ကိုယ္ဝန္ေဆာင္စဥ္ လုံးဝမစားသင့္တဲ့ အသီး (၃) မ်ိဳး
ကိုယ္ဝန္ေဆာင္ေနစဥ္အခ်ိန္ဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ့ အႏုနယ္ဆုံး အခ်ိန္ကာလတစ္ခုလည္းျဖစ္သလို သေႏၶသားအတြက္လည္း အထူးဂ႐ုစိုက္ရမယ့္ ကာလျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ေနစဥ္မွာ အစအစအရာရာ သတိထားဆင္ျခင္ရမွာ ျဖစ္တာေၾကာင့္ စားလိုက္တဲ့ အစားအစာတိုင္းဟာလည္း အရမ္းကိုအေရးႀကီးပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ေနစဥ္ လုံးဝမစားသင့္တဲ့ အသီး (၃) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) သေဘၤာသီး
မမွည့္ေသးတဲ့ သေဘၤာသီးအစိမ္းကို ကိုယ္ဝန္ေဆာင္စဥ္မွာ လုံးဝမစားသင့္ပါဘူး။ တခ်ိဳ႕နိုင္ငံေတြျဖစ္တဲ့ သီရိလကၤာ၊ ဘဂၤလားေဒ့ရွ္ နဲ႔ အိႏၵိယနိုင္ငံေတြမွာဆိုရင္ သေဘၤာသီးကို ကိုယ္ဝန္ဖ်က္ခ်တဲ့အခါေတြမွာ အသုံးျပဳၾကတာျဖစ္ပါတယ္။ သေဘၤာသီးအစိမ္း၊ သေဘၤာသီးေထာင္းစတာေတြကို စားသုံးျခင္းက ႏုနယ္ေသးတဲ့ ကိုယ္ဝန္ကို ပ်က္က်ေစနိုင္႐ုံသာမက ကိုယ္ဝန္မရတာမ်ိဳးလည္း ျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ သေဘၤာသီးအစိမ္းကို လုံးဝေရွာင္ရွားဖို႔ အႀကံေပးပါတယ္။ ကိုယ္ဝန္ ၃ လေက်ာ္လာၿပီဆိုရင္ေတာ့ (ေကာင္းမြန္စြာ မွည့္တဲ့) သေဘၤာသီးမွည့္ကို စားသုံးေပးနိုင္႐ုံသာမက အဲ့လိုစားသုံးေပးျခင္းဟာ သေႏၶသားနဲ႔မိခင္ကို အထူးက်န္းမာေစတယ္လို႔ ဆိုပါတယ္။
(၂) နာနတ္သီး
နာနတ္သီးကိုလည္း ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ လုံးဝမစားသင့္ပါဘူး။ နာနတ္သီးဟာ bromelain ဓာတ္ ႂကြယ္ဝတာေၾကာင့္ သားအိမ္ကို ေလ်ာ့ရဲေစတဲ့အတြက္ လမေစ့ဘဲ ကေလးေမြးတာမ်ိဳး ျဖစ္တတ္ပါတယ္။ တခ်ိဳ႕ေတြက နာနတ္သီးစားရင္ ကေလးေမြးဖြားရလြယ္ကူမယ္လို႔ ထင္ၿပီး စားသုံးတတ္ၾကပါတယ္။ တကယ္ေတာ့ နာနတ္သီးဟာ ကိုယ္ဝန္ေဆာင္ေနစဥ္ လုံးဝမစားသင့္တဲ့ အသီးျဖစ္ပါတယ္။
(၃) စပ်စ္သီး
တခ်ိဳ႕ေဆးပညာရွင္ေတြက ကိုယ္ဝန္ေဆာင္စဥ္ စပ်စ္သီးကို ေရွာင္ရွားသင့္တယ္လို႔ အႀကံေပးထားပါတယ္။ အေၾကာင္းကေတာ့ စပ်စ္သီးကို အင္းဆက္ပိုးမႊားေတြ က်ေရာက္ျခင္းမွ ကာကြယ္ေအာင္ ေဆးျဖန္းထားတတ္လို႔ပါ။ ေနာက္တစ္ခ်က္က စပ်စ္သီးထဲမွာ resveratrol ပါဝင္မွု ျမင့္မားလြန္းတာေၾကာင့္ အစာအဆိပ္သင့္တာမ်ိဳးလည္း ျဖစ္ေစနိုင္လို႔ပါ။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္ စပ်စ္သီးစားခ်င္တယ္ဆိုရင္ ဆရာဝန္နဲ႔ ေသေသခ်ာခ်ာ ေဆြးေႏြးတိုင္ပင္ၿပီးမွ စားသုံးသင့္ပါတယ္။
Credit:Em Em
Unicodeျဖင့္ဖတ္ရန္
ကိုယ်ဝန်ဆောင်စဉ် လုံးဝမစားသင့်တဲ့ အသီး (၃) မျိုး
ကိုယ်ဝန်ဆောင်နေစဉ်အချိန်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ အနုနယ်ဆုံး အချိန်ကာလတစ်ခုလည်းဖြစ်သလို သန္ဓေသားအတွက်လည်း အထူးဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ အစအစအရာရာ သတိထားဆင်ခြင်ရမှာ ဖြစ်တာကြောင့် စားလိုက်တဲ့ အစားအစာတိုင်းဟာလည်း အရမ်းကိုအရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ် လုံးဝမစားသင့်တဲ့ အသီး (၃) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သင်္ဘောသီး
မမှည့်သေးတဲ့ သင်္ဘောသီးအစိမ်းကို ကိုယ်ဝန်ဆောင်စဉ်မှာ လုံးဝမစားသင့်ပါဘူး။ တချို့နိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံတွေမှာဆိုရင် သင်္ဘောသီးကို ကိုယ်ဝန်ဖျက်ချတဲ့အခါတွေမှာ အသုံးပြုကြတာဖြစ်ပါတယ်။ သင်္ဘောသီးအစိမ်း၊ သင်္ဘောသီးထောင်းစတာတွေကို စားသုံးခြင်းက နုနယ်သေးတဲ့ ကိုယ်ဝန်ကို ပျက်ကျစေနိုင်ရုံသာမက ကိုယ်ဝန်မရတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်္ဘောသီးအစိမ်းကို လုံးဝရှောင်ရှားဖို့ အကြံပေးပါတယ်။ ကိုယ်ဝန် ၃ လကျော်လာပြီဆိုရင်တော့ (ကောင်းမွန်စွာ မှည့်တဲ့) သင်္ဘောသီးမှည့်ကို စားသုံးပေးနိုင်ရုံသာမက အဲ့လိုစားသုံးပေးခြင်းဟာ သန္ဓေသားနဲ့မိခင်ကို အထူးကျန်းမာစေတယ်လို့ ဆိုပါတယ်။
(၂) နာနတ်သီး
နာနတ်သီးကိုလည်း ကိုယ်ဝန်ဆောင်တွေအနေနဲ့ လုံးဝမစားသင့်ပါဘူး။ နာနတ်သီးဟာ bromelain ဓာတ် ကြွယ်ဝတာကြောင့် သားအိမ်ကို လျော့ရဲစေတဲ့အတွက် လမစေ့ဘဲ ကလေးမွေးတာမျိုး ဖြစ်တတ်ပါတယ်။ တချို့တွေက နာနတ်သီးစားရင် ကလေးမွေးဖွားရလွယ်ကူမယ်လို့ ထင်ပြီး စားသုံးတတ်ကြပါတယ်။ တကယ်တော့ နာနတ်သီးဟာ ကိုယ်ဝန်ဆောင်နေစဉ် လုံးဝမစားသင့်တဲ့ အသီးဖြစ်ပါတယ်။
(၃) စပျစ်သီး
တချို့ဆေးပညာရှင်တွေက ကိုယ်ဝန်ဆောင်စဉ် စပျစ်သီးကို ရှောင်ရှားသင့်တယ်လို့ အကြံပေးထားပါတယ်။ အကြောင်းကတော့ စပျစ်သီးကို အင်းဆက်ပိုးမွှားတွေ ကျရောက်ခြင်းမှ ကာကွယ်အောင် ဆေးဖြန်းထားတတ်လို့ပါ။ နောက်တစ်ချက်က စပျစ်သီးထဲမှာ resveratrol ပါဝင်မှု မြင့်မားလွန်းတာကြောင့် အစာအဆိပ်သင့်တာမျိုးလည်း ဖြစ်စေနိုင်လို့ပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် စပျစ်သီးစားချင်တယ်ဆိုရင် ဆရာဝန်နဲ့ သေသေချာချာ ဆွေးနွေးတိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
Credit:Em Em
0 Comments