Last post

ဝှေးစေ့နဲ့ လိင်အင်္ဂါတစ်ဝိုက် ယားနေတာ စိုးရိမ်စရာရှိလား

 ေ၀ွးေစ့နဲ႔ လိင္အဂၤါတစ္၀ိုက္ ယားေနတာ စိုးရိမ္စရာရွိလား
===========
ေ၀ွးေစ့၊ ေပါင္ျခံနဲ႔ လိင္အဂၤါပတ္လည္မွာ ယားယံေနသလို ခံစားေနရတယ္ဆိုတာ အမ်ိဳးသားေတြမွာ မၾကာခဏ ေတြ႔ရတတ္တဲ့ ျပႆနာပဲ ျဖစ္ပါတယ္။ မနက္ခင္း အျပင္ထြက္လမ္းေလွ်ာက္တဲ့အခါ၊ အားကစားလုပ္တဲ့အခါမ်ိဳးမွာ ေ၀ွးေစ့နဲ႔ ေပါင္ျခံတစ္၀ိုက္မွာ ေခၽြးအလြန္အကၽြံ ထြက္တာေၾကာင့္ တစ္ခါတေလ အေရျပား ယားယံသလို ျဖစ္ႏိုင္ပါတယ္။ ေရပံုမွန္မခ်ိဳးတဲ့သူေတြမွာလည္း ျဖစ္တတ္ပါတယ္။

မ်ားေသာအားျဖင့္ ဒီလိုေနရာေတြမွာ ယားယံေနျခင္းဟာ တစ္ကိုယ္ေရ သန္႔ရွင္းမႈ အားနည္းတဲ့ အမ်ိဳးသားေတြ၊ အ၀တ္အစားေတြကို ပံုမွန္မေလွ်ာ္ဖြပ္ပဲ ၀တ္ျပီးသား အ၀တ္ ေနာက္ေန႔ျပန္၀တ္တတ္တဲ့ အက်င့္ရွိသူေတြမွာ ျဖစ္တာ မ်ားပါတယ္။

ပံုမွန္အားျဖင့္ေတာ့ စိုးရိမ္စရာ ကိစၥမဟုတ္ေပမယ့္ ယားေနတာ ၾကာလာျပီဆိုရင္ေတာ့ က်န္းမာေရးနဲ႔ အေရျပားမွာ ျပႆနာရွိေနတာ ျဖစ္ႏိုင္ပါတယ္။ ကိုယ့္ကိုယ္ကို သံသယ၀င္ေနျပီ၊ ဒါမွမဟုတ္ ေရဘယ္ေလာက္ခ်ိဳးခ်ိဳး ယားတဲ့ ေ၀ဒနာ မသက္သာဘူးဆိုရင္ ဆရာ၀န္နဲ႔ ေသခ်ာျပသျပီး ကုသမႈ ခံယူဖို႔ လိုအပ္ပါတယ္။
လိင္အဂၤါနဲ႔ ေ၀ွးေစ့တစ္၀ိုက္ကို ယားယံေစတဲ့ အေၾကာင္းရင္းေတြ

ျဖစ္တဲ့အေၾကာင္းရင္းနဲ႔ ေရာဂါအရင္းအျမစ္ေပၚ မူတည္ျပီး ေပ်ာက္ကင္းသက္သာဖို႔ အခ်ိန္ျမန္ႏိုင္သလို ၾကာတာလည္း ရွိႏိုင္ပါတယ္။ အေကာင္းဆံုးကေတာ့ ကိုယ့္ရဲ႕ လိင္အဂၤါတစ္၀ိုက္ အေရျပားက အခ်ိန္အၾကာၾကီး ယားယံေနတယ္လို႔ ခံစားေနရတယ္၊ ဒါမွမဟုတ္ ေအာက္မွာ ေဖာ္ျပထားတဲ့ လကၡဏာေတြ ေတြ႔ရတယ္ဆိုရင္ေတာ့ ဆရာ၀န္နဲ႔ ျပသျပီး ေသာက္ေဆး၊ လိမ္းေဆး မွန္မွန္မွီ၀ဲျပီး ကုသမႈခံယူဖို႔ အၾကံေပးခ်င္ပါတယ္။
၁။ အားကစား အလြန္အကၽြံလုပ္မိျခင္း

အားကစား၊ ေလ့က်င့္ခန္း လုပ္ေနတဲ့အခ်ိန္မွာ ေပါင္ျခံတစ္၀ိုက္မွာ ေခၽြးအလြန္အကၽြံ ထြက္ပါတယ္။ ဒါဟာ ျပႆနာမဟုတ္ေပမယ့္ ေလ့က်င့္ခန္းလုပ္တာ ၾကာလြန္းတဲ့အခါမွာ အေရျပား ယားယံတာ၊ ပြန္းပဲ့တာ၊ အသားအေရၾကမ္းတမ္းတာအျပင္ အသားလန္ျပီး ေသြးထြက္သည္အထိ ျဖစ္ႏိုင္ပါတယ္။ ကိုယ့္ရဲ႕ ေ၀ွးေစ့ အေရျပားက နီရဲေနတာ၊ အနီကြက္ ျဖစ္ေနတာ၊ ပြန္းပဲ့ရာ၊ ဒဏ္ရာလို ျဖစ္ေနတာ၊ ထိလိုက္တဲ့အခါ အေရျပားက ေပ်ာ့တြဲတြဲ ျဖစ္ေနျပီဆိုရင္ အေရျပားကို ထိခိုက္မိတယ္ဆိုတာ သိႏုိင္ပါတယ္။
၂။ မႈိေၾကာင့္ျဖစ္တဲ့ အေရျပားေရာဂါ

ပူေႏြးျပီး စိုစြတ္တဲ့ ေနရာေတြမွာ အျဖစ္မ်ားျပီး တစ္ကိုယ္ေရသန္႔ရွင္းမႈ အားနည္းတာနဲ႔ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္းေၾကာင့္ မႈိေရာဂါပိုး ကူးစက္ႏုိင္ပါတယ္။ မိန္းမကိုယ္ မႈိစြဲေနတဲ့ အမ်ိဳးသမီးေတြနဲ႔ လိင္ဆက္ဆံရာမွလည္း ကူးစက္ႏိုင္ပါတယ္။

ေနာက္ထပ္အျဖစ္မ်ားတဲ့ မႈိေရာဂါတစ္မ်ိဳးကေတာ့ ေပါင္ျခံေပြးေပါက္တာပါပဲ။ တစ္ကိုယ္ေရ သန္႔ရွင္းမႈအားနည္းတဲ့အခါ၊ ၀တ္ျပီးသား အတြင္းခံေဘာင္းဘီေတြ၊ စိုရႊဲေနတဲ့ အ၀တ္အထည္ေတြကို ျပန္၀တ္တဲ့အခါ၊ ေရာဂါပိုးရွိသူရဲ႕ အ၀တ္အစားကို ယူျပီး ၀တ္တဲ့အခါ ကူးစက္ႏိုင္ပါတယ္။

ဆီးသြားတဲ့အခ်ိန္္မွာ နာက်င္မႈခံစားရတာ၊ လိင္အဂၤါနဲ႔ ေ၀ွးေစ့ပတ္လည္မွာ ပူစပ္ပူေလာင္ ျဖစ္ေနတာ၊ ေရာင္ေနတာ၊ အနီေရာင္အကြက္ ျဖစ္ေနတာ၊ ပံုမွန္မဟုတ္တဲ့ အနံ႔အသက္ေတြ ထြက္ေနတာ၊ အသားေျခာက္ျပီး အဖတ္ကြာေနတဲ့ လကၡဏာေတြ ေတြ႔ရျပီဆိုရင္ ဆရာ၀န္နဲ႔ ေသခ်ာျပသၾကည့္ဖို႔ လိုအပ္ပါျပီ။
၃။ လိင္အဂၤါေရယုန္

အကာအကြယ္မဲ့ လိင္ဆက္ဆံတဲ့အခါ၊ ေရာဂါပိုးကူးစက္ခံထားရတဲ့ အေရျပားနဲ႔ ထိေတြ႔မိရာမွ လိင္အဂၤါေရယုန္ ကူးစက္ႏိုင္ပါတယ္။ ေရယုန္ေပါက္တဲ့အခါ အလြန္အမင္း ယားယံတာအျပင္ ေမာပန္းျပီး ဖ်ားခ်င္သလို ျဖစ္တာ၊ ပူစပ္ပူေလာင္ျဖစ္ျပီး ယားယံေနသလို ခံစားရတာ၊ လိင္အဂၤါ တစ္၀ိုက္မွာ ေဖာင္းၾကြျပီး ေပါက္သြားႏိုင္တဲ့ အရည္ၾကည္ဖုေတြ ထြက္လာတာ၊ ဆီးသြားေနစဥ္ နာက်င္တာ ခံစားရႏုိင္ပါတယ္။
၄။ ဆီးပူေညာင္းက် ေရာဂါ

ဘက္တီးရီးယားပိုးေၾကာင့္ ျဖစ္တဲ့ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါျဖစ္ျပီး လိင္အဂၤါအျပင္ ပါးစပ္၊ လည္ေခ်ာင္းနဲ႔ စအို၀ကိုပါ ကူးစက္ႏုိင္ပါတယ္။ အမ်ားဆံုး ကူးစက္ရတဲ့ အေၾကာင္းရင္းကေတာ့ အကာအကြယ္မဲ့ လိင္ဆက္ဆံတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ေရာဂါပိုး ကူးစက္ခံရတဲ့အခါ ေ၀ွးေစ့က ယားယံတာ၊ ေရာင္ေနတာ၊ ဆီးသြားေနစဥ္ နာက်င္မႈ၊ ပူေလာင္မႈ ျဖစ္တာ၊ လိင္အဂၤါကေန ပံုမွန္မဟုတ္တဲ့ အေရာင္ (စိမ္းဖန္႔ေရာင္၊ အ၀ါေရာင္၊ အျဖဴေရာင္) ျပည္ေတြ ထြက္လာတာ၊ ေ၀ွးေစ့ တစ္လံုးတည္း နာက်င္မႈ ေ၀ဒနာ ခံစားရတဲ့ လကၡဏာ ေတြ႔ရပါတယ္။
၅။ လိင္အဂၤါ ၾကြက္ႏို႔

HPV ဗိုင္းရပ္စ္ပိုးေၾကာင့္ အျဖစ္မ်ားတဲ့ ေရာဂါျဖစ္ျပီး အရြယ္အစား အလြန္ေသးငယ္တာေၾကာင့္ ရွိေနမွန္းမသိတာလည္း ျဖစ္ႏိုင္ပါတယ္။ နဂိုအသားအေရာင္အတိုင္း မဟုတ္တဲ့ အဖုေတြ ေပါက္ျပီး ယားယံႏိုင္တာလည္း ရွိသလို မယားတာလည္း ျဖစ္ႏိုင္ပါတယ္။ အဖုေတြ တစ္စုတစ္ေ၀းတည္း ေပါက္ေနတဲ့အခါ ပန္းေဂၚဖီ ပံုသ႑ာန္ ေတြ႔ရႏိုင္ပါတယ္။ ေပါင္ျခံနဲ႔ ေ၀းရာ ေနရာ သို႔မဟုတ္ ေ၀ွးေစ့ေပၚမွာ ေပါက္တတ္ပါတယ္။ လိင္အဂၤါၾကြက္ႏို႔ ေပါက္ေနတဲ့ ေနရာမွာ ေရာင္ရမ္းေနတာ၊ လိင္ဆက္ဆံေနစဥ္ ေသြးထြက္တာမ်ိဳး ရွိႏိုင္ပါတယ္။
၆။ Chlamydia ေရာဂါ

အကာအကြယ္မဲ့ လိင္ဆက္ဆံတဲ့အခါ၊ ပါးစပ္၊ မိန္းမကိုယ္၊ စအို၀ကို ထိုးသြင္းဆက္ဆံတဲ့အခါမွာ ဘက္တီးရီးယားပိုး ပ်ံ႕ႏွံ႔ျပီး ကူးစက္ႏုိင္ပါတယ္။ ေရာဂါပိုး ကူးစက္ခံရျပီးေနာက္ ေ၀ွးေစ့ဟာ ယားယံမယ္၊ ေရာင္ေနမယ္၊ ပံုမွန္အားျဖင့္ ေ၀ွးေစ့ တစ္လံုးတည္းမွာ နာက်င္ျပီး ေရာင္ရမ္းတာ ျဖစ္ႏိုင္ပါတယ္။ ပံုမွန္အေရာင္မဟုတ္တဲ့ ျပည္ေတြ လိင္အဂၤါကေန ထြက္လာတဲ့အခါ၊ ဆီးသြားေနစဥ္ ပူစပ္ပူေလာင္ ျဖစ္တဲ့အခါ၊ စအို၀ကေန ျပည္ယိုထြက္တဲ့အခါ၊ စအိုတစ္၀ိုက္မွာ နာက်င္ေနတာ၊ ေသြးထြက္ေနတာဆိုရင္ ဆရာ၀န္္နဲ႔ ေသခ်ာျပသသင့္ပါတယ္။
၇။ ဆီးခံုေမြး သန္း

သန္းဆိုတာ ေခါင္းမွာသာ ရွိေနႏိုင္တာ မဟုတ္ပါဘူး။ ဆီးခံုေမြးလို အျမဲေခၽြးထြက္ေနျပီး စိုစြတ္ေနတဲ့ ေနရာမွာလည္း သန္း တြယ္ႏိုင္ပါတယ္။ တျခားေသာ သန္းေကာင္ေတြလိုပဲ အေရျပားေပၚမွာ ကပ္ျငိေနျပီး ေသြးကို စုပ္ပါတယ္။ ပ်ံလို႔၊ ခုန္လို႔ မရတာေၾကာင့္ ကူးစက္ဖို႔ မလြယ္ကူေပမယ့္ သန္းရွိတဲ့သူရဲ႕ အသံုးအေဆာင္ပစၥည္းေတြကို ထိေတြ႔ကိုင္ေတြ႔မိရာကေန ကူးစက္ႏုိင္ပါတယ္။ က်န္းမာေရးအရ ေရာဂါမဟုတ္ေပမယ့္ ဆီးခံုေမြးၾကားမွာ အျမဲသြားလာေနတာေၾကာင့္ အလြန္အမင္း ယားယံတဲ့ ေ၀ဒနာကို ခံစားရႏိုင္ပါတယ္။
၈။ ၀ဲေျခာက္၊ ယားနာ

၀ဲေျခာက္ျဖစ္ေနတဲ့ အေရျပားနဲ႔ တိုက္ရိုက္ထိေတြ႔မိရာကေန တစ္ဆင့္ ကူးစက္ႏုိင္ပါတယ္။ ကူးစက္ခံရျပီးေနာက္ လကၡဏာျပဖို႔ ရက္သတၱပတ္ အနည္းငယ္ ၾကာျမင့္ႏိုင္ပါတယ္။ ပံုမွန္အားျဖင့္ ယားယံတာ၊ အနီကြက္၊ အင္ျပင္ထတဲ့ လကၡဏာေတြ ေတြ႔ရတတ္ျပီး ညဘက္ေတြမွာ ယားနာမႈေ၀ဒနာ ပိုျပင္းထန္တတ္ပါတယ္။

ဒီလကၡဏာေတြကို ေတြ႔ရျပီဆိုရင္ေတာ့ အေရျပားအထူးကုဆရာ၀န္နဲ႔ ေသခ်ာျပသျပီး ကုသမႈ ခံယူသင့္ပါတယ္။ ေရာဂါမေပ်ာက္ေသးခင္ အခ်ိန္ထိ လိင္အေပ်ာ္အပါးကို ခဏ ရပ္ထားေပးပါ။ မဟုတ္ရင္လည္း အကာအကြယ္သံုးျပီး လိင္ဆက္ဆံပါ။ တစ္ပါးသူရဲ႕ အ၀တ္အစား၊ အသံုးအေဆာင္ေတြ ၀တ္ဆင္တာကို ေရွာင္ၾကဥ္ေပးပါ။ ဆရာ၀န္ေပးထားတဲ့ ေသာက္ေဆး၊ လိမ္းေဆးကို အျမစ္ျပတ္ေပ်ာက္ကင္းသည္အထိ အခ်ိန္မွန္ေသာက္ေပး၊ လိမ္းေပးဖို႔ အေရးၾကီးပါတယ္။

 ေရးသားသူ Ye Myo Myat
 ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

Unicodeဖြင့်ဖတ်ရန်

 ဝှေးစေ့နဲ့ လိင်အင်္ဂါတစ်ဝိုက် ယားနေတာ စိုးရိမ်စရာရှိလား
===========
ဝှေးစေ့၊ ပေါင်ခြံနဲ့ လိင်အင်္ဂါပတ်လည်မှာ ယားယံနေသလို ခံစားနေရတယ်ဆိုတာ အမျိုးသားတွေမှာ မကြာခဏ တွေ့ရတတ်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ မနက်ခင်း အပြင်ထွက်လမ်းလျှောက်တဲ့အခါ၊ အားကစားလုပ်တဲ့အခါမျိုးမှာ ဝှေးစေ့နဲ့ ပေါင်ခြံတစ်ဝိုက်မှာ ချွေးအလွန်အကျွံ ထွက်တာကြောင့် တစ်ခါတလေ အရေပြား ယားယံသလို ဖြစ်နိုင်ပါတယ်။ ရေပုံမှန်မချိုးတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

များသောအားဖြင့် ဒီလိုနေရာတွေမှာ ယားယံနေခြင်းဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတဲ့ အမျိုးသားတွေ၊ အဝတ်အစားတွေကို ပုံမှန်မလျှော်ဖွပ်ပဲ ဝတ်ပြီးသား အဝတ် နောက်နေ့ပြန်ဝတ်တတ်တဲ့ အကျင့်ရှိသူတွေမှာ ဖြစ်တာ များပါတယ်။

ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ ကိစ္စမဟုတ်ပေမယ့် ယားနေတာ ကြာလာပြီဆိုရင်တော့ ကျန်းမာရေးနဲ့ အရေပြားမှာ ပြဿနာရှိနေတာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို သံသယဝင်နေပြီ၊ ဒါမှမဟုတ် ရေဘယ်လောက်ချိုးချိုး ယားတဲ့ ဝေဒနာ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
လိင်အင်္ဂါနဲ့ ဝှေးစေ့တစ်ဝိုက်ကို ယားယံစေတဲ့ အကြောင်းရင်းတွေ

ဖြစ်တဲ့အကြောင်းရင်းနဲ့ ရောဂါအရင်းအမြစ်ပေါ် မူတည်ပြီး ပျောက်ကင်းသက်သာဖို့ အချိန်မြန်နိုင်သလို ကြာတာလည်း ရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ လိင်အင်္ဂါတစ်ဝိုက် အရေပြားက အချိန်အကြာကြီး ယားယံနေတယ်လို့ ခံစားနေရတယ်၊ ဒါမှမဟုတ် အောက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး သောက်ဆေး၊ လိမ်းဆေး မှန်မှန်မှီဝဲပြီး ကုသမှုခံယူဖို့ အကြံပေးချင်ပါတယ်။
၁။ အားကစား အလွန်အကျွံလုပ်မိခြင်း

အားကစား၊ လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်မှာ ပေါင်ခြံတစ်ဝိုက်မှာ ချွေးအလွန်အကျွံ ထွက်ပါတယ်။ ဒါဟာ ပြဿနာမဟုတ်ပေမယ့် လေ့ကျင့်ခန်းလုပ်တာ ကြာလွန်းတဲ့အခါမှာ အရေပြား ယားယံတာ၊ ပွန်းပဲ့တာ၊ အသားအရေကြမ်းတမ်းတာအပြင် အသားလန်ပြီး သွေးထွက်သည်အထိ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ ဝှေးစေ့ အရေပြားက နီရဲနေတာ၊ အနီကွက် ဖြစ်နေတာ၊ ပွန်းပဲ့ရာ၊ ဒဏ်ရာလို ဖြစ်နေတာ၊ ထိလိုက်တဲ့အခါ အရေပြားက ပျော့တွဲတွဲ ဖြစ်နေပြီဆိုရင် အရေပြားကို ထိခိုက်မိတယ်ဆိုတာ သိနိုင်ပါတယ်။
၂။ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါ

ပူနွေးပြီး စိုစွတ်တဲ့ နေရာတွေမှာ အဖြစ်များပြီး တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် မှိုရောဂါပိုး ကူးစက်နိုင်ပါတယ်။ မိန်းမကိုယ် မှိုစွဲနေတဲ့ အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံရာမှလည်း ကူးစက်နိုင်ပါတယ်။

နောက်ထပ်အဖြစ်များတဲ့ မှိုရောဂါတစ်မျိုးကတော့ ပေါင်ခြံပွေးပေါက်တာပါပဲ။ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတဲ့အခါ၊ ဝတ်ပြီးသား အတွင်းခံဘောင်းဘီတွေ၊ စိုရွှဲနေတဲ့ အဝတ်အထည်တွေကို ပြန်ဝတ်တဲ့အခါ၊ ရောဂါပိုးရှိသူရဲ့ အဝတ်အစားကို ယူပြီး ဝတ်တဲ့အခါ ကူးစက်နိုင်ပါတယ်။

ဆီးသွားတဲ့အချိန်မှာ နာကျင်မှုခံစားရတာ၊ လိင်အင်္ဂါနဲ့ ဝှေးစေ့ပတ်လည်မှာ ပူစပ်ပူလောင် ဖြစ်နေတာ၊ ရောင်နေတာ၊ အနီရောင်အကွက် ဖြစ်နေတာ၊ ပုံမှန်မဟုတ်တဲ့ အနံ့အသက်တွေ ထွက်နေတာ၊ အသားခြောက်ပြီး အဖတ်ကွာနေတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ လိုအပ်ပါပြီ။
၃။ လိင်အင်္ဂါရေယုန်

အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ၊ ရောဂါပိုးကူးစက်ခံထားရတဲ့ အရေပြားနဲ့ ထိတွေ့မိရာမှ လိင်အင်္ဂါရေယုန် ကူးစက်နိုင်ပါတယ်။ ရေယုန်ပေါက်တဲ့အခါ အလွန်အမင်း ယားယံတာအပြင် မောပန်းပြီး ဖျားချင်သလို ဖြစ်တာ၊ ပူစပ်ပူလောင်ဖြစ်ပြီး ယားယံနေသလို ခံစားရတာ၊ လိင်အင်္ဂါ တစ်ဝိုက်မှာ ဖောင်းကြွပြီး ပေါက်သွားနိုင်တဲ့ အရည်ကြည်ဖုတွေ ထွက်လာတာ၊ ဆီးသွားနေစဉ် နာကျင်တာ ခံစားရနိုင်ပါတယ်။
၄။ ဆီးပူညောင်းကျ ရောဂါ

ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါဖြစ်ပြီး လိင်အင်္ဂါအပြင် ပါးစပ်၊ လည်ချောင်းနဲ့ စအိုဝကိုပါ ကူးစက်နိုင်ပါတယ်။ အများဆုံး ကူးစက်ရတဲ့ အကြောင်းရင်းကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာကြောင့်ပဲ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရတဲ့အခါ ဝှေးစေ့က ယားယံတာ၊ ရောင်နေတာ၊ ဆီးသွားနေစဉ် နာကျင်မှု၊ ပူလောင်မှု ဖြစ်တာ၊ လိင်အင်္ဂါကနေ ပုံမှန်မဟုတ်တဲ့ အရောင် (စိမ်းဖန့်ရောင်၊ အဝါရောင်၊ အဖြူရောင်) ပြည်တွေ ထွက်လာတာ၊ ဝှေးစေ့ တစ်လုံးတည်း နာကျင်မှု ဝေဒနာ ခံစားရတဲ့ လက္ခဏာ တွေ့ရပါတယ်။
၅။ လိင်အင်္ဂါ ကြွက်နို့

HPV ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတဲ့ ရောဂါဖြစ်ပြီး အရွယ်အစား အလွန်သေးငယ်တာကြောင့် ရှိနေမှန်းမသိတာလည်း ဖြစ်နိုင်ပါတယ်။ နဂိုအသားအရောင်အတိုင်း မဟုတ်တဲ့ အဖုတွေ ပေါက်ပြီး ယားယံနိုင်တာလည်း ရှိသလို မယားတာလည်း ဖြစ်နိုင်ပါတယ်။ အဖုတွေ တစ်စုတစ်ဝေးတည်း ပေါက်နေတဲ့အခါ ပန်းဂေါ်ဖီ ပုံသဏ္ဍာန် တွေ့ရနိုင်ပါတယ်။ ပေါင်ခြံနဲ့ ဝေးရာ နေရာ သို့မဟုတ် ဝှေးစေ့ပေါ်မှာ ပေါက်တတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ ပေါက်နေတဲ့ နေရာမှာ ရောင်ရမ်းနေတာ၊ လိင်ဆက်ဆံနေစဉ် သွေးထွက်တာမျိုး ရှိနိုင်ပါတယ်။
၆။ Chlamydia ရောဂါ

အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ၊ ပါးစပ်၊ မိန်းမကိုယ်၊ စအိုဝကို ထိုးသွင်းဆက်ဆံတဲ့အခါမှာ ဘက်တီးရီးယားပိုး ပျံ့နှံ့ပြီး ကူးစက်နိုင်ပါတယ်။ ရောဂါပိုး ကူးစက်ခံရပြီးနောက် ဝှေးစေ့ဟာ ယားယံမယ်၊ ရောင်နေမယ်၊ ပုံမှန်အားဖြင့် ဝှေးစေ့ တစ်လုံးတည်းမှာ နာကျင်ပြီး ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။ ပုံမှန်အရောင်မဟုတ်တဲ့ ပြည်တွေ လိင်အင်္ဂါကနေ ထွက်လာတဲ့အခါ၊ ဆီးသွားနေစဉ် ပူစပ်ပူလောင် ဖြစ်တဲ့အခါ၊ စအိုဝကနေ ပြည်ယိုထွက်တဲ့အခါ၊ စအိုတစ်ဝိုက်မှာ နာကျင်နေတာ၊ သွေးထွက်နေတာဆိုရင် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။
၇။ ဆီးခုံမွေး သန်း

သန်းဆိုတာ ခေါင်းမှာသာ ရှိနေနိုင်တာ မဟုတ်ပါဘူး။ ဆီးခုံမွေးလို အမြဲချွေးထွက်နေပြီး စိုစွတ်နေတဲ့ နေရာမှာလည်း သန်း တွယ်နိုင်ပါတယ်။ တခြားသော သန်းကောင်တွေလိုပဲ အရေပြားပေါ်မှာ ကပ်ငြိနေပြီး သွေးကို စုပ်ပါတယ်။ ပျံလို့၊ ခုန်လို့ မရတာကြောင့် ကူးစက်ဖို့ မလွယ်ကူပေမယ့် သန်းရှိတဲ့သူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိတွေ့ကိုင်တွေ့မိရာကနေ ကူးစက်နိုင်ပါတယ်။ ကျန်းမာရေးအရ ရောဂါမဟုတ်ပေမယ့် ဆီးခုံမွေးကြားမှာ အမြဲသွားလာနေတာကြောင့် အလွန်အမင်း ယားယံတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။
၈။ ဝဲခြောက်၊ ယားနာ

ဝဲခြောက်ဖြစ်နေတဲ့ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့မိရာကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရပြီးနောက် လက္ခဏာပြဖို့ ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ယားယံတာ၊ အနီကွက်၊ အင်ပြင်ထတဲ့ လက္ခဏာတွေ တွေ့ရတတ်ပြီး ညဘက်တွေမှာ ယားနာမှုဝေဒနာ ပိုပြင်းထန်တတ်ပါတယ်။

ဒီလက္ခဏာတွေကို တွေ့ရပြီဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။ ရောဂါမပျောက်သေးခင် အချိန်ထိ လိင်အပျော်အပါးကို ခဏ ရပ်ထားပေးပါ။ မဟုတ်ရင်လည်း အကာအကွယ်သုံးပြီး လိင်ဆက်ဆံပါ။ တစ်ပါးသူရဲ့ အဝတ်အစား၊ အသုံးအဆောင်တွေ ဝတ်ဆင်တာကို ရှောင်ကြဉ်ပေးပါ။ ဆရာဝန်ပေးထားတဲ့ သောက်ဆေး၊ လိမ်းဆေးကို အမြစ်ပြတ်ပျောက်ကင်းသည်အထိ အချိန်မှန်သောက်ပေး၊ လိမ်းပေးဖို့ အရေးကြီးပါတယ်။

 ရေးသားသူ Ye Myo Myat
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

0 Comments