ရင္သားအလွ
အလွအပနဲ႔ပတ္သတ္ၿပီး မိန္းကေလးေတြ စိုးရိမ္ပူပန္တတ္တဲ့ အခ်က္ေတြထဲက တစ္ခုကေတာ့ ရင္သားတြဲက်တာပါပဲ ။ ရင္သားတြဲက်ေနျခင္းက အို႐ြယ္တဲ့ပုံစံ ေပါက္ေစသလို အလွပ်က္ကာ ယုံၾကည္မႈလည္း နည္းတတ္ပါတယ္ ။
အသက္အ႐ြယ္ေၾကာင့္လည္းေကာင္း
စီးကရက္ေသာက္ျခင္းေၾကာင့္လည္းေကာင္း
ကိုယ္ဝန္ေဆာင္ျခင္းေၾကာင့္လည္းေကာင္း
ခႏၶာကိုယ္အေလးခ်ိန္ေျပာင္းလဲမႈေၾကာင့္လည္းေကာင္း
ေနထိုင္စားေသာက္ပုံလြဲမွားျခင္းေၾကာင့္လည္းေကာင္း စတဲ့အေၾကာင္းျပခ်က္ေတြေၾကာင့္ ရင္သားတြဲက်မႈ ျဖစ္ေစပါတယ္။ အမ်ားအားျဖင့္ေတာ့ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ ရင္သားတြဲက်မႈျပႆနာနဲ႔ တခ်ိန္ခ်ိန္မွာ ရင္ဆိုင္ေတြ႕ႏိုင္ပါတယ္ ။ သို႔ေသာ္ စိတ္ပူစရာမရွိပါဘူး ။ ရင္သားတြဲျခင္းကို ကုသႏိုင္တဲ့ နည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္ ။
၁။ Ice Massage
Ice Massage ဆိုတာကေတာ့ ေရခဲတုံးကို အသုံးျပဳၿပီး ႏွိပ္နယ္တဲ့ နည္းလမ္းပါ ။ ရင္သားတြဲက်ျခင္းနဲ႔ ရင္ဆိုင္ရတဲ့အခါ ထိေရာက္ေကာင္းမြန္တဲ့ ဒီနည္းလမ္းကို မေမ့သင့္ပါဘူး ။ ဒီကုသမႈအတြက္ ေရခဲတုံး ၂တုံးပဲ လိုပါတယ္ ။ ပထမဆုံး ေရခဲ၁တုံးကို ယူၿပီး ရင္သားႏွစ္ဖက္စလုံးကို ၂မိနစ္ခန႔္ၾကာတဲ့အထိ ညႇင္သာစြာ ပြတ္ေပးပါ ။ ၿပီးလွ်င္ ေနာက္ထပ္၁တုံးကို ယူပါ။ ၿပီးေနာက္ ရင္သားတစ္ဖက္စီကို ေရခဲတုံးသုံးၿပီး ေနာက္ထပ္ ၂မိနစ္ခန႔္ၾကာေအာင္ ေျဖးညႇင္းစြာ ႏွိပ္နယ္ေပးပါ ။ ၿပီးသြားလွ်င္ေတာ့ ရင္သားကို ႏူးညံ့တဲ့ သဘက္ေလးျဖင့္ သုတ္ၿပီး နာရီဝက္ခန႔္ၾကာေအာင္ ပက္လက္လွန္အေနအထား လွဲေနပါ ။ တစ္ေန႔ ၄၊ ၅ႀကိမ္ခန႔္ ေန႔စဥ္ပုံမွန္ျပဳလုပ္ျခင္းျဖင့္ သင္လိုခ်င္တဲ့ ရလဒ္ကို ျပန္လည္ရရွိလာမွာပါ ။
Image result for tips-for-breast-sagging
၂။သံလြင္ဆီ
Antioxidants နဲ႔ Fatty acid ေတြ ေပါႂကြယ္ဝတဲ့ သံလြင္ဆီက ရင္သားတြဲက်ျခင္းကို အေကာင္းဆုံး ျပန္လည္တင္းရင္းေစႏိုင္ပါတယ္ ။ သင့္ရဲ႕ ရင္ႏွစ္မႊာကို ျပန္လည္တင္းရင္းေစဖို႔ သံလြင္ဆီ ၂ဇြန္းပဲ လိုတယ္ ။ ပထမဦးစြာ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ဇြန္းကို လက္ဖဝါးေပၚတင္ၿပီး ပူသြားေအာင္ လက္ႏွစ္ဖက္ျဖင့္ အနည္းငယ္ ပြတ္လိုက္ပါ ။ ထို႔ေနာက္ ရင္သားေပၚကို အထက္မွေအာက္သို႔ ညႇင္သာစြာ ႏွိပ္နယ္လိမ္းေပးပါ ။ ၁၀မိနစ္ခန႔္ၾကာေအာင္ ႏွိပ္နယ္ပြတ္ၿပီးလွ်င္ ေနာက္ထပ္၁ဇြန္းထပ္ထည့္ၿပီး ပထမလုပ္သလို လုပ္ေပးပါ။ စုစုေပါင္း အနည္းဆုံး မိနစ္ ၂၀ခန႔္ၾကာေအာင္ ႏွိပ္နယ္ေပးပါ ။ ဒီနည္းလမ္းကို တစ္ပါတ္လွ်င္ အနည္းဆုံး ၄ႀကိမ္ ျပဳလုပ္ေပးရမွာပါ ။
၃။ၾကက္ဥအႏွစ္ႏွင့္သခြားသီး
ဒီနည္းလမ္းေလးက လူသိပ္မသိတဲ့ နည္းလမ္းေလးပဲျဖစ္ပါတယ္ ။ လိုအပ္တဲ့ပစၥည္းေတြကေတာ့ ၾကက္ဥအႏွစ္ ၁လုံး ၊ သခြားသီး ၁လုံး ၊ ေထာပတ္ ၁ဇြန္းပဲ ျဖစ္ပါတယ္ ။ သခြားသီးကို အခြံခြာေဆးေၾကာၿပီး blender ထဲထည့္ႀကိတ္ပါ ။ ထို႔ေနာက္ ၾကက္ဥအႏွစ္ ႏွင့္ ေထာပတ္ကို ထပ္ေလာင္းထည့္လိုက္ပါ ။ ထို႔ေနာက္ ႏွံ႔စပ္ေအာင္ သမလိုက္ပါ ။ ၿပီးေနာက္ ရင္သားေပၚမွာ သုတ္လိမ္းလိုက္ပါ ။ နာရီဝက္ခန႔္ၾကာလွ်င္ ေရေအးျဖင့္ ေဆးေၾကာေပးပါ ။ တစ္ပါတ္တစ္ႀကိမ္ ပုံမွန္ျပဳလုပ္ေပးပါ ။
ရင္သားတြဲက်မႈမျဖစ္ေအာင္ ဘယ္လိုေနထိုင္ကာကြယ္မလဲ ?
က်ပ္လြန္း ၊ ေခ်ာင္လြန္းေသာ ဘရာမ်ား ဝတ္ဆင္ျခင္းကို ေရွာင္ပါ ။ Fit ျဖစ္တဲ့ဘရာကိုသာ ဝတ္ဆင္ပါ။
ရင္သားအသားေပး ေလ့က်င့္ခန္းမ်ား ပုံမွန္လုပ္ေဆာင္ေပးပါ။
ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္မွာ sport bra ဝတ္ဆင္ပါ ။
အေရျပားေပၚရွိ ဆဲလ္ေသမ်ားကို ဖယ္ရွားေပးရန္ body scrub ျပဳလုပ္ပါ။
အေရျပားတင္းရင္းေစတဲ့ ခရင္မ္ (သို႔) လိုးရွင္းမ်ားလည္း လိမ္းေပးပါ ။
တင္းရင္းတဲ့ရင္သားအလွကို မပ်က္စီးေစဖို႔ နည္းလမ္းမ်ားကို အျခားသူငယ္ခ်င္းေတြသိေအာင္လည္း မ််ေဝေပးပါဦးေန္ာ..
Credit: CHAN
Unicodeဖြင့်ဖတ်ရန်
ရင်သားအလှ
အလှအပနဲ့ပတ်သတ်ပြီး မိန်းကလေးတွေ စိုးရိမ်ပူပန်တတ်တဲ့ အချက်တွေထဲက တစ်ခုကတော့ ရင်သားတွဲကျတာပါပဲ ။ ရင်သားတွဲကျနေခြင်းက အိုရွယ်တဲ့ပုံစံ ပေါက်စေသလို အလှပျက်ကာ ယုံကြည်မှုလည်း နည်းတတ်ပါတယ် ။
အသက်အရွယ်ကြောင့်လည်းကောင်း
စီးကရက်သောက်ခြင်းကြောင့်လည်းကောင်း
ကိုယ်ဝန်ဆောင်ခြင်းကြောင့်လည်းကောင်း
ခန္ဓာကိုယ်အလေးချိန်ပြောင်းလဲမှုကြောင့်လည်းကောင်း
နေထိုင်စားသောက်ပုံလွဲမှားခြင်းကြောင့်လည်းကောင်း စတဲ့အကြောင်းပြချက်တွေကြောင့် ရင်သားတွဲကျမှု ဖြစ်စေပါတယ်။ အများအားဖြင့်တော့ အမျိုးသမီးတော်တော်များများဟာ ရင်သားတွဲကျမှုပြဿနာနဲ့ တချိန်ချိန်မှာ ရင်ဆိုင်တွေ့နိုင်ပါတယ် ။ သို့သော် စိတ်ပူစရာမရှိပါဘူး ။ ရင်သားတွဲခြင်းကို ကုသနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ် ။
၁။ Ice Massage
Ice Massage ဆိုတာကတော့ ရေခဲတုံးကို အသုံးပြုပြီး နှိပ်နယ်တဲ့ နည်းလမ်းပါ ။ ရင်သားတွဲကျခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ထိရောက်ကောင်းမွန်တဲ့ ဒီနည်းလမ်းကို မမေ့သင့်ပါဘူး ။ ဒီကုသမှုအတွက် ရေခဲတုံး ၂တုံးပဲ လိုပါတယ် ။ ပထမဆုံး ရေခဲ၁တုံးကို ယူပြီး ရင်သားနှစ်ဖက်စလုံးကို ၂မိနစ်ခန့်ကြာတဲ့အထိ ညှင်သာစွာ ပွတ်ပေးပါ ။ ပြီးလျှင် နောက်ထပ်၁တုံးကို ယူပါ။ ပြီးနောက် ရင်သားတစ်ဖက်စီကို ရေခဲတုံးသုံးပြီး နောက်ထပ် ၂မိနစ်ခန့်ကြာအောင် ဖြေးညှင်းစွာ နှိပ်နယ်ပေးပါ ။ ပြီးသွားလျှင်တော့ ရင်သားကို နူးညံ့တဲ့ သဘက်လေးဖြင့် သုတ်ပြီး နာရီဝက်ခန့်ကြာအောင် ပက်လက်လှန်အနေအထား လှဲနေပါ ။ တစ်နေ့ ၄၊ ၅ကြိမ်ခန့် နေ့စဉ်ပုံမှန်ပြုလုပ်ခြင်းဖြင့် သင်လိုချင်တဲ့ ရလဒ်ကို ပြန်လည်ရရှိလာမှာပါ ။
Image result for tips-for-breast-sagging
၂။သံလွင်ဆီ
Antioxidants နဲ့ Fatty acid တွေ ပေါကြွယ်ဝတဲ့ သံလွင်ဆီက ရင်သားတွဲကျခြင်းကို အကောင်းဆုံး ပြန်လည်တင်းရင်းစေနိုင်ပါတယ် ။ သင့်ရဲ့ ရင်နှစ်မွှာကို ပြန်လည်တင်းရင်းစေဖို့ သံလွင်ဆီ ၂ဇွန်းပဲ လိုတယ် ။ ပထမဦးစွာ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်းကို လက်ဖဝါးပေါ်တင်ပြီး ပူသွားအောင် လက်နှစ်ဖက်ဖြင့် အနည်းငယ် ပွတ်လိုက်ပါ ။ ထို့နောက် ရင်သားပေါ်ကို အထက်မှအောက်သို့ ညှင်သာစွာ နှိပ်နယ်လိမ်းပေးပါ ။ ၁၀မိနစ်ခန့်ကြာအောင် နှိပ်နယ်ပွတ်ပြီးလျှင် နောက်ထပ်၁ဇွန်းထပ်ထည့်ပြီး ပထမလုပ်သလို လုပ်ပေးပါ။ စုစုပေါင်း အနည်းဆုံး မိနစ် ၂၀ခန့်ကြာအောင် နှိပ်နယ်ပေးပါ ။ ဒီနည်းလမ်းကို တစ်ပါတ်လျှင် အနည်းဆုံး ၄ကြိမ် ပြုလုပ်ပေးရမှာပါ ။
၃။ကြက်ဥအနှစ်နှင့်သခွားသီး
ဒီနည်းလမ်းလေးက လူသိပ်မသိတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ် ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်ဥအနှစ် ၁လုံး ၊ သခွားသီး ၁လုံး ၊ ထောပတ် ၁ဇွန်းပဲ ဖြစ်ပါတယ် ။ သခွားသီးကို အခွံခွာဆေးကြောပြီး blender ထဲထည့်ကြိတ်ပါ ။ ထို့နောက် ကြက်ဥအနှစ် နှင့် ထောပတ်ကို ထပ်လောင်းထည့်လိုက်ပါ ။ ထို့နောက် နှံ့စပ်အောင် သမလိုက်ပါ ။ ပြီးနောက် ရင်သားပေါ်မှာ သုတ်လိမ်းလိုက်ပါ ။ နာရီဝက်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောပေးပါ ။ တစ်ပါတ်တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးပါ ။
ရင်သားတွဲကျမှုမဖြစ်အောင် ဘယ်လိုနေထိုင်ကာကွယ်မလဲ ?
ကျပ်လွန်း ၊ ချောင်လွန်းသော ဘရာများ ဝတ်ဆင်ခြင်းကို ရှောင်ပါ ။ Fit ဖြစ်တဲ့ဘရာကိုသာ ဝတ်ဆင်ပါ။
ရင်သားအသားပေး လေ့ကျင့်ခန်းများ ပုံမှန်လုပ်ဆောင်ပေးပါ။
လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ sport bra ဝတ်ဆင်ပါ ။
အရေပြားပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားပေးရန် body scrub ပြုလုပ်ပါ။
အရေပြားတင်းရင်းစေတဲ့ ခရင်မ် (သို့) လိုးရှင်းများလည်း လိမ်းပေးပါ ။
တင်းရင်းတဲ့ရင်သားအလှကို မပျက်စီးစေဖို့ နည်းလမ်းများကို အခြားသူငယ်ချင်းတွေသိအောင်လည်း မျျဝေပေးပါဦးနေ်ာ..
Credit: CHAN
0 Comments