လိင္မႈကိစၥနွင့္ ပတ္သက္ၿပီး သိသင့္တဲ့ အခ်က္ ၁၄ ခ်က္
========
၁။ ပထမဆံုးအႀကိမ္ အတူေနရံုနဲ႔ ကိုယ္ဝန္ရႏိုင္ပါတယ္။
မိန္းကေလးတစ္ေယာက္က ပထမဆံုးအႀကိမ္ ခ်စ္တင္းေႏွာရံုနဲ႔ ကိုယ္ဝန္မရႏိုင္ဘူးလို႔ သင္ၾကားဖူးေကာင္း ၾကားဖူးပါလိမ့္မယ္။ အမွန္ကေတာ့ ေယာက်္ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ အကာအကြယ္မသံုးရင္ေတာ့ ပထမဆံုးအၾကိမ္မွာတင္ ကိုယ္ဝန္ရႏိုင္ပါတယ္။
ေယာက်္ားေလးတစ္ေယာက္က သူ႔ရဲ႕ပထမအႀကိမ္ အတူေနရံုနဲ႔ မိန္းကေလးအား ကိုယ္ဝန္ရေစႏိုင္ပါတယ္။ မိန္းကေလးအတြက္က ပထမအႀကိမ္ ဓမၼတာလာၿပီးသည့္အခ်ိန္မွစ၍ ကိုယ္ဝန္ေဆာင္ႏိုင္ပါၿပီ။ ရာသီစက္ဝန္း ကို ေလ့လာၾကည့္ပါ။
တားေဆးသံုးျခင္းက မလိုခ်င္ေသာ ကိုယ္ဝန္ရရွိျခင္းကို တားဆီးေပးပါတယ္။ ကြန္ဒံုး ကို အသံုးျပဳမယ္ဆိုရင္ေတာ့ လိင္ေၾကာင့္ကူးစက္တတ္တဲ့ေရာဂါ ေတြကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။ အတူမေနခင္မွာ သင့္အေဖာ္နဲ႔ ဘယ္လိုအကာအကြယ္သံုးမလဲဆိုတာ တုိင္ပင္ၿပီး ေသခ်ာအသံုးျပဳသင့္ပါတယ္။ အသံုးျပဳသင့္တဲ့ တားေဆးေတြ၊ ကြန္ဒံုး ေတြအေၾကာင္းကို ေလ့လာၾကည့္ပါ။
၂။ သုက္မလႊတ္ခင္ လိင္တံအျပင္ထုတ္ျခင္းကလဲ သင့္ကို ကိုယ္ဝန္ရသြားေစႏုိင္ပါတယ္။
ဆက္ဆံေဖာ္ အမ်ိဳးသားက သုက္မလႊတ္ခင္ လိင္တံ အျပင္ထုတ္ျခင္းျဖင့္လဲ ကိုယ္ဝန္ရရွိႏိုင္ျခင္းကို မတားဆီးႏိုင္ပါဘူး။ အမ်ိဳးသားေတြ သုက္မလႊတ္ခင္ လိင္စိတ္လႈပ္ရွားမႈေၾကာင့္သုက္မလႊတ္ခင္ ထြက္တဲ့ အရည္ၾကည္ ထဲမွာ သုက္္ေကာင္ေတြ ပါရွိတတ္ပါတယ္။ အမ်ိဳးသမီးတစ္ဦး ကိုယ္ဝန္ရဖို႔ သုက္ေကာင္ တစ္ေကာင္သာ လိုအပ္တာပါ။ ဒါ့အျပင္ ထိုအရည္ၾကည္ထဲမွာ လိင္ေၾကာင့္ ကူးစက္တတ္တဲ့ ေရာဂါပိုးမႊားေတြပါဝင္တာေၾကာင့္ သုက္မလႊတ္ခင္ အျပင္ထုတ္ျခင္းဟာလည္း လိင္ေၾကာင့္ကူးစက္တတ္တဲ့ ေရာဂါေတြ (STIs) ကိုလည္း မကာကြယ္ႏိုင္ပါဘူး။
တကယ္လို႔ သင့္ဆက္ဆံေဖာ္အမ်ိဳးသားက သုက္မလႊတ္ခင္ အျပင္ထုတ္ေပးမယ္လို႔ ေျပာရင္ မယံုပါနဲ႔။ ဘယ္သူမွ အဲ့ဒီစိတ္ကို မထိန္းႏိုင္ပါဘူး။ ဒါေၾကာင့္ ကြန္ဒံုးကို အသံုးျပဳပါ။ ကြန္ဒံုးက လိင္ဆက္ဆံျခင္းမွ တစ္ဆင့္ကူးစက္ေရာဂါ ကိုလည္း ကာကြယ္ေပးႏုိင္ပါတယ္။ ကိုယ္ဝန္မလိုခ်င္ပါက တျခား သားဆက္ျခား နည္းလမ္းမ်ားကိုလည္း အသံုးျပဳႏုိင္ပါတယ္။
၃။ ရာသီလာစဥ္ ခ်စ္တင္းေႏွာလွ်င္လည္း ကိုယ္ဝန္ရႏိုင္ပါတယ္
ရာသီလာစဥ္ အတူေနပါက ကိုယ္ဝန္မရႏိုင္ဘူးဆိုတဲ့ ေကာလဟာလကို ၾကားဖူးမွာပါ။ အမွန္က အမ်ိဳးသမီးတစ္ဦးက ဘယ္အခ်ိန္မွာမဆို အကာအကြယ္မသံုးဘဲ အတူေနပါက ကိုယ္ဝန္ရႏိုင္ပါတယ္္။ သုက္ေကာင္ေတြက သင့္ကိုယ္တြင္းမွာ ရက္အတန္ၾကာ အသက္ရွင္ႏိုင္ပါတယ္။ ဒါေၾကာင့္ ရာသီလာစဥ္ အတူေနေသာ္လည္း အခ်ိန္အတန္ၾကာ အသက္ရွင္ႏိုင္ေသာ သုက္ေကာင္ေတြက သင့္ကို ကိုယ္ဝန္ရသြားေစႏုိင္ပါတယ္။
၄။ ခ်စ္တင္းေႏွာတဲ့ ပံုစံေတြကလည္း ကိုယ္ဝန္ရျခင္းကို မတားဆီးႏိုင္ပါဘူး။
ထိုင္ထလုပ္တာေတြ၊ မတ္တပ္ရပ္ခ်စ္တင္းေႏွာတာ၊ ထိုင္လ်က္ခ်စ္တင္းေႏွာတာေတြက ကိုယ္ဝန္မရေစႏိုင္ဘူးဆိုတဲ့ စကားအမွားေတြကိုလဲ မယံုသင့္ပါဘူး။ ကိုယ္ဝန္မရေအာင္ အတူေနလို႔ရတဲ့ ပံုစံ၊ ေနရာဆိုတာ မရွိပါဘူး။ အကာအကြယ္တစ္မ်ိဳးမ်ိုး၊ ကြန္ဒံုးသံုးမွသာ တားဆီးႏိုင္မွာပါ။ ဘယ္လိုပံုစံ ဘယ္လိုေနရာမွာ အတူေနပါေစ၊ သုက္ေကာင္နဲ႔ မ်ိဳးဥ ေပါင္းမိပါက ကိုယ္ဝန္ရရွိမွာပါ။
၅။ ပါးစပ္နဲ ့လိင္ဆက္ဆံျခင္းေၾကာင့္ ကိုယ္ဝန္မရႏုိင္ပါဘူး
သုက္ရည္ကို မ်ိဳခ်မိလို႔ ကိုယ္ဝန္မရႏုိင္ပါဘူး။ သို႔ေသာ္ ပါးစပ္နဲ ့လိင္ဆက္ဆံျခင္းေၾကာင့္ ကာလသားေရာဂါ၊ ေရယုန္ စတဲ့ လိင္မွတစ္ဆင့္ကူးစက္ေသာေရာဂါ မ်ားျဖစ္ေစႏိုင္ပါတယ္။ အမ်ိဳးသားအတြက္ ကြန္ဒံုး၊ အမ်ိဳးသမီးအတြက္ အကာအကြယ္ ( ပါးစပ္နဲ ့ လိင္ဆက္ဆံလွ်င္္ သံုးတဲ့ အကာအကြယ္ပစၥည္း) တို႔ကို အသံုးျပဳသင့္ပါတယ္။
၆။ အရက္ေသာက္ျခင္းသည္ အိပ္ရာေပၚက သင့္စြမ္းေဆာင္ရည္ကို မတိုးတက္ေစပါဘူး
အရက္ေသာက္ျပီးခ်စ္တင္းေႏွာပါက စြမ္းေဆာင္ရည္ပိုေကာင္းတယ္လို႔ ေျပာၾကပါတယ္။ အမွန္ကေတာ့ အႏၲရာယ္ေတာင္ ပိုမ်ားႏိုင္ပါတယ္။ သင္အဆင္သင့္မျဖစ္ဘဲ အတူေနမိျခင္း၊ သင္သေဘာမက်တဲ့သူနဲ႔ အတူေနမိျခင္း စတဲ့ ဆံုးျဖတ္ခ်က္အမွားေတြ လုပ္မိႏိုင္ပါတယ္။ အရက္ေသာက္ျခင္းက သင့္ကို အေတြ႕အၾကံဳေကာင္းေတြ ရေစမွာ မဟုတ္ပါဘူး။ ေနာင္တေတြသာ ရရွိလာပါလိမ့္မယ္။
၇။ ပလပ္စတစ္အိတ္အမ်ိဳးမ်ိဳးကို ကြန္ဒံုးအစား သံုးလို႔မရပါဘူး
ပလတ္စတစ္အိတ္၊ clingfirm၊ crisp packet စတဲ့ ပလပ္စတစ္အိတ္ေတြကို ခ်စ္တင္းေႏွာရာမွာ အသံုးမျပဳသင့္ပါဘူး။ ကြန္ဒံုးကသာ လိင္မွတစ္ဆင့္ကူးစက္ေရာဂါမ်ား ကို ကာကြယ္ႏိုင္တာပါ။ ကြန္ဒံုးအခမဲ့ရႏိုင္တဲ့ေနရာေတြကေတာ့ –
လူထုမိ်ဳးပြားက်န္္းမာေရး ေဆးေပးခန္းမ်ား
လိင္က်န္းမာေရး ေဆးခန္းမ်ား
တျခား ေဆးခန္္းေဆးဆိုင္ေတြမွာလည္း ဝယ္ႏိုင္ပါတယ္။ စံခ်ိန္စံႏႈန္းနဲ ့ ကိုက္ညီေၾကာင္း ျပတဲ့ အမွတ္အသားပါမပါ ကို ေသခ်ာ ဂရုစိုက္ စစ္ေဆးပါ။
၈။ ေယာက်္ားေလးတစ္ေယာက္ဟာ ခ်စ္မႈခ်စ္ရာမျပဳဘူးဆိုရင္ သူ႔ရဲ႕ေ၀ွးေစ့က ကြဲထြက္သြားႏိုင္တယ္ဆိုတာ အမွားပါ။
ခ်စ္မႈခ်စ္ရာ ျပဳျခင္း မျပဳျခင္းက သင့္ရဲ႕လိင္ပိုင္းဆိုင္ရာ က်န္းမာေရးကို သက္ေရာက္မႈမရွိႏုိင္ပါဘူး။ ေ၀ွးေစ့လဲ မကြဲႏိုင္ပါဘူး။ ေယာက္်ားေလးတစ္ေယာက္မွာ သုက္ေကာင္ထုတ္လုပ္မႈက အၿမဲျဖစ္ပြားေနတာပါ။ သုက္မလႊတ္ရင္ ခႏၶာကိုယ္က စုပ္ယူသြားမွာပါ။ တစ္ကိုယ္ရည္အာသာေျဖျခင္း နဲ႔ လိင္ကိစၥအိပ္မက္မက္ျခင္း ျဖင့္ သုက္လႊတ္မႈ ျဖစ္ေပၚတတ္ပါတယ္။ ခ်စ္တင္းေႏွာမွ မဟုတ္ပါဘူး။ ပိုမိုသိရွိလိုပါက ေယာက်္ားေလးခႏၶာေဗဒကို ေလ့လာပါ။
၉။ ကြန္ဒံုးကို ျပန္ေလွ်ာ္ၿပီး အသံုးျပဳျခင္း မျပဳလုပ္သင့္ပါ။
သံုးၿပီးသား ကြန္ဒံုးကို ျပန္အသံုးျပဳႏိုင္တယ္လို႔ေျပာရင္ မယံုၾကည္ပါနဲ႔။ ကြန္ဒံုးဆိုတာ တစ္ခါသံုး ပစၥည္းပါ။ သံုးၿပီးရင္ လႊင့္ပစ္ရမွာပါ။ ေနာက္တစ္ခါ အတူေနမယ္ဆိုရင္ အသစ္တစ္ခု ထပ္ဝယ္ပါ။ ဒါဟာ အမ်ိဳးသားသံုးအတြက္သာမက အမ်ိဳးသမီးသံုးအတြက္ပါ အက်ံဳးဝင္ပါတယ္။ တကယ့္လက္ေတြ႕မွာ ကြန္ဒံုးကို မိနစ္သံုးဆယ္ထက္ ပိုၿပီး အသံုးမျပဳသင့္ပါဘူး။ ပြတ္တိုက္မႈမ်ားလာတဲ့အခါ ကြန္ဒံုးေပါက္ၿပဲ ပ်က္စီးဖို႔ ပိုမိုလြယ္ကူေစလို႔ပါ။ ကြန္ဒံုးအသံုးျပဳပံုျပဳနည္းကို ေလ့လာသင့္ပါတယ္။
၁၀။ တစ္ႀကိမ္တစ္ခါ အတူေနရံုနဲ႔လဲ ကိုယ္ဝန္ရႏုိင္ပါတယ္။
အႀကိမ္ေရမ်ားမ်ား အတူေနမွ ကိုယ္ဝန္ရႏိုင္တယ္ဆိုတာ တကယ္ေတာ့ မဟုတ္ပါဘူး။ တစ္ႀကိမ္တစ္ခါနဲ႔လဲ ကိုယ္ဝန္ရႏိုင္ပါတယ္။ အေပၚမွာေျပာခဲ့သလိုပဲ ကိုယ္ဝန္ရဖို႔အတြက္ သုက္ေကာင္တစ္ေကာင္နဲ႔ မ်ိဳးဥတစ္လံုးပဲ လိုအပ္တာပါ။ ကိုယ္ဝန္မလိုခ်င္ပါက တားေဆး တစ္မ်ိဳးမ်ိဳး၊ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါမ်ား ကာကြယ္ရန္အတြက္ ကြန္ဒံုး တို ့ကို သံုးသင့္ပါတယ္။
၁၁။ လိင္ဆက္ဆံရာမွတစ္ဆင့္ကူးစက္ေသာေရာဂါမ်ား ရွိတိုင္းလဲ လကၡဏာ အၿမဲမျပပါဘူး
သင္ၾကားဖူးမွာပါ။ လိင္မွတစ္ဆင့္ကူးစက္ေသာ ေရာဂါ ရွိပါက ဆီးသြား၊ ဝမ္းသြားရင္ နာက်င္မယ္၊ အနံ႔အသက္မေကာင္းဘူး ဆိုတာေတြက အၿမဲ မမွန္ပါဘူး။ လူေတာ္ေတာ္မ်ားမ်ားက ဒီေရာဂါရွိေနရင္ေတာင္ သတိမမူမိတတ္ၾကပါဘူး။ လူတစ္ေယာက္ကို အျပင္ပန္းၾကည့္ရံုနဲ႔ ဒီေရာဂါေတြ ရွိမရွိ မသိႏုိင္ပါဘူး။ သင့္မွာ ဒီေရာဂါ ရွိတယ္လို႔ သံသယရွိပါက ေဆးခန္း တစ္ခုခုမွာ က်န္းမာေရးစစ္ေဆးမႈ ခံယူသင့္ပါတယ္။
၁၂။ အမ်ိဳးသမီးအခ်င္းခ်င္း ခ်စ္တင္းေႏွာရင္လည္း လိင္မွတစ္ဆင့္ေရာဂါမ်ား ကူးစက္ႏုိင္ပါတယ္။
အမ်ိဳးသမီးအခ်င္းခ်င္း မကူးစက္ဘူးလို႔ မထင္ပါနဲ႔။ တစ္ေယာက္မွာ ဒီေရာဂါေတြ ရွိရင္ အတူေနတဲ့သူေတြကို အမ်ိဳးသမီးအဂၤါက ထြက္တဲ့ အရည္၊ ေသြးနဲ႔ ကိုယ္ခႏၡာမွထြက္တဲ့အရည္က တဆင့္ ကူးစက္ႏိုင္ပါသည္။
အတူအသံုးျပဳမယ့္ လိင္အရုပ္ ေတြကို ကြန္ဒံုးစြပ္ၿပီးမွ အသံုးျပဳသင့္ပါတယ္။ ပါးစပ္နဲ ့လိင္ဆက္ဆံျခင္း လုပ္ပါက ပါးစပ္အကာအကြယ္ dam ကိုအသံုးျပဳသင့္ပါ။
အကယ္၍ အမ်ိဳးသမီးက အမိ်ဳးသားနဲ ့လည္း လိင္ဆက္ဆံမႈျပဳတယ္ဆိုရင္ မလုိခ်င္ေသာ ကိုယ္၀န္န ဲ ့ ကူးစက္ေရာဂါမ်ား ကာကြယ္ရန္ တားေဆးနဲ ့ကြန္ဒံုး အသံုးျပဳသင့္ပါတယ္။
၁၃။ မိန္္းမလ်ာ တိုင္းက စအိုိနဲ ့လိင္ဆက္ဆံျခင္း မလုပ္ၾကပါဘူး။
မိန္္းမလ်ာ တုိင္း စအုိနဲ ့လိင္ဆက္ဆံျခင္း မလုပ္ၾကပါဘူး။ စအိုနဲ ့လိင္ဆက္ဆံျခင္း ဆိုတာ တျခား ခ်စ္တင္းေႏွာျခင္းေတြလိုမ်ိဳး ျဖစ္စဥ္ တစ္ခုပါပဲ။ မိန္းမလ်ာ မွ မဟုတ္ပါဘူး။ ေယာက္်ားစစ္စစ္ မိန္းမစစ္စစ္ ေတြမွာပါ တစ္ခ်ိဳ႕က ဒါကို လက္ခံၿပီး အတူေနၾကသလို တစ္ခ်ိဳ႕က လက္မခံၾကပါဘူး။ ေလ့လာမႈတစ္ခု အရ ၁၉၉၉ခုနစ္မွာ ေယာက်္ားေလး ၁၂.၃ ရာခုိင္ႏႈန္း နဲ႔ မိန္းကေလး ၁၁.၃ ရာခိုင္ႏႈန္း သာ စအိုနဲ ့လိင္ဆက္ဆံျခင္း ကို ျပဳလုပ္ခဲ့ၾကတာပါ။ ဘယ္လိုပံုစံနဲ႔ အတူေနေန လိင္မွတစ္ဆင့္ ကူးစက္ေရာဂါမ်ားကို ကာကြယ္ဖို႔ ကြန္ဒံုးကို အသံုးျပဳသင့္ပါတယ္။
လိင္ဆက္ဆံျခင္း ဟာ သင့္ခ်စ္တဲ့သူအေပၚသင္ဘယ္လိုသေဘာထားတယ္ဆိုတာ ျပသႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းမဟုတ္တာကိုေတာ့ သတိျပဳသင့္ပါတယ္။
၁၄။ ရာသီစလာၿပီဆိုတာနဲ႔ ကိုယ္ဝန္ေဆာင္ႏိုင္ၿပီဆိုတာ မမွန္ပါဘူး။
မိန္းကေလးတစ္ေယာက္ဟာ ရာသီလာၿပီးတာနဲ႔ ကိုယ္ဝန္ရႏိုင္တယ္လို႔ ဆိုခဲ့ေပမယ့္ ကိုယ္ဝန္ေဆာင္ဖို႔ အဆင္သင့္ျဖစ္တာေတာ့ မဟုတ္ပါဘူး။ ရာသီလာတယ္ဆိုတာ အပ်ိဳေဖာ္ဝင္တယ္ဆိုတဲ့ အဓိပၸာယ္ပါ။ ခ်စ္တင္းႏွီးေႏွာဖို႔ အခ်က္ျပတာ မဟုတ္ပါဘူး။ အတူေနတယ္ဆိုတာ တစ္ဦးတစ္ေယာက္ခ်င္းစီနဲ႔ဆိုင္တဲ့ စိတ္ခံစားခ်က္ပါ။ ၿဗိတိန္ႏိုင္ငံမွာ မိန္းကေလးတစ္ေယာက္က အသက္ ၁၆ႏွစ္နဲ႔ အထက္မွသာ ခ်စ္တင္းေႏွာျခင္းအမႈကို ျပဳၾကပါတယ္။
ေရးသားသူ Wathun Myat Chal
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.
Unicodeဖြင့်ဖတ်ရန်
လိင်မှုကိစ္စနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် ၁၄ ချက်
========
၁။ ပထမဆုံးအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်က ပထမဆုံးအကြိမ် ချစ်တင်းနှောရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူးလို့ သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အမှန်ကတော့ ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အကာအကွယ်မသုံးရင်တော့ ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်ပါတယ်။
ယောကျ်ားလေးတစ်ယောက်က သူ့ရဲ့ပထမအကြိမ် အတူနေရုံနဲ့ မိန်းကလေးအား ကိုယ်ဝန်ရစေနိုင်ပါတယ်။ မိန်းကလေးအတွက်က ပထမအကြိမ် ဓမ္မတာလာပြီးသည့်အချိန်မှစ၍ ကိုယ်ဝန်ဆောင်နိုင်ပါပြီ။ ရာသီစက်ဝန်း ကို လေ့လာကြည့်ပါ။
တားဆေးသုံးခြင်းက မလိုချင်သော ကိုယ်ဝန်ရရှိခြင်းကို တားဆီးပေးပါတယ်။ ကွန်ဒုံး ကို အသုံးပြုမယ်ဆိုရင်တော့ လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါ တွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အတူမနေခင်မှာ သင့်အဖော်နဲ့ ဘယ်လိုအကာအကွယ်သုံးမလဲဆိုတာ တိုင်ပင်ပြီး သေချာအသုံးပြုသင့်ပါတယ်။ အသုံးပြုသင့်တဲ့ တားဆေးတွေ၊ ကွန်ဒုံး တွေအကြောင်းကို လေ့လာကြည့်ပါ။
၂။ သုက်မလွှတ်ခင် လိင်တံအပြင်ထုတ်ခြင်းကလဲ သင့်ကို ကိုယ်ဝန်ရသွားစေနိုင်ပါတယ်။
ဆက်ဆံဖော် အမျိုးသားက သုက်မလွှတ်ခင် လိင်တံ အပြင်ထုတ်ခြင်းဖြင့်လဲ ကိုယ်ဝန်ရရှိနိုင်ခြင်းကို မတားဆီးနိုင်ပါဘူး။ အမျိုးသားတွေ သုက်မလွှတ်ခင် လိင်စိတ်လှုပ်ရှားမှုကြောင့်သုက်မလွှတ်ခင် ထွက်တဲ့ အရည်ကြည် ထဲမှာ သုက်ကောင်တွေ ပါရှိတတ်ပါတယ်။ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရဖို့ သုက်ကောင် တစ်ကောင်သာ လိုအပ်တာပါ။ ဒါ့အပြင် ထိုအရည်ကြည်ထဲမှာ လိင်ကြောင့် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေပါဝင်တာကြောင့် သုက်မလွှတ်ခင် အပြင်ထုတ်ခြင်းဟာလည်း လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) ကိုလည်း မကာကွယ်နိုင်ပါဘူး။
တကယ်လို့ သင့်ဆက်ဆံဖော်အမျိုးသားက သုက်မလွှတ်ခင် အပြင်ထုတ်ပေးမယ်လို့ ပြောရင် မယုံပါနဲ့။ ဘယ်သူမှ အဲ့ဒီစိတ်ကို မထိန်းနိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးကို အသုံးပြုပါ။ ကွန်ဒုံးက လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်ရောဂါ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်မလိုချင်ပါက တခြား သားဆက်ခြား နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါတယ်။
၃။ ရာသီလာစဉ် ချစ်တင်းနှောလျှင်လည်း ကိုယ်ဝန်ရနိုင်ပါတယ်
ရာသီလာစဉ် အတူနေပါက ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ ကောလဟာလကို ကြားဖူးမှာပါ။ အမှန်က အမျိုးသမီးတစ်ဦးက ဘယ်အချိန်မှာမဆို အကာအကွယ်မသုံးဘဲ အတူနေပါက ကိုယ်ဝန်ရနိုင်ပါတယ်။ သုက်ကောင်တွေက သင့်ကိုယ်တွင်းမှာ ရက်အတန်ကြာ အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာစဉ် အတူနေသော်လည်း အချိန်အတန်ကြာ အသက်ရှင်နိုင်သော သုက်ကောင်တွေက သင့်ကို ကိုယ်ဝန်ရသွားစေနိုင်ပါတယ်။
၄။ ချစ်တင်းနှောတဲ့ ပုံစံတွေကလည်း ကိုယ်ဝန်ရခြင်းကို မတားဆီးနိုင်ပါဘူး။
ထိုင်ထလုပ်တာတွေ၊ မတ်တပ်ရပ်ချစ်တင်းနှောတာ၊ ထိုင်လျက်ချစ်တင်းနှောတာတွေက ကိုယ်ဝန်မရစေနိုင်ဘူးဆိုတဲ့ စကားအမှားတွေကိုလဲ မယုံသင့်ပါဘူး။ ကိုယ်ဝန်မရအောင် အတူနေလို့ရတဲ့ ပုံစံ၊ နေရာဆိုတာ မရှိပါဘူး။ အကာအကွယ်တစ်မျိုးမျိုး၊ ကွန်ဒုံးသုံးမှသာ တားဆီးနိုင်မှာပါ။ ဘယ်လိုပုံစံ ဘယ်လိုနေရာမှာ အတူနေပါစေ၊ သုက်ကောင်နဲ့ မျိုးဥ ပေါင်းမိပါက ကိုယ်ဝန်ရရှိမှာပါ။
၅။ ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကြောင့် ကိုယ်ဝန်မရနိုင်ပါဘူး
သုက်ရည်ကို မျိုချမိလို့ ကိုယ်ဝန်မရနိုင်ပါဘူး။ သို့သော် ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကြောင့် ကာလသားရောဂါ၊ ရေယုန် စတဲ့ လိင်မှတစ်ဆင့်ကူးစက်သောရောဂါ များဖြစ်စေနိုင်ပါတယ်။ အမျိုးသားအတွက် ကွန်ဒုံး၊ အမျိုးသမီးအတွက် အကာအကွယ် ( ပါးစပ်နဲ့ လိင်ဆက်ဆံလျှင် သုံးတဲ့ အကာအကွယ်ပစ္စည်း) တို့ကို အသုံးပြုသင့်ပါတယ်။
၆။ အရက်သောက်ခြင်းသည် အိပ်ရာပေါ်က သင့်စွမ်းဆောင်ရည်ကို မတိုးတက်စေပါဘူး
အရက်သောက်ပြီးချစ်တင်းနှောပါက စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ ပြောကြပါတယ်။ အမှန်ကတော့ အန္တရာယ်တောင် ပိုများနိုင်ပါတယ်။ သင်အဆင်သင့်မဖြစ်ဘဲ အတူနေမိခြင်း၊ သင်သဘောမကျတဲ့သူနဲ့ အတူနေမိခြင်း စတဲ့ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိနိုင်ပါတယ်။ အရက်သောက်ခြင်းက သင့်ကို အတွေ့အကြုံကောင်းတွေ ရစေမှာ မဟုတ်ပါဘူး။ နောင်တတွေသာ ရရှိလာပါလိမ့်မယ်။
၇။ ပလပ်စတစ်အိတ်အမျိုးမျိုးကို ကွန်ဒုံးအစား သုံးလို့မရပါဘူး
ပလတ်စတစ်အိတ်၊ clingfirm၊ crisp packet စတဲ့ ပလပ်စတစ်အိတ်တွေကို ချစ်တင်းနှောရာမှာ အသုံးမပြုသင့်ပါဘူး။ ကွန်ဒုံးကသာ လိင်မှတစ်ဆင့်ကူးစက်ရောဂါများ ကို ကာကွယ်နိုင်တာပါ။ ကွန်ဒုံးအခမဲ့ရနိုင်တဲ့နေရာတွေကတော့ –
လူထုမျိုးပွားကျန်းမာရေး ဆေးပေးခန်းများ
လိင်ကျန်းမာရေး ဆေးခန်းများ
တခြား ဆေးခန်းဆေးဆိုင်တွေမှာလည်း ဝယ်နိုင်ပါတယ်။ စံချိန်စံနှုန်းနဲ့ ကိုက်ညီကြောင်း ပြတဲ့ အမှတ်အသားပါမပါ ကို သေချာ ဂရုစိုက် စစ်ဆေးပါ။
၈။ ယောကျ်ားလေးတစ်ယောက်ဟာ ချစ်မှုချစ်ရာမပြုဘူးဆိုရင် သူ့ရဲ့ဝှေးစေ့က ကွဲထွက်သွားနိုင်တယ်ဆိုတာ အမှားပါ။
ချစ်မှုချစ်ရာ ပြုခြင်း မပြုခြင်းက သင့်ရဲ့လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်မှုမရှိနိုင်ပါဘူး။ ဝှေးစေ့လဲ မကွဲနိုင်ပါဘူး။ ယောက်ျားလေးတစ်ယောက်မှာ သုက်ကောင်ထုတ်လုပ်မှုက အမြဲဖြစ်ပွားနေတာပါ။ သုက်မလွှတ်ရင် ခန္ဓာကိုယ်က စုပ်ယူသွားမှာပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ လိင်ကိစ္စအိပ်မက်မက်ခြင်း ဖြင့် သုက်လွှတ်မှု ဖြစ်ပေါ်တတ်ပါတယ်။ ချစ်တင်းနှောမှ မဟုတ်ပါဘူး။ ပိုမိုသိရှိလိုပါက ယောကျ်ားလေးခန္ဓာဗေဒကို လေ့လာပါ။
၉။ ကွန်ဒုံးကို ပြန်လျှော်ပြီး အသုံးပြုခြင်း မပြုလုပ်သင့်ပါ။
သုံးပြီးသား ကွန်ဒုံးကို ပြန်အသုံးပြုနိုင်တယ်လို့ပြောရင် မယုံကြည်ပါနဲ့။ ကွန်ဒုံးဆိုတာ တစ်ခါသုံး ပစ္စည်းပါ။ သုံးပြီးရင် လွှင့်ပစ်ရမှာပါ။ နောက်တစ်ခါ အတူနေမယ်ဆိုရင် အသစ်တစ်ခု ထပ်ဝယ်ပါ။ ဒါဟာ အမျိုးသားသုံးအတွက်သာမက အမျိုးသမီးသုံးအတွက်ပါ အကျုံးဝင်ပါတယ်။ တကယ့်လက်တွေ့မှာ ကွန်ဒုံးကို မိနစ်သုံးဆယ်ထက် ပိုပြီး အသုံးမပြုသင့်ပါဘူး။ ပွတ်တိုက်မှုများလာတဲ့အခါ ကွန်ဒုံးပေါက်ပြဲ ပျက်စီးဖို့ ပိုမိုလွယ်ကူစေလို့ပါ။ ကွန်ဒုံးအသုံးပြုပုံပြုနည်းကို လေ့လာသင့်ပါတယ်။
၁၀။ တစ်ကြိမ်တစ်ခါ အတူနေရုံနဲ့လဲ ကိုယ်ဝန်ရနိုင်ပါတယ်။
အကြိမ်ရေများများ အတူနေမှ ကိုယ်ဝန်ရနိုင်တယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ တစ်ကြိမ်တစ်ခါနဲ့လဲ ကိုယ်ဝန်ရနိုင်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်ဝန်ရဖို့အတွက် သုက်ကောင်တစ်ကောင်နဲ့ မျိုးဥတစ်လုံးပဲ လိုအပ်တာပါ။ ကိုယ်ဝန်မလိုချင်ပါက တားဆေး တစ်မျိုးမျိုး၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ကာကွယ်ရန်အတွက် ကွန်ဒုံး တို့ကို သုံးသင့်ပါတယ်။
၁၁။ လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်သောရောဂါများ ရှိတိုင်းလဲ လက္ခဏာ အမြဲမပြပါဘူး
သင်ကြားဖူးမှာပါ။ လိင်မှတစ်ဆင့်ကူးစက်သော ရောဂါ ရှိပါက ဆီးသွား၊ ဝမ်းသွားရင် နာကျင်မယ်၊ အနံ့အသက်မကောင်းဘူး ဆိုတာတွေက အမြဲ မမှန်ပါဘူး။ လူတော်တော်များများက ဒီရောဂါရှိနေရင်တောင် သတိမမူမိတတ်ကြပါဘူး။ လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ ဒီရောဂါတွေ ရှိမရှိ မသိနိုင်ပါဘူး။ သင့်မှာ ဒီရောဂါ ရှိတယ်လို့ သံသယရှိပါက ဆေးခန်း တစ်ခုခုမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။
၁၂။ အမျိုးသမီးအချင်းချင်း ချစ်တင်းနှောရင်လည်း လိင်မှတစ်ဆင့်ရောဂါများ ကူးစက်နိုင်ပါတယ်။
အမျိုးသမီးအချင်းချင်း မကူးစက်ဘူးလို့ မထင်ပါနဲ့။ တစ်ယောက်မှာ ဒီရောဂါတွေ ရှိရင် အတူနေတဲ့သူတွေကို အမျိုးသမီးအင်္ဂါက ထွက်တဲ့ အရည်၊ သွေးနဲ့ ကိုယ်ခန္ခာမှထွက်တဲ့အရည်က တဆင့် ကူးစက်နိုင်ပါသည်။
အတူအသုံးပြုမယ့် လိင်အရုပ် တွေကို ကွန်ဒုံးစွပ်ပြီးမှ အသုံးပြုသင့်ပါတယ်။ ပါးစပ်နဲ့လိင်ဆက်ဆံခြင်း လုပ်ပါက ပါးစပ်အကာအကွယ် dam ကိုအသုံးပြုသင့်ပါ။
အကယ်၍ အမျိုးသမီးက အမျိုးသားနဲ့လည်း လိင်ဆက်ဆံမှုပြုတယ်ဆိုရင် မလိုချင်သော ကိုယ်ဝန်န ဲ့ ကူးစက်ရောဂါများ ကာကွယ်ရန် တားဆေးနဲ့ကွန်ဒုံး အသုံးပြုသင့်ပါတယ်။
၁၃။ မိန်းမလျာ တိုင်းက စအိုနဲ့လိင်ဆက်ဆံခြင်း မလုပ်ကြပါဘူး။
မိန်းမလျာ တိုင်း စအိုနဲ့လိင်ဆက်ဆံခြင်း မလုပ်ကြပါဘူး။ စအိုနဲ့လိင်ဆက်ဆံခြင်း ဆိုတာ တခြား ချစ်တင်းနှောခြင်းတွေလိုမျိုး ဖြစ်စဉ် တစ်ခုပါပဲ။ မိန်းမလျာ မှ မဟုတ်ပါဘူး။ ယောက်ျားစစ်စစ် မိန်းမစစ်စစ် တွေမှာပါ တစ်ချို့က ဒါကို လက်ခံပြီး အတူနေကြသလို တစ်ချို့က လက်မခံကြပါဘူး။ လေ့လာမှုတစ်ခု အရ ၁၉၉၉ခုနစ်မှာ ယောကျ်ားလေး ၁၂.၃ ရာခိုင်နှုန်း နဲ့ မိန်းကလေး ၁၁.၃ ရာခိုင်နှုန်း သာ စအိုနဲ့လိင်ဆက်ဆံခြင်း ကို ပြုလုပ်ခဲ့ကြတာပါ။ ဘယ်လိုပုံစံနဲ့ အတူနေနေ လိင်မှတစ်ဆင့် ကူးစက်ရောဂါများကို ကာကွယ်ဖို့ ကွန်ဒုံးကို အသုံးပြုသင့်ပါတယ်။
လိင်ဆက်ဆံခြင်း ဟာ သင့်ချစ်တဲ့သူအပေါ်သင်ဘယ်လိုသဘောထားတယ်ဆိုတာ ပြသနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းမဟုတ်တာကိုတော့ သတိပြုသင့်ပါတယ်။
၁၄။ ရာသီစလာပြီဆိုတာနဲ့ ကိုယ်ဝန်ဆောင်နိုင်ပြီဆိုတာ မမှန်ပါဘူး။
မိန်းကလေးတစ်ယောက်ဟာ ရာသီလာပြီးတာနဲ့ ကိုယ်ဝန်ရနိုင်တယ်လို့ ဆိုခဲ့ပေမယ့် ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်တာတော့ မဟုတ်ပါဘူး။ ရာသီလာတယ်ဆိုတာ အပျိုဖော်ဝင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ချစ်တင်းနှီးနှောဖို့ အချက်ပြတာ မဟုတ်ပါဘူး။ အတူနေတယ်ဆိုတာ တစ်ဦးတစ်ယောက်ချင်းစီနဲ့ဆိုင်တဲ့ စိတ်ခံစားချက်ပါ။ ဗြိတိန်နိုင်ငံမှာ မိန်းကလေးတစ်ယောက်က အသက် ၁၆နှစ်နဲ့ အထက်မှသာ ချစ်တင်းနှောခြင်းအမှုကို ပြုကြပါတယ်။
ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
0 Comments