Last post

ညဖက္မွာ ကိုယ္လုံးတည္း ျဖင့္ အိပ္စက္ျခင္း ၏ အက်ိဳးေက်းဇူးမ်ား

ညဖက္မွာ ကိုယ္လုံးတည္း ျဖင့္ အိပ္စက္ျခင္း ၏ အက်ိဳးေက်းဇူးမ်ား

ညဘက္အိပ္စက္တဲ့အခါ ေဘာင္းဘီမပါပဲ(Bottomless) အိပ္စက္ျခင္း ၊ တစ္နည္းအားျဖင့္ ကိုယ္တုံးလုံး အိပ္စက္ျခင္းဟာ ရွက္စရာ ေကာင္းတယ္လို႔ ျမင္ေနသူေတြအတြက္ ေဆးပညာရွုေထာင့္ကေန သတင္းတစ္ခု သယ္ေဆာင္လာခဲ့ပါတယ္။ လူတစ္ေယာက္ဟာ တစ္ညကို ပ်မ္းမၽွအားျဖင့္ ၈ နာရီခန႔္ အိပ္စက္တဲ့အတြက္ သင္အိပ္စက္ေနတဲ့ ၈ နာရီၾကာ အခ်ိန္ကာလအတြင္းမွာ ကူးစက္ေရာဂါ ေတြနဲ႔ အျခား ထူးဆန္းတဲ့ ေရာဂါေတြ အခ်ိန္မေရြးျဖစ္လာနိုင္တယ္ဆိုတာကို အရင္ဆုံး သိထားပါ။ ကိုယ္တုံးလုံး အိပ္စက္ျခင္း ရဲ့ ေကာင္းက်ိဳးေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

အမ်ိဳးသမီး လိင္အဂၤါဟာ အသက္ရွုခြင့္ရဖို႔လိုအပ္ပါတယ္

က်န္းမာေရး အျမင္နဲ႔ ပြင့္ပြင့္လင္းလင္းပဲ ေျပာရမယ္ဆိုရင္ေတာ့ အမ်ိဳးသမီး လိင္အဂၤါဆိုတာဟာ အေမႊးအမၽွင္ ထူထပ္သလို စိုစြတ္မွုလည္း ရွိေနပါတယ္။ အဲဒီအေနအထားဟာ အေျခခံအားျဖင့္ ကူးစက္ပိုးမႊား ေတြ ျဖစ္ေပၚေရာက္ရွိလာေစမယ့္ အေနအေထားမ်ိဳးပါ။ အဲဒီလို အေနအထားမ်ိဳးမွာ ေကာင္းမြန္တဲ့ pH ပမာဏ (သို႔) Acidity ပမာဏ လုံေလာက္စြာမရွိခဲ့ရင္ေတာ့ ကူးစက္ပိုးမႊားေတြဝင္ေရာက္လာမွာ က်ိန္းေသပါပဲ။ ဒီလိုအေနအထားမ်ိဳး မျဖစ္ေစဖို႔ ကိုယ္တုံးလုံး အိပ္စက္ျခင္းဟာ အသင့္ေတာ္ဆုံး ျဖစ္ေနပါတယ္။

အမ်ိဳးသားေတြရဲ့ မ်ိဳးပြားနိုင္စြမ္း ကို မသတ္လိုက္မိဖို႔လိုအပ္ပါတယ္

အမ်ိဳးသားေတြအတြက္ေတာ့ ေအာက္ခံ ေဘာင္းဘီ ဝတ္ၿပီး အိပ္စက္ျခင္းဟာ သုတ္ပိုးထုတ္လုပ္နိုင္မွုကို ရပ္တန႔္လိုက္တာနဲ႔ အတူတူပါပဲ။ Men’s Health သတင္းဌာန ရဲ့ေဖာ္ျပခ်က္အရေတာ့ သင့္ရဲ့ ကပၸာယ္အိတ္ဟာ အမ်ိဳးသမီးလိင္အဂၤါေတြလိုပဲ အသက္ရွုခြင့္ရဖို႔လိုအပ္ပါတယ္။ ကပၸာယ္အိတ္(ေဝွးေစ့)ေတြအတြက္ အေကာင္းဆုံး အပူခ်ိန္ဟာ ၉၅ ဒီဂရီ ပတ္ဝန္းက်င္ပဲ ျဖစ္ပါတယ္။ ဒီအပူခ်ိန္ဟာ သင့္ခႏၶာကိုယ္အပူခ်ိန္ေလာက္ေတာင္ မရွိပါဘူး။ ကပၸာယ္အိတ္ဟာ အပူခ်ိန္လြန္ကဲလာတာနဲ႔အမၽွ သုတ္ပိုးထုတ္လုပ္မွုဟာ ေကာင္းမြန္ျခင္း မရွိေတာ့ရာကေန မ်ိဳးမေအာင္ျခင္း အထိပါ ျဖစ္သြားနိုင္ပါတယ္။

အိပ္ေရးဝဖို႔လည္း လိုအပ္ပါတယ္

လူဆိုတာ ပူရင္ အိပ္မေပ်ာ္ၾကပါဘူး။ သုေတသနေတြမ်ားစြာကလည္း ေဖာ္ျပခဲ့ၿပီးျဖစ္ပါတယ္။ အဝတ္အစားမပါပဲ ကိုယ္တုံးလုံး အိပ္စက္ျခင္းဟာ အိပ္ေရးဝၿပီး အင္အားျပည့္ဝစြာ နိုးထလာေစနိုင္ပါတယ္။

Credit : Trend Myanmar
Unicodeျဖင့္ဖတ္ရန္

ညဖက်မှာ ကိုယ်လုံးတည်း ဖြင့် အိပ်စက်ခြင်း ၏ အကျိုးကျေးဇူးများ

ညဘက်အိပ်စက်တဲ့အခါ ဘောင်းဘီမပါပဲ(Bottomless) အိပ်စက်ခြင်း ၊ တစ်နည်းအားဖြင့် ကိုယ်တုံးလုံး အိပ်စက်ခြင်းဟာ ရှက်စရာ ကောင်းတယ်လို့ မြင်နေသူတွေအတွက် ဆေးပညာရှုထောင့်ကနေ သတင်းတစ်ခု သယ်ဆောင်လာခဲ့ပါတယ်။ လူတစ်ယောက်ဟာ တစ်ညကို ပျမ်းမျှအားဖြင့် ၈ နာရီခန့် အိပ်စက်တဲ့အတွက် သင်အိပ်စက်နေတဲ့ ၈ နာရီကြာ အချိန်ကာလအတွင်းမှာ ကူးစက်ရောဂါ တွေနဲ့ အခြား ထူးဆန်းတဲ့ ရောဂါတွေ အချိန်မရွေးဖြစ်လာနိုင်တယ်ဆိုတာကို အရင်ဆုံး သိထားပါ။ ကိုယ်တုံးလုံး အိပ်စက်ခြင်း ရဲ့ ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

အမျိုးသမီး လိင်အင်္ဂါဟာ အသက်ရှုခွင့်ရဖို့လိုအပ်ပါတယ်

ကျန်းမာရေး အမြင်နဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောရမယ်ဆိုရင်တော့ အမျိုးသမီး လိင်အင်္ဂါဆိုတာဟာ အမွှေးအမျှင် ထူထပ်သလို စိုစွတ်မှုလည်း ရှိနေပါတယ်။ အဲဒီအနေအထားဟာ အခြေခံအားဖြင့် ကူးစက်ပိုးမွှား တွေ ဖြစ်ပေါ်ရောက်ရှိလာစေမယ့် အနေအထေားမျိုးပါ။ အဲဒီလို အနေအထားမျိုးမှာ ကောင်းမွန်တဲ့ pH ပမာဏ (သို့) Acidity ပမာဏ လုံလောက်စွာမရှိခဲ့ရင်တော့ ကူးစက်ပိုးမွှားတွေဝင်ရောက်လာမှာ ကျိန်းသေပါပဲ။ ဒီလိုအနေအထားမျိုး မဖြစ်စေဖို့ ကိုယ်တုံးလုံး အိပ်စက်ခြင်းဟာ အသင့်တော်ဆုံး ဖြစ်နေပါတယ်။

အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်း ကို မသတ်လိုက်မိဖို့လိုအပ်ပါတယ်

အမျိုးသားတွေအတွက်တော့ အောက်ခံ ဘောင်းဘီ ဝတ်ပြီး အိပ်စက်ခြင်းဟာ သုတ်ပိုးထုတ်လုပ်နိုင်မှုကို ရပ်တန့်လိုက်တာနဲ့ အတူတူပါပဲ။ Men’s Health သတင်းဌာန ရဲ့ဖော်ပြချက်အရတော့ သင့်ရဲ့ ကပ္ပာယ်အိတ်ဟာ အမျိုးသမီးလိင်အင်္ဂါတွေလိုပဲ အသက်ရှုခွင့်ရဖို့လိုအပ်ပါတယ်။ ကပ္ပာယ်အိတ်(ဝှေးစေ့)တွေအတွက် အကောင်းဆုံး အပူချိန်ဟာ ၉၅ ဒီဂရီ ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ ဒီအပူချိန်ဟာ သင့်ခန္ဓာကိုယ်အပူချိန်လောက်တောင် မရှိပါဘူး။ ကပ္ပာယ်အိတ်ဟာ အပူချိန်လွန်ကဲလာတာနဲ့အမျှ သုတ်ပိုးထုတ်လုပ်မှုဟာ ကောင်းမွန်ခြင်း မရှိတော့ရာကနေ မျိုးမအောင်ခြင်း အထိပါ ဖြစ်သွားနိုင်ပါတယ်။

အိပ်ရေးဝဖို့လည်း လိုအပ်ပါတယ်

လူဆိုတာ ပူရင် အိပ်မပျော်ကြပါဘူး။ သုတေသနတွေများစွာကလည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အဝတ်အစားမပါပဲ ကိုယ်တုံးလုံး အိပ်စက်ခြင်းဟာ အိပ်ရေးဝပြီး အင်အားပြည့်ဝစွာ နိုးထလာစေနိုင်ပါတယ်။

Credit : Trend Myanmar

0 Comments