ရင္သားပင့္တင္ျခင္း
==========
အဓိပၸာယ္ဖြင့္ဆုိခ်က္
ရင္သားပင့္တင္ျခင္း-၄င္းကုိ mastopexy လုိ့လည္းေခါ ္ပါတယ္။ ခြဲစိတ္တဲ့နည္းလမ္းတစ္ခုျဖစ္ျပီးေတာ့ သင့္ရဲ့ရင္သားပံဳစံကုိ ေျပာင္းလဲေပးျခင္းျဖစ္ပါတယ္။ ရင္သားပင့္တင္ျခင္း၊ ျပင္ဆင္ျခင္းလုပ္တဲ့အခါမွာ ပုိေနတဲ့ အေရျပားေတြကုိဖယ္လုိက္ျပီးေတာ့ရင္သား တစ္ရွဳးေတြကုိျပန္လည္ပံုစံေျပာင္းကာ ရင္သားကုိတင္းတင္းရင္းရင္းရွိျပီး အေပါ ္ေလးမွာ တင္ေနေအာင္ျပန္လည္ျပဳလုပ္ေပးျခင္းျဖစ္ပါတယ္။
ရင္သားပင့္တင္ျပဳျပင္ျခင္းရဲ့ရည္ရြယ္ခ်က္ကဘာလဲ။
ရင္သားပင့္တင္ျပဳျပင္ ခြဲစိတ္ျခင္းဆုိတာ ပုိေနတဲ့အေရျပား အစိတ္အပုိင္းေတြကုိ ဖယ္ရွားပစ္ျပီးေတာ့ ရင္သားပံုစံမပ်က္ေအာင္ ပံုေဖာ္ျခင္းနဲ့ တင္းရင္းေအာင္ျပဳျပင္ေပးျခင္းျဖစ္ပါတယ္။ ဒီလုိနည္းနဲ့ရင္သားကုိ တင္ရင္းေအာင္နဲ့ ပင့္တင္ျကပါတယ္။ ရင္သား ပင့္တင္ျခင္းက areola ရဲ့ အရြယ္အစားကုိပါ ေသးသြားေစပါတယ္ အခ်ိန္ျကာလာတာနဲ့အမ်ွ ျပန္ျပီးျကီးနုိင္ပါတယ္။
ဘယ္လုိလူေတြလုပ္သင့္သလဲ။
၁။ရင္သားပင့္တင္ျပဳျပင္ျခင္း ကုိ ဘယ္အခ်ိန္မွာ ျပဳလုပ္သင့္သလဲ။
တကယ္လုိ့ သင့္မွာ ရင္သားတြဲလာတာရွိရင္သုိ့မဟုတ္ သင့္နုိ့သီးေခါင္းက ေအာက္ကုိတြဲက်ေနတယ္ဆုိရင္ သင္က ရင္သားပင့္တင္ျပဳျပင္ျခင္းကုိ ျပဳလုပ္သင့္ပါတယ္။ရင္သားပင့္တင္ျပဳျပင္ျခင္းက သင့္ ပံုစံနဲ့ သင့္ ကုိယ္ပုိ္င္ယံုျကည္မွု ကိုပုိျပီး တိုးတက္ေစမွာပါ။
၂။ ရင္သားပင့္တင္ျပဳျပင္ျခင္း ကုိ ဘယ္လုိလူေတြက ျပဳလုပ္သင့္သလဲ။
ရင္သားပင့္တင္ျပဳျပင္ျခင္းကုိ သင့္ရင္သား ေတြဖြံျဖိဳးမွုေတြ အားလံုးျပီးဆံုးတဲ့ေနာက္မွာ အသက္အရြယ္ မေရြးျပဳလုပ္လုိ့ရပါတယ္။ သင္က ကုိယ္၀န္မေဆာင္ခင္နဲ့ေဆာင္ျပီးခ်ိန္ေတြမွာလည္း ဒီဟာကုိ လုပ္လု့ိရပါတယ္။ဒီလုိျပဳျပင္ျခင္းလုပ္ျပီးပါကလည္း သင့္ကေလးကုိ နုိ့္တုိက္ခ်င္ပါက တုိက္လုိ့ရပါတယ္။ရင္သားကုိပင့္တင္ျပဳျပင္ျခင္းျကီးပဲ သပ္သပ္လုပ္တာကေတာ့ကုိယ္၀န္ေဆာင္တာနဲ့ သြားျပီး ထိေရာက္ပတ္သက္မွုမရွိပါဘူး သို့ေသာ္ ကုိယ္၀န္ေဆာင္ခ်ိန္မွာ ခႏၶာကိုယ္ပုိင္းဆုိင္ရာ ျပဳျပင္ေျပာင္းလဲျခင္းေတြေျကာင့္ရင္သားပင့္တင္ထားတဲ့ရလာဒ္ကုိ မေကာင္းတဲ့ အေျကာင္းအရာတစ္ခုခုအျဖစ္ သက္ေရာက္ေစနုိင္ပါတယ္။ အဲ့ဒါေျကာင့္ ရင္သားပင့္တင္ျပဳျပင္ျခင္းကုိ သင္ကကေလးေတြ အားလံုး ေမြးျပီးမွပဲေစာင့္ျပီး လုပ္တာေကာင္းပါတယ္။ေနာက္ထပ္သတင္းအခ်က္အလက္ေတြ လုိအပ္ပါေသးသလား။ အေသးစိတ္အခ်က္အလက္မ်ားသိရဖုိ့အတြက္အထူးကုဆရာ၀န္မ်ားနွင့္ ေသခ်ာ တုိင္ပင္ေဆြးေႏြးပါ။
ကုန္က်စရိတ္
ဗီယက္နမ္မွာ ရင္သားပင့္တင္ျပဳျပင္ျခင္း၏ ကုန္က်စရိတ္။VND 65 to 150 millions ထိ ကုန္က်နုိင္ပါတယ္။
ရင္သားပင့္တင္ ျပဳျပင္ျခင္း ရဲ့ တစ္ျခားနုိင္ငံေတြရဲ့ကုန္က်စရိတ္။ရင္သားပင့္တင္ျပဳျပင္ျခင္းရဲ့ အျကမ္းအား ျဖင့္ကေတာ့2017 က American Society of Plastic Surgeonsတို့ရဲ့ကိန္းဂဏန္းအရ $4672 ေလာက္ကုန္က်တယ္လုိ့ဆုိပါတယ္။ သူတို့ရဲ့ ကုန္က်စရိတ္က အမ်ိဳးမ်ိဳးအစားစားရွိနုိင္ပါတယ္။ အေပါ ္က အျကမ္းဖ်င္းျပထားတဲ့ကုန္က်စရိတ္ကေတာ့ ေမ့ေဆးဖိုးမ်ား၊ ခြဲစိတ္ခန္းအသံဳးျပဳခမ်ားနဲ့အျခားေသာ ဗာဟီရမ်ားအတြက္ မပါေသးပါ။ခြဲစိတ္ဆရာ၀န္အတြက္ ေငြကေတာ့ သူ့ရဲ့ အေတြ့အျကံဳ၊ဘယ္လုိမ်ိဳး ခြဲစိတ္မွုကုိ လုပ္ရတာလည္းနဲ့ ရံုးခန္းတည္ေနရာေပါ ္မူတည္ျပီးေတာ့ ကြဲ့ျပားပါလိမ့္မယ္။က်န္းမာေရးအာမခံ ေတာ္ေတာ္မ်ားမ်ားကေတာ့ ရင္သားပင့္တင္ျပဳျပင္ျခင္းခြဲစိတ္မွုမ်ား၊ သူန့့ဲပတ္သက္တဲ့ေနာက္ဆက္တြဲဆုိးက်ိဳး ျပသနာမ်ား သုိ့မဟုတ္ အခုခြဲတာမလွလုိ့ ေနာက္ထပ္ ထပ္ခြဲရတဲ့ ဟာမ်ိဳးေတြမွာ အာမခံေပးေလ့မရွိပါဘူး။သုိ့ေသာ္ ခြဲစိတ္ဆရာ၀န္ေတြကေတာ့ သင့္ေငြေရးေျကးေရး၀င္ေငြအေပါ ္မူတည္ျပီးစီစဥ္ေပးတာေတြရွိတတ္ပါတယ္။ ေသခ်ာေမးျမန္းျကည့္ပါ။
ျပင္ဆင္ျခင္း။
၁။ ရင္သားပင့္တင္ျပဳျပင္ျခင္း မလုပ္ခင္ ဘာလုပ္သင့္သလဲ။
ပထမဆံုးအဆင့္ကေတာ့ ပလတ္စတစ္ဆာဂ်ရီ ဆရာ၀န္နဲ့ ေဆြးေႏြးတုိင္ပင္ရမွာျဖစ္ပါတယ္။ သင္က တုိင္ပင္တဲ့အခါမွာသင္က ဘာလုိခ်င္တယ္ဆုိတာ ခြဲစိတ္ဆရာ၀န္ကုိေျပာျပရပါမယ္။ တကယ္လု့ိ သင္က ရင္သားအတုပါ ထည့္ခ်င္တယ္ဆုိပါက ဘယ္လုိအရြယ္အစားနဲ့ဘယ္လုိပံုစံထည့္ခ်င္လည္း တစ္ခါတည္းျပျပီးတစ္ခါတည္းေဆြးေႏြးရပါမယ္။ခြဲစိတ္ဆရာ၀န္က သင့္က်န္းမာေရးအေျခအေနနဲ့ သင့္ေရြးခ်ယ္မွုေတြအေပါ ္မွာမူတည္ျပီးေတာ့ စဥ္းစားေပးပါလိမ့္မယ္။ ခြဲစိတ္ဆရာ၀န္က သင့္ကုိ လုပ္နည္းေတြအေသးစိတ္ပါ ရွင္းျပျပီးေတာ့ ဘယ္လုိအႏၱရာယ္ေတြရွိနုိင္တယ္နဲ့ ျပန္ေကာင္းလာရင္ ဘယ္လုိေတြရွိတတ္တယ္ဆုိတာေတြ ေျပာျပပါလိမ့္မယ္။သင့္ဆရာ၀န္က သင့္အတြက္ေနာက္ဆက္တြဲဆုိးက်ိဳးျပသနာေတြကို ေလ်ွာ့ခ်နုိ္င္ဖုိ့အတြက္ မခြဲခင္ လမ္းညြွန္ခ်က္ေတြကုိ ေပးပါလိမ့္မယ္။ ညြွန္ျကားခ်က္ေတြအေနနဲ့ကေတာ့ ေဆးလိပ္မေသာက္ဖုိ့ ဆုိတာမ်ိဳး၊ ေသြးထြက္မ်ားေစမယ့္ေဆးေတြကုိ ခဏျဖတ္ခုိင္းတာမ်ိဳးနဲ့လုိအပ္ပါက ပုိးသတ္ေဆးေတြျကုိေသာက္ခုိ္င္းတာတုိ့လုပ္ပါလိမ့္မယ္။ သင့္ရဲ့ခြဲစိတ္ျပီးနာလန္ထတဲ့အခ်ိန္အတြက္ကုိ ပါတစ္ခါတည္းအစီအစဥ္ခ်ထားတာ ေကာင္းပါတယ္။ ဥပမာအားျဖင့္ သင္က ရင္သားပင့္တင္ျပဳျပင္ျခင္းျပီးသြားျပိးေတာ့အနည္းဆံုး ၄ပတ္မွ၆ပတ္ေလာက္မွာ အေလးမျခင္းေတြကို မျပဳလုပ္ရပါဘူး။ တကယ္လုိ့ သင့္မွာ ကေလးငယ္ေလးေတြရွိရင္ေတာ့ အကူအညီေတြေခါ ္ဖုိ့လုိအပ္ပါလိမ့္မယ္။
၂။ ရင္သားပင့္တင္ျပဳျပင္ျခင္းျပီးပါက ဘယ္လုိလုပ္သင့္
သလဲ။
ရင္သားပင့္တင္ျပဳျပင္ျခင္းလုပ္ျပီး ရက္အနည္းငယ္အတြင္းမွာ သင့္ဆရာ၀န္က ညြွန္တဲ့အတိုင္း အနာသက္သာေဆးေတြကုိ ေသာက္ပါ။ ျပင္းထန္စြာညွစ္ျခင္း၊ ကုန္းျခင္း၊အေလးမျခင္းတုိ့ကုိ ေရွာင္ပါ။ ပက္လက္အိပ္ျခင္း သို့မဟုတ္ ေဘးေစာင္းအိပ္ျခင္းတုိ့နဲ့ သင့္ရင္သားေတြမွာဖိအားေတြမရွိေစရန္ သက္သာစြာေနပါ။ရင္သားျပဳျပင္ျပီး ေနာက္တစ္ပတ္မွ နွစ္ပတ္ေလာက္ထိလိင္ဆက္ဆံျခင္း ကုိ ေရွာင္ပါ။ သင့္ရဲ့ေန့စဥ္လုပ္ငန္းေဆာင္တာမ်ား ျဖစ္တဲ့ ေခါင္းေလ်ွာ္ျခင္း၊ ေရခ်ိဳးျခင္းစသည္တုိ့ကုိ ဘယ္အခ်ိန္ေလာက္မွာ ျပန္လုပ္လု့ိရမလဲ သင့္ဆရာ၀န္ကုိ ေမးပါ။ အထဲက အရည္မ်ားထြက္လုိ့ရေစရန္ ထည့္ေပးခဲ့တဲ့ ပုိက္ကုိ ရက္အနည္းငယ္အတြင္းမွာျဖုတ္ပစ္ပါလိမ့္မယ္။ အဲ့ပုိက္ကုိ ထုတ္လုိက္တဲ့ရက္မွာသင့္ဆရာ၀န္က သင့္အနာပတ္တီးကုိ လဲလွယ္ေပးပါလိမ့္မယ္။သင့္ရဲ့ခ်ဳပ္ရုိးေတြက ဘယ္အခ်ိန္ေလာက္မွာ ျဖည္ရမလဲဆုိတာေမးပါ။ တစ္ခ်ိဳ့ေသာ ခ်ဳပ္ရုိးေတြကေတာ့ အသားထဲမွာ အရည္ေပ်ာ္သြားတတ္ပါတယ္။ တစ္ခ်ိဳ့ကေတာ့ခြဲျပီး တစ္ပတ္မွ နွစ္ပတ္ေလာက္မွာ ဆရာ၀န္ဆီမွာ သြားျပီး ျဖည္ရပါတယ္။ခြဲစိတ္ျပီးတဲ့ေနာက္၀တ္ရတဲ့ အေထာက္အကူျပဳတဲ့ ဘရာစီယာကုိ သံုးရက္မွေလးရက္ေလာက္ ဆက္တုိက္၀တ္ထားရပါမယ္။ ေနာက္ျပီးရင္ေတာ့ ခပ္ေပ်ာ့ေပ်ာ့နဲ့ ရင္သားကုိ အေထာက္အကူျပဳမယ့္ ဘရာစီယာမ်ိဳးကုိ သံုးပတ္မွ ေလးပတ္ေလာက္ထိ၀တ္ထားရပါမယ္။ သင့္ဆရာ၀န္က ခြဲထားတဲ့ေနရာမွာ စီလီကြန္ တိပ္ကပ္ျခင္းသို့မဟုတ္ ဂ်ဲလ္ေလးလိမ္းထားခုိင္းျခင္းနဲ့အနာျမန္ျမန္က်က္ေစမွာပါ။သင့္အနာက က်က္ေနစဥ္မွာ သင့္ရင္သားေတြကို ေနေရာင္ျပေပးပါ။ ေနနဲ့ ထိေတြ့တဲ့အခ်ိန္မွာေတာ့ သင့္ရဲ့ခြဲထားတဲ့ဒဏ္ရာကုိ ကာကြယ္ဖုိ့လည္း သတိထားပါ။
လုပ္နည္းလုပ္စဥ္မ်ား။
၁။ ရင္သားပင့္တင္ျပဳျပင္ျခင္းက ဘယ္ေလာက္ထိျကာနုိ္င္သလဲ။
မ်ားေသာအားျဖင့္ေတာ့ ၃နာရိီေလာက္ျကာတတ္ျပီးေတာ့ေမ့ေဆးနဲ့ပဲ လုပ္တာမ်ားပါတယ္။ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားကေတာ့ျပင္ပ လူနာအျဖစ္နဲ့ပဲ ညအိပ္စရာမလုိပဲလုပ္ျကတာမ်ားပါတယ္။
၂။ ရင္သားပင့္တင္ျပဳျပင္ျခင္းကုိ ဘယ္လုိလုပ္သလဲ။
လုပ္နည္းကေတာ့ ရင္သားကအေရျပားကုိ ဖယ္ရွားျပီးေတာ့ ရင္သားတစ္ရွဳးေတြကို ပံုစံျပန္သြင္းပါတယ္။ ေသခ်ာတဲ့ နည္းလမ္းအေနနဲ့ကေတာ့သင့္ခြဲစိတ္ဆရာ၀န္ကခြဲရမယ့္ေနရာေရြးျခငး္နဲ့ ဘယ္လုိေနရာက အမာရြတ္ရွိတာ အဆင္ေျပမလဲ သူတုိ့ပဲဆံုးျဖတ္ျကပါတယ္။သင့္ဆရာ၀န္က ေအာက္ပါေနရာေတြမွာ ဓားရာေပးနုိင္ပါတယ္။
-နုိ့သီးေခါင္းေဘးတစ္၀ိုက္
-နုိ့သီးေခါင္းေဘးကေန ေအာက္ဘက္ ရင္သားရွိတဲ့ဘက္
ကိုေပးျခင္း
-ရင္သား အေျကာင္းအတုိင္း ေရျပင္ညီမ်ဥ္းအတုိင္း ေပးျခင္း။
သင့္ဆရာ၀န္က ခ်ဳပ္ရုိးေတြကုိ သင့္ရင္သားထဲထိ နွစ္ျပၤိးခ်ဳပ္ပါလိမ့္မယ္။ လုိအပ္ပါက နုိ့သီးေခါင္းေဘးက အမဲေနရာ ဧရိယာကို ေသးေအာင္ လုပ္ပါလိမ့္မယ္။ ခြဲစိတ္ဆရာ၀န္က ပိုေနတဲ့ ရင္သား အေရျပားေတြကုိ ခြဲထုတ္ျပီးေတာ့ နုိ့သီးေခါင္းကုိ ပုိျမင့္တဲ့ေနရာကို ေရြွ့ပါလိမ့္မယ္။ ေနာက္ျပီးရင္ေတာ့ ရင္သားအေရျပားအားလံုးကုိ ျပန္ခ်ဳပ္ျပီး အနာကို အုပ္ေပးပါလိမ့္မယ္။
၃။ ခြဲစိတ္ျပီးတဲ့ေနာက္မွာ ဘာျဖစ္မွာလဲ။
ခြဲစိတ္ျပီးပါက သင့္ရင္သားမ်ားကုိ အနာကပ္တာနဲ့ေသခ်ာကပ္ထားေပးမွာျဖစ္ျပီး ခြဲစိတ္ျပီး၀တ္ရတဲ့ ရင္သားအေထာက္အကူျပဳ ဘရာစီယာကုိ ၀တ္ရပါလိမ့္မယ္။ ရင္သားရဲ့ခြဲတဲ့ေနရာနားေလးမွာ အထဲကအရည္ပုိေတြ ေသြးေတြ ထြက္လု့ိရေအာင္ ပုိက္ျပြန္ေလးတစ္ခု ထည့္ထားေပးပါမယ္။ သင့္ရင္သားက ေရာင္လာျခင္းနဲ့ အညိဳအမည္းစြဲျခင္းက နွစ္ပတ္ေလာက္ထိျဖစ္ေနနုိင္ပါတယ္။ သင့္ရဲ့ခြဲထားတဲ့ေနရာမွာ နာက်င္ျခင္း၊ စူးျခင္း၊ နီျခင္း၊ ပန္းေရာင္ျဖစ္ေနျခင္းတုိ့ကုိ ခြဲျပီး လအနည္းငယ္ေလာက္ထိ ခံစားရျမင္ရနုိင္ပါတယ္။ နုိ့သီးေခါင္းေလးထံုျခင္း၊ နုိ့သီးေခါင္းေဘးအမည္းကြက္နဲ့ ရင္သားအေရျပား ထံုျခင္းတုိ့ကုိ ေျခာက္ပတ္ေလာက္အထိခံစားရနုိင္ပါတယ္။
ေနာက္ဆက္တြဲျပသနာမ်ားနွင့္ ေဘးထြက္ဆုိးက်ိဳးမ်ား။
၁။ ရင္သားပင့္တင္ျပဳျပင္ျခင္းကေန ဘယ္လုိေနာက္ဆက္တြဲျပသနာေတြ ျဖစ္လာနုိင္သလဲ။
မ်ားစြာေသာ ေနာက္ဆက္တြဲျပသနာမ်ား ျဖစ္နုိင္ျခင္း
-အမာရြတ္က်န္ျခင္း။
အမာရြတ္ေတြက တစ္သက္လံုးက်န္တယ္ဆုိေပမယ့္လည္း သူတို့ေတြက ေပ်ာ့ျပီးေတာ့ တစ္နွစ္မွ နွစ္နွစ္ေလာက္မွာ မွုန္ျပီးေပ်ာက္သြားပါလိမ့္မယ္။ ဒီလုိခြဲစိတ္ျပီးက်န္တဲ့အရာကို ဘရာ၀တ္ျခငး္ သို့မဟုတ္ ေရကူး၀တ္စံုမ်ား၀တ္ျခင္းတုိ့နဲ့ ဖုံးထားလုိ့ရပါတယ္။ ရွားပါးစြာနဲ့ပဲအနာက်က္တာေနွးျခင္းေျကာင့္အမာရြတ္က ပုိျကီးျပီးပုိက်ယ္လာျခင္းတုိ့ ျကံုတတ္ပါတယ္။
-နုိ့သီးေခါင္း သုိ့မဟုတ္ ရင္သားအေရျပား ခံစားမွုမ်ားေျပာင္းလျဲခင္း။
ခံစားမွုမ်ားက အပတ္အနည္းငယ္အျကာမွာျပန္ရတတ္ေသာ္လည္း တစ္ခ်ိဳ့ေသာ ခံစားမွုမ်ားကေတာ့ တစ္သက္လံုးျပန္မရတတ္ပါဘူး။ ဒါေပမယ့္ လိင္ဆက္ဆံစဥ္မွာျဖစ္တဲ့ လိင္စိတ္နွုိးေဆာ္တဲ့ေနရာမွာေတာ့ အထိအခုိက္မရွိပါဘူး။
-ပံုမမွန္ျခင္း သုိ့မဟုတ္ ရင္သားမ်ားရဲ့ ပံုစံနဲ့အရြယ္အစားမတူညီျခင္း။
ဒီဟာကေတာ့ အနာက်က္တဲ့ အခ်ိန္မွာ ရလာဒ္တစ္ခုအေနနဲ့ရနုိင္ပါတယ္။ ခြဲစိတ္မွုလုပ္တယ္ဆုိေပမယ့္ လည္းအစကတည္းက ရွိတဲ့ မတူညီေနမွုကို ေအာင္ျမင္စြာ ျပန္ျပင္လု့ိ မရတတ္ပါဘူး။
-နုိ့သီးေခါင္း သို့မဟုတ္ နုိ့သီးေခါင္းေဘးအမဲကြက္ တစ္စိတ္တစ္ပုိင္းသို့မဟုတ္ အကုန္လံုး ဆံုးရွံုးျခင္း။
ရွားပါးစြာနဲ့ပဲ ရင္သားပင့္တင္ျပဳျပင္ျခင္းျပဳလုပ္တဲ့အခါမွာနုိ့သီးေခါင္း သို့မဟုတ္ နုိ့သီးေခါင္းေဘးအမဲကြက္ကို သြားတဲ့ေသြးစီးဆင္းမွုက ျပတ္ေတာက္သြားတတ္ပါတယ္။ အဲ့ကေနပဲ ရင္သားတစ္ရွုးေတြပ်က္စီးျပီး တစ္စိတ္တစ္ပုိင္း သို့မဟုတ္ တစ္ခုလံုးဆံုးရွံုးရတတ္ပါတယ္။
-နုိ့တုိက္ရ ခက္ခဲျခင္း။
-ရင္သားပင့္တင္ျပဳျပင္ျခင္း ျပဳလုပ္ျပီးပါက နုိ့တုိက္လုိ့ ရပါေသာ္လညး္ တစ္ခ်ဳ့ိအမ်ိဳးသမီးေတြကေတာ့ နုိ့ကို လံုေလာက္စြာ ထုတ္ဖုိ့အတြက္ခက္ခဲသြားပါတယ္။အရမ္းျကီးတဲ့အျကီးစားခြဲစိတ္မွုေတြလုိပဲ ရင္သားပင့္တင္
ျပဳျပင္ျခင္းမွာလည္း ေသြးထြက္လြန္ျခင္းအႏၱရာယ္၊ ပုိး၀င္ျခင္း နွင့္ ေမ့ေဆးကုိ မတည့္ျခင္းေတြ ျကံုရနုိင္ပါတ္။ ေနာက္ျပီးေတာ့ ခြဲေနစဥ္နွင့္ခြဲျပီးသံုးတဲ့ ပစၥည္းေတြနဲ့ဓာတ္မတည့္မွုေတြလည္းျကံုရနုိင္ပါတယ္။
၂။ ရင္သားပင့္တင္ျပဳျပင္ျခငး္ရဲ့ ျဖစ္နုိင္တဲ့ ေဘးထြက္ဆုိး
က်ိဳးေတြက ဘာေတြလဲ။
အျဖစ္မ်ားတဲ့ေဘးထြက္ဆုိးက်ိဳးေတြကေတာ့
-ေရာင္ျခင္း
-နာျခင္း
-အညိဳအမည္းစြဲျခင္း
-နာက်င္ျခင္း
-ထံုျခင္းတုိ့ ျဖစ္ျကပါတယ္။
ေရးသားသူ Dr. Sandy Kyaw
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.
Unicodeဖြင့်ဖတ်ရန်
ရင်သားပင့်တင်ခြင်း
==========
အဓိပ္ပာယ်ဖွင့်ဆိုချက်
ရင်သားပင့်တင်ခြင်း-၎င်းကို mastopexy လို့လည်းခေါ ်ပါတယ်။ ခွဲစိတ်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးတော့ သင့်ရဲ့ရင်သားပုံစံကို ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ ရင်သားပင့်တင်ခြင်း၊ ပြင်ဆင်ခြင်းလုပ်တဲ့အခါမှာ ပိုနေတဲ့ အရေပြားတွေကိုဖယ်လိုက်ပြီးတော့ရင်သား တစ်ရှုးတွေကိုပြန်လည်ပုံစံပြောင်းကာ ရင်သားကိုတင်းတင်းရင်းရင်းရှိပြီး အပေါ ်လေးမှာ တင်နေအောင်ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။
ရင်သားပင့်တင်ပြုပြင်ခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။
ရင်သားပင့်တင်ပြုပြင် ခွဲစိတ်ခြင်းဆိုတာ ပိုနေတဲ့အရေပြား အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ပြီးတော့ ရင်သားပုံစံမပျက်အောင် ပုံဖော်ခြင်းနဲ့ တင်းရင်းအောင်ပြုပြင်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ရင်သားကို တင်ရင်းအောင်နဲ့ ပင့်တင်ကြပါတယ်။ ရင်သား ပင့်တင်ခြင်းက areola ရဲ့ အရွယ်အစားကိုပါ သေးသွားစေပါတယ် အချိန်ကြာလာတာနဲ့အမျှ ပြန်ပြီးကြီးနိုင်ပါတယ်။
ဘယ်လိုလူတွေလုပ်သင့်သလဲ။
၁။ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်အချိန်မှာ ပြုလုပ်သင့်သလဲ။
တကယ်လို့ သင့်မှာ ရင်သားတွဲလာတာရှိရင်သို့မဟုတ် သင့်နို့သီးခေါင်းက အောက်ကိုတွဲကျနေတယ်ဆိုရင် သင်က ရင်သားပင့်တင်ပြုပြင်ခြင်းကို ပြုလုပ်သင့်ပါတယ်။ရင်သားပင့်တင်ပြုပြင်ခြင်းက သင့် ပုံစံနဲ့ သင့် ကိုယ်ပိုင်ယုံကြည်မှု ကိုပိုပြီး တိုးတက်စေမှာပါ။
၂။ ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်လိုလူတွေက ပြုလုပ်သင့်သလဲ။
ရင်သားပင့်တင်ပြုပြင်ခြင်းကို သင့်ရင်သား တွေဖွံဖြိုးမှုတွေ အားလုံးပြီးဆုံးတဲ့နောက်မှာ အသက်အရွယ် မရွေးပြုလုပ်လို့ရပါတယ်။ သင်က ကိုယ်ဝန်မဆောင်ခင်နဲ့ဆောင်ပြီးချိန်တွေမှာလည်း ဒီဟာကို လုပ်လု့ိရပါတယ်။ဒီလိုပြုပြင်ခြင်းလုပ်ပြီးပါကလည်း သင့်ကလေးကို နို့်တိုက်ချင်ပါက တိုက်လို့ရပါတယ်။ရင်သားကိုပင့်တင်ပြုပြင်ခြင်းကြီးပဲ သပ်သပ်လုပ်တာကတော့ကိုယ်ဝန်ဆောင်တာနဲ့ သွားပြီး ထိရောက်ပတ်သက်မှုမရှိပါဘူး သို့သော် ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းတွေကြောင့်ရင်သားပင့်တင်ထားတဲ့ရလာဒ်ကို မကောင်းတဲ့ အကြောင်းအရာတစ်ခုခုအဖြစ် သက်ရောက်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် ရင်သားပင့်တင်ပြုပြင်ခြင်းကို သင်ကကလေးတွေ အားလုံး မွေးပြီးမှပဲစောင့်ပြီး လုပ်တာကောင်းပါတယ်။နောက်ထပ်သတင်းအချက်အလက်တွေ လိုအပ်ပါသေးသလား။ အသေးစိတ်အချက်အလက်များသိရဖို့အတွက်အထူးကုဆရာဝန်များနှင့် သေချာ တိုင်ပင်ဆွေးနွေးပါ။
ကုန်ကျစရိတ်
ဗီယက်နမ်မှာ ရင်သားပင့်တင်ပြုပြင်ခြင်း၏ ကုန်ကျစရိတ်။VND 65 to 150 millions ထိ ကုန်ကျနိုင်ပါတယ်။
ရင်သားပင့်တင် ပြုပြင်ခြင်း ရဲ့ တစ်ခြားနိုင်ငံတွေရဲ့ကုန်ကျစရိတ်။ရင်သားပင့်တင်ပြုပြင်ခြင်းရဲ့ အကြမ်းအား ဖြင့်ကတော့2017 က American Society of Plastic Surgeonsတို့ရဲ့ကိန်းဂဏန်းအရ $4672 လောက်ကုန်ကျတယ်လို့ဆိုပါတယ်။ သူတို့ရဲ့ ကုန်ကျစရိတ်က အမျိုးမျိုးအစားစားရှိနိုင်ပါတယ်။ အပေါ ်က အကြမ်းဖျင်းပြထားတဲ့ကုန်ကျစရိတ်ကတော့ မေ့ဆေးဖိုးများ၊ ခွဲစိတ်ခန်းအသုံးပြုခများနဲ့အခြားသော ဗာဟီရများအတွက် မပါသေးပါ။ခွဲစိတ်ဆရာဝန်အတွက် ငွေကတော့ သူ့ရဲ့ အတွေ့အကြုံ၊ဘယ်လိုမျိုး ခွဲစိတ်မှုကို လုပ်ရတာလည်းနဲ့ ရုံးခန်းတည်နေရာပေါ ်မူတည်ပြီးတော့ ကွဲ့ပြားပါလိမ့်မယ်။ကျန်းမာရေးအာမခံ တော်တော်များများကတော့ ရင်သားပင့်တင်ပြုပြင်ခြင်းခွဲစိတ်မှုများ၊ သူနဲ့ပတ်သက်တဲ့နောက်ဆက်တွဲဆိုးကျိုး ပြသနာများ သို့မဟုတ် အခုခွဲတာမလှလို့ နောက်ထပ် ထပ်ခွဲရတဲ့ ဟာမျိုးတွေမှာ အာမခံပေးလေ့မရှိပါဘူး။သို့သော် ခွဲစိတ်ဆရာဝန်တွေကတော့ သင့်ငွေရေးကြေးရေးဝင်ငွေအပေါ ်မူတည်ပြီးစီစဉ်ပေးတာတွေရှိတတ်ပါတယ်။ သေချာမေးမြန်းကြည့်ပါ။
ပြင်ဆင်ခြင်း။
၁။ ရင်သားပင့်တင်ပြုပြင်ခြင်း မလုပ်ခင် ဘာလုပ်သင့်သလဲ။
ပထမဆုံးအဆင့်ကတော့ ပလတ်စတစ်ဆာဂျရီ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ သင်က တိုင်ပင်တဲ့အခါမှာသင်က ဘာလိုချင်တယ်ဆိုတာ ခွဲစိတ်ဆရာဝန်ကိုပြောပြရပါမယ်။ တကယ်လု့ိ သင်က ရင်သားအတုပါ ထည့်ချင်တယ်ဆိုပါက ဘယ်လိုအရွယ်အစားနဲ့ဘယ်လိုပုံစံထည့်ချင်လည်း တစ်ခါတည်းပြပြီးတစ်ခါတည်းဆွေးနွေးရပါမယ်။ခွဲစိတ်ဆရာဝန်က သင့်ကျန်းမာရေးအခြေအနေနဲ့ သင့်ရွေးချယ်မှုတွေအပေါ ်မှာမူတည်ပြီးတော့ စဉ်းစားပေးပါလိမ့်မယ်။ ခွဲစိတ်ဆရာဝန်က သင့်ကို လုပ်နည်းတွေအသေးစိတ်ပါ ရှင်းပြပြီးတော့ ဘယ်လိုအန္တရာယ်တွေရှိနိုင်တယ်နဲ့ ပြန်ကောင်းလာရင် ဘယ်လိုတွေရှိတတ်တယ်ဆိုတာတွေ ပြောပြပါလိမ့်မယ်။သင့်ဆရာဝန်က သင့်အတွက်နောက်ဆက်တွဲဆိုးကျိုးပြသနာတွေကို လျှော့ချနိုင်ဖို့အတွက် မခွဲခင် လမ်းညွှန်ချက်တွေကို ပေးပါလိမ့်မယ်။ ညွှန်ကြားချက်တွေအနေနဲ့ကတော့ ဆေးလိပ်မသောက်ဖို့ ဆိုတာမျိုး၊ သွေးထွက်များစေမယ့်ဆေးတွေကို ခဏဖြတ်ခိုင်းတာမျိုးနဲ့လိုအပ်ပါက ပိုးသတ်ဆေးတွေကြိုသောက်ခိုင်းတာတို့လုပ်ပါလိမ့်မယ်။ သင့်ရဲ့ခွဲစိတ်ပြီးနာလန်ထတဲ့အချိန်အတွက်ကို ပါတစ်ခါတည်းအစီအစဉ်ချထားတာ ကောင်းပါတယ်။ ဥပမာအားဖြင့် သင်က ရင်သားပင့်တင်ပြုပြင်ခြင်းပြီးသွားပြိးတော့အနည်းဆုံး ၄ပတ်မှ၆ပတ်လောက်မှာ အလေးမခြင်းတွေကို မပြုလုပ်ရပါဘူး။ တကယ်လို့ သင့်မှာ ကလေးငယ်လေးတွေရှိရင်တော့ အကူအညီတွေခေါ ်ဖို့လိုအပ်ပါလိမ့်မယ်။
၂။ ရင်သားပင့်တင်ပြုပြင်ခြင်းပြီးပါက ဘယ်လိုလုပ်သင့်
သလဲ။
ရင်သားပင့်တင်ပြုပြင်ခြင်းလုပ်ပြီး ရက်အနည်းငယ်အတွင်းမှာ သင့်ဆရာဝန်က ညွှန်တဲ့အတိုင်း အနာသက်သာဆေးတွေကို သောက်ပါ။ ပြင်းထန်စွာညှစ်ခြင်း၊ ကုန်းခြင်း၊အလေးမခြင်းတို့ကို ရှောင်ပါ။ ပက်လက်အိပ်ခြင်း သို့မဟုတ် ဘေးစောင်းအိပ်ခြင်းတို့နဲ့ သင့်ရင်သားတွေမှာဖိအားတွေမရှိစေရန် သက်သာစွာနေပါ။ရင်သားပြုပြင်ပြီး နောက်တစ်ပတ်မှ နှစ်ပတ်လောက်ထိလိင်ဆက်ဆံခြင်း ကို ရှောင်ပါ။ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာများ ဖြစ်တဲ့ ခေါင်းလျှော်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ဘယ်အချိန်လောက်မှာ ပြန်လုပ်လု့ိရမလဲ သင့်ဆရာဝန်ကို မေးပါ။ အထဲက အရည်များထွက်လို့ရစေရန် ထည့်ပေးခဲ့တဲ့ ပိုက်ကို ရက်အနည်းငယ်အတွင်းမှာဖြုတ်ပစ်ပါလိမ့်မယ်။ အဲ့ပိုက်ကို ထုတ်လိုက်တဲ့ရက်မှာသင့်ဆရာဝန်က သင့်အနာပတ်တီးကို လဲလှယ်ပေးပါလိမ့်မယ်။သင့်ရဲ့ချုပ်ရိုးတွေက ဘယ်အချိန်လောက်မှာ ဖြည်ရမလဲဆိုတာမေးပါ။ တစ်ချို့သော ချုပ်ရိုးတွေကတော့ အသားထဲမှာ အရည်ပျော်သွားတတ်ပါတယ်။ တစ်ချို့ကတော့ခွဲပြီး တစ်ပတ်မှ နှစ်ပတ်လောက်မှာ ဆရာဝန်ဆီမှာ သွားပြီး ဖြည်ရပါတယ်။ခွဲစိတ်ပြီးတဲ့နောက်ဝတ်ရတဲ့ အထောက်အကူပြုတဲ့ ဘရာစီယာကို သုံးရက်မှလေးရက်လောက် ဆက်တိုက်ဝတ်ထားရပါမယ်။ နောက်ပြီးရင်တော့ ခပ်ပျော့ပျော့နဲ့ ရင်သားကို အထောက်အကူပြုမယ့် ဘရာစီယာမျိုးကို သုံးပတ်မှ လေးပတ်လောက်ထိဝတ်ထားရပါမယ်။ သင့်ဆရာဝန်က ခွဲထားတဲ့နေရာမှာ စီလီကွန် တိပ်ကပ်ခြင်းသို့မဟုတ် ဂျဲလ်လေးလိမ်းထားခိုင်းခြင်းနဲ့အနာမြန်မြန်ကျက်စေမှာပါ။သင့်အနာက ကျက်နေစဉ်မှာ သင့်ရင်သားတွေကို နေရောင်ပြပေးပါ။ နေနဲ့ ထိတွေ့တဲ့အချိန်မှာတော့ သင့်ရဲ့ခွဲထားတဲ့ဒဏ်ရာကို ကာကွယ်ဖို့လည်း သတိထားပါ။
လုပ်နည်းလုပ်စဉ်များ။
၁။ ရင်သားပင့်တင်ပြုပြင်ခြင်းက ဘယ်လောက်ထိကြာနိုင်သလဲ။
များသောအားဖြင့်တော့ ၃နာရီလောက်ကြာတတ်ပြီးတော့မေ့ဆေးနဲ့ပဲ လုပ်တာများပါတယ်။ အမျိုးသမီးတော်တော်များများကတော့ပြင်ပ လူနာအဖြစ်နဲ့ပဲ ညအိပ်စရာမလိုပဲလုပ်ကြတာများပါတယ်။
၂။ ရင်သားပင့်တင်ပြုပြင်ခြင်းကို ဘယ်လိုလုပ်သလဲ။
လုပ်နည်းကတော့ ရင်သားကအရေပြားကို ဖယ်ရှားပြီးတော့ ရင်သားတစ်ရှုးတွေကို ပုံစံပြန်သွင်းပါတယ်။ သေချာတဲ့ နည်းလမ်းအနေနဲ့ကတော့သင့်ခွဲစိတ်ဆရာဝန်ကခွဲရမယ့်နေရာရွေးခြင်းနဲ့ ဘယ်လိုနေရာက အမာရွတ်ရှိတာ အဆင်ပြေမလဲ သူတို့ပဲဆုံးဖြတ်ကြပါတယ်။သင့်ဆရာဝန်က အောက်ပါနေရာတွေမှာ ဓားရာပေးနိုင်ပါတယ်။
-နို့သီးခေါင်းဘေးတစ်ဝိုက်
-နို့သီးခေါင်းဘေးကနေ အောက်ဘက် ရင်သားရှိတဲ့ဘက်
ကိုပေးခြင်း
-ရင်သား အကြောင်းအတိုင်း ရေပြင်ညီမျဉ်းအတိုင်း ပေးခြင်း။
သင့်ဆရာဝန်က ချုပ်ရိုးတွေကို သင့်ရင်သားထဲထိ နှစ်ြင်္ပိးချုပ်ပါလိမ့်မယ်။ လိုအပ်ပါက နို့သီးခေါင်းဘေးက အမဲနေရာ ဧရိယာကို သေးအောင် လုပ်ပါလိမ့်မယ်။ ခွဲစိတ်ဆရာဝန်က ပိုနေတဲ့ ရင်သား အရေပြားတွေကို ခွဲထုတ်ပြီးတော့ နို့သီးခေါင်းကို ပိုမြင့်တဲ့နေရာကို ရွှေ့ပါလိမ့်မယ်။ နောက်ပြီးရင်တော့ ရင်သားအရေပြားအားလုံးကို ပြန်ချုပ်ပြီး အနာကို အုပ်ပေးပါလိမ့်မယ်။
၃။ ခွဲစိတ်ပြီးတဲ့နောက်မှာ ဘာဖြစ်မှာလဲ။
ခွဲစိတ်ပြီးပါက သင့်ရင်သားများကို အနာကပ်တာနဲ့သေချာကပ်ထားပေးမှာဖြစ်ပြီး ခွဲစိတ်ပြီးဝတ်ရတဲ့ ရင်သားအထောက်အကူပြု ဘရာစီယာကို ဝတ်ရပါလိမ့်မယ်။ ရင်သားရဲ့ခွဲတဲ့နေရာနားလေးမှာ အထဲကအရည်ပိုတွေ သွေးတွေ ထွက်လု့ိရအောင် ပိုက်ပြွန်လေးတစ်ခု ထည့်ထားပေးပါမယ်။ သင့်ရင်သားက ရောင်လာခြင်းနဲ့ အညိုအမည်းစွဲခြင်းက နှစ်ပတ်လောက်ထိဖြစ်နေနိုင်ပါတယ်။ သင့်ရဲ့ခွဲထားတဲ့နေရာမှာ နာကျင်ခြင်း၊ စူးခြင်း၊ နီခြင်း၊ ပန်းရောင်ဖြစ်နေခြင်းတို့ကို ခွဲပြီး လအနည်းငယ်လောက်ထိ ခံစားရမြင်ရနိုင်ပါတယ်။ နို့သီးခေါင်းလေးထုံခြင်း၊ နို့သီးခေါင်းဘေးအမည်းကွက်နဲ့ ရင်သားအရေပြား ထုံခြင်းတို့ကို ခြောက်ပတ်လောက်အထိခံစားရနိုင်ပါတယ်။
နောက်ဆက်တွဲပြသနာများနှင့် ဘေးထွက်ဆိုးကျိုးများ။
၁။ ရင်သားပင့်တင်ပြုပြင်ခြင်းကနေ ဘယ်လိုနောက်ဆက်တွဲပြသနာတွေ ဖြစ်လာနိုင်သလဲ။
များစွာသော နောက်ဆက်တွဲပြသနာများ ဖြစ်နိုင်ခြင်း
-အမာရွတ်ကျန်ခြင်း။
အမာရွတ်တွေက တစ်သက်လုံးကျန်တယ်ဆိုပေမယ့်လည်း သူတို့တွေက ပျော့ပြီးတော့ တစ်နှစ်မှ နှစ်နှစ်လောက်မှာ မှုန်ပြီးပျောက်သွားပါလိမ့်မယ်။ ဒီလိုခွဲစိတ်ပြီးကျန်တဲ့အရာကို ဘရာဝတ်ခြင်း သို့မဟုတ် ရေကူးဝတ်စုံများဝတ်ခြင်းတို့နဲ့ ဖုံးထားလို့ရပါတယ်။ ရှားပါးစွာနဲ့ပဲအနာကျက်တာနှေးခြင်းကြောင့်အမာရွတ်က ပိုကြီးပြီးပိုကျယ်လာခြင်းတို့ ကြုံတတ်ပါတယ်။
-နို့သီးခေါင်း သို့မဟုတ် ရင်သားအရေပြား ခံစားမှုများပြောင်းလြဲခင်း။
ခံစားမှုများက အပတ်အနည်းငယ်အကြာမှာပြန်ရတတ်သော်လည်း တစ်ချို့သော ခံစားမှုများကတော့ တစ်သက်လုံးပြန်မရတတ်ပါဘူး။ ဒါပေမယ့် လိင်ဆက်ဆံစဉ်မှာဖြစ်တဲ့ လိင်စိတ်နှိုးဆော်တဲ့နေရာမှာတော့ အထိအခိုက်မရှိပါဘူး။
-ပုံမမှန်ခြင်း သို့မဟုတ် ရင်သားများရဲ့ ပုံစံနဲ့အရွယ်အစားမတူညီခြင်း။
ဒီဟာကတော့ အနာကျက်တဲ့ အချိန်မှာ ရလာဒ်တစ်ခုအနေနဲ့ရနိုင်ပါတယ်။ ခွဲစိတ်မှုလုပ်တယ်ဆိုပေမယ့် လည်းအစကတည်းက ရှိတဲ့ မတူညီနေမှုကို အောင်မြင်စွာ ပြန်ပြင်လု့ိ မရတတ်ပါဘူး။
-နို့သီးခေါင်း သို့မဟုတ် နို့သီးခေါင်းဘေးအမဲကွက် တစ်စိတ်တစ်ပိုင်းသို့မဟုတ် အကုန်လုံး ဆုံးရှုံးခြင်း။
ရှားပါးစွာနဲ့ပဲ ရင်သားပင့်တင်ပြုပြင်ခြင်းပြုလုပ်တဲ့အခါမှာနို့သီးခေါင်း သို့မဟုတ် နို့သီးခေါင်းဘေးအမဲကွက်ကို သွားတဲ့သွေးစီးဆင်းမှုက ပြတ်တောက်သွားတတ်ပါတယ်။ အဲ့ကနေပဲ ရင်သားတစ်ရှုးတွေပျက်စီးပြီး တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးဆုံးရှုံးရတတ်ပါတယ်။
-နို့တိုက်ရ ခက်ခဲခြင်း။
-ရင်သားပင့်တင်ပြုပြင်ခြင်း ပြုလုပ်ပြီးပါက နို့တိုက်လို့ ရပါသော်လည်း တစ်ချု့ိအမျိုးသမီးတွေကတော့ နို့ကို လုံလောက်စွာ ထုတ်ဖို့အတွက်ခက်ခဲသွားပါတယ်။အရမ်းကြီးတဲ့အကြီးစားခွဲစိတ်မှုတွေလိုပဲ ရင်သားပင့်တင်
ပြုပြင်ခြင်းမှာလည်း သွေးထွက်လွန်ခြင်းအန္တရာယ်၊ ပိုးဝင်ခြင်း နှင့် မေ့ဆေးကို မတည့်ခြင်းတွေ ကြုံရနိုင်ပါတ်။ နောက်ပြီးတော့ ခွဲနေစဉ်နှင့်ခွဲပြီးသုံးတဲ့ ပစ္စည်းတွေနဲ့ဓာတ်မတည့်မှုတွေလည်းကြုံရနိုင်ပါတယ်။
၂။ ရင်သားပင့်တင်ပြုပြင်ခြင်းရဲ့ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုး
ကျိုးတွေက ဘာတွေလဲ။
အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
-ရောင်ခြင်း
-နာခြင်း
-အညိုအမည်းစွဲခြင်း
-နာကျင်ခြင်း
-ထုံခြင်းတို့ ဖြစ်ကြပါတယ်။
ရေးသားသူ Dr. Sandy Kyaw
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
0 Comments