Last post

အျဖစ္မ်ားတဲ့ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါ (၁၄) မ်ဳိးအေၾကာင္း သိေကာင္းစရာ



အျဖစ္မ်ားတဲ့ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါ (၁၄) မ်ဳိးအေၾကာင္း သိေကာင္းစရာ

........................
လိင္မွ တစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြ ဆုိတာ လိင္မႈကိစၥလုပ္ေနတဲ့ သူတုိင္း၊ လိင္မႈ ကိစၥလုပ္ေဆာင္ဖုိ႕ စဥ္းစားေနတဲ့ လူတုိင္း သိသင့္တဲ့ ေရာဂါေတြပါ။ ဘာေၾကာင့္လည္းဆုိေတာ့ ကၽြန္ေတာ္တုိ႕ ျမန္မာႏုိင္ငံလုိ ႏုိင္ငံမွာ ဒီေရာဂါေတြ ျဖစ္ပြားလာရင္ လူအမ်ားက ကုသဖုိ႕ ရွက္ေၾကာက္တတ္ၾကပါတယ္။ ဒါ့အျပင္ STD တစ္ခ်ုိ႕က ေဆးဝါးနဲ႕ လုံးဝေပ်ာက္ကင္းေအာင္ကုသလုိ႕မရပါဘူး။ ဒါ့ေၾကာင့္ ေရာဂါေတြကုိ ေသခ်ာသိရွိၿပီး ႀကဳိတင္ကာကြယ္မႈေတြ ျပဳလုပ္ၿပီးမွ အႏၱရာယ္ကင္းတဲ့ လိင္ဆက္ဆံမႈကုိ ျပဳလုပ္သင့္ပါတယ္။ ဒီလုိ အႏၱရာယ္ကင္းတဲ့ လိင္ဆက္ဆံမႈ ျပဳလုပ္ႏုိင္ဖုိ႕အတြက္ Hello sayarwon ပရိတ္သတ္ႀကီးအတြက္ အေတြ႕ရမ်ားတဲ့ လိင္မွတစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD) ၁၄ မ်ဳိးအေၾကာင္းေဖာ္ျပေပးလုိက္ပါတယ္။

၁။ လိင္အဂၤါ အသားပို (HPV)

ဒီ လိင္အဂၤါ အသားပို ေရာဂါဟာ လိင္မဆက္ဆံဘဲနဲ႔လည္း ကူးစက္ႏိုင္ပါတယ္။ လိင္အဂၤါ အသားပို ကိုျဖစ္ေစတဲ့ Human papillomavirus (HPV) ဟာ အေတြ႕ရမ်ားတဲ့ ကူးစက္ဗိုင္းရပ္စ္ ျဖစ္ၿပီး AIDS ကိုျဖစ္ေစတဲ့ HIV ဗိုင္းရပ္စ္နဲ႔ ေရယုန္ကို ျဖစ္ေစတဲ့ herpes simplex virus (HSV) တို႔နဲ႔ မတူပါဘူး။ လိင္အဂၤါ အသားပိုကုိ HPV ရွိတဲ့လူနဲ႔ ေမြးလမ္းေၾကာင္း၊ စအိုနဲ႔ ပါးစပ္တို႔ျဖင့္ လိင္ဆက္ဆံရာမွ ကူးစက္ႏိုင္ပါတယ္။ ဒါေပမဲ့ အေရျပားခ်င္းထိေတြ႕ရင္လည္း HPV ကူးစက္ႏိုင္ပါေသးတယ္။ HPV ကူးစက္ခံရရင္ လိင္အဂၤါအသားပို ျဖစ္ေစႏိုင္ၿပီး ပုံမွန္အားျဖင့္ အႏၲရာယ္မရွိေပမဲ့ တစ္ခ်ိဳ႕ေသာ အသားပိုေတြက သားအိမ္ေခါင္းကင္ဆာနဲ႔ စအိုကင္ဆာကို ျဖစ္ေစႏိုင္ပါတယ္။ ဒီလိုမ်ိဳးမျဖစ္ေအာင္ ကာကြယ္ဆးေတြနဲ႔ ကုသႏိုင္ပါတယ္။

ေရာဂါလကၡဏာမ်ား။

ပန္းေဂၚဖီ နဲ႔ တူတဲ့ ပန္းေရာင္ (သို႔) အသားေရာင္ရွိ အသားပိုေတြ ထြက္လာႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ လကၡဏာ မေပၚတတ္ပါဘူး။
၂။ ဆီးခုံေမႊးသန္းမ်ား (Crabs)။

Crabs ဆိုတာ ဆီးခုံေမႊးမွာ ေနထိုင္တဲ့ သန္းမ်ားကို ေခၚတာ ျဖစ္ပါတယ္။ ဒီသန္းေတြဟာ ဆံပင္နဲ႔ တစ္ျခား ခႏၶာကိုယ္အေမႊးေတြမွာ ေနထိုင္တဲ့ သန္းမ်ားနဲ႔ ပုံစံမတူဘဲ ကမ္းေျခမွာ ေတြ႕ရတဲ့ ဂဏန္းေလးေတြနဲ႔ ပိုတူပါတယ္။ ဒီသန္းေတြဟာ ခႏၶာကိုယ္ လိင္အဂၤါနားတစ္ဝိုက္က အေမႊးမ်ားမွာ ေနထိုင္ၿပီး ေသြးကိုေသာက္သုံးကာ အသက္ရွင္ၾကပါတယ္။ ဆီးခုံေမႊးသန္းေတြဟာ လိင္ဆက္ဆံခ်ိန္ ကူးစက္လြယ္ၿပီး လူတစ္ေယာက္ဆီးခုံေမႊးကေန ေနာက္လူတစ္ေယာက္ထံ ကူးသြားတတ္ၾကပါတယ္။ ဒါေပမဲ့ ဒီသန္းေတြကို သတ္ဖို႔ အင္မတန္လြယ္ၿပီး ေဆးဆိုင္ေတြက လိမ္းေဆးေတြနဲ႔ ကုသႏုိင္ပါတယ္။

ေရာဂါလကၡဏာမ်ား။

အျပင္းအထန္ ယားယံျခင္း၊ ဆီးခုံေမႊးမွာ သန္းမ်ားနဲ႔ ဥေသးေသးေလးမ်ားကို ေတြ႕ရျခင္း။
၃။ ဝဲနာ (Scabies)။

ဝဲဆိုတာကေတာ့ Sarcoptes scabiei လို႔ေခၚတဲ့ အေကာင္ေလးမ်ား အရည္ျပား အေပၚဆုံး အလႊာမွာ ေနထိုင္တဲ့ အခါ ျဖစ္ေပၚတဲ့ ယားယံမႈကို ေခၚတာ ျဖစ္ပါတယ္။ ဒီအေကာင္ေလးေတြ အေရျပားကို ဥဥဖို႔ တူးတဲ့ အခါမွာ အေရျပား အလြန္အမင္းယားယံျခင္းကို ျဖစ္ေစႏိုင္ၿပီး အနီကြက္မ်ားကို ျဖစ္ေစႏိုင္ပါတယ္။ ဒါဟာ အၿမဲတမ္းလိင္မွ တစ္ဆင့္ကူးစက္တာ မဟုတ္ဘဲ အေရျပားနဲ႔ ထိေတြ႕ရာမွလည္း ကူးစက္ႏိုင္ပါတယ္။ သို႔ေပမဲ့ လူငယ္အမ်ားစုမွာေတာ့ ဝဲနာဟာ လိင္ဆက္ဆံရာမွ ကူးစက္ႏိုင္ပါတယ္။ ဝဲနာေတြကို လိမ္းေဆးေတြနဲ႔ ေပ်ာက္ကင္းေအာင္ကုသႏိုင္ပါတယ္။

ေရာဂါလကၡဏာမ်ား။

အထူးသျဖင့္ ညဘက္တြင္း အျပင္းအထန္ယားယံၿပီး အေရျပားေပၚ အနီကြက္မ်ားေပၚျခင္း
(ေရာဂါ လကၡဏာေတြ ေပၚဖို႔ အတြက္ အနည္းဆုံး ၂ ပတ္ကေန ၆ ပတ္ အထိ ၾကာျမင့္ႏိုင္ပါတယ္။)
၄။ ဆီးပူေညာင္းက် (ကာလသားေရာဂါ) Gonorrhea။

ဆီးပူေညာင္းက်ေရာဂါကလည္း အလြယ္တကူ ကူးစက္ႏိုင္ၿပီး မကုသဘဲ ထားမယ္ဆိုရင္
အမ်ိဳးသားမ်ားေရာ၊ အမ်ိဳးသမီးမ်ားကိုပါ ၿမဳံသြားသည္ အထိ ျဖစ္ေစႏိုင္ပါတယ္။ ပဋိဇီဝေဆးေတြက ဆီးပူေညာင္းက် ေရာဂါကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

ေရာဂါလကၡဏာမ်ား။

အေတြ႕ရမ်ားတဲ့ ေရာဂါလကၡဏာေတြက ဆီးသြားခ်ိန္ ပူစပ္ျခင္းနဲ႔ ျပည္ထြက္ျခင္းတို႔ကို ျဖစ္ေစႏိုင္ၿပီး အစပိုင္းမွာေတာ့ ေရာဂါလကၡဏာေတြကို ေတြ႕ရမွာ မဟုတ္ပါဘူး။ ေနာက္ပိုင္းမွာေတာ့ ဒီကူးစက္ေရာဂါဟာ အေရျပားမွာ အနီကြက္မ်ားကို ျဖစ္ေစႏိုင္ၿပီး ေနာက္မွာေတာ့ အဆစ္အျမစ္ေတြနဲ႔ ေသြးထဲကို ပ်ံ႕ႏွံ႔သြားႏိုင္ပါတယ္။

ေယာက္်ားေလးေတြမွာေတာ့ လိင္တံမွ ျပည္ထြက္ျခင္းနဲ႔ ေဝွးေစ့တို႔ ေရာင္ကိုင္းျခင္း၊

အမ်ိဳးသမီးေတြမွာေတာ့ အမ်ိဳးသမီးေမြးလမ္းေၾကာင္းမွ ျပည္ထြက္ျခင္း၊ တင္ပါးဆုံအ႐ိုးမ်ားနာက်င္ျခင္းနဲ႔ ဓမၼတာ မလာခင္ ေသြးဆင္းျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။ ဒီလကၡဏာေတြဟာ သိပ္မျပင္းထန္တဲ့ အတြက္ အမ်ိဳးသမီးေတြဟာ ဆီးလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါ၊ ေမြးလမ္းေၾကာင္း ကူးစက္ေရာဂါတို႔နဲ႔ အၿမဲတမ္းမွားတတ္ၾကပါတယ္။
၅။ ဆစ္ဖလစ္ကာလသားေရာဂါ။ (Syphilis)

လူအမ်ားစုက ဆစ္ဖလစ္ေရာဂါရဲ႕ အေစာပိုင္း ေရာဂါလကၡဏာေတြကို သတိမထားမိၾကပါဘူး။ ဆစ္ဖလစ္ရစ္ေရာဂါကို မကုသဘဲထားမယ္ဆိုရင္ သြက္ခ်ာပါဒျဖစ္ျခင္း၊ မ်က္လုံးကန္းျခင္းနဲ႔ ေသဆုံးသည္အထိ ျဖစ္ေစႏိုင္ပါတယ္။ ဆစ္ဖလစ္ေရာဂါကို ပဋိဇီဝေဆးေတြနဲ႔ ကုသလို႔ရပါတယ္။

ေရာဂါလကၡဏာမ်ား။

ပထမဆုံး လကၡဏာအေနနဲ႔ လိင္အဂၤါ (သို႔) စအိုနားမွာ မနာက်င္တဲ့ အနာဝိုင္းေလး တစ္ခုကိုေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီအနာေလးနဲ႔ တိုက္႐ိုက္ထိတဲ့ လူတိုင္းကို ဆစ္ဖလစ္ ကူးစက္မွာလည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေျခဖဝါး၊ လက္ဝါးနဲ႔ တစ္ျခားေသာ ခႏၶာကိုယ္အစိတ္အပိုင္းေတြမွာလည္း အနီကြက္ေတြကို ေတြ႕လာရမွာ ျဖစ္တဲ့ အျပင္ ဂလင္းမ်ားေရာင္ကိုင္းလာျခင္း၊ ဖ်ားနာျခင္း၊ ဆံပင္ကြၽတ္ျခင္းနဲ႔ ေမာပန္းျခင္းတို႔ကိုလည္း ခံစားလာရမွာ ျဖစ္ပါတယ္။ ဆစ္ဖလစ္ေရာဂါရဲ႕ ေနာက္ဆုံးအဆင့္မွာေတာ့ ခႏၶာကိုယ္ အေရးႀကီး အဂၤါေတြ ျဖစ္တဲ့ ႏွလုံး၊ ဦးေႏွာက္၊ အသည္း၊ နာဗ္ေၾကာမ်ားနဲ႔ မ်က္လုံးတို႔ကို ထိခိုက္ေစမွာ ျဖစ္ပါတယ္။
၆။ Chlamydia ေရာဂါ (မ်ိဳးပြားအဂၤါမ်ားကို ထိခိုက္ေစႏိုင္ေသာေရာဂါ)။

Chlamydia trachomatis ဆိုတဲ့ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ရတဲ့ Chlamydia ေရာဂါဟာ အေတြ႕ရမ်ားတဲ့ STD ေရာဂါျဖစ္ၿပီး အမ်ိဳးသားေရာ၊ အမ်ိဳးသမီးမ်ားကို ပါကူးစက္ႏိုင္ပါတယ္။ အမ်ိဳးသမီးေတြဟာ Chlamydia ေရာဂါ ကို သားအိမ္ေခါင္း၊ စအိုလမ္းေၾကာင္းနဲ႔ လည္ပင္းတို႔မွာ ကူးစက္ႏိုင္ၿပီး အမ်ိဳးသားေတြက်ေတာ့ ဆီးလမ္းေၾကာင္း၊ စအိုလမ္းေၾကာင္းနဲ႔ လည္ပင္းတို႔မွာ ကူးစက္ခံရႏိုင္ပါတယ္။ Chlamydia ေရာဂါကို ပါးစပ္ျဖင့္ေသာ္လည္းေကာင္း၊ ေမြးလမ္းေၾကာင္း ျဖင့္ေသာ္လည္းေကာင္း၊ စအိုျဖင့္ေသာ္လည္းေကာင္း ေရာဂါရွိတဲ့လူနဲ႔ လိင္ဆက္ဆံရင္ ကူးစက္ခံရႏိုင္ပါတယ္။ သေႏၶသားေတြအေနနဲ႔လည္း မိခင္ျဖစ္သူက Chlamydia ေရာဂါရွိမယ္ဆိုရင္ ကူးစက္ခံရႏိုင္ပါတယ္။

ေရာဂါလကၡဏာမ်ား။

Chlamydia ဟာ ပုံမွန္အားျဖင့္ အေစာပိုင္းမွာ ေရာဂါ လကၡဏာေတြ ျပေလ့မရွိပါဘူး။ ဒါေပမဲ့ ေရာဂါကူးစက္ခံရၿပီး ရက္သတၱပါတ္ ၁ ပါတ္မွ ၃ ပတ္အတြင္းၾကာတဲ့ အခါ အမ်ိဳးသမီးေတြမွာ ေမြးလမ္းေၾကာင္းမွ အနံ႔ျပင္းတဲ့ ျပည္မ်ား စီးဆင္းျခင္း၊ ဆီးသြားခ်ိန္ပူစပ္ျခင္း၊ လိင္ဆက္ဆံခ်ိန္ နာက်င္ျခင္း၊ ဝမ္းဗိုက္ေအာက္ဘက္ပိုင္းနာက်င္ျခင္း၊ ပ်ိဳ႕အန္ျခင္းနဲ႔ အဖ်ားေရာဂါတို႔ျဖစ္ႏိုင္ပါတယ္။

အမ်ိဳးသားေတြမွာေတာ့ လိင္တံမွ ျပည္ထြက္ျခင္း၊ ဆီးသြားခ်ိန္ ပူစက္ျခင္း၊ လိင္တံအဝနား ပူစပ္ၿပီး ယားယံျခင္းနဲ႔ ေဝွးေစ့ တစ္လုံး (သို႔ ) ႏွစ္လုံးလုံး ေရာင္ကိုင္း နာက်င္လာျခင္း (ေဝွးေစ့ ေရာင္ကိုင္းျခင္းကေတာ့ အေတြ႕ရနည္းပါတယ္။) တကယ္လို႔ Chlamydia က စအိုလမ္းေၾကာင္းမွာ ကူးစက္ခံရမယ္ဆိုရင္ စအိုအိမ္နာက်င္ျခင္း၊ ျပည္ထြက္ျခင္းနဲ႔ ေသြးထြက္ျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။ Chlamydia ကို ေစာေစာသိၿပီး မကုသရင္ ၿမဳံသည္ အထိ ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမဲ့ Chlamydia ရဲ႕ ေရာဂါ လကၡဏာေတြက သိပ္မသိတဲ့ အတြက္ ေရာဂါ ကူးစက္ခံရေနမွန္းေတာင္ လူေတာ္ေတာ္မ်ားမ်ား မသိၾကပါဘူး။ သိလို႔ ကုသမယ္ဆိုရင္ေတာ့ ပဋိဇီဝေဆးမ်ားနဲ႔ ကုသႏိုင္ပါတယ္။
၇။ ေရယုန္ကို ျဖစ္ေစတဲ့ herpes simplex virus (HSV) အမ်ိဳးအစား ၁။

ပါးစပ္နားတစ္ဝိုက္မွာ ေရယုန္နာေတြ ေပါက္ျခင္းဟာ HSV ဗိုင္းရပ္စ္ အမ်ိဳးအစား ၁ ေၾကာင့္ ျဖစ္ေနတာ ျဖစ္ႏိုင္ပါတယ္။ ဒီဗိုင္းရပ္စ္ဟာ လိင္မွသာ ကူးစက္တတ္တဲ့ ေရာဂါ မဟုတ္ဘဲ ႏႈတ္ခမ္းျခင္း နမ္းရာမွလည္း ကူးစက္ႏိုင္ပါတယ္။ ဒါေပမဲ့ ဒီဗိုင္းရပ္စ္ဟာ ေရာဂါရွိေနတဲ့ လူရဲ႕ လိင္အဂၤါကို ပါးစပ္နဲ႔ ထိေတြ႕ရမွလည္း ကူးစက္ႏိုင္သလို လိင္အဂၤါခ်င္းထိေတြ႕ရာမွလည္း ကူးစက္ႏိုင္ပါတယ္။ ေရယုန္ကို ကုသလို႔ မရေပမဲ့ ေဆးဝါးမ်ားနဲ႔ ေရာဂါ သက္သာလာေအာင္ ကုသလို႔ေတာ့ရပါတယ္။

ေရာဂါလကၡဏာမ်ား။

ႏႈတ္ခမ္းတြင္ ေရယုန္နာမ်ားေပါက္ျခင္း။ လိင္အဂၤါမ်ားတြင္ ေရယုန္နာမ်ား ေပါက္ပြားျခင္း။
၈။ ေရယုန္ကို ျဖစ္ေစတဲ့ herpes simplex virus (HSV) အမ်ိဳးအစား ၂ ။

လိင္အဂၤါမွာ ေရယုန္ေပါက္ျခင္းဟာ မ်ားေသာအားျဖင့္ HSV ဗိုင္းရစ္ပ္ ၂ ေၾကာင့္ ျဖစ္ပြားတာ ျဖစ္ပါတယ္။ ဒီဗိုင္းရပ္စ္ဟာ အလြယ္တကူ ကူးစက္ႏိုင္ၿပီး လိင္ဆက္ဆံရာမွ ျဖစ္ေစ၊ ေရယုန္ကို တိုက္႐ိုက္ထိေတြ႕ရာမွ ျဖစ္ေစ ကူးစက္ႏိုင္ပါတယ္။ HSV -1 လိုပဲ ဒီေရာဂါကို ကုသႏိုင္တဲ့ ေဆးမရွိပါဘူး။ ဒါေပမဲ့ ဗိုင္းရပ္စ္သတ္ေဆးမ်ားက အနာမ်ားကို နည္းပါးေစၿပီး ေရာဂါ လကၡဏာေတြကို သက္သာေစႏိုင္ပါတယ္။

ေရာဂါလကၡဏာမ်ား။

လိင္အဂၤါမ်ား၊ စအို၊ ေပါင္နဲ႔ တင္ပါးတို႔တြင္ နာက်င္ၿပီး အရည္မ်ားရွိေသာ ေရယုန္နာ မ်ား ေပါက္ျခင္း၊ ဒီအနာေတြကို ပါးစပ္နဲ႔ ထိေတြ႕ရင္ ကူးစက္ႏိုင္ပါတယ္။
၉။ အသည္းေရာင္ B ေရာဂါ။

အသည္းေရာင္ B ဗိုင္းရပ္စ္ဟာ ေသြး (သို႔မဟုတ္) ခႏၶာကိုယ္ထြက္ တစ္ျခား အရည္မ်ားမွ ကူးစက္ႏိုင္ၿပီး အသည္းကို ျပင္းထန္စြာ ပ်က္ဆီးေစႏိုင္ပါတယ္။ ဒီေရာဂါကို လိင္ဆက္ဆံျခင္းျဖင့္ေသာ္လည္းေကာင္း၊ ေဆးထိုးအပ္ အတူတကြ သုံးျခင္းျဖင့္ေသာ္လည္းေကာင္း၊ ဘလိတ္ဓားနဲ႔ သြားတိုက္တံမ်ား ေဝမွ် သုံးစြဲျခင္းျဖင့္ေသာ္လည္းေကာင္း ကူးစက္ႏိုင္ပါတယ္။
ဒါ့အျပင္ မိခင္မွာ ေရာဂါရွိေနရင္ ကေလးထံသို႔လည္း ကူးစက္ေစႏိုင္ပါတယ္။ ဒီဗိုင္းရပ္စ္ကို ကုသဖို႔ နည္းမရွိေပမဲ့ ေရာဂါလကၡဏာေတြကို ထိန္းသိမ္းေပးဖို႔အတြက္ ေဆးေတြေတာ့ ရွိပါတယ္။ ဒါ့အျပင္ ဒီဗိုင္းရပ္စ္ကို ႀကိဳတင္ကာကြယ္ဖို႔ အတြက္ေတာ့ အစြမ္းထက္တဲ့ ကာကြယ္ေဆးေတြ ရွိပါတယ္။

ေရာဂါလကၡဏာမ်ား။

ဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ သူေတြဟာ ပ်ိဳ႕အန္ျခင္း၊ ဝမ္းဗိုက္နာက်င္ျခင္း၊ ဆီးအနက္မ်ားသြားျခင္း၊ ေရာဂါျပင္းထန္လာတဲ့အခါ အသားေရနဲ႔ မ်က္လုံးမ်ားဝါလာျခင္း တို႔ ျဖစ္ေစႏိုင္ပါတယ္။ နာတာရွည္ျဖစ္သြားမယ္ဆိုရင္ အသည္းကြၽတ္ဆတ္လာျခင္းနဲ႔ အသည္းကင္ဆာတို႔ကို ျဖစ္ေစႏိုင္ပါတယ္။ ေရာဂါကူးစက္ခံထားရတဲ့ လူအမ်ားစုမွာေတာ့ ေရာဂါလကၡဏာဟာ ႏွစ္ေပါင္းမ်ားစြာ ၾကာတဲ့ အထိ ေပၚေလ့မရွိပါဘူး။
၁၀။ HIV/AIDS။

ဒီေရာဂါကေတာ့ လူသိအမ်ားဆုံးနဲ႔ လူအမ်ား အေၾကာက္ၾကဆုံးေရာဂါတစ္ခုပါ။ ဒါေပမဲ့ ဒီဗိုင္းရပ္စ္နာမည္နဲ႔ ေရာဂါအမည္ကို လူေတာ္ေတာ္မ်ားမ်ားေရာတတ္ၾကတဲ့ အတြက္ ကြၽန္ေတာ္ ဒီအပိုင္းေလးမွာ ေသခ်ာရွင္းလင္းေအာင္ေဖာ္ျပေပးသြားပါမယ္။ HIV ဆိုတာ human immunodeficiency virus ရဲ႕ အတိုေကာက္ျဖစ္ၿပီး ခႏၶာကိုယ္ခံအားစနစ္ကို တိုက္ခိုက္တဲ့
ဗိုင္းရပ္စ္ျဖစ္ပါတယ္။ ဒီအတိုင္းထားမယ္ဆိုရင္ လူတစ္ေယာက္ရဲ႕ ကိုယ္ခံအားစနစ္ကို လုံးဝပ်က္ဆီးသြားေအာင္ ဖ်က္ဆီးပစ္ႏိုင္ပါတယ္။

AIDS ဆိုတာေတာ့ ေရာဂါ နာမည္ျဖစ္ၿပီး HIV ဗိုင္းရပ္စ္ကူးစက္ျခင္းေၾကာင့္ ျဖစ္လာတဲ့ ေရာဂါလကၡဏာစုကိုေခၚတာျဖစ္ပါတယ္။ AIDS ရဲ႕ အရွည္ေကာက္ကေတာ့ acquired immune deficiency syndrome လို႔ေခၚပါတယ္။

HIV ဟာ ခႏၶာကိုယ္က ဖ်ားနာမႈေတြ၊ ေရာဂါပိုးေတြကို သဘာဝအတိုင္းတိုက္ဖ်က္ေပးတဲ့ ကိုယ္ခံအား စနစ္ကို တိုက္ခိုက္တဲ့ ဗိုင္းရပ္စ္ျဖစ္ပါတယ္။ ဒီ HIV ဗိုင္းရပ္စ္ဟာ CD4 cells လို႔ေခၚတဲ့ ကိုယ္ခံအားစနစ္ အတြင္းက ေသြးျဖဴဥဆဲလ္ေတြကို တိုက္ခိုက္ပါတယ္။ ဒီဆဲလ္ေတြကို T-helper cell လို႔လည္း ေခၚၿပီး HIV ဗိုင္းရပ္စ္က ဒီဆဲလ္ေတြရဲ႕ ပုံစံတူျပဳလုပ္ၿပီး ဒီဆဲလ္ေတြ အတြင္းမွာ နထိုင္ျခင္းျဖင့္ တိုက္ခိုက္ပါတယ္။ HIV ဗိုင္းရပ္စ္ေတြက CD4 ဆဲလ္ေတြကို တိုက္ခိုက္ဖ်က္ဆီးၿပီး ပုံစံတူလုပ္တာမ်ားလာေလ လူတစ္ေယာက္ရဲ႕ ကိုယ္ခံအား စနစ္က ခ်ိဳ႕ယြင္းလာေလပါပဲ။ ဒီေတာ့ HIV ဗိုင္းရပ္စ္ရွိၿပီး ဘာကုသမႈမွ မခံယူထားတဲ့သူေတြဟာ ေရာဂါပိုးေတြနဲ႔ ကူးစက္ေရာဂါေတြကို တိုက္ခိုက္ဖို႔ ပိုခက္ခဲလာမွာ ျဖစ္ပါတယ္။ ဘာကုသမႈမွ မခံယူဘဲေနမယ္ဆိုရင္ လူတစ္ေယာက္ရဲ႕ ကိုယ္ခံအားစနစ္ကို HIV ဗိုင္းရပ္စ္က ၁၀ ႏွစ္ကေန ၁၅ ႏွစ္အတြင္း ဖ်က္ဆီးပစ္ႏုိင္ပါတယ္။ သို႔ေပမဲ့HIV ဗိုင္းရပ္စ္ ပ်ံ႕ပြားႏႈန္းဟာ လူတစ္ေယာက္ရဲ႕ အသက္အ႐ြယ္၊ က်န္းမာေရး အေျခအေနနဲ႔ မ်ိဳး႐ိုးဗီဇတို႔နဲ႔လည္း အမ်ားႀကီး သက္ဆိုင္ပါတယ္။ ဒီဗိုင္းရပ္စ္ဟာ အကာအကြယ္မပါဘဲ လိင္ဆက္ဆံျခင္း၊ ေဆးထိုးအပ္မ်ား ေဝမွ် သုံးစြဲျခင္းနဲ႕ မိခင္မွာေရာဂါ ရွိေနရင္ ကေလးထံသို႔ ကူးစက္ႏိုင္ပါတယ္။ ပုံမွန္အားျဖင့္ ႏွစ္ေပါင္းမ်ားစြာၾကာတဲ့ အထိေရာဂါ လကၡဏာ မျပတတ္တာေၾကာင့္ ေသြးစစ္တာက အေကာင္းဆုံး စစ္ေဆးနည္း ျဖစ္ပါတယ္။ အခ်ိန္မွန္ ကုသမႈခံယူၿပီး ျပင္းထန္တဲ့ ေရာဂါေတြ မျဖစ္ပြားရန္ ကာကြယ္ႏိုင္ပါတယ္။

ေရာဂါလကၡဏာမ်ား။

ပုံမွန္အားျဖင့္ ေရာဂါလကၡဏာ မျပတတ္ေပမဲ့ လူတစ္ခ်ိဳ႕မွာေတာ့ ကူးစက္ခံရၿပီး တစ္လ ႏွစ္လ အၾကာမွာ ခဏတာ ဖ်ားနာမႈႀကဳံေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဂလင္းမ်ားေရာင္ကိုင္းျခင္း၊ ဖ်ားနာျခင္း၊ ေခါင္းကိုက္ျခင္းနဲ႔ ေမာပန္း ျခင္းတို႔ ျဖစ္ႏိုင္ၿပီး ခံတြင္းမွာ ျပည္တည္နာမ်ား ျဖစ္ေစႏိုင္ပါတယ္။

HIV/AIDS အတြက္စစ္ေဆးမႈမ်ား။

ေဆးခန္းေတြနဲ႔ အိမ္မွာ ပဲ ျဖစ္ျဖစ္ FDA ( Food and Drug Administration) ကခြင့္ျပဳထားတဲ့ HIV/AIDS စမ္းသပ္ပစၥည္းေတြနဲ႔ စစ္ေဆးႏိုင္ပါတယ္။ သို႔ေပမဲ့ တစ္ခါတစ္ရံမွာ HIV ဗိုင္းရပ္စ္ ကူးစက္ခံရၿပီး ၆ လအတြင္းမွာ တစ္ခ်ိဳ႕ေသာ စမ္းသပ္မႈေတြက ေရာဂါကို အတည္မျပဳႏိုင္ပါဘူး။ ဒါ့ေၾကာင့္ ဒီအခ်ိန္မွာ သင္က တစ္ျခားလူေတြကို ေရာဂါ ကူးစက္ႏိုင္ေစပါေသးတယ္။ ဒါ့ေၾကာင့္ ကိုယ္မွာ HIV/ AIDS ရွိတယ္လို သံသယရွိတယ္ဆိုရင္ ေသခ်ာေအာင္ေသြးစစ္ျခင္းျဖင့္ ေရာဂါမ်ား ျပန႔္ပြားျခင္းကို ကာကြယ္ႏိုင္ပါတယ္။ တကယ္လို႔ HIV ဗိုင္းရပ္စ္ရွိေၾကာင္းသိရမယ္ဆိုရင္ AIDS ေရာဂါ အဆင့္အထိ မေျပာင္းသြားေအာင္ တားဆီးႏိုင္ပါတယ္။

HIV/AIDS ကုသနည္းမ်ား ။

လက္ရွိအခ်ိန္ထိေတာ့ HIV ဗိုင္းရပ္စ္ကို ကုသဖို႔နည္းမရွိေပမဲ့ HIV ဗိုင္းရပ္စ္ ပမာဏ ခႏၶာကိုယ္ထဲ ျပန႔္ပြားလာျခင္းကို ထိန္းခ်ဳပ္ေပးႏိုင္တဲ့ ေဆးေတြေတာ့ ရွိေနပါၿပီ။ ဒီလို ဗိုင္းရပ္စ္တိုက္ဖ်က္တဲ့ ေဆးေတြကို ေသာက္သုံးျခင္းျဖင့္ ကူးစက္ေရာဂါေတြ ထပ္ျဖစ္ပြားလာျခင္းကို တားဆီးႏိုင္သလို AIDS ေရာဂါ ရင့္လာျခင္းကိုလည္း တားဆီးႏိုင္ပါတယ္။ ဒါ့အျပင္ ကိုယ္ခံအား စနစ္က အရမ္းအားနည္းေနမယ္ဆိုရင္ ျပင္းထန္တဲ့ ေရာဂါေတြ ကူးစက္လာျခင္းကို ကာကြယ္ (သို႔)
တိုက္ဖ်က္ေပးႏိုင္တဲ့ ေဆးဝါးေတြလည္း ရွိပါတယ္။
၁၁။ လိင္ဆက္ဆံျခင္းမွ ကူးစက္တတ္တဲ့ Trichomoniasis ေရာဂါ။

Trichomoniasis ဟာ အေတြ႕ရမ်ားတဲ့ လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD) ျဖစ္ၿပီး Trichomonas vaginalis လို႔ေခၚတဲ့ ပို႐ိုတိုဇြန္ ကပ္ပါးေကာင္ ကူးစက္ခံရျခင္းေၾကာင့္ ျဖစ္ပြားတာ ျဖစ္ပါတယ္။ ေရာဂါ လကၡဏာကလည္း တစ္ေယာက္နဲ႔ တစ္ေယာက္နဲ႔ မတူတာေၾကာင့္ ေရာဂါ ကူးစက္ခံထားရတဲ့ သူေတြေတာင္ ေရာဂါ ျဖစ္ေနလားဆိုတာကို မသိၾကပါဘူး။ ကူးစက္ခံထားရတဲ့ လူနဲ႔ လိင္ဆက္ဆံမိရင္ Trichomoniasis ေရာဂါ ကူးစက္ခံရႏိုင္ၿပီး အမ်ိဳးသမီးေတြမွာကူးစက္ခံရတဲ့အစိတ္အပိုင္းေတြက အမ်ိဳးသမီး အဂၤါ ႏႈတ္ခမ္းသား၊ ေမြးလမ္းေၾကာင္း၊ သားအိမ္ေခါင္းနဲ႔ ဆီးလမ္းေၾကာင္း တို႔ ျဖစ္ပါတယ္။ အမ်ိဳးသားေတြမွာေတာ့
ကူးစက္ခံရတဲ့ ေနရာက လိင္တံအတြင္းဆီးလမ္းေၾကာင္း ျဖစ္ပါတယ္။ လိင္ဆက္ဆံခ်ိန္မွာ Trichomonas vaginalis လို႔ေခၚတဲ့ ပို႐ိုတိုဇြန္ ကပ္ပါးေကာင္ဟာ ေမြးလမ္းေၾကာင္းမွ လိင္တံသို႔ ၊လိင္တံမွ ေမြးလမ္းေၾကာင္းသို႔ ပ်ံ႕ပြားႏိုင္တဲ့အျပင္ ေမြးလမ္းေၾကာင္း အခ်င္းခ်င္းသို႔လည္း ပ်ံ႕ႏွံႏိုင္ပါတယ္။ တစ္ျခားခႏၶာကိုယ္ အစိတ္အပိုင္းေတြ ျဖစ္တဲ့ လက္၊ ပါးစပ္နဲ႔ စအိုတို႔မွာေတ့
ကူးစက္ခံရႏိုင္ေျခနည္းပါတယ္။ လက္ရွိအခ်ိန္ထိ Trichomonas vaginalis လို႔ေခၚတဲ့ ပို႐ိုတိုဇြန္ ကပ္ပါးေကာင္ ကူးစက္ခံထားရတဲ့ လူေတြမွာ တစ္ခ်ိဳ႕က ေရာဂါ လကၡဏာျပၿပီး တစ္ခ်ိဳ႕က ဘာလို႔ ေရာဂါ လကၡဏာ မျပရတာလည္းဆိုတာ အေျဖရွာလို႔ မရေသးပါဘူး။ ျဖစ္ႏိုင္တာကေတာ့ အသက္အ႐ြယ္နဲ႔ က်န္းမာေရးေၾကာင့္ ေရာဂါ လကၡဏာ မျပတာ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေရာဂါ ရွိတဲ့လူဟာ မရွိဘူးလို႔ထင္ၿပီး လိင္ဆက္ဆံရင္ တစ္ျခားလူကို ကူးစက္ေစႏိုင္ပါတယ္။ ေရာဂါရွိေၾကာင္း သိမယ္ဆိုရင္ေတာ့ ဆရာဝန္ထံသြားေရာက္ျပသၿပီး ကုသႏိုင္ပါတယ္။

ေရာဂါလကၡဏာမ်ား။

မ်ားေသာအားျဖင့္ Trichomoniasis ေရာဂါ ကူးစက္ခံထားရတဲ့ လူ ၇၀ ရာခိုင္ႏႈန္းေလာက္မွာ ေရာဂါ လကၡဏာမျပေပမဲ့ ေရာဂါလကၡဏာ ျပတဲ့ လူေတြမွာေတာ့ လိင္အဂၤါ ယားယံျခင္းနဲ႔ ေရာင္ကိုင္းျခင္းတို႔ျဖစ္ေစႏိုင္ပါတယ္။

အမ်ိဳးသားေတြမွာဆိုရင္

လိင္တံအတြင္း ဆီးလမ္းေၾကာင္းမွာ ယားယံျခင္းနဲ႔ ျပည္အနည္းငယ္ထြက္ျခင္း၊ ဆီးသြားခ်ိန္၊ သုက္ထြက္ခ်ိန္ ပူစပ္ျခင္းကို ခံစားရမွာ ျဖစ္ပါတယ္။

အမ်ိဳးသမီးေတြမွာဆိုရင္ေတာ့

ေမြးလမ္းေၾကာင္းအတြင္းမွ အနံ႔ျပင္းတဲ့ အဝါေရာင္ – အစိမ္းေရာင္ စီးဆင္း မႈမ်ားကိုေတြ႕ရမွာ ျဖစ္ၿပီး ေမြးလမ္းေၾကာင္း ယားယံျခင္း၊ လိင္ဆက္ဆံခ်ိန္နဲ႔ ဆီးသြားခ်ိန္ နာက်င္ျခင္းကို ခံစားၾကရမွာ ျဖစ္ပါတယ္။
၁၂။ လိင္အဂၤါတြင္ အနာမ်ားေပါက္ျခင္း (Chancroid)။

လိင္အဂၤါတြင္ အနာမ်ားေပါက္ျခင္းဟာ ဘတ္တီးရီးယား ကူးစက္ျခင္းေၾကာင့္ ျဖစ္ပြားတဲ့ ေရာဂါ ျဖစ္ၿပီး လိင္ဆက္ဆံျခင္းမွ ကူးစက္တဲ့ ေရာဂါ (STD) လည္း ျဖစ္ပါတယ္။ ဒီေရာဂါဟာ အာဖရိကနဲ႔ အာရွႏိုင္ငံေတြလို တိုးတက္ခါစႏိုင္ငံေတြမွာ ျဖစ္ပြားေလ့ရွိၿပီး ပဋိဇီဝေဆးေတြနဲ႔ ကုသလို႔ ရႏိုင္ပါတယ္ ။

ေရာဂါလကၡဏာမ်ား။

အမ်ိဳးသားမ်ားမွာဆိုရင္

လိင္တံမွာ အဖုမ်ားေပါက္လာမွာ ျဖစ္ၿပီး ေနာက္ပိုင္းမွာ ျပည္တည္နာမ်ား ျဖစ္လာမွာပါ။ ဒါ့အျပင္ လိင္အဂၤါနဲ႔ ေပါင္ၿခံတို႔မွာ နာက်င္မႈကို ခံစားရမွာ ျဖစ္ပါတယ္။

အမ်ိဳးသမီးေတြမွာဆိုရင္

လိင္အဂၤါနားတစ္ဝိုက္ အဖုမ်ားေပါက္လာမွာ ျဖစ္ၿပီး ေနာက္ပိုင္း ျပည္တည္နာမ်ား ျဖစ္လာမွာပါ။ ဒါ့အျပင္ ေပါင္ၿခံအတြင္းက ေသြးျဖဴတစ္ရႈးမ်ားေရာင္ကိုင္းလာေစႏိုင္ပါတယ္။
၁၃။ လိင္အဂၤါတြင္း အနာမ်ားျဖစ္ေပၚၿပီး ေသြးျဖဴဆဲလ္မ်ား ေရာင္ကိုင္းလာသည့္ေရာဂါ LGV (Lymphogranuloma Venereum)။

LGV (Lymphogranuloma Venereum) ေရာဂါဟာ Chlamydia trachomatis ဆိုတဲ့ ဘတ္တီးရီးယားေၾကာင့္ ျဖစ္တဲ့ STD ျဖစ္ၿပီး လိင္အဂၤါ အနာမ်ားေပါက္ျခင္းနဲ႔ ေပါင္ၿခံတြင္းရွိေသြးျဖဴ ဂလင္းမ်ားေရာင္ကိုင္းလာျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ဒီေရာဂါဟာ ေယာက္်ားျခင္း လိင္တူဆက္ဆံတဲ့ အမ်ိဳးသားေတြမွာ အေတြ႕ရမ်ားၿပီး ပဋိဇီဝေဆးေတြနဲ႔ ကုသလို႔ရပါတယ္။

ေရာဂါလကၡဏာမ်ား။

လိင္အဂၤါနဲ႔ စအိုမွာ အနာမ်ားေပါက္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ဖ်ားနာျခင္း၊ ေမာပန္းလြယ္ျခင္း၊ ေပါင္ၿခံရွိ ေသြးျဖဴက်ိတ္မ်ား ေရာင္ကိုင္းလာျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။ စအိုကုိ လိင္ဆက္ဆံရာမွ ကူးစက္တာဆိုရင္ LGV ေတြဟာ စအိုအိမ္ ေသြးထြက္ျခင္းနဲ႔ ျပည္ထြက္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။
၁၄။ အမ်ိဳးသမီး လိင္အဂၤါ ေရာင္ရမ္းျခင္း ေရာဂါ (Pelvic Inflammatory Disease)။

အမ်ိဳးသမီး လိင္အဂၤါေတြ ေရာင္ရမ္းျခင္း ေရာဂါ ဟာ လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ သပ္သပ္မဟုတ္ေပမဲ့ chlamydia နဲ႔ ဆီးပူေညာင္းက် (gonorrhea) ေရာဂါ ေတြကို မကုသဘဲ ထားမယ္ဆိုရင္ ထပ္တိုးတဲ့ ေရာဂါ သစ္ ျဖစ္ပါတယ္။ တကယ္လို႔ ဘတ္တီးရီးေတြက သားအိမ္နဲ႔ တစ္ျခား မ်ိဳးပြား အဂၤါေတြကို ပ်ံ႕ႏွံသြားမယ္ဆိုရင္ အမ်ိဳးသမီး လိင္အဂၤါ ေရာင္ရမ္းျခင္း ေရာဂါ (Pelvic Inflammatory Disease) ျဖစ္ပါတယ္။ ဒီေရာဂါဟာ အမ်ိဳးသမီးေတြ ၿမဳံျခင္း အထိ ျဖစ္ပြားေစႏိုင္တဲ့ အတြက္ ေစာေစာစီစီး ကုသသင့္ပါတယ္။

ေရာဂါလကၡဏာမ်ား။

ဝမ္းဗိုက္ေအာက္ဘက္ပိုင္းနာက်င္ျခင္း၊ ဖ်ားနာျခင္း၊ ပုံမွန္မဟုတ္တဲ့ ျပည္မ်ားဆင္းျခင္း၊ လိင္ဆက္ဆံခ်ိန္၊ ဆီးသြားခ်ိန္ နာက်င္ျခင္းျခင္းနဲ႔ ဓမၼတာ ၾကားကာလမွာ ေသြးဆင္းျခင္းတို႔ကို ခံစားရမွာ ျဖစ္ပါတယ္။

လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD ) ေတြကို ဘယ္သူေတြ ကူးစက္ခံရႏိုင္သလဲ။

လိင္မႈကိစၥပုံမွန္လုပ္ေနတဲ့ ဘယ္သူမဆို လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD )ကူးစက္ခံရႏိုင္ပါတယ္။ ဒါေပမဲ့ လူငယ္မ်ားက လူႀကီးေတြထက္ STD ကူးစက္ခံရႏိုင္ေျချမင့္မားပါတယ္။ လိင္မႈကိစၥ ပုံမွန္လုပ္ေနတဲ့ အသက္ ၂၅ ႏွစ္ေလာက္အ႐ြယ္လူငယ္ေတြထဲက တစ္ဝက္ေလာက္ဟာ STD ေရာဂါ တစ္ခုမဟုတ္
တစ္ခုေတာ့ ကူးစက္ခံရေလ့ရွိပါတယ္။ လိင္ဆက္ဆံေဖာ္မ်ားတဲ့ လူေတြဟာ STD ေရာဂါ ရႏိုင္ေျခ ပိုျမင့္ပါတယ္။ CDC (Centers for Disease Control and Prevention) အဖြဲ႕ရဲ႕ ေစာင့္ၾကည့္ခ်က္အရ ေနာက္ပိုင္း လိင္တူဆက္ဆံတဲ့ အမ်ိဳးသားေတြမွာ ဆစ္ဖလစ္နဲ႔ LGV (Lymphogranuloma Venereum) လိုေရာဂါမ်ိဳး ပိုကူးစက္လာၾကေၾကာင္း သိရပါတယ္။

အပ်ိဳစင္ေတြ၊ လူပ်ိဳေတြမွာေရာ လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD )ေတြရွိေနႏိုင္ပါသလား။

အေျဖကေတာ့ ကူးစက္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ STD ေရာဂါ အမ်ားစုဟာ အေရျပားျခင္းထိေတြ႕တာပဲျဖစ္ျဖစ္ ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္းပဲ ျဖစ္ျဖစ္ ဘယ္လို လိင္ဆက္ဆံမႈ ပုံစံမ်ိဳးမဆိုကေန ကူးစက္ႏိုင္လို႔ပါ။ အထူးသျဖင့္ လိင္အဂၤါ အနာမ်ားကို ေပါက္ေစတဲ့ လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD ) ေတြက ပိုၿပီး ကူးစက္ႏိုင္ပါတယ္။

လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD ) ကာကြယ္နည္းမ်ား။

လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD )ေတြကို ကာကြယ္ဖို႔အတြက္ အေကာင္းဆုံးနည္းကေတာ့ ဘယ္လို လိင္မႈကိစၥကိုမွ မလုပ္တာမ်ိဳး၊ ဒါမွမဟုတ္ေရာဂါ မရွိတဲ့ အေဖာ္နဲ႔ပဲ တစ္လင္တစ္မယား စနစ္ကို က်င့္သုံးတာမ်ိဳးက အေကာင္းဆုံးပါပဲ။ လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD ) ရႏိုင္ေျခကို ေလွ်ာ့ခ်ဖို႔အတြက္ကေတာ့

    ကိုယ့္ရဲ႕အေဖာ္ကို STD ရွိ၊ မရွိ ေသခ်ာေမးျမန္းစုံစမ္းတာမ်ိဳး။
    ႏွစ္ေယာက္သား လိင္မႈ ကိစၥ မလုပ္မီ ေသြးသြားစစ္တာမ်ိဳး။
    ကြန္ဒုံး အသုံးျပဳတာမ်ိဳး။
    သင့္အေဖာ္မွာ STD လကၡဏာေတြ႕ေနရရင္ လိင္ဆက္ဆံဖို႔ ျငင္းတာမ်ိဳး။
    ေရာဂါလကၡဏာေတြကို ေသခ်ာေစာင့္ၾကည့္ၿပီး ဆရာဝန္ထံ ပုံမွန္ က်န္းမာေရး စစ္ေဆးတာမ်ိဳးကို ျပဳလုပ္သင့္ပါတယ္။

ကြန္ဒုံးမ်ားရဲ႕ ကန႔္သတ္ခ်က္မ်ား။

ကြန္ဒုံးေတြက လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD )ေတြကို တားဆီးတဲ့ ေနရာမွာ ထိေရာက္ေပမဲ့ ျပည့္စုံတဲ့ ကာကြယ္မႈေတာ့မဟုတ္ပါဘူး။ ကြန္ဒုံးေတြဟာ ဆီးပူေညာင္းက် (gonorrhea)၊ chlamydia၊ HIV နဲ႔ trichomoniasis တို႔ကိုကာကြယ္ရာမွာ စြမ္းေပမဲ့ ေရယုန္၊ ဆစ္ဖလစ္နဲ႔ လိင္အဂၤါ အသားပိုလို ေရာဂါေတြကိုေတာ့ သိပ္မကာကြယ္ႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီကူးစက္ေရာဂါေတြက ေပါက္ေနတဲ့ အနာကို အေရျပားနဲ႔ ထိေတြ႕လိုက္႐ုံျဖင့္ ကူးစက္ေလ့ရွိၿပီး ဒီအနာေတြကိုလည္းကြန္ဒုံးေတြက မဖုံးေပးထားႏိုင္ပါဘူး။ ဒါ့အျပင္ကြန္ဒုံးေတြဟာ ဆီးခုံသန္းေတြနဲ႔ ဝဲနာေတြကိုေတာ့ လုံးဝ မကာကြယ္ေပးႏိုင္ပါဘူး။

လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD ) ရွိေနရင္ လက္တြဲေဖာ္ကို ဘယ္လိုေျပာျပရမလဲ။

ကိုယ္ရဲ႕ ဇနီးမယား၊ သို႔ လင္ေယာက္်ားကို တကယ္ခ်စ္ျမတ္ႏိုးတယ္ဆိုရင္ေတာ့ သင့္မွာ STD ရွိေနေၾကာင့္ ဖြင့္ေျပာသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္ကုသမႈ ခံယူေနရင္ေတာင္၊ ကြန္ဒုံး အသုံးျပဳမယ္ဆိုရင္ေတာင္ လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD ) ေတြ ပ်ံ႕ႏွံ႔ႏိုင္လို႔ပါပဲ။ တစ္ခ်ိဳ႕ေသာ STD ေတြဆိုရင္ေတာ့ ဆရာဝန္ေတြက အေဖာ္ ၂ ေယာက္လုံးကို တစ္ၿပိဳင္နက္ ကုသေပးပါတယ္။ ဒီလို ဖြင့္ေျပာဖို႔က ေတာ္ေတာ္ခက္ႏိုင္ေပမဲ့ စာေရးထားခဲ့တာမ်ိဳးက သင့္အတြက္အဆင္ေျပပါလိမ့္မယ္။ ကိုယ့္အေဖာ္ကို ေျပာၿပီးၿပီးဆိုရင္လည္း ကိုယ္ရဲ႕ အေဖာ္က ေမးခြန္းေတြေမးတာကို ေျဖဆိုဖို႔နဲ႔ သူ၊ သူမရဲ႕ ခံစားခ်က္ကို ထုတ္ေဖာ္ျပတာကို သင္ ေစာင့္ၾကည့္ဖို႔လိုပါလိမ့္မယ္။

လိင္မွ တစ္ဆင့္ ကူးစက္တဲ့ ေရာဂါ (STD) နဲ႔ သေႏၶ။

ကိုယ္ဝန္ေဆာင္ေနတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ STD ေတြကို ေသခ်ာ စစ္ေဆးဖို႔လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ STD ေတြဟာ ကုိယ္ဝန္ေဆာင္အမ်ိဳးသမီးေတြကို အခ်ိန္မတိုင္မွီ ကေလးေမြးဖြားေစႏိုင္ၿပီး ကေလးေမြးဖြားျခင္းကိုလည္း ခက္ခဲေစႏိုင္ပါတယ္။ ဒါ့အျပင္ STD အမ်ားစုက ကိုယ္ဝန္ေဆာင္ေနတဲ့ အခ်ိန္နဲ႔ ေမြးဖြားၿပီး အခ်ိန္မွာေတာင္ ကေလးကို ကူးစက္ေစႏိုင္ပါတယ္။ ဒီလို STD ရွိလ်က္နဲ႔ ေမြးဖြားမယ္ဆိုရင္ သားေလွ်ာျခင္း၊ ကိုယ္အေလးခ်ိန္နည္းျခင္း၊ အာ႐ုံေၾကာဆိုင္ရာေရာဂါမ်ားျဖစ္ျခင္း၊ မ်က္လုံးကန္းျခင္းနဲ႔ အသည္းေရာဂါ အျပင္ ျပင္းထန္တဲ့ ကူးစက္ေရာဂါ ေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒီလို အျဖစ္မ်ိဳးကို ေလွ်ာ့ခ်ႏိုင္တဲ့ ကုသနည္းေတြရွိၿပီး ကိုယ္ဝန္ေဆာင္ခ်ိန္ ကုသမႈ ခံယူမယ္ဆိုရင္ တစ္ခ်ိဳ႕ေသာ STD ေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

STD ေတြက ျပန္ျဖစ္ႏိုင္ပါသလား။

ကုသမႈအမ်ားစုကေတာ့ ကုသမႈခံယူၿပီးလည္း ေနာက္တစ္ႀကိမ္ ျပန္ျဖစ္တာကို မကာကြယ္ေပးႏိုင္ပါဘူး။ ေဆးဝါးတစ္ခ်ိဳ႕က ဆီးပူေညာင္းက်ေရာဂါ၊ ဆစ္ဖလစ္ေရာဂါ၊ chlamydia နဲ႔ trichomoniasis တို႔ကို ကုသႏိုင္ေပမဲ့ ေရာဂါရွိသူနဲ႔ ျပန္လိင္ဆက္ဆံမယ္ဆိုရင္ ထပ္ျဖစ္မွာပါ။ သင့္ရဲ႕ အေဖာ္က မကုသရေသးဘူးဆိုရင္ သင္က ကုသၿပီးလည္း ထပ္ျဖစ္ႏိုင္ပါေသးတယ္။ သင္က ႀကိဳတင္ကာကြယ္မႈေတြ မျပဳလုပ္ထားဘူးဆိုရင္ ေနာက္တစ္ႀကိမ္ ထပ္ျဖစ္ႏိုင္ၿပီး ေနာက္ထပ္ STD ေရာဂါ အသစ္တစ္မ်ိဳးေတာင္ ရႏိုင္ပါေသးတယ္။
ေရးသားသူ Arkar Hein
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

Unicode

အဖြစ်များတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (၁၄) မျိုးအကြောင်း သိကောင်းစရာ
........................
လိင်မှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဆိုတာ လိင်မှုကိစ္စလုပ်နေတဲ့ သူတိုင်း၊ လိင်မှု ကိစ္စလုပ်ဆောင်ဖို့ စဉ်းစားနေတဲ့ လူတိုင်း သိသင့်တဲ့ ရောဂါတွေပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံလို နိုင်ငံမှာ ဒီရောဂါတွေ ဖြစ်ပွားလာရင် လူအများက ကုသဖို့ ရှက်ကြောက်တတ်ကြပါတယ်။ ဒါ့အပြင် STD တစ်ချို့က ဆေးဝါးနဲ့ လုံးဝပျောက်ကင်းအောင်ကုသလို့မရပါဘူး။ ဒါ့ကြောင့် ရောဂါတွေကို သေချာသိရှိပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပြီးမှ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုကို ပြုလုပ်သင့်ပါတယ်။ ဒီလို အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု ပြုလုပ်နိုင်ဖို့အတွက် Hello sayarwon ပရိတ်သတ်ကြီးအတွက် အတွေ့ရများတဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) ၁၄ မျိုးအကြောင်းဖော်ပြပေးလိုက်ပါတယ်။
၁။ လိင်အင်္ဂါ အသားပို (HPV)

ဒီ လိင်အင်္ဂါ အသားပို ရောဂါဟာ လိင်မဆက်ဆံဘဲနဲ့လည်း ကူးစက်နိုင်ပါတယ်။ လိင်အင်္ဂါ အသားပို ကိုဖြစ်စေတဲ့ Human papillomavirus (HPV) ဟာ အတွေ့ရများတဲ့ ကူးစက်ဗိုင်းရပ်စ် ဖြစ်ပြီး AIDS ကိုဖြစ်စေတဲ့ HIV ဗိုင်းရပ်စ်နဲ့ ရေယုန်ကို ဖြစ်စေတဲ့ herpes simplex virus (HSV) တို့နဲ့ မတူပါဘူး။ လိင်အင်္ဂါ အသားပိုကို HPV ရှိတဲ့လူနဲ့ မွေးလမ်းကြောင်း၊ စအိုနဲ့ ပါးစပ်တို့ဖြင့် လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ အရေပြားချင်းထိတွေ့ရင်လည်း HPV ကူးစက်နိုင်ပါသေးတယ်။ HPV ကူးစက်ခံရရင် လိင်အင်္ဂါအသားပို ဖြစ်စေနိုင်ပြီး ပုံမှန်အားဖြင့် အန္တရာယ်မရှိပေမဲ့ တစ်ချို့သော အသားပိုတွေက သားအိမ်ခေါင်းကင်ဆာနဲ့ စအိုကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးမဖြစ်အောင် ကာကွယ်ဆးတွေနဲ့ ကုသနိုင်ပါတယ်။

ရောဂါလက္ခဏာများ။

ပန်းဂေါ်ဖီ နဲ့ တူတဲ့ ပန်းရောင် (သို့) အသားရောင်ရှိ အသားပိုတွေ ထွက်လာနိုင်ပါတယ်။ များသောအားဖြင့် လက္ခဏာ မပေါ်တတ်ပါဘူး။
၂။ ဆီးခုံမွှေးသန်းများ (Crabs)။

Crabs ဆိုတာ ဆီးခုံမွှေးမှာ နေထိုင်တဲ့ သန်းများကို ခေါ်တာ ဖြစ်ပါတယ်။ ဒီသန်းတွေဟာ ဆံပင်နဲ့ တစ်ခြား ခန္ဓာကိုယ်အမွှေးတွေမှာ နေထိုင်တဲ့ သန်းများနဲ့ ပုံစံမတူဘဲ ကမ်းခြေမှာ တွေ့ရတဲ့ ဂဏန်းလေးတွေနဲ့ ပိုတူပါတယ်။ ဒီသန်းတွေဟာ ခန္ဓာကိုယ် လိင်အင်္ဂါနားတစ်ဝိုက်က အမွှေးများမှာ နေထိုင်ပြီး သွေးကိုသောက်သုံးကာ အသက်ရှင်ကြပါတယ်။ ဆီးခုံမွှေးသန်းတွေဟာ လိင်ဆက်ဆံချိန် ကူးစက်လွယ်ပြီး လူတစ်ယောက်ဆီးခုံမွှေးကနေ နောက်လူတစ်ယောက်ထံ ကူးသွားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီသန်းတွေကို သတ်ဖို့ အင်မတန်လွယ်ပြီး ဆေးဆိုင်တွေက လိမ်းဆေးတွေနဲ့ ကုသနိုင်ပါတယ်။

ရောဂါလက္ခဏာများ။

အပြင်းအထန် ယားယံခြင်း၊ ဆီးခုံမွှေးမှာ သန်းများနဲ့ ဥသေးသေးလေးများကို တွေ့ရခြင်း။
၃။ ဝဲနာ (Scabies)။

ဝဲဆိုတာကတော့ Sarcoptes scabiei လို့ခေါ်တဲ့ အကောင်လေးများ အရည်ပြား အပေါ်ဆုံး အလွှာမှာ နေထိုင်တဲ့ အခါ ဖြစ်ပေါ်တဲ့ ယားယံမှုကို ခေါ်တာ ဖြစ်ပါတယ်။ ဒီအကောင်လေးတွေ အရေပြားကို ဥဥဖို့ တူးတဲ့ အခါမှာ အရေပြား အလွန်အမင်းယားယံခြင်းကို ဖြစ်စေနိုင်ပြီး အနီကွက်များကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ အမြဲတမ်းလိင်မှ တစ်ဆင့်ကူးစက်တာ မဟုတ်ဘဲ အရေပြားနဲ့ ထိတွေ့ရာမှလည်း ကူးစက်နိုင်ပါတယ်။ သို့ပေမဲ့ လူငယ်အများစုမှာတော့ ဝဲနာဟာ လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပါတယ်။ ဝဲနာတွေကို လိမ်းဆေးတွေနဲ့ ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။

ရောဂါလက္ခဏာများ။

အထူးသဖြင့် ညဘက်တွင်း အပြင်းအထန်ယားယံပြီး အရေပြားပေါ် အနီကွက်များပေါ်ခြင်း
(ရောဂါ လက္ခဏာတွေ ပေါ်ဖို့ အတွက် အနည်းဆုံး ၂ ပတ်ကနေ ၆ ပတ် အထိ ကြာမြင့်နိုင်ပါတယ်။)
၄။ ဆီးပူညောင်းကျ (ကာလသားရောဂါ) Gonorrhea။

ဆီးပူညောင်းကျရောဂါကလည်း အလွယ်တကူ ကူးစက်နိုင်ပြီး မကုသဘဲ ထားမယ်ဆိုရင်
အမျိုးသားများရော၊ အမျိုးသမီးများကိုပါ မြုံသွားသည် အထိ ဖြစ်စေနိုင်ပါတယ်။ ပဋိဇီဝဆေးတွေက ဆီးပူညောင်းကျ ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။

ရောဂါလက္ခဏာများ။

အတွေ့ရများတဲ့ ရောဂါလက္ခဏာတွေက ဆီးသွားချိန် ပူစပ်ခြင်းနဲ့ ပြည်ထွက်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး အစပိုင်းမှာတော့ ရောဂါလက္ခဏာတွေကို တွေ့ရမှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာတော့ ဒီကူးစက်ရောဂါဟာ အရေပြားမှာ အနီကွက်များကို ဖြစ်စေနိုင်ပြီး နောက်မှာတော့ အဆစ်အမြစ်တွေနဲ့ သွေးထဲကို ပျံ့နှံ့သွားနိုင်ပါတယ်။

ယောက်ျားလေးတွေမှာတော့ လိင်တံမှ ပြည်ထွက်ခြင်းနဲ့ ဝှေးစေ့တို့ ရောင်ကိုင်းခြင်း၊

အမျိုးသမီးတွေမှာတော့ အမျိုးသမီးမွေးလမ်းကြောင်းမှ ပြည်ထွက်ခြင်း၊ တင်ပါးဆုံအရိုးများနာကျင်ခြင်းနဲ့ ဓမ္မတာ မလာခင် သွေးဆင်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ သိပ်မပြင်းထန်တဲ့ အတွက် အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ မွေးလမ်းကြောင်း ကူးစက်ရောဂါတို့နဲ့ အမြဲတမ်းမှားတတ်ကြပါတယ်။
၅။ ဆစ်ဖလစ်ကာလသားရောဂါ။ (Syphilis)

လူအများစုက ဆစ်ဖလစ်ရောဂါရဲ့ အစောပိုင်း ရောဂါလက္ခဏာတွေကို သတိမထားမိကြပါဘူး။ ဆစ်ဖလစ်ရစ်ရောဂါကို မကုသဘဲထားမယ်ဆိုရင် သွက်ချာပါဒဖြစ်ခြင်း၊ မျက်လုံးကန်းခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ဆစ်ဖလစ်ရောဂါကို ပဋိဇီဝဆေးတွေနဲ့ ကုသလို့ရပါတယ်။

ရောဂါလက္ခဏာများ။

ပထမဆုံး လက္ခဏာအနေနဲ့ လိင်အင်္ဂါ (သို့) စအိုနားမှာ မနာကျင်တဲ့ အနာဝိုင်းလေး တစ်ခုကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီအနာလေးနဲ့ တိုက်ရိုက်ထိတဲ့ လူတိုင်းကို ဆစ်ဖလစ် ကူးစက်မှာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခြေဖဝါး၊ လက်ဝါးနဲ့ တစ်ခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း အနီကွက်တွေကို တွေ့လာရမှာ ဖြစ်တဲ့ အပြင် ဂလင်းများရောင်ကိုင်းလာခြင်း၊ ဖျားနာခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ မောပန်းခြင်းတို့ကိုလည်း ခံစားလာရမှာ ဖြစ်ပါတယ်။ ဆစ်ဖလစ်ရောဂါရဲ့ နောက်ဆုံးအဆင့်မှာတော့ ခန္ဓာကိုယ် အရေးကြီး အင်္ဂါတွေ ဖြစ်တဲ့ နှလုံး၊ ဦးနှောက်၊ အသည်း၊ နာဗ်ကြောများနဲ့ မျက်လုံးတို့ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
၆။ Chlamydia ရောဂါ (မျိုးပွားအင်္ဂါများကို ထိခိုက်စေနိုင်သောရောဂါ)။

Chlamydia trachomatis ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့ Chlamydia ရောဂါဟာ အတွေ့ရများတဲ့ STD ရောဂါဖြစ်ပြီး အမျိုးသားရော၊ အမျိုးသမီးများကို ပါကူးစက်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ Chlamydia ရောဂါ ကို သားအိမ်ခေါင်း၊ စအိုလမ်းကြောင်းနဲ့ လည်ပင်းတို့မှာ ကူးစက်နိုင်ပြီး အမျိုးသားတွေကျတော့ ဆီးလမ်းကြောင်း၊ စအိုလမ်းကြောင်းနဲ့ လည်ပင်းတို့မှာ ကူးစက်ခံရနိုင်ပါတယ်။ Chlamydia ရောဂါကို ပါးစပ်ဖြင့်သော်လည်းကောင်း၊ မွေးလမ်းကြောင်း ဖြင့်သော်လည်းကောင်း၊ စအိုဖြင့်သော်လည်းကောင်း ရောဂါရှိတဲ့လူနဲ့ လိင်ဆက်ဆံရင် ကူးစက်ခံရနိုင်ပါတယ်။ သန္ဓေသားတွေအနေနဲ့လည်း မိခင်ဖြစ်သူက Chlamydia ရောဂါရှိမယ်ဆိုရင် ကူးစက်ခံရနိုင်ပါတယ်။

ရောဂါလက္ခဏာများ။

Chlamydia ဟာ ပုံမှန်အားဖြင့် အစောပိုင်းမှာ ရောဂါ လက္ခဏာတွေ ပြလေ့မရှိပါဘူး။ ဒါပေမဲ့ ရောဂါကူးစက်ခံရပြီး ရက်သတ္တပါတ် ၁ ပါတ်မှ ၃ ပတ်အတွင်းကြာတဲ့ အခါ အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းမှ အနံ့ပြင်းတဲ့ ပြည်များ စီးဆင်းခြင်း၊ ဆီးသွားချိန်ပူစပ်ခြင်း၊ လိင်ဆက်ဆံချိန် နာကျင်ခြင်း၊ ဝမ်းဗိုက်အောက်ဘက်ပိုင်းနာကျင်ခြင်း၊ ပျို့အန်ခြင်းနဲ့ အဖျားရောဂါတို့ဖြစ်နိုင်ပါတယ်။

အမျိုးသားတွေမှာတော့ လိင်တံမှ ပြည်ထွက်ခြင်း၊ ဆီးသွားချိန် ပူစက်ခြင်း၊ လိင်တံအဝနား ပူစပ်ပြီး ယားယံခြင်းနဲ့ ဝှေးစေ့ တစ်လုံး (သို့ ) နှစ်လုံးလုံး ရောင်ကိုင်း နာကျင်လာခြင်း (ဝှေးစေ့ ရောင်ကိုင်းခြင်းကတော့ အတွေ့ရနည်းပါတယ်။) တကယ်လို့ Chlamydia က စအိုလမ်းကြောင်းမှာ ကူးစက်ခံရမယ်ဆိုရင် စအိုအိမ်နာကျင်ခြင်း၊ ပြည်ထွက်ခြင်းနဲ့ သွေးထွက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ Chlamydia ကို စောစောသိပြီး မကုသရင် မြုံသည် အထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ Chlamydia ရဲ့ ရောဂါ လက္ခဏာတွေက သိပ်မသိတဲ့ အတွက် ရောဂါ ကူးစက်ခံရနေမှန်းတောင် လူတော်တော်များများ မသိကြပါဘူး။ သိလို့ ကုသမယ်ဆိုရင်တော့ ပဋိဇီဝဆေးများနဲ့ ကုသနိုင်ပါတယ်။
၇။ ရေယုန်ကို ဖြစ်စေတဲ့ herpes simplex virus (HSV) အမျိုးအစား ၁။

ပါးစပ်နားတစ်ဝိုက်မှာ ရေယုန်နာတွေ ပေါက်ခြင်းဟာ HSV ဗိုင်းရပ်စ် အမျိုးအစား ၁ ကြောင့် ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်မှသာ ကူးစက်တတ်တဲ့ ရောဂါ မဟုတ်ဘဲ နှုတ်ခမ်းခြင်း နမ်းရာမှလည်း ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဗိုင်းရပ်စ်ဟာ ရောဂါရှိနေတဲ့ လူရဲ့ လိင်အင်္ဂါကို ပါးစပ်နဲ့ ထိတွေ့ရမှလည်း ကူးစက်နိုင်သလို လိင်အင်္ဂါချင်းထိတွေ့ရာမှလည်း ကူးစက်နိုင်ပါတယ်။ ရေယုန်ကို ကုသလို့ မရပေမဲ့ ဆေးဝါးများနဲ့ ရောဂါ သက်သာလာအောင် ကုသလို့တော့ရပါတယ်။

ရောဂါလက္ခဏာများ။

နှုတ်ခမ်းတွင် ရေယုန်နာများပေါက်ခြင်း။ လိင်အင်္ဂါများတွင် ရေယုန်နာများ ပေါက်ပွားခြင်း။
၈။ ရေယုန်ကို ဖြစ်စေတဲ့ herpes simplex virus (HSV) အမျိုးအစား ၂ ။

လိင်အင်္ဂါမှာ ရေယုန်ပေါက်ခြင်းဟာ များသောအားဖြင့် HSV ဗိုင်းရစ်ပ် ၂ ကြောင့် ဖြစ်ပွားတာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ အလွယ်တကူ ကူးစက်နိုင်ပြီး လိင်ဆက်ဆံရာမှ ဖြစ်စေ၊ ရေယုန်ကို တိုက်ရိုက်ထိတွေ့ရာမှ ဖြစ်စေ ကူးစက်နိုင်ပါတယ်။ HSV -1 လိုပဲ ဒီရောဂါကို ကုသနိုင်တဲ့ ဆေးမရှိပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်သတ်ဆေးများက အနာများကို နည်းပါးစေပြီး ရောဂါ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

ရောဂါလက္ခဏာများ။

လိင်အင်္ဂါများ၊ စအို၊ ပေါင်နဲ့ တင်ပါးတို့တွင် နာကျင်ပြီး အရည်များရှိသော ရေယုန်နာ များ ပေါက်ခြင်း၊ ဒီအနာတွေကို ပါးစပ်နဲ့ ထိတွေ့ရင် ကူးစက်နိုင်ပါတယ်။
၉။ အသည်းရောင် B ရောဂါ။

အသည်းရောင် B ဗိုင်းရပ်စ်ဟာ သွေး (သို့မဟုတ်) ခန္ဓာကိုယ်ထွက် တစ်ခြား အရည်များမှ ကူးစက်နိုင်ပြီး အသည်းကို ပြင်းထန်စွာ ပျက်ဆီးစေနိုင်ပါတယ်။ ဒီရောဂါကို လိင်ဆက်ဆံခြင်းဖြင့်သော်လည်းကောင်း၊ ဆေးထိုးအပ် အတူတကွ သုံးခြင်းဖြင့်သော်လည်းကောင်း၊ ဘလိတ်ဓားနဲ့ သွားတိုက်တံများ ဝေမျှ သုံးစွဲခြင်းဖြင့်သော်လည်းကောင်း ကူးစက်နိုင်ပါတယ်။
ဒါ့အပြင် မိခင်မှာ ရောဂါရှိနေရင် ကလေးထံသို့လည်း ကူးစက်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ကို ကုသဖို့ နည်းမရှိပေမဲ့ ရောဂါလက္ခဏာတွေကို ထိန်းသိမ်းပေးဖို့အတွက် ဆေးတွေတော့ ရှိပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်ဖို့ အတွက်တော့ အစွမ်းထက်တဲ့ ကာကွယ်ဆေးတွေ ရှိပါတယ်။

ရောဂါလက္ခဏာများ။

ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သူတွေဟာ ပျို့အန်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ဆီးအနက်များသွားခြင်း၊ ရောဂါပြင်းထန်လာတဲ့အခါ အသားရေနဲ့ မျက်လုံးများဝါလာခြင်း တို့ ဖြစ်စေနိုင်ပါတယ်။ နာတာရှည်ဖြစ်သွားမယ်ဆိုရင် အသည်းကျွတ်ဆတ်လာခြင်းနဲ့ အသည်းကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ လူအများစုမှာတော့ ရောဂါလက္ခဏာဟာ နှစ်ပေါင်းများစွာ ကြာတဲ့ အထိ ပေါ်လေ့မရှိပါဘူး။
၁၀။ HIV/AIDS။

ဒီရောဂါကတော့ လူသိအများဆုံးနဲ့ လူအများ အကြောက်ကြဆုံးရောဂါတစ်ခုပါ။ ဒါပေမဲ့ ဒီဗိုင်းရပ်စ်နာမည်နဲ့ ရောဂါအမည်ကို လူတော်တော်များများရောတတ်ကြတဲ့ အတွက် ကျွန်တော် ဒီအပိုင်းလေးမှာ သေချာရှင်းလင်းအောင်ဖော်ပြပေးသွားပါမယ်။ HIV ဆိုတာ human immunodeficiency virus ရဲ့ အတိုကောက်ဖြစ်ပြီး ခန္ဓာကိုယ်ခံအားစနစ်ကို တိုက်ခိုက်တဲ့
ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ဒီအတိုင်းထားမယ်ဆိုရင် လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ကို လုံးဝပျက်ဆီးသွားအောင် ဖျက်ဆီးပစ်နိုင်ပါတယ်။

AIDS ဆိုတာတော့ ရောဂါ နာမည်ဖြစ်ပြီး HIV ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့် ဖြစ်လာတဲ့ ရောဂါလက္ခဏာစုကိုခေါ်တာဖြစ်ပါတယ်။ AIDS ရဲ့ အရှည်ကောက်ကတော့ acquired immune deficiency syndrome လို့ခေါ်ပါတယ်။

HIV ဟာ ခန္ဓာကိုယ်က ဖျားနာမှုတွေ၊ ရောဂါပိုးတွေကို သဘာဝအတိုင်းတိုက်ဖျက်ပေးတဲ့ ကိုယ်ခံအား စနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ဒီ HIV ဗိုင်းရပ်စ်ဟာ CD4 cells လို့ခေါ်တဲ့ ကိုယ်ခံအားစနစ် အတွင်းက သွေးဖြူဥဆဲလ်တွေကို တိုက်ခိုက်ပါတယ်။ ဒီဆဲလ်တွေကို T-helper cell လို့လည်း ခေါ်ပြီး HIV ဗိုင်းရပ်စ်က ဒီဆဲလ်တွေရဲ့ ပုံစံတူပြုလုပ်ပြီး ဒီဆဲလ်တွေ အတွင်းမှာ နထိုင်ခြင်းဖြင့် တိုက်ခိုက်ပါတယ်။ HIV ဗိုင်းရပ်စ်တွေက CD4 ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပြီး ပုံစံတူလုပ်တာများလာလေ လူတစ်ယောက်ရဲ့ ကိုယ်ခံအား စနစ်က ချို့ယွင်းလာလေပါပဲ။ ဒီတော့ HIV ဗိုင်းရပ်စ်ရှိပြီး ဘာကုသမှုမှ မခံယူထားတဲ့သူတွေဟာ ရောဂါပိုးတွေနဲ့ ကူးစက်ရောဂါတွေကို တိုက်ခိုက်ဖို့ ပိုခက်ခဲလာမှာ ဖြစ်ပါတယ်။ ဘာကုသမှုမှ မခံယူဘဲနေမယ်ဆိုရင် လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ကို HIV ဗိုင်းရပ်စ်က ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်း ဖျက်ဆီးပစ်နိုင်ပါတယ်။ သို့ပေမဲ့HIV ဗိုင်းရပ်စ် ပျံ့ပွားနှုန်းဟာ လူတစ်ယောက်ရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေနဲ့ မျိုးရိုးဗီဇတို့နဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်များ ဝေမျှ သုံးစွဲခြင်းနဲ့ မိခင်မှာရောဂါ ရှိနေရင် ကလေးထံသို့ ကူးစက်နိုင်ပါတယ်။ ပုံမှန်အားဖြင့် နှစ်ပေါင်းများစွာကြာတဲ့ အထိရောဂါ လက္ခဏာ မပြတတ်တာကြောင့် သွေးစစ်တာက အကောင်းဆုံး စစ်ဆေးနည်း ဖြစ်ပါတယ်။ အချိန်မှန် ကုသမှုခံယူပြီး ပြင်းထန်တဲ့ ရောဂါတွေ မဖြစ်ပွားရန် ကာကွယ်နိုင်ပါတယ်။

ရောဂါလက္ခဏာများ။

ပုံမှန်အားဖြင့် ရောဂါလက္ခဏာ မပြတတ်ပေမဲ့ လူတစ်ချို့မှာတော့ ကူးစက်ခံရပြီး တစ်လ နှစ်လ အကြာမှာ ခဏတာ ဖျားနာမှုကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂလင်းများရောင်ကိုင်းခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ မောပန်း ခြင်းတို့ ဖြစ်နိုင်ပြီး ခံတွင်းမှာ ပြည်တည်နာများ ဖြစ်စေနိုင်ပါတယ်။

HIV/AIDS အတွက်စစ်ဆေးမှုများ။

ဆေးခန်းတွေနဲ့ အိမ်မှာ ပဲ ဖြစ်ဖြစ် FDA ( Food and Drug Administration) ကခွင့်ပြုထားတဲ့ HIV/AIDS စမ်းသပ်ပစ္စည်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။ သို့ပေမဲ့ တစ်ခါတစ်ရံမှာ HIV ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၆ လအတွင်းမှာ တစ်ချို့သော စမ်းသပ်မှုတွေက ရောဂါကို အတည်မပြုနိုင်ပါဘူး။ ဒါ့ကြောင့် ဒီအချိန်မှာ သင်က တစ်ခြားလူတွေကို ရောဂါ ကူးစက်နိုင်စေပါသေးတယ်။ ဒါ့ကြောင့် ကိုယ်မှာ HIV/ AIDS ရှိတယ်လို သံသယရှိတယ်ဆိုရင် သေချာအောင်သွေးစစ်ခြင်းဖြင့် ရောဂါများ ပြန့်ပွားခြင်းကို ကာကွယ်နိုင်ပါတယ်။ တကယ်လို့ HIV ဗိုင်းရပ်စ်ရှိကြောင်းသိရမယ်ဆိုရင် AIDS ရောဂါ အဆင့်အထိ မပြောင်းသွားအောင် တားဆီးနိုင်ပါတယ်။

HIV/AIDS ကုသနည်းများ ။

လက်ရှိအချိန်ထိတော့ HIV ဗိုင်းရပ်စ်ကို ကုသဖို့နည်းမရှိပေမဲ့ HIV ဗိုင်းရပ်စ် ပမာဏ ခန္ဓာကိုယ်ထဲ ပြန့်ပွားလာခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ ဆေးတွေတော့ ရှိနေပါပြီ။ ဒီလို ဗိုင်းရပ်စ်တိုက်ဖျက်တဲ့ ဆေးတွေကို သောက်သုံးခြင်းဖြင့် ကူးစက်ရောဂါတွေ ထပ်ဖြစ်ပွားလာခြင်းကို တားဆီးနိုင်သလို AIDS ရောဂါ ရင့်လာခြင်းကိုလည်း တားဆီးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအား စနစ်က အရမ်းအားနည်းနေမယ်ဆိုရင် ပြင်းထန်တဲ့ ရောဂါတွေ ကူးစက်လာခြင်းကို ကာကွယ် (သို့)
တိုက်ဖျက်ပေးနိုင်တဲ့ ဆေးဝါးတွေလည်း ရှိပါတယ်။
၁၁။ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ Trichomoniasis ရောဂါ။

Trichomoniasis ဟာ အတွေ့ရများတဲ့ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) ဖြစ်ပြီး Trichomonas vaginalis လို့ခေါ်တဲ့ ပိုရိုတိုဇွန် ကပ်ပါးကောင် ကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားတာ ဖြစ်ပါတယ်။ ရောဂါ လက္ခဏာကလည်း တစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူတာကြောင့် ရောဂါ ကူးစက်ခံထားရတဲ့ သူတွေတောင် ရောဂါ ဖြစ်နေလားဆိုတာကို မသိကြပါဘူး။ ကူးစက်ခံထားရတဲ့ လူနဲ့ လိင်ဆက်ဆံမိရင် Trichomoniasis ရောဂါ ကူးစက်ခံရနိုင်ပြီး အမျိုးသမီးတွေမှာကူးစက်ခံရတဲ့အစိတ်အပိုင်းတွေက အမျိုးသမီး အင်္ဂါ နှုတ်ခမ်းသား၊ မွေးလမ်းကြောင်း၊ သားအိမ်ခေါင်းနဲ့ ဆီးလမ်းကြောင်း တို့ ဖြစ်ပါတယ်။ အမျိုးသားတွေမှာတော့
ကူးစက်ခံရတဲ့ နေရာက လိင်တံအတွင်းဆီးလမ်းကြောင်း ဖြစ်ပါတယ်။ လိင်ဆက်ဆံချိန်မှာ Trichomonas vaginalis လို့ခေါ်တဲ့ ပိုရိုတိုဇွန် ကပ်ပါးကောင်ဟာ မွေးလမ်းကြောင်းမှ လိင်တံသို့ ၊လိင်တံမှ မွေးလမ်းကြောင်းသို့ ပျံ့ပွားနိုင်တဲ့အပြင် မွေးလမ်းကြောင်း အချင်းချင်းသို့လည်း ပျံ့နှံနိုင်ပါတယ်။ တစ်ခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖြစ်တဲ့ လက်၊ ပါးစပ်နဲ့ စအိုတို့မှာတေ့
ကူးစက်ခံရနိုင်ခြေနည်းပါတယ်။ လက်ရှိအချိန်ထိ Trichomonas vaginalis လို့ခေါ်တဲ့ ပိုရိုတိုဇွန် ကပ်ပါးကောင် ကူးစက်ခံထားရတဲ့ လူတွေမှာ တစ်ချို့က ရောဂါ လက္ခဏာပြပြီး တစ်ချို့က ဘာလို့ ရောဂါ လက္ခဏာ မပြရတာလည်းဆိုတာ အဖြေရှာလို့ မရသေးပါဘူး။ ဖြစ်နိုင်တာကတော့ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် ရောဂါ လက္ခဏာ မပြတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရောဂါ ရှိတဲ့လူဟာ မရှိဘူးလို့ထင်ပြီး လိင်ဆက်ဆံရင် တစ်ခြားလူကို ကူးစက်စေနိုင်ပါတယ်။ ရောဂါရှိကြောင်း သိမယ်ဆိုရင်တော့ ဆရာဝန်ထံသွားရောက်ပြသပြီး ကုသနိုင်ပါတယ်။

ရောဂါလက္ခဏာများ။

များသောအားဖြင့် Trichomoniasis ရောဂါ ကူးစက်ခံထားရတဲ့ လူ ၇၀ ရာခိုင်နှုန်းလောက်မှာ ရောဂါ လက္ခဏာမပြပေမဲ့ ရောဂါလက္ခဏာ ပြတဲ့ လူတွေမှာတော့ လိင်အင်္ဂါ ယားယံခြင်းနဲ့ ရောင်ကိုင်းခြင်းတို့ဖြစ်စေနိုင်ပါတယ်။

အမျိုးသားတွေမှာဆိုရင်

လိင်တံအတွင်း ဆီးလမ်းကြောင်းမှာ ယားယံခြင်းနဲ့ ပြည်အနည်းငယ်ထွက်ခြင်း၊ ဆီးသွားချိန်၊ သုက်ထွက်ချိန် ပူစပ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာဆိုရင်တော့

မွေးလမ်းကြောင်းအတွင်းမှ အနံ့ပြင်းတဲ့ အဝါရောင် – အစိမ်းရောင် စီးဆင်း မှုများကိုတွေ့ရမှာ ဖြစ်ပြီး မွေးလမ်းကြောင်း ယားယံခြင်း၊ လိင်ဆက်ဆံချိန်နဲ့ ဆီးသွားချိန် နာကျင်ခြင်းကို ခံစားကြရမှာ ဖြစ်ပါတယ်။
၁၂။ လိင်အင်္ဂါတွင် အနာများပေါက်ခြင်း (Chancroid)။

လိင်အင်္ဂါတွင် အနာများပေါက်ခြင်းဟာ ဘတ်တီးရီးယား ကူးစက်ခြင်းကြောင့် ဖြစ်ပွားတဲ့ ရောဂါ ဖြစ်ပြီး လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ ရောဂါ (STD) လည်း ဖြစ်ပါတယ်။ ဒီရောဂါဟာ အာဖရိကနဲ့ အာရှနိုင်ငံတွေလို တိုးတက်ခါစနိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိပြီး ပဋိဇီဝဆေးတွေနဲ့ ကုသလို့ ရနိုင်ပါတယ် ။

ရောဂါလက္ခဏာများ။

အမျိုးသားများမှာဆိုရင်

လိင်တံမှာ အဖုများပေါက်လာမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ပြည်တည်နာများ ဖြစ်လာမှာပါ။ ဒါ့အပြင် လိင်အင်္ဂါနဲ့ ပေါင်ခြံတို့မှာ နာကျင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာဆိုရင်

လိင်အင်္ဂါနားတစ်ဝိုက် အဖုများပေါက်လာမှာ ဖြစ်ပြီး နောက်ပိုင်း ပြည်တည်နာများ ဖြစ်လာမှာပါ။ ဒါ့အပြင် ပေါင်ခြံအတွင်းက သွေးဖြူတစ်ရှုးများရောင်ကိုင်းလာစေနိုင်ပါတယ်။
၁၃။ လိင်အင်္ဂါတွင်း အနာများဖြစ်ပေါ်ပြီး သွေးဖြူဆဲလ်များ ရောင်ကိုင်းလာသည့်ရောဂါ LGV (Lymphogranuloma Venereum)။

LGV (Lymphogranuloma Venereum) ရောဂါဟာ Chlamydia trachomatis ဆိုတဲ့ ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ STD ဖြစ်ပြီး လိင်အင်္ဂါ အနာများပေါက်ခြင်းနဲ့ ပေါင်ခြံတွင်းရှိသွေးဖြူ ဂလင်းများရောင်ကိုင်းလာခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဒီရောဂါဟာ ယောက်ျားခြင်း လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ အတွေ့ရများပြီး ပဋိဇီဝဆေးတွေနဲ့ ကုသလို့ရပါတယ်။

ရောဂါလက္ခဏာများ။

လိင်အင်္ဂါနဲ့ စအိုမှာ အနာများပေါက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ မောပန်းလွယ်ခြင်း၊ ပေါင်ခြံရှိ သွေးဖြူကျိတ်များ ရောင်ကိုင်းလာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ စအိုကို လိင်ဆက်ဆံရာမှ ကူးစက်တာဆိုရင် LGV တွေဟာ စအိုအိမ် သွေးထွက်ခြင်းနဲ့ ပြည်ထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
၁၄။ အမျိုးသမီး လိင်အင်္ဂါ ရောင်ရမ်းခြင်း ရောဂါ (Pelvic Inflammatory Disease)။

အမျိုးသမီး လိင်အင်္ဂါတွေ ရောင်ရမ်းခြင်း ရောဂါ ဟာ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ သပ်သပ်မဟုတ်ပေမဲ့ chlamydia နဲ့ ဆီးပူညောင်းကျ (gonorrhea) ရောဂါ တွေကို မကုသဘဲ ထားမယ်ဆိုရင် ထပ်တိုးတဲ့ ရောဂါ သစ် ဖြစ်ပါတယ်။ တကယ်လို့ ဘတ်တီးရီးတွေက သားအိမ်နဲ့ တစ်ခြား မျိုးပွား အင်္ဂါတွေကို ပျံ့နှံသွားမယ်ဆိုရင် အမျိုးသမီး လိင်အင်္ဂါ ရောင်ရမ်းခြင်း ရောဂါ (Pelvic Inflammatory Disease) ဖြစ်ပါတယ်။ ဒီရောဂါဟာ အမျိုးသမီးတွေ မြုံခြင်း အထိ ဖြစ်ပွားစေနိုင်တဲ့ အတွက် စောစောစီစီး ကုသသင့်ပါတယ်။

ရောဂါလက္ခဏာများ။

ဝမ်းဗိုက်အောက်ဘက်ပိုင်းနာကျင်ခြင်း၊ ဖျားနာခြင်း၊ ပုံမှန်မဟုတ်တဲ့ ပြည်များဆင်းခြင်း၊ လိင်ဆက်ဆံချိန်၊ ဆီးသွားချိန် နာကျင်ခြင်းခြင်းနဲ့ ဓမ္မတာ ကြားကာလမှာ သွေးဆင်းခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။

လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) တွေကို ဘယ်သူတွေ ကူးစက်ခံရနိုင်သလဲ။

လိင်မှုကိစ္စပုံမှန်လုပ်နေတဲ့ ဘယ်သူမဆို လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD )ကူးစက်ခံရနိုင်ပါတယ်။ ဒါပေမဲ့ လူငယ်များက လူကြီးတွေထက် STD ကူးစက်ခံရနိုင်ခြေမြင့်မားပါတယ်။ လိင်မှုကိစ္စ ပုံမှန်လုပ်နေတဲ့ အသက် ၂၅ နှစ်လောက်အရွယ်လူငယ်တွေထဲက တစ်ဝက်လောက်ဟာ STD ရောဂါ တစ်ခုမဟုတ်
တစ်ခုတော့ ကူးစက်ခံရလေ့ရှိပါတယ်။ လိင်ဆက်ဆံဖော်များတဲ့ လူတွေဟာ STD ရောဂါ ရနိုင်ခြေ ပိုမြင့်ပါတယ်။ CDC (Centers for Disease Control and Prevention) အဖွဲ့ရဲ့ စောင့်ကြည့်ချက်အရ နောက်ပိုင်း လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ ဆစ်ဖလစ်နဲ့ LGV (Lymphogranuloma Venereum) လိုရောဂါမျိုး ပိုကူးစက်လာကြကြောင်း သိရပါတယ်။

အပျိုစင်တွေ၊ လူပျိုတွေမှာရော လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD )တွေရှိနေနိုင်ပါသလား။

အဖြေကတော့ ကူးစက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ STD ရောဂါ အများစုဟာ အရေပြားခြင်းထိတွေ့တာပဲဖြစ်ဖြစ် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းပဲ ဖြစ်ဖြစ် ဘယ်လို လိင်ဆက်ဆံမှု ပုံစံမျိုးမဆိုကနေ ကူးစက်နိုင်လို့ပါ။ အထူးသဖြင့် လိင်အင်္ဂါ အနာများကို ပေါက်စေတဲ့ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) တွေက ပိုပြီး ကူးစက်နိုင်ပါတယ်။

လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) ကာကွယ်နည်းများ။

လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD )တွေကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းကတော့ ဘယ်လို လိင်မှုကိစ္စကိုမှ မလုပ်တာမျိုး၊ ဒါမှမဟုတ်ရောဂါ မရှိတဲ့ အဖော်နဲ့ပဲ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးတာမျိုးက အကောင်းဆုံးပါပဲ။ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) ရနိုင်ခြေကို လျှော့ချဖို့အတွက်ကတော့

    ကိုယ့်ရဲ့အဖော်ကို STD ရှိ၊ မရှိ သေချာမေးမြန်းစုံစမ်းတာမျိုး။
    နှစ်ယောက်သား လိင်မှု ကိစ္စ မလုပ်မီ သွေးသွားစစ်တာမျိုး။
    ကွန်ဒုံး အသုံးပြုတာမျိုး။
    သင့်အဖော်မှာ STD လက္ခဏာတွေ့နေရရင် လိင်ဆက်ဆံဖို့ ငြင်းတာမျိုး။
    ရောဂါလက္ခဏာတွေကို သေချာစောင့်ကြည့်ပြီး ဆရာဝန်ထံ ပုံမှန် ကျန်းမာရေး စစ်ဆေးတာမျိုးကို ပြုလုပ်သင့်ပါတယ်။

ကွန်ဒုံးများရဲ့ ကန့်သတ်ချက်များ။

ကွန်ဒုံးတွေက လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD )တွေကို တားဆီးတဲ့ နေရာမှာ ထိရောက်ပေမဲ့ ပြည့်စုံတဲ့ ကာကွယ်မှုတော့မဟုတ်ပါဘူး။ ကွန်ဒုံးတွေဟာ ဆီးပူညောင်းကျ (gonorrhea)၊ chlamydia၊ HIV နဲ့ trichomoniasis တို့ကိုကာကွယ်ရာမှာ စွမ်းပေမဲ့ ရေယုန်၊ ဆစ်ဖလစ်နဲ့ လိင်အင်္ဂါ အသားပိုလို ရောဂါတွေကိုတော့ သိပ်မကာကွယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကူးစက်ရောဂါတွေက ပေါက်နေတဲ့ အနာကို အရေပြားနဲ့ ထိတွေ့လိုက်ရုံဖြင့် ကူးစက်လေ့ရှိပြီး ဒီအနာတွေကိုလည်းကွန်ဒုံးတွေက မဖုံးပေးထားနိုင်ပါဘူး။ ဒါ့အပြင်ကွန်ဒုံးတွေဟာ ဆီးခုံသန်းတွေနဲ့ ဝဲနာတွေကိုတော့ လုံးဝ မကာကွယ်ပေးနိုင်ပါဘူး။

လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) ရှိနေရင် လက်တွဲဖော်ကို ဘယ်လိုပြောပြရမလဲ။

ကိုယ်ရဲ့ ဇနီးမယား၊ သို့ လင်ယောက်ျားကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင်တော့ သင့်မှာ STD ရှိနေကြောင့် ဖွင့်ပြောသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ကုသမှု ခံယူနေရင်တောင်၊ ကွန်ဒုံး အသုံးပြုမယ်ဆိုရင်တောင် လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) တွေ ပျံ့နှံ့နိုင်လို့ပါပဲ။ တစ်ချို့သော STD တွေဆိုရင်တော့ ဆရာဝန်တွေက အဖော် ၂ ယောက်လုံးကို တစ်ပြိုင်နက် ကုသပေးပါတယ်။ ဒီလို ဖွင့်ပြောဖို့က တော်တော်ခက်နိုင်ပေမဲ့ စာရေးထားခဲ့တာမျိုးက သင့်အတွက်အဆင်ပြေပါလိမ့်မယ်။ ကိုယ့်အဖော်ကို ပြောပြီးပြီးဆိုရင်လည်း ကိုယ်ရဲ့ အဖော်က မေးခွန်းတွေမေးတာကို ဖြေဆိုဖို့နဲ့ သူ၊ သူမရဲ့ ခံစားချက်ကို ထုတ်ဖော်ပြတာကို သင် စောင့်ကြည့်ဖို့လိုပါလိမ့်မယ်။

လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) နဲ့ သန္ဓေ။

ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေအနေနဲ့ STD တွေကို သေချာ စစ်ဆေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ STD တွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အချိန်မတိုင်မှီ ကလေးမွေးဖွားစေနိုင်ပြီး ကလေးမွေးဖွားခြင်းကိုလည်း ခက်ခဲစေနိုင်ပါတယ်။ ဒါ့အပြင် STD အများစုက ကိုယ်ဝန်ဆောင်နေတဲ့ အချိန်နဲ့ မွေးဖွားပြီး အချိန်မှာတောင် ကလေးကို ကူးစက်စေနိုင်ပါတယ်။ ဒီလို STD ရှိလျက်နဲ့ မွေးဖွားမယ်ဆိုရင် သားလျှောခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း၊ အာရုံကြောဆိုင်ရာရောဂါများဖြစ်ခြင်း၊ မျက်လုံးကန်းခြင်းနဲ့ အသည်းရောဂါ အပြင် ပြင်းထန်တဲ့ ကူးစက်ရောဂါ တွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးကို လျှော့ချနိုင်တဲ့ ကုသနည်းတွေရှိပြီး ကိုယ်ဝန်ဆောင်ချိန် ကုသမှု ခံယူမယ်ဆိုရင် တစ်ချို့သော STD တွေကို ပျောက်ကင်းစေနိုင်ပါတယ်။

STD တွေက ပြန်ဖြစ်နိုင်ပါသလား။

ကုသမှုအများစုကတော့ ကုသမှုခံယူပြီးလည်း နောက်တစ်ကြိမ် ပြန်ဖြစ်တာကို မကာကွယ်ပေးနိုင်ပါဘူး။ ဆေးဝါးတစ်ချို့က ဆီးပူညောင်းကျရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ chlamydia နဲ့ trichomoniasis တို့ကို ကုသနိုင်ပေမဲ့ ရောဂါရှိသူနဲ့ ပြန်လိင်ဆက်ဆံမယ်ဆိုရင် ထပ်ဖြစ်မှာပါ။ သင့်ရဲ့ အဖော်က မကုသရသေးဘူးဆိုရင် သင်က ကုသပြီးလည်း ထပ်ဖြစ်နိုင်ပါသေးတယ်။ သင်က ကြိုတင်ကာကွယ်မှုတွေ မပြုလုပ်ထားဘူးဆိုရင် နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ပြီး နောက်ထပ် STD ရောဂါ အသစ်တစ်မျိုးတောင် ရနိုင်ပါသေးတယ်။
ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
 

0 Comments