ေယာက္်ားေလးေတြ ဆီးခံုေမြး ပံုမွန္ရိတ္ေပးဖို႔ လိုအပ္လား
=============
လိင္တံပတ္လည္မွာ ရွိတဲ့ ဆီးခံုေမြးေတြကို ရိတ္ဖို႔ လိုအပ္လားဆိုတာ ေယာက္်ားေလးေတြ မၾကာခဏ ေမးတတ္ၾကတဲ့ ေမးခြန္းေတြထဲက တစ္ခုပါပဲ။ က်န္းမာေရးအရ ၾကီးမားတဲ့ ေျပာင္းလဲမႈမ်ိဳး၊ ေကာင္းက်ိဳးမ်ားစြာ မရွိေပမယ့္ တစ္ကိုယ္ေရသန္႔ရွင္းမႈကို အေလးထားတယ္ဆိုရင္ေတာ့ ရိတ္လို႔ ရပါတယ္။
အေရျပား အလြန္ႏူးညံ့ျပီး ထိခိုက္လြယ္တဲ့ လိင္အဂၤါနားကို ဘလိတ္ဓါးကိုင္ျပီး အေမြးရိတ္ဖို႔ဆိုတာ ေတာ္ရံုအမ်ိဳးသားေတြအတြက္ေတာ့ ေတြးမိရံုနဲ႔တင္ အသည္းယားစရာ ကိစၥ ျဖစ္မွာပါ။ ေန႔စဥ္ ေရပံုမွန္ခ်ိဳးေပးမယ္။ လိင္တံထိပ္အေရျပား မျဖတ္ထားတဲ့သူေတြဆိုရင္ အေရျပားအတြင္းကို ဆပ္ျပာ၊ ေရနဲ႔ အျမဲ ေဆးေၾကာသန္႔ရွင္းေပးမယ္ဆိုရင္ေတာ့ အေမြးရိတ္ဖို႔ မလိုအပ္ဘူးလို႔သာ ေျပာခ်င္ပါတယ္။
ဒါဆိုရင္ ဆီးခံုေမြးရိတ္လို႔ ဘာေကာင္းက်ိဳး ရႏိုင္လဲ။ ဘာလို႔ တခ်ိဳ႕ေယာက္်ားေလးေတြက အရဲစြန္႔ျပီး လိင္အဂၤါတစ္၀ုိက္က အေမြးအမွ်င္ေတြကို ရိတ္ေနၾကတာလဲဆိုတာနဲ႔ ပတ္သက္ျပီး ေျပာျပေပးခ်င္ပါတယ္။
ဆီးခံုေမြး ရိတ္ျခင္းဆိုသည္မွာ
လူပ်ိဳျဖစ္တဲ့အခ်ိန္ လိင္အဂၤါအေပၚဘက္မွာ အေမြးအမွ်င္ေတြ စတင္ေပါက္လာျပီး အသက္ၾကီးလာတာနဲ႔အမွ် အေမြးအမွ်င္ အံုထူလာပါတယ္။ တခ်ိဳ႕အမ်ိဳးသားေတြမွာဆိုရင္ လိင္တံပတ္လည္၊ ေ၀ွးေစ့၊ ေပါင္ျခံတစ္၀ိုက္မွာပါ အေမြးအမွ်င္ေတြ ထူထဲစြာ ေပါက္တာမ်ိဳးလည္း ရွိပါတယ္။
မ်ားေသာအားျဖင့္ ဆီးခံုေမြးရိတ္တဲ့အခါမွာ လိင္တံရဲ႕ အေပၚစပ္နားမွာ ရွိတဲ့ အေမြးအမွ်င္ေတြကိုသာ အဓိကရိတ္ၾကတာျဖစ္ပါတယ္။ ေ၀ွးေစ့ဟာ အလြန္ထိခိုက္လြယ္တဲ့အျပင္ ဓားနဲ႔ ရိတ္ရတာျဖစ္တာေၾကာင့္ ကၽြမ္းက်င္မႈ မရွိတဲ့အခါ ပြန္းပဲ့ဒဏ္ရာ ျဖစ္ႏိုင္ပါတယ္။
ဆီးခံုေမြး ရိတ္ျခင္းျဖင့္ ရႏိုင္တဲ့ ေကာင္းက်ိဳးေတြ
၁။ တစ္ကိုယ္ေရ သန္႔ရွင္းမႈ
အေမြးအမွ်င္ေတြ ပါးသြားတဲ့အခါ သန္႔ရွင္းေရး လုပ္ဖို႔၊ ေခ်းခၽြတ္သန္႔စင္ဖို႔ ပိုလြယ္ကူပါတယ္။ ပံုမွန္အားျဖင့္ ေဘာင္းဘီ၊ အတြင္းခံေဘာင္းဘီနဲ႔ အျမဲထိကပ္ေနျပီး ေခၽြးအလြန္ထြက္တာေၾကာင့္ ဘက္တီးရီးယားပိုးေတြ အျမဲ ကပ္ျငိေနႏိုင္ပါတယ္။ ဆီးခံုေမြးနည္းသြားတဲ့အခါ ေခၽြးထြက္နည္းသြားႏိုင္တဲ့အျပင္ ကိုယ့္ရဲ႕ တစ္ကိုယ္ေရသန္႔ရွင္းမႈအတြက္လည္း အက်ိဳးျဖစ္ေစပါတယ္။
၂။ လိင္တံ က်န္းမာေရး
အေမြးအမွ်င္ေတြ မရွိေတာ့တဲ့အတြက္ ဘက္တီးရီးယားပိုးမႊားေတြအျပင္ တျခားေသာ အင္းဆက္ပိုးမႊားေတြပါ မကပ္တြယ္ႏုိင္ေတာ့တဲ့အတြက္ ပိုျပီး သန္႔ရွင္းသြားတယ္။ ဒါ့အျပင္ မႈိေၾကာင့္ျဖစ္တဲ့ အေရျပားေရာဂါေတြ ဥပမာ – ေပြး၊ ၀ဲ၊ ညွင္း၊ ျဖစ္ႏုိင္ေျခကို ေလွ်ာ့ခ်ေပးႏုိင္တယ္။ ဆီးက်ိတ္ကင္ဆာရွိ၊ မရွိ ကိုယ့္ရဲ႕ ေ၀ွးေစ့ကို အေသးစိတ္ စစ္ေဆးၾကည့္လို႔ ရတယ္။
၃။ ထိေတြ႔ခံစားမႈ
အေမြးအမွ်င္ နည္းသြားတဲ့အခါ တစ္ကိုယ္ေရ အာသာေျဖတာ ျဖစ္ေစ၊ ကိုယ့္ရဲ႕ ခ်စ္သူနဲ႔ လိင္ဆက္ဆံတဲ့အခါျဖစ္ေစ ပိုျပီး ထိေတြ႔ခံစားမႈ ေကာင္းလာပါတယ္။ အေမြးအမွ်င္ေတြ မရွိေတာ့တဲ့အတြက္ ကိုယ့္ရဲ႕ လိင္ဆက္ဆံေဖာ္ကိုလည္း ယားယံမႈေတြ မျဖစ္ေစႏိုင္ေတာ့ပါဘူး။
၄။ အရြယ္အစား
ပံုမွန္ အေမြးအမွ်င္ေတြနဲ႔ ဖံုးေနတဲ့ ေနရာဟာ ေျပာင္ရွင္းသြားတဲ့အခါ ကိုယ့္ရဲ႕ လိင္တံဟာ ပိုျပီး သန္႔ရွင္းသြားတယ္။ ခါတိုင္းထက္ ပိုျပီး ၾကီးေနသလို စိတ္ထဲမွာ ခံစားရေစပါတယ္။
ဆီးခံုေမြး ရိတ္ဖို႔အတြက္ ဘာေတြ ျပင္ဆင္သင့္လဲ
၁။ ရိတ္ရလြယ္ကူေစဖို႔ အရင္ဆံုး ရွည္ေနတဲ့ အေမြးေတြကို ကပ္ေၾကးျဖင့္ တိုေအာင္ ညွပ္လိုက္ပါ။
၂။ ျပီးရင္ ေရေႏြးေႏြးနဲ႔ လိင္တံတစ္၀ိုက္ကို ေလာင္းခ်လိုက္ပါ။
၃။ ေျခာက္ေအာင္ သုတ္ျပီးသြားရင္ အေမြးအမွ်င္ရိတ္တဲ့ ခရင္မ္၊ ဂ်ယ္လ္ မ်ားမ်ား သုတ္လိမ္းထားပါ။
၄။ အသစ္စက္စက္ ဘလိတ္ဓားကို အသံုးျပဳျပီး အေမြးအမွ်င္ေတြကို ျဖည္းညွင္းစြာ ရိတ္ပါ။
၅။ အေရျပားကို ဆြဲဆန္႔ထားျပီး ဓားကို ေအာက္ဘက္သို႔ ဦးတည္ျပီး ရိတ္ပါ။
၆။ အေမြးအမွ်င္ရိတ္ျပီးသြားရင္ ေရနဲ႔ ေျပာင္စင္ေအာင္ ေဆးေၾကာျပီး ေျခာက္ေအာင္ သုတ္ပါ။
၇။ ယားယံမႈကင္ေစဖို႔ အစိုဓာတ္ထိန္းခရင္မ္ တစ္မ်ိဳးမ်ိဳး လိမ္းေပးရင္ ပိုေကာင္းပါတယ္။
ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.
Unicodeဖြင့်ဖတ်ရန်
ယောက်ျားလေးတွေ ဆီးခုံမွေး ပုံမှန်ရိတ်ပေးဖို့ လိုအပ်လား
=============
လိင်တံပတ်လည်မှာ ရှိတဲ့ ဆီးခုံမွေးတွေကို ရိတ်ဖို့ လိုအပ်လားဆိုတာ ယောက်ျားလေးတွေ မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတွေထဲက တစ်ခုပါပဲ။ ကျန်းမာရေးအရ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး၊ ကောင်းကျိုးများစွာ မရှိပေမယ့် တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားတယ်ဆိုရင်တော့ ရိတ်လို့ ရပါတယ်။
အရေပြား အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့ လိင်အင်္ဂါနားကို ဘလိတ်ဓါးကိုင်ပြီး အမွေးရိတ်ဖို့ဆိုတာ တော်ရုံအမျိုးသားတွေအတွက်တော့ တွေးမိရုံနဲ့တင် အသည်းယားစရာ ကိစ္စ ဖြစ်မှာပါ။ နေ့စဉ် ရေပုံမှန်ချိုးပေးမယ်။ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေဆိုရင် အရေပြားအတွင်းကို ဆပ်ပြာ၊ ရေနဲ့ အမြဲ ဆေးကြောသန့်ရှင်းပေးမယ်ဆိုရင်တော့ အမွေးရိတ်ဖို့ မလိုအပ်ဘူးလို့သာ ပြောချင်ပါတယ်။
ဒါဆိုရင် ဆီးခုံမွေးရိတ်လို့ ဘာကောင်းကျိုး ရနိုင်လဲ။ ဘာလို့ တချို့ယောက်ျားလေးတွေက အရဲစွန့်ပြီး လိင်အင်္ဂါတစ်ဝိုက်က အမွေးအမျှင်တွေကို ရိတ်နေကြတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။
ဆီးခုံမွေး ရိတ်ခြင်းဆိုသည်မှာ
လူပျိုဖြစ်တဲ့အချိန် လိင်အင်္ဂါအပေါ်ဘက်မှာ အမွေးအမျှင်တွေ စတင်ပေါက်လာပြီး အသက်ကြီးလာတာနဲ့အမျှ အမွေးအမျှင် အုံထူလာပါတယ်။ တချို့အမျိုးသားတွေမှာဆိုရင် လိင်တံပတ်လည်၊ ဝှေးစေ့၊ ပေါင်ခြံတစ်ဝိုက်မှာပါ အမွေးအမျှင်တွေ ထူထဲစွာ ပေါက်တာမျိုးလည်း ရှိပါတယ်။
များသောအားဖြင့် ဆီးခုံမွေးရိတ်တဲ့အခါမှာ လိင်တံရဲ့ အပေါ်စပ်နားမှာ ရှိတဲ့ အမွေးအမျှင်တွေကိုသာ အဓိကရိတ်ကြတာဖြစ်ပါတယ်။ ဝှေးစေ့ဟာ အလွန်ထိခိုက်လွယ်တဲ့အပြင် ဓားနဲ့ ရိတ်ရတာဖြစ်တာကြောင့် ကျွမ်းကျင်မှု မရှိတဲ့အခါ ပွန်းပဲ့ဒဏ်ရာ ဖြစ်နိုင်ပါတယ်။
ဆီးခုံမွေး ရိတ်ခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေ
၁။ တစ်ကိုယ်ရေ သန့်ရှင်းမှု
အမွေးအမျှင်တွေ ပါးသွားတဲ့အခါ သန့်ရှင်းရေး လုပ်ဖို့၊ ချေးချွတ်သန့်စင်ဖို့ ပိုလွယ်ကူပါတယ်။ ပုံမှန်အားဖြင့် ဘောင်းဘီ၊ အတွင်းခံဘောင်းဘီနဲ့ အမြဲထိကပ်နေပြီး ချွေးအလွန်ထွက်တာကြောင့် ဘက်တီးရီးယားပိုးတွေ အမြဲ ကပ်ငြိနေနိုင်ပါတယ်။ ဆီးခုံမွေးနည်းသွားတဲ့အခါ ချွေးထွက်နည်းသွားနိုင်တဲ့အပြင် ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်လည်း အကျိုးဖြစ်စေပါတယ်။
၂။ လိင်တံ ကျန်းမာရေး
အမွေးအမျှင်တွေ မရှိတော့တဲ့အတွက် ဘက်တီးရီးယားပိုးမွှားတွေအပြင် တခြားသော အင်းဆက်ပိုးမွှားတွေပါ မကပ်တွယ်နိုင်တော့တဲ့အတွက် ပိုပြီး သန့်ရှင်းသွားတယ်။ ဒါ့အပြင် မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ဥပမာ – ပွေး၊ ဝဲ၊ ညှင်း၊ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်။ ဆီးကျိတ်ကင်ဆာရှိ၊ မရှိ ကိုယ့်ရဲ့ ဝှေးစေ့ကို အသေးစိတ် စစ်ဆေးကြည့်လို့ ရတယ်။
၃။ ထိတွေ့ခံစားမှု
အမွေးအမျှင် နည်းသွားတဲ့အခါ တစ်ကိုယ်ရေ အာသာဖြေတာ ဖြစ်စေ၊ ကိုယ့်ရဲ့ ချစ်သူနဲ့ လိင်ဆက်ဆံတဲ့အခါဖြစ်စေ ပိုပြီး ထိတွေ့ခံစားမှု ကောင်းလာပါတယ်။ အမွေးအမျှင်တွေ မရှိတော့တဲ့အတွက် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုလည်း ယားယံမှုတွေ မဖြစ်စေနိုင်တော့ပါဘူး။
၄။ အရွယ်အစား
ပုံမှန် အမွေးအမျှင်တွေနဲ့ ဖုံးနေတဲ့ နေရာဟာ ပြောင်ရှင်းသွားတဲ့အခါ ကိုယ့်ရဲ့ လိင်တံဟာ ပိုပြီး သန့်ရှင်းသွားတယ်။ ခါတိုင်းထက် ပိုပြီး ကြီးနေသလို စိတ်ထဲမှာ ခံစားရစေပါတယ်။
ဆီးခုံမွေး ရိတ်ဖို့အတွက် ဘာတွေ ပြင်ဆင်သင့်လဲ
၁။ ရိတ်ရလွယ်ကူစေဖို့ အရင်ဆုံး ရှည်နေတဲ့ အမွေးတွေကို ကပ်ကြေးဖြင့် တိုအောင် ညှပ်လိုက်ပါ။
၂။ ပြီးရင် ရေနွေးနွေးနဲ့ လိင်တံတစ်ဝိုက်ကို လောင်းချလိုက်ပါ။
၃။ ခြောက်အောင် သုတ်ပြီးသွားရင် အမွေးအမျှင်ရိတ်တဲ့ ခရင်မ်၊ ဂျယ်လ် များများ သုတ်လိမ်းထားပါ။
၄။ အသစ်စက်စက် ဘလိတ်ဓားကို အသုံးပြုပြီး အမွေးအမျှင်တွေကို ဖြည်းညှင်းစွာ ရိတ်ပါ။
၅။ အရေပြားကို ဆွဲဆန့်ထားပြီး ဓားကို အောက်ဘက်သို့ ဦးတည်ပြီး ရိတ်ပါ။
၆။ အမွေးအမျှင်ရိတ်ပြီးသွားရင် ရေနဲ့ ပြောင်စင်အောင် ဆေးကြောပြီး ခြောက်အောင် သုတ်ပါ။
၇။ ယားယံမှုကင်စေဖို့ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းပေးရင် ပိုကောင်းပါတယ်။
ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
0 Comments