Last post

ကလေးငယ်ကို လိင်တံထိပ်ဖုံးအရေပြားဖြတ်ခြင်း

ကေလးငယ္ကို လိင္တံထိပ္ဖုံးအေရျပားျဖတ္ျခင္း
==========
သင့္မွာ သားသားေလးေမြးထားပါသလား။သားသားေလးကို လိင္တံအေရျပား ျဖတ္သင့္မျဖတ္သင့္ စဥ္းစားေနပါသလား။ဒါဟာ မိသားစုကဆုံးျဖတ္ရမယ့္ ကိစၥပါ၊ဆရာဝန္က ဆုံးျဖတ္ေပးရမယ့္ ကိစၥမဟုတ္ပါဖူး။ဒါေၾကာင့္ လိင္တံအေရျပားျဖတ္ေပးဖို႕ ဆုံးျဖတ္ခ်က္မခ်ခင္ အေသအခ်ာ စဥ္းစားဖို႕လိုပါလိမ့္မယ္။ ေအာက္မွာ ေဖာ္ျပထားတဲ့ အခ်က္အလက္ေလးေတြက သင္ဆုံးျဖတ္ခ်က္ခ်ရာမွာ အေထာက္အကူျဖစ္ေစပါလိမ့္မယ္။
သားသားေလးကို လိင္တံအေရျပား ျဖတ္ေပးသင့္သလား။

 သားသားေလးကို လိင္တံအေရျပားျဖတ္ေပးဖို႕ မဆုံးျဖတ္ခင္ မိသားစုအစည္းအေဝးထိုင္ျပီး ေအာက္ေဖာ္ျပပါ အခ်က္ေလးေတြကို ထည့္သြင္းစဥ္းစားေပးပါ။

    လိင္တံအေရျပားျဖတ္တာနဲ႕ ပတ္သက္ျပီး သင့္အေနနဲ႕ ဘယ္လိုျမင္သလဲ။
    လိင္တံအေရျပားျဖတ္တာနဲ႕ ပတ္သက္ျပီး သင့္ဘာသာေရးက ဘယ္လိုျမင္လဲ။
    သင္ေကာ ဘယ္လိုထင္လဲ။ လိင္တံအေရျပားျဖတ္တာဟာ သင္နဲ႕ သင့္မိသားစုအတြက္ အေရးၾကီးတယ္လို႕ ထင္ပါသလား။
    ကေလးအေဖကေရာ လိင္တံအေရျပား ျဖတ္ထားလား။လိင္တံပံုစံေကာ တူလား။မတူဖူးဆိုရင္ ဒါဟာ အေရးၾကီးတယ္လို႕ ထင္ပါသလား။

လိင္တံအေရျပားျဖတ္ျခင္းရဲ့ ေကာင္းတဲ့အခ်က္ေတြ

 ဒီလုပ္ေဆာင္မႈကို ေယာက်္ားေလးတိုင္း မျဖစ္မေန လုပ္ေဆာင္သင့္ပါတယ္လို႕ ေျပာရေလာက္တဲ့ အက်ိဳးေက်းဇူးေတြေတာ့ မရွိပါဖူး။ဒါေၾကာင့္  သင့္အေနနဲ႕ သားသားေလးကို လိင္တံအေရျပားျဖတ္ေပးသင့္တယ္လို႕ ဆုံးျဖတ္ျပီးရင္ ဆရာဝန္နဲ႕ အျမဲတမ္း ေဆြးေႏြးသင့္ပါတယ္။ေအာက္မွာေဖာ္ျပထားတဲ့ ေကာင္းက်ိဳးေတြကိုေတာ့ ရရွိႏိုင္ပါတယ္။

    လိင္တံအေရျပားျဖတ္ျခင္းဟာ ဆီးလမ္းေၾကာင္းဆိုင္ရာ ကူးစက္ပိုးဝင္တာေတြ၊လိင္တံကင္ဆာ(အရြယ္ေရာက္လာတဲ့အခါ) ေတြကို ကာကြယ္ေပးႏိုင္သလို လိင္မွတဆင့္ကူးစက္တတ္တဲ့ ေရာဂါေတြ ျဖစ္ပြါးႏွုန္းကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

လိင္တံအေရျပားျဖတ္ျခင္းဟာ ဘာအႏၲရာယ္ေတြ ရွိႏိုင္လဲ။

လိင္တံအေရျပားျဖတ္ျခင္းဟာ ေယဘုယ်အားျဖင့္ စိတ္ခ်ရတယ္ဆိုေပမယ့္ ရွားရွားပါးပါး ေနာက္ဆက္တြဲ ျပႆနာေတြျဖစ္တဲ့ ပိုးဝင္တာ၊ေသြးထြက္တာ ဒါမွမဟုတ္ ျဖတ္လိုက္တဲ့ အေရျပားပမာဏ နည္းသြားတာမ်ိဳးေတြလည္း ျဖစ္ႏိုင္ပါတယ္။ ျဖစ္ႏိုင္တဲ့ အဆိုးရြားဆုံး ေနာက္ဆက္တြဲ ျပႆနာေတြကို ေအာက္မွာ ေဖာ္ျပေပးထားပါတယ္။

    လိင္တံနဲ႕ ဆီးလမ္းေၾကာင္းတေလွ်ာက္ ရာင္ရမ္းတာ ဒါမွမဟုတ္ တျခားျပႆနာေတြျဖစ္လာတာ။
    လိင္တံထိခိုက္ဒါဏ္ရာ ရတာ။
    ဖယ္ထုတ္လိုက္တဲ့ အေရျပားပမာဏ လိုအပ္တာထက္ မ်ားသြားတဲ့အတြက္ ေနာင္အရြယ္ေရာက္လာလို႕ လိင္တံေထာင္မတ္တဲ့အခါ နာက်င္တာေတြ။
    လိင္ဆက္ဆံတဲ့အခ်ိန္မွာ ထိေတြ့ခံစားႏိုင္မႈ ေလ်ာ့နည္းသြားတာ စတာေတြပဲ ျဖစ္ပါတယ္။

ဒီ ေနာက္ဆက္တြဲကိစၥေတြဟာ ရွားရွားပါးပါး ျဖစ္တတ္တာမ်ိဳးဆိုေပမယ့္ သင့္အေနနဲ႕ သင့္ကေလးကို လိင္တံအေရျပား မျဖတ္ေပးခင္မွာ  ဒီျပႆနာေတြကို အေသအခ်ာစဥ္းစားသင့္ပါတယ္။
သင့္ကေလးကို လိင္တံအေရျပား ျဖတ္ေပးဖို႕ ဆုံးျဖတ္ျပီးျပီဆိုရင္

သင့္ကေလးကို လိင္တံအေရျပား ျဖတ္ေပးဖို႕ ဆုံးျဖတ္ျပီးျပီဆိုရင္ ျဖစ္ႏိုင္သမွ်အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေပးပါ။

တခ်ိဳ႕ကြၽမ္းက်င္သူေတြက လိင္တံအေရျပားျဖတ္ျခင္းဟာ ေစာေစာလုပ္ေပးသင့္တယ္လို႕ ယူဆျပီး တခ်ိဳ႕ကေတာ့ ကေလးအသက္ၾကီးလာတဲ့အထိ ေစာင့္ျပီး သူ႕ဖာသာ ဆုံးျဖတ္ေစတာပိုေကာင္းတယ္လို႕ ဆိုၾကျပန္ပါတယ္။ဒါ့ေၾကာင့္ သင့္အေနနဲ႕ ဒီကိစၥနဲ႕ပတ္သတ္ျပီး(လုပ္ေပးသင့္တဲ့ အရြယ္နဲ႕ ပတ္သက္ျပီး) ဆရာဝန္နဲ႕ အေသအခ်ာ ေဆြးေႏြးပါ။

ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ေတြ၊ေနာက္ဆက္တြဲျပႆနာေတြကို အတတ္ႏိုင္ဆုံး ေလွ်ာ့ခ်ေပးႏိုင္ဖို႕အတြက္ ကြၽမ္းက်င္တဲ့ ပညာရွင္နဲ႕ပဲ ျပဳလုပ္ပါ။

ဆရာဝန္နဲ႕ ေအာက္ပါအခ်က္ေတြကို ေဆြးေႏြးေမးျမန္းပါ။

    လိင္တံအေရျပားျဖတ္တာကို ဘယ္လိုလုပ္မွာလဲ။
    ဘယ္အခ်ိန္မွာ လုပ္မွာလဲ။။
    ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ေတြ၊ေနာက္ဆက္တြဲျပႆနာေတြက ဘာေတြလဲ စသျဖင့္ ေမးျမန္းပါ။

လိင္တံအေရျပားျဖတ္တာဟာ နာက်င္ေစမွာ ျဖစ္တဲ့အတြက္ ဒါကို သက္သာေစဖို့ သင့္ဆရာဝန္အေနနဲ႕ ထံုေဆး/ေမ့ေဆးေတြကို အသုံးျပဳပါလိမ့္မယ္။ သင့္သားသားေလးအေနနဲ႕ ဒီခြဲစိတ္မႈ အေသးစားေလးနဲ႕ ပတ္သက္ျပီး ဘာမွမွတ္မိမွာ မဟုတ္ပါဖူး။
ခြဲစိတ္မႈ ျပဳလုပ္ျပီးတဲ့အခါ

လိင္တံအေရျပားက အနာက်က္ဖို႕ အၾကမ္းဖ်ဥ္းအေနနဲ႕ ၁၀ရက္ေလာက္ၾကာေလ့ရွိပါတယ္။ ဒါေၾကာင့္ သင့္သားေလးမွာ ပိုးဝင္တာ အပါအဝင္ တျခား ေနာက္ဆက္တြဲျပႆနာေတြ ျဖစ္မလာေအာင္ ဂ႐ုစိုက္ေပးရမယ့္ တာဝန္သင့္မွာ အျပည့္ရွိပါတယ္။

    ျဖတ္ထားတဲ့ေနရာကို ေရေႏြးေႏြးသန္႕သန္႕ေလးနဲ႕ ေဆးေၾကာသန္႕စင္ေပးပါ။
    ေခ်ာဆီေလးကို ဆရာဝန္ ညႊန္ၾကားတဲ့အတိုင္း သုံးစြဲေပးပါ။
    ေသြးနည္းနည္းထြက္တာ၊ အဝါေရာင္အရည္ေလးေတြထြက္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ဒီလိုမ်ိဳးျဖစ္လာခဲ့ရင္ အဲ့ဒီ့ေနရာကို မပြတ္ပါနဲ႕။ibuprofen ဒါမွမဟုတ္ paracetamol စတဲ့ အကိုက္အခဲေပ်ာက္ေဆးေလးေတြတိုက္ဖို႕ သင့္ဆရာဝန္က ညႊန္ၾကားပါလိမ့္မယ္။
    ခပ္ေပ်ာ့ေပ်ာ့နဲ႕ အရမ္းၾကီးမတင္းက်ပ္တဲ့ အဝတ္အစားေလးေတြကို ဝတ္ေပးထားပါ။ဒါမွ သင့္သားသားေလး ေနရတာ သက္ေတာင့္သက္သာရွိမွာပါ။

ဘယ္အခ်ိန္မွာ ဆရာဝန္ ျပန္ျပရမလဲ။

 လိင္တံအေရျပား ျဖတ္ျပီးခ်ိန္မွာ ေအာက္ပါ လကၡဏာေတြျပလာမယ္ဆိုရင္ ဆရာဝန္ကို အေၾကာင္းၾကားပါ။

    ေသြးအရမ္းထြက္တာ၊ေရာင္ရမ္းတာမ်ိဳးက ႏွစ္ပတ္ေက်ာ္တဲ့အထိ ေပ်ာက္မသြားဖူး။
    ကေလး အဖ်ားတက္ေနတယ္။
    အစိမ္းေရာင္ အရည္ေလးေတြ ထြက္ေနတယ္(ပိုးဝင္တဲ့ လကၡဏာေတြေပါ့)။
    သားသားေလး ဆီးမသြားႏိုင္ဖူး ဒါမွမဟုတ္ ဆီးသြားရင္ နာေနတယ္။

ဒီလိုေတြ ၾကံဳေတြ့လာရျပီဆိုရင္ ေဆး႐ံု/ေဆးခန္းဆီ အျမန္သြားပါ။

သင့္ကေလးကို လိင္တံအေရျပား ျဖတ္ေပးျခင္းဟာ ေကာင္းတဲ့အခ်က္ေတြရွိသလို မေကာင္းတဲ့ ေနာက္ဆက္တြဲ ျပႆနာေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။ဒါေၾကာင့္ သင့္အေနနဲ႕ ဆုံးျဖတ္ခ်က္မခ်ခင္မွာ ဒီလုပ္ေဆာင္မႈဟာ သင့္ကေလးအတြက္ သင့္ေတာ္ရဲ့လားဆိုတာ ဆရာဝန္နဲ႕ အေသအခ်ာ ေဆြးေႏြးတိုင္ပင္ပါ။

 ေရးသားသူ Dr. Thiha Phyo Myint
 ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. K Zin Thwe.

Unicodeဖြင့်ဖတ်ရန်

ကလေးငယ်ကို လိင်တံထိပ်ဖုံးအရေပြားဖြတ်ခြင်း
==========
သင့်မှာ သားသားလေးမွေးထားပါသလား။သားသားလေးကို လိင်တံအရေပြား ဖြတ်သင့်မဖြတ်သင့် စဉ်းစားနေပါသလား။ဒါဟာ မိသားစုကဆုံးဖြတ်ရမယ့် ကိစ္စပါ၊ဆရာဝန်က ဆုံးဖြတ်ပေးရမယ့် ကိစ္စမဟုတ်ပါဖူး။ဒါကြောင့် လိင်တံအရေပြားဖြတ်ပေးဖို့ ဆုံးဖြတ်ချက်မချခင် အသေအချာ စဉ်းစားဖို့လိုပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်လေးတွေက သင်ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။
သားသားလေးကို လိင်တံအရေပြား ဖြတ်ပေးသင့်သလား။

 သားသားလေးကို လိင်တံအရေပြားဖြတ်ပေးဖို့ မဆုံးဖြတ်ခင် မိသားစုအစည်းအဝေးထိုင်ပြီး အောက်ဖော်ပြပါ အချက်လေးတွေကို ထည့်သွင်းစဉ်းစားပေးပါ။

    လိင်တံအရေပြားဖြတ်တာနဲ့ ပတ်သက်ပြီး သင့်အနေနဲ့ ဘယ်လိုမြင်သလဲ။
    လိင်တံအရေပြားဖြတ်တာနဲ့ ပတ်သက်ပြီး သင့်ဘာသာရေးက ဘယ်လိုမြင်လဲ။
    သင်ကော ဘယ်လိုထင်လဲ။ လိင်တံအရေပြားဖြတ်တာဟာ သင်နဲ့ သင့်မိသားစုအတွက် အရေးကြီးတယ်လို့ ထင်ပါသလား။
    ကလေးအဖေကရော လိင်တံအရေပြား ဖြတ်ထားလား။လိင်တံပုံစံကော တူလား။မတူဖူးဆိုရင် ဒါဟာ အရေးကြီးတယ်လို့ ထင်ပါသလား။

လိင်တံအရေပြားဖြတ်ခြင်းရဲ့ ကောင်းတဲ့အချက်တွေ

 ဒီလုပ်ဆောင်မှုကို ယောကျ်ားလေးတိုင်း မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်လို့ ပြောရလောက်တဲ့ အကျိုးကျေးဇူးတွေတော့ မရှိပါဖူး။ဒါကြောင့်  သင့်အနေနဲ့ သားသားလေးကို လိင်တံအရေပြားဖြတ်ပေးသင့်တယ်လို့ ဆုံးဖြတ်ပြီးရင် ဆရာဝန်နဲ့ အမြဲတမ်း ဆွေးနွေးသင့်ပါတယ်။အောက်မှာဖော်ပြထားတဲ့ ကောင်းကျိုးတွေကိုတော့ ရရှိနိုင်ပါတယ်။

    လိင်တံအရေပြားဖြတ်ခြင်းဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်တာတွေ၊လိင်တံကင်ဆာ(အရွယ်ရောက်လာတဲ့အခါ) တွေကို ကာကွယ်ပေးနိုင်သလို လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွါးနှုန်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

လိင်တံအရေပြားဖြတ်ခြင်းဟာ ဘာအန္တရာယ်တွေ ရှိနိုင်လဲ။

လိင်တံအရေပြားဖြတ်ခြင်းဟာ ယေဘုယျအားဖြင့် စိတ်ချရတယ်ဆိုပေမယ့် ရှားရှားပါးပါး နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ပိုးဝင်တာ၊သွေးထွက်တာ ဒါမှမဟုတ် ဖြတ်လိုက်တဲ့ အရေပြားပမာဏ နည်းသွားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အဆိုးရွားဆုံး နောက်ဆက်တွဲ ပြဿနာတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

    လိင်တံနဲ့ ဆီးလမ်းကြောင်းတလျှောက် ရာင်ရမ်းတာ ဒါမှမဟုတ် တခြားပြဿနာတွေဖြစ်လာတာ။
    လိင်တံထိခိုက်ဒါဏ်ရာ ရတာ။
    ဖယ်ထုတ်လိုက်တဲ့ အရေပြားပမာဏ လိုအပ်တာထက် များသွားတဲ့အတွက် နောင်အရွယ်ရောက်လာလို့ လိင်တံထောင်မတ်တဲ့အခါ နာကျင်တာတွေ။
    လိင်ဆက်ဆံတဲ့အချိန်မှာ ထိတွေ့ခံစားနိုင်မှု လျော့နည်းသွားတာ စတာတွေပဲ ဖြစ်ပါတယ်။

ဒီ နောက်ဆက်တွဲကိစ္စတွေဟာ ရှားရှားပါးပါး ဖြစ်တတ်တာမျိုးဆိုပေမယ့် သင့်အနေနဲ့ သင့်ကလေးကို လိင်တံအရေပြား မဖြတ်ပေးခင်မှာ  ဒီပြဿနာတွေကို အသေအချာစဉ်းစားသင့်ပါတယ်။
သင့်ကလေးကို လိင်တံအရေပြား ဖြတ်ပေးဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်

သင့်ကလေးကို လိင်တံအရေပြား ဖြတ်ပေးဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဖြစ်နိုင်သမျှအကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ။

တချို့ကျွမ်းကျင်သူတွေက လိင်တံအရေပြားဖြတ်ခြင်းဟာ စောစောလုပ်ပေးသင့်တယ်လို့ ယူဆပြီး တချို့ကတော့ ကလေးအသက်ကြီးလာတဲ့အထိ စောင့်ပြီး သူ့ဖာသာ ဆုံးဖြတ်စေတာပိုကောင်းတယ်လို့ ဆိုကြပြန်ပါတယ်။ဒါ့ကြောင့် သင့်အနေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး(လုပ်ပေးသင့်တဲ့ အရွယ်နဲ့ ပတ်သက်ပြီး) ဆရာဝန်နဲ့ အသေအချာ ဆွေးနွေးပါ။

ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊နောက်ဆက်တွဲပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ပဲ ပြုလုပ်ပါ။

ဆရာဝန်နဲ့ အောက်ပါအချက်တွေကို ဆွေးနွေးမေးမြန်းပါ။

    လိင်တံအရေပြားဖြတ်တာကို ဘယ်လိုလုပ်မှာလဲ။
    ဘယ်အချိန်မှာ လုပ်မှာလဲ။။
    ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ စသဖြင့် မေးမြန်းပါ။

လိင်တံအရေပြားဖြတ်တာဟာ နာကျင်စေမှာ ဖြစ်တဲ့အတွက် ဒါကို သက်သာစေဖို့ သင့်ဆရာဝန်အနေနဲ့ ထုံဆေး/မေ့ဆေးတွေကို အသုံးပြုပါလိမ့်မယ်။ သင့်သားသားလေးအနေနဲ့ ဒီခွဲစိတ်မှု အသေးစားလေးနဲ့ ပတ်သက်ပြီး ဘာမှမှတ်မိမှာ မဟုတ်ပါဖူး။
ခွဲစိတ်မှု ပြုလုပ်ပြီးတဲ့အခါ

လိင်တံအရေပြားက အနာကျက်ဖို့ အကြမ်းဖျဉ်းအနေနဲ့ ၁၀ရက်လောက်ကြာလေ့ရှိပါတယ်။ ဒါကြောင့် သင့်သားလေးမှာ ပိုးဝင်တာ အပါအဝင် တခြား နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင် ဂရုစိုက်ပေးရမယ့် တာဝန်သင့်မှာ အပြည့်ရှိပါတယ်။

    ဖြတ်ထားတဲ့နေရာကို ရေနွေးနွေးသန့်သန့်လေးနဲ့ ဆေးကြောသန့်စင်ပေးပါ။
    ချောဆီလေးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သုံးစွဲပေးပါ။
    သွေးနည်းနည်းထွက်တာ၊ အဝါရောင်အရည်လေးတွေထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ဒီလိုမျိုးဖြစ်လာခဲ့ရင် အဲ့ဒီ့နေရာကို မပွတ်ပါနဲ့။ibuprofen ဒါမှမဟုတ် paracetamol စတဲ့ အကိုက်အခဲပျောက်ဆေးလေးတွေတိုက်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
    ခပ်ပျော့ပျော့နဲ့ အရမ်းကြီးမတင်းကျပ်တဲ့ အဝတ်အစားလေးတွေကို ဝတ်ပေးထားပါ။ဒါမှ သင့်သားသားလေး နေရတာ သက်တောင့်သက်သာရှိမှာပါ။

ဘယ်အချိန်မှာ ဆရာဝန် ပြန်ပြရမလဲ။

 လိင်တံအရေပြား ဖြတ်ပြီးချိန်မှာ အောက်ပါ လက္ခဏာတွေပြလာမယ်ဆိုရင် ဆရာဝန်ကို အကြောင်းကြားပါ။

    သွေးအရမ်းထွက်တာ၊ရောင်ရမ်းတာမျိုးက နှစ်ပတ်ကျော်တဲ့အထိ ပျောက်မသွားဖူး။
    ကလေး အဖျားတက်နေတယ်။
    အစိမ်းရောင် အရည်လေးတွေ ထွက်နေတယ်(ပိုးဝင်တဲ့ လက္ခဏာတွေပေါ့)။
    သားသားလေး ဆီးမသွားနိုင်ဖူး ဒါမှမဟုတ် ဆီးသွားရင် နာနေတယ်။

ဒီလိုတွေ ကြုံတွေ့လာရပြီဆိုရင် ဆေးရုံ/ဆေးခန်းဆီ အမြန်သွားပါ။

သင့်ကလေးကို လိင်တံအရေပြား ဖြတ်ပေးခြင်းဟာ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် သင့်အနေနဲ့ ဆုံးဖြတ်ချက်မချခင်မှာ ဒီလုပ်ဆောင်မှုဟာ သင့်ကလေးအတွက် သင့်တော်ရဲ့လားဆိုတာ ဆရာဝန်နဲ့ အသေအချာ ဆွေးနွေးတိုင်ပင်ပါ။

 ရေးသားသူ Dr. Thiha Phyo Myint
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

0 Comments