေတြမွာ လိင္တံ၊ စအုိတစ္၀ုိက္နဲ႕ ကပၸါယ္အိတ္မွာ အေရၾကည္ဖုေတြ ေပါက္လာတာ၊ အမ်ိဳးသမီးေတြမွာဆိုရင္ေတာ့ မိန္းမကိုယ္၊ တင္ပါးနဲ႕ စအုိမွာ အရည္ၾကည္ဖုေတြ ၿဖစ္တတ္ပါတယ္။ အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ ေတြ႕ရတတ္တာက

ပါးစပ္နဲ႕ ႏႈတ္ခမ္းမွာ အရည္ၾကည္ဖု ၿဖစ္တာ၊ ပိုးရွိတဲ့ေနရာနဲ႕ ထိေတြ႕မိတဲ့ေနရာတုိင္းမွာ ၿဖစ္တတ္ပါတယ္

    လိင္အဂၤါတစ္၀ုိက္မွာ နာက်င္တာ၊ ယားယံတာ၊ ထံုက်င္တာ၊ ရဲေနတာ
    အရည္ၾကည္ဖုေတြက ေပါက္သြားၿပီး အနာၿဖစ္သြားတာ
    အရည္ၾကည္ဖုမေပါက္ခင္မွာ ကူးစက္ခံရတဲ့ေနရာက ယားနာ၊ ထံုက်င္တာ
    ေခါင္းကုိက္၊ ခႏၶာကိုယ္ကုိက္ခဲၿပီး ဖ်ားတာ
    အၾကိတ္ေတြထြက္တာမ်ိဳးေတြ ၿဖစ္ႏုိ္င္ပါတယ္။

အဲဒီအၿပင္ သင့္မွာ ကုိယ္၀န္ရွိေနသလား ဆုိတာကုိလည္း သတိထားၾကည္႕ဖုိ႔လိုပါတယ္။ လိင္အဂၤါေရယုန္ၿဖစ္ေနတုန္း ရုိးရုိးေမြးလိုက္တဲ့ ကေလးေတြမွာ မ်က္ႏွာ၊ ခႏၶာကုိယ္နဲ႕ လိင္အဂၤါတို႕မွာ အနာၿဖစ္တာေတြ ွရွိတတ္ပါတယ္။ တၿခားပိုမိုၿပင္းထန္တဲ့ လကၡဏာေတြလည္း ရွိပါေသးတယ္။ ဥပမာ ဦးေႏွာက္ပ်က္စီးတာ၊ မ်က္စိကြယ္သြားတာ၊ ေသဆံုးတာတို႕ ၿဖစ္ႏုိင္ပါတယ္။

ေရာဂါ ရွိမရွိ ဘယ္လိုသိႏုိင္မလဲ

လိင္အဂၤါေရယုန္ဟ ဒီလိုလကၡဏာေတြကို ၿဖစ္ေစတဲ့ တစ္ခုတည္းေသာ အေၾကာင္းရင္း မဟုတ္ပါဘူး။ မိန္းမကုိယ္မိႈစြဲတာ၊ ဆီးအိတ္ပုိး၀င္တာမ်ိဳးေတြနဲ႕လည္း တစ္ခါတစ္ရံ မွားတတ္ပါတယ္။ တိတိက်က် သိႏုိင္တဲ့ တစ္ခုတည္းေသာနည္းလမ္းကေတာ့ ကၽြမ္းက်င္တဲ့ က်န္းမာေရး၀န္ထမ္းနဲ႕ တုိင္ပင္ၿပသတာပါပဲ။

စမ္းသပ္စစ္ေဆးမႈ၊ ေသြးစစ္ေဆးမႈ၊ ပိုးစစ္ေဆးမႈတို႕နဲ႕ ဒီေရာဂါဟုတ္မဟုတ္ အတည္ၿပဳႏုိင္ပါတယ္။

သင့္မွာ လိင္ဆက္ဆံမႈရွိခဲ့လို႕ ဒီလိုေရယုန္ပိုးမ်ိဳး ရွိေနႏုိင္တယ္ ယူဆရင္ သင့္ဆရာ၀န္နဲ႕ အၿမန္ဆံုးၿပသၿပီး တုိင္ပင္သင့္ပါတယ္။

ဟယ္လိုေဒါက္တာ သည္ မည္သည္႕က်န္းမာေရး၀န္ေဆာင္မႈကိုမွ် မေပးပါ။ အကယ္၍ မိမိက်န္းမာေရးႏွင့္ ပတ္သက္ၿပီး မူမမွန္မႈတစ္ခုခုရွိသည္ထင္ပါက ဆရာ၀န္၊ ဆရာမႏွင့္ တုိင္ပင္ေဆြးေႏြးပါ။

 ေရးသားသူ Dr. Phio Thia
 ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. K Zin Thwe.

Unicodeဖြင့်ဖတ်ရန်

လိင်အင်္ဂါရေယုန်
=======
လိင်အင်္ဂါရေယုန်ပေါက်ခြင်းဟာ လိင်ဆက်ဆံရာကတစ်ဆင့် အဓိကကူးစက်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ အနာ၊ အရေကြည်ဖုတွေ ဖြစ်စေသလို အရည်တွေစိမ့်လာတာမျိုးလည်း ရှိပါတယ်။ အသက် ၁၄နှစ်နဲ့ ၄၉နှစ်ကြား လူတွေရဲ့ ၁၆ ရာခိုင်နှုန်းမှာ ဒီလိုကူူးစက်မှု ရှိနေကြပါတယ်။

ဘာကြောင့် ဖြစ်တာလဲ

herpes simplex virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင်း ဖြစ်တာပါ။ အဲဒီပိုးက နာကျင်တဲ့နေရာကို ဖြစ်လာစေတာမို့ ကုသမှုတွေက အဲဒီနေရာမှာ မြန်မြန်အနာကျက်ပြီး ထပ်မံမကူးစက်အောင် ကာကွယ်ပေးပါတယ်။

ခန္ဓာကိုယ်ထဲ ဘယ်လိုဝင်သွားတာလဲ

သင့်ရဲ့အရေပြားအောက်မှ အမြှေးပါးလေးတွေကတစ်ဆင့် ဝင်သွားတာပါ။ အဲဒီအမြှေးပါးတွေက သင့်ခန္ဓာကိုယ်ရဲ့ ဝင်ပေါက်နေရာတွေကို ဖုံးအုပ်ထားတဲ့အရာတွေပါ။ သင့်ရဲ့ပါးစပ်၊ နှာခေါင်းနဲ့ လိင်အင်္ဂါတို့မှာ တွေ့နိုင်ပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်သွားပြီဆိုရင် သင့်ရဲ့ှဆဲလ်တွေနဲ့ တွယ်ကပ်လိုက်ပါတယ်။ ဒီပိုးတွေဟာ သူတို့ပတ်ဝန်းကျင်ပေါ်လိုက်ပြီး ပွါးနိုင်စွမ်း၊ ပြောင်းလဲနိုင်စွမ်းရှိတာမို့ ကုသရတာ ခက်ခဲတတ်ပါတယ်။

ဒီပိုးတွေကိုတော့ ပိုးရှိတဲ့သူရဲ့ သုက်ရည်၊ တံတွေး၊ မိန်းမကိုယ်အရည်တွေမှာ တွေ့နိုင်ပါတယ်။

လက္ခဏာတွေက ဘာတွေလဲ

ယေဘုယျလက္ခဏာတွေကတော့ အမျိုးသားတွေမှာ လိင်တံ၊ စအိုတစ်ဝိုက်နဲ့ ကပ္ပါယ်အိတ်မှာ အရေကြည်ဖုတွေ ပေါက်လာတာ၊ အမျိုးသမီးတွေမှာဆိုရင်တော့ မိန်းမကိုယ်၊ တင်ပါးနဲ့ စအိုမှာ အရည်ကြည်ဖုတွေ ဖြစ်တတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတတ်တာက

ပါးစပ်နဲ့ နှုတ်ခမ်းမှာ အရည်ကြည်ဖု ဖြစ်တာ၊ ပိုးရှိတဲ့နေရာနဲ့ ထိတွေ့မိတဲ့နေရာတိုင်းမှာ ဖြစ်တတ်ပါတယ်

    လိင်အင်္ဂါတစ်ဝိုက်မှာ နာကျင်တာ၊ ယားယံတာ၊ ထုံကျင်တာ၊ ရဲနေတာ
    အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်သွားတာ
    အရည်ကြည်ဖုမပေါက်ခင်မှာ ကူးစက်ခံရတဲ့နေရာက ယားနာ၊ ထုံကျင်တာ
    ခေါင်းကိုက်၊ ခန္ဓာကိုယ်ကိုက်ခဲပြီး ဖျားတာ
    အကြိတ်တွေထွက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အဲဒီအပြင် သင့်မှာ ကိုယ်ဝန်ရှိနေသလား ဆိုတာကိုလည်း သတိထားကြည့်ဖို့လိုပါတယ်။ လိင်အင်္ဂါရေယုန်ဖြစ်နေတုန်း ရိုးရိုးမွေးလိုက်တဲ့ ကလေးတွေမှာ မျက်နှာ၊ ခန္ဓာကိုယ်နဲ့ လိင်အင်္ဂါတို့မှာ အနာဖြစ်တာတွေ ှရှိတတ်ပါတယ်။ တခြားပိုမိုပြင်းထန်တဲ့ လက္ခဏာတွေလည်း ရှိပါသေးတယ်။ ဥပမာ ဦးနှောက်ပျက်စီးတာ၊ မျက်စိကွယ်သွားတာ၊ သေဆုံးတာတို့ ဖြစ်နိုင်ပါတယ်။

ရောဂါ ရှိမရှိ ဘယ်လိုသိနိုင်မလဲ

လိင်အင်္ဂါရေယုန်ဟ ဒီလိုလက္ခဏာတွေကို ဖြစ်စေတဲ့ တစ်ခုတည်းသော အကြောင်းရင်း မဟုတ်ပါဘူး။ မိန်းမကိုယ်မှိုစွဲတာ၊ ဆီးအိတ်ပိုးဝင်တာမျိုးတွေနဲ့လည်း တစ်ခါတစ်ရံ မှားတတ်ပါတယ်။ တိတိကျကျ သိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပြသတာပါပဲ။

စမ်းသပ်စစ်ဆေးမှု၊ သွေးစစ်ဆေးမှု၊ ပိုးစစ်ဆေးမှုတို့နဲ့ ဒီရောဂါဟုတ်မဟုတ် အတည်ပြုနိုင်ပါတယ်။

သင့်မှာ လိင်ဆက်ဆံမှုရှိခဲ့လို့ ဒီလိုရေယုန်ပိုးမျိုး ရှိနေနိုင်တယ် ယူဆရင် သင့်ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး တိုင်ပင်သင့်ပါတယ်။

ဟယ်လိုဒေါက်တာ သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

 ရေးသားသူ Dr. Phio Thia
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

0 Comments