Last post

အမျိုးသားတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုရဲ့ အရေးပါပုံ

အမ်ိဳးသားေတြအတြက္ တစ္ကိုယ္ရည္သန္႔ရွင္းမႈရဲ႕ အေရးပါပံု
===========
က်န္းမာေရးနဲ႔ တစ္ကိုယ္ရည္သန္႔ရွင္းမႈဟာ လူသားတိုင္းအတြက္ အလြန္အေရးၾကီးပါတယ္။ လူအမ်ားနဲ႔ ထိေတြ႔ဆက္ဆံေနရတဲ့ အမ်ိဳးသားေတြဟာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိေစဖို႔နဲ႔ တစ္ေန႔တာလံုး တက္ၾကြရႊင္လန္းေနေစဖို႔ ပိုျပီးေတာင္ ကိုယ့္ရဲ႕ တစ္ကိုယ္ရည္သန္႔ရွင္းေရးကို အေလးထားဖို႔ လိုအပ္ပါတယ္။

ေခါင္းအစ ေျခအဆံုး သန္႔ရွင္းသပ္ရပ္တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ ရုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ လန္းဆန္းတက္ၾကြလာမယ္။ လုပ္ငန္းခြင္မွာ ေအာင္ျမင္မႈရႏိုင္တဲ့အျပင္ ဆန္႔က်င္ဘက္လိင္ကိုပါ ဆြဲေဆာင္မႈ ရွိေစတယ္။ မိမိကိုယ္ကို ယံုၾကည္မႈ ရွိေစလို႔ အလုပ္အကိုင္ေတြ အဆင္ေျပေခ်ာေမြ႕ေစတယ္။ တစ္ေန႔တာလံုး လန္းဆန္းတက္ၾကြေနျပီး အားအင္ေတြ အျပည့္ ရွိေနမွာပါ။

ဒါဆိုရင္ အမ်ိဳးသားေတြအတြက္ အလြန္အေရးၾကီးျပီး ေမ့ထားလို႔ မျဖစ္တဲ့ ေန႔စဥ္ တစ္ကိုယ္ရည္သန္႔ရွင္းမႈဆိုင္ရာ အခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။
၁။ အေမႊးနံ႔သာ အသံုးျပဳပါ။

ခုေခတ္မွာေတာ့ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ား အေမႊးနံ႔သာေတြကို အသံုးျပဳလာၾကပါတယ္။ ဆံသားနဲ႔ မ်က္ႏွာအတြက္သာမက ေရေမႊး၊ ခ်ိဳင္းလိမ္းဆီ၊ ကိုယ္ခႏၶာအတြက္ ဖ်န္းတဲ့ စပေရး အစရွိတဲ့ အေမႊးနံ႔သာေတြ ေရပန္းစားလာပါတယ္။ ေနပူမေရွာင္၊ မိုးရြာမေရွာင္ အျပင္ထြက္ သြားလာေနရတဲ့ အမ်ိဳးသားေတြအတြက္ဆို ပိုျပီးေတာင္ လိုအပ္ပါတယ္။ ဒါ့အျပင္ ေခၽြးထြက္သန္တဲ့ အမ်ိဳးသားေတြဆိုရင္လည္း ပိုျပီး သံုးသင့္ပါတယ္။ ေမႊးရနံ႔သင္းပ်ံ႕ေနတဲ့အခါမွာ အလုပ္လုပ္ရတာလည္း စိတ္ကို ၾကည္လင္ေစတယ္။ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ရွိေစတယ္။ တစ္ပါးသူကိုလည္း ပိုျပီး ဆြဲေဆာင္မႈရွိေစပါတယ္။
၂။ တစ္ေန႔ ၂ၾကိမ္ မ်က္ႏွာသစ္ပါ။

မနက္အိပ္ယာ ထတဲ့အခ်ိန္နဲ႔ ညအိပ္ခါနီး အခ်ိန္ တစ္ေန႔ကို ၂ၾကိမ္တိတိ မ်က္ႏွာသစ္ဖို႔ လိုအပ္ပါတယ္။ တစ္ခါတေလ အျပင္သြားျပီး ျပန္လာရင္ ပင္ပန္းလြန္းတာေၾကာင့္ မ်က္ႏွာမသစ္၊ ကိုယ္လက္မေဆးေၾကာပဲ တန္းအိပ္တတ္တဲ့ အက်င့္ရွိရင္ေတာ့ ခုကတည္းက ေဖ်ာက္သင့္ပါျပီ။ ကိုယ့္အသားအေရနဲ႔ လိုက္ဖက္တဲ့ သိပ္မျပင္းတဲ့ ဆပ္ျပာနဲ႔ တစ္ေန႔ကို ၂ၾကိမ္ မွန္မွန္ မ်က္ႏွာသစ္ေပးျခင္းျဖင့္ အသားအေရ ေျခာက္တာ၊ အဆီျပန္တာ၊ အေရာင္မညီတာ ေလ်ာ့နည္းေစျပီး မ်က္ႏွာကိုလည္း ႏုပ်ိဳလန္းဆန္းေစပါတယ္။
၃။ ခံတြင္းသန္႔ရွင္းဖို႔လည္း မေမ့ပါနဲ႔။

အျပင္ပန္းအလွကို ဂရုစိုက္ျပီး ခံတြင္းကိုလည္း ေမ့လို႔မျဖစ္ပါဘူး။ ကိုယ့္ရဲ႕ ခံတြင္းကို ေသခ်ာသန္႔ရွင္းေရးမလုပ္ဘူးဆိုရင္ အနံ႔ဆိုးေတြ ထြက္ႏိုင္လို႔ ကိုယ္အပါအ၀င္ ေဘးနားက လူေတြပါ စိတ္ကသိကေအာက္ ျဖစ္ေစပါတယ္။ ဒါ့အျပင္ သြားၾကားထဲမွာ စားၾကြင္းစားက်န္ေတြ ကပ္ျငိေနရင္ ဘက္တီးရီးယားပိုးမႊားေတြ ေပါက္ဖြားလာႏိုင္ျပီး သြားကိုပါ ပ်က္စီးေစႏိုင္ပါတယ္။ ဒါေၾကာင့္ တစ္ေန႔ ၂ၾကိမ္ သြားေသခ်ာတိုက္ပါ။ အစာစားျပီးတိုင္း ပလုတ္က်င္းပါ။ စားၾကြင္းစားက်န္ေတြကို ဖယ္ရွားပစ္ဖို႔ သြားပြတ္ၾကိဳးကို ေန႔စဥ္အသံုးျပဳေပးပါ။
၄။ အတြင္းခံေတြကို ေန႔စဥ္လဲေပးပါ။

အ၀တ္အစားေတြေတာ့ ေန႔တိုင္းလဲ၀တ္ျပီး အတြင္းခံေတြကိုလည္း ေမ့ထားလို႔ မျဖစ္ဘူးေနာ္။ အမ်ိဳးသားေတြရဲ႕ လိင္အဂၤါတစ္၀ိုက္နဲ႔ ေပါင္ျခံတ၀ိုက္မွာ ေခၽြးမၾကာခဏ ထြက္ႏိုင္တဲ့အတြက္ အတြင္းခံဟာ ဘက္တီးရီးယားေတြ အေပါက္ဖြားႏိုင္ဆံုး ေနရာဆိုလည္း မမွားပါဘူး။ ဒါေၾကာင့္ အျပင္ကေန ျပန္လာတာနဲ႔ ကိုယ့္ရဲ႕ အ၀တ္အစားေတြ အကုန္လံုးကို ေလွ်ာ္ပါ။ ေန႔စဥ္ သန္႔ရွင္းတဲ့ အ၀တ္အစားေတြကိုသာ ၀တ္ဆင္ေပးပါ။
၅။ ေရမွန္မွန္ခ်ိဳးပါ။

ရာသီဥတုေအးလို႔၊ အခ်ိန္မရွိလို႔၊ ပ်င္းလို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ေရမခ်ိဳးပဲ ေနတာေတြ ရပ္လိုက္ပါေတာ့။ အမ်ိဳးသားေတြရဲ႕ ေန႔စဥ္ တစ္ကိုယ္ရည္သန္႔ရွင္းမႈမွာ ေရမွန္မွန္ခ်ိဳးေပးဖို႔လည္း အေရးၾကီးပါတယ္။ တစ္ေန႔ကို ၁ၾကိမ္၊ အျပင္သြားရတဲ့ ေန႔ေတြမွာဆိုရင္ ၂ၾကိမ္ ေရေအးနဲ႔ ျဖစ္ေစ၊ ေရပူေရေႏြးနဲ႔ျဖစ္ေစ ေရခ်ိဳးေပးဖို႔ အေရးၾကီးပါတယ္။ ဒါမွပဲ အျပင္ကေန ကပ္ပါလာတဲ့ ဖုန္မႈန္႔ေတြ၊ အညစ္အေၾကးေတြအျပင္ ကိုယ္ခႏၶာမွာ ေပါက္ဖြားလာႏိုင္တဲ့ ဘက္တီးရီးယားပိုးေတြကို သန္႔ရွင္းေပးႏုိင္ျပီး စိတ္ကို ၾကည္လင္လန္းဆန္းေစမွာပါ။
၆။ လက္သည္း၊ ေျခသည္းညွပ္ပါ။

ဆန္႔က်င္ဘက္လိင္ကို ဆြဲေဆာင္မႈအတြက္ တစ္ကိုယ္ရည္သန္႔ရွင္းမႈ လုပ္ရာမွာ လက္သည္း၊ ေျခသည္းေတြကို ေမ့ထားလို႔ မျဖစ္ပါဘူး။ လက္သည္းေတြ ရွည္ေနတဲ့အခါ ဖုန္ေတြ၊ အညစ္အေၾကးေတြ ကပ္ေနႏိုင္တဲ့အျပင္ ကုတ္မိတဲ့အခါမွာလည္း ထိခိုက္ဒဏ္ရာ ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ လက္သည္းရွည္ေနတာကို ၾကည့္ေနရတဲ့သူအဖို႔ စိတ္ထဲ အဆင္ေျပမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ လက္သည္း၊ ေျခသည္းေတြ ရွည္ေနျပီဆိုရင္ အျမန္ဆံုး ညွပ္ပစ္ဖို႔ မေမ့သင့္ပါဘူး။
၇။ အေမြးအမွ်င္ေတြကို ရိတ္ပါ။

မ်က္ႏွာေပၚက အေမြးအမွ်င္ေတြဟာ လူကို ပိုျပီး အိုမင္းရင့္ေရာ္ေစသလို ၾကည့္ရတာလည္း မေကာင္းပါဘူး။ ကိုယ္ခႏၶာ အထူးသျဖင့္ ခ်ိဳင္းလို ေနရာမ်ိဳးမွာ အေမြးအမွ်င္ေတြ မ်ားလြန္းရင္ ေခၽြးထြက္တဲ့အခါ အနံ႔အသက္လည္း မေကာင္းႏိုင္သလို ဘက္တီးရီးယားေတြ ေပါက္ဖြားဖို႔လည္း ပိုမိုလြယ္ကူေစပါတယ္။ ဒါေၾကာင့္ အေမြးအမွ်င္ေတြကို ပံုမွန္ရိတ္ေပးႏိုင္ရင္ အေကာင္းဆံုးပါပဲ။ တစ္ကိုယ္ရည္သန္႔ရွင္းမႈအတြက္လည္း အေရးပါသလို ကိုယ့္ကိုယ္ကိုလည္း ယံုၾကည္မႈေတြ တိုးေစႏိုင္ပါတယ္။

 ေရးသားသူ Ye Myo Myat
 ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

Unicodeဖြင့်ဖတ်ရန်

အမျိုးသားတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုရဲ့ အရေးပါပုံ
===========
ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဟာ လူသားတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ လူအများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့နဲ့ တစ်နေ့တာလုံး တက်ကြွရွှင်လန်းနေစေဖို့ ပိုပြီးတောင် ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားဖို့ လိုအပ်ပါတယ်။

ခေါင်းအစ ခြေအဆုံး သန့်ရှင်းသပ်ရပ်တဲ့ အမျိုးသားတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွလာမယ်။ လုပ်ငန်းခွင်မှာ အောင်မြင်မှုရနိုင်တဲ့အပြင် ဆန့်ကျင်ဘက်လိင်ကိုပါ ဆွဲဆောင်မှု ရှိစေတယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိစေလို့ အလုပ်အကိုင်တွေ အဆင်ပြေချောမွေ့စေတယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေပြီး အားအင်တွေ အပြည့် ရှိနေမှာပါ။

ဒါဆိုရင် အမျိုးသားတွေအတွက် အလွန်အရေးကြီးပြီး မေ့ထားလို့ မဖြစ်တဲ့ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
၁။ အမွှေးနံ့သာ အသုံးပြုပါ။

ခုခေတ်မှာတော့ အမျိုးသားတော်တော်များများ အမွှေးနံ့သာတွေကို အသုံးပြုလာကြပါတယ်။ ဆံသားနဲ့ မျက်နှာအတွက်သာမက ရေမွှေး၊ ချိုင်းလိမ်းဆီ၊ ကိုယ်ခန္ဓာအတွက် ဖျန်းတဲ့ စပရေး အစရှိတဲ့ အမွှေးနံ့သာတွေ ရေပန်းစားလာပါတယ်။ နေပူမရှောင်၊ မိုးရွာမရှောင် အပြင်ထွက် သွားလာနေရတဲ့ အမျိုးသားတွေအတွက်ဆို ပိုပြီးတောင် လိုအပ်ပါတယ်။ ဒါ့အပြင် ချွေးထွက်သန်တဲ့ အမျိုးသားတွေဆိုရင်လည်း ပိုပြီး သုံးသင့်ပါတယ်။ မွှေးရနံ့သင်းပျံ့နေတဲ့အခါမှာ အလုပ်လုပ်ရတာလည်း စိတ်ကို ကြည်လင်စေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတယ်။ တစ်ပါးသူကိုလည်း ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။
၂။ တစ်နေ့ ၂ကြိမ် မျက်နှာသစ်ပါ။

မနက်အိပ်ယာ ထတဲ့အချိန်နဲ့ ညအိပ်ခါနီး အချိန် တစ်နေ့ကို ၂ကြိမ်တိတိ မျက်နှာသစ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတလေ အပြင်သွားပြီး ပြန်လာရင် ပင်ပန်းလွန်းတာကြောင့် မျက်နှာမသစ်၊ ကိုယ်လက်မဆေးကြောပဲ တန်းအိပ်တတ်တဲ့ အကျင့်ရှိရင်တော့ ခုကတည်းက ဖျောက်သင့်ပါပြီ။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ သိပ်မပြင်းတဲ့ ဆပ်ပြာနဲ့ တစ်နေ့ကို ၂ကြိမ် မှန်မှန် မျက်နှာသစ်ပေးခြင်းဖြင့် အသားအရေ ခြောက်တာ၊ အဆီပြန်တာ၊ အရောင်မညီတာ လျော့နည်းစေပြီး မျက်နှာကိုလည်း နုပျိုလန်းဆန်းစေပါတယ်။
၃။ ခံတွင်းသန့်ရှင်းဖို့လည်း မမေ့ပါနဲ့။

အပြင်ပန်းအလှကို ဂရုစိုက်ပြီး ခံတွင်းကိုလည်း မေ့လို့မဖြစ်ပါဘူး။ ကိုယ့်ရဲ့ ခံတွင်းကို သေချာသန့်ရှင်းရေးမလုပ်ဘူးဆိုရင် အနံ့ဆိုးတွေ ထွက်နိုင်လို့ ကိုယ်အပါအဝင် ဘေးနားက လူတွေပါ စိတ်ကသိကအောက် ဖြစ်စေပါတယ်။ ဒါ့အပြင် သွားကြားထဲမှာ စားကြွင်းစားကျန်တွေ ကပ်ငြိနေရင် ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာနိုင်ပြီး သွားကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ ၂ကြိမ် သွားသေချာတိုက်ပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ စားကြွင်းစားကျန်တွေကို ဖယ်ရှားပစ်ဖို့ သွားပွတ်ကြိုးကို နေ့စဉ်အသုံးပြုပေးပါ။
၄။ အတွင်းခံတွေကို နေ့စဉ်လဲပေးပါ။

အဝတ်အစားတွေတော့ နေ့တိုင်းလဲဝတ်ပြီး အတွင်းခံတွေကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ အမျိုးသားတွေရဲ့ လိင်အင်္ဂါတစ်ဝိုက်နဲ့ ပေါင်ခြံတဝိုက်မှာ ချွေးမကြာခဏ ထွက်နိုင်တဲ့အတွက် အတွင်းခံဟာ ဘက်တီးရီးယားတွေ အပေါက်ဖွားနိုင်ဆုံး နေရာဆိုလည်း မမှားပါဘူး။ ဒါကြောင့် အပြင်ကနေ ပြန်လာတာနဲ့ ကိုယ့်ရဲ့ အဝတ်အစားတွေ အကုန်လုံးကို လျှော်ပါ။ နေ့စဉ် သန့်ရှင်းတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ပေးပါ။
၅။ ရေမှန်မှန်ချိုးပါ။

ရာသီဥတုအေးလို့၊ အချိန်မရှိလို့၊ ပျင်းလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရေမချိုးပဲ နေတာတွေ ရပ်လိုက်ပါတော့။ အမျိုးသားတွေရဲ့ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုမှာ ရေမှန်မှန်ချိုးပေးဖို့လည်း အရေးကြီးပါတယ်။ တစ်နေ့ကို ၁ကြိမ်၊ အပြင်သွားရတဲ့ နေ့တွေမှာဆိုရင် ၂ကြိမ် ရေအေးနဲ့ ဖြစ်စေ၊ ရေပူရေနွေးနဲ့ဖြစ်စေ ရေချိုးပေးဖို့ အရေးကြီးပါတယ်။ ဒါမှပဲ အပြင်ကနေ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေအပြင် ကိုယ်ခန္ဓာမှာ ပေါက်ဖွားလာနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို သန့်ရှင်းပေးနိုင်ပြီး စိတ်ကို ကြည်လင်လန်းဆန်းစေမှာပါ။
၆။ လက်သည်း၊ ခြေသည်းညှပ်ပါ။

ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မှုအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှု လုပ်ရာမှာ လက်သည်း၊ ခြေသည်းတွေကို မေ့ထားလို့ မဖြစ်ပါဘူး။ လက်သည်းတွေ ရှည်နေတဲ့အခါ ဖုန်တွေ၊ အညစ်အကြေးတွေ ကပ်နေနိုင်တဲ့အပြင် ကုတ်မိတဲ့အခါမှာလည်း ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လက်သည်းရှည်နေတာကို ကြည့်နေရတဲ့သူအဖို့ စိတ်ထဲ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်သည်း၊ ခြေသည်းတွေ ရှည်နေပြီဆိုရင် အမြန်ဆုံး ညှပ်ပစ်ဖို့ မမေ့သင့်ပါဘူး။
၇။ အမွေးအမျှင်တွေကို ရိတ်ပါ။

မျက်နှာပေါ်က အမွေးအမျှင်တွေဟာ လူကို ပိုပြီး အိုမင်းရင့်ရော်စေသလို ကြည့်ရတာလည်း မကောင်းပါဘူး။ ကိုယ်ခန္ဓာ အထူးသဖြင့် ချိုင်းလို နေရာမျိုးမှာ အမွေးအမျှင်တွေ များလွန်းရင် ချွေးထွက်တဲ့အခါ အနံ့အသက်လည်း မကောင်းနိုင်သလို ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့လည်း ပိုမိုလွယ်ကူစေပါတယ်။ ဒါကြောင့် အမွေးအမျှင်တွေကို ပုံမှန်ရိတ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်လည်း အရေးပါသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ တိုးစေနိုင်ပါတယ်။

 ရေးသားသူ Ye Myo Myat
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

0 Comments