လိင္တံႀကီး နည္းလမ္းေတြ၊ တကယ္ေရာ အလုပ္ျဖစ္ၾကရဲ႕လား
==========
အမ်ိဳးသားတိုင္းဟာ လိင္တံႀကီးေစတဲ့ Pump စက္ေတြ၊ ေဆးေတြ၊ ေလ့က်င့္ခန္းေတြ၊ ခြဲစိတ္မႈေတြ အားလုံးကို သိၾကမွာပါ။ ဒါေပမဲ့ ဒီနည္းလမ္းေတြ အားလုံးက တကယ္ အလုပ္ျဖစ္ရဲ႕လားဆိုတာေရာ ေသခ်ာသိၾကပါသလား။
ပြင့္ပြင့္လင္းလင္းေျပာရရင္ အမ်ိဳးသားတိုင္း သူတို႔လိင္တံကို ပိုႀကီးေစခ်င္ၾကပါတယ္။
“ ကမာၻေပၚမွာ သူ႔ရဲ႕ လိင္တံကို တစ္လက္မ၊ ႏွစ္လက္မေလာက္ ပိုၿပီး မရွည္လာေစခ်င္တဲ့ အမ်ိဳးသားတစ္ေယာက္မွ ရွိမယ္ မထင္ပါဘူး ” လို႔ အေမရိကန္ႏိုင္ငံ မက္ဆာခ်ဴးဆက္ျပည္နယ္ ဟားဗတ္ ေဆးေက်ာင္းမွ ဆီးလမ္းေၾကာင္းခြဲစိတ္မႈ ဆိုင္ရာပါေမာကၡျဖစ္သူ မိုက္ကယ္ အို လိရီ (Michael O’Leary) ကဆိုပါတယ္။
ဟိုးေရွးကတည္းက ရွိလာခဲ့ၾကတဲ့ အလုပ္မျဖစ္တဲ့ လိင္တံႀကီးေစႏိုင္တဲ့ နည္းလမ္းေတြကေတာ့ ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ အမ်ားအျပားရွိေပမဲ့ တကယ္တမ္း လိင္တံႀကီးေစဖို႔ သင့္အေနနဲ႔ လုပ္လို႔ရႏိုင္တာ သိပ္မရွိပါဘူး။ အခုလို အြန္လိုင္းေပၚကေန လိင္ပိုင္းဆိုင္ရာနဲ႔ ပတ္သတ္တဲ့ လိင္တံႀကီးေဆးေတာင့္၊ လိင္တံႀကီး လိမ္းေဆး၊ ဆြဲဆန႔္တဲ့ ေလ့က်င့္ခန္းေတြ၊ လိင္တံႀကီးေစတဲ့ ကိရိယာေတြ၊ ခြဲစိတ္မႈေတြ အမ်ားအျပားကို လူတိုင္း သိေနၾကေပမဲ့ ဒီပစၥည္းေတြ အားလုံး နီးပါးက တကယ္ အလုပ္မျဖစ္ပါဘူး။ တကယ့္မွန္ကန္တဲ့ နည္းလမ္းေတြေတာင္ လိင္တံကို အနည္းငယ္သာႀကီးလာေစၿပီး ေဘးထြက္ဆိုးက်ိဳး ေတြလည္း ျဖစ္လာေစႏိုင္ပါတယ္။ ဒီေဘးထြက္ဆိုးက်ိဳးေတြက တစ္ခါတစ္ရံ ေထာင္မတ္မႈ ျပႆနာ ED (erectile dysfunction) အထိပါ ျဖစ္ေစႏိုင္ပါတယ္။
“ ကြၽန္ေတာ္ေျပာတာ ယုံပါ။ ကြၽန္ေတာ္သာ လိင္တံကို အႏၲရာယ္ကင္းကင္းနဲ႔ ထိထိေရာက္ေရာက္ ႀကီးေစႏိုင္တဲ့ နည္းသိေနရင္ ကြၽန္ေတာ္ ဘီလီယံနာ ျဖစ္ေနမွာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္ ဒီနည္းကို မသိဘူး။ ဘယ္သူမွလည္း မသိၾကပါဘူး ” လို႔ မိုက္ကယ္ အိုလိရီ ကဆိုပါတယ္။
သို႔ေပမဲ့ လိင္တံ အရမ္းႀကီးခ်င္တဲ့ အမ်ိဳးသားေတြကေတာ့ သူတို႔ ခႏၶာေဗဒရဲ႕ အေရးႀကီးဆုံး အဂၤါ အေပၚ တကယ္ ၾကမ္းတမ္းတဲ့ကုသမႈေတြ လုပ္ေနၾကတုန္းပါပဲ။
လိင္တံ တစ္ခုက ဘယ္ေလာက္ အတိုင္းတာေလာက္ဆို ေသးတယ္လို႔ ေျပာလို႔ရမလဲ။
သင့္အေနနဲ႔ သင့္လိင္တံဟာ သာမန္ထက္ အနည္းငယ္ေသးေနတယ္လို႔ ထင္ေနပါသလား။ ဒါဆို သင္ထင္ေနတာ မွားပါတယ္။ ပုံမွန္အားျဖင့္ ေထာင္မတ္ေနတဲ့ လိင္တံတစ္ခုက ၅ လက္မကေန ၆ လက္မ အထိသာ ရွည္ၿပီး လုံးပတ္ကေတာ့ ၄ လက္မက ေန ၅ လက္မ အထိရွိပါတယ္။ ေပ်ာ့ေခြေနတဲ့ အခ်ိန္တိုင္းတာရင္ေတာ့ လိင္တံ ဆိုဒ္က အမ်ိဳးမ်ိဳး ကြဲျပားသြားႏိုင္ပါတယ္။
ဒါေပမဲ့ တစ္ခ်ိဳ႕ေသာ အမ်ိဳးသားေတြကေတာ့ ဒီအတိုင္းအတာထက္ တကယ္ႀကီးကို ေသးေနတာ မ်ိဳးလည္း ရွိပါတယ္။ ဒါကို micropenis လို႔ေခၚၿပီး မ်ိဳး႐ိုးဗီဇနဲ႔ ေဟာ္မုန္းျပႆနာ တို႔ေၾကာင့္ ဒီ micropenis ျဖစ္ရတာပါ။ micropenis ေတြဟာ ပုံမွန္အားျဖင့္ ေထာင္မတ္ေနတဲ့ အခ်ိန္မွာေတာင္ ၃ လက္မ ခန႔္သာရွိပါတယ္။ တစ္ခါတစ္ရံမွာေတာ့ Peyronie’s disease လို႔ေခၚတဲ့ အမာ႐ြတ္တစ္ရႈးေတြက အခ်ပ္ေတြလို လိင္တံေအာက္မွာ ရွိေနလို႔ လိင္တံေကာက္တဲ့ ေရာဂါေတြနဲ႔ ပေရာ့စတိတ္ ကင္ဆာ (သုက္ရည္ ဂလင္း) တို႔ေၾကာင့္ အမ်ိဳးသားတစ္ေယာက္ရဲ႕ လိင္တံက ေသးသြားႏိုင္ပါတယ္။
သို႔ေပမဲ့ ေလ့လာခ်က္ေတြ အရ လိင္တံႀကီးနည္း လိုက္လံရွာေဖြေနၾကတဲ့ အမ်ိဳးသားအမ်ားစုရဲ႕ လိင္တံဟာ သာမန္ အ႐ြယ္အစားသာ ရွိေနတာ ျဖစ္ၿပီး သူတို႔က သူတို႔ လိင္တံေသးေနတယ္ လို႔ ထင္ေနၾကတာ ျဖစ္ပါတယ္။ ဘာေၾကာင့္ အမ်ိဳးသားေတြ သူတို႔ လိင္တံ ေသးတယ္လို႔ပဲ ထင္ေနၾကတာလဲ။ ဒီေမးခြန္းရဲ႕ အေျဖတစ္စိတ္တစ္ပိုင္းကေတာ့ ရႈေထာင့္ေၾကာင့္လည္း ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္လိင္တံရဲ႕ အ႐ြယ္အစားကို တိုင္းတာရတာဟာ ငုံ႔ၿပီး တိုင္းတာရတာ ျဖစ္တဲ့ အတြက္ ၾကည့္တဲ့ အခါ ရႈ႕ေထာင့္ ေျပာင္းသြားေစပါတယ္။
ဒီေနရာမွာ စိတ္ပညာကလည္း စကားေျပာပါတယ္။ သာမန္ လိင္တံရွိေနတဲ့ အမ်ိဳးသားအမ်ားစု ဟာ သူတို႔လိင္တံ အရမ္းေသးေနတယ္လို႔ ျမင္ေနရျခင္းဟာ စိတ္ေရာဂါနဲ႔လည္း သက္ဆိုင္ပါတယ္။ ဒီလို လိင္တံေသးေနတဲ့ လို႔ ထင္ေနၾကတဲ့ အမ်ိဳးသားေတြမွာ အေတြ႕ရမ်ားတဲ့ စိတ္ေရာဂါကေတာ့ Penile dysmorphic disorder (PDD) လို႔ေခၚတဲ့ လိင္တံရဲ႕ ခ်ိဳ႕ယြင္းခ်က္ အယူအဆ အမွားအေပၚ အလြန္အကြၽံ စိတ္ပူပန္ေနတဲ့ ေရာဂါ ျဖစ္ပါတယ္။ ဒီေရာဂါမ်ိဳးဟာ ကိုယ္က ဘယ္ေလာက္ပိန္ပိန္ ဝေနတယ္လို႔ ေတြးပူတတ္ၾကတဲ့ လူေတြမွာ ျဖစ္ပြားတတ္တဲ့ စိတ္ပိုင္းဆိုင္ရာ ေရာဂါ တစ္မ်ိဳး ျဖစ္ပါတယ္။ ေလ့လာခ်က္တစ္ခုအရ လိင္တံႀကီးမားေစရန္ ခြဲစိတ္ၾကတဲ့ အမ်ိဳးသားအမ်ားစုမွာ PDD စိတ္ေဝဒနာရွိၾကၿပီး ခြဲစိတ္ၿပီးရင္လည္း ရလာဒ္အေပၚ သိပ္မေက်နပ္ၾကပါဘူး။
လိင္တံႀကီးလာေစရန္ ဘယ္နည္းလမ္းေတြ လုပ္ေဆာင္သင့္လဲ။
ကိုယ္အေလးခ်ိန္ ခ်ပါ။
ႀကီးမားတဲ့လိင္တံတစ္ခု ရွိေနတယ္လို႔ ခံစားရေအာင္ လုပ္ႏိုင္တဲ့ အႏၲရာယ္ကင္းၿပီး ထိေရာက္တဲ့ နည္းလမ္းတစ္ခု ေတာ့ ရွိပါတယ္။ အဲ့ဒါက ကိုယ္အေလးခ်ိန္ေလွ်ာ့ျခင္းပါပဲ။
“ ကိုယ့္လိင္တံ အရမ္းေသးေနတယ္လို႔ ထင္ၾကတဲ့ လူအမ်ားစုဟာ အဝလြန္ေနသူေတြ ျဖစ္ၾကပါတယ္။ ” လို႔ ကယ္လီဖိုးနီးယား ျပည္နယ္ Beverly Hills ၿမိဳ႕မွ ဆီးလမ္းေၾကာင္းဆိုင္ရာ ဆရာဝန္နဲ႔ Secrets of the Sexually Satisfied Woman စာအုပ္ကို ေရးသားခဲ့သူ ဂ်နီဖာ ဘာမန္း (Jennifer Berman) ကဆိုပါတယ္။
ဝိတ္ေလွ်ာ့လိုက္ရင္ ဗိုက္အဆီေတြ ေအာက္မွာ ျမဳပ္ေနတဲ့ လိင္တံကို ပိုေပၚလာေစႏိုင္တဲ့ အတြက္ လိင္တံကို ပိုႀကီးလာေစတယ္လို႔ ခံစားရမွာ ျဖစ္ပါတယ္။ တကယ္တမ္း လိင္တံႀကီးသြားတာေတာ့ မဟုတ္ပါဘူး။ အစားနည္းနည္း ေလွ်ာ့စားမယ့္အစား ခြဲစိတ္မႈကိုသာ လုပ္ခ်င္ပါတယ္ဆိုတဲ့ အမ်ိဳးသားေတြအတြက္ေတာ့ liposuction လို႔ေခၚတဲ့ လိင္တံတစ္ဝိုက္က အဆီေတြကို စုပ္ထုတ္နည္းျဖင့္လည္း ေျဖရွင္းႏိုင္ပါတယ္။ ဒါေပမဲ့ အက်ိဳးဆက္ကေတာ့ ေရရွည္ခံမွာ မဟုတ္ပါဘူး။ တကယ္လို႔ သင္က အစားမေလွ်ာ့စားဘဲ အရင္လို စားၿမဲစားေနမယ္ဆိုရင္ေတာ့ လိင္တံက ဗိုက္အဆီေအာက္မွာ ထပ္ျမဳပ္ေနဦးမွာပါပဲ။
လိင္တံႀကီးေစႏိုင္တယ္ဆိုတဲ့ ေဆးေတြ၊ လိမ္းေဆးေတြ၊ ကိရိယာေတြ။
ေအာက္မွာေတာ့ လိင္တံကို ႀကီးလားေစႏိုင္တယ္လို႔ေျပာထားတဲ့ ေဆးေတြ၊ ကိရိယာေတြ၊ လိမ္းေဆးေတြကို ေဖာ္ျပထားပါတယ္။
ေလဟာနယ္ျဖစ္ေစရန္ ေလစုပ္သည့္ပန္႕ (vacuum pump)။
ဒီကိရိယာကေတာ့ ေလေတြကို စုတ္ထုတ္လိုက္တဲ့ ကိရိယာေလး ျဖစ္ပါတယ္။ သင္က လိင္တံကို ကိရိယာထဲ ထည့္ထားမယ္ဆိုရင္ ေလဟာနယ္က ေသြးမ်ားကို လိင္တံအတြင္းဝင္ေရာက္လာေစၿပီး လိင္တံကို အနည္းငယ္ပိုႀကီးတဲ့ ပုံစံနဲ႔ ေထာင္မတ္လာပါတယ္။ အဲ့ဒီအခ်ိန္မွာ ေသြးမ်ား ခႏၶာကိုယ္ထဲ ျပန္မဝင္သြားေစရန္အတြက္ သင္က လိင္တံကို ေသြးထိန္းစည္းလို႔ တင္းၾကပ္တဲ့ အဝိုင္းေလးနဲ႔ လိင္တံကို ကြင္းေလးနဲ႔ လိင္တံကို ၿမဲၿမဲ ညႇပ္ထားရပါတယ္။
ဒီကိရိယာရဲ႕ အားနည္းခ်က္ဘာလဲ။
ကြင္းေလးကို ဝတ္ဆင္ထားတဲ့အခ်ိန္ေလာက္ပဲ လိင္တံက အနည္းငယ္ႀကီးလာမွာပါ။ ဒါ့အျပင္ မိနစ္ ၂၀၊ ၃၀ ေလာက္ဝတ္ထားမယ္ဆိုရင္လည္း တစ္ရႈးေတြကို ပ်က္ဆီးေစႏိုင္ပါတယ္။ ဒီကိရိယာကို မ်ားေသာအားျဖင့္ ေထာင္မတ္မႈ ျပႆနာ (erectile dysfunction) တက္ေနတဲ့ လူနာေတြကို ကုသေပးေလ့ရွိေပမဲ့ လိင္တံတကယ္ႀကီးလာေစႏိုင္တာေတာ့ မဟုတ္ပါဘူး။
အေလးမ်ားနဲ႔ ဆြဲဆန႔္ျခင္း။
အေလးမ်ားနဲ႔ ဆြဲဆန႔္တဲ့ ေလ့က်င့္ခန္းေတြဟာ လိင္တံကို ပိုႀကီးလာေစႏိုင္မွာ မဟုတ္ပါဘူး။
ဘာေၾကာင့္လဲဆိုေတာ့ လိင္တံဟာ ႂကြက္သား မဟုတ္လို႔ပါ။ ဒါေပမဲ့ လိင္တံ ေပ်ာ့ေနတဲ့ အခ်ိန္ အေလးနဲ႔ ဆြဲထားတာဟာ လိင္တံကို အနည္းငယ္ပိုရွည္လာေစႏိုင္ပါတယ္။ ဒါေပမဲ့ ဒါကို လုပ္ဖို႔လည္း စိတ္ရွည္ဖို႔လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလို လိင္တံ အနည္းငယ္ရွည္ေစလာဖို႔ ဆိုရင္ တစ္ေန႔ကို ၈ နာရီခန႔္နဲ႔ ၆ လေလာက္အထိ ဝတ္ဆင္ထားရမွာပါ။ ၆ လေလာက္ ဝတ္ဆင္ၿပီးၿပီဆိုရင္ေတာ့ တစ္ရႈးမ်ားစုတ္ၿပဲသြားျခင္း၊ ေသြးေၾကာမ်ားေပါက္ၿပဲျခင္းနဲ႔ တစ္ျခားေသာ ေရာဂါေတြ မျဖစ္ဘဲလက္မဝက္ေလာက္ ရွည္လာတယ္ဆိုရင္ သင္က ေတာ္ေတာ္ ကံေကာင္းတဲ့ သူလို႔ေျပာရမွာပါ။
လိင္တံႀကီးေဆး၊ အာဟာရ၊ ဆီပါလိမ္းေဆးနဲ႔ ခရင္မ္ေတြ။
ဒါေတြ အားလုံးတစ္ခုမွ အလုပ္မျဖစ္ပါဘူး။ “ ကြၽန္မအေနနဲ႔ ဒီပစၥည္းေတြ အားလုံးက လုံးဝ အဓိပၸါယ္မရွိဘူးလို႔ပဲ ေျပာခ်င္ပါတယ္။ ” လို႔ ဂ်နီဖာ ဘာမန္း (Jennifer Berman) က ဆိုပါတယ္။
လိင္တံႀကီးေစတဲ့ ခြဲစိတ္မႈမ်ား။
ဒါဆိုရင္ ခြဲစိတ္ရင္ေရာ တကယ္ႀကီးလာႏိုင္လားလို႔ သင့္ရဲ႕ စိတ္ထဲ ေမးခ်င္ေနပါလိမ့္မယ္။ ေယဘုယ် အားျဖင့္ အေျခခံက်တဲ့ လိင္တံႀကီးေစရန္ ခြဲစိတ္မႈ (၂) မ်ိဳး ရွိပါတယ္။
လိင္တံ ပိုရွည္လာေစတဲ့ ခြဲစိတ္မႈ။
ခြဲစိတ္မႈေတြထဲမွာ အေတြ႕ရမ်ားတဲ့ နည္းတစ္ခုကေတာ့ လိင္တံနဲ႔ တင္ပါးဆုံ႐ိုးကို ဆက္သြယ္ေပးထားတဲ့ အ႐ြတ္ေတြကို ျဖတ္လိုက္တဲ့ ခြဲစိတ္မႈ ျဖစ္ပါတယ္။ ဒီလို ျဖတ္ထုတ္လိုက္တဲ့ အခါမွာ လိင္တံက တစ္လက္မ ေအာက္ခန႔္ အနည္းငယ္ပိုရွည္လာႏိုင္ပါတယ္။ ဒါေပမဲ့ ဒါဟာ လိင္တံကို တကယ္ပိုရွည္လာေစတာ မဟုတ္ဘဲ ခႏၶာကိုယ္ထဲမွာ ရွိေနတဲ့ လိင္တံအလ်ား အနည္းငယ္ကို အျပင္ထုတ္လိုက္ျခင္းသာ ျဖစ္ပါတယ္။ အ႐ြတ္ေတြ တင္ပါးဆုံ႐ိုးနဲ႔ ျပန္မခ်ိတ္သြားေစဖို႔အတြက္ ခြဲစိတ္မႈ ျပဳလုပ္ထားတဲ့ အမ်ိဳးသားဟာ အေလးခ်ိန္နဲ႔ ဆြဲဆန႔္တဲ့ ေလ့က်င့္ခန္းေတြကို ေန႔စဥ္ ၆ လအထိ ျပဳလုပ္ရပါတယ္။
လိင္တံကို အေလးခ်ိန္ထပ္ ျဖည့္ျခင္း။
ကိုယ့္ရဲ႕ လိင္တံလုံးပတ္က ေသးေနတယ္လို႔ ထင္ေနၾကတဲ့ အမ်ိဳးသားေတြ အေနနဲ႔ ျပဳလုပ္ေလ့ရွိၾကတဲ့ အျငင္းပြားဖြယ္ ခြဲစိတ္မႈ တစ္ခုကေတာ့ ခႏၶာကိုယ္ထဲက အဆီေတြ၊ ဆီလီကြန္ေတြ၊ တစ္ရႈးေတြကို လိင္တံထဲ ျဖည့္တင္းေပးတဲ့ ခြဲစိတ္မႈ ျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံ ဆီးလမ္းေၾကာင္းဆိုင္ရာ အဖြဲ႕အစည္းကေတာ့ အထက္မွာ ေဖာ္ျပထားတဲ့ ခြဲစိတ္မႈေတြဟာ အႏၲရာယ္မကင္းတဲ့ နည္းလမ္းေတြ ျဖစ္တဲ့ အျပင္ လိင္တံရဲ႕ အ႐ြယ္အစား၊ လုံးပတ္ကို ထိေရာက္စြာ မႀကီးလာေစႏိုင္ဘူးလို႔ ဆိုထားပါတယ္။
တစ္ခ်ိဳ႕ေသာ အမ်ိဳးသားေတြရဲ႕ လိင္တံကို အႏၲရာယ္ နည္းနည္းနဲ႔ လိင္တံႀကီးလာေစႏိုင္တဲ့ ခြဲစိတ္မႈေတြ ေတာ့ အနည္းငယ္ရွိပါတယ္။ တစ္ခ်ိဳ႕ ျဖစ္စဥ္ေတြမွာဆိုရင္ ကပ္ပယ္အိတ္က လိင္တံရဲ႕ အထက္နားကို တြဲကပ္ေနတတ္ပါတယ္။ အဲ့လို ျဖစ္စဥ္မွာဆိုရင္ ကပ္ပယ္အိတ္ကို လိင္တံမွ ခြဲထုတ္လိုက္ျခင္းဟာ လိင္တံကို အနည္းငယ္ ပိုႀကီးလာသလို ထင္ရေစႏိုင္ပါတယ္။ ဒီခြဲစိတ္မႈ
လုပ္ဖို႔ဆိုရင္ ေဆး႐ုံတက္စရာမလိုဘဲ မိနစ္ ၂၀ ေလာက္နဲ႔ တင္လုပ္လို႔ ရတယ္လို႔ အိုလိရိ ကဆိုပါတယ္။
လိင္တံႀကီးေစတဲ့ ခြဲစိတ္မႈ မ်ားရဲ႕ အႏၲရာယ္မ်ား။
လိင္တံႀကီးေစတဲ့ ခြဲစိတ္မႈေတြ လုပ္ဖို႔ မျပင္ဆင္ခင္ အထက္က လိင္တံႀကီးေစ၊ ရွည္လ်ားေစတဲ့ ခြဲစိတ္မႈေတြရဲ႕ အႏၲရာယ္ေတြကို အရင္ ေခါင္းထဲ ထည့္ထားသင့္ပါတယ္။ ဒီခြဲစိတ္မႈေတြဟာ ေသခ်ာေလ့လာထားရျခင္းလည္း မရွိေသးဘဲ အဓိက ေဆးပညာအဖြဲ႕စည္းတိုင္းကလည္း ဒီ ခြဲစိတ္မႈေတြကို မေထာက္ခံထားပါဘူး။ အေမရိကန္ႏိုင္ငံမွာဆိုရင္ ဒီခြဲစိတ္မႈေတြကို တရားဝင္ခြင့္မျပဳထားတဲ့ အတြက္ တစ္ခ်ိဳ႕ေသာ အမ်ိဳးသားေတြက တစ္ျခားႏိုင္ငံကို ထြက္ၿပီး ခြဲစိတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ခြဲစိတ္မႈကို စိတ္အားထက္သန္ စြာ လုပ္ခ်င္ေနၿပီဆိုရင္ စိတ္ေလွ်ာ့ပါ။ ကိုယ္ ဘယ္အႏၲရာယ္ေတြကို လုပ္ေနလဲဆိုတာ သိဖို႔ ဆရာဝန္နဲ႔ ပြင့္ပြင့္လင္းလင္း စကားေျပာဖို႔လိုပါတယ္။
လိင္တံႀကီးေစတဲ့ ခြဲစိတ္မႈေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြဟာ ေတာ္ေတာ္မ်ားပါတယ္။ ဒီလို ေဘးထြက္ဆိုးက်ိဳးေတြထဲမွာ ကူးစက္ေရာဂါ ခံစားရျခင္း၊ နာဗ္ေၾကာမ်ား ထိခိုက္သြားျခင္း၊ အာ႐ုံခံႏိုင္စြမ္း နည္းသြားျခင္း၊ ေထာင္မတ္ဖို႔ ခက္ခဲျခင္း တို႔ျဖစ္ပါတယ္။ ပိုဆိုးတဲ့ အရာကေတာ့ ခြဲစိတ္ၿပီး ျဖစ္ေပၚတဲ့ အမာ႐ြတ္ဟာ လိင္တံကို ရွိရင္းစြဲထက္ေတာင္ ပိုတိုသြားေစပါတယ္။ လိင္တံလုံးပတ္ကို ပိုႀကီးေစတဲ့ ခြဲစိတ္မႈက ပိုေတာင္ အႏၲရာယ္မ်ားပါေသးတယ္။ ေဘးထြက္ဆိုးက်ိဳးေတြကေတာ့ လိင္တံ အ႐ုပ္ဆိုးသြားျခင္း၊ လိင္တံ ဖုထစ္သြားျခင္း၊ လိင္တံ မညီညာျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။
ဒါ့အျပင္ ခြဲစိတ္မႈ ေတြနဲ႔ ပတ္သတ္ၿပီး ေလ့လာခ်က္ေတြကလည္း အားတက္စရာ မေကာင္းလွပါဘူး။ ဥေရာပ ဆီးလမ္းေၾကာင္းဆိုင္ရာ အဖြဲ႕အစည္းရဲ႕ ေလ့လာခ်က္တစ္ခုမွ ခြဲစိတ္ထားတဲ့ လူေပါင္း ၄၂ ေယာက္ကို ေလ့လာခဲ့ရာမွာ ခြဲစိတ္မႈလုပ္တဲ့ အမ်ိဳးသား ၃၅ ရာခိုင္ႏႈန္းခန႔္သာ ခြဲစိတ္မႈရဲ႕ ရလာဒ္ကို ေက်နပ္တယ္လို႔ ဆိုခဲ့ၿပီး တစ္ဝက္ခန႔္ကေတာ့ တစ္ျခား ခြဲစိတ္မႈေတြကို ထပ္လုပ္ၾကတယ္ လို႔ဆိုပါတယ္။
လိင္တံႀကီးမားေစရန္ လုပ္ေဆာင္ေတာ့မယ္ဆိုရင္ စဥ္းစားသင့္တဲ့ အခ်က္ေလးေတြ။
အမ်ိဳးသားတိုင္း သူတို႔လိင္တံကို ပုံမွန္ထက္ အနည္းငယ္ေလာက္ပိုႀကီးခ်င္စိတ္ရွိၾကေပမဲ့ အႏၲရာယ္ရွိတာေတြ ေလွ်ာက္မလုပ္ခင္ ျဖစ္ႏိုင္တဲ့ အႏၲရာယ္ေတြကို ေသခ်ာစဥ္းစားဖို႔လိုပါတယ္။ တကယ္လို႔ သင္က လိင္တံအရမ္းႀကီးခ်င္ေနတယ္ဆိုရင္လည္း ဆရာဝန္နဲ႔ပဲ ျဖစ္ျဖစ္၊ ကုသနည္းဆိုင္ရာ ဆရာ ျဖစ္ျဖစ္နဲ႔ စကားေျပာဆိုျခင္းျဖင့္ ကုသမႈ ခံယူႏိုင္ပါတယ္။ ေလ့လာခ်က္ေတြအရ ဆရာဝန္မ်ားက လူနာရဲ႕ လိင္တံဟာ သာမန္လိင္တံသာ ျဖစ္ေၾကာင္း ႐ိုး႐ိုးသားသားေျပာလိုက္မယ္ဆိုရင္ လူနာဟာ အႏၲရာယ္မ်ားတဲ့ ခြဲစိတ္မႈေတြ မလုပ္ၾကေတာ့ဘူးလို႔ဆိုပါတယ္။
ဒါ့အျပင္ အြန္လိုင္းက ေရာင္းေနတဲ့ အံ့အားသင့္ဖြယ္ရာ လိင္တံႀကီးနည္းဆိုတဲ့ ေဆးေတြကိုလည္း စိတ္မဝင္စားဖို႔လိုပါတယ္။
“ ဒီလိုပစၥည္းေတြဟာ လိင္တံအရမ္းႀကီးခ်င္ေနတဲ့ အမ်ိဳးသားေတြကို အဓိက ပစ္မွတ္ထားေလ့ရွိပါတယ္။ ဒီလူေတြက သားေကာင္ေတြပါပဲ ” လို႔ ဘားမန္းက ဆိုပါတယ္။
နယူးေယာက္က လိင္ပိုင္းဆိုင္ရာ အတိုင္ပင္ခံ တစ္ေယာက္ျဖစ္သူ အန္ ကာနာ (Ian Kerner) လိင္တံ အဆမတန္ႀကီးလာရင္ တကယ္ေကာင္းမွာပဲ ဆိုတဲ့ အေတြးေတြကလည္း ထင္သေလာက္ အလုပ္မျဖစ္ဘူးလို႔ဆိုပါတယ္။
“ လိင္တံအ႐ြယ္အစားနဲ႔ ပတ္သတ္လာရင္ သာမန္လိင္တံရွိျခင္းက ျဖစ္သင့္တဲ့ အရာတစ္ခုပါပဲ။ လိင္တံအႀကီးႀကီးရွိတယ္ဆိုရင္လည္း က်န္းမာေရးဆိုင္ရာ ျပႆနာ အမ်ားအျပားျဖစ္ႏိုင္ၿပီး ကိုယ့္ရဲ႕ အေဖာ္အတြက္ လိင္တံ အရမ္းႀကီးမားေနမယ္ဆိုရင္ ပါးစပ္နဲ႔ လိင္ဆက္ဆံတဲ့ အခါပဲ ျဖစ္ျဖစ္၊ ေမြးလမ္းေၾကာင္းမွ လိင္ဆက္ဆံတဲ့အခါပဲ ျဖစ္ျဖစ္ ဒုကၡေရာက္ႏိုင္ပါတယ္။ ကိုယ္ကသာ
လိင္ဆက္ဆံျခင္းကို ေကာင္းေကာင္းမြန္မြန္နဲ႔ ဆန္းသစ္စြာ လုပ္တတ္မယ္ဆိုရင္ အ႐ြယ္အစားက အေရးမႀကီးပါဘူး။ အိပ္ယာထဲမွာ သင့္ဦးေႏွာက္ကို ဘယ္လိုသုံးမလဲ၊ လက္ေတြကို ဘယ္လိုသုံးမလဲ၊ ပါးစပ္ကို ဘယ္လိုသုံးမလဲဆိုတာက လိင္ဆက္ဆံခ်ိန္မွာ အေရးႀကီးတာပါ ” လို႔ ကာနာ ကဆိုပါတယ္။
ဒါ့ေၾကာင့္ စဥ္းစားပါ။ လိင္တံႀကီးႀကီး လိုခ်င္တယ္ဆိုၿပီး ေဆးပညာ အဖြဲ႕အစည္းေတြက အသိအမွတ္မျပဳထားတဲ့ နည္းေတြသုံးမယ္ဆိုရင္ သင္လိင္တံဟာ ဖုထစ္ျခင္း၊ ဒဏ္ရာရျခင္း၊ အေရာင္ေျပာင္းျခင္း၊ နာက်င္ျခင္း၊ မေထာင္မတ္ေတာ့တာေတြ ျဖစ္တတ္ပါတယ္။ ဒါေတာင္ ကြၽန္ေတာ္ ပိုက္ဆံကုန္သြားတာကို ထည့္မေျပာထားေသးပါဘူး။ လက္မဝက္ေလာက္ ပိုရွည္လာဖို႔အတြက္ ဒီလို အႏၲရာယ္ေတြနဲ႔ စြန႔္စားတာက အဓိပၸါယ္ရွိရဲ႕လားဆိုတာကို ကိုယ့္ဘာသာ အရင္စဥ္းစားသင့္ပါတယ္။
ေရးသားသူ Arkar Hein
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.
Unicodeဖြင့်ဖတ်ရန်
လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား
==========
အမျိုးသားတိုင်းဟာ လိင်တံကြီးစေတဲ့ Pump စက်တွေ၊ ဆေးတွေ၊ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်မှုတွေ အားလုံးကို သိကြမှာပါ။ ဒါပေမဲ့ ဒီနည်းလမ်းတွေ အားလုံးက တကယ် အလုပ်ဖြစ်ရဲ့လားဆိုတာရော သေချာသိကြပါသလား။
ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားတိုင်း သူတို့လိင်တံကို ပိုကြီးစေချင်ကြပါတယ်။
“ ကမ္ဘာပေါ်မှာ သူ့ရဲ့ လိင်တံကို တစ်လက်မ၊ နှစ်လက်မလောက် ပိုပြီး မရှည်လာစေချင်တဲ့ အမျိုးသားတစ်ယောက်မှ ရှိမယ် မထင်ပါဘူး ” လို့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဟားဗတ် ဆေးကျောင်းမှ ဆီးလမ်းကြောင်းခွဲစိတ်မှု ဆိုင်ရာပါမောက္ခဖြစ်သူ မိုက်ကယ် အို လိရီ (Michael O’Leary) ကဆိုပါတယ်။
ဟိုးရှေးကတည်းက ရှိလာခဲ့ကြတဲ့ အလုပ်မဖြစ်တဲ့ လိင်တံကြီးစေနိုင်တဲ့ နည်းလမ်းတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားရှိပေမဲ့ တကယ်တမ်း လိင်တံကြီးစေဖို့ သင့်အနေနဲ့ လုပ်လို့ရနိုင်တာ သိပ်မရှိပါဘူး။ အခုလို အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ လိင်တံကြီးဆေးတောင့်၊ လိင်တံကြီး လိမ်းဆေး၊ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေ၊ လိင်တံကြီးစေတဲ့ ကိရိယာတွေ၊ ခွဲစိတ်မှုတွေ အများအပြားကို လူတိုင်း သိနေကြပေမဲ့ ဒီပစ္စည်းတွေ အားလုံး နီးပါးက တကယ် အလုပ်မဖြစ်ပါဘူး။ တကယ့်မှန်ကန်တဲ့ နည်းလမ်းတွေတောင် လိင်တံကို အနည်းငယ်သာကြီးလာစေပြီး ဘေးထွက်ဆိုးကျိုး တွေလည်း ဖြစ်လာစေနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေက တစ်ခါတစ်ရံ ထောင်မတ်မှု ပြဿနာ ED (erectile dysfunction) အထိပါ ဖြစ်စေနိုင်ပါတယ်။
“ ကျွန်တော်ပြောတာ ယုံပါ။ ကျွန်တော်သာ လိင်တံကို အန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် ကြီးစေနိုင်တဲ့ နည်းသိနေရင် ကျွန်တော် ဘီလီယံနာ ဖြစ်နေမှာပေါ့။ ဒါပေမဲ့ ကျွန်တော် ဒီနည်းကို မသိဘူး။ ဘယ်သူမှလည်း မသိကြပါဘူး ” လို့ မိုက်ကယ် အိုလိရီ ကဆိုပါတယ်။
သို့ပေမဲ့ လိင်တံ အရမ်းကြီးချင်တဲ့ အမျိုးသားတွေကတော့ သူတို့ ခန္ဓာဗေဒရဲ့ အရေးကြီးဆုံး အင်္ဂါ အပေါ် တကယ် ကြမ်းတမ်းတဲ့ကုသမှုတွေ လုပ်နေကြတုန်းပါပဲ။
လိင်တံ တစ်ခုက ဘယ်လောက် အတိုင်းတာလောက်ဆို သေးတယ်လို့ ပြောလို့ရမလဲ။
သင့်အနေနဲ့ သင့်လိင်တံဟာ သာမန်ထက် အနည်းငယ်သေးနေတယ်လို့ ထင်နေပါသလား။ ဒါဆို သင်ထင်နေတာ မှားပါတယ်။ ပုံမှန်အားဖြင့် ထောင်မတ်နေတဲ့ လိင်တံတစ်ခုက ၅ လက်မကနေ ၆ လက်မ အထိသာ ရှည်ပြီး လုံးပတ်ကတော့ ၄ လက်မက နေ ၅ လက်မ အထိရှိပါတယ်။ ပျော့ခွေနေတဲ့ အချိန်တိုင်းတာရင်တော့ လိင်တံ ဆိုဒ်က အမျိုးမျိုး ကွဲပြားသွားနိုင်ပါတယ်။
ဒါပေမဲ့ တစ်ချို့သော အမျိုးသားတွေကတော့ ဒီအတိုင်းအတာထက် တကယ်ကြီးကို သေးနေတာ မျိုးလည်း ရှိပါတယ်။ ဒါကို micropenis လို့ခေါ်ပြီး မျိုးရိုးဗီဇနဲ့ ဟော်မုန်းပြဿနာ တို့ကြောင့် ဒီ micropenis ဖြစ်ရတာပါ။ micropenis တွေဟာ ပုံမှန်အားဖြင့် ထောင်မတ်နေတဲ့ အချိန်မှာတောင် ၃ လက်မ ခန့်သာရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ Peyronie’s disease လို့ခေါ်တဲ့ အမာရွတ်တစ်ရှုးတွေက အချပ်တွေလို လိင်တံအောက်မှာ ရှိနေလို့ လိင်တံကောက်တဲ့ ရောဂါတွေနဲ့ ပရော့စတိတ် ကင်ဆာ (သုက်ရည် ဂလင်း) တို့ကြောင့် အမျိုးသားတစ်ယောက်ရဲ့ လိင်တံက သေးသွားနိုင်ပါတယ်။
သို့ပေမဲ့ လေ့လာချက်တွေ အရ လိင်တံကြီးနည်း လိုက်လံရှာဖွေနေကြတဲ့ အမျိုးသားအများစုရဲ့ လိင်တံဟာ သာမန် အရွယ်အစားသာ ရှိနေတာ ဖြစ်ပြီး သူတို့က သူတို့ လိင်တံသေးနေတယ် လို့ ထင်နေကြတာ ဖြစ်ပါတယ်။ ဘာကြောင့် အမျိုးသားတွေ သူတို့ လိင်တံ သေးတယ်လို့ပဲ ထင်နေကြတာလဲ။ ဒီမေးခွန်းရဲ့ အဖြေတစ်စိတ်တစ်ပိုင်းကတော့ ရှုထောင့်ကြောင့်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်လိင်တံရဲ့ အရွယ်အစားကို တိုင်းတာရတာဟာ ငုံ့ပြီး တိုင်းတာရတာ ဖြစ်တဲ့ အတွက် ကြည့်တဲ့ အခါ ရှု့ထောင့် ပြောင်းသွားစေပါတယ်။
ဒီနေရာမှာ စိတ်ပညာကလည်း စကားပြောပါတယ်။ သာမန် လိင်တံရှိနေတဲ့ အမျိုးသားအများစု ဟာ သူတို့လိင်တံ အရမ်းသေးနေတယ်လို့ မြင်နေရခြင်းဟာ စိတ်ရောဂါနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီလို လိင်တံသေးနေတဲ့ လို့ ထင်နေကြတဲ့ အမျိုးသားတွေမှာ အတွေ့ရများတဲ့ စိတ်ရောဂါကတော့ Penile dysmorphic disorder (PDD) လို့ခေါ်တဲ့ လိင်တံရဲ့ ချို့ယွင်းချက် အယူအဆ အမှားအပေါ် အလွန်အကျွံ စိတ်ပူပန်နေတဲ့ ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါမျိုးဟာ ကိုယ်က ဘယ်လောက်ပိန်ပိန် ဝနေတယ်လို့ တွေးပူတတ်ကြတဲ့ လူတွေမှာ ဖြစ်ပွားတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ လေ့လာချက်တစ်ခုအရ လိင်တံကြီးမားစေရန် ခွဲစိတ်ကြတဲ့ အမျိုးသားအများစုမှာ PDD စိတ်ဝေဒနာရှိကြပြီး ခွဲစိတ်ပြီးရင်လည်း ရလာဒ်အပေါ် သိပ်မကျေနပ်ကြပါဘူး။
လိင်တံကြီးလာစေရန် ဘယ်နည်းလမ်းတွေ လုပ်ဆောင်သင့်လဲ။
ကိုယ်အလေးချိန် ချပါ။
ကြီးမားတဲ့လိင်တံတစ်ခု ရှိနေတယ်လို့ ခံစားရအောင် လုပ်နိုင်တဲ့ အန္တရာယ်ကင်းပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခု တော့ ရှိပါတယ်။ အဲ့ဒါက ကိုယ်အလေးချိန်လျှော့ခြင်းပါပဲ။
“ ကိုယ့်လိင်တံ အရမ်းသေးနေတယ်လို့ ထင်ကြတဲ့ လူအများစုဟာ အဝလွန်နေသူတွေ ဖြစ်ကြပါတယ်။ ” လို့ ကယ်လီဖိုးနီးယား ပြည်နယ် Beverly Hills မြို့မှ ဆီးလမ်းကြောင်းဆိုင်ရာ ဆရာဝန်နဲ့ Secrets of the Sexually Satisfied Woman စာအုပ်ကို ရေးသားခဲ့သူ ဂျနီဖာ ဘာမန်း (Jennifer Berman) ကဆိုပါတယ်။
ဝိတ်လျှော့လိုက်ရင် ဗိုက်အဆီတွေ အောက်မှာ မြုပ်နေတဲ့ လိင်တံကို ပိုပေါ်လာစေနိုင်တဲ့ အတွက် လိင်တံကို ပိုကြီးလာစေတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။ တကယ်တမ်း လိင်တံကြီးသွားတာတော့ မဟုတ်ပါဘူး။ အစားနည်းနည်း လျှော့စားမယ့်အစား ခွဲစိတ်မှုကိုသာ လုပ်ချင်ပါတယ်ဆိုတဲ့ အမျိုးသားတွေအတွက်တော့ liposuction လို့ခေါ်တဲ့ လိင်တံတစ်ဝိုက်က အဆီတွေကို စုပ်ထုတ်နည်းဖြင့်လည်း ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်ကတော့ ရေရှည်ခံမှာ မဟုတ်ပါဘူး။ တကယ်လို့ သင်က အစားမလျှော့စားဘဲ အရင်လို စားမြဲစားနေမယ်ဆိုရင်တော့ လိင်တံက ဗိုက်အဆီအောက်မှာ ထပ်မြုပ်နေဦးမှာပါပဲ။
လိင်တံကြီးစေနိုင်တယ်ဆိုတဲ့ ဆေးတွေ၊ လိမ်းဆေးတွေ၊ ကိရိယာတွေ။
အောက်မှာတော့ လိင်တံကို ကြီးလားစေနိုင်တယ်လို့ပြောထားတဲ့ ဆေးတွေ၊ ကိရိယာတွေ၊ လိမ်းဆေးတွေကို ဖော်ပြထားပါတယ်။
လေဟာနယ်ဖြစ်စေရန် လေစုပ်သည့်ပန့် (vacuum pump)။
ဒီကိရိယာကတော့ လေတွေကို စုတ်ထုတ်လိုက်တဲ့ ကိရိယာလေး ဖြစ်ပါတယ်။ သင်က လိင်တံကို ကိရိယာထဲ ထည့်ထားမယ်ဆိုရင် လေဟာနယ်က သွေးများကို လိင်တံအတွင်းဝင်ရောက်လာစေပြီး လိင်တံကို အနည်းငယ်ပိုကြီးတဲ့ ပုံစံနဲ့ ထောင်မတ်လာပါတယ်။ အဲ့ဒီအချိန်မှာ သွေးများ ခန္ဓာကိုယ်ထဲ ပြန်မဝင်သွားစေရန်အတွက် သင်က လိင်တံကို သွေးထိန်းစည်းလို့ တင်းကြပ်တဲ့ အဝိုင်းလေးနဲ့ လိင်တံကို ကွင်းလေးနဲ့ လိင်တံကို မြဲမြဲ ညှပ်ထားရပါတယ်။
ဒီကိရိယာရဲ့ အားနည်းချက်ဘာလဲ။
ကွင်းလေးကို ဝတ်ဆင်ထားတဲ့အချိန်လောက်ပဲ လိင်တံက အနည်းငယ်ကြီးလာမှာပါ။ ဒါ့အပြင် မိနစ် ၂၀၊ ၃၀ လောက်ဝတ်ထားမယ်ဆိုရင်လည်း တစ်ရှုးတွေကို ပျက်ဆီးစေနိုင်ပါတယ်။ ဒီကိရိယာကို များသောအားဖြင့် ထောင်မတ်မှု ပြဿနာ (erectile dysfunction) တက်နေတဲ့ လူနာတွေကို ကုသပေးလေ့ရှိပေမဲ့ လိင်တံတကယ်ကြီးလာစေနိုင်တာတော့ မဟုတ်ပါဘူး။
အလေးများနဲ့ ဆွဲဆန့်ခြင်း။
အလေးများနဲ့ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေဟာ လိင်တံကို ပိုကြီးလာစေနိုင်မှာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ လိင်တံဟာ ကြွက်သား မဟုတ်လို့ပါ။ ဒါပေမဲ့ လိင်တံ ပျော့နေတဲ့ အချိန် အလေးနဲ့ ဆွဲထားတာဟာ လိင်တံကို အနည်းငယ်ပိုရှည်လာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို လုပ်ဖို့လည်း စိတ်ရှည်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို လိင်တံ အနည်းငယ်ရှည်စေလာဖို့ ဆိုရင် တစ်နေ့ကို ၈ နာရီခန့်နဲ့ ၆ လလောက်အထိ ဝတ်ဆင်ထားရမှာပါ။ ၆ လလောက် ဝတ်ဆင်ပြီးပြီဆိုရင်တော့ တစ်ရှုးများစုတ်ပြဲသွားခြင်း၊ သွေးကြောများပေါက်ပြဲခြင်းနဲ့ တစ်ခြားသော ရောဂါတွေ မဖြစ်ဘဲလက်မဝက်လောက် ရှည်လာတယ်ဆိုရင် သင်က တော်တော် ကံကောင်းတဲ့ သူလို့ပြောရမှာပါ။
လိင်တံကြီးဆေး၊ အာဟာရ၊ ဆီပါလိမ်းဆေးနဲ့ ခရင်မ်တွေ။
ဒါတွေ အားလုံးတစ်ခုမှ အလုပ်မဖြစ်ပါဘူး။ “ ကျွန်မအနေနဲ့ ဒီပစ္စည်းတွေ အားလုံးက လုံးဝ အဓိပ္ပါယ်မရှိဘူးလို့ပဲ ပြောချင်ပါတယ်။ ” လို့ ဂျနီဖာ ဘာမန်း (Jennifer Berman) က ဆိုပါတယ်။
လိင်တံကြီးစေတဲ့ ခွဲစိတ်မှုများ။
ဒါဆိုရင် ခွဲစိတ်ရင်ရော တကယ်ကြီးလာနိုင်လားလို့ သင့်ရဲ့ စိတ်ထဲ မေးချင်နေပါလိမ့်မယ်။ ယေဘုယျ အားဖြင့် အခြေခံကျတဲ့ လိင်တံကြီးစေရန် ခွဲစိတ်မှု (၂) မျိုး ရှိပါတယ်။
လိင်တံ ပိုရှည်လာစေတဲ့ ခွဲစိတ်မှု။
ခွဲစိတ်မှုတွေထဲမှာ အတွေ့ရများတဲ့ နည်းတစ်ခုကတော့ လိင်တံနဲ့ တင်ပါးဆုံရိုးကို ဆက်သွယ်ပေးထားတဲ့ အရွတ်တွေကို ဖြတ်လိုက်တဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒီလို ဖြတ်ထုတ်လိုက်တဲ့ အခါမှာ လိင်တံက တစ်လက်မ အောက်ခန့် အနည်းငယ်ပိုရှည်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လိင်တံကို တကယ်ပိုရှည်လာစေတာ မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ လိင်တံအလျား အနည်းငယ်ကို အပြင်ထုတ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ အရွတ်တွေ တင်ပါးဆုံရိုးနဲ့ ပြန်မချိတ်သွားစေဖို့အတွက် ခွဲစိတ်မှု ပြုလုပ်ထားတဲ့ အမျိုးသားဟာ အလေးချိန်နဲ့ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေကို နေ့စဉ် ၆ လအထိ ပြုလုပ်ရပါတယ်။
လိင်တံကို အလေးချိန်ထပ် ဖြည့်ခြင်း။
ကိုယ့်ရဲ့ လိင်တံလုံးပတ်က သေးနေတယ်လို့ ထင်နေကြတဲ့ အမျိုးသားတွေ အနေနဲ့ ပြုလုပ်လေ့ရှိကြတဲ့ အငြင်းပွားဖွယ် ခွဲစိတ်မှု တစ်ခုကတော့ ခန္ဓာကိုယ်ထဲက အဆီတွေ၊ ဆီလီကွန်တွေ၊ တစ်ရှုးတွေကို လိင်တံထဲ ဖြည့်တင်းပေးတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ဆီးလမ်းကြောင်းဆိုင်ရာ အဖွဲ့အစည်းကတော့ အထက်မှာ ဖော်ပြထားတဲ့ ခွဲစိတ်မှုတွေဟာ အန္တရာယ်မကင်းတဲ့ နည်းလမ်းတွေ ဖြစ်တဲ့ အပြင် လိင်တံရဲ့ အရွယ်အစား၊ လုံးပတ်ကို ထိရောက်စွာ မကြီးလာစေနိုင်ဘူးလို့ ဆိုထားပါတယ်။
တစ်ချို့သော အမျိုးသားတွေရဲ့ လိင်တံကို အန္တရာယ် နည်းနည်းနဲ့ လိင်တံကြီးလာစေနိုင်တဲ့ ခွဲစိတ်မှုတွေ တော့ အနည်းငယ်ရှိပါတယ်။ တစ်ချို့ ဖြစ်စဉ်တွေမှာဆိုရင် ကပ်ပယ်အိတ်က လိင်တံရဲ့ အထက်နားကို တွဲကပ်နေတတ်ပါတယ်။ အဲ့လို ဖြစ်စဉ်မှာဆိုရင် ကပ်ပယ်အိတ်ကို လိင်တံမှ ခွဲထုတ်လိုက်ခြင်းဟာ လိင်တံကို အနည်းငယ် ပိုကြီးလာသလို ထင်ရစေနိုင်ပါတယ်။ ဒီခွဲစိတ်မှု
လုပ်ဖို့ဆိုရင် ဆေးရုံတက်စရာမလိုဘဲ မိနစ် ၂၀ လောက်နဲ့ တင်လုပ်လို့ ရတယ်လို့ အိုလိရိ ကဆိုပါတယ်။
လိင်တံကြီးစေတဲ့ ခွဲစိတ်မှု များရဲ့ အန္တရာယ်များ။
လိင်တံကြီးစေတဲ့ ခွဲစိတ်မှုတွေ လုပ်ဖို့ မပြင်ဆင်ခင် အထက်က လိင်တံကြီးစေ၊ ရှည်လျားစေတဲ့ ခွဲစိတ်မှုတွေရဲ့ အန္တရာယ်တွေကို အရင် ခေါင်းထဲ ထည့်ထားသင့်ပါတယ်။ ဒီခွဲစိတ်မှုတွေဟာ သေချာလေ့လာထားရခြင်းလည်း မရှိသေးဘဲ အဓိက ဆေးပညာအဖွဲ့စည်းတိုင်းကလည်း ဒီ ခွဲစိတ်မှုတွေကို မထောက်ခံထားပါဘူး။ အမေရိကန်နိုင်ငံမှာဆိုရင် ဒီခွဲစိတ်မှုတွေကို တရားဝင်ခွင့်မပြုထားတဲ့ အတွက် တစ်ချို့သော အမျိုးသားတွေက တစ်ခြားနိုင်ငံကို ထွက်ပြီး ခွဲစိတ်ကြပါတယ်။ ဒါ့ကြောင့် ခွဲစိတ်မှုကို စိတ်အားထက်သန် စွာ လုပ်ချင်နေပြီဆိုရင် စိတ်လျှော့ပါ။ ကိုယ် ဘယ်အန္တရာယ်တွေကို လုပ်နေလဲဆိုတာ သိဖို့ ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဖို့လိုပါတယ်။
လိင်တံကြီးစေတဲ့ ခွဲစိတ်မှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ တော်တော်များပါတယ်။ ဒီလို ဘေးထွက်ဆိုးကျိုးတွေထဲမှာ ကူးစက်ရောဂါ ခံစားရခြင်း၊ နာဗ်ကြောများ ထိခိုက်သွားခြင်း၊ အာရုံခံနိုင်စွမ်း နည်းသွားခြင်း၊ ထောင်မတ်ဖို့ ခက်ခဲခြင်း တို့ဖြစ်ပါတယ်။ ပိုဆိုးတဲ့ အရာကတော့ ခွဲစိတ်ပြီး ဖြစ်ပေါ်တဲ့ အမာရွတ်ဟာ လိင်တံကို ရှိရင်းစွဲထက်တောင် ပိုတိုသွားစေပါတယ်။ လိင်တံလုံးပတ်ကို ပိုကြီးစေတဲ့ ခွဲစိတ်မှုက ပိုတောင် အန္တရာယ်များပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ လိင်တံ အရုပ်ဆိုးသွားခြင်း၊ လိင်တံ ဖုထစ်သွားခြင်း၊ လိင်တံ မညီညာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် ခွဲစိတ်မှု တွေနဲ့ ပတ်သတ်ပြီး လေ့လာချက်တွေကလည်း အားတက်စရာ မကောင်းလှပါဘူး။ ဥရောပ ဆီးလမ်းကြောင်းဆိုင်ရာ အဖွဲ့အစည်းရဲ့ လေ့လာချက်တစ်ခုမှ ခွဲစိတ်ထားတဲ့ လူပေါင်း ၄၂ ယောက်ကို လေ့လာခဲ့ရာမှာ ခွဲစိတ်မှုလုပ်တဲ့ အမျိုးသား ၃၅ ရာခိုင်နှုန်းခန့်သာ ခွဲစိတ်မှုရဲ့ ရလာဒ်ကို ကျေနပ်တယ်လို့ ဆိုခဲ့ပြီး တစ်ဝက်ခန့်ကတော့ တစ်ခြား ခွဲစိတ်မှုတွေကို ထပ်လုပ်ကြတယ် လို့ဆိုပါတယ်။
လိင်တံကြီးမားစေရန် လုပ်ဆောင်တော့မယ်ဆိုရင် စဉ်းစားသင့်တဲ့ အချက်လေးတွေ။
အမျိုးသားတိုင်း သူတို့လိင်တံကို ပုံမှန်ထက် အနည်းငယ်လောက်ပိုကြီးချင်စိတ်ရှိကြပေမဲ့ အန္တရာယ်ရှိတာတွေ လျှောက်မလုပ်ခင် ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို သေချာစဉ်းစားဖို့လိုပါတယ်။ တကယ်လို့ သင်က လိင်တံအရမ်းကြီးချင်နေတယ်ဆိုရင်လည်း ဆရာဝန်နဲ့ပဲ ဖြစ်ဖြစ်၊ ကုသနည်းဆိုင်ရာ ဆရာ ဖြစ်ဖြစ်နဲ့ စကားပြောဆိုခြင်းဖြင့် ကုသမှု ခံယူနိုင်ပါတယ်။ လေ့လာချက်တွေအရ ဆရာဝန်များက လူနာရဲ့ လိင်တံဟာ သာမန်လိင်တံသာ ဖြစ်ကြောင်း ရိုးရိုးသားသားပြောလိုက်မယ်ဆိုရင် လူနာဟာ အန္တရာယ်များတဲ့ ခွဲစိတ်မှုတွေ မလုပ်ကြတော့ဘူးလို့ဆိုပါတယ်။
ဒါ့အပြင် အွန်လိုင်းက ရောင်းနေတဲ့ အံ့အားသင့်ဖွယ်ရာ လိင်တံကြီးနည်းဆိုတဲ့ ဆေးတွေကိုလည်း စိတ်မဝင်စားဖို့လိုပါတယ်။
“ ဒီလိုပစ္စည်းတွေဟာ လိင်တံအရမ်းကြီးချင်နေတဲ့ အမျိုးသားတွေကို အဓိက ပစ်မှတ်ထားလေ့ရှိပါတယ်။ ဒီလူတွေက သားကောင်တွေပါပဲ ” လို့ ဘားမန်းက ဆိုပါတယ်။
နယူးယောက်က လိင်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ တစ်ယောက်ဖြစ်သူ အန် ကာနာ (Ian Kerner) လိင်တံ အဆမတန်ကြီးလာရင် တကယ်ကောင်းမှာပဲ ဆိုတဲ့ အတွေးတွေကလည်း ထင်သလောက် အလုပ်မဖြစ်ဘူးလို့ဆိုပါတယ်။
“ လိင်တံအရွယ်အစားနဲ့ ပတ်သတ်လာရင် သာမန်လိင်တံရှိခြင်းက ဖြစ်သင့်တဲ့ အရာတစ်ခုပါပဲ။ လိင်တံအကြီးကြီးရှိတယ်ဆိုရင်လည်း ကျန်းမာရေးဆိုင်ရာ ပြဿနာ အများအပြားဖြစ်နိုင်ပြီး ကိုယ့်ရဲ့ အဖော်အတွက် လိင်တံ အရမ်းကြီးမားနေမယ်ဆိုရင် ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့ အခါပဲ ဖြစ်ဖြစ်၊ မွေးလမ်းကြောင်းမှ လိင်ဆက်ဆံတဲ့အခါပဲ ဖြစ်ဖြစ် ဒုက္ခရောက်နိုင်ပါတယ်။ ကိုယ်ကသာ
လိင်ဆက်ဆံခြင်းကို ကောင်းကောင်းမွန်မွန်နဲ့ ဆန်းသစ်စွာ လုပ်တတ်မယ်ဆိုရင် အရွယ်အစားက အရေးမကြီးပါဘူး။ အိပ်ယာထဲမှာ သင့်ဦးနှောက်ကို ဘယ်လိုသုံးမလဲ၊ လက်တွေကို ဘယ်လိုသုံးမလဲ၊ ပါးစပ်ကို ဘယ်လိုသုံးမလဲဆိုတာက လိင်ဆက်ဆံချိန်မှာ အရေးကြီးတာပါ ” လို့ ကာနာ ကဆိုပါတယ်။
ဒါ့ကြောင့် စဉ်းစားပါ။ လိင်တံကြီးကြီး လိုချင်တယ်ဆိုပြီး ဆေးပညာ အဖွဲ့အစည်းတွေက အသိအမှတ်မပြုထားတဲ့ နည်းတွေသုံးမယ်ဆိုရင် သင်လိင်တံဟာ ဖုထစ်ခြင်း၊ ဒဏ်ရာရခြင်း၊ အရောင်ပြောင်းခြင်း၊ နာကျင်ခြင်း၊ မထောင်မတ်တော့တာတွေ ဖြစ်တတ်ပါတယ်။ ဒါတောင် ကျွန်တော် ပိုက်ဆံကုန်သွားတာကို ထည့်မပြောထားသေးပါဘူး။ လက်မဝက်လောက် ပိုရှည်လာဖို့အတွက် ဒီလို အန္တရာယ်တွေနဲ့ စွန့်စားတာက အဓိပ္ပါယ်ရှိရဲ့လားဆိုတာကို ကိုယ့်ဘာသာ အရင်စဉ်းစားသင့်ပါတယ်။
ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
0 Comments