Last post

မနက္ပိုင္းတြင္ လိင္ဆက္ဆံျခင္းရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

မနက္ပိုင္းတြင္ လိင္ဆက္ဆံျခင္းရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား
........................
မနက္ပိုင္းမွာ လိင္ဆက္ဆံတာ ပိုေကာင္းလား၊ ညေနပိုင္းမွာ လိင္ဆက္ဆံတာက ပိုေကာင္းလားဆိုတဲ့ အျငင္းအခုံဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒီလို အျငင္းအခုံဟာ အမ်ိဳးသားနဲ႔အမ်ိဳးသမီးေတြရဲ႕ သဘာဝတရားေၾကာင့္ ျဖစ္ေနတာ ျဖစ္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အမ်ိဳးသားေတြအတြက္ မနက္ခင္းဟာ လိင္စိတ္ အတက္ႂကြဆုံးအခ်ိန္ျဖစ္ၿပီး အမ်ိဳးသမီးေတြက်ေတာ့ ညေနပိုင္း အိမ္ေထာင္မႈ ကိစၥေတြ အားလုံးအၿပီး အနားယူရတဲ့အခ်ိန္ကို ပိုသေဘာၾကတတ္ၾကပါတယ္။

ဒီလို အခ်ိန္ျခားနားမႈ ဘာေၾကာင့္ ျဖစ္ေနရတာလဲ။
ပထမအခ်က္ကေတာ့
တက္စတိုစတီ႐ုန္း ေဟာ္မုန္းျခားနားမႈ။
တက္စတို စတီ႐ုန္းဟာ ေယာက္်ားေလးေတြမွာပဲ ရွိတာ မဟုတ္ဘဲ အမ်ိဳးသမီးေတြမွာလည္း တက္စတို စတီ႐ုန္း ေဟာ္မုန္းရွိပါတယ္။ တက္စတိုစတီ႐ုန္းနဲ႔ အီစထ႐ိုဂ်င္ေဟာ္မုန္းေတြကို အမ်ိဳးသမီး မ်ိဳးဥအိမ္ေတြမွ ထုပ္လုပ္ေပးတဲ့ အျပင္ခႏၶာကိုယ္ရဲ႕ အဆီတစ္ရႈးကေနလည္း အီစထ႐ိုဂ်င္ ေဟာ္မုန္းထြက္ရွိပါေသးတယ္။ ဒီေဟာ္မုန္းေတြကအမ်ိဳးသမီးေတြရဲ႕ ႀကီးထြားမႈ၊ မ်ိဳးပြားတစ္ရႈးမ်ားကို ျပဳျပင္ထိန္းသိမ္းျခင္းနဲ႔ ခႏၶာကိုယ္ရဲ႕ တစ္ရႈးေတြရဲ႕ ႀကီးထြားျခင္းကိုလႊမ္းမိုးေနပါတယ္။ အမ်ိဳးသားေတြရဲ႕ ခႏၶာကိုယ္မွာ တက္စတိုစတီ႐ုန္းေဟာ္မုန္းပမဏက မနက္ ၆ နာရီမွ ၉ နာရီအတြင္းမွာ အျမင့္ဆုံးအခ်ိန္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မနက္ခင္းမွာ လိင္တံက ေထာင္မတ္ေနတတ္ၿပီး အမ်ိဳးသားေတြက မနက္ပိုင္းမွာ လိင္ဆက္ဆံျခင္းကို ပိုႀကိဳက္တတ္ၾကပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီးေတြက်ေတာ့ မနက္ခင္းမွာ တက္စတိုစတီ႐ုန္းေဟာ္မုန္းက ပမာဏ အနည္းဆုံးျဖစ္ၿပီး သူတို႔ရဲ႕ တက္စတိုစတီ႐ုန္း ေဟာ္မုန္းက ညေနပိုင္းမွာ တစ္ျဖည္းျဖည္း ျမင့္တတ္သြားတာ ျဖစ္ပါတယ္။
ေဟာ္မုန္းစက္ဝန္းမ်ား မတူညီျခင္း။
အမ်ိဳးသားေတြဟာ မနက္ခင္းမွာ တက္စတိုစတီ႐ုန္းေဟာ္မုန္းကြာဟမႈက ၂၅ % ကေန ၅၀ % အထိ တစ္ေန႔တြင္းခ်င္းျမင့္တက္ေနပါတယ္။ ဒီလို ပမာဏျခားနားမႈေၾကာင့္ မနက္ပိုင္း လိင္ဆက္ဆံခ်င္စိတ္ျဖစ္ေနၾကတာ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြမွာက်ေတာ့ တက္စတိုစတီ႐ုန္းဟာ ေန႔ခ်င္း သိသိသာသာေျပာင္းလဲမႈ မရွိဘဲ လအလယ္ပိုင္း မ်ိဳးဥေႂကြခ်ိန္ေလာက္မွာသာ တက္စတိုစတီ႐ုန္းက သိသိသာသာေျပာင္းလဲမႈကို ေတြ႕ႀကဳံရတာ ျဖစ္ပါတယ္။
ဒါ့အျပင္ ဒီလိုေျပာင္းလဲမႈဟာ အမ်ိဳးသားေတြေလာက္ ပမာဏ မမ်ားပါဘူး။

သန႔္ရွင္းမႈေၾကာင့္။
အမ်ိဳးသမီး အမ်ားစုက လိင္မဆက္ဆံခင္ သန႔္သန႔္ရွင္းရွင္း ျဖစ္ေနတာကို ပိုသေဘာက်ၾကပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြ အတြက္ မနက္ပိုင္း လိင္ဆက္ဆံဖို႔ဆိုတာ မနက္ပိုင္းမွာထြက္ရွိတဲ့ ခံတြင္းနံ႔ေတြနဲ႔ လိင္အဂၤါမ်ားရဲ႕ အနံ႔မ်ားက မနက္ပိုင္း လိင္ဆက္ဆံခ်င္စိတ္ကိုနည္းပါးေနမွာပါ။ အမ်ိဳးသားေတြက်ေတာ့ အနံ႔ခံႏိုင္စြမ္းဟာ အမ်ိဳးသမီးေတြေလာက္ အာ႐ုံခံႏိုင္စြမ္းမေကာင္းတဲ့ အတြက္ေၾကာင့္ အနံ႔အသက္ကိစၥဟာ သူ႔အတြက္ ျပႆနာ တစ္ရပ္မဟုတ္ပါဘူး။
ညပုိင္းလိင္ဆက္ဆံျခင္းမွာလည္း သက္ဆုိင္ရာ အက်ဳိးေက်းဇူးေတြ ရွိသလုိ မနက္ပုိင္းလိင္ဆက္ဆံျခင္းမွာလည္း အက်ဳိးေက်းဇူးေတြ ရွိပါတယ္။ မနက္ပိုင္းမွာ လိင္ဆက္ဆံျခင္းဟာ ေန႔တစ္ေန႔ရဲ႕ အစပိုင္းမွာ စိတ္ေျပေလ်ာ့ေစႏိုင္ၿပီး စြမ္းအင္ ပမာဏကို ျမင့္တက္ေစႏိုင္သလို စိတ္ဖိစီးမႈကိုလည္း ေျဖေလ်ာ့ေပးႏိုင္ပါတယ္။ မနက္ပိုင္းမွာ လိင္ဆက္ဆံခ်ိန္ စိတ္လႈပ္ရွားမႈ အေကာင္းဆုံး အခ်ိန္ေရာက္ရွိျခင္း (orgasm) ျဖစ္တဲ့အခါ သင္ရဲ႕ စိတ္ပိုင္းကို ပိုၾကည္လင္ေစသလို သင့္ရဲ႕ အေဖာ္ျဖစ္သူနဲ႔လည္း ပိုရင္းႏွီးလာေစမွာ ျဖစ္ပါတယ္။ မနက္ပိုင္းမွာ လိင္ဆက္ဆံျခင္းရဲ႕ တစ္ျခားေသာအက်ဳိးေက်းဇူးေတြကေတာ့
၁။ မနက္ပိုင္းမွာ ခႏၶာကိုယ္ဟာ စြမ္းအား ျပည့္ေနပါတယ္။
မနက္ပိုင္းမွာ ခႏၶာကိုယ္ရဲ႕ စြမ္းအားေတြက အျမင့္ဆုံး အခ်ိန္ျဖစ္တဲ့အတြက္ လိင္ဆက္ဆံဖို႔ အသင့္ေတာ္ ဆုံးအခ်ိန္လည္း ျဖစ္ပါတယ္။ အမ်ဳိးသားေတြရဲ႕ လိင္ဆက္ဆံခ်င္စိတ္ကို လႊမ္းမုိးေနတဲ့ တက္စတို စတီ႐ုန္းေဟာ္မုန္း ပမာဏက မနက္ပိုင္း အခ်ိန္ေတြမွာ ျမင့္တက္ေနပါတယ္။ ၂၀၁၃ ခုႏွစ္က ေလ့လာခ်က္အရေတြ ဒီလိင္ေဟာ္မုန္း မ်ားေလေလ သင့္အေနနဲ႔ စြမ္းအားပိုျပည့္ၿပီး လိင္ဆက္ဆံခ်င္စိတ္မ်ားေနေၾကာင္း ေတြ႕ရွိခဲ့ရတယ္လို႔ဆိုပါတယ္။
၂။ လိင္ဆက္ဆံခ်ိန္ ပိုၿပီး ၾကာျမင့္ျခင္း။
လိင္ဆက္ဆံျခင္းအေပၚမွာ ေဟာ္မုန္းေတြက အမ်ားႀကီး လႊမ္းမိုးေနပါတယ္။ တက္စတိုစတီ႐ုန္း ေဟာ္မုန္းမ်ားေလ လိင္ဆက္ဆံျခင္းက ပိုၿပီး ေကာင္းမြန္ေလပါပဲ။ တက္စတိုစတီ႐ုန္း ေဟာ္မုန္းမ်ားတဲ့အခါ ကာမရာဂစိတ္ပိုတက္ႂကြၿပီး လိင္မႈဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကို ပိုၿပီး အားေကာင္းေစႏိုင္ပါတယ္။ ဒါ့အျပင္ တက္စတိုစတီ႐ုန္း ေဟာ္မုန္းမ်ားေနတဲ့အခ်ိန္ လိင္တံေထာင္မတ္မႈ အားလည္း ပိုေကာင္းေၾကာင္းေတြ႕ရွိခဲ့ၾကပါတယ္။
၃။ မနက္ပိုင္းမွာ ေပြ႕ဖက္ျခင္းေဟာ္မုန္းလို႔ လူသိမ်ားတဲ့ ေအာက္စီတိုစင္ (oxytocin) ပိုၿပီး ထြက္ရွိပါတယ္။
မနက္ပိုင္းမွာ လိင္ဆက္ဆံျခင္းဟာ သင့္နဲ႔ သင့္အေဖာ္ျဖစ္သူကု္ ပိုၿပီး ရင္းႏွီးလာေစႏိုင္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ လိင္ဆက္ဆံခ်ိန္မွာ ေပြ႕ဖက္ျခင္းေဟာ္မုန္းလို လူသိမ်ားတဲ့ ေအာက္စီတိုစင္ (oxytocin) ထြက္ရွိပါတယ္။ ေအာက္စီတိုစင္ (oxytocin) ဟာ ဦးေႏွာက္ထဲက
ခ်စ္ျခင္းနဲ႔ ရင္းႏွီးျခင္းကို ထိန္းခ်ဳပ္တဲ့ ဓာတုဓာတ္တစ္မ်ိဳး ျဖစ္ပါတယ္။ လိင္ဆက္ဆံခ်ိန္ ဒီေဟာ္မုန္းထြက္ရွိတဲ့အခါမွာ သင့္အေနနဲ႔ သင့္ရဲ႕ လက္တြဲေဖာ္နဲ႔ ပိုၿပီး ရင္းႏွီးလာမွာ ျဖစ္ပါတယ္။

၄။ စိတ္ဖိစီးမႈကိုေလ်ာ့ပါးေစတယ္။
စိတ္ဖိစီးမႈေလ်ာ့ပါးခ်င္ပါသလား။ မနက္ပိုင္းမွာ လိင္ဆက္ဆံျခင္းက စိတ္ဖိစီးမႈ ေလ်ာ့ပါးေစႏိုင္ပါတယ္။ ေပ်ာ္႐ႊင္ၾကည္ႏႈးဖြယ္ရာ လုပ္ေဆာင္မႈေတြက စိတ္ဖိစီးမႈ ပမာဏကို ေလ်ာ့ပါးေစႏိုင္ပါတယ္။ ဒီေတာ့ မနက္ပိုင္း အလုပ္မသြားခင္ စိတ္ဖိစီးမႈ ကင္းေဝးေအာင္ လုပ္ေဆာင္ျခင္းျဖင့္ က်န္တစ္ေန႔တာ လုံးကို စိတ္ၾကည္လင္စြာနဲ႔ ျဖတ္သန္းႏိုင္မွာလည္း ျဖစ္ပါတယ္။
၅။ အမ္ေဒၚဖင္ (endorphins) ေဟာ္မုန္းကို ထြက္ရွိေစတယ္။
မနက္ပိုင္းလိင္ဆက္ဆံျခင္းဟာ အမ္ေဒၚဖင္ (endorphins) လို႔ ေခၚတဲ့ နာက်င္မႉကို ေလ်ာ့ပါးေစတဲ့ ေဟာ္မုန္းကို ထြက္ရွိေစတာေၾကာင့္ သင့္အေနနဲ႔ က်န္တစ္ေန႔တာလုံးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ျဖတ္သန္းလာႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လိင္ဆက္ဆံၿပီး လိင္စိတ္အျပင္းျပဆုံးေရာက္ရွိအၿပီးမွာ ေပ်ာ္႐ႊင္မႈကို အနည္းငယ္ခံစားရတာ ျဖစ္ပါတယ္။ ဒီေတာ့ သင့္ရဲ႕ တစ္ေန႔တာ လုပ္ငန္းစဥ္ထဲဒီအရာကို စတင္လုပ္ျခင္းျဖင့္ ေပ်ာ္႐ႊင္မႈကို ခံစားရမွာျဖစ္ပါတယ္။
၆။ ကိုယ္လက္လႈပ္ရွားမႈ အေသးစားတစ္ခု ျဖစ္ပါတယ္။
ေသခ်ာတာကေတာ့ မနက္ပိုင္း လိင္ဆက္ဆံခ်ိန္ဟာ မနက္ပိုင္း တစ္နာရီ အေျပးစက္ေပၚမွာ ေျပးတာနဲ႔ေတာ့ ယွဥ္လို႔ မရေပမဲ့ ကိုယ္လက္လႈပ္ရွားမႈ တစ္ခု အျဖစ္ သတ္မွတ္ႏိုင္ပါေသးတယ္။
လိင္ဆက္ဆံခ်ိန္ တစ္မိနစ္မွာ ၅ ကယ္လိုရီ ေလာင္ကြၽမ္းႏိုင္တယ္လို႔ ဟားဗတ္ေဆးေက်ာင္းမွ ေလ့လာခ်က္က ဆိုထားပါတယ္။ ဒီပမာဏက လမ္းေလွ်ာက္ခ်ိန္ ကယ္လိုရီေလာင္ကြၽမ္းႏႈန္းနဲ႔ တူညီေနပါတယ္။ ဒီေတာ့ မနက္ပိုင္း လိင္ဆက္ဆံျခင္းက အနည္းဆုံး ၇၅ ကယ္လိုရီေလာက္ေတာ့ ေလာင္ကြၽမ္းေစမွာ ျဖစ္ပါတယ္။ ဘာအားကစားမွ မလုပ္တာထက္စာရင္ ကယ္လိုရီ ၇၅ ေလာက္ ေလာင္ကြၽမ္းတာက ေကာင္းတယ္လို႔ ဆိုရမွာပါ။

၇။ ဦးေႏွာက္အတြက္ေကာင္းမြန္ပါတယ္။
ဦးေႏွာက္ရဲ႕ စြမ္းအားကို ျမႇင့္တင္ခ်င္တယ္ဆိုရင္ေတာ့ မနက္ပိုင္း လိင္ဆက္ဆံျခင္းက အေျဖတစ္ခု ျဖစ္လာပါလိမ့္မယ္။ ေလ့လာခ်က္ ေတာ္ေတာ္မ်ားမ်ား အရေတာ့ ကိုယ္လက္လႈပ္ရွားမႈမ်ား လုပ္ေဆာင္ေနျခင္းဟာအာ႐ုံေၾကာ အခ်က္ျပခ်က္ေတြနဲ႔ ဒိုပါမင္း (dopamine) လို႔ေခၚတဲ့ ေဟာ္မုန္းအပါအဝင္ တစ္ျခားေဟာ္မုန္းမ်ားကို ထြက္ရွိေစပါတယ္။ ဒိုပါမင္း(dopamine) ဟာ စိတ္ခံစားခ်က္ကို ေကာင္းမြန္ေစတဲ့ ေဟာ္မုန္းျဖစ္ၿပီး သင့္ဦးေႏွာက္ရဲ႕ က်န္းမာေရးနဲ႔ သိစိတ္ကိုလည္း တိုးတက္ေစႏိုင္ပါတယ္။
၈။ ကိုယ္ခံအားစနစ္ကို တိုးတက္ေစပါတယ္။
မနက္ပိုင္း လိင္မႈ ကိစၥလုပ္ေဆာင္ျခင္းက ကိုယ္ခံအားစနစ္ကို တိုးတက္ေစႏိုင္ပါတယ္။ ၂၀၁၅ ခုႏွစ္က ေလ့လာခ်က္ အရေတာ့ လိင္ဆက္ဆံျခင္းက ဘတ္တီးရီးယားေတြ၊ ဗိုင္းရပ္စ္ေတြနဲ႔ ေရာဂါပိုးမႊားေတြကို ခုခံတိုက္ခိုက္ေပးတဲ့ ကိုယ္ခံအား စနစ္ကို တိုးတက္ေစတယ္လို႔ ဆိုပါတယ္။
၉။ သင့္ကို ပိုၿပီး ႏုပ်ိဳေစႏိုင္ပါတယ္။
မနက္ပိုင္း လိင္ဆက္ဆံျခင္းက သင့္ရဲ႕ ကိုယ္ပိုင္ ႏုပ်ိဳနည္းတစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လိင္ဆက္ဆံျခင္းဟာ ေအာက္စီတိုစင္( oxytocin)၊ ဘီတာ အမ္ေဒၚဖင္း ( beta endorphins) နဲ႔ တစ္ျခားေသာ အေရာင္အရမ္းကို ေလ်ာ့ပါးေစႏိုင္တဲ့ ပစၥည္းမ်ားကို ထြက္ရွိေစႏိုင္လို႔ပါ။ BBC ရဲ႕ ေလ့လာခ်က္တစ္ခုအရေတာ့ တစ္ပတ္ကို ၃ ႀကိမ္ လိင္ဆက္ဆံျခင္းဟာ ဒီအႀကိမ္အေရတြက္ေလာက္ လိင္မဆက္ဆံတဲ့ သူေတြထက္ ႏွစ္ေပါင္းမ်ားစြာ ႏုပ်ိဳေစႏိုင္တယ္လို႔ ဆိုပါတယ္။ လိင္ဆက္ဆံခ်ိန္ အထြတ္အထိပ္ေရာက္ျခင္းဟာ သင့္ရဲ႕ အေရျပားက်န္းမာေရး အတြက္လည္းေကာင္းမြန္ပါတယ္။
မနက္ပိုင္း လိင္ဆက္ဆံႏိုင္ဖို႔ အတြက္ နည္းလမ္းမ်ား။
မနက္ပိုင္း လိင္ဆက္ဆံျခင္းဟာ က်န္းမာေရးအတြက္ေကာင္းမြန္တယ္ဆိုေပမဲ့ သင့္စိတ္ကူးရတဲ့ အခ်ိန္ေတာ့ ေကာက္ကာငင္ကာ ျဖစ္လာမွာ မဟုတ္ပါဘူး။ ဒီေတာ့ သင့္အေနနဲ႔ မနက္ပိုင္း လိင္ဆံတက္ဖို႔အတြက္ ႀကိဳတင္စီစဥ္ထားဖို႔လိုပါတယ္။ အခုဒီမွာေတာ့ Hellosayarwon ပရိတ္သတ္ႀကီးအတြက္ သင့္အေနနဲ႕ တစ္ေန႔တာ လုပ္ငန္းစဥ္အခ်ိန္ဇယားထဲမွာ မနက္ပိုင္းလိင္ဆက္ဆံမႈ လုပ္ေဆာင္ႏိုင္ရန္အတြက္ ဘယ္လိုထည့္သြင္းရမလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။
၁။ အခ်ိန္မေလာက္မွာ စိုးရိမ္ေနပါသလား။
မနက္ပိုင္းလိင္ဆက္ဆံျခင္းအတြက္ မနက္ပိုင္းမွာ ကိုယ္လုပ္ေဆာင္ေနက်အရာေတြ အတြက္ အခ်ိန္မေလာက္မွာ စိုးရိမ္ေနပါသလား။ ဒါကို ေျဖရွင္းဖို႔ နည္းလမ္းကေတာ့ ႏႈိးစက္ကို မိနစ္ ၂၀ ကစလို႔ ကိုယ္လိုခ်င္တဲ့ အခ်ိန္အထိ တစ္နာရီေလာက္အထိ Alarm ေပးထားလို႔ရၿပီး မနက္ပိုင္း ေရခ်ိဳးခန္းမဝင္မွာ ျပဳလုပ္ႏိုင္ပါတယ္။
၂။ အက်ိဳးေက်းဇူးေတြကို အာ႐ုံစိုက္ပါ။
အမ်ိဳးသားေတြေရာ၊ အမ်ိဳးသမီးေတြေရာ မနက္ပိုင္းလိင္ဆက္ဆံၿပီးေနာက္ အလုပ္မွာ ပိုေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္ၾကေၾကာင္း ေလ့လာခ်က္ေတြက ဆိုပါတယ္။ ဒါ့အျပင္ မနက္ပိုင္း လိင္ဆက္ဆံအၿပီးမွာ vasopressin လို႔ေခၚတဲ့ သိစိတ္အေပၚ လႊမ္းမိုးႏိုင္တဲ့ ေဟာ္မုန္းျမင့္တတ္လာပါတယ္။ ဒါေၾကာင့္ အမ်ိဳးသားေတြအေနနဲ႔ အမ်ိဳးသားေတြဟာသူ႔ရဲ႕ ၾကင္ေဖာ္ အေပၚ ပိုၿပီး စိတ္ပိုင္းဆိုင္ရာရင္းႏွီးမႈ ပိုမ်ားလာေစႏိုင္ပါတယ္။
၃။ ျဖည္းျဖည္းခ်င္းစတင္ပါ။
အခ်ိန္ေပးၿပီး ေပြ႕ဖက္ျခင္း၊ အေဖာ္ျဖစ္သူကို ခ်ီးမြမ္းျခင္း ျပဳလုပ္ပါ။ အမ်ိဳးသမီးေတြ လိင္ဆက္ဆံခ်င္စိတ္ကို အဓိက တားဆီးတဲ့ အရာတစ္ခုက သူမခႏၶာကိုယ္ ပုံရိပ္ အေပၚ ထင္ျမင္ခ်က္ျဖစ္တဲ့အတြက္ေၾကာင့္ မနက္ခင္းမွာ သူမရဲ႕ ပုံစံက ဘယ္ေလာက္လွပေၾကာင္း ခ်ီးက်ဴးႏိုင္ပါတယ္။
၄။ အိမ္ယာ ေစာေစာဝင္ပါ။
အိပ္ေရးမဝတဲ့အခါ အမ်ိဳးသမီးေတြေရာ၊ အမ်ိဳးသားေတြမွာေရာ တက္စတိုစတီ႐ုန္း ေဟာ္မုန္း နည္းပါးလာပါတယ္။ ဒါ့ေၾကာင့္ ေဟာ္မုန္းပမာဏ ပုံမွန္ရွိေနေစဖို႔နဲ႕ ခႏၶာကိုယ္ရဲ႕ သဘာဝ Alarm – System ျဖစ္တဲ့ စိတ္ဖိစီးမႈေဟာ္မုန္း cortisol ကို နည္းပါးေစဖုိ႕ အတြက္ အိပ္ေရးဝဖို႔ လိုအပ္ပါတယ္။
အႏွစ္ခ်ဳပ္
မနက္ပိုင္းလိင္မႈကိစၥလုပ္ျခင္းရဲ႕ ေကာင္းက်ိဳးေတြကေတာ့ အမ်ားႀကီးပါ။ ဒီအထဲက အခ်က္ေတြကို အႏွစ္ခ်ဳပ္ျပန္ေျပာရမယ္ဆိုရင္ သင့္ရဲ႕ ခြန္အားေတြ အျမင့္ဆုံးအခ်ိန္ ျဖစ္ေနတဲ့အတြက္ လုပ္ေဆာင္ဖို႔ အေကာင္းဆုံး အခ်ိန္ ျဖစ္ေနျခင္း၊ စိတ္ဖိစီးမႈ ကင္းေဝးျခင္း၊ ကိုယ့္ရဲ႕ လက္တြဲေဖာ္နဲ႔ ရင္းႏွီးမႈ ပိုရွိလာျခင္းနဲ႔ ႏုပ်ိဳမႈကို ခံစားရႏိုင္ျခင္းတို႔ ျဖစ္ပါတယ္။ ဒါအျပင္ အလုပ္ဆင္းရတဲ့ေန႔ေတြမွာ စိတ္ဖိစီးမႈ ကင္းေဝးစြာနဲ႔ ေပ်ာ္႐ႊင္စြာနဲ႔ ေန႔တစ္ေန႔ကို စတင္ႏိုင္မွာ ျဖစ္ပါတယ္။ ေန႔တိုင္းလုပ္ေဆာင္ဖို႔က အရမ္းပင္ပန္းလြန္းေနမယ္ဆိုရင္ တစ္ပတ္ကို သုံးႀကိမ္ခန႔္ျပဳလုပ္ႏိုင္ပါတယ္။
ေရးသားသူ Arkar Hein
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

Unicode

မနက်ပိုင်းတွင် လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
........................
မနက်ပိုင်းမှာ လိင်ဆက်ဆံတာ ပိုကောင်းလား၊ ညနေပိုင်းမှာ လိင်ဆက်ဆံတာက ပိုကောင်းလားဆိုတဲ့ အငြင်းအခုံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို အငြင်းအခုံဟာ အမျိုးသားနဲ့အမျိုးသမီးတွေရဲ့ သဘာဝတရားကြောင့် ဖြစ်နေတာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသားတွေအတွက် မနက်ခင်းဟာ လိင်စိတ် အတက်ကြွဆုံးအချိန်ဖြစ်ပြီး အမျိုးသမီးတွေကျတော့ ညနေပိုင်း အိမ်ထောင်မှု ကိစ္စတွေ အားလုံးအပြီး အနားယူရတဲ့အချိန်ကို ပိုသဘောကြတတ်ကြပါတယ်။
ဒီလို အချိန်ခြားနားမှု ဘာကြောင့် ဖြစ်နေရတာလဲ။
ပထမအချက်ကတော့
တက်စတိုစတီရုန်း ဟော်မုန်းခြားနားမှု။
တက်စတို စတီရုန်းဟာ ယောက်ျားလေးတွေမှာပဲ ရှိတာ မဟုတ်ဘဲ အမျိုးသမီးတွေမှာလည်း တက်စတို စတီရုန်း ဟော်မုန်းရှိပါတယ်။ တက်စတိုစတီရုန်းနဲ့ အီစထရိုဂျင်ဟော်မုန်းတွေကို အမျိုးသမီး မျိုးဥအိမ်တွေမှ ထုပ်လုပ်ပေးတဲ့ အပြင်ခန္ဓာကိုယ်ရဲ့ အဆီတစ်ရှုးကနေလည်း အီစထရိုဂျင် ဟော်မုန်းထွက်ရှိပါသေးတယ်။ ဒီဟော်မုန်းတွေကအမျိုးသမီးတွေရဲ့ ကြီးထွားမှု၊ မျိုးပွားတစ်ရှုးများကို ပြုပြင်ထိန်းသိမ်းခြင်းနဲ့ ခန္ဓာကိုယ်ရဲ့ တစ်ရှုးတွေရဲ့ ကြီးထွားခြင်းကိုလွှမ်းမိုးနေပါတယ်။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ တက်စတိုစတီရုန်းဟော်မုန်းပမဏက မနက် ၆ နာရီမှ ၉ နာရီအတွင်းမှာ အမြင့်ဆုံးအချိန် ဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်ခင်းမှာ လိင်တံက ထောင်မတ်နေတတ်ပြီး အမျိုးသားတွေက မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းကို ပိုကြိုက်တတ်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကျတော့ မနက်ခင်းမှာ တက်စတိုစတီရုန်းဟော်မုန်းက ပမာဏ အနည်းဆုံးဖြစ်ပြီး သူတို့ရဲ့ တက်စတိုစတီရုန်း ဟော်မုန်းက ညနေပိုင်းမှာ တစ်ဖြည်းဖြည်း မြင့်တတ်သွားတာ ဖြစ်ပါတယ်။
ဟော်မုန်းစက်ဝန်းများ မတူညီခြင်း။
အမျိုးသားတွေဟာ မနက်ခင်းမှာ တက်စတိုစတီရုန်းဟော်မုန်းကွာဟမှုက ၂၅ % ကနေ ၅၀ % အထိ တစ်နေ့တွင်းချင်းမြင့်တက်နေပါတယ်။ ဒီလို ပမာဏခြားနားမှုကြောင့် မနက်ပိုင်း လိင်ဆက်ဆံချင်စိတ်ဖြစ်နေကြတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာကျတော့ တက်စတိုစတီရုန်းဟာ နေ့ချင်း သိသိသာသာပြောင်းလဲမှု မရှိဘဲ လအလယ်ပိုင်း မျိုးဥကြွေချိန်လောက်မှာသာ တက်စတိုစတီရုန်းက သိသိသာသာပြောင်းလဲမှုကို တွေ့ကြုံရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုပြောင်းလဲမှုဟာ အမျိုးသားတွေလောက် ပမာဏ မများပါဘူး။
သန့်ရှင်းမှုကြောင့်။
အမျိုးသမီး အများစုက လိင်မဆက်ဆံခင် သန့်သန့်ရှင်းရှင်း ဖြစ်နေတာကို ပိုသဘောကျကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အတွက် မနက်ပိုင်း လိင်ဆက်ဆံဖို့ဆိုတာ မနက်ပိုင်းမှာထွက်ရှိတဲ့ ခံတွင်းနံ့တွေနဲ့ လိင်အင်္ဂါများရဲ့ အနံ့များက မနက်ပိုင်း လိင်ဆက်ဆံချင်စိတ်ကိုနည်းပါးနေမှာပါ။ အမျိုးသားတွေကျတော့ အနံ့ခံနိုင်စွမ်းဟာ အမျိုးသမီးတွေလောက် အာရုံခံနိုင်စွမ်းမကောင်းတဲ့ အတွက်ကြောင့် အနံ့အသက်ကိစ္စဟာ သူ့အတွက် ပြဿနာ တစ်ရပ်မဟုတ်ပါဘူး။
ညပိုင်းလိင်ဆက်ဆံခြင်းမှာလည်း သက်ဆိုင်ရာ အကျိုးကျေးဇူးတွေ ရှိသလို မနက်ပိုင်းလိင်ဆက်ဆံခြင်းမှာလည်း အကျိုးကျေးဇူးတွေ ရှိပါတယ်။ မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းဟာ နေ့တစ်နေ့ရဲ့ အစပိုင်းမှာ စိတ်ပြေလျော့စေနိုင်ပြီး စွမ်းအင် ပမာဏကို မြင့်တက်စေနိုင်သလို စိတ်ဖိစီးမှုကိုလည်း ဖြေလျော့ပေးနိုင်ပါတယ်။ မနက်ပိုင်းမှာ လိင်ဆက်ဆံချိန် စိတ်လှုပ်ရှားမှု အကောင်းဆုံး အချိန်ရောက်ရှိခြင်း (orgasm) ဖြစ်တဲ့အခါ သင်ရဲ့ စိတ်ပိုင်းကို ပိုကြည်လင်စေသလို သင့်ရဲ့ အဖော်ဖြစ်သူနဲ့လည်း ပိုရင်းနှီးလာစေမှာ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းရဲ့ တစ်ခြားသောအကျိုးကျေးဇူးတွေကတော့
၁။ မနက်ပိုင်းမှာ ခန္ဓာကိုယ်ဟာ စွမ်းအား ပြည့်နေပါတယ်။
မနက်ပိုင်းမှာ ခန္ဓာကိုယ်ရဲ့ စွမ်းအားတွေက အမြင့်ဆုံး အချိန်ဖြစ်တဲ့အတွက် လိင်ဆက်ဆံဖို့ အသင့်တော် ဆုံးအချိန်လည်း ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ လိင်ဆက်ဆံချင်စိတ်ကို လွှမ်းမိုးနေတဲ့ တက်စတို စတီရုန်းဟော်မုန်း ပမာဏက မနက်ပိုင်း အချိန်တွေမှာ မြင့်တက်နေပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာချက်အရတွေ ဒီလိင်ဟော်မုန်း များလေလေ သင့်အနေနဲ့ စွမ်းအားပိုပြည့်ပြီး လိင်ဆက်ဆံချင်စိတ်များနေကြောင်း တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။
၂။ လိင်ဆက်ဆံချိန် ပိုပြီး ကြာမြင့်ခြင်း။
လိင်ဆက်ဆံခြင်းအပေါ်မှာ ဟော်မုန်းတွေက အများကြီး လွှမ်းမိုးနေပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်းများလေ လိင်ဆက်ဆံခြင်းက ပိုပြီး ကောင်းမွန်လေပါပဲ။ တက်စတိုစတီရုန်း ဟော်မုန်းများတဲ့အခါ ကာမရာဂစိတ်ပိုတက်ကြွပြီး လိင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပိုပြီး အားကောင်းစေနိုင်ပါတယ်။ ဒါ့အပြင် တက်စတိုစတီရုန်း ဟော်မုန်းများနေတဲ့အချိန် လိင်တံထောင်မတ်မှု အားလည်း ပိုကောင်းကြောင်းတွေ့ရှိခဲ့ကြပါတယ်။
၃။ မနက်ပိုင်းမှာ ပွေ့ဖက်ခြင်းဟော်မုန်းလို့ လူသိများတဲ့ အောက်စီတိုစင် (oxytocin) ပိုပြီး ထွက်ရှိပါတယ်။
မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းဟာ သင့်နဲ့ သင့်အဖော်ဖြစ်သူကု် ပိုပြီး ရင်းနှီးလာစေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လိင်ဆက်ဆံချိန်မှာ ပွေ့ဖက်ခြင်းဟော်မုန်းလို လူသိများတဲ့ အောက်စီတိုစင် (oxytocin) ထွက်ရှိပါတယ်။ အောက်စီတိုစင် (oxytocin) ဟာ ဦးနှောက်ထဲက
ချစ်ခြင်းနဲ့ ရင်းနှီးခြင်းကို ထိန်းချုပ်တဲ့ ဓာတုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လိင်ဆက်ဆံချိန် ဒီဟော်မုန်းထွက်ရှိတဲ့အခါမှာ သင့်အနေနဲ့ သင့်ရဲ့ လက်တွဲဖော်နဲ့ ပိုပြီး ရင်းနှီးလာမှာ ဖြစ်ပါတယ်။
၄။ စိတ်ဖိစီးမှုကိုလျော့ပါးစေတယ်။
စိတ်ဖိစီးမှုလျော့ပါးချင်ပါသလား။ မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းက စိတ်ဖိစီးမှု လျော့ပါးစေနိုင်ပါတယ်။ ပျော်ရွှင်ကြည်နှုးဖွယ်ရာ လုပ်ဆောင်မှုတွေက စိတ်ဖိစီးမှု ပမာဏကို လျော့ပါးစေနိုင်ပါတယ်။ ဒီတော့ မနက်ပိုင်း အလုပ်မသွားခင် စိတ်ဖိစီးမှု ကင်းဝေးအောင် လုပ်ဆောင်ခြင်းဖြင့် ကျန်တစ်နေ့တာ လုံးကို စိတ်ကြည်လင်စွာနဲ့ ဖြတ်သန်းနိုင်မှာလည်း ဖြစ်ပါတယ်။
၅။ အမ်ဒေါ်ဖင် (endorphins) ဟော်မုန်းကို ထွက်ရှိစေတယ်။
မနက်ပိုင်းလိင်ဆက်ဆံခြင်းဟာ အမ်ဒေါ်ဖင် (endorphins) လို့ ခေါ်တဲ့ နာကျင်မှူကို လျော့ပါးစေတဲ့ ဟော်မုန်းကို ထွက်ရှိစေတာကြောင့် သင့်အနေနဲ့ ကျန်တစ်နေ့တာလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံပြီး လိင်စိတ်အပြင်းပြဆုံးရောက်ရှိအပြီးမှာ ပျော်ရွှင်မှုကို အနည်းငယ်ခံစားရတာ ဖြစ်ပါတယ်။ ဒီတော့ သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်ထဲဒီအရာကို စတင်လုပ်ခြင်းဖြင့် ပျော်ရွှင်မှုကို ခံစားရမှာဖြစ်ပါတယ်။
၆။ ကိုယ်လက်လှုပ်ရှားမှု အသေးစားတစ်ခု ဖြစ်ပါတယ်။
သေချာတာကတော့ မနက်ပိုင်း လိင်ဆက်ဆံချိန်ဟာ မနက်ပိုင်း တစ်နာရီ အပြေးစက်ပေါ်မှာ ပြေးတာနဲ့တော့ ယှဉ်လို့ မရပေမဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခု အဖြစ် သတ်မှတ်နိုင်ပါသေးတယ်။
လိင်ဆက်ဆံချိန် တစ်မိနစ်မှာ ၅ ကယ်လိုရီ လောင်ကျွမ်းနိုင်တယ်လို့ ဟားဗတ်ဆေးကျောင်းမှ လေ့လာချက်က ဆိုထားပါတယ်။ ဒီပမာဏက လမ်းလျှောက်ချိန် ကယ်လိုရီလောင်ကျွမ်းနှုန်းနဲ့ တူညီနေပါတယ်။ ဒီတော့ မနက်ပိုင်း လိင်ဆက်ဆံခြင်းက အနည်းဆုံး ၇၅ ကယ်လိုရီလောက်တော့ လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။ ဘာအားကစားမှ မလုပ်တာထက်စာရင် ကယ်လိုရီ ၇၅ လောက် လောင်ကျွမ်းတာက ကောင်းတယ်လို့ ဆိုရမှာပါ။
၇။ ဦးနှောက်အတွက်ကောင်းမွန်ပါတယ်။
ဦးနှောက်ရဲ့ စွမ်းအားကို မြှင့်တင်ချင်တယ်ဆိုရင်တော့ မနက်ပိုင်း လိင်ဆက်ဆံခြင်းက အဖြေတစ်ခု ဖြစ်လာပါလိမ့်မယ်။ လေ့လာချက် တော်တော်များများ အရတော့ ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်နေခြင်းဟာအာရုံကြော အချက်ပြချက်တွေနဲ့ ဒိုပါမင်း (dopamine) လို့ခေါ်တဲ့ ဟော်မုန်းအပါအဝင် တစ်ခြားဟော်မုန်းများကို ထွက်ရှိစေပါတယ်။ ဒိုပါမင်း(dopamine) ဟာ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းဖြစ်ပြီး သင့်ဦးနှောက်ရဲ့ ကျန်းမာရေးနဲ့ သိစိတ်ကိုလည်း တိုးတက်စေနိုင်ပါတယ်။
၈။ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။
မနက်ပိုင်း လိင်မှု ကိစ္စလုပ်ဆောင်ခြင်းက ကိုယ်ခံအားစနစ်ကို တိုးတက်စေနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာချက် အရတော့ လိင်ဆက်ဆံခြင်းက ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ရောဂါပိုးမွှားတွေကို ခုခံတိုက်ခိုက်ပေးတဲ့ ကိုယ်ခံအား စနစ်ကို တိုးတက်စေတယ်လို့ ဆိုပါတယ်။
၉။ သင့်ကို ပိုပြီး နုပျိုစေနိုင်ပါတယ်။
မနက်ပိုင်း လိင်ဆက်ဆံခြင်းက သင့်ရဲ့ ကိုယ်ပိုင် နုပျိုနည်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်ဆက်ဆံခြင်းဟာ အောက်စီတိုစင်( oxytocin)၊ ဘီတာ အမ်ဒေါ်ဖင်း ( beta endorphins) နဲ့ တစ်ခြားသော အရောင်အရမ်းကို လျော့ပါးစေနိုင်တဲ့ ပစ္စည်းများကို ထွက်ရှိစေနိုင်လို့ပါ။ BBC ရဲ့ လေ့လာချက်တစ်ခုအရတော့ တစ်ပတ်ကို ၃ ကြိမ် လိင်ဆက်ဆံခြင်းဟာ ဒီအကြိမ်အရေတွက်လောက် လိင်မဆက်ဆံတဲ့ သူတွေထက် နှစ်ပေါင်းများစွာ နုပျိုစေနိုင်တယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ခြင်းဟာ သင့်ရဲ့ အရေပြားကျန်းမာရေး အတွက်လည်းကောင်းမွန်ပါတယ်။
မနက်ပိုင်း လိင်ဆက်ဆံနိုင်ဖို့ အတွက် နည်းလမ်းများ။
မနက်ပိုင်း လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်တယ်ဆိုပေမဲ့ သင့်စိတ်ကူးရတဲ့ အချိန်တော့ ကောက်ကာငင်ကာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ သင့်အနေနဲ့ မနက်ပိုင်း လိင်ဆံတက်ဖို့အတွက် ကြိုတင်စီစဉ်ထားဖို့လိုပါတယ်။ အခုဒီမှာတော့ Hellosayarwon ပရိတ်သတ်ကြီးအတွက် သင့်အနေနဲ့ တစ်နေ့တာ လုပ်ငန်းစဉ်အချိန်ဇယားထဲမှာ မနက်ပိုင်းလိင်ဆက်ဆံမှု လုပ်ဆောင်နိုင်ရန်အတွက် ဘယ်လိုထည့်သွင်းရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁။ အချိန်မလောက်မှာ စိုးရိမ်နေပါသလား။
မနက်ပိုင်းလိင်ဆက်ဆံခြင်းအတွက် မနက်ပိုင်းမှာ ကိုယ်လုပ်ဆောင်နေကျအရာတွေ အတွက် အချိန်မလောက်မှာ စိုးရိမ်နေပါသလား။ ဒါကို ဖြေရှင်းဖို့ နည်းလမ်းကတော့ နှိုးစက်ကို မိနစ် ၂၀ ကစလို့ ကိုယ်လိုချင်တဲ့ အချိန်အထိ တစ်နာရီလောက်အထိ Alarm ပေးထားလို့ရပြီး မနက်ပိုင်း ရေချိုးခန်းမဝင်မှာ ပြုလုပ်နိုင်ပါတယ်။
၂။ အကျိုးကျေးဇူးတွေကို အာရုံစိုက်ပါ။
အမျိုးသားတွေရော၊ အမျိုးသမီးတွေရော မနက်ပိုင်းလိင်ဆက်ဆံပြီးနောက် အလုပ်မှာ ပိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ကြကြောင်း လေ့လာချက်တွေက ဆိုပါတယ်။ ဒါ့အပြင် မနက်ပိုင်း လိင်ဆက်ဆံအပြီးမှာ vasopressin လို့ခေါ်တဲ့ သိစိတ်အပေါ် လွှမ်းမိုးနိုင်တဲ့ ဟော်မုန်းမြင့်တတ်လာပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အမျိုးသားတွေဟာသူ့ရဲ့ ကြင်ဖော် အပေါ် ပိုပြီး စိတ်ပိုင်းဆိုင်ရာရင်းနှီးမှု ပိုများလာစေနိုင်ပါတယ်။
၃။ ဖြည်းဖြည်းချင်းစတင်ပါ။
အချိန်ပေးပြီး ပွေ့ဖက်ခြင်း၊ အဖော်ဖြစ်သူကို ချီးမွမ်းခြင်း ပြုလုပ်ပါ။ အမျိုးသမီးတွေ လိင်ဆက်ဆံချင်စိတ်ကို အဓိက တားဆီးတဲ့ အရာတစ်ခုက သူမခန္ဓာကိုယ် ပုံရိပ် အပေါ် ထင်မြင်ချက်ဖြစ်တဲ့အတွက်ကြောင့် မနက်ခင်းမှာ သူမရဲ့ ပုံစံက ဘယ်လောက်လှပကြောင်း ချီးကျူးနိုင်ပါတယ်။
၄။ အိမ်ယာ စောစောဝင်ပါ။
အိပ်ရေးမဝတဲ့အခါ အမျိုးသမီးတွေရော၊ အမျိုးသားတွေမှာရော တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးလာပါတယ်။ ဒါ့ကြောင့် ဟော်မုန်းပမာဏ ပုံမှန်ရှိနေစေဖို့နဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝ Alarm – System ဖြစ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း cortisol ကို နည်းပါးစေဖို့ အတွက် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။
အနှစ်ချုပ်
မနက်ပိုင်းလိင်မှုကိစ္စလုပ်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ အများကြီးပါ။ ဒီအထဲက အချက်တွေကို အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင် သင့်ရဲ့ ခွန်အားတွေ အမြင့်ဆုံးအချိန် ဖြစ်နေတဲ့အတွက် လုပ်ဆောင်ဖို့ အကောင်းဆုံး အချိန် ဖြစ်နေခြင်း၊ စိတ်ဖိစီးမှု ကင်းဝေးခြင်း၊ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ရင်းနှီးမှု ပိုရှိလာခြင်းနဲ့ နုပျိုမှုကို ခံစားရနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ဒါအပြင် အလုပ်ဆင်းရတဲ့နေ့တွေမှာ စိတ်ဖိစီးမှု ကင်းဝေးစွာနဲ့ ပျော်ရွှင်စွာနဲ့ နေ့တစ်နေ့ကို စတင်နိုင်မှာ ဖြစ်ပါတယ်။ နေ့တိုင်းလုပ်ဆောင်ဖို့က အရမ်းပင်ပန်းလွန်းနေမယ်ဆိုရင် တစ်ပတ်ကို သုံးကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်။
ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
 


0 Comments