Last post

ကြန္ဒုံးနဲ႔ပတ္သက္ၿပီး သိေကာင္းစရာအခ်က္မ်ား

ကြန္ဒုံးနဲ႔ပတ္သက္ၿပီး သိေကာင္းစရာအခ်က္မ်ား
================
ကြန္ဒုံးေတြက ကိုယ္ဝန္ရတာေတြနဲ႔ STD (sexually transmitted diseases)  လို႔ေခၚတဲ့ လိင္ဆက္ဆံရာမွ ျဖစ္ပြားတဲ့ ေရာဂါေတြကို တားဆီးႏိုင္ပါတယ္။ ဒါကို လူတိုင္းလည္း သိၾကပါတယ္။ ကြန္ဒုံးေတြဟာ သုတ္ရည္နဲ႔ တျခား ခႏၶာကိုယ္က အရည္ေတြကို အမ်ိဳးသမီးလိင္အဂၤါ၊ စအိုနဲ႔ ပါးစပ္ေတြဆီ မေရာက္ေအာင္ အတားအဆီးတစ္ခုအျဖစ္လုပ္ေဆာင္ေပးတာျဖစ္ပါတယ္။

အမ်ိဳးသားေတြအတြက္ေရာ၊ အမ်ိဳးသမီးေတြအတြက္ေရာ ကြန္ဒုံးေတြအမ်ိဳးမ်ိဳးရွိပါတယ္။ ဒါေပမဲ့ ႏွစ္ခုလုံးကို တစ္ၿပိဳင္နက္တည္း အသုံးျပဳလို႔မရပါဘူး။ ႏွစ္ခုလုံးတစ္ၿပိဳင္နက္တည္း အသုံးျပဳမယ္ဆိုရင္ ႏွစ္ခုက သြားကပ္ေနၿပီး တျခားတစ္ခုကို ေနရာကေန လြဲေအာင္လုပ္လိုက္တာမ်ိဳး၊ ၿပဲေစတာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။
အမ်ိဳးသားသုံး ကြန္ဒုံးဆိုတာ ဘာလဲ။

အမ်ိဳးသားသုံးကြန္ဒုံးဆိုတဲ့ ၾကပ္ေအာင္ျပဳလုပ္ထားတဲ့ ပလတ္စတစ္အလႊာပါး ျဖစ္ၿပီး လိင္ဆက္ဆံတဲ့အခ်ိန္အမ်ိဳးသား လိင္အဂၤါမွာ တပ္ဆင္ထားရမွာ ျဖစ္ပါတယ္။ အမ်ိဳးသားသုံးကြန္ဒုံးေတြကေတာ့ အမ်ိဳးမ်ိဳးရွိပါတယ္။ အဲ့ဒါေတြကေတာ့ ေရာ္ဘာနဲ႔ လုပ္ထားတဲ့ ကြန္ဒုံး၊ ပလတ္စတစ္နဲ႔လုပ္ထားတဲ့ ကြန္ဒုံး၊ သိုးသားေရနဲ႔ လုပ္ထားတဲ့ ကြန္ဒုံးေတြဆိုၿပီး အမ်ိဳးမ်ိဳးရွိပါတယ္။ လူအမ်ားစုကေတာ့ ေရာ္ဘာနဲ႔ လုပ္ထားတဲ့ ကြန္ဒုံးေတြကို အသုံးျပဳတာ မ်ားပါတယ္။ မိတ္ေဆြက ဒီပစၥည္းနဲ႔ ဓာတ္မတည့္တဲ့ ေဝဒနာ ရွိမယ္ဆိုရင္ တျခာကြန္ဒုံးအမ်ိဳးအစားတစ္ခုျဖစ္တဲ့

polyurethane ( ေပၚလီယူရသိန္း)နဲ႔ ရာဘာကေနထြက္ရွိတဲ့ ပိုလီအိုင္ဆိုပရင္း (polyisoprene) ကြန္ဒုံးေတြကို သုံးလို႔ရပါတယ္။ ပလတ္စတစ္ ကြန္ဒုံးေတြဟာ သင့္ကို STD ေရာဂါေတြ ျဖစ္တဲ့ ကိုယ္ခံစြမ္းအားက်ေရာဂါ HIV (human immunodeficiency virus)၊ ေရယုန္ ၊ Trachoma ေခၚတဲ့ မ်က္စိကြယ္ေစႏိုင္တဲ့ေရာဂါ၊ ဆီးပူေညာင္းက်ေရာဂါ (gonorrhea) ေတြကို ဘယ္လိင္မႈကိစၥပုံစံလုပ္သည္ျဖစ္ေစ ကာကြယ္ေပးႏိုင္ပါတယ္။

သဘာဝ ကြန္ဒုံး သို႔မဟုတ္ သိုးေရ ကြန္ဒုံးေတြကေတာ့ သိုးအူေတြက ထြက္ရွိတဲ့ ပစၥည္းေတြနဲ႔ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ သိုးေရ ကြန္ဒုံးဟာ ကိုယ္ဝန္ရျခင္းကိုကာကြယ္ေပးႏိုင္ေပမဲ့ သိုးေရဟာ လူအေရျပားလိုပဲ စိမ့္ဝင္ႏိုင္တဲ့အတြက္ လိင္ဆက္ဆံျခင္းမွ ကူးစက္တဲ့ ေရာဂါေတြ (STD ) ကိုမကာကြယ္ေပးႏု္င္ပါဘူး။
ေခ်ာဆီ

ေခ်ာဆီ ( Lubrication) ကို Lube လို႔လည္းေခၚၾကပါတယ္။ Lube ဆိုတာကေတာ့ကြန္ဒုံးေပၚက အဆီလႊာပါး တစ္ခုပါ။ ဒီအဆီက လိင္ဆက္ဆံခ်ိန္မွာ ယားနာျခင္းနဲ႔ နာက်င္ျခင္းေတြကို ကာကြယ္ေပးႏိုင္တဲ့အျပင္ ကြန္ဒုံးေပါက္ၿပဲျခင္းကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ တကယ္လို႔ မိတ္ေဆြဟာ ေခ်ာဆီမသုတ္ထားတဲ့ ကြန္ဒုံး တစ္ခုဝယ္လာမိမယ္ဆိုရင္ လိင္ဆက္ဆံရာမွာ အဆင္ေျပေစဖို႔အတြက္ ေခ်ာဆီသပ္သပ္သုတ္လိမ္းသင့္ပါတယ္။ ေခ်ာဆီသုံးမယ္ဆိုရင္လည္း လိင္ဆက္ဆံဖို႔အတြက္ သီးသန႔္ထုတ္လုပ္ထားၿပီး ေရကိုအေျခခံၿပီး ထုတ္လုပ္ထားတဲ့ ေခ်ာဆီကိုအသုံးျပဳသင့္ပါတယ္။ အဆီကို အေျခခံထုတ္လုပ္ထားတဲ့ ေခ်ာဆီေတြျဖစ္တဲ့ ေရနံဂ်ယ္လီေတြဟာ ကြန္ဒုံးကိုပ်က္ဆီးေစႏိုင္ပါတယ္။
သုတ္သတ္ေဆး၊ ပဋိသုကၠ ေဆး

သုတ္သတ္ေဆး (သို႔) ပဋိသုကၠ ေဆးဆိုတာ သုတ္ေကာင္ေတြကို သတ္တဲ့ ေဆးတစ္မ်ိဳးပါ။ တစ္ခ်ိဳ႕ေသာ ကြန္ဒုံးေတြမွာ ဒီေဆးကို ႀကိဳလိမ္းထားၾကပါတယ္။ ကြန္ဒုံးနဲ႔ သုတ္သတ္ေဆး ၂ မ်ိဳးတြဲသုံးမယ္ဆိုရင္ ကိုယ္ဝန္ရႏိုင္ေျခအင္မတန္ နည္းပါးသြားပါတယ္။ ဒါေပမဲ့ ကြန္ဒုံးနဲ႔ သုတ္သတ္ေဆး ဘယ္ေလာက္မ်ားမ်ားတြဲသုံး တြဲသုံး သိပ္ၿပီး ကြာျခားမႈေတာ့ မရွိပါဘူး။ သင္က အကာအကြယ္အပို တစ္ခုအျဖစ္သုံးခ်င္တယ္ဆိုရင္ေတာ့ ဒီသုတ္သတ္ေဆးေတြကို တြဲအသုံးျပဳႏိုင္ပါတယ္။ သုတ္သတ္ေဆးသုံးမယ္ဆိုရင္ octoxynol-9 လို႔ေခၚတဲ့ Ions အျဖစ္ မေျပာင္းတဲ့ ဆပ္ျပာလိုအရာ ပါဝင္တဲ့ ေဆးကိုသုံးသင့္ပါတယ္။ octoxynol-9 ကို Triton X-100 လို႔လည္းေခၚၾကပါေသးတယ္။ ေဈးကြက္ထဲမွာ အေတြ႕ရမ်ားတဲ့ သုတ္သတ္ေဆးတစ္မ်ိဳးျဖစ္တဲ့ nonoxynol-9 က လိင္အဂၤါဇာတ္ေတြကို ယားယံေစႏိုင္တဲ့အတြက္ HIV ေရာဂါ ျဖစ္ပြားႏိုင္ေျခ ျမင့္မားေစပါတယ္။
အဖုအထစ္ေတြပါဝင္တဲ့ ကြန္ဒုံး

အဖုအထစ္ေတြပါဝင္ေအာင္ ျပဳလုပ္ထားတဲ့ ကြန္ဒုံးေတြထဲမွာ အေျမႇာင္းေတြပါဝင္တဲ့ ကြန္ဒုံးနဲ႔အဖုအထစ္ေတြ ပါဝင္တဲ့ ကြန္ဒုံးေတြဟာ သင္နဲ႔ သင့္ရဲ႕ လိင္ဆက္ဆံေဖာ္တို႔ကို ခံစားခ်က္ တိုးျမႇင့္ေပးႏိုင္ရန္ အတြက္ ျပဳလုပ္ထားတာပါ။ ဒါေပမဲ့ ဒီကြန္ဒုံးေတြကို လူတိုင္း မႀကိဳက္ၾကပါဘူး။ တကယ္လို႔ သင္ေရာ သင္ရဲ႕ အေဖာ္ကေရာ ဒီကြန္ဒုံးေတြကို ႀကိဳက္တယ္ဆိုရင္ ဒီလို အမ်ိဳးအစားေတြကို စမ္းသုံးၾကည့္သင့္ပါတယ္။ ဒီကြန္ဒုံးေတြကို ကိုယ္လက္မႏွီးေႏွာမီ နမ္းရႈပ္တဲ့ ေနရာမွာလည္း အသုံးျပဳႏိုင္ပါတယ္။

သင္ဟာ ထူးထူးျခားျခား ပစၥည္းေတြကို ႀကိဳက္တတ္တဲ့သူတစ္ေယာက္ဆိုရင္ေတာ့ အေမွာင္ထဲမွာေတာက္ပတဲ့ ကြန္ဒုံးမ်ိဳးေတြနဲ႔ တစ္ျခားကြန္ဒုံး အသစ္အဆန္းေတြကိုလည္း အသုံးျပဳႏိုင္ပါတယ္။ ဒါေပမဲ့ သတိေတာ့ထားပါ။ ဒီလို ကြန္ဒုံး အမ်ိဳးအစားေတြက ပုံမွန္အားျဖင့္ FDA ( Food and Drug Administration) ရဲ႕ ခြင့္ျပဳခ်က္မရဘဲ ထုတ္လုပ္တဲ့ ပစၥည္းေတြပါ။ ဒီပစၥည္းေတြဟာ ကိုယ္ဝန္ရျခင္းကို မကာကြယ္ေပးႏိုင္တဲ့အျပင္ STD ေရာဂါေတြကိုလည္း ကာကြယ္ႏိုင္ဖို႔ မေသခ်ာပါဘူး။ ဒါေၾကာင့္ ဒီလို ကြန္ဒုံးမ်ိဳးေတြ မသုံးခင္ ကိုယ္ဝန္ရျခင္းကို တားဆီးေပးႏိုင္သလား၊ STD ေရာဂါေတြကို တားဆီးေပးႏိုင္သလား ဆိုတာ အရင္ ေသခ်ာေအာင္စစ္ေဆးပါေလ။
ကြန္ဒုံးေတြက တကယ္အသုံးဝင္သလား

ကြန္ဒုံးတစ္ခု ဘယ္ေလာက္အသုံးဝင္လဲဆိုတာ သင္ နည္းလမ္းမွန္မွန္ ဘယ္ေလာက္အသုံးျပဳႏိုင္လဲဆိုတဲ့ အေပၚ မူတည္ပါတယ္။ ေယာက္်ားေလးက ကြန္ဒုံးသုံးမယ္ဆိုရင္ေတာင္ မိန္းကေလးျဖစ္သူ ကိုယ္ဝန္ရႏိုင္ေခ်ေတြ ရွိပါေသးတယ္။ စစ္တမ္းမ်ားအရ အေဖာ္ျဖစ္သူ အမ်ိဳးသားမ်ားက ကြန္ဒုံးကို မွန္ကန္စြာ သုံးလ်က္နဲ႔ေတာင္ အမ်ိဳးသမီး အေယာက္ ၁၀၀ မွာ ၂ ေယာက္ကေတာ့ ကိုယ္ဝန္ရၾကပါတယ္။ အမ်ိဳးသားျဖစ္သူက ကြန္ဒုံးကို မွန္မွန္ကန္ကန္ အသုံးမျပဳဘူးဆိုရင္ေတာ့ အမ်ိဳးသမီး အေယာက္ ၁၀၀ မွာ ၁၈ ေယာက္အထိက ကိုယ္ဝန္ရႏိုင္ေျခ ရွိပါတယ္။ ကြန္ဒုံးေတြဟာ STD လို႔ေခၚတဲ့ လိင္ဆက္ဆံရာမွ ျဖစ္ပြားတဲ့ ေရာဂါေတြ (sexually transmitted diseases) ရႏိုင္ေျခကိုေတာ့ အမ်ားႀကီး ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဘယ္ေလာက္အထိ ေလွ်ာ့ခ်ေပးႏိုင္သလဲဆိုေတာ့ ေရာဂါအမ်ိဳးအစားေပၚမူတည္ၿပီး ကြဲျပားသြားႏိုင္ပါတယ္။ ဥပမာ အားျဖင့္ဆိုရမယ္ဆိုရင္ ကြန္ဒုံးေတြဟာ HIV (human immunodeficiency virus) ေရာဂါကို ၁၀၀ ရာခိုင္ႏႈန္း ကာကြယ္ေပးႏိုင္ေပမဲ့ HPV (Human papillomavirus) လို႔ေခၚတဲ့ လိင္အဂၤါမွာႂကြက္ႏို႔ေပါက္ျခင္းနဲ႔ သားအိမ္ကင္ဆာတို႔ကို ျဖစ္ေစႏိုင္တဲ့ ေရာဂါကို ျဖစ္ေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုတာ ကြန္ဒုံးဟာ ဒီေရာဂါ ကူးစက္ႏိုင္တဲ့ေနရာေတြ ျဖစ္တဲ့ ကပ္ပယ္အိတ္လို႔ ေနရာမ်ိဳးကို မဖုံးထားေပးႏိုင္လို႔ပါ။ ကြန္ဒုံးသုံးတာက HPV ျဖစ္ပြားႏႈန္းကို နည္းေစႏိုင္တယ္ဆိုေပမဲ့ အတိအက်ေတာ့ မကာကြယ္ေပးႏိုင္ပါဘူး။

ဒါဆိုရင္ ကြန္ဒုံးကို ဘယ္လိုမွန္မွန္ကန္ကန္ အသုံးျပဳမလဲ။

=ပထမဆုံးကေတာ့ ကြန္ဒုံးေဖာက္တဲ့အခါ ကြန္ဒုံးမေပါက္သြားပါေစနဲ႔။
=ကြန္ဒုံးက ကြၽတ္ဆပ္ေနမယ္၊ မာေတာင့္ေတာင့္ျဖစ္ေနမယ္၊ ခြၽဲက်ိက်ိျဖစ္ေနမယ္၊ သက္တမ္းကုန္ေနမယ္ဆိုရင္ မသုံးပါနဲ႔။
=ကိုယ္ရဲ႕ အေဖာ္ျဖစ္သူနဲ႔ မထိေတြ႕ခင္ ကိုယ့္ရဲ႕အဂၤါ ေထာင္မတ္ေနခ်ိန္မွာ ကြန္ဒုံးကိုတပ္ဆင္ပါ။
=အစကေန အဆုံးထိ ကြန္ဒုံးတပ္ဆင္လ်က္သားျဖစ္ေနပါေစ။
=အႀကိမ္တိုင္းအတြက္ အသစ္တစ္ခုကို ထပ္မံသုံးပါ။
=Uncircumcised လို႔ေခၚတဲ့ လိင္တံထိပ္အေရျပား မျဖတ္ရေသးရင္ မဝတ္ဆင္ခင္ အရည္ျပားကို အနည္းငယ္ဆြဲထားၿပီးမွ ဝတ္ဆင္ပါ။
=တကယ္လို႔ ကြန္ဒုံးေရွ႕ပိုင္းမွာ အစြပ္ေသးေသးေလးမရွိရင္ သုက္ထြက္လာရင္ စုထားႏိုင္ေအာင္လို႔ လက္မဝက္ေလာက္ ထိပ္မွာ ခ်န္ထားပါ။
=တကယ္လို႔ အဲ့လို သုတ္ခံတဲ့ အစြပ္ေသးေသးေလးမပါဘူးဆိုရင္ လက္နဲ႔ထိပ္ပိုင္းကို အရင္ထိန္းထားၿပီး တျခားလက္တစ္ဖက္နဲ႔ ကြန္ဒုံးကို လိင္တံအရင္းထိေရာက္ေအာင္ ဝတ္ဆင္ပါ။
=လိင္ဆက္ဆံစဥ္အတြင္း ကြန္ဒုံးေပါက္ၿပဲတယ္လို႔ ခံစားရရင္ ခ်က္ျခင္းရပ္ၿပီး အေဟာင္းကိုခြၽတ္ကာ ကြန္ဒုံးအသစ္ကို ဝတ္ဆင္ပါ။
=သုတ္လႊတ္ၿပီး လိင္တံမေပ်ာ့ေျပာင္းသြားခင္မွာ ကြန္ဒုံးမကြၽတ္ထြက္သြားေစပဲ ဂ႐ုစိုက္ကာ ဆြဲထုတ္ပါ။
=ထုတ္တဲ့အခ်ိန္မွာလည္း သုတ္မ်ားမလွ်ံထြက္ေအာင္ ဂ႐ုတစိုက္ဆြဲထုတ္သင့္ပါတယ္။

 ေရးသားသူ Arkar Hein
 ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

Unicodeဖြင့်ဖတ်ရန်

ကွန်ဒုံးနဲ့ပတ်သက်ပြီး သိကောင်းစရာအချက်များ
================
ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STD (sexually transmitted diseases)  လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှ ဖြစ်ပွားတဲ့ ရောဂါတွေကို တားဆီးနိုင်ပါတယ်။ ဒါကို လူတိုင်းလည်း သိကြပါတယ်။ ကွန်ဒုံးတွေဟာ သုတ်ရည်နဲ့ တခြား ခန္ဓာကိုယ်က အရည်တွေကို အမျိုးသမီးလိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်တွေဆီ မရောက်အောင် အတားအဆီးတစ်ခုအဖြစ်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။
အမျိုးသားသုံး ကွန်ဒုံးဆိုတာ ဘာလဲ။

အမျိုးသားသုံးကွန်ဒုံးဆိုတဲ့ ကြပ်အောင်ပြုလုပ်ထားတဲ့ ပလတ်စတစ်အလွှာပါး ဖြစ်ပြီး လိင်ဆက်ဆံတဲ့အချိန်အမျိုးသား လိင်အင်္ဂါမှာ တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ အမျိုးသားသုံးကွန်ဒုံးတွေကတော့ အမျိုးမျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ ရော်ဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံး၊ ပလတ်စတစ်နဲ့လုပ်ထားတဲ့ ကွန်ဒုံး၊ သိုးသားရေနဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေဆိုပြီး အမျိုးမျိုးရှိပါတယ်။ လူအများစုကတော့ ရော်ဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေကို အသုံးပြုတာ များပါတယ်။ မိတ်ဆွေက ဒီပစ္စည်းနဲ့ ဓာတ်မတည့်တဲ့ ဝေဒနာ ရှိမယ်ဆိုရင် တခြာကွန်ဒုံးအမျိုးအစားတစ်ခုဖြစ်တဲ့

polyurethane ( ပေါ်လီယူရသိန်း)နဲ့ ရာဘာကနေထွက်ရှိတဲ့ ပိုလီအိုင်ဆိုပရင်း (polyisoprene) ကွန်ဒုံးတွေကို သုံးလို့ရပါတယ်။ ပလတ်စတစ် ကွန်ဒုံးတွေဟာ သင့်ကို STD ရောဂါတွေ ဖြစ်တဲ့ ကိုယ်ခံစွမ်းအားကျရောဂါ HIV (human immunodeficiency virus)၊ ရေယုန် ၊ Trachoma ခေါ်တဲ့ မျက်စိကွယ်စေနိုင်တဲ့ရောဂါ၊ ဆီးပူညောင်းကျရောဂါ (gonorrhea) တွေကို ဘယ်လိင်မှုကိစ္စပုံစံလုပ်သည်ဖြစ်စေ ကာကွယ်ပေးနိုင်ပါတယ်။

သဘာဝ ကွန်ဒုံး သို့မဟုတ် သိုးရေ ကွန်ဒုံးတွေကတော့ သိုးအူတွေက ထွက်ရှိတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သိုးရေ ကွန်ဒုံးဟာ ကိုယ်ဝန်ရခြင်းကိုကာကွယ်ပေးနိုင်ပေမဲ့ သိုးရေဟာ လူအရေပြားလိုပဲ စိမ့်ဝင်နိုင်တဲ့အတွက် လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ ရောဂါတွေ (STD ) ကိုမကာကွယ်ပေးနု်င်ပါဘူး။
ချောဆီ

ချောဆီ ( Lubrication) ကို Lube လို့လည်းခေါ်ကြပါတယ်။ Lube ဆိုတာကတော့ကွန်ဒုံးပေါ်က အဆီလွှာပါး တစ်ခုပါ။ ဒီအဆီက လိင်ဆက်ဆံချိန်မှာ ယားနာခြင်းနဲ့ နာကျင်ခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် ကွန်ဒုံးပေါက်ပြဲခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ မိတ်ဆွေဟာ ချောဆီမသုတ်ထားတဲ့ ကွန်ဒုံး တစ်ခုဝယ်လာမိမယ်ဆိုရင် လိင်ဆက်ဆံရာမှာ အဆင်ပြေစေဖို့အတွက် ချောဆီသပ်သပ်သုတ်လိမ်းသင့်ပါတယ်။ ချောဆီသုံးမယ်ဆိုရင်လည်း လိင်ဆက်ဆံဖို့အတွက် သီးသန့်ထုတ်လုပ်ထားပြီး ရေကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ ချောဆီကိုအသုံးပြုသင့်ပါတယ်။ အဆီကို အခြေခံထုတ်လုပ်ထားတဲ့ ချောဆီတွေဖြစ်တဲ့ ရေနံဂျယ်လီတွေဟာ ကွန်ဒုံးကိုပျက်ဆီးစေနိုင်ပါတယ်။
သုတ်သတ်ဆေး၊ ပဋိသုက္က ဆေး

သုတ်သတ်ဆေး (သို့) ပဋိသုက္က ဆေးဆိုတာ သုတ်ကောင်တွေကို သတ်တဲ့ ဆေးတစ်မျိုးပါ။ တစ်ချို့သော ကွန်ဒုံးတွေမှာ ဒီဆေးကို ကြိုလိမ်းထားကြပါတယ်။ ကွန်ဒုံးနဲ့ သုတ်သတ်ဆေး ၂ မျိုးတွဲသုံးမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေအင်မတန် နည်းပါးသွားပါတယ်။ ဒါပေမဲ့ ကွန်ဒုံးနဲ့ သုတ်သတ်ဆေး ဘယ်လောက်များများတွဲသုံး တွဲသုံး သိပ်ပြီး ကွာခြားမှုတော့ မရှိပါဘူး။ သင်က အကာအကွယ်အပို တစ်ခုအဖြစ်သုံးချင်တယ်ဆိုရင်တော့ ဒီသုတ်သတ်ဆေးတွေကို တွဲအသုံးပြုနိုင်ပါတယ်။ သုတ်သတ်ဆေးသုံးမယ်ဆိုရင် octoxynol-9 လို့ခေါ်တဲ့ Ions အဖြစ် မပြောင်းတဲ့ ဆပ်ပြာလိုအရာ ပါဝင်တဲ့ ဆေးကိုသုံးသင့်ပါတယ်။ octoxynol-9 ကို Triton X-100 လို့လည်းခေါ်ကြပါသေးတယ်။ ဈေးကွက်ထဲမှာ အတွေ့ရများတဲ့ သုတ်သတ်ဆေးတစ်မျိုးဖြစ်တဲ့ nonoxynol-9 က လိင်အင်္ဂါဇာတ်တွေကို ယားယံစေနိုင်တဲ့အတွက် HIV ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားစေပါတယ်။
အဖုအထစ်တွေပါဝင်တဲ့ ကွန်ဒုံး

အဖုအထစ်တွေပါဝင်အောင် ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေထဲမှာ အမြှောင်းတွေပါဝင်တဲ့ ကွန်ဒုံးနဲ့အဖုအထစ်တွေ ပါဝင်တဲ့ ကွန်ဒုံးတွေဟာ သင်နဲ့ သင့်ရဲ့ လိင်ဆက်ဆံဖော်တို့ကို ခံစားချက် တိုးမြှင့်ပေးနိုင်ရန် အတွက် ပြုလုပ်ထားတာပါ။ ဒါပေမဲ့ ဒီကွန်ဒုံးတွေကို လူတိုင်း မကြိုက်ကြပါဘူး။ တကယ်လို့ သင်ရော သင်ရဲ့ အဖော်ကရော ဒီကွန်ဒုံးတွေကို ကြိုက်တယ်ဆိုရင် ဒီလို အမျိုးအစားတွေကို စမ်းသုံးကြည့်သင့်ပါတယ်။ ဒီကွန်ဒုံးတွေကို ကိုယ်လက်မနှီးနှောမီ နမ်းရှုပ်တဲ့ နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။

သင်ဟာ ထူးထူးခြားခြား ပစ္စည်းတွေကို ကြိုက်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ အမှောင်ထဲမှာတောက်ပတဲ့ ကွန်ဒုံးမျိုးတွေနဲ့ တစ်ခြားကွန်ဒုံး အသစ်အဆန်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သတိတော့ထားပါ။ ဒီလို ကွန်ဒုံး အမျိုးအစားတွေက ပုံမှန်အားဖြင့် FDA ( Food and Drug Administration) ရဲ့ ခွင့်ပြုချက်မရဘဲ ထုတ်လုပ်တဲ့ ပစ္စည်းတွေပါ။ ဒီပစ္စည်းတွေဟာ ကိုယ်ဝန်ရခြင်းကို မကာကွယ်ပေးနိုင်တဲ့အပြင် STD ရောဂါတွေကိုလည်း ကာကွယ်နိုင်ဖို့ မသေချာပါဘူး။ ဒါကြောင့် ဒီလို ကွန်ဒုံးမျိုးတွေ မသုံးခင် ကိုယ်ဝန်ရခြင်းကို တားဆီးပေးနိုင်သလား၊ STD ရောဂါတွေကို တားဆီးပေးနိုင်သလား ဆိုတာ အရင် သေချာအောင်စစ်ဆေးပါလေ။
ကွန်ဒုံးတွေက တကယ်အသုံးဝင်သလား

ကွန်ဒုံးတစ်ခု ဘယ်လောက်အသုံးဝင်လဲဆိုတာ သင် နည်းလမ်းမှန်မှန် ဘယ်လောက်အသုံးပြုနိုင်လဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ ယောက်ျားလေးက ကွန်ဒုံးသုံးမယ်ဆိုရင်တောင် မိန်းကလေးဖြစ်သူ ကိုယ်ဝန်ရနိုင်ချေတွေ ရှိပါသေးတယ်။ စစ်တမ်းများအရ အဖော်ဖြစ်သူ အမျိုးသားများက ကွန်ဒုံးကို မှန်ကန်စွာ သုံးလျက်နဲ့တောင် အမျိုးသမီး အယောက် ၁၀၀ မှာ ၂ ယောက်ကတော့ ကိုယ်ဝန်ရကြပါတယ်။ အမျိုးသားဖြစ်သူက ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးမပြုဘူးဆိုရင်တော့ အမျိုးသမီး အယောက် ၁၀၀ မှာ ၁၈ ယောက်အထိက ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ကွန်ဒုံးတွေဟာ STD လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှ ဖြစ်ပွားတဲ့ ရောဂါတွေ (sexually transmitted diseases) ရနိုင်ခြေကိုတော့ အများကြီး လျှော့ချပေးနိုင်ပါတယ်။ ဘယ်လောက်အထိ လျှော့ချပေးနိုင်သလဲဆိုတော့ ရောဂါအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ ဥပမာ အားဖြင့်ဆိုရမယ်ဆိုရင် ကွန်ဒုံးတွေဟာ HIV (human immunodeficiency virus) ရောဂါကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပေမဲ့ HPV (Human papillomavirus) လို့ခေါ်တဲ့ လိင်အင်္ဂါမှာကြွက်နို့ပေါက်ခြင်းနဲ့ သားအိမ်ကင်ဆာတို့ကို ဖြစ်စေနိုင်တဲ့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ကွန်ဒုံးဟာ ဒီရောဂါ ကူးစက်နိုင်တဲ့နေရာတွေ ဖြစ်တဲ့ ကပ်ပယ်အိတ်လို့ နေရာမျိုးကို မဖုံးထားပေးနိုင်လို့ပါ။ ကွန်ဒုံးသုံးတာက HPV ဖြစ်ပွားနှုန်းကို နည်းစေနိုင်တယ်ဆိုပေမဲ့ အတိအကျတော့ မကာကွယ်ပေးနိုင်ပါဘူး။

ဒါဆိုရင် ကွန်ဒုံးကို ဘယ်လိုမှန်မှန်ကန်ကန် အသုံးပြုမလဲ။

=ပထမဆုံးကတော့ ကွန်ဒုံးဖောက်တဲ့အခါ ကွန်ဒုံးမပေါက်သွားပါစေနဲ့။
=ကွန်ဒုံးက ကျွတ်ဆပ်နေမယ်၊ မာတောင့်တောင့်ဖြစ်နေမယ်၊ ချွဲကျိကျိဖြစ်နေမယ်၊ သက်တမ်းကုန်နေမယ်ဆိုရင် မသုံးပါနဲ့။
=ကိုယ်ရဲ့ အဖော်ဖြစ်သူနဲ့ မထိတွေ့ခင် ကိုယ့်ရဲ့အင်္ဂါ ထောင်မတ်နေချိန်မှာ ကွန်ဒုံးကိုတပ်ဆင်ပါ။
=အစကနေ အဆုံးထိ ကွန်ဒုံးတပ်ဆင်လျက်သားဖြစ်နေပါစေ။
=အကြိမ်တိုင်းအတွက် အသစ်တစ်ခုကို ထပ်မံသုံးပါ။
=Uncircumcised လို့ခေါ်တဲ့ လိင်တံထိပ်အရေပြား မဖြတ်ရသေးရင် မဝတ်ဆင်ခင် အရည်ပြားကို အနည်းငယ်ဆွဲထားပြီးမှ ဝတ်ဆင်ပါ။
=တကယ်လို့ ကွန်ဒုံးရှေ့ပိုင်းမှာ အစွပ်သေးသေးလေးမရှိရင် သုက်ထွက်လာရင် စုထားနိုင်အောင်လို့ လက်မဝက်လောက် ထိပ်မှာ ချန်ထားပါ။
=တကယ်လို့ အဲ့လို သုတ်ခံတဲ့ အစွပ်သေးသေးလေးမပါဘူးဆိုရင် လက်နဲ့ထိပ်ပိုင်းကို အရင်ထိန်းထားပြီး တခြားလက်တစ်ဖက်နဲ့ ကွန်ဒုံးကို လိင်တံအရင်းထိရောက်အောင် ဝတ်ဆင်ပါ။
=လိင်ဆက်ဆံစဉ်အတွင်း ကွန်ဒုံးပေါက်ပြဲတယ်လို့ ခံစားရရင် ချက်ခြင်းရပ်ပြီး အဟောင်းကိုချွတ်ကာ ကွန်ဒုံးအသစ်ကို ဝတ်ဆင်ပါ။
=သုတ်လွှတ်ပြီး လိင်တံမပျော့ပြောင်းသွားခင်မှာ ကွန်ဒုံးမကျွတ်ထွက်သွားစေပဲ ဂရုစိုက်ကာ ဆွဲထုတ်ပါ။
=ထုတ်တဲ့အချိန်မှာလည်း သုတ်များမလျှံထွက်အောင် ဂရုတစိုက်ဆွဲထုတ်သင့်ပါတယ်။

 ရေးသားသူ Arkar Hein
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win. 

0 Comments