ထုိးသြင္းမွဳမရွိဘဲ
အတူေနျခင္းဟာ ကုိယ္၀န္ရႏိုင္ေျခရွိလား
........................ၾကားဖူးေနၾက ေမးခြန္းေဟာင္းတခုကေတာ႔ ထုိးသြင္းျခင္းမရွိတဲ့ အတူေနျခင္းဟာ ကုိယ္၀န္ရႏိုင္သလား ဆုိတာပါပဲ။ အေျဖကေတာ႔ yes ပါပဲ။ ဒါေပမယ္႔ ျဖစ္ႏိုင္ေျခေတာ႔ နည္းပါတယ္။ ကုိယ္၀န္ကုိေရွာင္လႊဲဖုိ႔ အေကာင္းဆုံး နည္းလမ္းကေတာ႔ အတူေနခ်ိန္မွာ အကာအကြယ္ သုံးဖုိ႔ပါပဲ။
ကုိယ္၀န္ရဖုိ႔ဆုိရင္ မ်ဳိးဥဟာ သုတ္ပုိးနဲ႔ေတြ႔ျပီး သေႏၶေအာင္ဖုိ႔ လုိပါတယ္။ ပုံမွန္အားျဖင္႔ သုတ္ရည္ဟာ မိန္းမကုိယ္ထဲကုိ ၀င္ေရာက္သြားခ်ိန္မွာ သေႏၶေအာင္ႏိုင္ပါတယ္။ အမ်ဳိးသား သုတ္ရည္မွာ သုတ္ပုိးေပါင္း သန္းနဲ႔ခ်ီ ပါ၀င္ျပီး သေႏၶေအာင္ဖုိ႔ အတြက္ေတာ႔ သုတ္ပုိးတေကာင္ပဲ လုိအပ္ပါတယ္။
ထုိးသြင္းမွဳမရွိတဲ့ အတူေနျခင္းကေန ကုိယ္၀န္ရႏိုင္ မရႏိုင္နဲ႔ ပတ္သက္ျပီး ယုံတမ္းစကား အခ်ိဳ႔ရွိပါတယ္။ တခုျပီးတခု ေလ႔လာၾကည္႔ရေအာင္။
ယုံတမ္းစကား ၁။ သုတ္ရည္အျပီးမထြက္ခင္လာတဲ့ အရည္ၾကည္မ်ားကေန ကုိယ္၀န္ရႏိုင္တယ္။
သုတ္ရည္ပန္းမထြက္ခင္မွာ ေယာက်္ားတန္ဆာကေန pre-cum လုိ႔ေခၚတဲ့ အည္ၾကည္ေလးမ်ား ထြက္လာပါတယ္။ အဲဒီအရည္ၾကည္မ်ားကုိ ထိန္းခ်ဳပ္ထားဖုိ႔ နည္းလမ္းမရွိပါဘူး။ Pre-cum အရည္မွာ သက္ရွင္က်န္းမာတဲ့ သုတ္ပုိးေတြ မပါ၀င္ပါဘူး။ ေသေနတဲ့ သုတ္ပုိးေတြ ပါ၀င္တာ၊ ဒါမွမဟုတ္ လုံး၀မပါ၀င္တာဘဲ ရွိပါတယ္။ ဒါေၾကာင္႔ ကုိယ္၀န္မရႏိုင္ပါဘူး။ဒါေပမယ္႔ ဒီယုံတမ္းစကားဟာ ျဖစ္ႏိုင္ေျခ အနည္းငယ္ေတာ႔ ရွိေနပါတယ္။ ယခင္သုတ္ရည္ထြက္ခ်ိန္က ဆီးျပြန္ထဲမွာ က်န္ခဲ့တဲ့ အသက္ရွင္ေနတဲ့ သုတ္ပုိးေတြဟာ အဲဒီအရည္ၾကည္နဲ႔ ပါသြားရင္ ျဖစ္ႏိုင္ပါတယ္။
ယုံတမ္းစကား ၂။ အျပင္ပန္း ထိေတြ႔ပြတ္သပ္ရုံကေန ကုိယ္၀န္ ရႏိုင္တယ္။
အေျဖကေတာ႔ ၉၉.၉% No ျဖစ္ပါတယ္။ ေစာေစာက ေျပာခဲ့သလုိပဲ ကုိယ္၀န္ရဖုိ႔ဆုိရင္ သုတ္ပုိးဟာ မ်ဳိးဥနဲ႔ ထိေတြ႔ရပါတယ္။ အျပင္ပန္း ထိေတြ႔ပြတ္သပ္ျခင္းဟာ အ၀တ္အစားမ်ား ၀တ္ထားမယ္ဆုိရင္ မျဖစ္ႏိုင္ပါဘူး။ အ၀တ္ဗလာဆုိရင္ေတာ႔ ျဖစ္ႏိုင္ျခ နည္းနည္းေတာ႔ ရွိပါတယ္။သုတ္ပုိးဟာ မ်ဳိးဥဆီေရာက္ဖုိ႔ဆုိရင္ မိန္းမကုိယ္၊ သားအိမ္ေခါင္း၊ သားအိမ္၊ မ်ဳိးဥျပြန္၊ မ်ဳိးဥအိမ္ စသျဖင္႔ အဆင္႔ဆင္႔ ျဖတ္သန္းရပါတယ္။ အျမန္ဆုံးသြားတဲ့ သုတ္ပုိးတေကာင္ဟာ ဒီခရီးဆုံးဖုိ႔ ၄၅မိနစ္ အခ်ိန္ယူရပါတယ္။ မိန္းမကုိယ္အျပင္ (သုိ႔) အနီးမွာ သုတ္ပုိးေရာက္သြားရင္ ဒီခရီးကုိဆက္ဖုိ႔ မျဖစ္ႏိုင္ပါဘူး။ မိန္းမကုိယ္အ၀ေလာက္ ေရာက္မယ္ဆုိရင္ေတာ႔ မိန္းမကုိယ္လမ္းေၾကာင္းထဲ ေရာက္သြားႏိုင္ပါတယ္။ ျဖစ္ႏိုင္ေျခအရမ္းနည္းေပမယ္႔ ျဖစ္ေတာ႔ ျဖစ္ႏိုင္ပါေသးတယ္။
ယုံတမ္းစကား ၃။ လက္နဲ႔အာသာေျဖျခင္းကေန ကုိယ္၀န္ရႏိုင္တယ္။
မိမိဖာသာ အာသာေျဖရင္ေတာ႔ လုံး၀မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ္႔ မိမိအေဖာ္နဲ႔ အျပန္အလွန္ အာသာေျဖခ်ိန္မွာ သုတ္ပုိးဟာ တေယာက္ေယာက္ရဲ့လက္ကုိေပရာကေန မိန္းမကုိယ္လမ္းေၾကာင္းထဲပါ ေရာက္ႏိုင္ပါတယ္။ယုံတမ္းစကား ၄။ ေရေႏြးကန္၊ ေရကန္ကတဆင္႔ ကိုယ္၀န္ရႏိုင္တယ္။
မျဖစ္ႏိုင္ပါဘူး။ သုတ္ပုိးေတြ အသက္ရွင္ႏိုင္တဲ့ ပတ္၀န္းက်င္ဟာ အယ္ကာလီမ်ားတဲ့ အခၽြဲထဲမွာ ျဖစ္ပါတယ္။ ပုံမွန္အားျဖင္႔ မိန္းမကုိယ္ဟာ အက္ဆစ္ဓာတ္ကဲတဲ့ေနရာျဖစ္ေပမယ္႔ ရာသီစက္၀န္းရဲ့ တခ်ိန္မွာ သုတ္ပုိးေတြရွင္သန္ႏိုင္ေအာင္ သူ႔ရဲ့ ဓာတ္သဘာ၀ကုိ ေျပာင္းလဲေပးပါတယ္။အဲဒီအခၽြဲေတြမရွိရင္ သုတ္ပုိးဟာ နာရီပိုင္းအတြင္း ေသႏိုင္ပါတယ္။ ဒါေၾကာင္႔မုိ႔ ေရေႏြးကန္၊ ေရကန္ထဲ သုတ္လႊတ္မိရင္ မိန္းမကုိ္ဆီ မေရာက္ခင္မွာပဲ သုတ္ပုိးမ်ားဟာ ေသဆုံးသြားမွာ ျဖစ္ပါတယ္။
ထုိးသြင္းမွဳမရွိတဲ့ အတူေနျခင္းမွာ ကုိယ္၀န္ရႏိုင္ေျခဟာ ရွိေပမယ္႔ အင္မတန္နည္းပါတယ္။ ကုိယ္၀န္မရခ်င္ရင္ မိမိေရာ မိမိအေဖာ္ပါ အကာအကြယ္သုံးျပီး ေဘးကင္းစိတ္ခ်ရတဲ့ ႏွီးေႏွာျခင္းမ်ဳိးပဲ ေလ႔လာ လုပ္ေဆာင္ဖုိ႔ လုိပါတယ္။
ေရးသားသူ Dr.Thant Zin
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr.
Kaung Thar.
Unicode
ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား
........................
ကြားဖူးနေကြ မေးခွန်းဟောင်းတခုကတော့ ထိုးသွင်းခြင်းမရှိတဲ့ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်သလား ဆိုတာပါပဲ။ အဖြေကတော့ yes ပါပဲ။ ဒါပေမယ့် ဖြစ်နိုင်ခြေတော့ နည်းပါတယ်။ ကိုယ်ဝန်ကိုရှောင်လွှဲဖို့ အကောင်းဆုံး နည်းလမ်းကတော့ အတူနေချိန်မှာ အကာအကွယ် သုံးဖို့ပါပဲ။
ကိုယ်ဝန်ရဖို့ဆိုရင် မျိုးဥဟာ သုတ်ပိုးနဲ့တွေ့ပြီး သန္ဓေအောင်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် သုတ်ရည်ဟာ မိန်းမကိုယ်ထဲကို ဝင်ရောက်သွားချိန်မှာ သန္ဓေအောင်နိုင်ပါတယ်။ အမျိုးသား သုတ်ရည်မှာ သုတ်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်ပြီး သန္ဓေအောင်ဖို့ အတွက်တော့ သုတ်ပိုးတကောင်ပဲ လိုအပ်ပါတယ်။
ထိုးသွင်းမှုမရှိတဲ့ အတူနေခြင်းကနေ ကိုယ်ဝန်ရနိုင် မရနိုင်နဲ့ ပတ်သက်ပြီး ယုံတမ်းစကား အချို့ရှိပါတယ်။ တခုပြီးတခု လေ့လာကြည့်ရအောင်။
ယုံတမ်းစကား ၁။ သုတ်ရည်အပြီးမထွက်ခင်လာတဲ့ အရည်ကြည်များကနေ ကိုယ်ဝန်ရနိုင်တယ်။
သုတ်ရည်ပန်းမထွက်ခင်မှာ ယောကျ်ားတန်ဆာကနေ pre-cum လို့ခေါ်တဲ့ အည်ကြည်လေးများ ထွက်လာပါတယ်။ အဲဒီအရည်ကြည်များကို ထိန်းချုပ်ထားဖို့ နည်းလမ်းမရှိပါဘူး။ Pre-cum အရည်မှာ သက်ရှင်ကျန်းမာတဲ့ သုတ်ပိုးတွေ မပါဝင်ပါဘူး။ သေနေတဲ့ သုတ်ပိုးတွေ ပါဝင်တာ၊ ဒါမှမဟုတ် လုံးဝမပါဝင်တာဘဲ ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်မရနိုင်ပါဘူး။
ဒါပေမယ့် ဒီယုံတမ်းစကားဟာ ဖြစ်နိုင်ခြေ အနည်းငယ်တော့ ရှိနေပါတယ်။ ယခင်သုတ်ရည်ထွက်ချိန်က ဆီးပြွန်ထဲမှာ ကျန်ခဲ့တဲ့ အသက်ရှင်နေတဲ့ သုတ်ပိုးတွေဟာ အဲဒီအရည်ကြည်နဲ့ ပါသွားရင် ဖြစ်နိုင်ပါတယ်။
ယုံတမ်းစကား ၂။ အပြင်ပန်း ထိတွေ့ပွတ်သပ်ရုံကနေ ကိုယ်ဝန် ရနိုင်တယ်။
အဖြေကတော့ ၉၉.၉% No ဖြစ်ပါတယ်။ စောစောက ပြောခဲ့သလိုပဲ ကိုယ်ဝန်ရဖို့ဆိုရင် သုတ်ပိုးဟာ မျိုးဥနဲ့ ထိတွေ့ရပါတယ်။ အပြင်ပန်း ထိတွေ့ပွတ်သပ်ခြင်းဟာ အဝတ်အစားများ ဝတ်ထားမယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ အဝတ်ဗလာဆိုရင်တော့ ဖြစ်နိုင်ခြ နည်းနည်းတော့ ရှိပါတယ်။
သုတ်ပိုးဟာ မျိုးဥဆီရောက်ဖို့ဆိုရင် မိန်းမကိုယ်၊ သားအိမ်ခေါင်း၊ သားအိမ်၊ မျိုးဥပြွန်၊ မျိုးဥအိမ် စသဖြင့် အဆင့်ဆင့် ဖြတ်သန်းရပါတယ်။ အမြန်ဆုံးသွားတဲ့ သုတ်ပိုးတကောင်ဟာ ဒီခရီးဆုံးဖို့ ၄၅မိနစ် အချိန်ယူရပါတယ်။ မိန်းမကိုယ်အပြင် (သို့) အနီးမှာ သုတ်ပိုးရောက်သွားရင် ဒီခရီးကိုဆက်ဖို့ မဖြစ်နိုင်ပါဘူး။ မိန်းမကိုယ်အဝလောက် ရောက်မယ်ဆိုရင်တော့ မိန်းမကိုယ်လမ်းကြောင်းထဲ ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေအရမ်းနည်းပေမယ့် ဖြစ်တော့ ဖြစ်နိုင်ပါသေးတယ်။
ယုံတမ်းစကား ၃။ လက်နဲ့အာသာဖြေခြင်းကနေ ကိုယ်ဝန်ရနိုင်တယ်။
မိမိဖာသာ အာသာဖြေရင်တော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မိမိအဖော်နဲ့ အပြန်အလှန် အာသာဖြေချိန်မှာ သုတ်ပိုးဟာ တယောက်ယောက်ရဲ့လက်ကိုပေရာကနေ မိန်းမကိုယ်လမ်းကြောင်းထဲပါ ရောက်နိုင်ပါတယ်။
ယုံတမ်းစကား ၄။ ရေနွေးကန်၊ ရေကန်ကတဆင့် ကိုယ်ဝန်ရနိုင်တယ်။
မဖြစ်နိုင်ပါဘူး။ သုတ်ပိုးတွေ အသက်ရှင်နိုင်တဲ့ ပတ်ဝန်းကျင်ဟာ အယ်ကာလီများတဲ့ အချွဲထဲမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မိန်းမကိုယ်ဟာ အက်ဆစ်ဓာတ်ကဲတဲ့နေရာဖြစ်ပေမယ့် ရာသီစက်ဝန်းရဲ့ တချိန်မှာ သုတ်ပိုးတွေရှင်သန်နိုင်အောင် သူ့ရဲ့ ဓာတ်သဘာဝကို ပြောင်းလဲပေးပါတယ်။
အဲဒီအချွဲတွေမရှိရင် သုတ်ပိုးဟာ နာရီပိုင်းအတွင်း သေနိုင်ပါတယ်။ ဒါကြောင့်မို့ ရေနွေးကန်၊ ရေကန်ထဲ သုတ်လွှတ်မိရင် မိန်းမကိုဆီ မရောက်ခင်မှာပဲ သုတ်ပိုးများဟာ သေဆုံးသွားမှာ ဖြစ်ပါတယ်။
ထိုးသွင်းမှုမရှိတဲ့ အတူနေခြင်းမှာ ကိုယ်ဝန်ရနိုင်ခြေဟာ ရှိပေမယ့် အင်မတန်နည်းပါတယ်။ ကိုယ်ဝန်မရချင်ရင် မိမိရော မိမိအဖော်ပါ အကာအကွယ်သုံးပြီး ဘေးကင်းစိတ်ချရတဲ့ နှီးနှောခြင်းမျိုးပဲ လေ့လာ လုပ်ဆောင်ဖို့ လိုပါတယ်။
ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

0 Comments