Anal Sex (စအိုသို႔ လိင္ဆက္ဆံျခင္း) အေၾကာင္းသိေကာင္းစရာ
===========
Anal Sex ဟာ လိင္မတူဘဲ ကာမဆက္ဆံသူမ်ား အသုံးျပဳၾကတဲ့ နည္းလမ္းျဖစ္တာေၾကာင့္ ဘာသာေရး၊ ယဥ္ေက်းမႈတို႔အရ ခြင့္မျပဳတဲ့ ေရွာင္ရန္အခ်က္အျဖစ္ လူေတာ္ေတာ္မ်ားမ်ားက ခံယူထားၾကပါတယ္။ အမ်ိဳးသမီးငယ္ေလးမ်ားကလည္း ေရာဂါကုထုံးလာေရာက္ျပသတဲ့ အခ်ိန္က်ရင္ သူတို႔ အေဖာ္ျဖစ္သူရဲ႕ စအိုသို႔လိင္ဆက္ဆံရန္ အတင္းအၾကပ္ေတာင္းဆိုျခင္း ခံရေၾကာင္း ဆိုခဲ့ၾကပါတယ္။ သိပ္ၿပီး အံ့ဩဖို႔မေကာင္းတာကေတာ့ အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြလည္း Anal Sex လုပ္ေဆာင္ရန္ ေတာင္းဆိုျခင္း ခံၾကရေၾကာင္း ဆိုၾကပါတယ္။
ဒီလို ေတာင္းဆိုမႈမ်ားဟာ လိင္မတူဘဲ ကာမဆက္ဆံျပတဲ့ အျပာ႐ုပ္ရွင္မ်ားမွာ Anal Sex အေၾကာင္း ႐ိုက္ကူးျပခဲ့ရာမွ မ်ားျပားလာတာျဖစ္ၿပီး အမ်ိဳးသားအမ်ားကေတာ့ Anal Sex ကေန ပိုၿပီး ခံစားမႈေကာင္းတဲ့ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ျခင္းျဖစ္စဥ္ (orgasm) ကို အမ်ိဳးသမီး ေတြရရွိႏိုင္ေၾကာင္း ယုံၾကည္ၾကပါတယ္။ ဒါ့အျပင္ အမ်ိဳးသားမ်ားက Anal Sex ကို သူတို႔ရဲ႕ အေဖာ္အမ်ိဳးသမီးေတြ ျငင္းဆန္ရျခင္းအေၾကာင္းရင္းဟာ သူတို႔ေတြ တစ္ခါမွ မစမ္းဖူးလို႔၊ ဒါမွမဟုတ္ ခံစားခ်က္ေကာင္းမွန္း မသိလို႔ ျငင္းဆန္ၾကတာ ျဖစ္ေၾကာင္း ယုံၾကည္ၾကပါတယ္။
ပါးစပ္ေျပာေတြကို ခဏထားၿပီး အေျခခံ အခ်က္ေတြကို တစ္ခ်က္ၾကည့္ရရင္ေတာ့-
အမ်ိဳးသမီး ၂ ရာခိုင္ႏႈန္း သာ Anal Sex ကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။
အမ်ိဳးသမီး စုစုေပါင္း ၃၆ ရာခိုင္ႏႈန္း အထိဟာ Anal Sex ကို တစ္ႀကိမ္တစ္ခါေတာ့စမ္းသပ္ၾကည့္ဖူးၾကေၾကာင္း Sexual Medicine ဂ်ာနယ္ အရ သိရပါတယ္။
Anal Sex ဆက္ဆံခ်ိန္မွာ စအိုအနားက sphincter လို႔ေခၚတဲ့ ညႇစ္ႂကြက္သားေတြ ဆြဲဆန႔္ခံရျခင္းနဲ႔ ေကြးေနတဲ့ အမ်ိဳးသမီးေတြရဲ႕ စအိုလမ္းေၾကာင္းေတြေၾကာင့္ အဓိက နာက်င္ၾကတာ ျဖစ္ပါတယ္။
လေပါင္းမ်ားစြာ စတင္ အစပ်ိဳးထားျခင္းက နာက်င္မႈကို ေလ်ာ့က်ေစႏိုင္ၿပီး လုံးဝ မနာက်င္တာမ်ိဳးအထိ ျဖစ္ေစႏိုင္ပါတယ္။
အမ်ိဳးသမီး တစ္ခ်ိဳ႕က Anal Sex ကို ႀကိဳက္ႏွစ္သက္ၾကရဲ႕လား။
အမ်ိဳးသမီးအမ်ားစုဟာ စအိုသို႔ တိုက္႐ိုက္လိင္ဆက္ဆံျခင္းကို မလိုခ်င္ၾကရင္ေတာင္ စအိုသို႔ ရာဂႏႈိးဆြေပးျခင္းကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ညႇစ္ႂကြက္သား (sphincter) ေတြ ဆန႔္ျခင္းကို အသားရေနၿပီျဖစ္တဲ့ ရာခိုင္ႏႈန္း အနည္းငယ္ေသာ အမ်ိဳးသမီးေတြကေတာ့ Anal Sex ဟာ ျပည့္ဝတဲ့ ခံစားမႈကို ေပးစြမ္းႏိုင္တာေၾကာင့္ ႀကိဳက္ႏွစ္သက္ၾကေၾကာင္းဆိုပါတယ္။ ဒီလို ႀကိဳက္ႏွစ္သက္ရျခင္း အေၾကာင္းရင္းဟာ သူ႔ရဲ႕ အေဖာ္ေတြကလည္း လိင္ဆက္ဆံရာမွာ အသစ္အဆန္းမ်ားကို စမ္းသပ္ခ်င္တဲ့ စိတ္နဲ႔လည္းဆိုင္ပါတယ္။
အမ်ိဳးသမီး အမ်ားစုက ဘာေၾကာင့္ Anal Sex ကို ဘာေၾကာင့္ မႀကိဳက္ၾကတာလဲ။
အမ်ိဳးသမီးေတြ မစမ္းဖူးလို႔ ျငင္းတာပဲ ျဖစ္ျဖစ္၊ ခံစားခ်က္ကို မႀကိဳက္လို႔ ျငင္းတာပဲျဖစ္ျဖစ္ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ Anal Sex မလုပ္ခ်င္ဘူးဆိုရင္ သူမမွာ ျငင္းပိုင္ခြင့္ အျပည့္အဝရွိပါတယ္။ ေအာက္မွာေတာ့ အမ်ိဳးသမီးေတြ Anal Sex ကို ဘာေၾကာင့္ ျငင္းေလ့ရွိတာလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။
နာက်င္မႈ
Anal Sex ဟာ နာက်င္ေစႏိုင္ၿပီး တစ္ခါ စမ္းသပ္ၾကည့္ၿပီး ေနာက္တစ္ႀကိမ္ စမ္းသပ္မယ္ဆိုလည္း ပိုၿပီးခံစားခ်က္ေကာင္းလာမွာမဟုတ္ပါဘူး။ နာက်င္မႈက ရွိေနဦးမွာပါ။ စအိုတစ္ဝိုက္နားမွာ လိင္စိတ္ခံစားမႈကို ထိန္းခ်ဳပ္ႏိုင္တဲ့ နာဗ္ေၾကာဆုံးမ်ား ရွိေနေပမဲ့ အမ်ိဳးသမီး အနည္းငယ္ကသာ Anal Sex မွတစ္ဆင့္ Orgasm ( လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ျခင္းကာလ) ကိုေရာက္ၾကပါတယ္။
ညစ္ပတ္ျခင္း
အျပာ႐ုပ္ရွင္ကားေတြမွာ Anal Sex ဟာ တကယ့္အျပင္မွာေလာက္ မညစ္ပတ္တဲ့ ပုံစံေဖာ္ျပထားေပမဲ့ anal Sex ဟာ မသန႔္ရွင္းပါဘူး။ စအိုကို ေဖာက္ထြင္းဝင္ေရာက္တဲ့ ဘယ္အရာပဲျဖစ္ျဖစ္ Vagina (ေမြးလမ္းေၾကာင္း) သို႔ Vulva (အမ်ိဳးသမီး အဂၤါ နမိတ္ဝ) နဲ႔ ခ်က္ျခင္း ထပ္မံ မထိေတြ႕သင့္ပါဘူး။ တကယ္လို႔ အမ်ိဳးသမီး အဂၤါေတြနဲ႔ ထိေတြ႕ခ်င္တယ္ဆိုရင္လည္း ဆပ္ျပာနဲ႔ ေသခ်ာေရစင္ေအာင္ ေဆးၿပီးမွ ထိေတြ႕သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်င္ႀကီးထဲမွာ ေမြးလမ္းေၾကာင္းနဲ႔ ဆီးလမ္းေၾကာင္းကို ေရာဂါျဖစ္ေစႏိုင္တဲ့ ဘတ္တီးရီးယား ပိုးေတြ အမ်ားအျပားပါဝင္ေနလို႔ပါပဲ။
ဘာသာေရး၊ ယဥ္ေက်းမႈတို႔အရ ခြင့္မျပဳသည့္ ေရွာင္ရန္အမႈ ျဖစ္ေနတာေၾကာင့္
ငယ္စဥ္ကေလးဘဝကတည္းက ကြၽန္ေတာ္တို႔ေတြဟာ စအိုဆိုတာ ညစ္ပတ္တဲ့ ေအာ့ေအာ့ (က်င္ႀကီး) ေတြ႕ စြန႔္ပစ္ရာေနရာ ျဖစ္ေၾကာင္း သင္ၾကားခံခဲ့ရပါတယ္။ ဒီလိုနဲ႔ မသိစိတ္အရ လူအမ်ားစုဟာ စအိုပတ္ဝန္းက်င္တစ္ဝိုက္က ညစ္ပတ္ေၾကာင္းကို အသက္ႀကီးသည္အထိ စြဲထင္လာခဲ့ၾကပါတယ္။ ဒါ့ေၾကာင့္ Anal Sex ဟာ ညစ္ပတ္တဲ့ လုပ္ငန္းတစ္ရပ္ျဖစ္ေၾကာင္း လူအမ်ားစုက ယုံၾကည္ လာခဲ့ၾကပါတယ္။ ဒါ့အျပင္ ေျပာစရာ သိပ္မလိုတဲ့ အခ်က္တစ္ခ်က္ကေတာ့ အမ်ိဳးသမီးတစ္ေယာက္ကို အတင္းအၾကပ္ သူ႔စိတ္ဆႏၵမပါဘဲ anal Sex ကို ခိုင္းေစမယ္ဆိုရင္ ေနာက္အႀကိမ္ေတြဆိုလည္း ေၾကာက္႐ြံ႕သြားႏိုင္ပါတယ္။
အမ်ိဳးသားေတြကေရာ ဘာေၾကာင့္လုပ္ခ်င္ၾကတာလဲ။
ဘာသာေရး၊ ယဥ္ေက်းမႈတို႔အရ ခြင့္မျပဳသည့္ ေရွာင္ရန္အမႈ ျဖစ္ေနလို႔။
ယဥ္ေက်းမႈအရေရာ ပတ္ဝန္းက်င္အရေရာတားျမစ္ထားတဲ့ အရာေတြက စမ္းသပ္လုပ္ခ်င္စိတ္ကို ျမင့္ေစႏိုင္ပါတယ္။
အမ်ိဳးအစားစုံလင္စြာလုပ္ခ်င္ၾကလို႔။
ေယဘုယ်အားျဖင့္ အမ်ိဳးသားေတြ သူတို႔ရဲ႕ လိင္ဆက္ဆံမႈဆိုင္ရာ အေတြ႕အႀကဳံမ်ိဳးစုံကို စမ္းသပ္ခ်င္ၾကၿပီး Anal Sex ဆိုတာလည္း အဲ့ဒီအေတြ႕အႀကဳံမ်ားထဲက တစ္ခု ျဖစ္ေနတာေၾကာင့္ မို႔ပါ။
တင္းၾကပ္ျခင္းေၾကာင့္။
စအိုလမ္းေၾကာင္းေတြဟာ အမ်ိဳးသမီးေမြးလမ္းေၾကာင္းေတြထက္ ပိုၾကပ္တည္းပါတယ္။ ဒါေၾကာင့္ အမ်ိဳးသားေတြကို လိင္ခံစားမႈ ပိုျဖစ္ေစပါတယ္။
အမ်ိဳးသမီးေတြကို စိတ္ခံစားခ်က္တိုးျမႇင့္ေပးေစႏိုင္ရန္။
အျပာ႐ုပ္ရွင္ေလာကရဲ႕ လႊမ္းမိုးမႈေၾကာင့္ အမ်ိဳးသားအမ်ားစုက Anal Sex ဟာ အမ်ိဳးသမီးေတြကို ခံစားခ်က္ တိုးျမႇင့္ေပးေစႏိုင္ေၾကာင္း ယုံၾကည္ထားၾကပါတယ္။
တစ္ေယာက္အႀကိဳက္ တစ္ေယာက္က မလိုက္ႏိုင္တဲ့အခါ ဘယ္လိုညႇိယူၾကမလဲ။
လူတိုင္းလူတိုင္းမွာေတာ့ သူတို႔ မႀကိဳက္ရင္ No လို႔ အျပည့္အဝ ေျပာပိုင္ခြင့္ရွိပါတယ္။ ဒါ့အျပင္ တကယ္ခံစားမႈေကာင္းေစတယ္ဆိုလည္း ေတာင္းဆိုပိုင္ႏိုင္ခြင့္ အျပည့္အဝရွိပါတယ္။ ဒီလို တစ္ေယာက္အႀကိဳက္ တစ္ေယာက္ မတူညီတဲ့အခါက်ရင္ေတာ့ ေအာက္ပါ ေမးခြန္းေလးေတြ အရင္ေမးသင့္ပါတယ္။
“ Anal Sex က တကယ္ စိတ္လႈပ္ရွားဖို႔ေကာင္းမယ္လို႔ထင္သလား ”
“ဒါကိုဘာလို႔ မလုပ္ခ်င္ရတာလဲဆိုတာ ေသခ်ာစဥ္းစားၿပီး ငါ့ကိုေျပာေပးလို႔ရမလား”
“Anal Sex ကို မလုပ္ရင္ စိတ္လႈပ္ရွားစရာ မေကာင္းေတာ့ဘူးလား”
ဒီေမးခြန္းေလးေတြက စုံတြဲေတြ တစ္ေယာက္အႀကိဳက္တစ္ေယာက္ မလိုက္ႏိုင္ဘူးဆိုရင္ေတာင္ ဘာေၾကာင့္လဲဆိုတဲ့ အေၾကာင္းရင္းကို သိဖို႔ ကူညီေပးႏိုင္ပါတယ္။ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ Anal Sex ကို မလုပ္ခ်င္ဘူးဆိုရင္ No လို႔ေျပာပိုင္ခြင့္အျပည့္အဝရွိပါတယ္။ ဒါ့အျပင္ စုံတြဲေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ ျပႆနာကို နားလည္ၿပီး အခ်င္းခ်င္း ညႇိႏႈိင္းၾကတာက ပိုအေရးႀကီးပါတယ္။
ေရးသားသူ Arkar Hein
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.
Unicodeဖြင့်ဖတ်ရန်
Anal Sex (စအိုသို့ လိင်ဆက်ဆံခြင်း) အကြောင်းသိကောင်းစရာ
===========
Anal Sex ဟာ လိင်မတူဘဲ ကာမဆက်ဆံသူများ အသုံးပြုကြတဲ့ နည်းလမ်းဖြစ်တာကြောင့် ဘာသာရေး၊ ယဉ်ကျေးမှုတို့အရ ခွင့်မပြုတဲ့ ရှောင်ရန်အချက်အဖြစ် လူတော်တော်များများက ခံယူထားကြပါတယ်။ အမျိုးသမီးငယ်လေးများကလည်း ရောဂါကုထုံးလာရောက်ပြသတဲ့ အချိန်ကျရင် သူတို့ အဖော်ဖြစ်သူရဲ့ စအိုသို့လိင်ဆက်ဆံရန် အတင်းအကြပ်တောင်းဆိုခြင်း ခံရကြောင်း ဆိုခဲ့ကြပါတယ်။ သိပ်ပြီး အံ့ဩဖို့မကောင်းတာကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေလည်း Anal Sex လုပ်ဆောင်ရန် တောင်းဆိုခြင်း ခံကြရကြောင်း ဆိုကြပါတယ်။
ဒီလို တောင်းဆိုမှုများဟာ လိင်မတူဘဲ ကာမဆက်ဆံပြတဲ့ အပြာရုပ်ရှင်များမှာ Anal Sex အကြောင်း ရိုက်ကူးပြခဲ့ရာမှ များပြားလာတာဖြစ်ပြီး အမျိုးသားအများကတော့ Anal Sex ကနေ ပိုပြီး ခံစားမှုကောင်းတဲ့ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းဖြစ်စဉ် (orgasm) ကို အမျိုးသမီး တွေရရှိနိုင်ကြောင်း ယုံကြည်ကြပါတယ်။ ဒါ့အပြင် အမျိုးသားများက Anal Sex ကို သူတို့ရဲ့ အဖော်အမျိုးသမီးတွေ ငြင်းဆန်ရခြင်းအကြောင်းရင်းဟာ သူတို့တွေ တစ်ခါမှ မစမ်းဖူးလို့၊ ဒါမှမဟုတ် ခံစားချက်ကောင်းမှန်း မသိလို့ ငြင်းဆန်ကြတာ ဖြစ်ကြောင်း ယုံကြည်ကြပါတယ်။
ပါးစပ်ပြောတွေကို ခဏထားပြီး အခြေခံ အချက်တွေကို တစ်ချက်ကြည့်ရရင်တော့-
အမျိုးသမီး ၂ ရာခိုင်နှုန်း သာ Anal Sex ကို ကြိုက်နှစ်သက်ကြပါတယ်။
အမျိုးသမီး စုစုပေါင်း ၃၆ ရာခိုင်နှုန်း အထိဟာ Anal Sex ကို တစ်ကြိမ်တစ်ခါတော့စမ်းသပ်ကြည့်ဖူးကြကြောင်း Sexual Medicine ဂျာနယ် အရ သိရပါတယ်။
Anal Sex ဆက်ဆံချိန်မှာ စအိုအနားက sphincter လို့ခေါ်တဲ့ ညှစ်ကြွက်သားတွေ ဆွဲဆန့်ခံရခြင်းနဲ့ ကွေးနေတဲ့ အမျိုးသမီးတွေရဲ့ စအိုလမ်းကြောင်းတွေကြောင့် အဓိက နာကျင်ကြတာ ဖြစ်ပါတယ်။
လပေါင်းများစွာ စတင် အစပျိုးထားခြင်းက နာကျင်မှုကို လျော့ကျစေနိုင်ပြီး လုံးဝ မနာကျင်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။
အမျိုးသမီး တစ်ချို့က Anal Sex ကို ကြိုက်နှစ်သက်ကြရဲ့လား။
အမျိုးသမီးအများစုဟာ စအိုသို့ တိုက်ရိုက်လိင်ဆက်ဆံခြင်းကို မလိုချင်ကြရင်တောင် စအိုသို့ ရာဂနှိုးဆွပေးခြင်းကို ကြိုက်နှစ်သက်ကြပါတယ်။ ညှစ်ကြွက်သား (sphincter) တွေ ဆန့်ခြင်းကို အသားရနေပြီဖြစ်တဲ့ ရာခိုင်နှုန်း အနည်းငယ်သော အမျိုးသမီးတွေကတော့ Anal Sex ဟာ ပြည့်ဝတဲ့ ခံစားမှုကို ပေးစွမ်းနိုင်တာကြောင့် ကြိုက်နှစ်သက်ကြကြောင်းဆိုပါတယ်။ ဒီလို ကြိုက်နှစ်သက်ရခြင်း အကြောင်းရင်းဟာ သူ့ရဲ့ အဖော်တွေကလည်း လိင်ဆက်ဆံရာမှာ အသစ်အဆန်းများကို စမ်းသပ်ချင်တဲ့ စိတ်နဲ့လည်းဆိုင်ပါတယ်။
အမျိုးသမီး အများစုက ဘာကြောင့် Anal Sex ကို ဘာကြောင့် မကြိုက်ကြတာလဲ။
အမျိုးသမီးတွေ မစမ်းဖူးလို့ ငြင်းတာပဲ ဖြစ်ဖြစ်၊ ခံစားချက်ကို မကြိုက်လို့ ငြင်းတာပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်အနေနဲ့ Anal Sex မလုပ်ချင်ဘူးဆိုရင် သူမမှာ ငြင်းပိုင်ခွင့် အပြည့်အဝရှိပါတယ်။ အောက်မှာတော့ အမျိုးသမီးတွေ Anal Sex ကို ဘာကြောင့် ငြင်းလေ့ရှိတာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
နာကျင်မှု
Anal Sex ဟာ နာကျင်စေနိုင်ပြီး တစ်ခါ စမ်းသပ်ကြည့်ပြီး နောက်တစ်ကြိမ် စမ်းသပ်မယ်ဆိုလည်း ပိုပြီးခံစားချက်ကောင်းလာမှာမဟုတ်ပါဘူး။ နာကျင်မှုက ရှိနေဦးမှာပါ။ စအိုတစ်ဝိုက်နားမှာ လိင်စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တဲ့ နာဗ်ကြောဆုံးများ ရှိနေပေမဲ့ အမျိုးသမီး အနည်းငယ်ကသာ Anal Sex မှတစ်ဆင့် Orgasm ( လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကာလ) ကိုရောက်ကြပါတယ်။
ညစ်ပတ်ခြင်း
အပြာရုပ်ရှင်ကားတွေမှာ Anal Sex ဟာ တကယ့်အပြင်မှာလောက် မညစ်ပတ်တဲ့ ပုံစံဖော်ပြထားပေမဲ့ anal Sex ဟာ မသန့်ရှင်းပါဘူး။ စအိုကို ဖောက်ထွင်းဝင်ရောက်တဲ့ ဘယ်အရာပဲဖြစ်ဖြစ် Vagina (မွေးလမ်းကြောင်း) သို့ Vulva (အမျိုးသမီး အင်္ဂါ နမိတ်ဝ) နဲ့ ချက်ခြင်း ထပ်မံ မထိတွေ့သင့်ပါဘူး။ တကယ်လို့ အမျိုးသမီး အင်္ဂါတွေနဲ့ ထိတွေ့ချင်တယ်ဆိုရင်လည်း ဆပ်ပြာနဲ့ သေချာရေစင်အောင် ဆေးပြီးမှ ထိတွေ့သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျင်ကြီးထဲမှာ မွေးလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းကို ရောဂါဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယား ပိုးတွေ အများအပြားပါဝင်နေလို့ပါပဲ။
ဘာသာရေး၊ ယဉ်ကျေးမှုတို့အရ ခွင့်မပြုသည့် ရှောင်ရန်အမှု ဖြစ်နေတာကြောင့်
ငယ်စဉ်ကလေးဘဝကတည်းက ကျွန်တော်တို့တွေဟာ စအိုဆိုတာ ညစ်ပတ်တဲ့ အော့အော့ (ကျင်ကြီး) တွေ့ စွန့်ပစ်ရာနေရာ ဖြစ်ကြောင်း သင်ကြားခံခဲ့ရပါတယ်။ ဒီလိုနဲ့ မသိစိတ်အရ လူအများစုဟာ စအိုပတ်ဝန်းကျင်တစ်ဝိုက်က ညစ်ပတ်ကြောင်းကို အသက်ကြီးသည်အထိ စွဲထင်လာခဲ့ကြပါတယ်။ ဒါ့ကြောင့် Anal Sex ဟာ ညစ်ပတ်တဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း လူအများစုက ယုံကြည် လာခဲ့ကြပါတယ်။ ဒါ့အပြင် ပြောစရာ သိပ်မလိုတဲ့ အချက်တစ်ချက်ကတော့ အမျိုးသမီးတစ်ယောက်ကို အတင်းအကြပ် သူ့စိတ်ဆန္ဒမပါဘဲ anal Sex ကို ခိုင်းစေမယ်ဆိုရင် နောက်အကြိမ်တွေဆိုလည်း ကြောက်ရွံ့သွားနိုင်ပါတယ်။
အမျိုးသားတွေကရော ဘာကြောင့်လုပ်ချင်ကြတာလဲ။
ဘာသာရေး၊ ယဉ်ကျေးမှုတို့အရ ခွင့်မပြုသည့် ရှောင်ရန်အမှု ဖြစ်နေလို့။
ယဉ်ကျေးမှုအရရော ပတ်ဝန်းကျင်အရရောတားမြစ်ထားတဲ့ အရာတွေက စမ်းသပ်လုပ်ချင်စိတ်ကို မြင့်စေနိုင်ပါတယ်။
အမျိုးအစားစုံလင်စွာလုပ်ချင်ကြလို့။
ယေဘုယျအားဖြင့် အမျိုးသားတွေ သူတို့ရဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အတွေ့အကြုံမျိုးစုံကို စမ်းသပ်ချင်ကြပြီး Anal Sex ဆိုတာလည်း အဲ့ဒီအတွေ့အကြုံများထဲက တစ်ခု ဖြစ်နေတာကြောင့် မို့ပါ။
တင်းကြပ်ခြင်းကြောင့်။
စအိုလမ်းကြောင်းတွေဟာ အမျိုးသမီးမွေးလမ်းကြောင်းတွေထက် ပိုကြပ်တည်းပါတယ်။ ဒါကြောင့် အမျိုးသားတွေကို လိင်ခံစားမှု ပိုဖြစ်စေပါတယ်။
အမျိုးသမီးတွေကို စိတ်ခံစားချက်တိုးမြှင့်ပေးစေနိုင်ရန်။
အပြာရုပ်ရှင်လောကရဲ့ လွှမ်းမိုးမှုကြောင့် အမျိုးသားအများစုက Anal Sex ဟာ အမျိုးသမီးတွေကို ခံစားချက် တိုးမြှင့်ပေးစေနိုင်ကြောင်း ယုံကြည်ထားကြပါတယ်။
တစ်ယောက်အကြိုက် တစ်ယောက်က မလိုက်နိုင်တဲ့အခါ ဘယ်လိုညှိယူကြမလဲ။
လူတိုင်းလူတိုင်းမှာတော့ သူတို့ မကြိုက်ရင် No လို့ အပြည့်အဝ ပြောပိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် တကယ်ခံစားမှုကောင်းစေတယ်ဆိုလည်း တောင်းဆိုပိုင်နိုင်ခွင့် အပြည့်အဝရှိပါတယ်။ ဒီလို တစ်ယောက်အကြိုက် တစ်ယောက် မတူညီတဲ့အခါကျရင်တော့ အောက်ပါ မေးခွန်းလေးတွေ အရင်မေးသင့်ပါတယ်။
“ Anal Sex က တကယ် စိတ်လှုပ်ရှားဖို့ကောင်းမယ်လို့ထင်သလား ”
“ဒါကိုဘာလို့ မလုပ်ချင်ရတာလဲဆိုတာ သေချာစဉ်းစားပြီး ငါ့ကိုပြောပေးလို့ရမလား”
“Anal Sex ကို မလုပ်ရင် စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူးလား”
ဒီမေးခွန်းလေးတွေက စုံတွဲတွေ တစ်ယောက်အကြိုက်တစ်ယောက် မလိုက်နိုင်ဘူးဆိုရင်တောင် ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို သိဖို့ ကူညီပေးနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ Anal Sex ကို မလုပ်ချင်ဘူးဆိုရင် No လို့ပြောပိုင်ခွင့်အပြည့်အဝရှိပါတယ်။ ဒါ့အပြင် စုံတွဲတွေ တစ်ယောက်နဲ့ တစ်ယောက် ပြဿနာကို နားလည်ပြီး အချင်းချင်း ညှိနှိုင်းကြတာက ပိုအရေးကြီးပါတယ်။
ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
0 Comments