Last post

စမ္းသပ္မွု ရလဒ္ေကာင္း ရလာတဲ့ အမ်ိဳးသားေတြ ေသာက္ရမယ့္ သေႏၶတားေဆး

စမ္းသပ္မွု ရလဒ္ေကာင္း ရလာတဲ့ အမ်ိဳးသားေတြ ေသာက္ရမယ့္ သေႏၶတားေဆး

အမ်ိဳးသားေတြရဲ့ မ်ိဳးပြားဟိုမုန္းေတြကို တားဆီးေပးနိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးမရွိေသာ တစ္ေန႔တစ္ႀကိမ္ေသာက္ ေဆးျပားေတြဟာ ကေလးေမြးဖြားမွုကို အမ်ိဳးသားေတြကိုယ္တိုင္ တားဆီးနိုင္တာေၾကာင့္ ႏွစ္လိုဖြယ္ျဖစ္ပါလိမ့္မယ္လို႔ အေသးစားသုေတသနတစ္ရပ္က ဆိုပါတယ္။

တစ္လၾကာေဆးဝါးစမ္းသပ္မွုအၿပီးမွာေတာ့ ေခတ္ေရွ႕ေျပး dimethandrolone undecanoate ေခၚ DMAU ေဆးျပားေတြဟာ သုက္ပိုးေတြကို ထုတ္လုပ္ေပးတဲ့ testosterone အပါအဝင္ မ်ိဳးပြားဟိုမုန္းအဆင့္ကို ေလၽွာ့ခ်ေပးနိုင္တာကို ေအာင္ျမင္စြာ စမ္းသပ္နိုင္ခဲ့ပါတယ္။

ဒီစမ္းသပ္ကာလအတြင္းမွာ အစမ္းသပ္ခံတဲ့ အမ်ိဳးသား ၈၃ ဦးစလုံးဟာ ျပႆနာတစ္စုံတစ္ရာျဖစ္တဲ့ ေရာဂါလကၡဏာမ်ိဳး မျပသဘဲ testosterone ဟိုမုန္းအဆင့္ကို သိသိသာသာ ေလၽွာ့ခ်ေပးနိုင္တာကို ေတြ႕ရွိေၾကာင္း Endocrine Society ရဲ့ မတ္ ၁၈ ရက္က က်င္းပတဲ့ ႏွစ္ပတ္လည္အစည္းအေဝးမွာ သုေတသီေတြက အစီရင္ခံ တင္ျပခဲ့ပါတယ္။

“အမ်ိဳးသား ကိုယ္ဝန္တားေဆး ထုတ္လုပ္နိုင္ေရးအတြက္ သိပၸံပညာရွင္ေတြဟာ ဆယ္စုႏွစ္မ်ားစြာ စမ္းသပ္လုပ္ေဆာင္ခဲ့ရတာပါ။”လို႔ သုေတသနမွာ ပါ၀င္ခဲ့တဲ့ ခ်ီကာဂိုက ကေလးေဆး႐ုံတစ္ခုမွ မ်ိဳးဆက္ပြားက်န္းမာေရးပညာရွင္ မိုနီကာလာရြန္ဒါက ေျပာပါတယ္။

“DMAU ဟာ ေတာ္ေတာ္ေလးေတာ့ အားထားလာရမယ့္ ေသာက္ေဆးျဖစ္လာလိမ့္ပါမယ္။ စစ္တမ္းေတြအရ အမ်ိဳးသားေတြဟာ ကြန္ဒုံးအသုံးျပဳရတာနဲ႔ သားေၾကာျဖတ္ရတာေတြထက္ အမ်ိဳးသားသေႏၶတားေဆးအေပၚ ပိုၿပီးစိတ္ဝင္စားတာကို သိရတယ္။”လို႔ အမ်ိဳးသမီးပညာရွင္ျဖစ္တဲ့ မိုနီကာက ေျပာပါတယ္။

ခုေဆးျပားရဲ့ ေဘးထြက္ဆိုးက်ိဳးအျဖစ္ ကိုယ္အေလးခ်ိန္ အနည္းငယ္တက္တာကိုေတာ့ ေတြ႕ရွိရပါတယ္။ ကိုယ္ဝန္တားေဆးေတြ စမ္းသပ္ရာမွာ ေက်ာက္ကပ္ပ်က္စီးမွုကို ျဖစ္ေစေပမယ့္ ခုေဆးကေတာ့ ေက်ာက္ကပ္ပ်က္စီးမွု မျဖစ္ေစပါဘူး။ Testosterone ဟိုမုန္း နည္းပါးတာဟာ လိင္စိတ္ကုန္ခမ္းမွုကို ဦးတည္ေစပါတယ္။ ဒါေပမယ့္ Testosterone ဟိုမုန္းကို ထိန္းခ်ဳပ္တဲ့ ခုေဆးျပားကို စမ္းသပ္မွုမွာေတာ့ လူရွစ္ဦးကပဲ လိင္စိတ္က်ဆင္းမွု ျဖစ္တယ္လို႔ သိရပါတယ္။

သုေတသီေတြအေနနဲ႔ ခု ေဆးျပားရဲ့ အာနိသင္မွာ သုက္ေကာင္အေရအတြက္ က်ဆင္းမွုအေပၚ စမ္းသပ္ဖို႔ အစမ္းသပ္ခံေတြနဲ႔အတူ အခ်ိန္သုံးလယူၿပီး စမ္းသပ္သြားရမွာျဖစ္ပါတယ္။ ရလဒ္ေကာင္းရင္ေတာ့ အမ်ိဳးသားသေႏၶတားေဆးအျဖစ္ စုံတြဲေတြမွာ စမ္းသပ္သြားရဦးမွာ ျဖစ္ပါတယ္။

Writer_ေမာင္သံဆင့္ ( Daily Hot News )

Unicode ျဖင့္ဖတ္ရန္

စမ်းသပ်မှု ရလဒ်ကောင်း ရလာတဲ့ အမျိုးသားတွေ သောက်ရမယ့် သန္ဓေတားဆေး

အမျိုးသားတွေရဲ့ မျိုးပွားဟိုမုန်းတွေကို တားဆီးပေးနိုင်တဲ့ ဘေးထွက်ဆိုးကျိုးမရှိသော တစ်နေ့တစ်ကြိမ်သောက် ဆေးပြားတွေဟာ ကလေးမွေးဖွားမှုကို အမျိုးသားတွေကိုယ်တိုင် တားဆီးနိုင်တာကြောင့် နှစ်လိုဖွယ်ဖြစ်ပါလိမ့်မယ်လို့ အသေးစားသုတေသနတစ်ရပ်က ဆိုပါတယ်။

တစ်လကြာဆေးဝါးစမ်းသပ်မှုအပြီးမှာတော့ ခေတ်ရှေ့ပြေး dimethandrolone undecanoate ခေါ် DMAU ဆေးပြားတွေဟာ သုက်ပိုးတွေကို ထုတ်လုပ်ပေးတဲ့ testosterone အပါအဝင် မျိုးပွားဟိုမုန်းအဆင့်ကို လျှော့ချပေးနိုင်တာကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

ဒီစမ်းသပ်ကာလအတွင်းမှာ အစမ်းသပ်ခံတဲ့ အမျိုးသား ၈၃ ဦးစလုံးဟာ ပြဿနာတစ်စုံတစ်ရာဖြစ်တဲ့ ရောဂါလက္ခဏာမျိုး မပြသဘဲ testosterone ဟိုမုန်းအဆင့်ကို သိသိသာသာ လျှော့ချပေးနိုင်တာကို တွေ့ရှိကြောင်း Endocrine Society ရဲ့ မတ် ၁၈ ရက်က ကျင်းပတဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ သုတေသီတွေက အစီရင်ခံ တင်ပြခဲ့ပါတယ်။

“အမျိုးသား ကိုယ်ဝန်တားဆေး ထုတ်လုပ်နိုင်ရေးအတွက် သိပ္ပံပညာရှင်တွေဟာ ဆယ်စုနှစ်များစွာ စမ်းသပ်လုပ်ဆောင်ခဲ့ရတာပါ။”လို့ သုတေသနမှာ ပါဝင်ခဲ့တဲ့ ချီကာဂိုက ကလေးဆေးရုံတစ်ခုမှ မျိုးဆက်ပွားကျန်းမာရေးပညာရှင် မိုနီကာလာရွန်ဒါက ပြောပါတယ်။

“DMAU ဟာ တော်တော်လေးတော့ အားထားလာရမယ့် သောက်ဆေးဖြစ်လာလိမ့်ပါမယ်။ စစ်တမ်းတွေအရ အမျိုးသားတွေဟာ ကွန်ဒုံးအသုံးပြုရတာနဲ့ သားကြောဖြတ်ရတာတွေထက် အမျိုးသားသန္ဓေတားဆေးအပေါ် ပိုပြီးစိတ်ဝင်စားတာကို သိရတယ်။”လို့ အမျိုးသမီးပညာရှင်ဖြစ်တဲ့ မိုနီကာက ပြောပါတယ်။

ခုဆေးပြားရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ကိုယ်အလေးချိန် အနည်းငယ်တက်တာကိုတော့ တွေ့ရှိရပါတယ်။ ကိုယ်ဝန်တားဆေးတွေ စမ်းသပ်ရာမှာ ကျောက်ကပ်ပျက်စီးမှုကို ဖြစ်စေပေမယ့် ခုဆေးကတော့ ကျောက်ကပ်ပျက်စီးမှု မဖြစ်စေပါဘူး။ Testosterone ဟိုမုန်း နည်းပါးတာဟာ လိင်စိတ်ကုန်ခမ်းမှုကို ဦးတည်စေပါတယ်။ ဒါပေမယ့် Testosterone ဟိုမုန်းကို ထိန်းချုပ်တဲ့ ခုဆေးပြားကို စမ်းသပ်မှုမှာတော့ လူရှစ်ဦးကပဲ လိင်စိတ်ကျဆင်းမှု ဖြစ်တယ်လို့ သိရပါတယ်။

သုတေသီတွေအနေနဲ့ ခု ဆေးပြားရဲ့ အာနိသင်မှာ သုက်ကောင်အရေအတွက် ကျဆင်းမှုအပေါ် စမ်းသပ်ဖို့ အစမ်းသပ်ခံတွေနဲ့အတူ အချိန်သုံးလယူပြီး စမ်းသပ်သွားရမှာဖြစ်ပါတယ်။ ရလဒ်ကောင်းရင်တော့ အမျိုးသားသန္ဓေတားဆေးအဖြစ် စုံတွဲတွေမှာ စမ်းသပ်သွားရဦးမှာ ဖြစ်ပါတယ်။

Writer_မောင်သံဆင့် ( Daily Hot News )

0 Comments