Last post

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ တကယ်ပဲ အန္တရာယ်ကင်းပြီလား

ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္းဟာ တကယ္ပဲ အႏၱရာယ္ကင္းျပီလား
============
HIV ဆိုတာ လိင္ဆက္ဆံျခင္းကေန အမ်ားဆံုး ကူးစက္တဲ့ ေရာဂါျဖစ္ျပီး လိင္အဂၤါကထြက္တဲ့ အရည္၊ ေသြးေတြကို ထိေတြ႔မိရာကေန ကိုယ္ခႏၶာထဲ ၀င္ေရာက္ျပီးျဖစ္ေစ၊ ေဆးထိုးအပ္ကို မွ်ေ၀သံုးစြဲရာကျဖစ္ေစ၊ မိခင္က သေႏၶသားကိုျဖစ္ေစ ကူးစက္ပါတယ္။ HIV နဲ႔ ပတ္သက္ျပီး လူေတာ္ေတာ္မ်ားမ်ား ေမးတတ္ၾကတဲ့ ပါးစပ္ကေန လိင္ဆက္ဆံျပီး HIV ပိုး ကူးစက္ႏိုင္လား၊ မကူးစက္ႏိုင္ဘူးလား ဆိုတဲ့ အေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။
ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္းဆိုတာ

ပါးစပ္နဲ႔ လွ်ာကို အသံုးျပဳျပီး ေယာက္်ားေတြရဲ႕ လိင္တံ၊ မိန္းမေတြရဲ႕ ေယာနိ ဒါမွမဟုတ္ စအို၀ကို လႈံ႔ေဆာ္ေပးတာျဖစ္ပါတယ္။ လိင္တူ၊ လိင္ကြဲဆက္ဆံၾကတဲ့ အမ်ိဳးသားေတြ သေဘာက်ႏွစ္သက္ၾကျပီး အမ်ိဳးသမီးတခ်ိဳ႕လည္း ပါးစပ္ျဖင့္ လိင္ဆက္ဆံတာကို ႏွစ္သက္ၾကပါတယ္။
ပါးစပ္ျဖင့္ လိင္ဆက္ဆံလို႔ HIV ပိုး ကူးစက္ႏုိင္လား။

အတိအက်ေျပာလို႔ ခက္တဲ့ အရာျဖစ္ေပမယ့္ ပါးစပ္ျဖင့္ လိင္ဆက္ဆံတဲ့အခါ HIV ပိုး ကူးစက္ခံရႏႈန္း အင္မတန္ နည္းတယ္လို႔ ဆ္ိုလို႔ ရပါတယ္။ မိန္းမကိုယ္ ဒါမွမဟုတ္ စအိုျဖင့္ အကာအကြယ္မဲ့ လိင္ဆက္ဆံတာထက္ကို ကူးစက္တဲ့ ရာခိုင္ႏႈန္း အလြန္နည္းပါတယ္။

ကူးစက္မႈရာခိုင္ႏႈန္းကို ျမင့္တက္ေစတဲ့ အခ်က္ေတြကေတာ့ ပါးစပ္မွာ အနာေပါက္ေနတာ၊ သြားခြဲစိတ္ထားတာ၊ ပြန္းပဲ့ဒဏ္ရာျဖစ္ေနတာ၊ သြားဖံုးက ေသြးယိုစီးေနတာ၊ မိန္းမကိုယ္က ရာသီေသြးေတြ ပါးစပ္ထဲ ၀င္တာ၊ ပါးစပ္ထဲမွာ သုက္လႊတ္လိုက္တာ စတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။
ပါးစပ္ျဖင့္ လိင္ဆက္ဆံလို႔ တျခားဘာေတြ ကူးစက္ႏိုင္လဲ။

HIV ပိုး ကူးစက္ဖို႔ ရာခိုင္ႏႈန္းအလြန္နည္းေပမယ့္ တျခား လိင္ကတစ္ဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါေတြကိုေတာ့ ေမ့ထားလို႔ မျဖစ္ပါဘူး။ ကာလသားေရာဂါ၊ လိင္အဂၤါေရယုန္၊ ဆီးပူေညာင္းက်ေရာဂါေတြအျပင္ အသည္းေရာင္ အသား၀ါ ေအပိုး၊ ဘီပိုး၊ အူလမ္းေၾကာင္းမွာ ရွင္သန္တဲ့ ပိုးေတြ၊ ဘက္တီးရီးယား၊ မႈိေၾကာင့္ျဖစ္တဲ့ အေရျပားေရာဂါေတြ ကူးစက္ႏိုင္ပါတယ္။
ပါးစပ္ျဖင့္ လိင္ဆက္ဆံရာကေန HIV ကူးစက္ႏႈန္းကို ဘယ္လိုေလွ်ာ့ခ်ႏိုင္မလဲ။

၁။ လိင္ဆက္ဆံေဖာ္ အမ်ိဳးသားကို ပါးစပ္ထဲမွာ သုက္မလႊတ္မိေစဖို႔ ေျပာေပးပါ။ ပါးစပ္ရဲ႕ အျပင္မွာ သုက္လႊတ္တာဟာ ကူးစက္ရာခိုင္ႏႈန္းကို ထပ္ျပီး ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၂။ ကူးစက္ဖို႔ ရာခိုင္ႏႈန္းနည္းတယ္ဆိုေပမယ့္ ေပါ့လို႔မျဖစ္တဲ့အတြက္ ကြန္ဒံုးကို အသံုးျပဳေပးပါ။ ကြန္ဒံုးဟာ HIV သာမက တျခား လိင္ကတစ္ဆင့္ ကူးစက္ေရာဂါေတြ၊ အေရျပားေရာဂါေတြ မကူးစက္မိေစဖို႔ ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္ပါတယ္။

၃။ HIV ပိုးမရွိသူေတြက PrEP လို႔ ေခၚတဲ့ ကာကြယ္ေဆးကို ပံုမွန္ေသာက္ေပးေနလို႔ ရသလို၊ HIV ပိုး ရွိသူေတြအေနနဲ႔လည္း HIV ပိုးကို ထိန္းေပးႏိုင္တဲ့ ART ေဆးကို ပံုမွန္ေသာက္ေနတယ္ဆိုရင္ ပိုးကူးစက္ဖို႔ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၄။ ကိုယ့္ရဲ႕ လိင္ဆက္ဆံေဖာ္အေရအတြက္ကို ေလွ်ာ့ခ်ပါ။

၅။ အမ်ိဳးသမီး ရာသီလာေနစဥ္ လိင္ဆက္ဆံတာကို ေရွာင္ၾကဥ္ေပးပါ။

၆။ ပါးစပ္မွာ အနာေပါက္ေနစဥ္၊ သြားခြဲစိတ္ထားတဲ့ ဒဏ္ရာမက်က္ေသးဘူးဆိုရင္ ပါးစပ္နဲ႔ လိင္ဆက္ဆံတာမ်ိဳး ေရွာင္ၾကဥ္သင့္ပါတယ္။

 ေရးသားသူ Ye Myo Myat
 ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

Unicodeဖြင့်ဖတ်ရန်

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ တကယ်ပဲ အန္တရာယ်ကင်းပြီလား
============
HIV ဆိုတာ လိင်ဆက်ဆံခြင်းကနေ အများဆုံး ကူးစက်တဲ့ ရောဂါဖြစ်ပြီး လိင်အင်္ဂါကထွက်တဲ့ အရည်၊ သွေးတွေကို ထိတွေ့မိရာကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီးဖြစ်စေ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာကဖြစ်စေ၊ မိခင်က သန္ဓေသားကိုဖြစ်စေ ကူးစက်ပါတယ်။ HIV နဲ့ ပတ်သက်ပြီး လူတော်တော်များများ မေးတတ်ကြတဲ့ ပါးစပ်ကနေ လိင်ဆက်ဆံပြီး HIV ပိုး ကူးစက်နိုင်လား၊ မကူးစက်နိုင်ဘူးလား ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ

ပါးစပ်နဲ့ လျှာကို အသုံးပြုပြီး ယောက်ျားတွေရဲ့ လိင်တံ၊ မိန်းမတွေရဲ့ ယောနိ ဒါမှမဟုတ် စအိုဝကို လှုံ့ဆော်ပေးတာဖြစ်ပါတယ်။ လိင်တူ၊ လိင်ကွဲဆက်ဆံကြတဲ့ အမျိုးသားတွေ သဘောကျနှစ်သက်ကြပြီး အမျိုးသမီးတချို့လည်း ပါးစပ်ဖြင့် လိင်ဆက်ဆံတာကို နှစ်သက်ကြပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံလို့ HIV ပိုး ကူးစက်နိုင်လား။

အတိအကျပြောလို့ ခက်တဲ့ အရာဖြစ်ပေမယ့် ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ HIV ပိုး ကူးစက်ခံရနှုန်း အင်မတန် နည်းတယ်လို့ ဆိုလို့ ရပါတယ်။ မိန်းမကိုယ် ဒါမှမဟုတ် စအိုဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံတာထက်ကို ကူးစက်တဲ့ ရာခိုင်နှုန်း အလွန်နည်းပါတယ်။

ကူးစက်မှုရာခိုင်နှုန်းကို မြင့်တက်စေတဲ့ အချက်တွေကတော့ ပါးစပ်မှာ အနာပေါက်နေတာ၊ သွားခွဲစိတ်ထားတာ၊ ပွန်းပဲ့ဒဏ်ရာဖြစ်နေတာ၊ သွားဖုံးက သွေးယိုစီးနေတာ၊ မိန်းမကိုယ်က ရာသီသွေးတွေ ပါးစပ်ထဲ ဝင်တာ၊ ပါးစပ်ထဲမှာ သုက်လွှတ်လိုက်တာ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံလို့ တခြားဘာတွေ ကူးစက်နိုင်လဲ။

HIV ပိုး ကူးစက်ဖို့ ရာခိုင်နှုန်းအလွန်နည်းပေမယ့် တခြား လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုတော့ မေ့ထားလို့ မဖြစ်ပါဘူး။ ကာလသားရောဂါ၊ လိင်အင်္ဂါရေယုန်၊ ဆီးပူညောင်းကျရောဂါတွေအပြင် အသည်းရောင် အသားဝါ အေပိုး၊ ဘီပိုး၊ အူလမ်းကြောင်းမှာ ရှင်သန်တဲ့ ပိုးတွေ၊ ဘက်တီးရီးယား၊ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ကူးစက်နိုင်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံရာကနေ HIV ကူးစက်နှုန်းကို ဘယ်လိုလျှော့ချနိုင်မလဲ။

၁။ လိင်ဆက်ဆံဖော် အမျိုးသားကို ပါးစပ်ထဲမှာ သုက်မလွှတ်မိစေဖို့ ပြောပေးပါ။ ပါးစပ်ရဲ့ အပြင်မှာ သုက်လွှတ်တာဟာ ကူးစက်ရာခိုင်နှုန်းကို ထပ်ပြီး လျှော့ချပေးနိုင်ပါတယ်။

၂။ ကူးစက်ဖို့ ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့် ပေါ့လို့မဖြစ်တဲ့အတွက် ကွန်ဒုံးကို အသုံးပြုပေးပါ။ ကွန်ဒုံးဟာ HIV သာမက တခြား လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ၊ အရေပြားရောဂါတွေ မကူးစက်မိစေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

၃။ HIV ပိုးမရှိသူတွေက PrEP လို့ ခေါ်တဲ့ ကာကွယ်ဆေးကို ပုံမှန်သောက်ပေးနေလို့ ရသလို၊ HIV ပိုး ရှိသူတွေအနေနဲ့လည်း HIV ပိုးကို ထိန်းပေးနိုင်တဲ့ ART ဆေးကို ပုံမှန်သောက်နေတယ်ဆိုရင် ပိုးကူးစက်ဖို့ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။

၄။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အရေအတွက်ကို လျှော့ချပါ။

၅။ အမျိုးသမီး ရာသီလာနေစဉ် လိင်ဆက်ဆံတာကို ရှောင်ကြဉ်ပေးပါ။

၆။ ပါးစပ်မှာ အနာပေါက်နေစဉ်၊ သွားခွဲစိတ်ထားတဲ့ ဒဏ်ရာမကျက်သေးဘူးဆိုရင် ပါးစပ်နဲ့ လိင်ဆက်ဆံတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

 ရေးသားသူ Ye Myo Myat
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

0 Comments