အမျိုးသမီးများအတွက် သန့်ရှင်းလှပတဲ့ ဆီးခုံမွှေး (ဣနြေ္ဒမွေး) ရရှိစေနိုင်မယ့် လမ်းညွှန်
........................
ဆီးခုံမွှေးတွေကို ဘယ်လိုပုံစံမျိုးထားတာက အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားရကြပ်နေပါသလား။ ဒါဆိုရင်တော့ မိတ်ဆွေနေရာမှန်ကို ရောက်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော သက်ဆိုင်ရာ လိင်အင်္ဂါ နားတစ်ဝိုက်မှာ အမွှေးအမှင်တွေ စပေါက်လာတာနဲ့ ဒီအမွှေးတွေဟာ ရိတ်ဖို့ အတွက်ပဲ၊ နှုတ်ဖို့ အတွက်ပဲ ဖြစ်တယ်လို့ တွေးတတ်ကြပါတယ်။ တကယ်တော့ ဒီလို တွေးတာတွေကလည်း သဘာဝတော့ကျပါတယ်။ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ကြော်ငြာအများစုကလည်း ဆီးခုံမွှေးတွေကို ရိတ်ဖို့၊ ညှပ်ဖို့ ကြော်ငြာနေကြတာမို့ပါ။ ဒါပေမဲ့ ဒီဆောင်းပါးလေးထဲမှာ ဘာကြောင့် အမျိုးသမီးတွေ အတွက်ပဲ ဖော်ပြရတာလဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးခုံမွှေးများကို ပိုပြီး ဂရုစိုက်တတ်ကြတဲ့ အတွက်ဖြစ်ပါတယ်။ စစ်တမ်းများအရတော့ အမျိုးသမီး ၈၄ ရာခိုင်နှုန်းခန့်ဟာ ဆီးခုံမွှေးသန့်ရှင်းရေးကို လုပ်ဆောင်တတ်ကြပြီး အမျိုးသားတွေကတော့ ၆၄ ရာခိုင်နှုန်းခန့်သာ သန့်ရှင်းလေ့ရှိကြတယ်လို့ ဆိုပါတယ်။
ဆီးခုံမွှေးတွေကို ဘယ်လို ထားသင့်သလဲ ဆိုတာနဲ့ ပတ်သတ်ပြီး လူတစ်ယောက်ချင်းစီမှာ အမြင်တစ်ခုစီရှိတတ်ကြပါတယ်။ ဒီတော့ ဘယ်လို နည်းလမ်းက အဆင်ပြေမလဲ ဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ဒီတော့ သင့်အနေနဲ့ အမွှေးတွေကို ရိတ်သင့်သလား။
ဒါမှမဟုတ် ဒီအတိုင်းထားတာက ပိုကောင်းသလားဆိုတာ တွေဝေမိမှာပါပဲ။ ဆီးခုံမွှေးပေါက်တဲ့ ပုံစံဟာ အသက်အရွယ်၊ လူမျိုး၊ တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ် လက္ခဏာ အပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနားပါတယ်။ “အခုအချိန်မှာ အများစုက ဆီးခုံမွှေးတွေကို ပုံသွင်းခြင်း၊ အမွှေးချွတ်ခြင်းတို့ကို ပြုလုပ်တတ်ကြပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ မိမိကိုယ်တိုင်သာ စဉ်းစားပြီး လုပ်ဆောင်သင့်ပါတယ် ” လို့ နယူးယောက်မြို့ရှိ Columbia University Medical Center မှ အရေပြားရောဂါ အထူးကု လက်ထောက်ပါမောက္ခ ကေတီ ဘာရစ် (Katy Burris) ကဆိုပါတယ်။
ဒီတော့ ကိုယ့်ရဲ့ ဆီးခုံမွှေးတွေနဲ့ ပတ်သတ်ပြီး ဘယ်လိုပုံစံထားမလဲဆိုတာကို ဘယ်လို ဆုံးဖြတ်ရမလဲဆိုတာ စဉ်းစားနေကြတဲ့ Hello Sayarwon ပရိတ်သတ်ကြီးအတွက် အသုံးဝင်မယ့် နည်းလမ်းတစ်ချို့နဲ့ ကျန်းမာရေးအတွက် သင့်လျော်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
ဆီးခုံမွှေး (ဣနြေ္ဒမွေး) များကို သပ်သပ်ရပ်ရပ်ထားရှိနိုင်မယ့် နည်းလမ်းများ ။
(မိမိဘာသာအိမ်တွင်းလုပ်ဆောင်ခြင်းမှ အလှပြင်ဆိုင်များအထိ လုပ်ဆောင်နိုင်မယ့်နည်းများ)
၁။ ဒီအတိုင်း ကြီးထွားစေခြင်း။
သင်က လုံးဝသဘာဝအတိုင်းပဲ ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ ထွေထွေထူးထူး ဘာမှကို လုပ်စရာမလိုပါဘူး။ သင့်ရဲ့ ဆီးခုံမွှေးဟာ သတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုအထိသာ ရှည်မှာ ဖြစ်ပြီး ဆက်တိုက် ရှည်သွားမှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ တိုတိုလေးပဲ ထားမယ်ဆိုရင်လည်း ဆီးခုံမွှေးညှပ်ကိရိယာတွေ၊ ကပ်ကြေးတွေကို အသုံးပြုပြီး တိုအောင်ထားလို့ရပါတယ်။
ဆောင်ရန် အချက်-
ကပ်ကြေးတွေ သုံးမယ်ဆိုရင် ပိုးအရင် သတ်ပါ။ ဒီကပ်ကြေးကို ဆီးခုံမွှေးညှပ်ဖို့အတွက်ပဲ သုံးသင့်ပြီး တစ်ခြား ဘယ်အရာကိုမှ မသုံးသင့်ပါဘူး။ ဒါ့အပြင် ဝေမျှပြီးလည်း အသုံးသင့်ပါဘူး။
၂။ ရိတ်ခြင်း။
ဆီးခုံမွှေးတွေကို ရိတ်တဲ့ သူတိုင်း အရေပြား ရှဖူးကြပါတယ်။ ဒါ့အပြင် ဆီးခုံမွှေးရိတ်တဲ့ အခါမှာ ကိုယ်တောင် ဒဏ်ရာမသိလိုက်တဲ့ ရှရာလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီနေရာကနေ ဘတ်တီးရီးယား ပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ ဘလိတ်ဓားသုံးပြီး သန့်ရှင်းတဲ့ အောက်ခံဘောင်းဘီများကို ရိတ်ပြီးတဲ့အချိန် ဝတ်ဆင်သင့်ပါတယ်။
ဆောင်ရန် အချက်– ဆီးခုံမွှေးရိတ်တဲ့ အချိန်မှာ အရေပြားကို ကာကွယ်ဖို့ အတွက် အမွှေးရိတ်တဲ့အချိန်မှာ သုံးတဲ့ ဂျဲလ် (သို့) ချောဆီများကို အသုံးပြုသင့်ပါတယ်။ ရိတ်ပြီးတဲ့ အခါမှာလည်း ယားယံခြင်းကို ကာကွယ်ဖို့အတွက် lotion တစ်မျိုးမျိုး၊ ဓာတ်မတည့်ခြင်းကို ပျောက်ကင်းစေတဲ့ ကော်တီစုန်း Cream (cortisone) တစ်မျိုးမျိုးကို လိမ်းထားသင့်ပါတယ်။ ဒီ Lotion တွေ၊ Cream တွေကို မွေးလမ်းကြောင်း အဝနား မလိမ်းဖို့လည်း လိုပါတယ်။
၃။ ဖယောင်းဖြင့် အမွှေးချွတ်ခြင်း၊ အပ်ချည်ဖြင့် အမွှေးချွတ်ခြင်း (Waxing and threading)
ဖယောင်းနဲ့ အမွှေးချွတ်တဲ့ နည်းလမ်းရော၊ အပ်ချည်ဖြင့် အမွှေးချွတ်တဲ့နည်းလမ်းရော
၂ ခုလုံးက ဆီးခုံမွှေးများကို အမြစ်မှ ချွတ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီနည်းတွေ အသုံးပြုတဲ့အခါမှာ မွေးညင်းပေါက်တွေကို
မွေးညင်းပေါက် ရောင်ရမ်းခြင်း။ (folliculitis)
မွေးကျွတ်နာ။
ပြည်တည်နာဖြစ်ခြင်း၊
ပြည်တည်ရောင်ရမ်းခြင်းစတဲ့ ကူးစက်ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။
လတ်တလော လေ့လာချက်အရတော့ ဖယောင်းနဲ့ အမွှေးချွတ်ခြင်းဟာ အရေပြားနာတွေ၊ အဖုတွေကို ဖြစ်စေနိုင်တဲ့ Molluscum contagiosum ဆိုတဲ့ အရေပြားကူးစက်ရောဂါတွေကို ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။ အိမ်နေရင်း ကိုယ့်ဘာသာလုပ်တာပဲ ဖြစ်ဖြစ်၊ ကျွမ်းကျင်သူများနဲ့ လုပ်တာပဲ ဖြစ်ဖြစ် ဖယောင်းနဲ့ အမွှေးချွတ်တဲ့အခါ ဒီ အန္တရာယ်တော့ ရှိနေပါတယ်။
ဆောင်ရန် အချက်။
ဒီလို အန္တရာယ်တွေ ရှိနေတာကြောင့် ဖယောင်းနဲ့ အမွှေးချွတ်ခြင်း မလုပ်သင့်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ နည်းစနစ်မှန်မှန်နဲ့ ပြုလုပ်ပေးတဲ့ အလှပြင်ဆိုင်တွေကိုသာ ရွေးချယ်ရင် ဒီအန္တရာယ်တွေကို ကာကွယ်နိုင်ပါတယ်။ သန့်ရှင်းတဲ့ ဆေးခန်းနဲ့ ဖယောင်းချွတ်ခြင်းနည်းစနစ်ကို ကျန်းမာရေးနဲ့ လျော်ညီစွာ ပြုလုပ်ပေးနိုင်တဲ့ အလှပြင်နည်းပညာရှင်ကို သေချာရွေးချယ်ပါ။ ဒါ့အပြင် ဖယောင်းဖြင့် အမွှေးချွတ်ခြင်း မလုပ်ခင်မှာလည်း အကြံပေးတိုင်ပင်မှုကို အရင်ဆုံး နားထောင်သင့်ပါတယ်။
၎။ ဓာတု အမွှေးချွတ်ဆေးများ ။
ဓာတု အမွှေးချွတ်ဆေးများဟာ အလွယ်တကူ အသုံးပြုနိုင်ပြီး ထိရောက်တဲ့ အမွှေးချွတ် နည်းစနစ်ဖြစ်ပေမဲ့ ဓာတ်မတည့်ခြင်းနဲ့ ယားယံခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ လူအများစုက ဒီ ဓာတုဆေးတွေနဲ့ ဓာတ်မတည့်တတ်ကြတာမို့ ဓာတုအမွှေးချွတ်ဆေးနဲ့ အမွှေးမချွတ်ခင် အရေပြားပေါ် တစ်စက်လောက် ချပြီး အရင်စမ်းကြည့်သင့်ပါတယ်။ အရေးကြီးတာ တစ်ခုကတော့ မွေးလမ်းကြောင်းအဝနား ဆေးမသုံးမိဖို့လိုပါတယ်။
၅။ လေဆာဖြင့် အမွှေးချွတ်ခြင်း ၊ လျှပ်စစ်ဖြင့် အမွေးအမှင်တို့ကို အမြစ်ဖြတ် နုတ်ပယ်အလှဆင်ခြင်း။ (electrolysis)
လေဆာဖြင့် အမွှေးချွတ်ခြင်းရော၊ လျှပ်စစ်ဖြင့် အမွှေးချွတ်ခြင်းရော ဒီနည်း ၂ မျိုးလုံးဟာ ရေရှည် အမွှေးချွတ်ချင်တဲ့ လူတွေ အတွက် မတူညီတဲ့ နည်းစနစ် (၂) ခုပါ။ နည်း (၂) နည်းလုံးက အရေပြားမျက်နှာပြင်အောက်ရှိ မွေးညင်းပေါက်တွေမှ အမွှေးများကို ဖယ်ရှားပေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်တစ်ခုကတော့ electrolysis နည်းနဲ့ဆိုရင် အရေပြားမှာ အမာရွတ် တစ်ရှုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ သင်ဟာ အရင်က Keloid အမာရွတ်လို့ခေါ်တဲ့ အမာရွတ်များ ပုံမှန်မဟုတ်ဘဲ အဆမတန် ကြီးထွားနေတဲ့ တစ်ရှုးတွေရှိ ဖြစ်ခဲ့ဖူးမယ်ဆိုရင်တော့
ဒီနည်းလမ်းတွေကို မသုံးသင့်ပါဘူး။ ဒီနည်းလမ်း (၂) မျိုးထဲက တစ်ခုခု ရွေးမယ်ဆိုရင်လည်း ကျွမ်းကျင်တဲ့ ဆေးပညာရှင်ရဲ့ ကုသမှုကို ခံယူသင့်ပါတယ်။
ဘယ်လို ဆီးခုံမွှေးပုံစံမျိုးက ကျန်းမာရေးအတွက် အန္တရာယ် အကင်းဆုံးလဲ။
ဒီနေ့ခေတ်လို အမျိုးသမီးဝတ်
အတွင်းခံအမျိုးမျိုး မပေါ်ခင်ကတော့ ဆီးခုံမွှေးတွေက ကျန်းမာရေးအတွက်အရေးကြီးတဲ့ အခန်းကဏ္ဍက
ပါဝင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ ဆီးခုံမွှေးတွေဟာ ရှေးဦးလူသားတွေရဲ့ ရှေးဟောင်း အကြွင်းအကျန်တစ်ခုအဖြစ်သာ
ကျန်ရှိခဲ့ပါပြီ။ ဒီနေ့ခေတ်ကြီးမှာတော့ ဆီးခုံမွှေးတွေကို ကိုယ့်စိတ်ကြိုက် ဒီအတိုင်းပဲ
ထားမလား၊ ရိတ်ပဲ ရိတ်ပစ်မလား၊ အမွှေးချွတ်ပစ်မလား စတဲ့ရွေးချယ်မှုတွေကို ပြုလုပ်လာနိုင်ပါပြီ။
လုပ်နည်းစနစ် မှားတာတွေကြောင့် အန္တရာယ်ဖြစ်နိုင်ခြေကို တွက်မယ်ဆိုရင်တော့ ဒီအတိုင်းထားတာက
ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဂရုတစိုက် ရိတ်မယ်၊ ချွတ်မယ်ဆိုရင်လည်း ကျန်းမာရေးအတွက်
ကောင်းမွန်ပါတယ်။
သင်ဟာ အလှပြင်ဆိုင်တွေမှာ
အမွှေးချွတ်ဖို့ အတွက်သွားတဲ့အခါမှာတော့ အလှအပရေးရာ ကျွမ်းကျင်သူကို ကိုယ်လိုချင်တဲ့
ပုံစံ၊ ကိုယ်မလိုချင်တဲ့ ပုံစံတွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့လိုအပ်ပါတယ်။
ရေကူးဝတ်စုံဝတ်မည့်သူများအတွက်သင့်လျော်သော
ဆီးခုံမွှေးပုံစံ (bikini)- အတွင်းခံဘောင်းဘီ အပြင်ဘက်ထွက်နေသော ဆီးခုံးမွှေးများအား
ဖယ်ရှားပစ်တဲ့ နည်းစနစ်။
Brazilian (အမွှေးများကို အပြည့်အဝ
ဖယ်ရှားခြင်း) (Brazilian, aka Hollywood or Full Monty) – ဆီးခုံဧရိယာတစ်ဝိုက်၊ အမျိုးသမီး
အင်္ဂါ နှုတ်ခမ်းတစ်ဝိုက်နဲ့ တင်ပါးဆုံမှ အမွှေးများအားလုံး အပြည့်အဝ ဖယ်ရှားခြင်းပုံစံ။
French ပုံစံ – ဒီပုံစံကတော့
အထက်က နည်းစနစ် ၂ မျိုးကို ရောထားတဲ့ ပုံစံဖြစ်ပြီး အမျိုးသမီး အင်္ဂါနှုတ်ခမ်းဝနဲ့ တင်ပါးဆုံမှ
အမွေးများအားလုံးကို ပကတိအတိုင်းထားကာ ကျန်ရှိတဲ့ အမွှေးများကို ရှင်းပစ်တဲ့ နည်းစနစ်
ဖြစ်ပါတယ်။
ဆီးခုံမွှေးထားရှိတဲ့ ပုံသဏ္ဍာန်များ
ဖယောင်းနဲ့ အမွှေးချွတ်ဖို့
ရွေးချယ်မယ်ဆိုရင် ဆီးခုံမွှေး ပုံသဏ္ဍာန်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Brazilian စတိုင်ကို
ရွေးမယ်ဆိုရင်တော့ သင့်အနေနဲ့ ဆီးခုံမွှေးအချို့ကို ထားရှိပြီး ညှပ်ပစ်နိုင်တယ်။
French ပုံစံ ဖယောင်းနဲ့ အမွှေးချွတ်တဲ့ နည်းလမ်းကိုရွေးမယ်ဆိုရင်တော့ ဆီးခုံမွှေးကို
အမျိုးသမီး အင်္ဂါနှုတ်ခမ်းမှ ဆင်းနေတဲ့ ပုံစံရွေးချယ်နိုင်ပါသေးတယ်။
ဆီးခုံမွှေး ပုံသဏ္ဍာန်များ
landing strip – တစ်လက်မခန့်
ကျယ်ပြီး တိုတောင်းတဲ့ ဆီးခုံမွှေးရှိတဲ့ ပုံစံဖြစ်ပါတယ်။
mohawk ပုံစံ – landing
strip ပုံစံသာဖြစ်ပြီး အကျယ်ကတော့ ပိုကျယ်နေတဲ့ ဆီးခုံမွှေးရှိတဲ့ ပုံစံဖြစ်ပါတယ်။
postage stamp – landing
strip ကို စတုရန်း ပုံစံထားရှိတဲ့ ဆီးခုံမွှေးပုံစံလည်း ဖြစ်ပါတယ်။
Bermuda triangle – တြိဂံပုံစံရှိတဲ့
ဆီးခုံမွှေးပုံစံဖြစ်ပါတယ်။
martini glass -ပိုသေးတဲ့
တြိဂံ ပုံစံဖြစ်ပါတယ်။
heart – နှလုံးသားပုံစံ ဖြစ်ပါတယ်။
ဆီးခုံမွှေးများ အတွင်းဘက်
ကြီးထွားပြီး အနီရောင် အဖုများ ဖြစ်ပေါ်တဲ့ ဝေဒနာ (ingrown hairs)။
ingrown hairs ဆိုတာ အမွှေးများက
အရေပြား အထက်တက်ပြီး ပေါက်ရမယ့်အစား အရေပြားအောက်မှာ ပေါက်နေတဲ့ အမွှေးများ ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ အရေပြား ဆဲလ်အသေများက မွေးညင်းပေါက်များကို ပိတ်ဆို့နေတဲ့ အတွက် အမွှေးများက
အပေါ်မှာ ပေါက်နေရမယ့်အစား အတွင်းပေါက်မှာ ပေါက်နေတာ ဖြစ်ပါတယ်။ဒီလို့ ingrown
hairs များဟာ အမွှေးရိတ်ခြင်း၊ ဖယောင်းနဲ့ အမွှေးချွတ်ခြင်း၊ အပ်ချည်နဲ့ အမွှေးချွတ်ခြင်းနဲ့
ဓာတုပစ္စည်းများနဲ့ အမွှေးချွတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်တဲ့ အကျိုးဆက်တစ်မျိုး ဖြစ်ပါတယ်။
ဒီလို အမွှေးများ အတွင်းဘက်မှာ
ကြီးထွားနေခြင်းဟာ အရေပြားကို ယားယံစေပြီး ဝက်ခြံကဲ့သို့သော အနီရောင် အဖုများကို ဖြစ်စေနိုင်ပါတယ်။
သင့်မှာ ဒီလို အနီရောင် အဖုတွေ ဖြစ်နေတာကို တွေ့ရမယ်ဆိုရင် ဇာဂနာနဲ့ ဆွဲနှုတ်ပစ်တာမျိုးကို
ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ဇာဂနာနဲ့ဖယ်ရှားပစ်ခြင်းက ဒီ ဧရိယာ
တစ်ဝိုက်ကို ပိုဆိုးသွားစေနိုင်ပြီး ဘတ်တီးရီးယား ရောဂါ ပိုး ကူးစက်ခံရနိုင်ခြေကို
မြင့်မားစေနိုင်ပါတယ်။ ဒီလို အနီရောင်ဖုတွေ ဖြစ်နေပြီဆိုရင် ဇာဂနာ ဖုနဲ့ ဆွဲထုတ်မယ့်အစား
အရောင်လျော့သွာစေရန် ရေနွေးဝတ်နဲ့ ဖိပေးနိုင်ပြီး ဒီဆံပင်မွှေးက သူဘာသာပျောက်ကင်းသွားနိုင်ပါတယ်။
ဒါ့အပြင် ဆေးဆိုင်တွေမှာ အရောင်လျော့ကျစေတဲ့ ကော်တီစုန်း ခရမ် (cortisone) တွေနဲ့ ဝက်ခြံပျောက်ဆေးတွေ
ဖြစ်တဲ့ (benzoyl peroxide) ဆေးတွေကို လိမ်းပေးသ့်ပါတယ်။ တစ်ခု သတိထားရမှာက ဒီဆေးတွေကို
မွေးလမ်းကြောင်း အဝနား မလိမ်းမိဖို့လိုပြီး ingrown hairs များက အပြင်းအထန် နာကျင်နေမယ်ဆိုရင်
ဆရာဝန်နဲ့ပဲ ဖြစ်ဖြစ် အရေပြားဆရာဝန်နဲ့ပဲ ဖြစ်ဖြစ် သွားရောက် ပြသသင့်ပါတယ်။
ကျွန်တော်တို့ဆီမှာ ဘာကြောင့်
ဆီးခုံမွှေးတွေ ရှိနေတာလဲ။ ( ဆီးခုံမွှေးများရှိနေခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်း)
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ
ရှိနေတဲ့ အင်္ဂါတစ်ခုခြင်းစီတိုင်းဟာ အကြောင်းရင်း တစ်ခုစီကြောင့် ရှိနေတာပါ။ ဒီလိုပဲ
ဆီးခုံမွှေးများရှိနေတာလည်း အကြောင်းရင်း ရှိနေပါတယ်။
ဆီးခုံမွှေးများရှိနေခြင်းရဲ့
အကြောင်းရင်းကတော့ လိင်အင်္ဂါလို နူးညံတဲ့ အရေပြားတွေကို ကာကွယ်ပေးဖို့အတွက်ရှိနေတာပါ။
ဒါ့အပြင် ဆီးခုံမွှေးများဟာ အညစ်အကြေးများနဲ့ ဘတ်တီးရီးယားတွေကို မွေးလမ်းကြောင်း အတွင်းထဲသို့
ဝင်ရောက်ခြင်းကိုလည်း ရောဂါကာကွယ်ပေးတဲ့ အနေနဲ့ လုပ်ဆောင်ပေးပါတယ်။ လူအများစုက ဆီးခုံမွှေးများ
မရှိတဲ့အခါမှာ ပိုပြီး သန့်ရှင်းသွားတယ်လို့ ခံစားကြပေမဲ့ တကယ်တမ်းက ပြောင်းပြန်ဖြစ်ပါတယ်။
ဆီးခုံမွှေးများရှိနေခြင်းရဲ့
အကြောင်းရင်းများ
မွေးလမ်းကြောင်း အပေါက်ဝကို ကာကွယ်ပေးခြင်း၊
ချွေးများကို ဖယ်ရှားပေးခြင်း၊
ပွတ်တိုက်ခြင်းကြောင်း အရေပြားယားယံခြင်းကို ကာကွယ်ပေးခြင်း၊
တစ်ချို့သောကူးစက်ရောဂါများကို အတိုင်းအတာတစ်ခု
အထိကာကွယ်ပေးခြင်း၊
လိင်မှု ကိစ္စအတွက် သဘာဝတုံ့ပြန်မှု တစ်ရပ် အဖြစ်
လုပ်ဆောင်ပေးခြင်း။
ဆီးခုံမွှေးတွေဟာ ချွေးများ
အငွေ့ပျံလွယ်စေဖို့အတွက် ပျံ့နှံ့အောင်လုပ်ဆောင်ပေးနိုင်ပြီး အားကစား လုပ်တဲ့ အခါမှာ
ဆီးခုံမွှေးတွေက သက်ဆိုင်ရာ ဧရိယာတစ်ဝိုက်ကို အေးအောင်လုပ်ပေးနိုင်ပါတယ်။ လိင်ဆက်ဆံချိန်မှာလည်း
ပွတ်တိုက်ခြင်းကြောင့် ဖြစ်တဲ့ ယားယံမှုကို အတိုင်းအတာတစ်ခု အထိ ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင်ဆီးခုံမွှေးများဟာ ဆန့်ကျင့်လက်လိင်နဲ့ တွေ့တဲ့ တုံ့ပြန်တဲ့ pheromones လို့ခေါ်တဲ့
apocrine glands မှထွက်ရှိသော အနံ့အသက်များကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆီးခုံမွှေးများကို
ပကတိအတိုင်းထားရှိခြင်းက လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း အတိုင်းအတာ တစ်ခုအထိ
ကာကွယ်ပေးနိုင်ပါတယ်။ ဒီလို အတိုင်းအတာ တစ်ခု အထိ ကာကွယ်ပေးနိုင်ပေမဲ့ လိင်ဆက်ဆံချိန်မှာ
ကွန်ဒုံးလိုမျိုး အကာအကွယ်တွေအစားအသုံးပြုနိုင်တယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဆီးခုံမွှေးများဟာ
ကွန်ဒုံးလို အကာအကွယ်တွေနဲ့ ယှဉ်ရင် မပြောပလောက်တဲ့ အတိုင်းအတာ တစ်ခု အထိသာ ကာကွယ်ပေးနိုင်တာ
ဖြစ်ပါတယ်။ လေ့လာချက်တွေ အရတော့ အမွှေးများကို သဘာဝအတိုင်းမထားရှိဘဲ သန့်ရှင်းပြုပြင်ခြင်းက
လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ (STD) တွေ ဖြစ်ပွားနိုင်ခြေမြင့်မားစေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ဒီလို ကူးစက်ခံရတဲ့ STD တွေထဲမှာ တွေ့ရအများဆုံးကတော့ ရေယုန် (herpes) ၊
လိင်အင်္ဂါ အသားမာတွေကို ဖြစ်စေနိုင်တဲ့ human papillomavirus (HPV) ဗိုင်းရပ်စ် နဲ့
ဆစ်ဖလစ်ရောဂါတို့ပါ။
နောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ
ဆီးခုံမွှေးတွေကို ရိတ်ပစ်ခြင်းနဲ့ ချွတ်ပစ်ခြင်းဖြင့် ပိုသန့်ရှင်းပြီး ပိုဆွဲဆောင်မှု
ရှိစေတယ်လို့ ခံယူကြတဲ့ အတွက် လူတော်တော်များများ လုပ်လာကြပါတယ်။ အမွေးရိတ်ခြင်း၊ ချွတ်ခြင်းနဲ့
ပတ်သတ်ပြီး လေ့လာချက်တစ်ခုမှာတော့ အမေရိကန် အယောက် ၇၅၈၀ ကို လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုမှာ
တစ်နှစ်အတွင်း အမွှေးရိတ် ၁၁ ကြိမ်ခန့် ရိတ်ကြတဲ့ လူတွေဟာ လိင်မှ တစ်ဆင့် ကူးစက်တဲ့
ရောဂါတွေ ရနိုင်ခြေ ၄ ဆ ခန့် ပိုမြင့်မားနေကြောင့်တွေ့ရှိခဲ့ကြပါတယ်။ လေ့လာသူတွေကတော့
ဒီ ကူးစက်ရောဂါတွေဟာ အမွှေးရိတ်တဲ့ အခါ ဖြစ်ပေါ်တဲ့ သေးငယ်တဲ့ ပေါက်ပြဲဒဏ်ရာတွေ ကြောင့်
ဖြစ်ရတာလို့ ဆိုပါတယ်။
အမွှေးရိတ်တဲ့ အခါ ဖြစ်ပေါ်တဲ့
အရေပြားပေါက်ပြဲ ဒဏ်ရာတွေကြောင့် လိင်မှ တဆင့် ကူးစက်ရောဂါတွေ ဖြစ်ရတာ ဆိုတဲ့အကြောင်းရင်းအပြင်
ဆီးခုံမွှေးများကို မကြာခဏ ဂရုစိုက်တတ်လွန်းတဲ့ သူတွေဟာ လူငယ်တွေ များပြီး လိင်မှု ကိစ္စတွေကို
ပိုလုပ်ဆောင်လေ့ရှိကြတယ် လို့ဆိုပါတယ်။
နိဂုံးချုပ်။
(ကိုယ်ရဲ့ ဆီးခုံမွှေးများကို
ဘယ်လိုပုံစံအတိုင်းထားရှိမလဲဆိုတာ ပုဂ္ဂလ ဆုံးဖြတ်ချက်နဲ့သာ ဆက်ဆိုင်ပါတယ်။ )
ဆီးခုံမွှေးများကို ဘယ်လိုပုံစံထားရမလဲဆိုတာ
မစဉ်းစားတတ်လို့ စိတ်ညစ်ခံမနေပါနဲ့။ သင်ဆန္ဒ မရှိဘူးဆိုရင်လည်း ပကတိ အတိုင်းထားထားလို့ရပါတယ်။
ဒီတော့ သင့်အနေနဲ့ အလှအပရေးရာ၊ တစ်ကိုယ်ရေ ကျန်းမာရေးဆိုင်ရာ အတွက် အချိန်အများကြီး
မပေးနိုင်ဘူးဆိုရင် သဘာဝအတိုင်းထားရှိခြင်းက အကောင်းဆုံး ဖြစ်ပြီး ကျန်းမာရေးနဲ့ လျော်ညီစွာ
ဂရုစိုက်နိုင်တယ်ဆိုရင်တော့ ရိတ်ခြင်း၊ ညှပ်ခြင်းနဲ့ အမွေးချွတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။



0 Comments