Last post

မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ

မေတာ္တဆ ကြန္ဒုံးေပါက္သြား၊ျပဲသြားခဲ့ရင္ ဘယ္လိုလုပ္မလဲ
==========
အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္းဟာ HIV အပါအဝင္ အျခားေသာ ကူးစက္ေရာဂါမ်ားစြာကို ေပ်ာ္ေပ်ာ္ပါးပါးၾကီး ဖိတ္ေခၚေနသလို ျဖစ္တာေၾကာင့္ လိင္ဆက္ဆံရင္ (အထူးသျဖင့္ ကိုယ္ဝန္မရခ်င္တဲ့ အခါမ်ိဳး၊ကိုယ့္အိမ္ေထာင္ဖက္ မဟုတ္သူနဲ႕ လိင္ဆက္ဆံတဲ့အခါမ်ိဳးမွာေပါ့) ကြန္ဒုံးသုံးရမယ္ဆိုတာ လူတိုင္းလိုလို သိၾကပါတယ္။သုံးလည္းသုံးၾကပါတယ္။ကြန္ဒုံးဟာ ရာႏွုန္းျပည့္စိတ္ခ်ရတယ္ မဟုတ္ေပမယ့္ ရာႏွုန္းျပည့္နီးပါး အကာအကြယ္ေပးတာေတာ့ အမွန္ပါပဲ။ဒါေပမယ့္ ကြန္ဒုံးအသုံးျပဳျခင္းေၾကာင့္ လိင္မႈဆိုင္ရာသာယာမႈ ေလ်ာ့နည္းသြားျခင္း၊ကြန္ဒုံးေပါက္ျပဲျခင္းစတဲ့ အခက္အခဲေလးေတြ ေပၚေပါက္လာတတ္ပါတယ္။ဒီအခက္အခဲေတြထဲကမွ ကြန္ဒုံးေပါက္ျပဲသြားရင္ ဘာဆက္လုပ္ရမလဲဆိုတာကို ဒီေဆာင္းပါးေလးမွာ မွ်ေဝေပးသြားမွာပါ။

၁။ လမ္းခုလတ္မွာ ေပါက္သြား၊ျပဲသြားရင္ ဘယ္လိုလုပ္မလဲ

ေကာင္းခန္းေရာက္ေနတုန္း ကြန္ဒုံးေပါက္သြားျပီလို႕ ခံစားလိုက္မိရင္ တခ်ိဳ႕တခ်ိဳ႕ေသာ ဆရာသမားေတြဟာ အရွိန္ပ်က္မခံဘဲ ဆက္လက္ခ်ီတက္ၾကပါတယ္။ဒါဟာ အင္မတန္မွကို ေၾကာက္ဖို႕ေကာင္းသလို၊အင္မတန္လည္း မွားယြင္းတဲ့ အမူအက်င့္ပါ။ဘယ္လို အေနအထားမ်ိဳးပဲ ေရာက္ေနေရာက္ေန ကြန္ဒုံးေပါက္သြားျပီလို႕ ထင္ရင္ လုပ္လက္စကိစၥကို ခ်က္ခ်င္းရပ္ပါ။ကြန္ဒုံးအသစ္တခုနဲ႕ လဲလွယ္အသုံးျပဳပါ။ဒါဟာ အင္မတန္႐ိုးရွင္းလြယ္ကူပါတယ္။သတိတခ်က္ေၾကာင့္ တသက္အမွား မျဖစ္ပါေစနဲ႕။

၂။ ကြန္ဒုံးေပါက္ေနေၾကာင္းကို ကိစၥျပီးေျမာက္ခ်ိန္မွ သိရင္ ဘယ္လိုလုပ္ရမလဲ

အိမ္သာထဲ အျမန္ဝင္ျပီး တတ္ႏိုင္သမွ် ဆီးမ်ားမ်ားသြားပစ္ပါ။ဒီလို သြားျခင္းအားျဖင့္ ပိုးမႊားေတြ အထိုက္အေလ်ာက္ အျပင္ထြက္သြားႏိုင္ပါတယ္။သင့္အေဖာ္ကိုလည္း ဆီးသြားခိုင္းပါ၊မိန္းမကိုယ္ထဲ သုတ္ရည္တခ်ိဳ႕တဝက္ ဝင္သြားရင္လည္း ေရမ်ားမ်ားနဲ႕ ျမန္ျမန္ေဆးထုတ္ပါ။တခ်က္သိထားရမွာက ဒီလိုလုပ္ျခင္းအားျဖင့္ ကိုယ္ဝန္ရွိလာျခင္း ဒါမွမဟုတ္ လိင္မွတဆင့္ ေရာဂါကူးစက္ျခင္းေတြကို ကာကြယ္ေပးႏိုင္လိမ့္မယ္လို႕ တထစ္ခ် ေျပာေနတာ မဟုတ္ပါဘူး။ဘာမွ မထူးေတာ့တာလည္း ျဖစ္ႏိုင္ပါတယ္။ဒါေပမယ့္ ဘာမွမလုပ္ဘဲ ေနတာထက္ေတာ့ အက်ိဳးရွိေကာင္း ရွိပါလိမ့္မယ္။

၃။ ကိုယ္ဝန္ရွိမွာ ေၾကာက္တယ္

ကိစၥလည္း ျပီးေျမာက္သြားျပီ။ကြန္ဒုံးလည္း ေပါက္သြား၊ျပဲသြားတာမို႕ သုတ္ရည္တခ်ိဳ႕တဝက္လည္း မိန္းမကိုယ္ထဲ ဝင္သြားတယ္။သင့္လိင္ဆက္ဆံေဖာ္ အမ်ိဳးသမီးအေနနဲ႕လည္း သားဆက္ျခားနည္းလမ္းတမ်ိဳးမ်ိဳး မသုံးထားဘူး။ကိုယ္ဝန္လည္း မလိုခ်င္ဘူးဆိုရင္ လုပ္ရမယ့္တခုတည္းေသာ အရာကေတာ့ အေရးေပၚပဋိသေႏၶတားေဆး သုံးစြဲတာပါပဲ။ဒီေဆးေတြကို ေဆးဆိုင္အေတာ္မ်ားမ်ားမွာ ဝယ္လို႕ရျပီး ေသာက္ရလည္း လြယ္ကူပါတယ္။မွတ္ထားရမယ့္ အခ်က္သုံးခ်က္ ရွိပါတယ္။ပထမအခ်က္ – ဒီေဆးေတြဟာ အကာအကြယ္မဲ့ လိင္ဆက္ဆံအျပီး ၇၂နာရီအတြင္း ေသာက္မွ အာနိသင္အျပည့္အဝ ျပတာျဖစ္ျပီး ေစာေစာေသာက္ေလ အာနိသင္မ်ားေလပါပဲ။ဒုတိယအခ်က္ – ဒီေဆးေတြဟာ ကိုယ္ဝန္ကို ရာႏွုန္းျပည့္တားဆီးေပးႏိုင္ျခင္း မရွိပါဘူး (ကိုယ္ဝန္ကို ရာႏွုန္းျပည့္တားဆီးေပးႏိုင္တဲ့ သားဆက္ျခားနည္းလည္း မရွိေသးပါဘူး)။တတိယအခ်က္ – နာမည္ကိုက အေရးေပၚ ပဋိသေႏၶတားေဆးပါ။ခဏခဏ အေရးေပၚေနလို႕ မရပါဘူး။ဒါကို သေဘာေပါက္ရပါမယ္။ဒါ့အျပင္ ပဋိသေႏၶတားေဆးေတြဟာ လိင္မွတဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြကို ကာကြယ္ေပးႏိုင္ျခင္း လုံးဝ (လုံးဝ) မရွိပါဘူး။

၄။ HIV ပိုးကူးမွာ ေၾကာက္တယ္

ဟုတ္ပါတယ္။ကိုယ္ဝန္ထက္ ေၾကာက္ဖို႕ေကာင္းတာက ဒီေရာဂါပါ။လိင္ဆက္ဆံတုန္း ကြန္ဒုံးေပါက္သြားတဲ့အတြက္ HIV ကူးမွာ ေၾကာက္ေနျပီဆိုရင္ နီးစပ္ရာ ေဆး႐ံုေဆးခန္းဆီ အျမန္ဆုံးသြားေရာက္ျပီး post-exposure prophylaxis လို႕ေခၚတဲ့ ကာကြယ္ေဆးေတြကို ေသာက္ဖို႕လိုမလို ဆရာဝန္နဲ႕ တိုင္ပင္ရပါမယ္။ဒီေဆးေတြဟာလည္း ေရာဂါကို ရာႏွုန္းျပည့္ကာကြယ္ႏိုင္တာမ်ိဳး မဟုတ္ပါဘူး။ျပီးေတာ့ သင့္အေနနဲ႕ တေန႕ကို တၾကိမ္ ဒါမွမဟုတ္ ႏွစ္ၾကိမ္ ေဆးေသာက္ရမွာျဖစ္ျပီး ႏွစ္ဆယ့္ရွစ္ရက္ေလာက္ ဆက္တိုက္ေသာက္ရေလ့ရွိပါတယ္။ေဆးေသာက္ဖို႕ လိုမလိုဆိုတာကိုေတာ့ သင့္ဆရာဝန္က ဆုံးျဖတ္ေပးပါလိမ့္မယ္။ဘာလို႕လဲဆိုေတာ့ ဒီေဆးေတြဟာ ေဘးထြက္ဆိုးက်ိဳးေတြလည္း ျပင္းထန္တာမို႕ သင့္အေနနဲ႕ ေဆးဒါဏ္ကို ခံႏိုင္ရည္ရွိမရွိ၊ေရာဂါကူးစက္ႏိုင္ေခ် မ်ားမမ်ားကို ၾကိဳတင္ဆန္းစစ္ဖို႕ လိုအပ္လို႕ပါ။

၅။ ေသြးစစ္ပါ

အခုခ်က္ခ်င္း အိပ္ရာထဲကထေျပးျပီး ေသြးသြားစစ္ဖို႕ မလိုေပမယ့္ စစ္ေတာ့စစ္ရပါမယ္။တခါသုံး test kit ေလးေတြ သုံးျပီး အိမ္မွာစစ္တာမ်ိဳးက အေျဖမတိက်တတ္တဲ့အတြက္ ေဆး႐ံု၊ေဆးခန္း၊ဓာတ္ခြဲခန္းတခုခုဆီ သြားတာ ပိုေကာင္းပါတယ္။ရက္အနည္းငယ္ၾကာလို႕ အေျဖသိရတဲ့အခါ သင့္ဆီမွာ လိင္မွတဆင့္ ကူးစက္တတ္တဲ့ ေရာဂါတခုခု ရွိေနျပီဆိုရင္ေတာ့ သင့္အေဖာ္ကို အျမန္ဆုံး အသိေပးရပါမယ္။တကယ္လို႕ အားလုံးအဆင္ေျပတယ္။ဘာေရာဂါမွ မရွိဘူးဆိုရင္လည္း ေနာက္ထပ္ သုံးလၾကာတဲ့အခါ ေသြးထပ္စစ္ရပါဦးမယ္။အားလုံးသိၾကတဲ့ window period ေၾကာင့္ပါ။

၆။ သင့္ကြန္ဒုံးကို အေလးထားပါ

အခုတခါေတာ့ ေပါက္သြား၊ျပဲသြားခဲ့ျပီ။ေနာက္အၾကိမ္ေတြ ထပ္မေပါက္ေအာင္ ဘယ္လိုကာကြယ္ရမလဲ။ကြန္ဒုံးကို မွန္မွန္ကန္ကန္ သိမ္းဆည္းဖို႕၊နည္းစနစ္တက် ဝတ္ဆင္အသုံးျပဳဖို႕ အထူးလိုအပ္ပါတယ္။ဒါ့အျပင္ ကြန္ဒုံးအရြယ္အစားကိုလည္း မွန္ကန္စြာ ေရြးခ်ယ္တတ္ရပါမယ္။ကြန္ဒုံးအရြယ္ၾကီးေနရင္ ကြၽတ္ထြက္ႏိုင္သလို ေသးလြန္းက်ပ္လြန္းရင္လည္း ေပါက္ျပဲသြားႏိုင္ျပန္ပါတယ္။ေနာက္တခ်က္က ကြန္ဒုံးရဲ့ သက္တမ္းကုန္ဆုံးရက္ကို ဂ႐ုျပဳဖို႕ လိုပါတယ္။ကြန္ဒုံးေတြဟာ ၾကာေလ ေပါက္ျပဲလြယ္ေလ ျဖစ္တာမို႕ သက္တမ္းၾကာျပီျဖစ္တဲ့ ကြန္ဒုံး၊ရက္လြန္ေနတဲ့ ကြန္ဒုံးေတြကို ေရွာင္ရပါမယ္။ဒါ့အျပင္ ပူလြန္းတဲ့ ေနရာေတြမွာ ကြန္ဒံုးကို မသိမ္းရပါဘူး (ဥပမာ ပိုက္ဆံအိတ္ထဲ၊ေဘာင္းဘီအိတ္ထဲ စသျဖင့္)။ေအးျပီးေျခာက္ေသြ႕တဲ့ေနရာမွာပဲ ထားသင့္ပါတယ္။

၇။ ေခ်ာဆီကို ဂ႐ုတစိုက္ေရြးခ်ယ္ပါ

အကယ္၍ သင္ဟာ လိင္ဆက္ဆံတဲ့အခါ ကြန္ဒုံးကိုသာမက ေခ်ာဆီကိုပါ အသုံးျပဳတတ္သူတဦးဆိုရင္ေတာ့ ေခ်ာဆီအမ်ိဳးအစားကို ဂ႐ုျပဳေရြးခ်ယ္ဖို႕ အထူးလိုအပ္ပါတယ္။အဆီဓာတ္ကို အေျခခံတဲ့ ေခ်ာဆီအစား ေရဓာတ္အေျခခံျပဳလုပ္ထားတဲ့ ကြန္ဒုံးေတြကိုပဲ ေရြးခ်ယ္ရပါမယ္။

၈။ ကြန္ဒုံးစြပ္တဲ့အခါ နည္းစနစ္မွန္မွန္ စြပ္ပါ

ဒါကေတာ့ လူတိုင္းသိပါတယ္လို႕ သင္ေတြးေကာင္းေတြးေနပါလိမ့္မယ္။ဒါေပမယ့္ လူတိုင္းသိေနတဲ့ လြယ္လြယ္အရာေလးေတြကပဲ ဒုကၡေပးသြားတတ္တာ မ်ားပါတယ္။ဒါေၾကာင့္ ကြန္ဒုံးစြပ္တဲ့အခါ ဘူးမွာ ေဖာ္ျပထားတဲ့ နည္းလမ္းအတိုင္း စနစ္တက် စြပ္ဖို႕ သတိျပဳပါ။ကြန္ဒုံးအိတ္ကို ပါးစပ္နဲ႕ကိုက္ေဖာက္တာမ်ိဳး၊အသုံးမျပဳခင္ ၾကိဳတင္ျပီး ျဖည္ထားလိုက္တာမ်ိဳးကို ေရွာင္က်ဥ္ရပါမယ္။

ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ခ်စ္ခ်စ္ခင္ခင္ ခ်စ္တင္းေႏွာရင္း ကြန္ဒုံးေပါက္ျပဲသြားတဲ့အခါ ဘာေတြ ဆက္လုပ္ရမယ္ဆိုတာရယ္၊ေနာက္တခါ ဒါမ်ိဳး ထပ္မျဖစ္ေအာင္ ဘာေတြ ေဆာင္သင့္၊ေရွာင္သင့္တယ္ဆိုတာရယ္ကို မွ်ေဝေပးခဲ့တာျဖစ္ပါတယ္။တခ်ိဳ႕အခ်က္ေလးေတြက အေရးမၾကီးဘူးထင္ရေပမယ့္ အမိႈက္ကစ ျပႆာဒ္မီးေလာင္ျဖစ္သြားတတ္တဲ့အတြက္ အထူးသတိျပဳဖို႕ လိုအပ္ပါေၾကာင္း။

 ေရးသားသူ Dr. Thiha Phyo Myint
 ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

Unicodeဖြင့်ဖတ်ရန်

မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ
==========
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ HIV အပါအဝင် အခြားသော ကူးစက်ရောဂါများစွာကို ပျော်ပျော်ပါးပါးကြီး ဖိတ်ခေါ်နေသလို ဖြစ်တာကြောင့် လိင်ဆက်ဆံရင် (အထူးသဖြင့် ကိုယ်ဝန်မရချင်တဲ့ အခါမျိုး၊ကိုယ့်အိမ်ထောင်ဖက် မဟုတ်သူနဲ့ လိင်ဆက်ဆံတဲ့အခါမျိုးမှာပေါ့) ကွန်ဒုံးသုံးရမယ်ဆိုတာ လူတိုင်းလိုလို သိကြပါတယ်။သုံးလည်းသုံးကြပါတယ်။ကွန်ဒုံးဟာ ရာနှုန်းပြည့်စိတ်ချရတယ် မဟုတ်ပေမယ့် ရာနှုန်းပြည့်နီးပါး အကာအကွယ်ပေးတာတော့ အမှန်ပါပဲ။ဒါပေမယ့် ကွန်ဒုံးအသုံးပြုခြင်းကြောင့် လိင်မှုဆိုင်ရာသာယာမှု လျော့နည်းသွားခြင်း၊ကွန်ဒုံးပေါက်ပြဲခြင်းစတဲ့ အခက်အခဲလေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ဒီအခက်အခဲတွေထဲကမှ ကွန်ဒုံးပေါက်ပြဲသွားရင် ဘာဆက်လုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားမှာပါ။

၁။ လမ်းခုလတ်မှာ ပေါက်သွား၊ပြဲသွားရင် ဘယ်လိုလုပ်မလဲ

ကောင်းခန်းရောက်နေတုန်း ကွန်ဒုံးပေါက်သွားပြီလို့ ခံစားလိုက်မိရင် တချို့တချို့သော ဆရာသမားတွေဟာ အရှိန်ပျက်မခံဘဲ ဆက်လက်ချီတက်ကြပါတယ်။ဒါဟာ အင်မတန်မှကို ကြောက်ဖို့ကောင်းသလို၊အင်မတန်လည်း မှားယွင်းတဲ့ အမူအကျင့်ပါ။ဘယ်လို အနေအထားမျိုးပဲ ရောက်နေရောက်နေ ကွန်ဒုံးပေါက်သွားပြီလို့ ထင်ရင် လုပ်လက်စကိစ္စကို ချက်ချင်းရပ်ပါ။ကွန်ဒုံးအသစ်တခုနဲ့ လဲလှယ်အသုံးပြုပါ။ဒါဟာ အင်မတန်ရိုးရှင်းလွယ်ကူပါတယ်။သတိတချက်ကြောင့် တသက်အမှား မဖြစ်ပါစေနဲ့။

၂။ ကွန်ဒုံးပေါက်နေကြောင်းကို ကိစ္စပြီးမြောက်ချိန်မှ သိရင် ဘယ်လိုလုပ်ရမလဲ

အိမ်သာထဲ အမြန်ဝင်ပြီး တတ်နိုင်သမျှ ဆီးများများသွားပစ်ပါ။ဒီလို သွားခြင်းအားဖြင့် ပိုးမွှားတွေ အထိုက်အလျောက် အပြင်ထွက်သွားနိုင်ပါတယ်။သင့်အဖော်ကိုလည်း ဆီးသွားခိုင်းပါ၊မိန်းမကိုယ်ထဲ သုတ်ရည်တချို့တဝက် ဝင်သွားရင်လည်း ရေများများနဲ့ မြန်မြန်ဆေးထုတ်ပါ။တချက်သိထားရမှာက ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်ဝန်ရှိလာခြင်း ဒါမှမဟုတ် လိင်မှတဆင့် ရောဂါကူးစက်ခြင်းတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ တထစ်ချ ပြောနေတာ မဟုတ်ပါဘူး။ဘာမှ မထူးတော့တာလည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဘာမှမလုပ်ဘဲ နေတာထက်တော့ အကျိုးရှိကောင်း ရှိပါလိမ့်မယ်။

၃။ ကိုယ်ဝန်ရှိမှာ ကြောက်တယ်

ကိစ္စလည်း ပြီးမြောက်သွားပြီ။ကွန်ဒုံးလည်း ပေါက်သွား၊ပြဲသွားတာမို့ သုတ်ရည်တချို့တဝက်လည်း မိန်းမကိုယ်ထဲ ဝင်သွားတယ်။သင့်လိင်ဆက်ဆံဖော် အမျိုးသမီးအနေနဲ့လည်း သားဆက်ခြားနည်းလမ်းတမျိုးမျိုး မသုံးထားဘူး။ကိုယ်ဝန်လည်း မလိုချင်ဘူးဆိုရင် လုပ်ရမယ့်တခုတည်းသော အရာကတော့ အရေးပေါ်ပဋိသန္ဓေတားဆေး သုံးစွဲတာပါပဲ။ဒီဆေးတွေကို ဆေးဆိုင်အတော်များများမှာ ဝယ်လို့ရပြီး သောက်ရလည်း လွယ်ကူပါတယ်။မှတ်ထားရမယ့် အချက်သုံးချက် ရှိပါတယ်။ပထမအချက် – ဒီဆေးတွေဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံအပြီး ၇၂နာရီအတွင်း သောက်မှ အာနိသင်အပြည့်အဝ ပြတာဖြစ်ပြီး စောစောသောက်လေ အာနိသင်များလေပါပဲ။ဒုတိယအချက် – ဒီဆေးတွေဟာ ကိုယ်ဝန်ကို ရာနှုန်းပြည့်တားဆီးပေးနိုင်ခြင်း မရှိပါဘူး (ကိုယ်ဝန်ကို ရာနှုန်းပြည့်တားဆီးပေးနိုင်တဲ့ သားဆက်ခြားနည်းလည်း မရှိသေးပါဘူး)။တတိယအချက် – နာမည်ကိုက အရေးပေါ် ပဋိသန္ဓေတားဆေးပါ။ခဏခဏ အရေးပေါ်နေလို့ မရပါဘူး။ဒါကို သဘောပေါက်ရပါမယ်။ဒါ့အပြင် ပဋိသန္ဓေတားဆေးတွေဟာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း လုံးဝ (လုံးဝ) မရှိပါဘူး။

၄။ HIV ပိုးကူးမှာ ကြောက်တယ်

ဟုတ်ပါတယ်။ကိုယ်ဝန်ထက် ကြောက်ဖို့ကောင်းတာက ဒီရောဂါပါ။လိင်ဆက်ဆံတုန်း ကွန်ဒုံးပေါက်သွားတဲ့အတွက် HIV ကူးမှာ ကြောက်နေပြီဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းဆီ အမြန်ဆုံးသွားရောက်ပြီး post-exposure prophylaxis လို့ခေါ်တဲ့ ကာကွယ်ဆေးတွေကို သောက်ဖို့လိုမလို ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ဒီဆေးတွေဟာလည်း ရောဂါကို ရာနှုန်းပြည့်ကာကွယ်နိုင်တာမျိုး မဟုတ်ပါဘူး။ပြီးတော့ သင့်အနေနဲ့ တနေ့ကို တကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ဆေးသောက်ရမှာဖြစ်ပြီး နှစ်ဆယ့်ရှစ်ရက်လောက် ဆက်တိုက်သောက်ရလေ့ရှိပါတယ်။ဆေးသောက်ဖို့ လိုမလိုဆိုတာကိုတော့ သင့်ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ဒီဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေလည်း ပြင်းထန်တာမို့ သင့်အနေနဲ့ ဆေးဒါဏ်ကို ခံနိုင်ရည်ရှိမရှိ၊ရောဂါကူးစက်နိုင်ချေ များမများကို ကြိုတင်ဆန်းစစ်ဖို့ လိုအပ်လို့ပါ။

၅။ သွေးစစ်ပါ

အခုချက်ချင်း အိပ်ရာထဲကထပြေးပြီး သွေးသွားစစ်ဖို့ မလိုပေမယ့် စစ်တော့စစ်ရပါမယ်။တခါသုံး test kit လေးတွေ သုံးပြီး အိမ်မှာစစ်တာမျိုးက အဖြေမတိကျတတ်တဲ့အတွက် ဆေးရုံ၊ဆေးခန်း၊ဓာတ်ခွဲခန်းတခုခုဆီ သွားတာ ပိုကောင်းပါတယ်။ရက်အနည်းငယ်ကြာလို့ အဖြေသိရတဲ့အခါ သင့်ဆီမှာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတခုခု ရှိနေပြီဆိုရင်တော့ သင့်အဖော်ကို အမြန်ဆုံး အသိပေးရပါမယ်။တကယ်လို့ အားလုံးအဆင်ပြေတယ်။ဘာရောဂါမှ မရှိဘူးဆိုရင်လည်း နောက်ထပ် သုံးလကြာတဲ့အခါ သွေးထပ်စစ်ရပါဦးမယ်။အားလုံးသိကြတဲ့ window period ကြောင့်ပါ။

၆။ သင့်ကွန်ဒုံးကို အလေးထားပါ

အခုတခါတော့ ပေါက်သွား၊ပြဲသွားခဲ့ပြီ။နောက်အကြိမ်တွေ ထပ်မပေါက်အောင် ဘယ်လိုကာကွယ်ရမလဲ။ကွန်ဒုံးကို မှန်မှန်ကန်ကန် သိမ်းဆည်းဖို့၊နည်းစနစ်တကျ ဝတ်ဆင်အသုံးပြုဖို့ အထူးလိုအပ်ပါတယ်။ဒါ့အပြင် ကွန်ဒုံးအရွယ်အစားကိုလည်း မှန်ကန်စွာ ရွေးချယ်တတ်ရပါမယ်။ကွန်ဒုံးအရွယ်ကြီးနေရင် ကျွတ်ထွက်နိုင်သလို သေးလွန်းကျပ်လွန်းရင်လည်း ပေါက်ပြဲသွားနိုင်ပြန်ပါတယ်။နောက်တချက်က ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးရက်ကို ဂရုပြုဖို့ လိုပါတယ်။ကွန်ဒုံးတွေဟာ ကြာလေ ပေါက်ပြဲလွယ်လေ ဖြစ်တာမို့ သက်တမ်းကြာပြီဖြစ်တဲ့ ကွန်ဒုံး၊ရက်လွန်နေတဲ့ ကွန်ဒုံးတွေကို ရှောင်ရပါမယ်။ဒါ့အပြင် ပူလွန်းတဲ့ နေရာတွေမှာ ကွန်ဒုံးကို မသိမ်းရပါဘူး (ဥပမာ ပိုက်ဆံအိတ်ထဲ၊ဘောင်းဘီအိတ်ထဲ စသဖြင့်)။အေးပြီးခြောက်သွေ့တဲ့နေရာမှာပဲ ထားသင့်ပါတယ်။

၇။ ချောဆီကို ဂရုတစိုက်ရွေးချယ်ပါ

အကယ်၍ သင်ဟာ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကိုသာမက ချောဆီကိုပါ အသုံးပြုတတ်သူတဦးဆိုရင်တော့ ချောဆီအမျိုးအစားကို ဂရုပြုရွေးချယ်ဖို့ အထူးလိုအပ်ပါတယ်။အဆီဓာတ်ကို အခြေခံတဲ့ ချောဆီအစား ရေဓာတ်အခြေခံပြုလုပ်ထားတဲ့ ကွန်ဒုံးတွေကိုပဲ ရွေးချယ်ရပါမယ်။

၈။ ကွန်ဒုံးစွပ်တဲ့အခါ နည်းစနစ်မှန်မှန် စွပ်ပါ

ဒါကတော့ လူတိုင်းသိပါတယ်လို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ဒါပေမယ့် လူတိုင်းသိနေတဲ့ လွယ်လွယ်အရာလေးတွေကပဲ ဒုက္ခပေးသွားတတ်တာ များပါတယ်။ဒါကြောင့် ကွန်ဒုံးစွပ်တဲ့အခါ ဘူးမှာ ဖော်ပြထားတဲ့ နည်းလမ်းအတိုင်း စနစ်တကျ စွပ်ဖို့ သတိပြုပါ။ကွန်ဒုံးအိတ်ကို ပါးစပ်နဲ့ကိုက်ဖောက်တာမျိုး၊အသုံးမပြုခင် ကြိုတင်ပြီး ဖြည်ထားလိုက်တာမျိုးကို ရှောင်ကျဉ်ရပါမယ်။

ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ချစ်တင်းနှောရင်း ကွန်ဒုံးပေါက်ပြဲသွားတဲ့အခါ ဘာတွေ ဆက်လုပ်ရမယ်ဆိုတာရယ်၊နောက်တခါ ဒါမျိုး ထပ်မဖြစ်အောင် ဘာတွေ ဆောင်သင့်၊ရှောင်သင့်တယ်ဆိုတာရယ်ကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။တချို့အချက်လေးတွေက အရေးမကြီးဘူးထင်ရပေမယ့် အမှိုက်ကစ ပြဿာဒ်မီးလောင်ဖြစ်သွားတတ်တဲ့အတွက် အထူးသတိပြုဖို့ လိုအပ်ပါကြောင်း။

 ရေးသားသူ Dr. Thiha Phyo Myint
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

0 Comments