လိင္ဆက္ဆံခ်ိန္မွာ
နာက်င္ေနပါသလား
........................
လိင္ဆက္ဆံခ်ိန္နာက်င္ေနမယ္ဆိုရင္ သင္လည္း လိင္ဆက္ဆံခ်င္စိတ္ရွိမွာ မဟုတ္ပါဘူး။
နာက်င္ျခင္းဟာ လိင္စိတ္ဆႏၵကို နည္းပါးသြားေစပါတယ္။ ခန္႕မွန္းေျခ အရေတာ့ အမ်ိဳးသမီး
၂၀ ရာခိုင္ႏႈန္းခန္႕ဟာ ေမြးလမ္းေၾကာင္းဆိုင္ရာ နာက်င္ျခင္းကို ကိုယ္လက္မႏွီးေႏွာမီ
နမ္းရႈပ္တဲ့ အခ်ိန္မွာပဲ ျဖစ္ျဖစ္၊ ကိုယ္လက္ႏွီးေႏွာတဲ့ အခ်ိန္မွာ ပဲျဖစ္ျဖစ္
ခံစားၾကတယ္ လို႔သိရပါတယ္။ ရံဖန္ရံခါ နာက်င္တာပဲ ျဖစ္ျဖစ္၊ နာတာရွည္နာက်င္တာပဲ
ျဖစ္ျဖစ္ ဒီလို လိင္ဆက္ဆံခ်ိန္ နာက်င္ျခင္းဟာ ကူးစက္ေရာဂါ၊ မႈိေရာဂါ၊
လိင္မွတစ္ဆင့္ ကူးစက္တဲ့ ေရာဂါ ( STD) ၊ ဓာတ္မတည့္တဲ့ ေဝဒနာ၊ အာ႐ုံေၾကာမ်ား
ပ်က္စီးေနတဲ့ လကၡဏာနဲ႔ နာတာရွည္ေရာဂါတို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
သို႔ေပမဲ့ အမ်ိဳးသမီး
အမ်ားစုကေတာ့ လိင္ဆက္ဆံခ်ိန္နာက်င္ျခင္းကို အရွက္တရားေၾကာင့္၊
စိတ္ပိုင္းဆိုင္ရာေဝဒနာေၾကာင့္၊ ခံစားမႈေၾကာင့္ နာက်င္တယ္ လို႔ထင္တတ္ၾကပါတယ္။
တကယ္တမ္း လိင္ဆက္ဆံခ်ိန္နာက်င္ျခင္းဟာ က်န္းမာေရးျပႆနာေတြ ေၾကာင့္လည္း
ျဖစ္ႏိုင္ပါတယ္။ အခုဒီမွာေတာ့ လိင္ဆက္ဆံခ်ိန္ ဘာေၾကာင့္ နာက်င္ရတာလဲဆိုတဲ့
အေၾကာင္းရင္း (၆) ခ်က္ကို
Hello ဆရာ၀န္ပရိတ္သတ္ႀကီး အတြက္ ေဖာ္ျပလိုက္ပါတယ္။
၁။
ကိုယ္လက္မႏွီးေႏွာမီ နမ္းရႈပ္ျခင္းကုိ လုံေလာက္ေအာင္ မလုပ္ျခင္း။
အမ်ိဳးသမီးတစ္တစ္ေယာက္
လိင္စိတ္ဆႏၵျပင္းျပလာတဲ့ အခါမွာ အမ်ိဳးသမီး အဂၤါ ႏႈတ္ခမ္းသား၊ အမ်ိဳးသမီး
အဂၤါေစ့နဲ႔ ေမြးလမ္းေၾကာင္းတို႔ တုံ႔ျပန္လာၿပီး ေမြးလမ္းေၾကာင္းအတြင္းမွ သဘာဝ
ေခ်ာဆီ ထြက္လာပါတယ္။ ဒီေခ်ာဆီက အမ်ိဳးသမီးေတြ လိင္ဆက္ဆံခ်ိန္ နာက်င္ျခင္းမွ
ကာကြယ္ေပးႏိုင္ပါတယ္။ ဒီ သဘာဝအတိုင္းထြက္တဲ့ ေခ်ာဆီမရွိဘူးဆိုရင္
ေမြးလမ္းေၾကာင္းဆိုင္ရာ တစ္ရႈးမ်ားက ေျခာက္ေသြ႕ၿပီး အထိခံႏိုင္မွာမဟုတ္ပါဘူး။
ဒါ့ေၾကာင့္ လိင္ဆက္ဆံခ်ိန္ အခံရခက္တဲ့ ပြတ္တိုက္မႈနဲ႔ တစ္ရႈးမ်ားကို
စုတ္ၿပဲေစႏိုင္ပါတယ္။ ဒါေပမဲ့ ျဖစ္ေလ့ရွိတတ္တာက အမ်ိဳးသမီးအမ်ားစု ဟာ
လိင္ဆက္ဆံခ်ိန္ နာက်င္ေနရင္ေတာင္ ထုတ္မေျပာၾကတဲ့အတြက္ သူတို႔ရဲ႕ လက္တြဲေဖာ္က မသိဘဲ
ႏွီးေႏွာတဲ့အခါမ်ိဳးမွာေတာ့ နာက်င္မႈကို ဆိုး႐ြားေစႏိုင္ၿပီး ထပ္ျဖစ္ေစႏိုင္ပါတယ္။
သင့္အေနနဲ႔ ဒီလိုမ်ိဳးနာက်င္မႈကို ခံစားေနရမယ္ဆိုရင္ေတာ့ သားဖြားမီးယပ္ဆိုင္ရာ
ဆရာဝန္မ်ားနဲ႔ တိုင္ပင္ၿပီး နာက်င္ရျခင္း အေၾကာင္းရင္းကို အေျဖရွာသင့္ပါတယ္။
ဒါ့အျပင္ နာက်င္ျခင္းကို ေလ်ာ့ပါးေစၿပီး ခံစားမႈပိုေကာင္းေစဖို႔အတြက္
လိင္ဆက္ဆံခ်ိန္နဲ႔ ကိုယ္လက္မႏွီးေႏွာမီ နမ္းရႈပ္တဲ့ အခ်ိန္က်ရင္ ေခ်ာဆီမ်ားကို
အသုံးျပဳသင့္ပါတယ္။ ဒါအျပင္ လိင္မဆက္ဆံခင္ ကိုယ္လက္မႏွီးေႏွာမီ နမ္းရႈပ္ျခင္းကို
မိနစ္ ၃ဝ ေလာက္ အခ်ိန္ယူသင့္ပါတယ္။
၂။
ေမြးလမ္းေၾကာင္း က်ပ္ျခင္း။
အရင္တုန္းကလည္း
လိင္ဆက္ဆံခ်ိန္နာက်င္ၿပီး လက္ရွိအခ်ိန္ထိလည္း နာက်င္ေနတယ္ဆိုရင္ သင့္ရဲ႕
ေမြးလမ္းေၾကာင္းက က်ပ္ေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ လိင္ဆက္ဆံခ်ိန္နာက်င္တဲ့ အခါ
အမ်ိဳးသမီးေတြဟာ လိင္တံ ဝင္ဆန္႕ႏုိင္တဲ့ အတိုင္းအတာ ထက္ပိုၿပီး ညွစ္လိုက္ပါတယ္။
အဲ့လို ညႇစ္တဲ့ အခါမွာေတာ့ လိင္ဆက္ဆံခ်ိန္ ပိုၿပီး နာက်င္ေစပါတယ္။
ဒီလိုနာက်င္မႈကိုခံစားေနရတဲ့ အခါမွာ လိင္ပိုင္းဆိုင္ရာ နာက်င္မႈေတြကို
ေလ်ာ့နည္းေစတဲ့ ကုသမႈ နည္းလမ္းေတြရွိပါတယ္။ ဒီလို နာက်င္မႈကို ခံစားရတဲ့
အခ်ိန္မွာလည္း နာတာရွည္မျဖစ္ခင္ အရင္ ကုသသင့္ပါတယ္။
၃။ လိင္တံႀကီး
လြန္းေနျခင္း။
အမ်ိဳးသားအမ်ားစုကေတာ့
လိင္တံေသးေနလို႔ဆိုၿပီး စိုးရိမ္တတ္ၾကေပမဲ့ အမ်ိဴးသမီးအမ်ားစုကေတာ့ အမ်ိဳးသားရဲ႕
လိင္တံဟာ အရမ္းႀကီးေနေၾကာင္း ဝန္ခံတတ္ၾကပါတယ္။ အမ်ိဳးသားလိင္တံက ရွည္ေနတာပဲ
ျဖစ္ျဖစ္၊ လုံးပတ္ႀကီးေနတာပဲ ျဖစ္ျဖစ္ဆိုရင္ လိင္မႈကိစၥျပဳလုပ္ခ်ိန္မွာ
နာက်င္ေစႏိုင္ပါတယ္။ တကယ္လို႔ သင့္အေနနဲ႔ ဒီလိုအေၾကာင္းရင္းေၾကာင့္
ခံစားေနရမယ္ဆိုရင္ ဘယ္လို အေနအထားမ်ိဳးက ပိုၿပီး အဆင္ေျပေစမလဲဆိုတာကို
လိင္မႈကိစၥဆိုင္ရာ ကြၽမ္းက်င္သူေတြနဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။
၄။ ေသြးဆုံးခ်ိန္
ေရာက္သြားျခင္း။
အီစ႐ိုဂ်င္
ေဟာ္မုန္းနည္းလာတာနဲ႔ အမွ် အမ်ိဳးသမီးေတြရဲ႕ လိင္အဂၤါ ႏႈတ္ခမ္းသားေတြနဲ႔
ေမြးလမ္းေၾကာင္း တစ္ရႈးေတြဟာ ပိုၿပီး ပါးလာၿပီး သဘာဝ ေခ်ာဆီေတြလည္း
နည္းပါးသြားပါတယ္။ ဒါ့အျပင္ လူလတ္ပိုင္းအ႐ြယ္ေရာက္သြားတဲ့ အခ်ိန္မွာ
စုံတြဲအမ်ားအျပားဟာ လိင္စိတ္ဆႏၵေတြ နည္းပါးလာတဲ့အတြက္ လိင္ကိစၥေတြကို
ရပ္တန္႕လိုက္ၾကပါတယ္။ ဒီလို လိင္မႈကိစၥနည္းပါသြားတဲ့ အခါမွာေတာ့ အမ်ိဳးသမီး
ေမြးလမ္းေၾကာင္းကလည္း ပိုအားနည္းလာပါေတာ့တယ္။ သင့္အေနနဲ႔ ဒီျဖစ္စဥ္ကို
ခံစားေနရတယ္ဆိုရင္ ဆရာဝန္နဲ႔တိုင္ပင္ၿပီး ေမြးလမ္းေၾကာင္း အီစ႐ိုဂ်င္ ေဟာ္မုန္း
အစားထိုးမႈေတြ ျပဳလုပ္ႏိုင္ပါတယ္။ ေမြးလမ္းေၾကာင္းမနာက်င္ေတာ့ဘူးဆိုရင္ ေမြးလမ္းေၾကာင္းပုံမွန္
အလုပ္လုပ္ေနေစဖို႔အတြက္ ပုံမွန္ လိင္မႈကိစၥေတြ ရွိေနဖို႔လိုပါတယ္။
၅။ Vestibulitis
( အမ်ိဳးသမီး အဂၤါ နမိတ္ဝမ်ား ေရာင္ရမ္းျခင္း ) ။
အမ်ိဳးသမီးအဂၤါ
နမိတ္ဝမ်ား ေရာင္ရမ္းျခင္းဆိုတာ အမ်ိဳးသမီး ေမြးလမ္းေၾကာင္းထဲ အရာတစ္ခုခု ထည့္ဖို႔
ႀကိဳးစားတဲ့ အခ်ိန္မွာ ျပင္းထန္တဲ့ နာက်င္မႈ ခံစားရျခင္းကို ဆိုလိုတာ ျဖစ္ပါတယ္။
ဒီလို အဂၤါ နမိတ္ဝမ်ား ေရာင္ရမ္းျခင္းဟာ အမ်ိဳးသမီအဂၤါအဝနားက ပူေလာင္မႈကို
ခံစားရတဲ့ ေဝဒနာ ျဖစ္ပါတယ္။ အမ်ားစုျဖစ္တတ္တာကေတာ့ အမ်ိဳးသမီး ေမြးလမ္းေၾကာင္းရဲ႕
ေအာက္ဘက္ လျခမ္းေကြးျခမ္းနားတစ္ဝိုက္ ပူေလာင္မႈကို ခံစားရၾကပါတယ္။ ဒီလို
ေရာင္ရမ္းတဲ့ ေဝဒနာကို ခံစားေနရၿပီဆိုရင္ အမ်ိဳးသမီး အဂၤါနားတစ္ဝိုက္ နီရဲေနတာကို
ေတြ႕ရမွာ ျဖစ္ပါတယ္။ တကယ္လို႔ သင့္မွာ ဒီေဝဒနာ ခံစားေနရတယ္ဆိုရင္ သားဖြားမီးယပ္
ဆရာဝန္မ်ားနဲ႔ တိုင္ပင္ျပသသင့္ပါတယ္။
၆။ အမ်ိဳးသမီး
အဂၤါတြင္း ဝင္ေရာက္လို႔ မရျခင္း (Vaginismus) ။
ဒီလို
အမ်ိဳးသမီးအဂၤါတြင္းသို႔ ဝင္ေရာက္လို႔ မရတဲ့ ျဖစ္စဥ္ဟာ တင္ပါးဆုံ
ေအာက္ေျခႂကြက္သားမ်ား အေၾကာဆြဲတဲ့ ျဖစ္စဥ္ကို ေျပာတာ ျဖစ္ပါတယ္။ ဒီလို ျဖစ္တဲ့ အခါ
လိင္ဆက္ဆံလို႔မရႏိုင္ျခင္း၊ သားဖြားမီးယပ္ဆိုင္ရာ စစ္ေဆးမႈ ျပဳလုပ္လို႔ မရျခင္း၊
မီးယပ္လာခ်ိန္တြင္ ရာသီေသြးထိန္းရန္ ထည့္ရ ေသာအေတာင့္ (tampon) ထည့္သြင္းလို႔
မရျခင္း စတဲ့ ျဖစ္စဥ္ေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒီလို ပစၥည္းေတြကို ေမြးလမ္းေၾကာင္း
အတြင္းထည့္သြင္းတဲ့ အခါမွာ တင္ပါးဆုံေအာက္ေျခႂကြက္သားမ်ားဟာ အလိုအေလ်ာက္ ႀကဳံသြားပါတယ္။
ဒီလို ႂကြက္သားမ်ား က်ဳံ႔သြားတဲ့ အခါမွာေတာ့ နာက်င္ျခင္းနဲ႔ ယာယီ အသက္႐ူရပ္ျခင္း
ကို ျဖစ္ေစႏိုင္ပါတယ္။ ဒီ တင္ပါးဆုံ ေအာက္ေျခ ႂကြက္သားမ်ားဟာ ဆီးသြားျခင္း၊
လိင္ဆက္ဆံျခင္း၊ လိင္ဆက္ဆံခ်ိန္
အထြတ္အထိပ္ေရာက္ျခင္း၊ က်င္ႀကီးသြားျခင္းနဲ႔ ကေလးေမြးဖြားျခင္းတို႔မွာ အဓိက က်တဲ့
ႂကြက္သားေတြ ျဖစ္ပါတယ္။ မကုသဘဲ ထားမယ္ဆိုရင္ ဒီလို ႂကြက္သားမ်ားက်ဳံ႔ျခင္း
ျဖစ္စဥ္ေၾကာင့္ စိတ္ဖိစီးျခင္းျဖစ္ေစႏိုင္ပါတယ္။ တကယ္လို႔ သင့္အေနနဲ႔ ဒီေဝဒနာကို
ခံစားေနရတယ္ဆိုရင္ လိင္ပိုင္းဆိုင္ရာ အႀကံေပးေတြနဲ႔ တိုင္ပင္ၿပီး
ေမြးလမ္းေၾကာင္းထဲ ထိုးေဖာက္ဝင္ေရာက္တဲ့ အခါက်ရင္ နာက်င္ျခင္း မရွိေတာ့ ေအာင္
ကုသႏိုင္တဲ့ နည္းလမ္းေတြရွိပါတယ္။
ေရးသားသူ Arkar Hein
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ
Dr. Thurein Hlaing Win.
Unicode
လိင်ဆက်ဆံချိန်မှာ နာကျင်နေပါသလား
........................
လိင်ဆက်ဆံချိန်နာကျင်နေမယ်ဆိုရင် သင်လည်း လိင်ဆက်ဆံချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ နာကျင်ခြင်းဟာ လိင်စိတ်ဆန္ဒကို နည်းပါးသွားစေပါတယ်။ ခန့်မှန်းခြေ အရတော့ အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့်ဟာ မွေးလမ်းကြောင်းဆိုင်ရာ နာကျင်ခြင်းကို ကိုယ်လက်မနှီးနှောမီ နမ်းရှုပ်တဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ ကိုယ်လက်နှီးနှောတဲ့ အချိန်မှာ ပဲဖြစ်ဖြစ် ခံစားကြတယ် လို့သိရပါတယ်။ ရံဖန်ရံခါ နာကျင်တာပဲ ဖြစ်ဖြစ်၊ နာတာရှည်နာကျင်တာပဲ ဖြစ်ဖြစ် ဒီလို လိင်ဆက်ဆံချိန် နာကျင်ခြင်းဟာ ကူးစက်ရောဂါ၊ မှိုရောဂါ၊ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ ( STD) ၊ ဓာတ်မတည့်တဲ့ ဝေဒနာ၊ အာရုံကြောများ ပျက်စီးနေတဲ့ လက္ခဏာနဲ့ နာတာရှည်ရောဂါတို့ကြောင့် ဖြစ်နိုင်ပါတယ်။
သို့ပေမဲ့ အမျိုးသမီး အများစုကတော့ လိင်ဆက်ဆံချိန်နာကျင်ခြင်းကို အရှက်တရားကြောင့်၊ စိတ်ပိုင်းဆိုင်ရာဝေဒနာကြောင့်၊ ခံစားမှုကြောင့် နာကျင်တယ် လို့ထင်တတ်ကြပါတယ်။ တကယ်တမ်း လိင်ဆက်ဆံချိန်နာကျင်ခြင်းဟာ ကျန်းမာရေးပြဿနာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခုဒီမှာတော့ လိင်ဆက်ဆံချိန် ဘာကြောင့် နာကျင်ရတာလဲဆိုတဲ့ အကြောင်းရင်း (၆) ချက်ကို
Hello ဆရာဝန်ပရိတ်သတ်ကြီး အတွက် ဖော်ပြလိုက်ပါတယ်။
၁။ ကိုယ်လက်မနှီးနှောမီ နမ်းရှုပ်ခြင်းကို လုံလောက်အောင် မလုပ်ခြင်း။
အမျိုးသမီးတစ်တစ်ယောက် လိင်စိတ်ဆန္ဒပြင်းပြလာတဲ့ အခါမှာ အမျိုးသမီး အင်္ဂါ နှုတ်ခမ်းသား၊ အမျိုးသမီး အင်္ဂါစေ့နဲ့ မွေးလမ်းကြောင်းတို့ တုံ့ပြန်လာပြီး မွေးလမ်းကြောင်းအတွင်းမှ သဘာဝ ချောဆီ ထွက်လာပါတယ်။ ဒီချောဆီက အမျိုးသမီးတွေ လိင်ဆက်ဆံချိန် နာကျင်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒီ သဘာဝအတိုင်းထွက်တဲ့ ချောဆီမရှိဘူးဆိုရင် မွေးလမ်းကြောင်းဆိုင်ရာ တစ်ရှုးများက ခြောက်သွေ့ပြီး အထိခံနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လိင်ဆက်ဆံချိန် အခံရခက်တဲ့ ပွတ်တိုက်မှုနဲ့ တစ်ရှုးများကို စုတ်ပြဲစေနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်လေ့ရှိတတ်တာက အမျိုးသမီးအများစု ဟာ လိင်ဆက်ဆံချိန် နာကျင်နေရင်တောင် ထုတ်မပြောကြတဲ့အတွက် သူတို့ရဲ့ လက်တွဲဖော်က မသိဘဲ နှီးနှောတဲ့အခါမျိုးမှာတော့ နာကျင်မှုကို ဆိုးရွားစေနိုင်ပြီး ထပ်ဖြစ်စေနိုင်ပါတယ်။ သင့်အနေနဲ့ ဒီလိုမျိုးနာကျင်မှုကို ခံစားနေရမယ်ဆိုရင်တော့ သားဖွားမီးယပ်ဆိုင်ရာ ဆရာဝန်များနဲ့ တိုင်ပင်ပြီး နာကျင်ရခြင်း အကြောင်းရင်းကို အဖြေရှာသင့်ပါတယ်။ ဒါ့အပြင် နာကျင်ခြင်းကို လျော့ပါးစေပြီး ခံစားမှုပိုကောင်းစေဖို့အတွက် လိင်ဆက်ဆံချိန်နဲ့ ကိုယ်လက်မနှီးနှောမီ နမ်းရှုပ်တဲ့ အချိန်ကျရင် ချောဆီများကို အသုံးပြုသင့်ပါတယ်။ ဒါအပြင် လိင်မဆက်ဆံခင် ကိုယ်လက်မနှီးနှောမီ နမ်းရှုပ်ခြင်းကို မိနစ် ၃ဝ လောက် အချိန်ယူသင့်ပါတယ်။
၂။ မွေးလမ်းကြောင်း ကျပ်ခြင်း။
အရင်တုန်းကလည်း လိင်ဆက်ဆံချိန်နာကျင်ပြီး လက်ရှိအချိန်ထိလည်း နာကျင်နေတယ်ဆိုရင် သင့်ရဲ့ မွေးလမ်းကြောင်းက ကျပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံချိန်နာကျင်တဲ့ အခါ အမျိုးသမီးတွေဟာ လိင်တံ ဝင်ဆန့်နိုင်တဲ့ အတိုင်းအတာ ထက်ပိုပြီး ညှစ်လိုက်ပါတယ်။ အဲ့လို ညှစ်တဲ့ အခါမှာတော့ လိင်ဆက်ဆံချိန် ပိုပြီး နာကျင်စေပါတယ်။ ဒီလိုနာကျင်မှုကိုခံစားနေရတဲ့ အခါမှာ လိင်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို လျော့နည်းစေတဲ့ ကုသမှု နည်းလမ်းတွေရှိပါတယ်။ ဒီလို နာကျင်မှုကို ခံစားရတဲ့ အချိန်မှာလည်း နာတာရှည်မဖြစ်ခင် အရင် ကုသသင့်ပါတယ်။
၃။ လိင်တံကြီး လွန်းနေခြင်း။
အမျိုးသားအများစုကတော့ လိင်တံသေးနေလို့ဆိုပြီး စိုးရိမ်တတ်ကြပေမဲ့ အမျိူးသမီးအများစုကတော့ အမျိုးသားရဲ့ လိင်တံဟာ အရမ်းကြီးနေကြောင်း ဝန်ခံတတ်ကြပါတယ်။ အမျိုးသားလိင်တံက ရှည်နေတာပဲ ဖြစ်ဖြစ်၊ လုံးပတ်ကြီးနေတာပဲ ဖြစ်ဖြစ်ဆိုရင် လိင်မှုကိစ္စပြုလုပ်ချိန်မှာ နာကျင်စေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီလိုအကြောင်းရင်းကြောင့် ခံစားနေရမယ်ဆိုရင် ဘယ်လို အနေအထားမျိုးက ပိုပြီး အဆင်ပြေစေမလဲဆိုတာကို လိင်မှုကိစ္စဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
၄။ သွေးဆုံးချိန် ရောက်သွားခြင်း။
အီစရိုဂျင် ဟော်မုန်းနည်းလာတာနဲ့ အမျှ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါ နှုတ်ခမ်းသားတွေနဲ့ မွေးလမ်းကြောင်း တစ်ရှုးတွေဟာ ပိုပြီး ပါးလာပြီး သဘာဝ ချောဆီတွေလည်း နည်းပါးသွားပါတယ်။ ဒါ့အပြင် လူလတ်ပိုင်းအရွယ်ရောက်သွားတဲ့ အချိန်မှာ စုံတွဲအများအပြားဟာ လိင်စိတ်ဆန္ဒတွေ နည်းပါးလာတဲ့အတွက် လိင်ကိစ္စတွေကို ရပ်တန့်လိုက်ကြပါတယ်။ ဒီလို လိင်မှုကိစ္စနည်းပါသွားတဲ့ အခါမှာတော့ အမျိုးသမီး မွေးလမ်းကြောင်းကလည်း ပိုအားနည်းလာပါတော့တယ်။ သင့်အနေနဲ့ ဒီဖြစ်စဉ်ကို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး မွေးလမ်းကြောင်း အီစရိုဂျင် ဟော်မုန်း အစားထိုးမှုတွေ ပြုလုပ်နိုင်ပါတယ်။ မွေးလမ်းကြောင်းမနာကျင်တော့ဘူးဆိုရင် မွေးလမ်းကြောင်းပုံမှန် အလုပ်လုပ်နေစေဖို့အတွက် ပုံမှန် လိင်မှုကိစ္စတွေ ရှိနေဖို့လိုပါတယ်။
၅။ Vestibulitis ( အမျိုးသမီး အင်္ဂါ နမိတ်ဝများ ရောင်ရမ်းခြင်း ) ။
အမျိုးသမီးအင်္ဂါ နမိတ်ဝများ ရောင်ရမ်းခြင်းဆိုတာ အမျိုးသမီး မွေးလမ်းကြောင်းထဲ အရာတစ်ခုခု ထည့်ဖို့ ကြိုးစားတဲ့ အချိန်မှာ ပြင်းထန်တဲ့ နာကျင်မှု ခံစားရခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို အင်္ဂါ နမိတ်ဝများ ရောင်ရမ်းခြင်းဟာ အမျိုးသမီအင်္ဂါအဝနားက ပူလောင်မှုကို ခံစားရတဲ့ ဝေဒနာ ဖြစ်ပါတယ်။ အများစုဖြစ်တတ်တာကတော့ အမျိုးသမီး မွေးလမ်းကြောင်းရဲ့
အောက်ဘက် လခြမ်းကွေးခြမ်းနားတစ်ဝိုက် ပူလောင်မှုကို ခံစားရကြပါတယ်။ ဒီလို ရောင်ရမ်းတဲ့ ဝေဒနာကို ခံစားနေရပြီဆိုရင် အမျိုးသမီး အင်္ဂါနားတစ်ဝိုက် နီရဲနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ ဒီဝေဒနာ ခံစားနေရတယ်ဆိုရင် သားဖွားမီးယပ် ဆရာဝန်များနဲ့ တိုင်ပင်ပြသသင့်ပါတယ်။
၆။ အမျိုးသမီး အင်္ဂါတွင်း ဝင်ရောက်လို့ မရခြင်း (Vaginismus) ။
ဒီလို အမျိုးသမီးအင်္ဂါတွင်းသို့ ဝင်ရောက်လို့ မရတဲ့ ဖြစ်စဉ်ဟာ တင်ပါးဆုံ အောက်ခြေကြွက်သားများ အကြောဆွဲတဲ့ ဖြစ်စဉ်ကို ပြောတာ ဖြစ်ပါတယ်။ ဒီလို ဖြစ်တဲ့ အခါ လိင်ဆက်ဆံလို့မရနိုင်ခြင်း၊ သားဖွားမီးယပ်ဆိုင်ရာ စစ်ဆေးမှု ပြုလုပ်လို့ မရခြင်း၊ မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရ သောအတောင့် (tampon) ထည့်သွင်းလို့ မရခြင်း စတဲ့ ဖြစ်စဉ်တွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ပစ္စည်းတွေကို မွေးလမ်းကြောင်း အတွင်းထည့်သွင်းတဲ့ အခါမှာ တင်ပါးဆုံအောက်ခြေကြွက်သားများဟာ အလိုအလျောက် ကြုံသွားပါတယ်။ ဒီလို ကြွက်သားများ ကျုံ့သွားတဲ့ အခါမှာတော့ နာကျင်ခြင်းနဲ့ ယာယီ အသက်ရူရပ်ခြင်း ကို ဖြစ်စေနိုင်ပါတယ်။ ဒီ တင်ပါးဆုံ အောက်ခြေ ကြွက်သားများဟာ ဆီးသွားခြင်း၊ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံချိန်
အထွတ်အထိပ်ရောက်ခြင်း၊ ကျင်ကြီးသွားခြင်းနဲ့ ကလေးမွေးဖွားခြင်းတို့မှာ အဓိက ကျတဲ့ ကြွက်သားတွေ ဖြစ်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် ဒီလို ကြွက်သားများကျုံ့ခြင်း ဖြစ်စဉ်ကြောင့် စိတ်ဖိစီးခြင်းဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီဝေဒနာကို ခံစားနေရတယ်ဆိုရင် လိင်ပိုင်းဆိုင်ရာ အကြံပေးတွေနဲ့ တိုင်ပင်ပြီး မွေးလမ်းကြောင်းထဲ ထိုးဖောက်ဝင်ရောက်တဲ့ အခါကျရင် နာကျင်ခြင်း မရှိတော့ အောင် ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

0 Comments