အမ်ိဳးသားမ်ား ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္း
==========
ဆီးလမ္္းေၾကာင္း ပိုးဝင္ျခင္းက ေယာက်္ားမိန္းမ မေရြး ေန႔စဥ္ လုပ္ငန္းေဆာင္တာေတြမွာ ဒုကၡအေတာ္ေပးတယ္ဆိုၿပီး သိထားၾကၿပီးသားပါ။ ဒါေပမယ့္ ခုေဆာင္းပါးမွာ အမ်ိဳးသားေတြ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကိုသာ ေဖာ္ျပသြားမွာပါ။ ဒါဆိုရင္ ဆီးလမ္းေၾကာင္းပိုးဝင္တယ္ဆိုတာ ဘာလဲ၊ ဘာအႏၲရာယ္ေတြ ရွိလဲ၊ ဘယ္လို ကာကြယ္မလဲ၊ ကုသမႈေတြက ဘာေတြလဲ။ ေအာက္မွာေဖာ္ျပထားတဲ့ ေဆာင္းပါးက အဲ့ဒီအေၾကာင္းအရာေတြရဲ႕ အခ်က္အလက္မ်ားကို ေပးသြားမွာပါ။
ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (Urinary Tract Infection) ဆိုတာ ဘာလဲ။
ဆီးလမ္းေၾကာင္းပိုးဝင္တယ္ဆိုတာ သင့္ဆီးလမ္းေၾကာင္းထဲကို ဘက္တီးရီးယားပိုး ဝင္ေရာက္ၿပီးေနာက္ဆက္တြဲ အက်ိဳးဆက္ပဲ ျဖစ္ပါတယ္။ သင္ဆီးသြားတဲ့အခါ သင့္ဆီးလမ္းေၾကာင္းထဲကို ဝင္ထားတဲ့ ဘက္တီးရီးယား အမ်ားစုက ထုတ္ပစ္ျခင္းခံလိုက္ရပါတယ္။ ဒါေပမယ့္ က်န္ခဲ့တယ့္ တခ်ိဳ႕ဘက္တီးရီးယားေတြေၾကာင့္ Urinary Tract Infection (UTI) ျဖစ္တာပါ။
UTI ရဲ႕ အႏၲရာယ္ေတြက ဘာေတြလဲ။
အကယ္၍ သင္က ပိုးသတ္ေဆးေတြကို အခ်ိန္အေတာ္ၾကာ ေသာက္ေနရတာဆိုရင္ သင့္ခႏၶာကိုယ္ထဲမွာရွိတဲ့ ဘက္တီးရီးယားေတြက ခံႏိုင္ရည္ပိုရွိလာတတ္ပါတယ္။ ရလဒ္အေနနဲ႔ သူတို႔ကို လံုးဝရွင္းလင္းဖို႔ အေတာ္ခက္ခဲတဲ့အထိ အဆင့္ျမင့္လာႏိုင္ပါတယ္။
ဆိုလိုတာက သင့္ UTI က ျပန္လည္ ျဖစ္ေပၚလာႏုိင္ပါတယ္။ ထိေရာက္တဲ့ကုသမႈမရွိရင္ ဒီ infection က သင့္ကို အေတာ္ေလးကို ထိခိုက္ဖ်က္ဆီးႏိုင္ပါတယ္။ ဘက္တီးရီးယားက သင့္ေက်ာက္ကပ္ေတြအထိ ျပန္႔ႏွံ႕ႏိုင္ၿပီး pyelonephritis ျဖစ္ေစႏိုင္ပါတယ္။ အဆိုးဆံုးအေျခအေနမွာ ဘက္တီးရီးယားက သင့္ေသြးထဲေရာက္မယ့္ လမ္းေၾကာင္းကို ေတြ႕ရွိၿပီး သင့္အသက္အႏၶရာယ္ကို ထိခိုက္ေစႏိုင္ပါတယ္။
Urinary Tract Infection ကို ဘယ္လိုကာကြယ္မလဲ၊ ဘယ္လိုကုသမလဲ။
ဘယ္ေလာက္ျပင္းထန္္လဲေပၚမူတည္ၿပီး လူနာတစ္ေယာက္ခ်င္းဆီရဲ႕ ကုသမႈေတြက မတူညီၾကပါဘူး။ ဒါေပမယ့္ UTI အတြက္ အသံုးအမ်ားဆံုး ကုသနည္းကေတာ့ ပိုးသတ္ေဆး (antibiotics) အသံုးျပဳတာပါ။ ဘက္တီးရီးယားေၾကာင့္ ျဖစ္တဲ့ infection ကို ကာကြယ္ဖို႔ သို႔မဟုတ္ တုိက္ဖ်က္ဖို႔ ရည္ရြယ္ပါတယ္။
ျပင္းထန္မႈပမာဏကို ေလွ်ာ့ခ်ဖို႔ သို႔မဟုတ္ ဆီးသြားတဲ့အခါ (သင္ခံစားရရင္) နာက်င္တာ၊ အဆင္မေျပျဖစ္တာကို သက္သာေစဖို႔ အဆင့္အေတာ္မ်ားမ်ားကို လုပ္ေဆာင္ရပါမယ္။
– ေန႔စဥ္ ေရပမာဏ လုံလံုေလာက္ေလာက္ ဂရုတစိုက္ ေသာက္သံုးပါ။ ( ေရကသာ သင့္ခႏၶာကိုယ္အတြက္ အေကာင္းဆံုးဆိုတာ သိထားပါ။ အရက္နဲ႔ gas ပါတဲ့၊ အျမႈပ္ထြက္တဲ့ ေသာက္စရာ စတာေတြကို ေရွာင္ၾကဥ္ပါ။ ) တန္ျပန္အကူအညီ ယူဖို႔လဲ အမွတ္ရပါ။
– တျခားကုသမႈေတြက သက္မွတ္ထားတဲ့ ေဆးေတြကို သင္ဆီီးသြားတဲ့အခါ ခံစားရတဲ့ အဆင္မေျပျဖစ္တာ၊ ဆီးပူတာ၊ နာၾကဥ္တာေတြကို သက္သာေစဖို႔ အသံုးျပဳပါတယ္။ ဒါ့အျပင္ ေဆးဝါးပစၥည္းေတြက သင့္ရဲ႕မၾကာခဏ ဆီးသြားလိုတဲ့စိတ္ကိုလဲ ကူညီ ပယ္ဖ်က္ေပးပါလိမ့္မယ္။ တျခားတစ္ဖက္မွာကေတာ့ ဒီေဆးေတြသံုးစြဲျခင္းက သင့္ဆီးအေရာင္ကို အနီေရာင္ သို႔မဟုတ္ လိေမၼာ္ေရာင္ လိုမ်ိဳး ေျပာင္းလဲသြားႏိုင္ပါတယ္။
– ဆီီးအရမ္းသြားလိုတဲ့အခ်ိန္ အတင္းအက်ပ္ထိန္းထားတာက သင့္ဆီးအိမ္ကို ဆိုးဆိုးရြားရြား ထိခိုက္ေစမယ္ဆိုတာ နားလည္ပါ။ ဒီလိုအျပဳအမူေတြက ေရရွည္မွာ ျပင္းထန္ဆိုးရြားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္သြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဆီးသြားခ်င္တယ္လို႔ ခံစားရတာနဲ႔ သြားပါ။
Urinary Tract Infection က အမ်ိဳးသားေတြရဲ႕ဘဝကို အဆိုးရြားဆံုးေတြ သက္ေရာက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ UTI ကေန ေဘးကင္းခ်င္တယ္ဆိုရင္ အထက္မွာ ေဖာ္ျပထားတဲ့ နည္းလမ္းေတြ၊ ကာကြယ္မႈေတြကို အမွတ္ရပါ။ ဒါ့အျပင္ သင့္မွာ UTI ရွိတယ္လို႔ သံသယရွိပါက ဆရာဝန္ သို႔မဟုတ္ က်န္းမာေရးေစာင့္ေရွာက္မႈေပးတဲ့သူ ဆီ သြားၿပီး က်န္းမာေရးနဲ႔ ပတ္သက္တဲ့ အႀကံဥာဏ္၊ ေရာဂါရွာေဖြအမည္တပ္ဖို႔၊ ကုသမႈ ေတြအတြက္ တံု႔ဆိုင္းမေနပဲ သြားရျပသသင့္ပါတယ္။
ေရးသားသူ Wathun Myat Chal
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Kaung Thar.
Unicodeဖြင့်ဖတ်ရန်
အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
==========
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းက ယောကျ်ားမိန်းမ မရွေး နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ဒုက္ခအတော်ပေးတယ်ဆိုပြီး သိထားကြပြီးသားပါ။ ဒါပေမယ့် ခုဆောင်းပါးမှာ အမျိုးသားတွေ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုသာ ဖော်ပြသွားမှာပါ။ ဒါဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘာလဲ၊ ဘာအန္တရာယ်တွေ ရှိလဲ၊ ဘယ်လို ကာကွယ်မလဲ၊ ကုသမှုတွေက ဘာတွေလဲ။ အောက်မှာဖော်ပြထားတဲ့ ဆောင်းပါးက အဲ့ဒီအကြောင်းအရာတွေရဲ့ အချက်အလက်များကို ပေးသွားမှာပါ။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) ဆိုတာ ဘာလဲ။
ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ သင့်ဆီးလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုး ဝင်ရောက်ပြီးနောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ သင်ဆီးသွားတဲ့အခါ သင့်ဆီးလမ်းကြောင်းထဲကို ဝင်ထားတဲ့ ဘက်တီးရီးယား အများစုက ထုတ်ပစ်ခြင်းခံလိုက်ရပါတယ်။ ဒါပေမယ့် ကျန်ခဲ့တယ့် တချို့ဘက်တီးရီးယားတွေကြောင့် Urinary Tract Infection (UTI) ဖြစ်တာပါ။
UTI ရဲ့ အန္တရာယ်တွေက ဘာတွေလဲ။
အကယ်၍ သင်က ပိုးသတ်ဆေးတွေကို အချိန်အတော်ကြာ သောက်နေရတာဆိုရင် သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ခံနိုင်ရည်ပိုရှိလာတတ်ပါတယ်။ ရလဒ်အနေနဲ့ သူတို့ကို လုံးဝရှင်းလင်းဖို့ အတော်ခက်ခဲတဲ့အထိ အဆင့်မြင့်လာနိုင်ပါတယ်။
ဆိုလိုတာက သင့် UTI က ပြန်လည် ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိရောက်တဲ့ကုသမှုမရှိရင် ဒီ infection က သင့်ကို အတော်လေးကို ထိခိုက်ဖျက်ဆီးနိုင်ပါတယ်။ ဘက်တီးရီးယားက သင့်ကျောက်ကပ်တွေအထိ ပြန့်နှံ့နိုင်ပြီး pyelonephritis ဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေမှာ ဘက်တီးရီးယားက သင့်သွေးထဲရောက်မယ့် လမ်းကြောင်းကို တွေ့ရှိပြီး သင့်အသက်အန္ဓရာယ်ကို ထိခိုက်စေနိုင်ပါတယ်။
Urinary Tract Infection ကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုကုသမလဲ။
ဘယ်လောက်ပြင်းထန်လဲပေါ်မူတည်ပြီး လူနာတစ်ယောက်ချင်းဆီရဲ့ ကုသမှုတွေက မတူညီကြပါဘူး။ ဒါပေမယ့် UTI အတွက် အသုံးအများဆုံး ကုသနည်းကတော့ ပိုးသတ်ဆေး (antibiotics) အသုံးပြုတာပါ။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ infection ကို ကာကွယ်ဖို့ သို့မဟုတ် တိုက်ဖျက်ဖို့ ရည်ရွယ်ပါတယ်။
ပြင်းထန်မှုပမာဏကို လျှော့ချဖို့ သို့မဟုတ် ဆီးသွားတဲ့အခါ (သင်ခံစားရရင်) နာကျင်တာ၊ အဆင်မပြေဖြစ်တာကို သက်သာစေဖို့ အဆင့်အတော်များများကို လုပ်ဆောင်ရပါမယ်။
– နေ့စဉ် ရေပမာဏ လုံလုံလောက်လောက် ဂရုတစိုက် သောက်သုံးပါ။ ( ရေကသာ သင့်ခန္ဓာကိုယ်အတွက် အကောင်းဆုံးဆိုတာ သိထားပါ။ အရက်နဲ့ gas ပါတဲ့၊ အမြှုပ်ထွက်တဲ့ သောက်စရာ စတာတွေကို ရှောင်ကြဉ်ပါ။ ) တန်ပြန်အကူအညီ ယူဖို့လဲ အမှတ်ရပါ။
– တခြားကုသမှုတွေက သက်မှတ်ထားတဲ့ ဆေးတွေကို သင်ဆီးသွားတဲ့အခါ ခံစားရတဲ့ အဆင်မပြေဖြစ်တာ၊ ဆီးပူတာ၊ နာကြဉ်တာတွေကို သက်သာစေဖို့ အသုံးပြုပါတယ်။ ဒါ့အပြင် ဆေးဝါးပစ္စည်းတွေက သင့်ရဲ့မကြာခဏ ဆီးသွားလိုတဲ့စိတ်ကိုလဲ ကူညီ ပယ်ဖျက်ပေးပါလိမ့်မယ်။ တခြားတစ်ဖက်မှာကတော့ ဒီဆေးတွေသုံးစွဲခြင်းက သင့်ဆီးအရောင်ကို အနီရောင် သို့မဟုတ် လိမ္မော်ရောင် လိုမျိုး ပြောင်းလဲသွားနိုင်ပါတယ်။
– ဆီးအရမ်းသွားလိုတဲ့အချိန် အတင်းအကျပ်ထိန်းထားတာက သင့်ဆီးအိမ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမယ်ဆိုတာ နားလည်ပါ။ ဒီလိုအပြုအမူတွေက ရေရှည်မှာ ပြင်းထန်ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဆီးသွားချင်တယ်လို့ ခံစားရတာနဲ့ သွားပါ။
Urinary Tract Infection က အမျိုးသားတွေရဲ့ဘဝကို အဆိုးရွားဆုံးတွေ သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် UTI ကနေ ဘေးကင်းချင်တယ်ဆိုရင် အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေ၊ ကာကွယ်မှုတွေကို အမှတ်ရပါ။ ဒါ့အပြင် သင့်မှာ UTI ရှိတယ်လို့ သံသယရှိပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူ ဆီ သွားပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်၊ ရောဂါရှာဖွေအမည်တပ်ဖို့၊ ကုသမှု တွေအတွက် တုံ့ဆိုင်းမနေပဲ သွားရပြသသင့်ပါတယ်။
ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
0 Comments